ZingTruyen.Xyz

ညီ

EXTRA[3]

HsuChiKo365

HCတွေလက်ထဲပုံတွေရောက်သည်နှင့် အချိန်
မဆိုင်းSNSပေါင်းစုံတွင်ပလူပြန်ကုန်၏။
ကျတော်တို့ဆေးရုံကဆင်းပြီးတည်းကပျောက်
သွား၍အခု ကျတော်တို့၏လန်းလန်းဆန်းဆန်း
ဖြစ်နေပုံများကိုတွေ့ရုံသာမက နှစ်ဖက်မိဘတွေ
နှင့်ပါ တွဲရိုက်ထားသောပုံများကြောင့် တစ်ချို့ဆို
ကျတော်တို့အား လက်ထပ်ပြီးသည်ဟုပင်ထင်နေ
ကြသည်ကို HCများကလည်းချော်လဲရောထိုင်
ရောကြိတ်နေကြကုန်၏။တကယ်ရယ်ရတယ်
ကိုဇက်ဆိုတာကလည်းအဲ့လိုအထင်ခံရလည်း
နည်းလားဆိုသည့်သဘောနဲ့ လာမေးသူတိုင်း
ကို ပြုံးပြုံး,ပြုံးပြုံးနှင့်
နန်းမတော်မယ်နုစကားပြောနည်းဖြင့်မရှင်း
မရှင်းပြန်ဖြေပေးတတ်သေး၏
ဒါကိုနစ်နာစရာလို့မတွေးတဲ့ကျတော်ကလည်း
အသားပဲ့ပါတဲ့ကိစ္စမဟုတ်သည့်အတွက် ငြင်းမနေ
ပဲ တပြုံးပြုံးလုပ်နေပေးလိုက်တယ်။

ဒါထက်ပိုဆိုးတာက မနှစ်ကလက်ထပ်ထားကြ
သောထိုင်းကအစ်ကိုနှစ်ယောက်ရဲ့ sharingကောင်းမှုကြောင့်ထိုင်းမှmagazine editor တစ်ယောက်ကYGNထိရောက်လာပြီး ကျတော်နှင့်ကိုဇက်အားinterviewပါတော့၏။
ကိုဇက်ဖေဖေအိမ်မှာမရှိခိုက်မို့ တီဆွေက အခွင့်
ကြုံတုန်းအချက်ပါပါနှင့် ကျတော်တို့ငယ်ငယ်
တုန်းတည်းပုံတွေပါထုတ်ပေးလေသည်။Editor
ဆိုတာကလည်းမုတ်ဆိတ်ပျားစွဲသကဲ့သို့ပင်

ကျတော်တို့နှစ်ယောက်ပုံကိုMagazine
Coverအဖြစ်တင်ခံလိုက်ရပြီးသကာလ
အိမ်နီးချင်းနိုင်ငံများမှ BLချစ်သူများ၏ဝန်းရံပေး
မှုဖြင့် Recordချိုးကာ ရောင်းအားအကောင်း
ဆုံးပင်ဖြစ်သွားချိန်-----တောထဲမှာလမ်းဖောက်
်နေရှာသောကိုဇက်ဖေဖေ လက်ထဲသို့ပင်ရောက်
ရှိသွားတော့၏။
နောက်ဆုံးတွင်တော့YGNကိုကတိုက်ကရိုက်
ပြန်ဆင်းလာရသောကိုဇက်ဖေဖေ၏

"သားကောင်း ဘယ်လိုတာဝန်ယူပေးမှာလဲ
ဇိုင်းဇက်??ခုတစ်နိုင်ငံလုံးမဟုတ်တော့ဘူးမင်း
တို့ကိစ္စကasiaတစ်တိုက်လုံးနည်းပါးသိနေသလို
ဖြစ်နေပြီ""

ဟူသောအမေးကို

""ညီ့ ကို ကျတော်လက်ထပ်ပေးမှာပါ။""

ဟူု၍တက်တက်ကြွကြွပင်တုံ့ပြန်လေ၏။
ပြောပါတယ်။ နေကောင်းမြတ်သူကမပိုင်ရင်ဘာမှမလုပ်ဘူး။
-
-
-
တကယ်ပျော်တာ။ညီ့ကို လက်ထပ်တော့မယ်ဆို
တာနဲ့ အဖေနှစ်ယောက်လုံးကမျက်နှာပူလို့လား
မသိ

""မင်းတို့ဘာသာမင်းတို့ သီးသန့်နေကြ""

ဆို၍ကျတော်နဲ့ညီ နေဖို့အိမ်တစ်လုံးအမြန်ဝယ်ရ
သေး၏။စုထားသမျှ အကုန်ကုန်အောင်ရင်းကာ
သုဝဏ္ဏဖက်က လုံးချင်းအိမ်ရာတွေထဲကတစ်ထပ်
တိုက်ပုအသစ်လေးတစ်လုံးဝယ်လိုက်တော့၏
အင်းလျားကန်စောင်းရှိဘိုးဘွားပိုင်
နှစ်ထပ်အိမ်ကြီးထဲကြီးပြင်းလာခဲ့သူကိုခုလို
တိုက်ပုလေးနဲ့ထားရမှာ စိတ်တော့မကောင်းဘူး
ဒါပေမယ့် ညီက ဘာမှမပြောသည့်အပြင်သူ့
Babyကိုရောင်းကာ အိမ်ကိုရှယ်ပြင်တော့၏
ညီ ကျတော်နဲ့အတူနေဖို့အဲ့လောက်ထိတက်ကြွ
မယ်လို့ကိုမထင်တာ။ဝယ်ကတည်းကမထိရက်
မကိုင်ရက်ဖြစ်ခဲ့သော သူ့Babyကိုမျက်တောင်
တစ်ချက်မခတ်ပဲကြိုက်ဈေးခေါ်ပြီးခပ်တည်တည်
နဲ့ကိုရောင်းပစ်လိုက်တာ။ကျတော်တားတာတောင်
ကိုဇက်ကားရှိနေတာကို Babyကအပိုကြီးလို
ဖြစ်နေတာလေတဲ့။

အိမ်ကိုသူ့စိတ်ကြိုက်ပြင်သည်။ဆေးရောင်ကအစ
ကျတော်တို့နှစ်ယောက်ကြိုက်သော မိုးပြာရောင်
ကို Colourထပ်ဖောက်ကာသုတ်ထားသေး၏
အိမ်ရှေ့ခြံလေးထဲတွင် ဂျပန်စတိုင်ကျောက်စရစ်
အဖြူတွေခင်း--မေမေတွေစိုက်ထားသလို
သစ်ခွစင်တစ်ခုနဲ့ သစ်ခွတွေလည်းစိုက်ထားသလို
ခြံထောင့်တွင်လည်း စက္ကူပန်းရောင်စုံကိုကိုင်းကူး
နည်းနဲ့သေချာပျိုးလေ၏။
အိမ်ထောင့်တွေတိုင်းအလှမီးဆိုင်းတွေဆင် Playerကသီချင်းသံကိုတစ်အိမ်လုံးပြန့်နေစေ
ဖို့ နံရံတွေထဲspeakerတွေမြှုတ်တာ ရေချိုးခန်းထဲတောင်မချန်ဘူး။ရေချိုးခန်းဆိုလို့----ရေချိုးBasinသွားဝယ်တုန်းကလည်း ညီ ရွေးတဲ့Sizeကကြီးနေ၍

""ညီ ဒါမကြီးလွန်းဘူးလား??""

ဟူ၍စကားထောက်မိသော ကျတော့်အား ခပ်တည်တည်ပြန်ကြည့်၍

""နှစ်ယောက်ဝင်ချိုးလို့ရအောင်။""

ဟုပြောလိုက်တော့ကျတော့်မျက်နှာဘယ်ထားရ
မှန်းမသိဖြစ်နေချိန်သူက မျက်နှာသေနှင့်ပင
ဆိုင်ရှင်အဒေါ်ကြီးကိုဈေးအတင်းဆစ်နေသေး၏။
ခါတလေ ညီ့အတွေးတွေကိုလိုက်ကိုမမှီတာ--

အမှန်တော့နိုင်ငံတော်ဥပဒေကန့်သတ်ချက်အရ
ရော မိဘတွေကိုပြန်ငဲ့တာကြောင့်ရောမင်္ဂလာ
ဆောင်တဲ့ထိတော့မလုပ်ပါဘူး။ကျတော်တို့အိမ်
သစ်တက်ပွဲသဘောနဲ့သာဘုန်းကြီးငါးပါးပင့်ဖိတ်
လျက်ခင်မင်သူ၁၀၀လောက်ကိုဖိတ်ကာအလှူ
လုပ်ဖို့ဆုံးဖြတ်လိုက်ကြသည်။

ကိုဇက်ကကျတော်ပင်ပန်းမှာဆိုး၍orderမှာ
ကျွေးလို့ရမယ့်တစ်ခုခုစီစဉ်ဖို့ပြောပေမယ့် ကျတော်ကကျတော်ကိုယ်တိုင်ချက်ပြီးလှူချင်၍သူဘာမှမပြောတော့။အမှန်တော့--- ဒါကျတော်တို့နှစ်ယောက်ရဲ့ ပုံမှန်အတိုင်းပြောရင်
မင်္ဂလာဦးအလှူပဲလေ။ကျတော်ကိုယ်တိုင်ချက်ပြီး
ပဲ ဘုန်းကြီးတွေကိုဆွမ်းကပ်ပေးချင်တာ။

အလှူလုပ်မယ့်ရက်မတိုင်ခင်နှစ်ရက်အလိုတည်းက မေမေတို့က ကျတော့်တို့နှစ်ယောက်အသုံး
အဆောင်တွေသယ်အိမ်သစ်ကိုပို့နှင့်ကျတော်တို့ထက်ပင်အလုပ်တွေရှုပ်လှ၏။
အခန်းထဲကနံရံကပ်ဗီဒိုထဲအဝတ်အစားတွေ
ထည့်ပေးနေ၍ ဝင်တားတော့

""သားကောင်းရေ အိမ်ရှေ့ကဖေကြီး
နှစ်ယောက်ကိုခေါ်လိုက်အုံး။သားတို့အိပ်ရာခင်း
ပေးရအောင်လို့။""

""အာာာ ရပါတယ်။နောက်ပြီးမှကျတော်ခင်းပါ့
မယ်""

""သားကောင်းကလည်း မင်္ဂလာအိပ်ရာခင်းဆို
တာ ငယ်လင်ငယ်မယားဖြစ်တဲ့မိဘတွေကခင်း
ပေးရတာ ထုံးစံပဲသားရဲ့။ဒါမှ အိမ်ထောင်ဖက်
တွေ မခွဲမကွာပေါင်းရမှာ""

ခေါင်းတွေသာတဖြင်းဖြင်းနဲ့ကုတ်ချင်မိတော့
တယ်။နားရွက်တွေပါ နီလာသလားပဲ??
ကိုဇက် ရှက်အောင်ရုပ်တည်နဲ့နောက်ခဲ့သမျှ
အမေနှစ်ယောက်နဲ့ကျတော်ဝဋ်လည်နေပြီ

အမေနှစ်ယောက်နဲ့တင်မျက်နှာပေါ်ပူုတင်းဖုတ်
လို့ရနေပြီကို မျက်နှာပူလို့အိမ်ရှေ့ထွက်နေတဲ့
အဖေနှစ်ယောက်ကို ကျတော်ကဘယ်မျက်နှာနဲ့
ကျတော်တို့မင်္ဂလာဦးအိပ်ရာဝိုင်းခင်းပေးဖို့သွား
ခေါ်ရမလဲ??

""ညီ!!မေမေတို့ကော??""

လိုအပ်တာတွေသွားဝယ်ပြီးအထုပ်အပိုးတပုံတ
ပင်နဲ့ပြန်ရောက်လာသော ကျတော့်ကယ်တင်ရှင်
အားသူကြိတ်ကြွေခဲ့ရသောကျတော့်သွားတက်
ပေါ်အောင်တချက်ရယ်ပြရင်း

""ကိုဇက် အိမ်ရှေ့က ဖေဖေတို့ကိုခဏလောက်
ခေါ်ပေးပါ။""

""ဘာလုပ်ဖို့လဲ ညီ""

""မေမေတို့ ခေါ်ခိုင်းလို့ --သွားပါဗျာ~~""

နောက်မှနေ၍ခါးကိုအတင်းတွန်းကာအရောက်ပို့
နေသော ညီ။
ဘာအကြောင်းမှန်းလဲမသိပဲ အူကြောင်ကြောင်နဲ့
သွားခေါ်ပေးရတော့၏

""မေမေတို့ကဘာလုပ်ဖို့ခေါ်တာတဲ့လဲညီ""

အခန်းထဲဝင်သွားပြီးတော်တော်နဲ့ပြန်မထွက်လာ
ကြသော နှစ်ဖက်မိဘတွေကြောင့်စူးစမ်းမေးမြန်း
တော့မှ ထုံးစံအတိုင်းမျက်နှာသေနဲ့

""မင်္ဂလာဦးအိပ်ခန်းပြင်ပေးမလို့တဲ့""

ပြောပြီးသည်နှင့်မီးဖိုခန်းထဲတန်းဝင်သွားသောညီ

အားးးးးတိုင်နဲ့သာပြေးဆောင့်ချင်တယ်။အဖေနှစ်
ယောက်ပြန်ထွက်လာရင် ဘယ်မျက်နှာနဲ့နေရမလဲ
ညီ ဆေးထိုးချက်က သေလောက်တယ်။

အလှူမတိုင်ခင်နေ့ချက်ကြပြုတ်ကြတော့မျက်နှာ
ပူချိန်လည်းမရတော့ပါဘူး။ထမင်းကျွေးမယ်စဉ်းစားတော့ အစအဆုံးဟင်း
အမယ်ပေါင်းစုံချက်ရ၏။နှစ်ဖက်ဆွေမျိုး
က အဒေါ်တွေကြီးကြီးတွေပါဆုံလေရော။
လူလည်းလုံးလည်လိုက်နေတာပဲ။ဟိုဟာပြေး
ဝယ်လိုက် ဒီဟာလိုပြေးဝယ်လိုက် လာချက်ပေး
နေတဲ့လူတွေကို မုန့်ဝယ်ကျွေးရတာနဲ့ ညီရော
ကျတော်ပါ တစ်ချက်မထိုင်ရ။စိုးရိမ်တာကအလှူ
ပြီးတာနဲ့ ညီလဲမှာသာ~~~

ကြုံသည့်အချိန်လေးညီ့အားချွေးတွေဘာတွေ
ွသုတ်ပေးနေစဉ်မီးဖိုချောင်ထဲဝင်လာသော အဒေါ်တွေမြင်သွား၍ ဝိုင်းအော်ကြတာများ HCတွေထက်တောင်ဆိုးတယ်။အမြဲမျက်နှာသေနဲ့ ပြောချင်ရာတွေပြောနေတဲ့ညီတောင် ခေါင်းကုတ်ကာရှက်သွားရသည်အထိ။

မနက်အာရုံဆွမ်းအမှီချက်ပြီးပြုတ်ပြီးအားလုံးပြင်
ဆင်ပြီး ညခဏလေးအိပ်ဖို့ကျတော့

""သားတို့အခန်းထဲသွားအိပ်ချင်အိပ်လေ။ခုချိန်
ခဏအိပ်ထား""

ဟူ၍ပြောပေမယ့် ညီကောကျတော်ရောအခန်းထဲ
မဝင်ရဲ။တွေးကြည့်လေဗျာ ဒီဆွေမျိုးတစ်သိုက်နဲ့
အဖေနှစ်ယောက်ပါမက ကိုကိုပါရှိနေချိန်ညီ့ကို
အခန်းထဲခေါ်သိပ်ဖို့လောက်ထိ ကျတော်မရဲ။
ညီကလည်း ""ရတယ် ရတယ်""နဲ့ ချောင်လေး
တစ်ချောင်ထဲ ကျန်းမာရေးဖျာလေးခင်းပြီးခွေခွေ
လေးလှဲနေ၏။တစ်နေကုန်ပင်ပန်းထားသူနား
ကျတော်လည်းကျောဆန့်ခြေဆန့်သွားလှဲချင်
သော်လည်း စိတ်လျှော့ကာ ညီနဲ့မလှမ်းမကမ်းမှာ
သာ လှဲနေရတော့၏။

""ဒီအလှူပွဲမြန်မြန်ပြီးပါစေ""

လို့ဆုတောင်းရင်ကျတော်ငရဲကြီးနိုင်လားဟင်??

Thank You All

>>>ပြီးမှာဆိုးတယ်ဆိုသောငယ်လေးတို့အတွက်
နည်းနည်းချင်းဆီသာUpdateနေ၏
နက်ဖြန်တော့Holidayမို့ရှည်ရှည်လေးရေး
နိုင်ဖို့ မျှော်လင့်မိရဲ့

Bạn đang đọc truyện trên: ZingTruyen.Xyz