Epi5
She is???
ကိုေဇာ္မင္းေဌးကCoffee Shopေလးေကာင္း
တယ္ဆိုလို႔လိုက္သာလာတာစိတ္ကသိပ္မပါ။
အမွန္ကCoffeeကိုျမည္းစမ္းခ်င္တာမဟုတ္
သူတို႔Groupမွ တာဝန္ယူထားေသာဆိုင္
Interior Decorationကိုေခၚျပျခင္းပင္။
ဟုတ္ပါတယ္။သူႀကြားသင့္ပါတယ္။ဆိုင္ေလးက
တကယ္လွတယ္။UVကာမွန္ခ်ပ္မ်ားတပ္ဆင္
ထားသျဖင့္ ေနေရာင္ကိိုအျပည့္အဝရေနေသာ္
လည္းအပူရွိန္ကိုမခံစားရ။နံရံတြင္ခ်ိတ္ဆြဲထား
ေသာေကာ္ဖီပန္းခ်ီပံုဆန္းဆန္းေတြ။ေနာက္မဟာ
ေသခ်ာမသိတာက ေကာ္ဖီေသာက္ေနေသာ
koreaမင္းသားပံုေတြ။စီးရီးAlbumလို
Albumခ်ပ္ေတြ။ဖြင့္ထားေသာPhoto
Bookေတြ။ေနာက္တျခားတျခားေသာပစၥည္း
ေတြ။Memo Boradလိုအျဖဴေရာင္ခ်ပ္
ျပားက်ယ္တြင္Colourful pin ္ေတြႏွင့္ခ်ိတ္ဆြဲထားေသာဓာတ္ပံုေတြ။ပစၥည္းေတြကိုသိပ္နားမလည္ေပမယ့္
ေကာ္ဖီနံ႔ေတြလႊမ္းျခံဳထား၍Chineseသံစဥ္ဆန္ဆန္ Pianoသံျငိမ့္ျငိမ့္ေညာင္းေညာင္းႏွင့္ လူငယ္ဆန္ေသာဒီဆိုင္ေလးက
Internationalအဆင့္မွီတယ္။ဝန္ထမ္းေလးေတြလည္းငယ္ငယ္ေလးေတြ။တကၠသိုလ္ေက်ာင္းသူေက်ာင္းသားအရြယ္ေလး
ေတြ။ေခတ္မီ၍ခ်စ္ဖြယ္ကာင္းေသာuniformေလးေတြနဲ႔ဝန္ထမ္းေလးေတြသည္ Foreginerေတြနဲ႔
လည္းသြက္သြက္လက္လက္ေျပာဆိုေနသည္ကို
ေတြ႔ရသည္။ဒါဘာလဲ??Korean နဲ႔ေျပာေန
တာလား??
""ဘယ္လိုလဲ မဟာ?ဆိုင္ေလးကိုသေဘာက်ေန
ျပီလား?""
""အင္းးးဆိုင္အျပင္အဆင္က Conceptႏွစ္ခုကိုတစ္ျပိဳင္နက္တည္းသံုးထားသလိုပဲ။ေအးခ်မ္းမႈနဲ႔လူငယ္ဆန္မႈ။ေနာက္ျပီးဒါCoffee ဆိုင္ပဲမဟုတ္ဘူးမလား?""
""ဟုတ္တယ္။ဆိုင္ပိုင္ရွင္ေကာင္ေလးက၂၀
ေက်ာ္ရံုေလးပဲရွိေသးတာ။ဆိုင္နာမည္ေပးထားသ
လိုပဲ။Kpop Idolေတြကိုသေဘာက်တဲ့ကေလး
ေတြဆံုရပ္လိုျဖစ္ေနတာ။ရိုးရိုးေကာ္ဖီဆိုင္မဟုတ္
ဘူး။Jမွာလိုေပါ့။Coffee & Book တို႔။Coffee & Petsတို႔ဘာတို႔လို။သူကCoffee & K-idol conceptယူထား
တာ။ေအာင္ျမင္တယ္။ဖြင့္တာမႀကာေသးပဲ။Idea
ေလးလည္းသူမ်ားထက္ထူးသြားတာပါမယ္ထင္
တယ္""
""ဒီေခတ္ကေလးေတြ သိပ္သြက္တယ္""
""ဟုတ္တယ္။USမွာေက်ာင္းျပီးလာတာတဲ့
ေကာင္ေလးက"
-.-
-
Zတစ္ေယာက္ အေနာက္ထမင္းစားခန္းမထြက္
လာခ်ိန္ Angel Irisလို႔နာမည္ေပးထားေသာ
ရွန္ပိန္ႏွင့္ေကာ္ဖီေရာစပ္မႈတစ္ခုကိုညီစိတ္ပါဝင္စားစြာျပဳလုပ္ေနသည္။သူထြက္လာေတာ့လည္ျပန္ႀကည့္ကာျပံဳးျပရင္း အကူေလးအဆင္သင့္လာခ်
ေပးေသာ ကက္ပူခ်ီႏိုထဲ အျဖဴေရာင္ႏို႔ႏွစ္တို႔ႏွင့္
ပ်ံဝဲစ လိပ္ျပာငယ္ကို ဖန္တီးေန၏။ဘာရယ္မ
ဟုတ္ဆိုင္ထဲတစ္ခ်က္ေဝ့ႀကည့္ျဖစ္ေတာ့ ရင္ခုန္
လႈိုင္းထပိုးမ်ားဟိန္းထေနေသာအေပ်ာ္ပင္လယ္
ႀကီးထဲျမဳပ္သြားသလို။
သူ႔နာမ္တရား၏ႏွလးံုူခုန္သံအားမထီမဲ့ျမင္ျပဳခဲ့မႈ
အေပၚဆိုင္ရာနတ္ဘုရားတို႔သည္စမ္းသပ္ခ်င္လာ၍မ်ားသူမကိုက်ေတ္ာ့နယ္ေျမထဲသို႔ စစ္ခရာပင္မမႈတ္ေစပဲျဗဳန္းစားႀကီးလာတိုက္ခိုင္း
ေလသလား။
""ညီ-ဒါဘယ္သူ႔အတြက္လဲ?""
ႏို႔ခရားကို မျပီး
""ဟုိေရွ႔က Noona""
""ညီ--ကို႔နာမည္ေရးေပးလိုက္""
ျဖတ္ခနဲမ်က္လံုးေတြလွန္ႀကည့္လာသည္။
""Wae??ဒီမွာလိပ္ျပာဆြဲျပီးျပီ။ႏွင္္းဆီဖူးဆြဲမွျဖစ္
မွာေပါ့""
""လုပ္ပါညီရာ။ကိုသိခ်င္တာတစ္ခုရွိလို႔။ကို႔နာ
မည္ေရးေပးပါ""
ညီတစ္ေယာက္နားပူမခံႏိုင္၍လားမသိ Z ဟူ
ေသာစာလံုးကို ခပ္ျမန္ျမန္ဆြဲေပးလိုက္၏။ညီဆြဲ
ျပီးသည္ႏွင့္ဗန္းကိုေကာက္မကာ သူမရွိရာသို႔။
မဟာဆန္သူကေတာ့ တျဖည္းျဖည္းခ်ဥ္းကပ္လာ
ေသာက်ေတာ့္အားေမာ့ပင္မႀကည့္။ေရွ႔မွလူေျပာျပ
ေနေသာ ညီ့အေႀကာင္းမ်ားကိုသာနားစိုက္ေထာင္
ေန၏။ေနပါေစေမာ့မႀကည့္လဲ?
ေကာ္ဖီခြက္ကိုေရွ႔မွာခ်ေပးလိုက္ခ်ိနစိတ္လႈပ္ရွား
ေနဟန္္ျမန္ဆန္စြာေမာ့ႀကည့္လာသူအား ေတြ႔စကျပံဳးျပသလိုျပံဳးျပျပီးအနားမွအျမန္ခြာလာလိုက္သည္။ေသခ်ာသြားျပီေလ။အဲ့ေန႔က ဒီပါတို႔ေခၚလိုက္ေသာ Zဟူေသာက်ေတာ့္နာမည္
ကိုသူမွတ္ထားတယ္။
အနားတြင္ေခါင္းႀကီးငံု႔ကာလာထိုင္ေနေသာ
ကိုဇက္။ဒီအျပဳအမူမ်ိဳးကိုလြန္ခဲ့တဲ့၅ႏွစ္ကလညး္
ေတြ႔ျမင္ခဲ့ဖူးသျဖင့္ ခ်က္ခ်င္းခဲဆြဲခံလိုက္ရေသာ
စိတ္ႏွင့္ ကိုဇက္ေကာ္ဖီသြားခ်ေပးေသာဝိုင္းကို
လွမ္းႀကည့္မိစဥ္---
တိုက္တိုက္ဆိုင္ဆိုင္ႀကီးဆိုသလို က်ေတာ့္ကိုျပန္
ႀကည့္လာေသာမ်က္ဝန္းလဲ့လဲ့တစ္စံု။တစ္ကိုယ္
လံုးရွိန္းခနဲျဖစ္သြား၍အျမန္ေခါင္းငံု႔လိုက္ရသည္အထိ။ေနာက္တစ္ႀကိမ္ျပန္ႀကည့္မိေတာ့ မ်က္ဝန္း
လဲ့ရွင္က က်ေတာ့္ကိုမႀကည့္ေတာ့ေပ။ေဘးတ
ေစာင္းျမင္ရေသာမ်က္ႏွာဖူးဖူးကပင္တင့္တယ္
လြန္းလွသည္။နက္ေမွာင္ေနေသာဆံပင္ရွည္ရွည္
ကက်ေတာ့္အာရံုကိုအထူးဖမ္းစားထားႏိုင္ေသး၏
ေငြေရာင္လက္ပတ္ႀကိဳးနဲ႔နာရီတစ္လံုးသာပတ္
ထားေသာျဖဴဝင္းဝင္းလက္တစ္စံု။ေဖာင္းအိအိလက္ေခ်ာင္းေတြကက်ေတာ္ေကာ္ဖီ
ီခြက္ေပၚမွာ။အေဝးကႀကည့္ရံု
ႏွင့္ပင္ မာနတစ္စံုတစ္ရာႏွင့္လင္းထင္းေနသူ။
"ဟိုက Noonaက ကိုဇက္နဲ႔သိေနတာလား?"
မရဲတရဲေမးပံုက က်ေတာ္မဟုတ္သလို။ကိုဇက္
ကေတာ့ေခါင္းသာညိတ္ျပသည္။
""ကိုဇက္--Say something""
ျပန္ေမာ့ႀကည့္လာေသာကိုဇက္မ်က္ဝန္းမ်ားတြင္
ေပ်ာ္ရႊင္မႈေတြ ကခုန္ေန၏။က်ေတာ္လႈိက္ဖိုေမာ
သြားသည္။္တစ္စံုတစ္ခုကိုစိုးတထိတ္
ထိတ္နဲ႔ က်ေတာ့္အျဖစ္ကHunting House
ထဲဝင္ေနသလို။ေရွ႔မွာထိတ္လန္႔တုန္လႈပ္ဖြယ္ရာေတြရွိေနတယ္ဲဆိုတာသိပါရက္နဲ႔လမ္းဆံုးေရာက္ေအာင္မသြားလို႔
မရေတာ့သည္ႏွင့္အလားသဏၭာန္တူလြြန္းလွ
သည္။
""ကိုဇက္ဘာလဲဗ်ာ။ေသေသခ်ာခ်ာေျပာ""
""ညီ!!Later!!Ok??""
ကိုဇက္ကိုမ်က္ႏွာလႊဲရင္း ေရွ႔ဆီသို႔တစ္ခါျပန္
ႀကည့္မိသည္။သူမကေတာ့ေရွ႔မွလူႀကီးႏွင့္ေအး
ေအးလူလူစကားေျပာႏိုင္ေနသည္။
သိမ္ေမြ႔မႈတစ္ခုကိုေငးေမာရင္း က်ေတာ့္ရင္ကို
ခပ္ဖြဖြဖိႀကည့္ေတာ့ နာလိုက္တာ။ဒီေလာက္
ထိရံုေလးနဲ႔တင္ဘာလို႔ဒီေလာက္နာေနရတာလဲ?
-
-
-
-
""သူ႔နာမည္က ေစာမဟာဦး တဲ့""
Keyboardေပၚမွခပ္သြက္သြက္လႈပ္ရွားေန
ေသာလက္ေခ်ာင္းမ်ားအေႀကာေသသြား၏။LEDမီးေရာင္ထိန္ထိန္ညီးေနေသာအခန္းတြင္း ကိုဇက္မ်က္ႏွာကိုမသိမသာခိုးႀကည့္ရတာမလြယ္လိုက္တာ။
""မနက္က Noonaကိုေျပာတာလား??ကိုဇက္
ကဘယ္လိုလုပ္ျပီးနာမည္ေတာင္သိသြားတာ
လဲ?""
""သူနဲ႔ေတြ႔တာ ဒီမနက္ကနဲ႔ဆို ၃ႀကိမ္ရွိျပီေလ""
""ကိုဇက္နဲ႔က်ေတာ္အခ်ိန္တိုင္းတူတူရွိေနတာကို
က်ေတာ္ကဘာလို႔ခုမွေတြ႔ဖူးရတာလဲ?""
""အင္းးအဲ့ဒါလည္းတိုက္ဆိုင္တယ္။ပထမဆံုးက
တီေဆြ႔ကိုသြားႀကိဳတုန္းကေတြ႔တာ။အဲ့တုန္းကညီ
ေနခဲ့တယ္ေလ။ေနာက္တစ္ခါကလည္္းညီ မမခ်ိဳ
နဲ႔လိုက္သြားျပီး ကို မိုးျပည့္ဆိုင္ကိုအရင္သြားႏွင့္
တုန္းကသူကဖုန္းလာျပင္တာ။သူကို႔ ကိုမွတ္မိေန
တယ္။ကို႔နာမည္ကိုပါသိေနတာ။""
""စကား--ေျပာျဖစ္ေသးလို႔လား??နာမည္သိေန
တယ္ဆိုေတာ့""
ေသလုေမ်ာပါးျဖစ္ေနသူလို စကားေတြကခပ္
ေလးေလး။ကိုဇက္ကေတာ့က်ေတာ္နဲ႔ဆန္႔က်င္
ဖက္ပဲ
""မေျပာျဖစ္ဘူး။airportမွာဒီပါတို႔နဲ႔ေတြ႔ေတာ့
ဒီပါတို႔က ကို႔နာမည္ေခၚလိုက္တာ။အဲ့ဒါ သူမွတ္မိ
လားမမွတ္မိလားသိခ်င္လို႔ဒီေန႔ေကာ္ဖီေပၚမွာကို႔
နာမည္ေရးခိုင္းလိုက္တာ။Zဆိုတာကိုလည္းေတြ႔
ေရာခ်က္ခ်င္းကိုေမာ့ႀကည့္လာတာ။""
"ဒီေတာ့ ကိုဇက္ကဘာဆက္လုပ္မယ္စိတ္ကူးလဲ"
"ကို ေတာ္ရံုစိတ္မဝင္စားတတ္တာညီလည္းသိ
တာပဲ။ဒါေႀကာင့္လည္း ႏွစ္ေခါက္ေလာက္ေတြ႔ဖူး
တာေတာင္ေမ့ေမ့ေပ်ာက္ေပ်ာက္ထားခဲ့တာ။ဒါေပမယ့္ဒီေန႔သူ႔ကိုေတြ႔ေတာ့ကိုတကယ္ေပ်ာ္
သြားတာ။ဒါမိတ္ေဟာင္းေဆြေဟာင္းျပန္ေတြ႔လို႔
ေပ်ာ္တာမဟုတ္တာေတာ့ေသခ်ာတယ္""
""ဘာလို႔ပထမႏွစ္ခါေတြ႔တာကို ေမ့ေမ့ေပ်ာက္
ေပ်ာက္ထားခဲ့တာလဲ?""
""ကိုယ္တိုင္ဆန္းစစ္ႀကည့္ေနတာ""
"ခု--ခုကေသခ်ာသြားလို႔လား?""
""ဆိုပါေတာ့။ဒီေန႔ ရင္လည္းခုန္ေနတယ္။ေတြ႔
ေတာ့လည္းသာမာန္ထက္ပိုျပီးေပ်ာ္ေနတယ္ေလ"
ေခါင္းငံု႔လ်က္ laptop screenနဲ႔မ်က္ႏွာကို
ကြယ္ထားလိုက္သည္။တြက္လက္စစာရင္းေတြ
Budget planningေတြအားလံုးေဝေဝဝါးဝါး
ျဖစ္ကုန္၏။ဟားးးဘာလို႔အသက္ရႈကရုတ္တရက္
ႀကီးမဝေတာ့တာလဲ??
""ညီ~~""
""ဟင္~~ေျပာေလ""
Keyboardသံတေျဖာက္ေျဖာက္ႀကားမွျပန္ေမး
လာေသာညီ့တံု႔ျပန္မႈကိုတကယ္အားမရဘူး။
က်ေတာ့္ကိုလုပ္ခ်င္တာလုပ္ဆိုသည့္ပံုစံႏွင့္ပစ္
ထားတယ္လို႔ထင္တယ္။ဒါေတာ့က်ေတာ္မခံစား
ႏိိုင္ဘူး။
""ညီ-ဒီကိစၥနဲ႔ပတ္သတ္ျပီးဘာမွေျပာစရာမရွိဘူး
လား""
""ဘာေျပာစရာလိုေတာ့လို႔လဲဗ်ာ။ကိုဇက္ကေသ
ခ်ာျပီဆို စလိုက္ေတာ့ေပါ့။""
""ညီက---""
မေျပာပဲခဏရပ္သြားျပီးမွ
""အမွန္ေတာ့ကိုကညီ့ကိုအကူုအညီေတာင္းခ်င္လို႔"
""က်ေတာ္ကူညီေပးမွာပါ""
ျပတ္ေတာင္းျပတ္ေတာင္းထြက္လာေသာညီ့အသံ
မရေတာ့ဘူး။ေတာ္ျပီ
ဇက္ထိုင္ရာမွထကာLaptopအဖံုးကိုပိတ္လိုက္
လိုက္ေတာ့အံ့ႀသတႀကီးေမာ့ႀကည့္လာေသာ
ညီ။ေဘးတုိက္ျဖစ္ေနေသာ ဘီးတပ္ကုလားထိုင္
ကိုက်ေတာ့္ဖက္ဆြဲလွည့္လိုက္ျပီးမွ
""ဒီမွာႀကည့္ညီ။ကိုဘယ္သူနဲ႔မွမတြဲျဖစ္ပဲတစ္
ေယာက္တည္းေနလာရတာလြန္ခဲ့တဲ့ငါးႏွစ္တည္းကအခုကိုနဲ႔အဆင္ေျပေလာက္တယ္လို႔ထင္တဲ့လူ
ေတြ႔ေနျပီ""
""အင္း--က်ေတာ္ဝမ္းသာပါတယ္""
""ဟင့္အင္းဒါညီဝမ္းသာတဲ့ပံုစံမဟုတ္ဘူး။ကိုသိ
တယ္။ညီစိတ္မေကာင္းျဖစ္ေနတာ""
အေပၚစီးမွေန၍ငံု႔မိုႀကည့္ကာေျပာလာသူ။ဒီအေျခ
အေနကိုရုန္းထြက္ခ်င္ေပမယ့္ လက္ကိုင္တန္းေပၚ
ခါးကိုင္းကာလက္ေထာက္ထားသျဖင့္ထိုင္ခံုေပၚကက်ေတာ့္ကို ေခ်ာင္ပိတ္ဖမ္းထားသလိုျဖစ္ေန၏
အသက္ရႈေတြက်ပ္လိုက္တာ။ဝန္ထမ္းအားလံုးျပန္
ကုန္ျပီမို႔လို႔သာေတာ္ေတာ့တယ္။ႏို႔မို႔ဆိုခုအေန
အထားကိုတစ္မ်ိဳးထင္သြားႏိုင္တယ္ေလ။က်ေတာ္
တို႔ႏွစ္ေယာက္အတြက္ကသာမာန္လိုျဖစ္ေနေပ
မယ့္။
""ညီ~~""
အေျဖမရွိေသာက်ေတာ့္အားေနာက္တစ္ႀကိမ္ထပ္
ေခၚလာ၏။
""က်ေတာ္တကယ္ဘာမွမျဖစ္ပါဘူးဆိုဗ်ာ။ဖယ္
ဗ်ာ""
""ညီဘာမွမျဖစ္ဘူးဆိုလည္းကိုယ္ေျပာတာနား
ေထာင္။အခု အဆင္ေျပလို႔တြဲႀကည့္ဖို႔စဥ္းစားတာ
ဟုတ္တယ္။ကိုရင္ခုန္သလိုရွိတာလည္းမွန္တယ္
ဒါေပမယ့္ဒီကိစၥကညီနဲ႔ကို႔ႀကားမွာ ဘာမွျခားနား
သြားမွာမဟုတ္ဘူး။ကို႔ေႀကာင့္ ညီစိတ္မညစ္ေစ
ရဘူး။"
""I see!က်ေတာ္ျပန္ခ်င္ေနျပီ။""
""စာရင္းေတြေရာျပီးျပီလား?""
""အင္းးလခ်ဳပ္ေတာ့ျပီးျပီ။လစာေတြကိုမနက္မွပဲ
စာအိတ္ထဲထည့္ေတာ့မယ္""
""ဒါဆိုလည္းျပန္ရေအာင္။ေတာ္ေတာ္ေတာင္
ေနာက္က်ေနျပီ။ဇက္ေတြေကာေညာင္းေနတယ္
မလား""
ဇိုင္းဇက္ဆိုသည္မွာအေျဖေစာင့္ရိုးထံုးစံမရွိ။ေျပာ
ရင္းလက္ေခ်ာင္းေတြက က်ေတာ့္ဂုတ္ပိုးေပၚ
ေရာက္လာ၍တစ္ခ်က္ႏွစ္ခ်က္ပင္ စူးခနဲျဖစ္ေနျပီ
ေတာ္ေတာ္လက္ေပါက္တယ္။သူႏွိပ္ေပးေနႀကမို႔
လားမသိ တျခားလူလာႏွိပ္ေပးရင္ေတာင္တိုးမ
ေပါက္ေတာ့။
""ေတာ္ျပီ။မႏွိပ္နဲ႔ေတာ့။""
""တင္းေနေသးတယ္ညီရ""
""ေတာ္ျပီဆိုဗ်ာ"
ဒါေတာင္ မ်က္ခံုးႏွစ္ခုႀကားကိုလက္ညိဳွးႏွင့္လက္မ
လာထာက္ကာမ်က္ရိုးေတြပါဖြဖြေလးလာႏွိပ္ေပး
ေနေသး၍
""ေတာ္ေတာ့ဆိုဗ်ာ""ဟူ၍ထရပ္ေတာ့မွ့ရပ္သြားေတာ့သည္။
""တစ္ခုခုစားအံုးမလားညီ""
""မစားခ်င္ေတာ့ဘူး။အိပ္ပဲအိပ္ခ်င္ေနတယ္""
""သီခ်င္းဖြြြင့္ေပးရမလား?""
""မဖြင့္နဲ႔""
""ညီမွန္ေတြတင္လိုက္။အေအးမိေနမယ္""
"ဟင့္အင္းေလရႈခ်င္လို႔""
ျပတင္းေပါက္ေဘာင္ကိုလက္တင္ကာYGN၏
ည၁၀နာရီေက်ာ္အလွကိုခံစားေနေလရဲ႕။ေလနဲ႔
အတူလြင့္လာတတ္တဲ့ ညီကိုယ္သင္း
နံ႕နဲ႔ေရာေနေသာchannel9ပန္းသီးစိမ္းေရေမႊးနံ႔။ညီပူပန္ေနတာက်ေတာ္သိတယ္။အမွန္ေတာ့
က်ေတာ္လည္းနည္းနည္းစိတ္ေလးတယ္။က်ေတာ္နဲ႔ညီ့ႀကားမွာေနာက္ထပ္အမ်ိဳးသမီးတစ္
ေယာက္ဝင္လာရင္ဘာေတြျဖစ္သြားႏိုင္မလဲ?
အျမဲတပူးပူးျဖစ္ေနေသာညီနဲ႔က်ေတာ့ကို မမခ်ိဳ
နားလည္ေပးထားသလို မဟာ ကေရာလက္ခံ
ေပးပါ့မလား??
Thank You All
Every day on wp
(Unicode)
/
/
/
အပိုင်း(၅)
သူမ
ကိုဇော်မင်းဌေးက Coffee Shopလေးကောင်းတယ်ဆိုလို့ လိုက်သာလာတာ စိတ်ကသိပ်မပါ။
အမှန်က Coffeeကို မြည်းစမ်းချင်တာမဟုတ်သူတို့Groupမှ တာဝန်ယူထားသောဆိုင်Interior Decorationကို
ခေါ်ပြခြင်းပင်။
ဟုတ်ပါတယ်။ သူကြွားသင့်ပါတယ်။ ဆိုင်လေးက တကယ်လှတယ်။ UVကာမှန်ချပ်များတပ်ဆင် ထားသဖြင့်
နေရောင်ကို အပြည့်အဝရနေသော်လည်း အပူရှိန်ကိုမခံစားရ။ နရံတွင်ချိတ်ဆွဲထားသောကော်ဖီပန်းချီပုံ
ဆန်းဆန်းတွေ။ နောက်မဟာသေချာမသိတာက ကော်ဖီသောက်နေသော koreaမင်းသားပုံတွေ။
Albumချပ်တွေ။ ဖွင့်ထားသော PhotoBookတွေ။ နောက်တခြားတခြားသော ပစ္စည်းတွေ။
Memo Boradလို အဖြူရောင်ချပ်ပြားကျယ်တွင် Colourful pinတွေနှင့်ချိတ်ဆွဲထားသော ဓာတ်ပုံတွေ။
ပစ္စည်းတွေကို သိပ်နားမလည်ပေမယ့် ကော်ဖီနံ့တွေလွှမ်းခြုံထား၍ Chineseသံစဉ်ဆန်ဆန် Piano
သံငြိမ့်ငြိမ့်ညောင်းညောင်းနှင့် လူငယ်ဆန်သော ဒီဆိုင်လေးက Internationalအဆင့်မှီတယ်။
ဝန်ထမ်းလေးတွေလည်း ငယ်ငယ်လေးတွေ။ တက္ကသိုလ်ကျောင်းသူကျောင်းသားအရွယ်လေးတွေ။
ခေတ်မီ၍ချစ်ဖွယ်ကာင်းသော uniformလေးတွေနဲ့ ဝန်ထမ်းလေးတွေသည် Foreginerတွေနဲ့လည်း
သွက်သွက်လက်လက် ပြောဆိုနေသည်ကိုတွေ့ရသည်။ Korea လိုပါ ပြောနေတာတွေ ကြားနေရသည်။
"ဘယ်လိုလဲ မဟာ ဆိုင်လေးကိုသဘောကျနေပြီလား"
"အင်း...ဆိုင်အပြင်အဆင်က Conceptနှစ်ခုကိုတစ်ပြိုင်နက်တည်းသုံးထားသလိုပဲ။ အေးချမ်းမှုနဲ့လူငယ်ဆန်မှု။
နောက်ပြီးဒါCoffee ဆိုင်ပဲမဟုတ်ဘူးမလား"
"ဟုတ်တယ်။ ဆိုင်ပိုင်ရှင်ကောင်လေးက၂၀ကျော်ရုံလေးပဲရှိသေးတာ။ ဒါကြောင့်လည်း သူ့စိတ်ကူးက လူငယ်ဆန်နေတာ၊ ဆိုင်နာမည်ပေးထားသလိုပဲ။ Kpop Idolတွေကိုသဘောကျတဲ့ ကလေးတွေဆုံရပ်လို ဖြစ်နေတာ။ ရိုးရိုးကော်ဖီဆိုင်မဟုတ်ဘူး။
Japanမှာလိုပေါ့။ Coffee & Book တို့။ Coffee & Petsတို့ဘာတို့လို။ သူကCoffee & K-idol conceptယူထား
တာ။ အောင်မြင်တယ်။ Ideaလေးလည်း သူများထက်ထူးသွားတာပါမယ်ထင်တယ်"
"ဒီခေတ်ကလေးတွေ သိပ်သွက်တယ်"
"ဟုတ်တယ်။ ကောင်လေးကUSမှာကျောင်းပြီးလာတာတဲ့"
ဇက်တစ်ယောက် အနောက်ထမင်းစားခန်းမှထွက်လာချိန် Angel Iris လို့နာမည်ပေးထားသော
ရှန်ပိန်နှင့်ကော်ဖီရောစပ်မှုတစ်ခုကိုညီစိတ်ပါဝင်စားစွာပြုလုပ်နေသည်။သူထွက်လာတော့လည်ပြန်ကြည့်ကာပြုံး
ပြရင်း အကူလေးအဆင်သင့်လာချပေးသော cappuccino ထဲ အဖြူရောင်နို့နှစ်တို့နှင့်ပျံဝဲစ လိပ်ပြာငယ်ကို
ဖန်တီးနေ၏။
ဘာရယ်မဟုတ်ဆိုင်ထဲတစ်ချက် ဝေ့ကြည့်ဖြစ်တော့ ရင်ခုန်လှိုင်းထပိုးများဟိန်းထနေသောအပျော်ပင်လယ်
ကြီးထဲမြုပ်သွားသလို။
သူ့နာမ်တရား၏ နှလုံးခုန်သံအားမထီမဲ့မြင်ပြုခဲ့မှုအပေါ်ဆိုင်ရာနတ်ဘုရားတို့သည်စမ်းသပ်ချင်လာ၍များ
သူမကို ကျွန်တော့်နယ်မြေထဲသို့ စစ်ခရာပင်မမှုတ်စေဘဲ ဗြုန်းစားကြီးလာတိုက်ခိုင်းလေသလား။
"ညီ...ဒါဘယ်သူ့အတွက်လဲ"
နို့ခရားကို မပြီး
"ဟိုရှေ့က Noona(အစ်မ)"
"ညီ...ကို့နာမည်ရေးပေးလိုက်"
ဖြတ်ခနဲမျက်လုံးတွေလှန်ကြည့်လာသည်။
"Wae (ဘာလို့) ဒီမှာလိပ်ပြာဆွဲပြီးပြီ ၊ နှင်းဆီဖူးဆွဲမှဖြစ်မှာပေါ့"
"လုပ်ပါညီရာ၊ ကို သိချင်တာတစ်ခုရှိလို့၊ ကို့ နာမည်ရေးပေးပါ"
ညီတစ်ယောက်နားပူမခံနိုင်၍လားမသိ Z ဟူသောစာလုံးကို ခပ်မြန်မြန်ဆွဲပေးလိုက်၏။ ညီဆွဲ
ပြီးသည်နှင့်ဗန်းကိုကောက်မကာ သူမရှိရာသို့။
မဟာဆန်သူကတော့ တဖြည်းဖြည်းချဉ်းကပ်လာသော ကျွန်တော့်အားမော့ပင်မကြည့်။ရှေ့မှလူပြောပြ
နေသော ညီ့အကြောင်းများကိုသာ နားစိုက်ထောင်နေ၏။ နေပါစေမော့မကြည့်လဲ။
ကော်ဖီခွက်ကိုရှေ့မှာချပေးလိုက်ချိန်စိတ်လှုပ်ရှားနေဟန် မြန်ဆန်စွာမော့ကြည့်လာသူအား တွေ့စကပြုံးပြသလို
ပြုံးပြပြီးအနားမှ အမြန်ခွာလာလိုက်သည်။ သေချာသွားပြီလေ။ အဲ့နေ့က ဒီပါတို့ခေါ်လိုက်သောဇက် ဟူသော
ကျွန်တော့်နာမည်ကို သူမှတ်ထားတယ်။
အနားတွင်ခေါင်းကြီးငုံ့ကာ လာထိုင်နေသော ကိုဇက်။ ဒီအပြုအမူမျိုးကို လွန်ခဲ့တဲ့၅နှစ်ကလည်း တွေ့မြင်ခဲ့ဖူး
သဖြင့် ချက်ချင်းခဲဆွဲခံလိုက်ရသောစိတ်နှင့် ကိုဇက်ကော်ဖီသွားချပေးသောဝိုင်းကို လှမ်းကြည့်မိစဉ်...
တိုက်တိုက်ဆိုင်ဆိုင်ကြီး ဆိုသလို ကျွန်တော့်ကိုပြန်ကြည့်လာသော မျက်ဝန်းလဲ့လဲ့တစ်စုံ။
တစ်ကိုယ်လုံးရှိန်းခနဲ ဖြစ်သွား၍အမြန် ခေါင်းငုံ့လိုက်ရသည်အထိ။ နောက်တစ်ကြိမ်ပြန်ကြည့်မိတော့
မျက်ဝန်းလဲ့ရှင်က ကျွန်တော့်ကိုမကြည့်တော့ပေ။ ဘေးတစောင်းမြင်ရသော မျက်နှာဖူးဖူးက
ပင်တင့်တယ်လွန်းလှသည်။
နက်မှောင်နေသော ဆံပင်ရှည်ရှည်က ကျွန်တော့်အာရုံကို အထူးဖမ်းစားထားနိုင်သေး၏။
ငွေရောင်လက်ပတ်ကြိုးနဲ့နာရီတစ်လုံးသာပတ်ထားသော ဖြူဝင်းဝင်းလက်တစ်စုံ။ဖောင်းအိအိလက်ချောင်းတွေ
က ကျွန်တော့်ကော်ဖီခွက်ပေါ်မှာ။ အဝေးကကြည့်ရုံနှင့်ပင် မာနတစ်စုံတစ်ရာနှင့်လင်းထင်းနေသူ။ ကျွန်တော်
မေးရသည့် အဖြစ်သို့ ရောက်ရတော့သည်။
"ဟိုက Noona(အစ်မ) က ကိုဇက်နဲ့သိနေတာလား"
မရဲတရဲမေးပုံက ကျွန်တော်မဟုတ်သလို။ ကိုဇက်ကတော့ ခေါင်းသာညိတ်ပြသည်။
"ကိုဇက်...Say something"
ပြန်မော့ကြည့်လာသော ကိုဇက်မျက်ဝန်းများတွင် ပျော်ရွှင်မှုတွေ ကခုန်နေ၏။ ကျွန်တော်လှိုက်ဖိုမောသွားသည်။
တစ်စုံတစ်ခုကိုစိုးတထိတ်ထိတ်နဲ့ ကျွန်တော့်အဖြစ်က Hunting Houseထဲ ဝင်နေသလို။
ရှေ့မှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာတွေ ရှိနေတယ်ဆိုတာ သိပါရက်နဲ့ လမ်းဆုံးရောက်အောင်မသွားလို့
မရတော့သည်နှင့်အလား သဏ္ဌာန်တူလွန်းလှသည်။
"ကိုဇက်ဘာလဲဗျာ၊ သေသေချာချာပြော"
"ညီ...Later! Ok "
ကိုဇက်ကိုမျက်နှာလွှဲရင်း ရှေ့ဆီသို့တစ်ခါ ပြန်ကြည့်မိသည်။ သူမကတော့ ရှေ့မှလူကြီးနှင့်အေးအေးလူလူ
စကားပြောနိုင်နေသည်။ သိမ်မွေ့မှုတစ်ခုကို ငေးမောရင်း ကျွန်တော့်ရင်ကို ခပ်ဖွဖွဖိကြည့်တော့ နာလိုက်တာ။
ဒီလောက်ထိရုံလေးနဲ့တင် ဘာလို့ဒီလောက်နာနေရတာလဲ။
"သူ့နာမည်က စောမဟာဦး တဲ့"
Keyboardပေါ်မှ ခပ်သွက်သွက်လှုပ်ရှားနေသော လက်ချောင်းများ အကြောသေသွား၏။
LEDမီးရောင်ထိန်ထိန်ညီးနေသော အခန်းတွင်း ကိုဇက်မျက်နှာကိုမသိမသာ ခိုးကြည့်ရတာ မလွယ်လိုက်တာ။
"မနက်က Noonaကိုပြောတာလား၊ ကိုဇက်က ဘယ်လိုလုပ်ပြီး နာမည်တောင်သိသွားတာလဲ"
"သူနဲ့တွေ့တာ ဒီမနက်ကနဲ့ဆို ၃ကြိမ်ရှိပြီလေ"
"ကိုဇက်နဲ့ကျွန်တော် အချိန်တိုင်း အတူတူရှိနေတာကို ကျွန်တော်က ဘာလို့ခုမှတွေ့ဖူးရတာလဲ"
"အင်း...အဲ့ဒါလည်းတိုက်ဆိုင်တာ...ပထမဆုံးတွေ့ဖူးတာက တီဆွေ့ကိုသွားကြိုတုန်းက၊ အဲ့တုန်းကညီ
နေခဲ့တယ်လေ ၊ နောက်တစ်ခါကလည်း ညီ မမချိုနဲ့လိုက်သွားပြီး ကိုက မိုးပြည့်ဆိုင်ကိုအရင်သွားနှင့်
တုန်းက သူက အဲ့မှာဖုန်းလာပြင်တာ ၊ သူ ကို့ ကိုမှတ်မိနေတယ် ၊ ကို့နာမည်ကိုပါသိနေတာ။"
"စကား...ပြောဖြစ်သေးလို့လား၊ နာမည်သိနေတယ်ဆိုတော့..."
သေလုမျောပါးဖြစ်နေသူလို စကားတွေကခပ်လေးလေး။ ကိုဇက်ကတော့ ကျွန်တော်နဲ့ဆန့်ကျင်ဖက်ပဲ
"မပြောဖြစ်ဘူး ၊ airportမှာ ဒီပါတို့နဲ့တွေ့တော့ ဒီပါတို့က ကို့နာမည်ခေါ်လိုက်တာ၊ အဲ့ဒါ သူမှတ်မိ
လား မမှတ်မိလားသိချင်လို့ ဒီနေ့ကော်ဖီပေါ်မှာ ကို့နာမည်ရေးခိုင်းလိုက်တာ၊ Zဆိုတာကိုလည်းတွေ့ရော
ချက်ချင်းကိုမော့ကြည့်လာတာ။"
"ဒီတော့ ကိုဇက်ကဘာဆက်လုပ်မယ်စိတ်ကူးလဲ"
"ကို တော်ရုံစိတ်မဝင်စားတတ်တာ ညီလည်းသိတာပဲ၊ ဒါကြောင့်လည်း နှစ်ခေါက်လောက်တွေ့ဖူး
တာတောင် မေ့မေ့ပျောက်ပျောက်ထားခဲ့တာ၊ ဒါပေမဲ့ဒီနေ့သူ့ကိုတွေ့တော့ ကို တကယ်ပျော်သွားတယ်၊
ဒါမိတ်ဟောင်းဆွေဟောင်းပြန်တွေ့လို့ပျော်တာ မဟုတ်တာတော့ သေချာတယ်"
"ဘာလို့ပထမနှစ်ခါတွေ့တာကို မေ့မေ့ပျောက်ပျောက်ထားခဲ့တာလဲ"
"ကိုယ်တိုင်ဆန်းစစ်ကြည့်နေတာ"
"ခု...ခုကသေချာသွားလို့လား"
"ဆိုပါတော့၊ ဒီနေ့ ရင်လည်းခုန်နေတယ်၊ တွေ့တော့လည်း သာမာန်ထက်ပိုပြီးပျော်နေတယ်လေ"
ခေါင်းငုံ့လျက် laptop screenနဲ့မျက်နှာကိုကွယ်ထားလိုက်သည်။ တွက်လက်စစာရင်းတွေ Budget planningတွေ အားလုံး ဝေဝေဝါးဝါးဖြစ်ကုန်၏။ ဟား...ဘာလို့ အသက်က ရုတ်တရက်ကြီးရှုလို့မဝတော့
တာလဲ။
"ညီ"
"ဟင် ! ပြောလေ"
Keyboardသံတဖြောက်ဖြောက်ကြားမှ ပြန်မေးလာသော ညီ့တုံ့ပြန်မှုကို တကယ်အားမရဘူး။
ကျွန်တော့်ကို လုပ်ချင်တာလုပ်ဆိုသည့် ပုံစံနှင့်ပစ်ထားတယ်လို့ထင်တယ်။ ဒါတော့ကျွန်တော်မခံစားနိုင်ဘူး။
"ညီ...ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှပြောစရာမရှိဘူးလား"
"ဘာပြောစရာလိုတော့လို့လဲဗျာ၊ ကိုဇက်ကသေချာပြီဆို စလိုက်တော့ပေါ့။"
"ညီက..."
ဆက်မပြောဘဲခဏရပ်သွားပြီးမှ
"အမှန်တော့ ကိုက ညီ့ကို အကူုအညီတောင်းချင်လို့"
"ကျွန်တော်ကူညီပေးမှာပါ"
ပြတ်တောင်းပြတ်တောင်း ထွက်လာသော ညီ့အသံ၊ မရတော့ဘူး။ တော်ပြီ။
ထိုင်ရာမှထကာ Laptopအဖုံးကို ပိတ်လိုက်လိုက်တော့ အံ့သြတကြီးမော့ကြည့်လာသောညီ။
ဘေးတိုက်ဖြစ်နေသော ဘီးတပ်ကုလားထိုင်ကို ကျွန်တော့်ဖက်ဆွဲလှည့်လိုက်ပြီးမှ
"ဒီမှာကြည့်ညီ၊ ကို ဘယ်သူနဲ့မှမတွဲဖြစ်ဘဲ တစ်ယောက်တည်းနေလာရတာ လွန်ခဲ့တဲ့ငါးနှစ်တည်းက
အခုကိုနဲ့အဆင်ပြေလောက်တယ်လို့ထင်တဲ့လူတွေ့နေပြီ" ဟူ၍ အလောတကြီး ရှင်းပြနေမိသည်။
"အင်း...ကျွန်တော်ဝမ်းသာပါတယ်"
"ဟင့်အင်း ဒါညီဝမ်းသာတဲ့ပုံစံမဟုတ်ဘူး၊ ကိုသိတယ်၊ ညီစိတ်မကောင်းဖြစ်နေတာ"
အပေါ်စီးမှနေ၍ငုံ့မိုးကြည့်ကာ ပြောလာသူ။ ဒီအခြေအနေကို ရုန်းထွက်ချင်ပေမယ့် လက်ကိုင်တန်းပေါ်
ခါးကိုင်းကာ လက်ထောက်ထားသဖြင့်ထိုင်ခုံပေါ်က ကျွန်တော့်ကို ချောင်ပိတ်ဖမ်းထားသလိုဖြစ်နေ၏။
အသက်ရှုတွေ ကျပ်လိုက်တာ။ ဝန်ထမ်းအားလုံးပြန်ကုန်ပြီမို့လို့သာ တော်တော့တယ်။ နို့မို့ဆိုခုအနေ
အထားကို တစ်မျိုး ထင်သွားနိုင်တယ်လေ။ ကျွန်တော်တို့နှစ်ယောက်အတွက်က သာမာန်လိုဖြစ်နေပေမယ့်
"ညီ"
အဖြေမရှိသော ကျွန်တော့်အားနောက်တစ်ကြိမ်ထပ်ခေါ်လာ၏။
"ကျွန်တော်တကယ်ဘာမှမဖြစ်ပါဘူးဆိုဗျာ၊ ဖယ်ဗျာ"
"ညီဘာမှမဖြစ်ဘူးဆိုလည်း ကိုယ်ပြောတာနားထောင်၊ အခု အဆင်ပြေလို့တွဲကြည့်ဖို့စဉ်းစားတာ ဟုတ်တယ်။
ကိုရင်ခုန်သလိုရှိတာလည်း မှန်တယ် ၊ ဒါပေမဲ့ ဒီကိစ္စက ညီနဲ့ကို့ကြားမှာ ဘာမှခြားနားသွားမှာမဟုတ်ဘူး။
ကို့ကြောင့် ညီစိတ်မညစ်စေရဘူး။"
"I see! ကျွန်တော်ပြန်ချင်နေပြီ။"
"စာရင်းတွေရော ပြီးပြီလား"
"အင်း...လချုပ်တော့ပြီးပြီ၊ လစာတွေကို မနက်မှပဲ စာအိတ်ထဲထည့်တော့မယ်"
"ဒါဆိုလည်းပြန်ရအောင်၊ တော်တော်တောင်နောက်ကျနေပြီ၊ ဇက်တွေကောညောင်းနေတယ်မလား"
ဇိုင်းဇက်ဆိုသည်မှာ အဖြေစောင့်ရိုးထုံးစံမရှိ။ ပြောရင်း လက်ချောင်းတွေက ကျွန်တော့်ဂုတ်ပိုးပေါ်
ရောက်လာ၍ တစ်ချက်နှစ်ချက်ပင် စူးခနဲဖြစ်နေပြီ။ တော်တော်လက်ပေါက်တယ်။သူနှိပ်ပေးနေကြမို့
လားမသိ တခြားလူလာနှိပ်ပေးရင်တောင်တိုးမပေါက်တော့။
"တော်ပြီ၊ မနှိပ်နဲ့တော့။"
"တင်းနေသေးတယ်ညီရ"
"တော်ပြီဆိုဗျာ"
ဒါတောင် မျက်ခုံးနှစ်ခုကြားကိုလက်ညိုှးနှင် လက်မလာထာက်ကာ မျက်ရိုးတွေပါဖွဖွလေးလာနှိပ်ပေးနေသေး၍
"တော်တော့ဆိုဗျာ" ဟူ၍ထရပ်တော့မှ ရပ်သွားတော့သည်။
"တစ်ခုခုစားဦးမလားညီ"
"မစားချင်တော့ဘူး၊ အိပ်ပဲအိပ်ချင်နေတယ်"
"သီချင်းဖွင့်ပေးရမလား"
"မဖွင့်နဲ့"
"ညီမှန်တွေတင်လိုက်၊ အအေးမိနေမယ်"
"ဟင့်အင်း လေရှုချင်လို့"
ပြတင်းပေါက်ဘောင်ကို လက်တင်ကာ YGN၏ည၁၀နာရီကျော်အလှကိုခံစားနေလေရဲ့။လေနဲ့အတူ
လွင့်လာတတ်တဲ့ ညီကိုယ်သင်းနံ့နဲ့ရောနေသော ပန်းသီးစိမ်းရေမွှေးနံ့။
ညီပူပန်နေတာ ကျွန်တော်သိတယ်။ အမှန်တော့...ကျွန်တော်လည်း နည်းနည်းစိတ်လေးတယ်။
ကျွန်တော်နဲ့ညီ့ကြားမှာ နောက်ထပ်အမျိုးသမီးတစ်ယောက်ဝင်လာရင် ဘာတွေဖြစ်သွားနိုင်မလဲ။
အမြဲတပူးပူးဖြစ်နေသောညီနဲ့ကျွန်တော့်ကို မမချိုနားလည်ပေးထားသလို မဟာ ကရောလက်ခံပေးပါ့မလား။
Bạn đang đọc truyện trên: ZingTruyen.Xyz