ZingTruyen.Xyz

ညီ

EXTRA-4

HsuChiKo365

သာမာန်သတို့သမီးသတို့သားတွေရဲ့ မင်္ဂလာဦး
ဆွမ်းကျွေးက ဘယ်လိုနေလဲတော့ကျတော်လည်း
မသိ။ကျတော်နဲ့ညီ အတွက်ကတော့ ဗီယက်နမ်
ပြောက်ကျားစစ်ဆင်နွှဲနေရသလိုပဲ ပုန်းလျှိုးကွယ်
လျှိုးနဲ့ကိုဖြစ်နေတာမနက်မိုးလင်းတည်းက
မနက်အစောကြီးရေထချိုးမယ့်ညီ့အတွက်ရေနွေး
စပ်ပေးတာလေးကိုပင် Snapချပြီးစတေးထပ်ကြ
ကာ Feelနေသော မမချိုနဲ့ဆုမြတ်ကိုကို
နှစ်ယောက်ကြားနေရတာလည်းထင်သလောက်
မလွယ်။

ဒီကြားထဲညီက တကယ်ရယ်ရသေး၏။သူ့အရင်
ရေချိုးအဝတ်အစားလဲခိုင်းပါတယ်ဆိုမှ ကျတော်
အခန်းထဲရောက်ချိန်ထိသူမှာအပေါ်ကလည်ကတုံးနဲ့အောက်ကပုဆိုးကျစ်ကျစ်ပါအောင်စုကိုင်
ထား၍ကချင်ပုဆိုးနက်ပြာကွက်က သူ့လက်ထဲ
တင်တွန့်ကြေနေပြီ

ကျတော့်ကို မြင်တော့မှ

""ကိုဇက်--ပုဆိုးကိစ္စလုပ်အုံး""

ဟူ၍ပုဆိုးကြီးစုကိုင်ရင်းခါးကော့ကာအနားရောက်
လာ၍ ရေချိုးပြီးစကျတော်ကြက်သီးမွှေးညှင်းထ
သွားရသည်။

""လုပ်အုံး ကိုဇက် ကျတော်မဝတ်တတ်ဘူး""

ဟုတ်သားပဲ။သံရုံးကျောင်းမှာ စတိုင်ပင်ဝတ်ခဲ့ရရုံ
သာမက ဘောင်းဘီတွေပဲဝတ်တတ်တဲ့အဖေနဲ့
ကြီးပြင်းလာရသူညီက ကျတော့်ကဲ့သို့ပုဆိုးကို
ခိုင်အောင်မဝတ်တတ်။ငယ်ငယ်တုန်းကကျတော့်
တို့ရှင်ပြုတုန်းကတောင် ပုဆိုးကိုဗိုလ်အောင်ဒင်
လိုခါးပတ်နဲ့ပတ်ထားပေးရတာ။

""လာ လာ ကို ဝတ်ပေးမယ်""

""အခန်းတံခါးရော Lockချခဲ့လား??""

ဟိုနှစ်ယောက်ရန်ကို ကျတော်
်တစ်ယောက်တည်းကြောက်ရနေတာမှမဟုတ်ပဲ

ခါးကြီးထောက်ကာ ရှေ့ကိုကော့ထား၍

""ဟာ--အဲ့လိုကြီးမနေနဲ့ ရတယ်။ပုံမှန်အတိုင်းရပ်
နေ""

ငါနော်---ညီတစ်ယောက်နဲ့တကယ်ချွေးပြန်တယ်

""ကိုဇက်!!ကျတော်ကျွတ်တော့မကျလောက်ပါ
ဘူးနော်။ဘုန်းကြီးတွေရှေ့ ပုဆိုးကျွတ်ကျရင်--""

""ဟားးဟားမကျွတ်ပါဘူးညီရာ။ကို ခိုင်အောင်ဝတ်ပေးထားပါတယ်""

ထိုင်လိုက်ရင် ပုဆိုးကျွတ်မှာဆိုး၍ ကျုံကျုံလေးရပ်
နေရင်းအကျီင်္လဲနေသောကျတော့်နောက်မှဂျီတိုက်
နေသောနဂျီကောင်လေးက တကယ့်ဟာသလေး

""ထိုင်လိုက်ထ လိုက်နဲ့ဆို ကျတော်မခိုင်ဘူး
ကိုဇက်ရ--ဧည့်သည်တွေရှေ့---""

"ခါးပတ်ပတ်ထားမလား ကိုတို့ရှင်ပြုတုန်းကလို"

""ဟာာာ အဲ့လိုကြီးတော့မလုပ်ချင်ဘူး""

""စိတ်မပူနဲ့ ကျွတ်တော့မယ်လို့ စိတ်ထဲထင်နေ
ရင် ကို့ ကိုပြော။ကိုပြန်ဝတ်ပေးမယ်။ဟုတ်ပြီလား"

"ဘဝကြီးကထင်သလောက်မလွယ်လိုက်တာဗျာ"

မရယ်နဲ့ ဇိုင်းဇက်။မရယ်နဲ့။ဒီအလှူမပြီးမချင်းညီ့
မျက်နှာရိပ်မျက်နှာကဲကိုသာ sniperတပ်သား
လိုသာပစ်မှတ်မလွတ်စောင့်ကြည့်နေတော့။သူ့ခါးပတ်ထားတာ ပုဆိုးမဟုတ်ဘူး မင်းကိုစိစိညက်ညက်ကြေသွားစေမယ့်လူသတ်
လက်နက်

"" ကိုဇက် ခဏလေး""

စွပ်ကျယ်အဖြူပေါ် ကော်လံကတုံးထပ်ဝတ်တော့
လှမ်းတားကာ ဗီဒိုထဲမှ ဗူးတစ်ဗူးထုတ်ကာ
ကျတော့်ရှေ့ လာရပ်ရင်း

""လက်ဆောင်ပေးမလို့""

ဟုဆိုကာထုတ်ပေးလာသော ပစ္စည်းသည်
သူ့သွားတက်ပေါ်က အလင်းပွင့်ထက်လဲ့နေသော
စိန်ကြယ်သီးတွေသီတန်းထားသောရွှေကြိုး။ပုံစံကြည့်တာနဲ့ဘိုးဘွားပိုင်အမွေဆိုတာသိသာနေ၏။

""ဒါ ကျတော့် WeipoကYeyeကိုပေးခဲ့တာတဲ့
ခုဖေဖေက ကျတော့်ကိုပြန်ပေးထားတာ""

""ဟာာ ဒါကိုယ့်ဘိုးဘွားအမွေပဲ။ ညီပဲသိမ်းထား
လိုက်ပါ""

""ကျတော်ပေးချင်လို့ပါ ကိုဇက်ရာ။မင်္ဂလာဦး
လက်ဆောင်ကိုလေးလေးနက်နက်ဖြစ်စေချင်လို့
လက်ခံပါ""

""ညီရာ~~""

""ကျတော် တပ်ပေးမယ်""

ကျတော်တကယ်ခံစားရတယ်။ကျတော့်မှာ အိမ်
ဝယ်ရတာနဲ့ တခြားအလုပ်ကိစ္စတွေနဲ့မို့ ညီ့အတွက်ဘာလက်ဆောင်ပစ္စည်းမှ မဝယ်ပေး
ဖြစ်။

""ပြီးပြီ။မိုက်တယ်ဗျ ကိုဇက်နဲ့ ခွီးးးး
မြို့အုပ်ကြီးလိုလိုနယ်ပိုင်ကြီးလိုလိုဘာလိုလိုနဲ့""

နှဖူးပြင်ပေါ်အနမ်းတစ်ပွင့်ဖြုတ်ခနဲကြွေကျတော့
အခုထိ အသည်းငယ်နေသေးသူ၏ ကိုယ်လေး
ဆက်ခနဲတုန်သွားသည်။

""ချစ်တယ်ညီ""

ပြန်မော့ကြည့်နေသောညီ့မျက်ဝန်းတို့သည်
်တကယ်ကို လှ၏။
ဖေဖေကြိုက်တဲ့ ဦးခင်မောင်တိုး ဆိုတဲ့

ချစ်ရည်ရွှန်းလဲ့မျက်ဝန်းလဲ့ပြာပြာဆိုတာ~~

ဒါမျိုးကိုပြောတာ ထင်ပါရဲ့။ကျတော့်မှာလည်း
သီချင်းထဲကလို ပီတိအဟုန်လွှမ်းခြုံနေတုန်း

""သားငယ်ရေ~~~မပြီးသေးဘူးလား??ဆရာတော်ဘုရားတွေကြွလာတော့မယ်""

""နှစ်ယောက်သားကြာလိုက်တာ ဘာတွေလုပ်နေကြတာလဲ အခန်းထဲ""

ဂါးးးးးးအမျိုးတွေကောင်းကိုမကောင်းဘူး။

ယောကျာ်းလေးနှစ်ယောက်အလှူဖြစ်တာကြောင့်သာမာန်စုံတွဲတွေလိုတစ်ယောက်လက်
တစ်ယောက်ချိတ်ကာ လှလှလေးနဲ့""စားနော်""
ဘာညာလိုက်ပြောနေရတာမျိုးမဟုတ်။အိမ်ရှေ့
ပြေးလိုက် အိမ်နောက်သွားလိုက် လိုက်ပွဲလိုက်
ပေးလိုက်နဲ့ ပန်းကန်ဆေးမနိုင်ရင် ဝင်ဆေးနဲ့
MMထုတ်ဖို့ဆိုပြီးPro
Cmaeraကြီးနဲ့ရောက်ချလာသောမမချိုတို့ပင်
လျှင် ဝင်ကာစားပွဲထိုးကြရတော့၏။
ဒီကြားထဲ ညီ နှာခေါင်းရှုံပြလိုက်တာနဲ့ အခန်း
ထဲ ပြေးကာ ပုဆိုးဝတ်ပေးရသေးတာကတင်
အခါနှစ်ဆယ်မက။ဒီကြားထဲကနေတောင်ဝေယံ
ရှေ့မှာမှ ပုဆိုးတက်နင်းမိနေသေးလို့ ထည့်ပေး
လက်စလိုက်ပွဲတွေချထပြီး ညီ့နားပြေးရသေးတယ်

အလှူပြီးတာဆိုတာနဲ့လည်းနားလို့မရ
သိမ်းရဆည်းရ။
ငှားထားတဲ့ ဒယ်အိုးဘာညာ ဘုန်းကြီးကျောင်းပြန်
အပ်ရနဲ့။ကျောင်းထိုင်ဆရာတော်က သူကိုယ်တိုင်
ကျတော်တို့ကို ဆံချပေးခဲ့သူမို့ အကြောင်းသိနေ
တော့

""ရေစက်ဆိုတာကို ဆုတောင်းမှားတယ်။ဟိုဘဝ
က~~မကောင်းမှုတစ်ခုခုကြောင့်ခုလိုဖြစ်တာဆို
ပြီး မထင်စေချင်ဘူး""

ဟူ၍တရားဟောရင်း ထည့်ပြောသဖြင့်ကျတော်
တို့မှာ ဝမ်းနည်းဝမ်းသာနဲ့။

အလှူပြီးတာတောင်ဆွေမျိုးတွေက မပြန်ဘူးလုပ်နေ၍အလိမ္မာနည်းနဲ့Ferryစီစဉ်
ပေးကာ အိမ်တိုင်ရာရောက်လိုက်ပို့ပေးရသေး၏။ကျတော်တို့အိမ်ပြန်ရောက်တော့ ည၇နာရီ။လူလည်း ပြိုင်းနေကော

""ကိုဇက် ညစာ စားမယ်မလား??""

""အင်း စားမယ်လေ။ဘာမှတော့မကျန်တော့ဘူး
ညီ ရ""

"" အချိုပွဲက မုန့်တွေတော့ကျန်သေးတယ်
ကော်ဖီနဲ့သောက်ပြီး--""

"" မနက်ကလည်း ညီဘာမှစားတာလည်းမဟုတ်
ဘူး။ထမင်းပဲစား
ညီဆေးတွေလည်းသောက်ရအုံးမှာ
မှန်း လာအုံး ကိုယ်တွေနွေးနေသလိုပဲ""

နှဖူးပေါ်လက်တင်ထားကာ စိုးရိမ်တကြီးနဲ့ဖြစ်နေ
သူကို ခိုးကာမော့ငေးနေရင်း ရင်ထဲလည်းတလှပ်
လှပ်နဲ့။ကိုဇက် နဲ့ ကျတော်က ခုဆို တရားဝင်ဖြစ်
သွားပြီ ဟူသောအတွေးကတင်---

""ကိုယ်မပူပါဘူး ကိုဇက်ရာ~~ဒါဆို ညစာချက်လိုက်ရမလား??Freezerထဲမှာ
အသီးအရွက်တွေတော့ရှိတယ်""

""နေ--နေ မချက်နဲ့။ဆိုင်ကဝယ်စားမယ်။ဒီထိပ်မှာ
တရုတ်စားသောက်ဆိုင်ရှိတယ်""

တရုတ်စားသောက်ဆိုင်ဆိုတာနဲ့ မျက်လုံးတွေ
လဲ့ကနဲဖြစ်သွားပြီး

""အခေါက်ကင်မစားရတာတောင် တော်တော်
ကြာပြီ~~""

ဟူ၍ပြောပုံက ရည်းစားဟောင်းကိုတမ်းတနေပုံ
မျိုး။သိတယ် ကျတော်နဲ့နေရင် သူကြိုက်တာတွေ
ပူဆာတော့မယ်ဆိုတာ။ညီ့ကို အကင်စာတွေ
ကျွေးလို့မရသေး။သူတကယ်စားချင်နေရှာတာ
သိပေမယ့် အလိုတော့မလိုက်ချင်။ဒါဘယ်လို
ပြန်ကယ်ထားရတဲ့ အသက်လဲ---သူရောကျတော်
ရော သိနေတာ

""နောက်မှ စားရအောင်။ခု ချိုချဉ်ကြော်နဲ့
ငါးခေါင်းဟင်းချိုဝယ်ခဲ့မယ်လေနော်""

""လာလေ။ဒါဆို သွားရအောင်""

""အဲ--ညီမလိုက်နဲ့။အိမ်မှာပဲနေခဲ့။ဟိုမှာ သောက်
စားနေကြတဲ့ လူတွေနဲ့""

ပိုတယ်ဟူ၍စောဒက မတက်စေချင်။ခုခေတ်က ယောကျာ်းလေးမို့ စိတ်ချထားလို့ရတာမျိုးမဟုတ်

""အင်း အင်း သွားရင်းနဲ့ Mini Mart
ကyogurtတစ်ဗူးပါဝယ်လာပေး။အဲ ထမင်း
ဝယ်မလာနဲ့ ကျေ်တ်ာတည်ထားလိုက်မယ်နော်
ကိုဇက်""

""okok""
-
-
-
""ဟင်ရေချိုးလိုက်တယ်။ရေနွေးနဲ့ချိုးတာလား?"

မြန်လိုက်တာ။ရာသီဥတုက အအေးနည်းနည်း
ပါလာ၍ ဖျားမှာဆိုးတယ်။နှစ်ရက်လုံးလည်းပင်ပန်းထားထားတာကို။

""နေရတာကြီးနုန်းနေလို့ ။ကိုဇက်လည်း
သွားချိုး သွား--တစ်နေကုန်ဟိုပြေးဒီပြေးနဲ့""

အေးပါကွာ~~~အိမ်နေရင်း ဘောင်းဘီတိုနဲ့
Shower Creamနဲ့ မွှေးနေသူနားကခပ်မြန်
မြန်ပဲထွက်လာလိုက်ရသည်။
မဟုတ်ရင်
"" ပန်းသီးစိမ်းနံ့ရောနေတဲ့ကိုဇက်
ရဲ့ကိုယ်သင်းနံ့က ဘယ်လိုဘယ်ဝါ""
ဆိုပြီး စချင်စနေအုံးမှာ။

""ညီ ကမအိပ်သေးဘူးလား??""

ထမင်းစားပြီး TVရှေ့အခွေထည့်နေရင်းမှ
နောက်ပြန်လှည့်ကြည့်ရင်း

""ခဏလောက်ပါပဲ""

Sofa ပေါ်ထိုင်နေသော ကျတော့်အောက်
ကမွှေးပွကော်ဇောပေါ်ဲ အကျအနထိုင်ကာ
နဂါးမောက်သီးနီရောထည့်ထားသောyogurt
တွေကို ဇွန်းနဲ့တဂွတ်ဂွတ်ကောက်နေ၏
အစားအသောက်ပျက်မှာတော့မပူရ။အစကအရင်လိုပြန်မဖြစ်မှာစိုးရိမ်နေတာ။ခုတော့
ဖြင့် အားပါးတရရယ်လိုက်ရင်ကို ပါးစုံလေးတွေမို့
တက်လာတာ။
အိမ်နေရင်းဘောင်းဘီက တိုနေရတဲ့အထဲ တပလင်ခွေချိတ်ထိုင်၍ဖွေးဖွေးဥနေသောအတွင်းသားတွေ။အင်းးးနောက်ဆိုအိမ်နေရင်းပုဆိုးဝတ်တတ်
်အောင်သင်ပေးထားရမယ်။yogurtစားရင်းကြည့်နေတဲ့ကားက
Conjuring2။
ပြောမယ်ဆို
မင်္ဂလာဦးညမှာကြည့်နေတဲ့ ကားက~~~မျက်လုံး
အပြူးသားနဲ့ yogurtတွေခပ်စားလိုက် ကြည့်
လိုက်နဲ့ ကျတော့်ကိုအဖတ်ကိုမလုပ်တာ

""ညီ နည်းနည်းကျွေး""

ဒီလိုပဲ ဇာတ်လမ်းစရတာပေါ့။
စကားမရှိစကားရှာကြည့်တော့မှလှည့်ကြည့်
ကာ ""ဟ""ဆိုသည့် တစ်လုံးတည်းသောအမိန့်
က ချိုမြိန်၏။တောင်းသာစားရတာခွက် လက်ထဲ
ထည့်ပေးမယ်ထင်နေတာ။ခွံ့ကျွေးလာတယ်ဆို
တာက~~~ဒါကြောင့်ရှေ့ကလူတွေလက်ထပ်ကြ
တာနေမှာ

Sofa​ပေါ်ဘေးတစောင်းလှဲရင်း နည်းနည်းလေး
ရောင့်တက်ကြည့်မိသည်

""ညီ~~ဒီမှာလာလှဲကြည့်ပါလား??""

ကျတော့်ဘေးနေရာကျဉ်းကျဉ်းကိုလက်ပုတ်ပြ
တော့--ဘုကြည့်ပြန်ကြည့်မှာလန့်နေသော
ကျတော့်အနား စွေ့ခနဲဝင်လှဲ၍ကျတော်ပင် ကြောင်အသွားရသည်
တစ်ကိုယ်လုံးကျတော့်ရင်ခွင်ထဲရောက်နေချိန်
ဆံပင်ထူအုပ်အုပ်တွေကို ခိုးနမ်းနေတာကို
လည်းဘာမှမပြောပဲ ငြိမ်ငြိမ်လေးသာရုပ်ရှင်
ကြည့်နေသောညီ။
လူတွေရှေ့ဆို ခပ်တည်တည်နေတတ်သောညီ
သည် အခုကဲ့သို့ ကျတော်ပြောသမျှလိုက်လျော
ပေးနေတာ။ညီ ကျတော့်အား အားနာနေတာ
လည်းပါလိမ့်မည်။မမချိုတို့ ပြောပြချက်အရ ညီက
ကျတော့်ကို မိသားစုတစ်ခုမဖန်တီးပေးနိုင်ခြင်း
အပေါ် အားငယ်နေတာတဲ့။သူ့ကိုယ်သူလည်း
ထင်နေပါလိမ့်မယ် သူဟာယောကျာ်းတစ်ယောက်
ဖြစ်နေ၍ ကျတော့်ကို ရင်မခုန်စေဘူးလို့လေ

ကျတော့်အိပ်မက်တွေသာ ပြောပြလိုက်ရ~~
အနားတောင်ကပ်ရဲတော့မယ်မထင်ဘူး။

""ညီရာ အဲ့ကားကြီး မကြည့်ပါနဲ့""

""Why not??""

""မင်္ဂလာဦးညမှာ သရဲကားကြည့်နေတာက
တစ်မျိုးဖြစ်မနေဘူးလား?""

"သရဲကြောက်နေမှ ကိုဇက်နဲ့ အတူတူအိပ်ရဲမှာ"

အင်???ညီ့ကိုလိုက် ကိုမမှီတော့တာ

""ဟားးးညီရာ""

သရဲကြောက်မှ ကျတော်နဲ့အိပ်ရဲမယ်ဆိုတဲ့လူက
အဲ့သရဲကပဲ သူ့ချော့သိပ်လိုက်လားမသိကျတော့်
ဘေး အိပ်မောကျသွား၏

""ပင်ပန်းနေလို့ အိပ်ခိုင်းနေတာကို သူ့ ဘာလုပ်
မှာဆိုးနေလဲ မသိ~~""

ပွစိပွစိပြောနေတာတောင် မနိုးဘူး။တော်တော်
ပင်ပန်းသွားရှာတာ။တန်ေကုန်မထိုင်တောင်
မထိုင်နိုင်။နောက်ပြီးစိတ်လှုပ်ရှားနေလို့လားမသိ
ဘာမှလည်းကျွေးလို့မရ

""ညီ~~~လာ အခန်းထဲသွားအိပ်ရအောင်""

""အင်းးးး""

""လာ ထ""

မျက်လုံးကြီးမှိတ်လျက်ပင် လိုက်လာသူ။
ကုတင်ပေါ်ရောက်တော့ မျက်လုံးကြီးမှိတ်လိုက်
လျက်နဲ့ပင် ဦးတွေချကာ ကန်တော့နေသေး၏

""ကိုဇက်ကိုရှီခိုးပါတယ်""

လုပ်ပြန်ပြီအထူးအဆန်းတွေ။ဒီလိုကြီးနေ့တိုင်း
အိပ်ခါနီးတိုင်းရှီခိုးနေရင်တော့---ကျတော်တော့
ခက်ရချည်ရဲ့။ဥပုလ်နေ့လောက်ပဲ ကန်တော့လို့
ပြောထားရရင်ကောင်းမလား???

""အင်းအင်း ကျန်းမာပါစေ ညီ။ပိုက်ဆံတွေလည်း
အများကြီးရှာနိုင်ပါစေ။""

""အင်းးးအိပ်ပြီနော်"

""အင်းအင်း အိပ် --အိပ်""

နောက်ကနေသိုင်းဖက်ထားတော့ ကျတော့်လက်
တွေကို ပြန်ဖက်တွယ်ထား၏။
ဒါသည် အိပ်မက်မဖြစ်ပါစေနဲ့ ကျတော်နိုးထလာ
တဲ့မနက်ခင်းမှာ ညီကျတော့်နားရှိနေပါစေ။
ကျတော့်ရင်ခွင်ထဲ ငြိမ်းချမ်းစွာအိပ်မောကျနေသောညီ သည်
တိတ်ဆိတ်တယ်။ငြိမ်းချမ်းတယ်။အပြစ်ကင်းတယ်။
လောကဓံတရားတွေအား
ကျတော်နဲ့တူတူရင်ဆိုင်နိုင်သူ။သေမင်းနဲ့ရင်ဆိုင်ပြီးကျတော့်ကိုမထားခဲ့သူ
ရှုတ်ချဝေဖန်ခြင်းတို့အားလည်းမျက်နှာလွှဲကာ ကျတော့်ကိုသာကြည့်ပြီးအတောက်ပဆုံးပြုံးပြ
တတ်သော ညီသည်
ကျတော့်အတွက်တော့ နတ်သားလေးပင်။
ညီ့ချစ်ခြင်းတောင်ပံများအောက်ခိုဝင်နေသူ
ကျတော့်အား---ဘဝဆက်တိုင်းညီချစ်ပါစေ~~~

Thank You All

>>နောက်တစ်ပိုင်းဆို ကျတော်တို့နှုတ်ဆက်
ကြရအောင်နော်

Happy Super Sunday

Bạn đang đọc truyện trên: ZingTruyen.Xyz