ZingTruyen.Xyz

Unexpected

Part 1

KimFany059


"ရဲမေ Park ညနေကျ ကင်းလှည့်ဖို့ မမေ့နဲ့နော် "

"ဟုတ် စခန်းမှူး စိတ်ချပါ "

"စိတ်ချပါပြောမနေနဲ့ ကင်းလှည့်ရင်းလည်း မုန့်ပတ်စားမနေနဲ့အုံး တိုင်တဲ့သူတွေကတိုင်နေကြတယ် "

"ဟုတ် ထပ်မဖြစ်စေရပါဘူး "

Chaeyoung ပြောပြီး ချောကလက်တစ်တောင့်ကို ကိုက်စားလိုက်သည်

Park Chaeyoungက ဂါအူးလ်ရဲစခန်းက ရဲမေလေးတစ်ဦးပါ ရပ်ကွက်ကို ကင်းလှည့်တိုင်း ရပ်ကွက်ထဲမရောက်ဘဲ မုန့်ဆိုင်မှာဘဲ အချိန်ကုန်သွားလို့ စီနီယာတွေဆီက အတိုင်ခံထားရသူလ​ည်း ဖြစ်ပါတယ်

"စိတ်ချနေမယ်နော် ဒီရက်ပိုင်း ဒုစရိုက်မှုတွေ ပြန်ဖြစ်လာကြတယ် ငါတို့ သေချာစောင့်ကြည့်နေမှ ပြည်သူတွေ အန္တရာယ်ကင်းမှာ "

"ဟုတ် စိတ်ချပါ စခန်းမှူး"

"နင်လည်း စိတ်ချပါလို့ဘဲ ပြောတတ်တာလား ငါဘာပြောပြော စိတ်ချပါဘဲပြောနေတယ် "

"အယ် ဒါဆို ဘယ်လိုပြောရမှာ စိတ်မချပါနဲ့ စခန်းမှူးလို့ ပြောရမှာလား "

Chaeyoungရဲ့ စကားကြောင့် စခန်းမှူးမှာ ဘာပြောရမှန်းမသိ ဖြစ်သွားတယ်

"တယ် ဒီကောင်မလေးတော့ "

"အမိုက်အမဲမလေးကို ခွင့်လွှတ်ပေးပါ စခန်းမှူး ကျွန်တော်တို့ ကင်းလှည့်သွားပါအုံးမယ် လာ Chaeyoung သွားကြစို့ "

စခန်းမှူးနဲ့ အခြေအနေတင်းမာလာမှာဆိုးလို့ Chaeyoungရဲ့ စီနီယာဖြစ်သူ Kang Seung Yoonက အမြန်ဝင်လာပြီး စကားလမ်းကြောင်းလွှဲကာ Chaeyoungကို ပထုတ်လာခဲ့သည်

"စီနီယာကလည်း နေ့လည်ဘဲရှိသေးတာကို ဘာလို့ကင်းလှည့်မှာလည်း နေ့လည်ပိုင်းတာဝန်ယူထားတဲ့သူတွေ လှည့်ပါစေပေါ့ "

"နင်နဲ့ဘိုးတော် ရန်ဖြစ်ကြမှာဆိုးလို့ ငါက တမင်ထွက်လာတာဟ "

Seung Yoonက ကားမောင်းရင်း Chaeyoungကို လှည့်ကြည့်ကာ ပြောလိုက်သည်

"နေ့လည်စာမစားရသေးဘူး မဟုတ်လား ဒီအနားမှာ အမဲအူစွပ်ပြုတ်ဆိုင် ကောင်းတယ် သွားစားရအောင် Chaeyoung "

"ကောင်းသားဘဲ အမဲအူမစားရတာ အတော်ကြာရောပေါ့ "

Chaeyoungတို့ အမဲအူစွပ်ပြုတ်ဆိုင်ဘက်သွားရင်း လမ်းဘေးတွင်   ကြောင်အဝါလေး တစ်ကောင်ကိုကျွေးနေတဲ့ ဆံပင်အနက်ရောင်နဲ့ ကောင်မလေး တစ်ယောက်ကို Chaeyoung သတိထားမိသွားသည်

ကောင်မလေးကို ကြည့်ရတာ ကိုရီးယားသူတော့ မဟုတ်လောက် နိုင်ငံခြားသူနဲ့ တူနေတယ်လို့ Chaeyoung စိတ်ထဲ တွေးမိနေတယ်

"စီနီယာ....မိန်းကလေးတွေက ဘာလို့ ကြောင်တွေကို ချစ်တာလည်းဟင် "

"အာ အဲ့တာတော့ ငါက ဘယ်လိုလုပ်သိမှာလည်း မိန်းကလေးမှ မဟုတ်တာ နင်ရော မိန်းကလေးဖြစ်ပြီး မသိဘူးလား "

"ဟင့်အင်း မသိဘူး ညီမက ကြောင်တွေထက် ခွေးလေးတွေကို ပိုချစ်တာရယ် "

Chaeyoung ပြောပြီး သူ့လက်သည်းကို ကိုက်လိုက်သည်

အမဲအူစွပ်ပြုတ်ဆိုင်တွင် စီနီယာနဲ့ဂျူနီယာနှစ်ယောက် အမဲအူစွပ်ပြုတ်ကို ထမင်းနဲ့စိမ်စားနေကြသည်

"Woah အရသာရှိလိုက်တာ ဒါမျိုးမစားဖြစ်တာ အတော်ကြာရောပေါ့ "

Seung Yoon ပြောပြီး မုန်လာချဥ်ဖတ်တစ်ဖတ်ကို ကောက်ဝါးလိုက်သည်

"Chaeyoung ငါပြောအုံးမယ် ခုရက်ပိုင်း ဘိုးတော်ကို ကန့်လန့်တိုက်ပြန်ပြောမနေနဲ့ ဟိုက စိတ်ဖိစီးနေတာ စခန်းထဲ ထသတ်နေကြအုံးမယ် အဘိုးကြီးက အိုနေပါပြီ နင်ကဘဲ ရှောင်စရာရှိတာ ရှောင်လိုက် "

"အယ် ဘိုးတော်က ဘာလို့စိတ်ဖိစီးစရာရှိနေတာလည်း ရာထူးမတိုးလို့လား "

Chaeyoung သူ့မေးစေ့ပေါ်က စွပ်ပြုတ်အရည်စက်လေးကို လက်နဲ့သုတ်ရင်း မေးလိုက်သည်

"မဟုတ်ဘူးလေ အခုရက်ပိုင်းဖြစ်နေတဲ့ ရာဇဝတ်မှုတွေကြောင့်လေ
နင်မသိဘူးလား တစ်ခြားမြို့တွေရပ်ကွက်တွေမှာ လူသတ်မှုတွေဖြစ်နေတာ ငါတို့ရပ်ကွက်ဘက်ပါ ဖြစ်မှာကို သူစိုးရိမ်နေတာ "

"ဘယ်လိုကနေဖြစ်တာလည်း စီနီယာသိလား ညီမက မှုခင်းတွေ မကိုင်တွယ်ရတော့မသိဘူး သိတယ်မလား ညီမကိုင်ရတဲ့အမှုတွေက ကြောင်ပျောက်မှု ကြက်တွေ ခြံထဲက ထွက်ပြေးလို့ လိုက်ဖမ်းပေးရတဲ့ အမှုတွေလေ "

"Dating app ကနေ ဖြစ်တယ်လို့ ပြောကြတယ် အဲ့Appကနေ သိကြပြီး အပြင်မှာ တွေ့ကြရာက လူသတ်မှုဖြစ်တာတဲ့ "

"အယ် အဲ့လို Appတွေ ရှိတာလား "

Chaeyoungရဲ့ စကားကြောင့် Seung Yoon မျက်ခုံးပင့်ကာ Chaeyoungကို ကြည့်လိုက်သည်

"ရှိတယ်လေ မသိဘူးလား ဘုရားရေ နင် ဒီလောကကြီးထဲ ဘယ်လိုရှင်သန်နေတာလည်း Chaeyoung နင် ဒါကြောင့်မို့လို့ ရည်းစားမရတာ "

"အံမယ် သူကဘဲ ပြောရတယ်ရှိသေး စီနီယာလည်း အဲ့Appကိုတောင် သိရက်နဲ့ အခုထိ ရည်းစားမရသေးဘူးနော် သနားစရာလေး "

"Yah yah နင် အဲ့လိုတစ်ခွန်းမကျန် ပြန်ပြောပြီး စွာလို့ စခန်းမှူးက နင့်ကို မတည့်တာ "

"မတည့်လည်း နေလေ "

Chaeyoung လျှာထုတ်ပြောင်ပြပြီး အမဲအူစွပ်ပြုတ်ကို ဆက်စားနေလိုက်သည်

ဆိုးလ်မြို့မှ တိုက်ခန်းတစ်ခုတွင် Jiwon ဆိုတဲ့ ကောင်မလေးတစ်ယောက် ကုတင်ပေါ်တွင် လှဲအိပ်ကာ တစ်ခုခုကို စဥ်းစားတွေးတောနေသည်

"Nora ပြောသလို ငါ အဲ့App သုံးကြည့်ရမလားဘဲ ရည်းစားရှာရတာ လွယ်ကူတယ်ပြောတော့လေ ဟူး ရည်းစားမရှိဘဲ တစ်ယောက်တည်း အထီးကျန်နေတာ တစ်နှစ်လောက် ရှိပြီ "

Jiwonလည်း ဆုံးဖြတ်ချက်ချပြီး Find Meဆိုတဲ့ Appကို play storeကနေ Download လုပ်လိုက်သည်

"Mewo "

"Kikiရေ ခဏနော် နင့်အစ်မ ရည်းစားရှာနေတယ် မအားသေးဘူး ခဏနေမှ အစာကျွေးမယ်နော် "

Jiwonပြောပြီး Appထဲဝင်ကာ Account ဖွင့်လိုက်သည်

Accountထဲ ပေါ်လာတဲ့ လူတွေကို ကြည့်ရင်း Jiwon လိုချင်တဲ့သူ စိတ်တိုင်းကျတဲ့သူ သိပ်မတွေ့ရပေ

သို့သော်လည်း ငါးမိနစ်လောက်သုံးပြီးနောက် ကြောင်ဝါလေးကို အစာကျွေးနေတဲ့ပုံနဲ့ Account တစ်ခုကို တွေ့ရလေသည်

#ကြောင်ချစ်တတ်သည် #ကြောင်လေးတွေကို အစာကျွေးရတာဝါသနာတစ်ခုပါ #Lesbian

Jiwonလည်း Hashtagက စာတွေဖတ်ပြီး သဘောကျလို့ ထိုAccountကို အသည်းပေးလိုက်လေသည်

"God ငါကြိုက်တဲ့typeမျိုးတော့ တွေ့ပြီ ကံကောင်းဖို့ဘဲ မျှော်လင့်ရမယ် "

မိနစ်အနည်းငယ်ကြာတော့ တစ်ဖက် Accountကလည်း အသည်းပြန်ပေးလို့ Jiwonနဲ့ match ဖြစ်သွားလေသည်

Jiwonလည်း ထိုကောင်မလေးကို စကားစပြောလေသည်

- Hi ကြောင်လေးတွေကို ချစ်တတ်တာလား

ကြောင်ဝါလေးကို ပေါင်ပေါ်တင်ပြီး ပွတ်သပ်နေတဲ့ ကောင်မလေးမှာ သူ့ဖုန်းထဲ ဝင်လာတဲ့ Messageကို ကြည့်ရင်း ကြောက်စရာကောင်းတဲ့အပြုံးနဲ့ ပြုံးလိုက်သည်

#tbc

#zawgyi

"ရဲေမ Park ညေနက် ကင္းလွည့္ဖို႔ မေမ့နဲ႕ေနာ္ "

"ဟုတ္ စခန္းမႉး စိတ္ခ်ပါ "

"စိတ္ခ်ပါေျပာမေနနဲ႕ ကင္းလွည့္ရင္းလည္း မုန့္ပတ္စားမေနနဲ႕အုံး တိုင္တဲ့သူေတြကတိုင္ေနၾကတယ္ "

"ဟုတ္ ထပ္မျဖစ္ေစရပါဘူး "

Chaeyoung ေျပာၿပီး ေခ်ာကလက္တစ္ေတာင့္ကို ကိုက္စားလိုက္သည္

Park Chaeyoungက ဂါအူးလ္ရဲစခန္းက ရဲေမေလးတစ္ဦးပါ ရပ္ကြက္ကို ကင္းလွည့္တိုင္း ရပ္ကြက္ထဲမေရာက္ဘဲ မုန့္ဆိုင္မွာဘဲ အခ်ိန္ကုန္သြားလို႔ စီနီယာေတြဆီက အတိုင္ခံထားရသူလည္း ျဖစ္ပါတယ္

"စိတ္ခ်ေနမယ္ေနာ္ ဒီရက္ပိုင္း ဒုစရိုက္မႈေတြ ျပန္ျဖစ္လာၾကတယ္ ငါတို႔ ေသခ်ာေစာင့္ၾကည့္ေနမွ ျပည္သူေတြ အႏၱရာယ္ကင္းမွာ "

"ဟုတ္ စိတ္ခ်ပါ စခန္းမႉး"

"နင္လည္း စိတ္ခ်ပါလို႔ဘဲ ေျပာတတ္တာလား ငါဘာေျပာေျပာ စိတ္ခ်ပါဘဲေျပာေနတယ္ "

"အယ္ ဒါဆို ဘယ္လိုေျပာရမွာ စိတ္မခ်ပါနဲ႕ စခန္းမႉးလို႔ ေျပာရမွာလား "

Chaeyoungရဲ႕ စကားေၾကာင့္ စခန္းမႉးမွာ ဘာေျပာရမွန္းမသိ ျဖစ္သြားတယ္

"တယ္ ဒီေကာင္မေလးေတာ့ "

"အမိုက္အမဲမေလးကို ခြင့္လႊတ္ေပးပါ စခန္းမႉး ကြၽန္ေတာ္တို႔ ကင္းလွည့္သြားပါအုံးမယ္ လာ Chaeyoung သြားၾကစို႔ "

စခန္းမႉးနဲ႕ အေျခအေနတင္းမာလာမွာဆိုးလို႔ Chaeyoungရဲ႕ စီနီယာျဖစ္သူ Kang Seung Yoonက အျမန္ဝင္လာၿပီး စကားလမ္းေၾကာင္းလႊဲကာ Chaeyoungကို ပထုတ္လာခဲ့သည္

"စီနီယာကလည္း ေန႕လည္ဘဲရွိေသးတာကို ဘာလို႔ကင္းလွည့္မွာလည္း ေန႕လည္ပိုင္းတာဝန္ယူထားတဲ့သူေတြ လွည့္ပါေစေပါ့ "

"နင္နဲ႕ဘိုးေတာ္ ရန္ျဖစ္ၾကမွာဆိုးလို႔ ငါက တမင္ထြက္လာတာဟ "

Seung Yoonက ကားေမာင္းရင္း Chaeyoungကို လွည့္ၾကည့္ကာ ေျပာလိုက္သည္

"ေန႕လည္စာမစားရေသးဘူး မဟုတ္လား ဒီအနားမွာ အမဲအူစြပ္ျပဳတ္ဆိုင္ ေကာင္းတယ္ သြားစားရေအာင္ Chaeyoung "

"ေကာင္းသားဘဲ အမဲအူမစားရတာ အေတာ္ၾကာေရာေပါ့ "

Chaeyoungတို႔ အမဲအူစြပ္ျပဳတ္ဆိုင္ဘက္သြားရင္း လမ္းေဘးတြင္   ေၾကာင္အဝါေလး တစ္ေကာင္ကိုေကြၽးေနတဲ့ ဆံပင္အနက္ေရာင္နဲ႕ ေကာင္မေလး တစ္ေယာက္ကို Chaeyoung သတိထားမိသြားသည္

ေကာင္မေလးကို ၾကည့္ရတာ ကိုရီးယားသူေတာ့ မဟုတ္ေလာက္ နိုင္ငံျခားသူနဲ႕ တူေနတယ္လို႔ Chaeyoung စိတ္ထဲ ေတြးမိေနတယ္

"စီနီယာ....မိန္းကေလးေတြက ဘာလို႔ ေၾကာင္ေတြကို ခ်စ္တာလည္းဟင္ "

"အာ အဲ့တာေတာ့ ငါက ဘယ္လိုလုပ္သိမွာလည္း မိန္းကေလးမွ မဟုတ္တာ နင္ေရာ မိန္းကေလးျဖစ္ၿပီး မသိဘူးလား "

"ဟင့္အင္း မသိဘူး ညီမက ေၾကာင္ေတြထက္ ေခြးေလးေတြကို ပိုခ်စ္တာရယ္ "

Chaeyoung ေျပာၿပီး သူ႕လက္သည္းကို ကိုက္လိုက္သည္

အမဲအူစြပ္ျပဳတ္ဆိုင္တြင္ စီနီယာနဲ႕ဂ်ဴနီယာႏွစ္ေယာက္ အမဲအူစြပ္ျပဳတ္ကို ထမင္းနဲ႕စိမ္စားေနၾကသည္

"Woah အရသာရွိလိုက္တာ ဒါမ်ိဳးမစားျဖစ္တာ အေတာ္ၾကာေရာေပါ့ "

Seung Yoon ေျပာၿပီး မုန္လာခ်ဥ္ဖတ္တစ္ဖတ္ကို ေကာက္ဝါးလိုက္သည္

"Chaeyoung ငါေျပာအုံးမယ္ ခုရက္ပိုင္း ဘိုးေတာ္ကို ကန့္လန့္တိုက္ျပန္ေျပာမေနနဲ႕ ဟိုက စိတ္ဖိစီးေနတာ စခန္းထဲ ထသတ္ေနၾကအုံးမယ္ အဘိုးႀကီးက အိုေနပါၿပီ နင္ကဘဲ ေရွာင္စရာရွိတာ ေရွာင္လိုက္ "

"အယ္ ဘိုးေတာ္က ဘာလို႔စိတ္ဖိစီးစရာရွိေနတာလည္း ရာထူးမတိုးလို႔လား "

Chaeyoung သူ႕ေမးေစ့ေပၚက စြပ္ျပဳတ္အရည္စက္ေလးကို လက္နဲ႕သုတ္ရင္း ေမးလိုက္သည္

"မဟုတ္ဘူးေလ အခုရက္ပိုင္းျဖစ္ေနတဲ့ ရာဇဝတ္မႈေတြေၾကာင့္ေလ
နင္မသိဘူးလား တစ္ျခားၿမိဳ႕ေတြရပ္ကြက္ေတြမွာ လူသတ္မႈေတြျဖစ္ေနတာ ငါတို႔ရပ္ကြက္ဘက္ပါ ျဖစ္မွာကို သူစိုးရိမ္ေနတာ "

"ဘယ္လိုကေနျဖစ္တာလည္း စီနီယာသိလား ညီမက မႈခင္းေတြ မကိုင္တြယ္ရေတာ့မသိဘူး သိတယ္မလား ညီမကိုင္ရတဲ့အမႈေတြက ေၾကာင္ေပ်ာက္မႈ ၾကက္ေတြ ၿခံထဲက ထြက္ေျပးလို႔ လိုက္ဖမ္းေပးရတဲ့ အမႈေတြေလ "

"Dating app ကေန ျဖစ္တယ္လို႔ ေျပာၾကတယ္ အဲ့Appကေန သိၾကၿပီး အျပင္မွာ ေတြ႕ၾကရာက လူသတ္မႈျဖစ္တာတဲ့ "

"အယ္ အဲ့လို Appေတြ ရွိတာလား "

Chaeyoungရဲ႕ စကားေၾကာင့္ Seung Yoon မ်က္ခုံးပင့္ကာ Chaeyoungကို ၾကည့္လိုက္သည္

"ရွိတယ္ေလ မသိဘူးလား ဘုရားေရ နင္ ဒီေလာကႀကီးထဲ ဘယ္လိုရွင္သန္ေနတာလည္း Chaeyoung နင္ ဒါေၾကာင့္မို႔လို႔ ရည္းစားမရတာ "

"အံမယ္ သူကဘဲ ေျပာရတယ္ရွိေသး စီနီယာလည္း အဲ့Appကိုေတာင္ သိရက္နဲ႕ အခုထိ ရည္းစားမရေသးဘူးေနာ္ သနားစရာေလး "

"Yah yah နင္ အဲ့လိုတစ္ခြန္းမက်န္ ျပန္ေျပာၿပီး စြာလို႔ စခန္းမႉးက နင့္ကို မတည့္တာ "

"မတည့္လည္း ေနေလ "

Chaeyoung လွ်ာထုတ္ေျပာင္ျပၿပီး အမဲအူစြပ္ျပဳတ္ကို ဆက္စားေနလိုက္သည္

ဆိုးလ္ၿမိဳ႕မွ တိုက္ခန္းတစ္ခုတြင္ Jiwon ဆိုတဲ့ ေကာင္မေလးတစ္ေယာက္ ကုတင္ေပၚတြင္ လွဲအိပ္ကာ တစ္ခုခုကို စဥ္းစားေတြးေတာေနသည္

"Nora ေျပာသလို ငါ အဲ့App သုံးၾကည့္ရမလားဘဲ ရည္းစားရွာရတာ လြယ္ကူတယ္ေျပာေတာ့ေလ ဟူး ရည္းစားမရွိဘဲ တစ္ေယာက္တည္း အထီးက်န္ေနတာ တစ္ႏွစ္ေလာက္ ရွိၿပီ "

Jiwonလည္း ဆုံးျဖတ္ခ်က္ခ်ၿပီး Find Meဆိုတဲ့ Appကို play storeကေန Download လုပ္လိုက္သည္

"Mewo "

"Kikiေရ ခဏေနာ္ နင့္အစ္မ ရည္းစားရွာေနတယ္ မအားေသးဘူး ခဏေနမွ အစာေကြၽးမယ္ေနာ္ "

Jiwonေျပာၿပီး Appထဲဝင္ကာ Account ဖြင့္လိုက္သည္

Accountထဲ ေပၚလာတဲ့ လူေတြကို ၾကည့္ရင္း Jiwon လိုခ်င္တဲ့သူ စိတ္တိုင္းက်တဲ့သူ သိပ္မေတြ႕ရေပ

သို႔ေသာ္လည္း ငါးမိနစ္ေလာက္သုံးၿပီးေနာက္ ေၾကာင္ဝါေလးကို အစာေကြၽးေနတဲ့ပုံနဲ႕ Account တစ္ခုကို ေတြ႕ရေလသည္

#ေၾကာင္ခ်စ္တတ္သည္ #ေၾကာင္ေလးေတြကို အစာေကြၽးရတာဝါသနာတစ္ခုပါ #Lesbian

Jiwonလည္း Hashtagက စာေတြဖတ္ၿပီး သေဘာက်လိဳ႕ ထိုAccountကို အသည္းေပးလိုက္ေလသည္

"God ငါႀကိဳက္တဲ့typeမ်ိဳးေတာ့ ေတြ႕ၿပီ ကံေကာင္းဖို႔ဘဲ ေမွ်ာ္လင့္ရမယ္ "

မိနစ္အနည္းငယ္ၾကာေတာ့ တစ္ဖက္ Accountကလည္း အသည္းျပန္ေပးလို႔ Jiwonနဲ႕ match ျဖစ္သြားေလသည္

Jiwonလည္း ထိုေကာင္မေလးကို စကားစေျပာေလသည္

- Hi ေၾကာင္ေလးေတြကို ခ်စ္တတ္တာလား

ေၾကာင္ဝါေလးကို ေပါင္ေပၚတင္ၿပီး ပြတ္သပ္ေနတဲ့ ေကာင္မေလးမွာ သူ႕ဖုန္းထဲ ဝင္လာတဲ့ Messageကို ၾကည့္ရင္း ေၾကာက္စရာေကာင္းတဲ့အၿပဳံးနဲ႕ ၿပဳံးလိုက္သည္

#tbc

Bạn đang đọc truyện trên: ZingTruyen.Xyz