ZingTruyen.Xyz

Unexpected

Part 3

KimFany059


"ဟို ဟိုလေ လူပျောက်တိုင်ချင်လို့ ရလားရှင့် "

Chaeyoung ပဲခေါက်ဆွဲစားနေစဥ် စခန်းထဲ ဝင်လာတဲ့ ကောင်မလေးတစ်ယောက်​ကြောင့် စားနေရာကနေ ရပ်လိုက်သည်

"ဟုတ် ရပါတယ် ခဏထိုင်အုန်းနော် ကျွန်မ လာခဲ့မယ် "

Chaeyoung တစ်ရှူးနဲ့သူ့လက်ကို သုတ်ပြီး သူ့စားပွဲပေါ်က စာရွက်စာတမ်းတစ်ချို့ကို ယူလိုက်သ​ည်

ပြီးတော့ မျက်နှာမကောင်းဖြစ်နေတဲ့ ကောင်မလေးဆီ သွားလိုက်သည်

"ဒီကတစ်ယောက်က လူပျောက်တိုင်ချင်တာနော် ဘယ်သူပျောက်လို့လဲမသိဘူး "

"သူငယ်ချင်း ပျောက်နေလို့ပါ ခါတိုင်းဆို သူ့ဆီက အဆက်အသွယ်ရပါတယ် အခု အဆက်အသွယ်မရတာ သုံးရက်ရှိပြီ အလုပ်ကိုလည်း မလာဘူးတဲ့ သူ့တိုက်ခန်းကို  သွားရှာတော့လည်း မရှိဘူး အဲ့အနားက လူတွေကို မေးကြည့်တော့ တစ်နေ့က အပြင်ထွက်သွားတာတော့ တွေ့တယ် ပြန်လာတာတော့ မတွေ့ဘူးဆိုပြီး ပြောနေကြတယ် အစ်မရယ် ကူညီပေးပါနော် ညီမသူငယ်ချင်းကို ကူရှာပေးပါအုန်း "

"သူငယ်ချင်းရဲ့နာမည်က "

"Jiwon...Park Jiwonပါ "

"Park Jiwon က တစ်ယောက်တည်းနေတာလား "

"ဟုတ်တယ် အစ်မ သူတစ်ယောက်တည်းနေတာပါ "

"Jiwonက သူ့မိဘတွေဆီ ပြန်သွားတာရော မဖြစ်နိုင်ဘူးလား "

"မဖြစ်နိုင်ဘူး အစ်မ သူ့မိဘတွေက ဆုံးသွားတာ ကြာပြီ သူတစ်ယောက်တည်းနေနေတာရယ် အစ်မရယ် Jiwon တစ်ခုခုဖြစ်နေတာလား မသိဘူး ကူရှာပေးပါနော် "

Chaeyoung စာရွက်ပေါ် နာမည်နဲ့ အကြောင်းအရာတစ်ချို့ကို ချရေးလိုက်ပြီး ကောင်မလေးကို ကြည့်လိုက်သည်

"လူပျောက်လာတိုင်တဲ့ ညီမလေးက "

"သူ့သူငယ်ချင်းပါ Nori ပါ အစ်မ "

"ဟုတ်ပြီ Nori အစ်မကို မင်းရဲ့ဖုန်းနံပါတ်လေး ပေးထား အစ်မ တစ်ခုခုဆို မင်းဆီ ဆက်သွယ်လို့ရအောင် "

"ဟုတ်ကဲ့အစ်မ အားကိုးပါတယ်နော် ညီမသူငယ်ချင်း ဒုက္ခရောက်နေပြီလား မသိပါဘူး "

Noriက ပြောရင်း ငိုတော့ Chaeyoung စိတ်မကောင်းဖြစ်ရသ​ည် သူ့မှာလည်း သူငယ်ချင်းရှိတော့ Noriကို ကိုယ်ချင်းစာနိုင်တယ် မဟုတ်လား

စခန်းမှူးကို လူပျောက်လာတိုင်တဲ့အကြောင်း Chaeyoung သတင်းတင်ပြတော့ စခန်းမှူးမှာ သက်ပြင်းချလိုက်သည်

"နောက်ဆုံးတော့ ဒီဘက်ထိရောက်လာပြီလား မသိဘူး "

စခန်းမှူးပြောတဲ့ အဓိပ္ပါယ်ကို Chaeyoung သိသည်

အင်း ကြည့်ရတာ Jiwonလည်း Dating Appကို သုံးခဲ့တဲ့ပုံဘဲ Noriဆီ ဖုန်းဆက်မေးကြည့်အုန်းမှ

Chaeyoung တွေးပြီး Noriပေးထားတဲ့ နံပါတ်ကို စခန်းက ဖုန်းနဲ့ဆက်သွယ်လိုက်သည်

"Hello "

"Hello Noriလား မသိဘူး "

"ဟုတ်ပါတယ် ဘယ်သူလဲဟင် "

"စခန်းက အစ်မပါ ညီမလေး "

Noriမှာ စခန်းကဖုန်းဆက်မှန်းလဲသိရော အရမ်းပျော်သွားတယ်

"အယ် အစ်မ Jiwonကို ပြန်တွေ့ပြီလားဟင် "

"ဟင့်အင်း အစ်မမေးစရာလေးရှိလို့ ဖုန်းဆက်လိုက်တာ "

Chaeyoungရဲ့ စကားကြောင့် Nori မျက်နှာလေး ညိုးကျသွားတယ်

"ဟုတ် အစ်မ မေးပါ "

"Jiwonလေ ဟို အခုနာမည်ကြီးနေတဲ့ Dating App သုံးတာမျိုး ဘာညာ သိလားလို့ "

Chaeyoungရဲ့ စကားကြောင့် Nori ပြန်စဥ်းစားကြည့်ပြီး တစ်ခုခုကို သတိရသွားတယ်

"အာ ဟုတ် အစ်မ သူသုံးတယ်ထင်တယ် သူရည်းစားလိုချင်တယ်ပြောလို့ ညီမ အဲ့ဒီ Appကို သုံးဖို့ အကြံပေးလိုက်သေးတယ် "

Noriရဲ့ စကားကြောင့် Chaeyoung သက်ပြင်းချလိုက်သည်

"ဟုတ်ပြီ ကျေးဇူးတင်ပါတယ်နော် ညီမ တစ်ခုခုအကြောင်းထူးတာနဲ့ လှမ်းပြီး ဆက်သွယ်လိုက်ပါမယ် "

"ဟုတ်ကဲ့ အစ်မ "

Nori ဘက်က ဖုန်းချလိုက်တော့ Chaeyoungလည်း ထိုင်လိုက်ပြီး တစ်ခုခုကို စဥ်းစားနေသည်

"Lily.... အမှိုက်အိတ်ပေါ် တက်မနေနဲ့ ညစ်ပတ်လိမ့်မယ် "

Pran မှာ ရှုပ်နေတဲ့ ကြိုးတွေကို ဖြည်ရင်း သူ့ကြောင်လေးကို ဆူလိုက်သ​ည်

"ပြီးရင် အဲ့အမှိုက်ကို သွားပစ်အုံးမှပါ မဟုတ်ရင် ကြာကြာထားရင် အနံ့ထွက်လာလိမ့်မယ် "

Pran ပြောပြီး Devil smileနဲ့ ပြုံးကာ မျက်မှန်ကို လက်ညိုးလေးနဲ့ ပင့်တင်လိုက်သည်

ဟိုတစ်ခါ စီနီယာဝယ်ကျွေးတဲ့ အမဲရိုးစွပ်ပြုတ်လေး စားချင်လို့ဆိုပြီး Chaeyoung ဂျူတီချိန်ပြီးတော့ သွားစားဖို့ ဆိုင်ကို သွားလေသည်

"အဒေါ်ကြီး ဒီကို အမဲရိုးစွပ်ပြုတ်နဲ့ ထမင်းတစ်ပွဲချပေးပါ မုန်လာဥအချဥ်ရောနော် "

Pran မှာ အမဲအူကင်စားနေစဥ် ဆိုင်ထဲအော်ပြီး ဝင်လာတဲ့ ကောင်မလေးတစ်ယောက် အသံကြောင့် စားနေရာက ရပ်ပြီး မသိမသာနဲ့ လှည့်ကြည့်လေသည်

အရပ်ရှည်ရှည်နဲ့ ခန္ဓာကိုယ်က သွယ်လျလှပပြီး ရွှေရောင်ဆံပင်လေး ပိုင်ဆိုင်ထားတဲ့ ပါးဖောင်းဖောင်းလေးနဲ့ ကောင်မလေးကို ကြည့်ပြီး Pran သူ့ရဲ့ ​နောက်ထပ်သားကောင်အဖြစ် ရွေးချယ်ရမလားဆိုတာ မျက်မှန်လေးပင့်ပြီး စဥ်းစားလိုက်သည်

"ကျေးဇူးတင်ပါတယ် ကောင်းကောင်းစားပါ့မယ် "

အမဲရိုးစွပ်ပြုတ်လာချပေးတဲ့ ဆိုင်ရှင်အဒေါ်ကြီးကို ကျေးဇူးတင်စကားပြောပြီး အမဲရိုးစွပ်ပြုတ်ကို Chaeyoung အားပါးတရစားလိုက်သည်

"Wow တကယ်ကို စားကောင်းတာဘဲ သူ့ရဲ့အရသာက သွေးကြောထဲထိကို စီးဝင်နေတာဘဲ "

အမဲရိုးစွပ်ပြုတ်ကို အားပါးတရ ပလုတ်ပလောင်း စားနေတဲ့ ကောင်မ​လေးကို ကြည့်ပြီး Pran ဘာလို့မှန်းမသိ ပြုံးမိသွားတယ်

အင်း အခုတော့ ငါလည်း အမဲလိုက်ထားတာ မကြာသေးတော့ ကောင်မလေးကို လွတ်ထားပေးအုန်းမယ် ဒါပေမယ့် သူ့အနားချဥ်းကပ်ရတာ လွယ်အောင် လိုက်ချောင်းကြည့်အုန်းမယ်

Pranလည်း Chaeyoungရဲ့ နောက်ကို လိုက်ချောင်းဖို့ ဆုံးဖြတ်လိုက်သည်

Pran ကျန်ရှိနေတဲ့ အမဲအူကို လက်စသတ် စားလိုက်ပြီးနောက် ဆိုင်ရှေ့တွင် ဂွင်ဖန်တီးဖို့ စောင့်နေသည်

Chaeyoung အမဲရိုးစွပ်ပြုတ်စားပြီးနောက် ဆိုင်ထဲက ထွက်လာစဥ် ကောင်မလေးနဲ့တစ်ယောက်နဲ့ ဝင်တိုက်မိသည်

"အို့ တောင်းပန်ပါတယ်နော် မမြင်လိုက်လို့ "

"မဟုတ်တာ ကိုယ်က မင်းကို ဝင်တိုက်မိတာပါ "

Chaeyoungမှာ စကားသုံးနှုန်းပုံကြောင့် မော့ကြည့်လိုက်တော့....

ဟို...ဟိုနေ့က ကြောင်လေးကို အစာကျွေးနေတဲ့ ကောင်မလေးဘဲ

Koreaသူနဲ့ မတူတဲ့ ကောင်မလေးဖြစ်နေတာမို့လို့ Chaeyoung သတိထားမိခဲ့တာလေ

"ဟုတ် ဒါဆိုရင် သွားခွင့်ပြုပါအုန်း "

"ဟုတ် "

Chaeyoung ကားပေါ်တက်သွားတော့ Pranမှာ အောင်နိုင်သူအပြုံးနဲ့ ပြုံးလိုက်သည်

"Mission Complete "

Chaeyoung ရပ်ကွက်ကို ကင်းတစ်ချက်လှည့်ပြီး အိမ်သို့ ပြန်လာသည်

"ဒီရက်ပိုင်း ကြောင်တွေ အရမ်းပျောက်နေသလိုဘဲ ဂရုစိုက်ကြအုံးနော် "

Chaeyoung အိမ်ထဲမဝင်ခင် ဘေးအိမ်က အိမ်နီးချင်းတွေပြောတဲ့ စကားကို ကြားပြီး အဓိပ္ပါယ်ပါပါ ပြုံးလိုက်မိသည်

#Tbc

#zawgyi

"ဟို ဟိုေလ လူေပ်ာက္တိုင္ခ်င္လို႔ ရလားရွင့္ "

Chaeyoung ပဲေခါက္ဆြဲစားေနစဥ္ စခန္းထဲ ဝင္လာတဲ့ ေကာင္မေလးတစ္ေယာက္ေၾကာင့္ စားေနရာကေန ရပ္လိုက္သည္

"ဟုတ္ ရပါတယ္ ခဏထိုင္အုန္းေနာ္ ကြၽန္မ လာခဲ့မယ္ "

Chaeyoung တစ္ရႉးနဲ႕သူ႕လက္ကို သုတ္ၿပီး သူ႕စားပြဲေပၚက စာ႐ြက္စာတမ္းတစ္ခ်ိဳ႕ကို ယူလိုက္သည္

ၿပီးေတာ့ မ်က္ႏွာမေကာင္းျဖစ္ေနတဲ့ ေကာင္မေလးဆီ သြားလိုက္သည္

"ဒီကတစ္ေယာက္က လူေပ်ာက္တိုင္ခ်င္တာေနာ္ ဘယ္သူေပ်ာက္လို႔လဲမသိဘူး "

"သူငယ္ခ်င္း ေပ်ာက္ေနလို႔ပါ ခါတိုင္းဆို သူ႕ဆီက အဆက္အသြယ္ရပါတယ္ အခု အဆက္အသြယ္မရတာ သုံးရက္ရွိၿပီ အလုပ္ကိုလည္း မလာဘူးတဲ့ သူ႕တိုက္ခန္းကို  သြားရွာေတာ့လည္း မရွိဘူး အဲ့အနားက လူေတြကို ေမးၾကည့္ေတာ့ တစ္ေန႕က အျပင္ထြက္သြားတာေတာ့ ေတြ႕တယ္ ျပန္လာတာေတာ့ မေတြ႕ဘူးဆိုၿပီး ေျပာေနၾကတယ္ အစ္မရယ္ ကူညီေပးပါေနာ္ ညီမသူငယ္ခ်င္းကို ကူရွာေပးပါအုန္း "

"သူငယ္ခ်င္းရဲ႕နာမည္က "

"Jiwon...Park Jiwonပါ "

"Park Jiwon က တစ္ေယာက္တည္းေနတာလား "

"ဟုတ္တယ္ အစ္မ သူတစ္ေယာက္တည္းေနတာပါ "

"Jiwonက သူ႕မိဘေတြဆီ ျပန္သြားတာေရာ မျဖစ္နိုင္ဘူးလား "

"မျဖစ္နိုင္ဘူး အစ္မ သူ႕မိဘေတြက ဆုံးသြားတာ ၾကာၿပီ သူတစ္ေယာက္တည္းေနေနတာရယ္ အစ္မရယ္ Jiwon တစ္ခုခုျဖစ္ေနတာလား မသိဘူး ကူရွာေပးပါေနာ္ "

Chaeyoung စာ႐ြက္ေပၚ နာမည္နဲ႕ အေၾကာင္းအရာတစ္ခ်ိဳ႕ကို ခ်ေရးလိုက္ၿပီး ေကာင္မေလးကို ၾကည့္လိုက္သည္

"လူေပ်ာက္လာတိုင္တဲ့ ညီမေလးက "

"သူ႕သူငယ္ခ်င္းပါ Nori ပါ အစ္မ "

"ဟုတ္ၿပီ Nori အစ္မကို မင္းရဲ႕ဖုန္းနံပါတ္ေလး ေပးထား အစ္မ တစ္ခုခုဆို မင္းဆီ ဆက္သြယ္လို႔ရေအာင္ "

"ဟုတ္ကဲ့အစ္မ အားကိုးပါတယ္ေနာ္ ညီမသူငယ္ခ်င္း ဒုကၡေရာက္ေနၿပီလား မသိပါဘူး "

Noriက ေျပာရင္း ငိုေတာ့ Chaeyoung စိတ္မေကာင္းျဖစ္ရသည္ သူ႕မွာလည္း သူငယ္ခ်င္းရွိေတာ့ Noriကို ကိုယ္ခ်င္းစာနိုင္တယ္ မဟုတ္လား

စခန္းမႉးကို လူေပ်ာက္လာတိုင္တဲ့အေၾကာင္း Chaeyoung သတင္းတင္ျပေတာ့ စခန္းမႉးမွာ သက္ျပင္းခ်လိဳက္သည္

"ေနာက္ဆုံးေတာ့ ဒီဘက္ထိေရာက္လာၿပီလား မသိဘူး "

စခန္းမႉးေျပာတဲ့ အဓိပ္ပါယ်ကို Chaeyoung သိသည္

အင္း ၾကည့္ရတာ Jiwonလည္း Dating Appကို သုံးခဲ့တဲ့ပုံဘဲ Noriဆီ ဖုန္းဆက္ေမးၾကည့္အုန္းမွ

Chaeyoung ေတြးၿပီး Noriေပးထားတဲ့ နံပါတ္ကို စခန္းက ဖုန္းနဲ႕ဆက္သြယ္လိုက္သည္

"Hello "

"Hello Noriလား မသိဘူး "

"ဟုတ္ပါတယ္ ဘယ္သူလဲဟင္ "

"စခန္းက အစ္မပါ ညီမေလး "

Noriမွာ စခန္းကဖုန္းဆက္မွန္းလဲသိေရာ အရမ္းေပ်ာ္သြားတယ္

"အယ္ အစ္မ Jiwonကို ျပန္ေတြ႕ၿပီလားဟင္ "

"ဟင့္အင္း အစ္မေမးစရာေလးရွိလို႔ ဖုန္းဆက္လိုက္တာ "

Chaeyoungရဲ႕ စကားေၾကာင့္ Nori မ်က္ႏွာေလး ညိုးက်သြားတယ္

"ဟုတ္ အစ္မ ေမးပါ "

"Jiwonေလ ဟို အခုနာမည္ႀကီးေနတဲ့ Dating App သုံးတာမ်ိဳး ဘာညာ သိလားလို႔ "

Chaeyoungရဲ႕ စကားေၾကာင့္ Nori ျပန္စဥ္းစားၾကည့္ၿပီး တစ္ခုခုကို သတိရသြားတယ္

"အာ ဟုတ္ အစ္မ သူသုံးတယ္ထင္တယ္ သူရည္းစားလိုခ်င္တယ္ေျပာလို႔ ညီမ အဲ့ဒီ Appကို သုံးဖို႔ အႀကံေပးလိုက္ေသးတယ္ "

Noriရဲ႕ စကားေၾကာင့္ Chaeyoung သက္ျပင္းခ်လိဳက္သည္

"ဟုတ္ၿပီ ေက်းဇူးတင္ပါတယ္ေနာ္ ညီမ တစ္ခုခုအေၾကာင္းထူးတာနဲ႕ လွမ္းၿပီး ဆက္သြယ္လိုက္ပါမယ္ "

"ဟုတ္ကဲ့ အစ္မ "

Nori ဘက္က ဖုန္းခ်လိဳက္ေတာ့ Chaeyoungလည္း ထိုင္လိုက္ၿပီး တစ္ခုခုကို စဥ္းစားေနသည္

"Lily.... အမွိုက္အိတ္ေပၚ တက္မေနနဲ႕ ညစ္ပတ္လိမ့္မယ္ "

Pran မွာ ရႈပ္ေနတဲ့ ႀကိဳးေတြကို ျဖည္ရင္း သူ႕ေၾကာင္ေလးကို ဆူလိုက္သည္

"ၿပီးရင္ အဲ့အမွိုက္ကို သြားပစ္အုံးမွပါ မဟုတ္ရင္ ၾကာၾကာထားရင္ အနံ႕ထြက္လာလိမ့္မယ္ "

Pran ေျပာၿပီး Devil smileနဲ႕ ၿပဳံးကာ မ်က္မွန္ကို လက္ညိုးေလးနဲ႕ ပင့္တင္လိုက္သည္

ဟိုတစ္ခါ စီနီယာဝယ္ေကြၽးတဲ့ အမဲရိုးစြပ္ျပဳတ္ေလး စားခ်င္လို႔ဆိုၿပီး Chaeyoung ဂ်ဴတီခ်ိန္ၿပီးေတာ့ သြားစားဖို႔ ဆိုင္ကို သြားေလသည္

"အေဒၚႀကီး ဒီကို အမဲရိုးစြပ္ျပဳတ္နဲ႕ ထမင္းတစ္ပြဲခ်ေပးပါ မုန္လာဥအခ်ဥ္ေရာေနာ္ "

Pran မွာ အမဲအူကင္စားေနစဥ္ ဆိုင္ထဲေအာ္ၿပီး ဝင္လာတဲ့ ေကာင္မေလးတစ္ေယာက္ အသံေၾကာင့္ စားေနရာက ရပ္ၿပီး မသိမသာနဲ႕ လွည့္ၾကည့္ေလသည္

အရပ္ရွည္ရွည္နဲ႕ ခႏၶာကိုယ္က သြယ္လ်လွပၿပီး ေ႐ႊေရာင္ဆံပင္ေလး ပိုင္ဆိုင္ထားတဲ့ ပါးေဖာင္းေဖာင္းေလးနဲ႕ ေကာင္မေလးကို ၾကည့္ၿပီး Pran သူ႕ရဲ႕ ေနာက္ထပ္သားေကာင္အျဖစ္ ေ႐ြးခ်ယ္ရမလားဆိုတာ မ်က္မွန္ေလးပင့္ၿပီး စဥ္းစားလိုက္သည္

"ေက်းဇူးတင္ပါတယ္ ေကာင္းေကာင္းစားပါ့မယ္ "

အမဲရိုးစြပ္ျပဳတ္လာခ်ေပးတဲ့ ဆိုင္ရွင္အေဒၚႀကီးကို ေက်းဇူးတင္စကားေျပာၿပီး အမဲရိုးစြပ္ျပဳတ္ကို Chaeyoung အားပါးတရစားလိုက္သည္

"Wow တကယ္ကို စားေကာင္းတာဘဲ သူ႕ရဲ႕အရသာက ေသြးေၾကာထဲထိကို စီးဝင္ေနတာဘဲ "

အမဲရိုးစြပ္ျပဳတ္ကို အားပါးတရ ပလုတ္ပေလာင္း စားေနတဲ့ ေကာင္မေလးကို ၾကည့္ၿပီး Pran ဘာလို႔မွန္းမသိ ၿပဳံးမိသြားတယ္

အင္း အခုေတာ့ ငါလည္း အမဲလိုက္ထားတာ မၾကာေသးေတာ့ ေကာင္မေလးကို လြတ္ထားေပးအုန္းမယ္ ဒါေပမယ့္ သူ႕အနားခ်ဥ္းကပ္ရတာ လြယ္ေအာင္ လိုက္ေခ်ာင္းၾကည့္အုန္းမယ္

Pranလည္း Chaeyoungရဲ႕ ေနာက္ကို လိုက္ေခ်ာင္းဖို႔ ဆုံးျဖတ္လိုက္သည္

Pran က်န္ရွိေနတဲ့ အမဲအူကို လက္စသတ္ စားလိုက္ၿပီးေနာက္ ဆိုင္ေရွ႕တြင္ ဂြင္ဖန္တီးဖို႔ ေစာင့္ေနသည္

Chaeyoung အမဲရိုးစြပ္ျပဳတ္စားၿပီးေနာက္ ဆိုင္ထဲက ထြက္လာစဥ္ ေကာင္မေလးနဲ႕တစ္ေယာက္နဲ႕ ဝင္တိုက္မိသည္

"အို႔ ေတာင္းပန္ပါတယ္ေနာ္ မျမင္လိုက္လို႔ "

"မဟုတ္တာ ကိုယ္က မင္းကို ဝင္တိုက္မိတာပါ "

Chaeyoungမွာ စကားသုံးႏႈန္းပုံေၾကာင့္ ေမာ့ၾကည့္လိုက္ေတာ့....

ဟို...ဟိုေန႕က ေၾကာင္ေလးကို အစာေကြၽးေနတဲ့ ေကာင္မေလးဘဲ

Koreaသူနဲ႕ မတူတဲ့ ေကာင္မေလးျဖစ္ေနတာမို႔လို႔ Chaeyoung သတိထားမိခဲ့တာေလ

"ဟုတ္ ဒါဆိုရင္ သြားခြင့္ျပဳပါအုန္း "

"ဟုတ္ "

Chaeyoung ကားေပၚတက္သြားေတာ့ Pranမွာ ေအာင္နိုင္သူအၿပဳံးနဲ႕ ၿပဳံးလိုက္သည္

"Mission Complete "

Chaeyoung ရပ္ကြက္ကို ကင္းတစ္ခ်က္လွည့္ၿပီး အိမ္သို႔ ျပန္လာသည္

"ဒီရက္ပိုင္း ေၾကာင္ေတြ အရမ္းေပ်ာက္ေနသလိုဘဲ ဂ႐ုစိုက္ၾကအုံးေနာ္ "

Chaeyoung အိမ္ထဲမဝင္ခင္ ေဘးအိမ္က အိမ္နီးခ်င္းေတြေျပာတဲ့ စကားကို ၾကားၿပီး အဓိပ္ပါယ်ပါပါ ၿပဳံးလိုက္မိသည္

#Tbc

Bạn đang đọc truyện trên: ZingTruyen.Xyz