ZingTruyen.Xyz

ညီ

EXTRA-5

HsuChiKo365

လိုက်ကာဖွင့်လိုက်သည်နှင့်တပျော်တပါးအလည်
ရောက်လာသောနေရောင်ထက် အနွေး
ဓာတ်ပေးနိုင်သော ကျတော်ချစ်ရသူက စောင်ပုံ
တွေကြားလုံးထွေးနေ၏။Jelကင်းလွတ်နေ၍
ဆံပင်တွေက ပွယောင်းယောင်း။ချောမောသည်
ပြီးတော့---- ခါတလေကလေးဆန်စွာချစ်ဖို့ကောင်းတဲ့ကျတော့်
ကလေးကြီး

""ကိုဇက်--ထတော့လေ။""

""အင်းးးးး""

လက်တွေဆန့်ကာ ပျင်းကြောဆွဲနေသေး၏။
သူမနက်ခင်းတိုင်းနိုးထလာတတ်တဲ့ပုံစံကဒီ
လိုလား?? ဒီလောက်ကောချစ်ဖို့ကောင်းနေစရာလိုလား?
အသက်ကဖြင့် ၂၅နှစ်ဖြစ်နေပြီ။

စိမ်းနေသေးသောအိပ်ရာအထိအတွေ့နဲ့ အကြား
အာရုံထဲဝင်ရောက်လာသော ညီ့အသံ။အာာ
ကျတော်အခု ကျတော့်အခန်းထဲမှာမှမဟုတ်ပဲ

""ကိုဇက်ရေ--""

ညီနှိုးနေသံ။မနေ့ညက တစ်ညလုံးမအိပ်နိုင်။
အိပ်ပျော်နေသောညီ့ကိုငုံ့မိုးကြည့်လိုက် ညီ့ပါးပြည့်ပြည့်အားဖွဖွလေးနမ်းလိုက်ဲ့ပြန်လည်
ရှင်သန်လာသောဆံပင်ပျော့ပျော့တွေအား ကိုင်ကြည့်လိုက်၊ညီ နည်းနည်းလေးလှုပ်လာရင် နှိုးသွားမည်ဆိုးတာနဲ့ပြန်ငြိမ်နေလိုက်ရနဲ့ တစ်ယောက်တည်းအလုပ်တွေရှုပ်နေရင်းမနက်မိုး
လင်းခါနီးမှ မှေးခနဲအိပ်ပျော်သွားရတာ။

""ကိုဇက် ထတော့လေ။""

""One Kiss""

စောစောစီးစီး သမုဒယအနွယ်မဖြုတ်နိုင်သေး
သော လောဘသားကောင်ကျတော်။မျက်လုံးတော့မဖွင့်ရဲသေးဘူးပြောသာပြောတာ
ရှက်လည်းရှက်သလိုညီ့ကိုလည်းကြောက်ရသေး၏

မျက်လုံးတွေမှိတ်ရင်း ပါးတစ်ဖက်ကိုလက်ညှိုးနဲ့
ထောက်ပြနေသောကိုဇက်---
ဘာကြောင့်မှန်းမသိ ထိုအမူအရာကကျတော့်ကို
ကျရှုံးသွားစေတာ

ပါးပြင်ပေါ်နွေးခနဲကျလာသောနှုတ်ခမ်းနုနု။မွှေး
ပျံ့ပျံ့facial formအနံ့ကိုလည်း ကျတော်ခိုး
ရှိုက်လိုက်မိတဲ့ဤမနက်ခင်းသည်အလှဆုံးပင်

""ထပါတော့ဗျာ။လုပ်စရာတွေအများ
ကြီးရှိတယ်ဗျ""

ဆွဲထူတာတောင် မျက်လုံးကြီးမှိတ်လျက်
ငေါင်းစင်းစင်းလုပ်နေသော ကျတော့်
ရှေ့ထိုင်ရင်း ရှုပ်ပွပွကျတော့်ဆံပင်တွေထဲဝင်
ရောက်လာသော ညီ့လက်ချောင်းသွယ်သွယ်တွေ
သည့်ဆံပင်တွေအားသူ့နေရာနှင့်သူနေထတကျရှိနေစေရန်ပြန်လည်နေရာချထားရေးအားစိတ်
ရှည်လက်ရှည်လုပ်ပေးနေ၏။

""ငှက်သိုက်ဖြစ်အောင်ဘယ်လိုအိပ်လဲဗျာ။ထတော့ သွား---
ကျတော်Breakfastပြင်ထားမယ်""

""စောင်တွေခေါက်ရအုံးမယ်""

""နေ--နေ ကျတော်လုပ်လိုက်မယ်""
-
-
-
-
ရေချိုးခန်းထဲတွင်တော့toothpasteအသင့်
ထည့်ပေးထားသောtoothbrushနီနီ။
အဝတ်လှမ်းစင်တွင်လှမ်းထားသော မနေ့ကကျတော်တို့ ဝတ်ထားသော အဝတ်အစား
တွေ။မနက်အစောကြီးထပြီးတစ်ယောက်တည်း
လုပ်ထားတာတွေ။ညီဆိုတာလေ ကျတော့်ကို
ပီတိဆေးကို ပုံစံမျိုးစုံနဲ့ချော့မော့တိုက်တတ်သူ

""ကိုဇက် ရေချိုးရင် ရေလဲပုဆိုးကတန်းပေါ်မှာ""

အိမ်ရှေ့မှညီ့ အော်သံ။ဘာမှလည်းမ
ဟုတ်ပါပဲ ပြုံးမိသေး။ဒါကိုခေါ်တာလား အိမ်ထောင်သည်ဘဝဆိုတာ။

အိမ်ရှေ့ပြန်ထွက်လာတော့ ညီ့ကိုမတွေ့။မွှေးပျံ့လာသော အမွှေးတိုင်နံ့အချို့ကြောင့်
ဘုရားခန်းကိုသွားကြည့်တော့---မြင်ကွင်းက
ကျတော့်အာ်းငေးခနဲဖြစ်သွားစေသည်။
ရေစက်တွေခိုတွဲနေသေးသောဖက်ဖူးပန်းတွေ
ကြည်ကြည်တောက်တောက်သောက်တော်
ရည်ဖန်ခွက်တွေ နှင့် ကြာပန်းမီးဆိုင်းတွေနဲ့ သပ္ပါယ်နေသောဘုရားကျောင်းတော်ဆောင်ရှေ့
ငွေသပိတ်ထဲမှအငွေ့ထနေသောဆွမ်းအား
လက်လေးနှစ်ဖက်နှင့်ကပ်ရင်းလက်အုပ်လေးချီကာ ဆုတောင်းနေသောကောင်လေးသည် ငြိမ်းချမ်းသည်။
ဘောင်းဘီတိုလေးဝတ်ထားလျက်ထိုင်
ရင်းဦးချကန်တော့နေပုံကပင်ပျိုမြစ်မှုနှင့်ကြည်
လင်လွန်းလှ၏

""ပြီးပြီလား??ဘာတွေဆုတောင်းနေတာလဲ?""

""ဘုရားရှီခိုးပြီးပြီးချင်း မလိမ်ချင်ဘူးဗျာ""

""ဘာဆုတောင်းလဲမေးတာလိမ်ခိုင်းနေတာမှမ
ဟုတ်တာ ပြောပြပါ။""

""အင်း--ကျန်းကျန်းမာမာနဲ့မခွဲမခွါနေ
ရင်းဘဝဆက်တိုင်းကိုဇက် ကိုပါရမီဖြည့်ပေးနိုင်ပါစေအင်းးးအဲ့လိုပဲဆုတောင်းလိုက်တာ""

""ညီ ရာ~~~""

ဘယ်လောက်ထိကြည်နူးသွားလဲဆိုတာ ညီသိ
အောင်ပြောပြဖို့ ညီ့လောက်စကားမကြွယ်တာ
ခက်တယ်။

""လာလေ သီးစုံထမင်းကြော်ထားတယ်""

""ဘာလို့ အစောကြီးထပြီး ဒါတွေလုပ်ထားတာ
လဲ??အဝတ်တွေလည်းလျှော်ထားသေးတယ်။""

""ယောကျာ်းလေးနှစ်ယောက်တည်းနေလို့
အိမ်က ရှုပ်ပွနေတယ် ဆိုတာမျိုးမဖြစ်ချင်ဘူး။""

""ဒါဆိုလည်း ကိုယ်လုပ်ပေးပါ့မယ်ညီရာ။တစ်
ယောက်တည်းမလုပ်ပါနဲ့""

""ရပါတယ်။ပုံမှန်ယောကျာ်းတစ်ယောက်လုပ်နိုင်
တဲ့ ကိစ္စမှန်သမျှကျတော်လုပ်နိုင်နေပြီ။မယုံဘူး
လား""

""ဟွတ်!!""

အသက်ရှုတောင်မှားတယ်ဆိုတာဒါမျိုး။စားလက်စ
ထမင်းပါသီးတယ်။

""ရေသောက် ရေသောက်။""

ကျောကိုပါ ခပ်ဖွဖွပွတ်သပ်ချပေးနေသေး၏။
ရောင်စုံအသီးအရွက်တွေနှင့်တရုတ်မဆလာနံ့
သင်းနေသော ထမင်းကြော်သည် စား၍ပင်မဝ။
ဒီပုံစံအတိုင်း ညီချက်ကျွေးတာတွေသာ အားပါး
တရစားသောက်နေပါက မကြာခင်weight
တက်လာလိမ့်မည်။နည်းနည်းပါးပါးဆင်ခြင်စားမှ
ကျတော်ဗိုက်ပူကြီးဖြစ်နေလို့မဖြစ်သေးဘူးရယ်

""ဒီလိုအရသာရှိတဲ့ ဟင်းမျိုးချက်ကျွေးပါအုံး""

ပန်းကန်ဆေးနေသောညီ့နားနားကပ်ကာ ခနော်
ကြက်သားမှုန့်ကြော်ငြာထဲက ကလေးလေးပုံစံ
လုပ်ပြောတော့--- ညီသွားတန်းများပေါ်သည်အထိအော်ရယ်၍
ကျတော်တမော့တမောငေးရသေး၏

""ဟားးးဟားးကိုဇက်ကွာ တကယ်ပေါတယ်""

""ဘာ ညီ!! လာခဲ့""

ပြောပြီးထွက်ပြေးသော ညီ့နောက်
်ချက်ချင်းလိုက်ကာဖမ်းရင်းသိုင်းဖက်ညှပ်ထား
တာတောင် တခွိခွိနဲ့ရယ်ကောင်းတုန်း။အကြောတင်းလေး

""ဘာလဲ??မကြောက်တာလား??ဟုတ်လား
ပြောလေ""

""ဟား ကြောက်ပါတယ်ဗျာ။ကိုဇက်လို မပေါရဲ
ပါဘူး ခွိခွိ""

""ရယ်ချင်နေတာပေါ့။ရတယ်လေ""

မွှေးပွကောဇောပေါ်ပစ်လှဲချကာ ခါးနံရိုးတွေကြား
ကလိထိုးတော့ ထွန့်ထွန့်လူးနေရော။ယောကျာ်း
လေးဖြစ်ပြီး ယား တတ်တာနှစ်ယောက်မရှိဘူး

""ဟားး တော်တော့ ကိုဇက်။Someone here??ကျူးမီးငါးးးး""

သနားလာလို့ရပ်လိုက်တော့ ရယ်ရလွန်း၍မောနေ
သူ။ကျတော်လည်းမောတာပဲ။ညီ့ဘေးပစ်လှဲတော့
ညီနဲ့အနီးဆုံးအနေအထားနဲ့ ညီရဲ့မြန်နေသော
အသက်ရှုသံတွေကိုလိုက်မှတ်နေရင်း ညီ့ကိုစိုက်
ကြည့်နေမိချိန် တစ်အိမ်လုံးနှစ်ယောက်တည်းရှိ
နေချိန်မို့ အသံတွေအားလုံးတိတ်သွားသလိုပင်။
ညီသည်လည်း သူ့ကြည့်နေတာသိတော့ပြန်ငဲ့ကြည့်လာစဉ်လွန်စွာနီးကပ်နေသော အနေအထားမို့ညီ့ထွက်သက်
နွေးနွေး ကျတော့်မျက်နှာဆီသို့ပွတ်တိုက်သွား၏

""ညီ~~""

ပြန်ကြည့်လာသောညီ့ မျက်ဝန်းဝိုင်းဝိုင်းတွေသည်
အပြစ်ကင်းစင်လွန်းနေ၏။
တစ်ယောက်နဲ့တစ်ယောက်ဘာဆိုဘာမှမပြော
ဖြစ်ပဲ ဒီအတိုင်းငေးကြည့်နေမိတာဘယ်လောက်
ကြာသွားလဲမသိ။

""အမောပြေရင်ထတော့။ခရီးဆောင်အိတ်ထဲ
ထည့်စရာရှိတာတွေထည့်ရမယ်""

ဟူ၍ညီ ဆော်သြမှ ဒီနေ့ည Flightအတွက်
ဘာမှမပြင်ဆင်ရသေးဘူးဟူသော အသိကြောင့်
နှစ်ယောက်သားဝိုင်းဒိုင်းကျဲပြင်ဆင်ရတော့၏
ဟ်ာဝါရီသုံးရက်ခရီးအား လက်ဖွဲ့အဖြစ်ပေးသော
HCတွေ။သူတို့ကသာ ပေးတာကျတော်တို့က
ဘာမှမပြင်မဆင်ရသေး။
ဒီနေ့ညFlight။ဒီနေ့ညလည်းလေယာဉ်ပေါ်မှာ
ပဲအချိန်ကုန်ရအုံးမှာ။ညီ့ကို ပင်ပန်းမည်ဆိုး၍
ပြည်ပခရီးမထွက်စေချင်သေးသော်လည်းညီကိုယ်
တိုင်ဟာဝါရီမရောက်ဖူးသဖြင့် လိုက်ပို့ပေးချင်
လာပြန်ရော။ပြီးတော့ Honeymoonသဘော
နဲ့ ကျတော်တို့နှစ်ယောက်ကို အထူးတလည်သတိ
ထားနေမှာမဟုတ်တဲ့နေရာမျိုးမှာညီ နဲ့အေးအေး
ဆေးဆေးနေချင်မိတာရောကြောင့်သာလက်ခံ
လိုက်တာ။

ကျောင်းရောအလုပ်ကပါနားလည်ပေးကာ အေးအေးဆေးဆေးနားဖို့ ခွင့်ပေးကြသေး၏။
လူသားနှစ်ယောက်ကြားထဲက ချစ်ခြင်းမေတ္တာကို
မှားယွင်းသည်မူမမှန်ဘူးဟူ၍ ပြစ်တင်မရှုတ်ချ
တတ်သော အသိုင်းအဝိုင်းတစ်ခုထဲအလုပ်လုပ်
ရခြင်းသည်လည်းကျတော့်အတွက်မင်္ဂလာတစ်ပါးပင်။

လေယာဉ်နှစ်ဆင့်စီးရသောဤခရီးတွင်လမ်းတစ်
လျှောက်အိပ်လိုက်လာသူကကျတော့်Sleeping
Beautyပင်။နောက်ထပ်နားပေါက်ထပ်ဖောက်
ပြမှာကြောက်ရ၍ ထုတ်တော့မပြောဖြစ်ပါဘူး။
ဒါပေမယ့် အိပ်မောကျနေသောညီ့ကို ငေးကြည့်မဝရင်း အိပ်ပျက်ရတာကျတော်။
ဘာကျွေးကျွေးထမစား။ချန်ဂီလေဆိပ်မှာ အသိ
ကောင်မလေးတွေနဲ့တွေ့တော့လည်းငိုက်နေရင်း မျက်လုံးကြီးမှိတ်လျက်ပင်နှုတ်ဆက်တော့ ဟိုလူတွေကနောက်သွားသေးတယ်။

"ကိုဇက် ကအိပ်တောင်မအိပ်ခိုင်းဘူလား"
ဆိုပြီး----

မထိရက်မကိုင်ရက်ဖြစ်နေတာသူတို့မသိပါဘူး
ှဗျာ။တစ်ချိန်ကုန်အိပ်နေလို့ဘာလုပ်ပေးလို့လုပ်
ပေးရမှန်းမသိတဲ့ကြားထဲ သူတို့က Social
Mediaပေါ်ပုံနှင့်တကွ စွပ်စွဲကြသေး၍ကျတော်
ဖုန်းပါပိတ်ထားရတဲ့ဘဝရောက်သွားရသည်
တစ်ဖက်မှာလည်း တစ်လမ်းလုံးအိပ်လာရုံသာ
မက Hotelရောက်တည်းက ကုတင်ကို
ခုမှငယ်ချစ်ဟောင်းအားပြန်တွေ့သလို တွေ့ကတည်းက လုံးဝမခွဲတော့သောညီ။
ပင်ပန်းနေတာကြည့်ပြီးသနားတယ်။
ဆေးရုံဆင်းတည်းက ညီက ဘယ်ခရီးမှ
မထွက်တော့တာ။ခုမှ နေကောင်းပြီးမှ ပထမဆုံး
ထွက်ဖြစ်တဲ့ခရီးမို့ ခရီးပန်းတဲ့ဒဏ်မခံနိုင်ရှာ ဘာကျွေးကျွေးလည်းမစား။ရောက်ကတည်းက
အိပ်နေတာ။

""ညီ~~~ထပြီး တစ်ခုခုစားပါလား။လာလေ
Hotelအောက်မှာဘူဖေးရှိတယ်""

""အိပ်~~ချင်~~တယ်""

""တစ်နေကုန်အိပ်နေတာ။ဘာမှလည်းမစားဘူး
နေလို့မကောင်းဘူးလား??တစ်ခုခုစားပြီးဆေး
သောက်--အွန့်""

ငုံ့ပြောနေသောကျတော့်အား သူ့ဘေးသို့ဆွဲချပြီး
အွန်းအဲ ဖြစ်နေသောကျတော့်ကို ခွဖက်လာသော
ညီ

""ကိုဇက်လည်း လာအိပ်""

""အင်းးးပါကွာ""

လူဆိုးကောင်ပေါက်စလေးသည်ကျတော့်အားမလွှတ်တမ်းဖက်ထားရုံသာမကလူ့အတွက်ဖက်လုံးကောင်းကောင်းတစ်ခုရထားသလိုခွထားသေး၏။

တော်တော်လေးကြာတော့မှ မျက်လုံးမှိတ်လျက်
ပင် ရယ်နေ၍

""ဘာလဲညီရ??ဘာတွေသဘောကျနေတာလဲ?
ယောင်နေတာလား အိပ်နေရင်း""

သွားတန်းတွေပေါ်အောင်ရယ်နေရင်းမှ

""ရုတ်တရက် ဆရာကြီးဇဝနရဲ့ဝတ္ထ်ုကို
သတိရသွားလို့""

""ဘာစာအုပ်လဲညီရဲ့""

""ကျတော့်လင် တဲ့ ခွိခွိ""

""ပေါက်ပေါက်ရှာရှာညီရာ။ရှိရောရှိလို့လား။""

""ရှိတာပေါ့""

""ဘာအကြောင်းလဲ??သူတို့ခေတ်တုန်းက ကိုတို့
လိုကမရှိလောက်သေးပါဘူး""

""သိချင်ဖတ်ကြည့်ပေါ့။မမေးနဲ့တော့ ကျတော်
အိပ်တော့မယ်""

""မနေ့ညတည်းက အိပ်နေတာ။ဒီနေ့လည်းတစ်
နေကုန်အိပ်နေတာ။ဘာမှလည်းမစားဘူး""

""အားမွေးနေတာ။""

အင်!!စိတ်ပူလို့ပြောနေသူတောင်ဘာဆက်ပြောရ
မှန်းမသိတော့။ဆက်မေးရင် ကျတော်ပဲရူးတော့
မှာ။ဟိုက အိပ်ချင်မူးတူးနဲ့ပြောချင်တာတွေပြော
နေတာ။

အားမွေးတယ်ဆိုတာ တကယ်ပါ။ဒုတိယမြောက်
နေ့တွင်Morning kissတစ်ခုနဲ့လာနှိုးတာ
မနေ့က တစ်နေကုန်အိပ်နေတာသူလို့ပြောရင်
ဘယ်သူမှယုံမှာတောင်မဟုတ်လောက်အောင်ကို
တက်ကြွနေတာ

Tshirt အဖြူလွင်လွင် Shortpan အနက်။
ဦးထုပ်ဝိုင်း sunglassနဲ့ အဘက်ဘက်မှ
Fashionနဲ့ကိုက်ညီနေသူ သည်ကမ်းခြေတစ်
ခုလုံးကိုပြောင်းပြန်လှန်ပစ်မလိုကိုသောင်းကျန်းတာ။တွေ့သမျှတွေဝယ်စား။တွေ့သမျှကမ်းခြေ
sportတွေလုပ်မယ်တကဲကဲလုပ်နေ၍နောက်က
လိုက်ဆွဲရသေးသည်။မရဘူးလေ အဲ့လိုကြမ်း
ကြမ်းတမ်းတမ်းတွေလုပ်လို့။ကျတော့်မှာ
Honeymoonထွက်လာတာလား??ကလေး
လာထိန်းတာလားမသဲကွဲတော့ဘူး။

တစ်နေကုန် ရေထဲဆင်းလိုက် ပြန်တက်လာရင်
စားလိုက် ကျတော့်ကို စနောက်လိုက်နဲ့ပျော်နေ
သူသည် ခုညခင်းလရောင်အောက်က ငွေရောင်
သဲပြင်ပေါ်ထိုင်ရင်း ပင်လယ်ကိုတိတ်တိတ်လေး
ထိုင်ကြည့်နေ၏

""ဒီနေ့ပျော်လား ညီ ""

""ကိုဇက်နဲ့ထွက်ခဲ့သမျှ ခရီးတွေထဲမှာ
ဒီတစ်ခေါက်အပျော်ဆုံးပဲ။ကျတော်တော်တော်သောင်းကျန်းမိသွားလား??"

""ဟားးဟား ညီရာ ဒါလားသောင်းကျန်းတာ""

""မလိမ်ပါနဲ့ဗျာ။ဒီနေ့ကျတော့်လိုက်ထိန်းနေရတာ
နဲ့ကိုဇက်တော်တော်စိတ်ညစ်နေပြီမလား""

""နောက်တစ်ခါထပ်ပြော--""

""ကျတော့်ကြောင့် ကိုဇက် စိတ်ညစ်--""

နှဖူးပြင်ပေါ်ကျလာသောအနမ်းနွေးနွေး။ခဏတစ်
ဖြုတ်မဟုတ် တရှိုက်မတ်မတ်နဲ့မို့
ကျတော်ငြိမ်ကျသွားရ၏။

""ညီ့ အနားနေရရင် ညီ့ကို ကြည့်နေရင်ကို
ကို့လောကပြည့်စုံနေတာ။""

""ကိုဇက်မရှိရင်ကျတော်ဆိုတာရှိနေမှာမဟုတ်
တော့ဘူး""

ညာဖက်ရင်အောက်ပိုင်းက ချုပ်ရိုးကြောင်းကို
လက်ချောင်းများဖြင့်ခပ်ဖွဖွစမ်းရင်းပြောလာသူ
၏ လက်ကိုဆုပ်ကိုင်ကာ လက်ချောင်းထိပ်တွေ
ကိုခပ်ဖွဖွနမ်းတော့ တိုးလျလျရယ်၏။
လရောင်ရေးရေးအောက် ဤသက်ရှိပန်းချီကား
အား တခြားအရောင်တွေထပ်ဖြည့်ကာဆိုးချင်
စိတ်တွေသည် တဝုန်းဝုန်းရိုက်ခတ်နေသောလှိုင်း
သံတွေနဲ့အပြိုင် နရီစည်းချက်ချလျက်---

ဤနေရာတွင် ညီ့ဆီကကြားနေရသော ရင်ခုန်သံတထိတ်ထိတ်ရယ်ကျတော့်နှလုံးခုန်သံ
တဒုတ်ဒုတ်ရယ် အားပေးအားမြှောက်ပြုနေဟန်
ရှိသော လှိုင်းခတ်သံတွေရယ်ကြား ကျတော့်အသံ
သိပ်များတိုးနေမလားလေ??

""အခန်းပြန်ရအောင်ညီ""

ကမ်းခြေကနေ Hotelဆီသို့တိုင်အောင် ကုန်း
ပိုးသွားသော ကောင်လေးရယ်---
ထိုကောင်လေးကျောပြင်ထက် တွဲခိုစီးရင်း
ငြိမ်ငြိမ်လေးလိုက်ပါသွားသောကောင်လေးရယ်
နောက် ကြယ်လေးတွေက လိုက်ချောင်းကြည့်
ချင်နေလေရဲ့----

Thank You All

>>>>မွေးနေ့ရှင် ညီမလေးအတွက်အမှီUpdate
ပေးလိုက်ပါသည်။ပျော်ရွှင်ပါစေ

Bạn đang đọc truyện trên: ZingTruyen.Xyz