Part 2
Chaeyoung ကင်းလှည့်ပြီး စခန်းကို ပြန်ရောက်တော့ reportတင်စရာတွေကို ကွန်ပျူတာနဲ့ရိုက်ရင်း Seung Yoonပြောတဲ့ Dating appအကြောင်း တွေးမိသွားတယ်
"တကယ်ဘဲ ဒီကမ္ဘာကြီးက လူတွေက မလုပ်နိုင်တာ ဘာမှမရှိတော့ဘူးဘဲ ငါလည်း စမ်းသုံးကြည့်အုံးမှပါ "
Chaeyoung ပြောပြီး playstoreကနေ Dating appကို ရှာဒေါင်းလိုက်သည်
reportတွေ တင်ပြီးနောက် အလုပ်ဆင်းချိန်ရောက်လို့ စခန်းကနေထွက်လာကာ သူ့ရဲ့စကူတာဆိုင်ကယ်လေးကို စက်နှိုးလိုက်သည်
"ရဲမေ Park အဘွားရဲ့ကြောင်လေးကို ရှာပေးပါအုံးနော် "
"ဟုတ်ကဲ့ အဘွား ရှာတွေ့ရင် လာပေးပါမယ် "
Chaeyoungမှာ စခန်းနဲ့မျက်နှာချင်းဆိုင်မှာနေတဲ့ အဘွားကို ပြုံးကာပြောလိုက်သည်
"အေးကွယ် ခါတိုင်းဆို သူ သုံးလေးရက်နေရင် ပြန်လာပါတယ် အခု ဘယ်တွေအလည်လွန်နေတယ် မသိပါဘူး တစ်ပတ်လောက်ရှိနေပြီ ပြန်မလာသေးဘူး "
"အဘွားရဲ့ကြောင်လေးက မိန်းမရသွားတာဖြစ်မယ် ဒါကြောင့် အဘွားဆီပြန်မလာတာများလား "
"Aigoo ခေတ်ကာလာကြောင်သားတွေများ မယားရရင် အိမ်ကိုမေ့ကုန်ကြပြီ ဟားဟားဟား "
Chaeyoungလည်း အဘွားရဲ့စကားကြောင့် အဘွားနဲ့အတူ လိုက်ရယ်လေသည်
ထို့နောက် အဘွားကို နှုတ်ဆက်ပြီး ထွက်လာလိုက်သည်
Dating app သုံးသုံးချင်း ရည်းစားရသွားတာကို Jiwon မယုံနိုင်ဖြစ်နေတယ်
ဘီဒိုထဲက အဝတ်အစားတွေလည်း ကုန်လုနီးပါးဖြစ်နေပေမယ့် Jiwon ဘာဝတ်ရမှန်းမသိ အဝတ်အစားတွေ ထုတ်ဝတ်ကြည့်ရင်း ကုတင်ပေါ် ပွလန်ကြဲနေသည်
အချိန်အတော်ကြာကြီး Single အဖြစ် နေခဲ့ရပြီးမှ ဒါကပထမဆုံး First date မဟုတ်လား တစ်ဖက်ကလူမျက်လုံးထဲ ကန့်လန့်ကြီး ဖြစ်မနေဘဲ အဆင်ပြေအောင်ဝတ်သွားဖို့ Jiwon ရွေးချယ်နေသည်
"Noraကို ကျေးဇူးတင်ရမယ် နောက်မှ အဲ့ကောင်မကြီးကို မုန့်ဝယ်ကျွေးအုံးမယ် "
Jiwonပြောရင်း တိုက်ခန်းတံခါးကို သေချာပိတ်ပြီး ချိန်းထားတဲ့နေရာသို့ ထွက်လာခဲ့သည်
"ဟို.....Pranလားမသိဘူး "
မျက်မှန်အဝိုင်းလေးတပ်ထားတဲ့ ထောင့်စွန်းမှာထိုင်နေသော ဆံပင်အနက်ရောင်နဲ့ကောင်မလေးကို Jiwon သူနဲ့ချိန်းထားတဲ့သူ ဟုတ်မဟုတ် သေချာအောင်မေးလိုက်သည်
"ဟုတ်ပါတယ် Jiwonလားမသိဘူး "
"ဟုတ် ကျွန်မက Jiwonပါ ဟီး တော်သေးတာပေါ့ သေချာအောင်မေးကြည့်လို့ coffeeဆိုင်ထဲ ဟန်းဂုလူမျိုးတွေဘဲရှိတော့ ရှာရလွယ်သွားတယ် "
Jiwonရဲ့ စကားကြောင့် Pranမှာ မျက်ခုံးပင့်သွားပြီး
"အယ် ကိုရီးယားလူမျိုး မဟုတ်ဘူးဆိုတာ ဘယ်လိုသိလည်း "
"ဒီအတိုင်း Accountနာမည်ကြောင့်ရယ် ဖုန်းပြောတုန်းက အသံက နိုင်ငံခြားသူအသံနဲ့တူလို့လေ "
"Aww ဟုတ်ပါပြီ Jiwonက အပြင်မှာ ပိုလှတယ်နော် "
Pranမှာ စကားအပိုတွေ မေးခွန်းအပိုတွေ ထပ်မေးခံရမှာဆိုးလို့ စကားလမ်းကြောင်းလွှဲလိုက်လေသည်
Pranရဲ့စကားကြောင့် Jiwon ရှက်ပြီး ရင်တွေခုန်လာသည်
"အာ.... တကယ်က Pranက ပိုလှတာသိလား ကျွန်မထက်တောင် လှပြီး ကြည့်လို့ကောင်းနေသေးတယ် အို ကျွန်မ ထင်ထားတာထက် ပိုပြီးဆွဲဆောင်မှုရှိလွန်းတယ် "
"အယ် "
"ဟုတ်တယ်လေ ကျွန်မက Pranကို မျက်နှာသေချာမမြင်ဖူးဘူးလေ ဒီအတိုင်း ဖုန်းပြောကြည့်ရင်း အသံလေးကြောင့် စွဲလမ်းသွားပြီး လာတွေ့တာ "
"အဟက် ဟုတ်ပါပြီ ဘာသောက်မလည်း Black coffeeလား Bubble tea လား "
"Bubble teaဘဲ သောက်လိုက်မယ် "
Jiwon buble tea သောက်ရင်း Pran ကို ခိုးကြည့်နေမိသည်
ဘုရားရေ Pranက တကယ်ကို လှတာဘဲ ရည်းစားမရတော့လည်း မရလို့ ရတော့လည်း အရမ်းလှတဲ့ ကောင်မလေးပါလား
အရှေ့က ငါ့ကို လမ်းခွဲသွားတဲ့ ရည်းစားဟောင်းတွေကို ကျေးဇူးတင်လိုက်တာ သူတို့ကြောင့် Pranနဲ့ တွေ့ခွင့်ရတာ
Jiwonမှာ ခိုးကြည့်ရင်း စိတ်ထဲက တွေးရင်း ကြည်နူးနေသေးသည်
"Jiwonကလည်း ကြောင်လေးတွေကို ချစ်တာဘဲလား "
"ဟုတ်တယ် အရမ်းချစ်တာရယ် အိမ်မှာ တစ်ကောင်မွေးထားသေးတယ် Kikiတဲ့ "
"ဟုတ်လား ငါ့ဆီမှာလည်း အာ ပေါ့ပေါ့ပါးပါး ငါလို့ဘဲ သုံးနှုန်းမယ်နော် "
"ဟုတ်ကဲ့ Pran သဘောပါရှင် "
"ငါ့ဆီမှာလည်း Lucaနဲ့Lily ဆိုတဲ့ကြောင်လေးရှိတယ် "
"နှစ်ကောင်တောင် မွေးထားတာလား "
"ဟုတ်တယ် သူတို့အဖော်ရအောင်လေ လိုက်ကြည့်ချင်လား "
Pranက သူ့အိမ်လိုက်ဖို့ ခေါ်သောကြောင့် Jiwon ပိုလို့ ရင်ခုန်သွားသည်
အခုမှ စဒိတ်တာကို အိမ်ခေါ်နေတယ် Omo
"ဟုတ် လိုက်ကြည့်မယ်လေ ကျွန်မက ကြောင်လေးတွေဆို အရမ်း သဘောကျတာရယ် "
"Okလေ ဒါသောက်ပြီးရင် သွားကြတာပေါ့ "
Jiwonမှာ Pranရဲ့ ကားပေါ်တက်ရင်း ကားနောက်ခန်းထဲ ကြိုးတွေထည့်ထားတာကို တွေ့လိုက်ရသည်
သို့သော်လည်း မွှန်ထူနေတာနဲ့ ဘာသံသယမှမဝင်မိချေ
ပြီးတော့ Pranလို ချစ်စရာကောင်းတဲ့ကောင်မလေးမှာလည်း သံသယဝင်စရာမရှိဘူးလေ ဟုတ်တယ်မလား
"Woah Pranက ချမ်းသာတာဘဲ "
"မဟုတ်တာ ဒါမိဘပိုင်အမွေပါ "
Jiwonမှာ Pranရဲ့ ခြံအကျယ်ကြီးရှိပြီး ခမ်းနားတဲ့ အိမ်ကို ကြည့်ရင်း အံ့သြနေသည်
"ဒီလောက်အိမ်ခြံအကျယ်ကြီးရှိတာကို အိမ်စောင့်ခြံစောင့်တွေ မထားဘူးလား "
"ဟင့်အင်း ငါကတစ်ယောက်တည်းနေရတာ သဘောကျလို့ လာလေ အိမ်ထဲဝင် ငါ့နိဗ္ဗာန်ဘုံကနေ ကြိုဆိုပါတယ် မင်းအတွက်တော့ ငရဲနဲ့တူမလားမသိပေမယ့် "
Pranမှာ အိမ်တံခါးဖွင့်ပေးပြီး ကြောက်စရာကောင်းတဲ့အပြုံးနဲ့ပြုံးလိုက်သည်
Chaeyoung အိမ်ကိုပြန်ရောက်တော့ ရေချိုး အဝတ်အစားလဲပြီး ညစာစားလေသည်
ညစာစားပြီးနောက် Netfilx ကြည့်နေရင်း ညနေက သူ့ဖုန်းထဲ Dating app ဒေါင်းထားတာကို သတိရပြီး ဖုန်းယူကာ ထိုApp ထဲဝင်လိုက်တယ်
ပြီးနောက် ကိုယ်ရေးရာဇဝင်တွေကို အမှန်တိုင်းမဖြည့်ဘဲ လိမ်ညာဖြစ်ပြီး ဓာတ်ပုံကိုလည်း Pinterestက ကောင်မလေးတစ်ယောက်ရဲ့ mirror selfie ပုံထည့်ပြီး ဂျင်းစတင်ထည့်လေသည်
"Meow ......"
ကြောင်အော်သံကြားတဲ့အခါမှာတော့ Chaeyoung ဖုန်းသုံးနေရာကရပ်ပြီး ဖုန်းကိုပိတ်ကာ အပြင်သို့ ထွက်သွားလိုက်သည်
#tbc
#zawgyi
Chaeyoung ကင္းလွည့္ၿပီး စခန္းကို ျပန္ေရာက္ေတာ့ reportတင္စရာေတြကို ကြန္ပ်ဴတာနဲ႕ရိုက္ရင္း Seung Yoonေျပာတဲ့ Dating appအေၾကာင္း ေတြးမိသြားတယ္
"တကယ္ဘဲ ဒီကမၻာႀကီးက လူေတြက မလုပ္နိုင္တာ ဘာမွမရွိေတာ့ဘူးဘဲ ငါလည္း စမ္းသုံးၾကည့္အုံးမွပါ "
Chaeyoung ေျပာၿပီး playstoreကေန Dating appကို ရွာေဒါင္းလိုက္သည္
reportေတြ တင္ၿပီးေနာက္ အလုပ္ဆင္းခ်ိန္ေရာက္လို႔ စခန္းကေနထြက္လာကာ သူ႕ရဲ႕စကူတာဆိုင္ကယ္ေလးကို စက္ႏွိုးလိုက္သည္
"ရဲေမ Park အဘြားရဲ႕ေၾကာင္ေလးကို ရွာေပးပါအုံးေနာ္ "
"ဟုတ္ကဲ့ အဘြား ရွာေတြ႕ရင္ လာေပးပါမယ္ "
Chaeyoungမွာ စခန္းနဲ႕မ်က္ႏွာခ်င္းဆိုင္မွာေနတဲ့ အဘြားကို ၿပဳံးကာေျပာလိုက္သည္
"ေအးကြယ္ ခါတိုင္းဆို သူ သုံးေလးရက္ေနရင္ ျပန္လာပါတယ္ အခု ဘယ္ေတြအလည္လြန္ေနတယ္ မသိပါဘူး တစ္ပတ္ေလာက္ရွိေနၿပီ ျပန္မလာေသးဘူး "
"အဘြားရဲ႕ေၾကာင္ေလးက မိန္းမရသြားတာျဖစ္မယ္ ဒါေၾကာင့္ အဘြားဆီျပန္မလာတာမ်ားလား "
"Aigoo ေခတ္ကာလာေၾကာင္သားေတြမ်ား မယားရရင္ အိမ္ကိုေမ့ကုန္ၾကၿပီ ဟားဟားဟား "
Chaeyoungလည္း အဘြားရဲ႕စကားေၾကာင့္ အဘြားနဲ႕အတူ လိုက္ရယ္ေလသည္
ထို႔ေနာက္ အဘြားကို ႏႈတ္ဆက္ၿပီး ထြက္လာလိုက္သည္
Dating app သုံးသုံးခ်င္း ရည္းစားရသြားတာကို Jiwon မယုံနိုင္ျဖစ္ေနတယ္
ဘီဒိုထဲက အဝတ္အစားေတြလည္း ကုန္လုနီးပါးျဖစ္ေနေပမယ့္ Jiwon ဘာဝတ္ရမွန္းမသိ အဝတ္အစားေတြ ထုတ္ဝတ္ၾကည့္ရင္း ကုတင္ေပၚ ပြလန္ႀကဲေနသည္
အခ်ိန္အေတာ္ၾကာႀကီး Single အျဖစ္ ေနခဲ့ရၿပီးမွ ဒါကပထမဆုံး First date မဟုတ္လား တစ္ဖက္ကလူမ်က္လုံးထဲ ကန့္လန့္ႀကီး ျဖစ္မေနဘဲ အဆင္ေျပေအာင္ဝတ္သြားဖို႔ Jiwon ေ႐ြးခ်ယ္ေနသည္
"Noraကို ေက်းဇူးတင္ရမယ္ ေနာက္မွ အဲ့ေကာင္မႀကီးကို မုန့္ဝယ္ေကြၽးအုံးမယ္ "
Jiwonေျပာရင္း တိုက္ခန္းတံခါးကို ေသခ်ာပိတ္ၿပီး ခ်ိန္းထားတဲ့ေနရာသို႔ ထြက္လာခဲ့သည္
"ဟို.....Pranလားမသိဘူး "
မ်က္မွန္အဝိုင္းေလးတပ္ထားတဲ့ ေထာင့္စြန္းမွာထိုင္ေနေသာ ဆံပင္အနက္ေရာင္နဲ႕ေကာင္မေလးကို Jiwon သူနဲ႕ခ်ိန္းထားတဲ့သူ ဟုတ္မဟုတ္ ေသခ်ာေအာင္ေမးလိုက္သည္
"ဟုတ္ပါတယ္ Jiwonလားမသိဘူး "
"ဟုတ္ ကြၽန္မက Jiwonပါ ဟီး ေတာ္ေသးတာေပါ့ ေသခ်ာေအာင္ေမးၾကည့္လို႔ coffeeဆိုင္ထဲ ဟန္းဂုလူမ်ိဳးေတြဘဲရွိေတာ့ ရွာရလြယ္သြားတယ္ "
Jiwonရဲ႕ စကားေၾကာင့္ Pranမွာ မ်က္ခုံးပင့္သြားၿပီး
"အယ္ ကိုရီးယားလူမ်ိဳး မဟုတ္ဘူးဆိုတာ ဘယ္လိုသိလည္း "
"ဒီအတိုင္း Accountနာမည္ေၾကာင့္ရယ္ ဖုန္းေျပာတုန္းက အသံက နိုင္ငံျခားသူအသံနဲ႕တူလို႔ေလ "
"Aww ဟုတ္ပါၿပီ Jiwonက အျပင္မွာ ပိုလွတယ္ေနာ္ "
Pranမွာ စကားအပိုေတြ ေမးခြန္းအပိုေတြ ထပ္ေမးခံရမွာဆိုးလို႔ စကားလမ္းေၾကာင္းလႊဲလိုက္ေလသည္
Pranရဲ႕စကားေၾကာင့္ Jiwon ရွက္ၿပီး ရင္ေတြခုန္လာသည္
"အာ.... တကယ္က Pranက ပိုလွတာသိလား ကြၽန္မထက္ေတာင္ လွၿပီး ၾကည့္လို႔ေကာင္းေနေသးတယ္ အို ကြၽန္မ ထင္ထားတာထက္ ပိုၿပီးဆြဲေဆာင္မႈရွိလြန္းတယ္ "
"အယ္ "
"ဟုတ္တယ္ေလ ကြၽန္မက Pranကို မ်က္ႏွာေသခ်ာမျမင္ဖူးဘူးေလ ဒီအတိုင္း ဖုန္းေျပာၾကည့္ရင္း အသံေလးေၾကာင့္ စြဲလမ္းသြားၿပီး လာေတြ႕တာ "
"အဟက္ ဟုတ္ပါၿပီ ဘာေသာက္မလည္း Black coffeeလား Bubble tea လား "
"Bubble teaဘဲ ေသာက္လိုက္မယ္ "
Jiwon buble tea ေသာက္ရင္း Pran ကို ခိုးၾကည့္ေနမိသည္
ဘုရားေရ Pranက တကယ္ကို လွတာဘဲ ရည္းစားမရေတာ့လည္း မရလို႔ ရေတာ့လည္း အရမ္းလွတဲ့ ေကာင္မေလးပါလား
အေရွ႕က ငါ့ကို လမ္းခြဲသြားတဲ့ ရည္းစားေဟာင္းေတြကို ေက်းဇူးတင္လိုက္တာ သူတို႔ေၾကာင့္ Pranနဲ႕ ေတြ႕ခြင့္ရတာ
Jiwonမွာ ခိုးၾကည့္ရင္း စိတ္ထဲက ေတြးရင္း ၾကည္ႏူးေနေသးသည္
"Jiwonကလည္း ေၾကာင္ေလးေတြကို ခ်စ္တာဘဲလား "
"ဟုတ္တယ္ အရမ္းခ်စ္တာရယ္ အိမ္မွာ တစ္ေကာင္ေမြးထားေသးတယ္ Kikiတဲ့ "
"ဟုတ္လား ငါ့ဆီမွာလည္း အာ ေပါ့ေပါ့ပါးပါး ငါလို႔ဘဲ သုံးႏႈန္းမယ္ေနာ္ "
"ဟုတ္ကဲ့ Pran သေဘာပါရွင္ "
"ငါ့ဆီမွာလည္း Lucaနဲ႕Lily ဆိုတဲ့ေၾကာင္ေလးရွိတယ္ "
"ႏွစ္ေကာင္ေတာင္ ေမြးထားတာလား "
"ဟုတ္တယ္ သူတို႔အေဖာ္ရေအာင္ေလ လိုက္ၾကည့္ခ်င္လား "
Pranက သူ႕အိမ္လိုက္ဖို႔ ေခၚေသာေၾကာင့္ Jiwon ပိုလို႔ ရင္ခုန္သြားသည္
အခုမွ စဒိတ္တာကို အိမ္ေခၚေနတယ္ Omo
"ဟုတ္ လိုက္ၾကည့္မယ္ေလ ကြၽန္မက ေၾကာင္ေလးေတြဆို အရမ္း သေဘာက်တာရယ္ "
"Okေလ ဒါေသာက္ၿပီးရင္ သြားၾကတာေပါ့ "
Jiwonမွာ Pranရဲ႕ ကားေပၚတက္ရင္း ကားေနာက္ခန္းထဲ ႀကိဳးေတြထည့္ထားတာကို ေတြ႕လိုက္ရသည္
သို႔ေသာ္လည္း မႊန္ထူေနတာနဲ႕ ဘာသံသယမွမဝင္မိေခ်
ၿပီးေတာ့ Pranလို ခ်စ္စရာေကာင္းတဲ့ေကာင္မေလးမွာလည္း သံသယဝင္စရာမရွိဘူးေလ ဟုတ္တယ္မလား
"Woah Pranက ခ်မ္းသာတာဘဲ "
"မဟုတ္တာ ဒါမိဘပိုင္အေမြပါ "
Jiwonမွာ Pranရဲ႕ ၿခံအက်ယ္ႀကီးရွိၿပီး ခမ္းနားတဲ့ အိမ္ကို ၾကည့္ရင္း အံ့ၾသေနသည္
"ဒီေလာက္အိမ္ၿခံအက်ယ္ႀကီးရွိတာကို အိမ္ေစာင့္ၿခံေစာင့္ေတြ မထားဘူးလား "
"ဟင့္အင္း ငါကတစ္ေယာက္တည္းေနရတာ သေဘာက်လိဳ႕ လာေလ အိမ္ထဲဝင္ ငါ့နိဗၺာန္ဘုံကေန ႀကိဳဆိုပါတယ္ မင္းအတြက္ေတာ့ ငရဲနဲ႕တူမလားမသိေပမယ့္ "
Pranမွာ အိမ္တံခါးဖြင့္ေပးၿပီး ေၾကာက္စရာေကာင္းတဲ့အၿပဳံးနဲ႕ၿပဳံးလိုက္သည္
Chaeyoung အိမ္ကိုျပန္ေရာက္ေတာ့ ေရခ်ိဳး အဝတ္အစားလဲၿပီး ညစာစားေလသည္
ညစာစားၿပီးေနာက္ Netfilx ၾကည့္ေနရင္း ညေနက သူ႕ဖုန္းထဲ Dating app ေဒါင္းထားတာကို သတိရၿပီး ဖုန္းယူကာ ထိုApp ထဲဝင္လိုက္တယ္
ၿပီးေနာက္ ကိုယ္ေရးရာဇဝင္ေတြကို အမွန္တိုင္းမျဖည့္ဘဲ လိမ္ညာျဖစ္ၿပီး ဓာတ္ပုံကိုလည္း Pinterestက ေကာင္မေလးတစ္ေယာက္ရဲ႕ mirror selfie ပုံထည့္ၿပီး ဂ်င္းစတင္ထည့္ေလသည္
"Meow ......"
ေၾကာင္ေအာ္သံၾကားတဲ့အခါမွာေတာ့ Chaeyoung ဖုန္းသုံးေနရာကရပ္ၿပီး ဖုန္းကိုပိတ္ကာ အျပင္သို႔ ထြက္သြားလိုက္သည္
#tbc
Bạn đang đọc truyện trên: ZingTruyen.Xyz