ZingTruyen.Xyz
ညီ
Epi4
HsuChiKo365
တွေ့ဆုံခြင်း
ပြန်လာတာ""
လူလေ။ကိုဇက်နဲ့ကျတော်တောင်ဒီပြန်ရောက်ခါ
တာပဲ""
""အာာမောင်ဒီနေ့သင်ပေးရမယ့်အတန်းကဖျက်
လို့မရလို့""
တွေ။မလုပ်ချင်ပါပဲနဲ့ အခြေအနေအရပ်ရပ်ကြောင့်
တွေအားးပြန်လည်ထူထောင်ပေးထားသော
NGOအဖွဲ့က အတိုင်ပင်ခံလေ။ပြီးတော့သူကိုယ်
တိုင်ကလည်း မုန့်လုပ်နည်းသင်တန်းနှင့်ကော်ဖီ
နယ်ပယ်မှာဆရာလေးဗျ။ကျတော်နဲ့မမချိုကတော့ သူလုပ်သမျှပါရမီလိုက်ဖြည့်ပေးရတာထုံးစံ။
ကြီး၏ဌာနီပြန်ခရီးကိုသွားမကြိုရသဖြင့်ကျတော့်အားတတွတ်တွတ်မှာတမ်းခြွေနေဆဲ။
ကျတော့် သင်ပေးရမယ့်အတန်းကဖျက်လို့မရလို့
သေချာပေးနော်။""
""မောင်ရယ်~~ရပါပြီ။အိမ်မှာတည်းကပြောနေ
""မမချိုကျတော့်ကိုနားလည်ပြီမလား?ညီနဲ့နေရ
မနေနဲ့။Parli Kar Par""
Airportထဲရောက်မှသူအစောကြီးစောနေမှန်းသိတော့၏။
လေယာဉ်ကွင်းထဲတွင်ကျတော့်အရပ်တစ်ဝက်
ယောင်တောင်ပေါင်တောင်ဖြစ်နေသောကျတော့်
အားကောင်မလေးများပြုံးစိစိနဲ့ကြည့်သွားတိုင်း--
စိတ်တွေကတဖွားဖွား။
မျိုးကောင်းလေးကျတော့်ကို ဆေးပုလင်းအကြီး
ကျိချိတ်လွှတ်လိုက်တာ။ငါနော်---
ရပ်နေ၍မဖြစ်တော့။ကြာတော့ကျတော်ရှက်လာ
ပတ်ဝန်းကျင်ကိုစူးစမ်းစဉ်ကျတော့်ရေဒါထဲဝင်လာ
လေးအများစုကကျတော့်အဲ့လိုပြုံးပြလိုက်ရင်ဆံစ
တောင်ဖျားများကိုတစ်ချက်သိမ်းခါရင်း ဘေးမှပဂ္ဂိုလ်ကိုခေါင်းခါ
သော်လည်း မျက်စိထဲရိုးလွန်းမနေပဲ ထက်ထက်
အမြုတေပဲ။ကျတော့်တို့အသိုင်းအဝိုင်းမှာက ဆံပင်မူရင်းအရောင်ကိုတောင်မေ့တေ့တေ့ဖြစ်နေ
ကြတာများနေပြီလေ။
""Excuse me""
*
*
*
""မဟာ့အသိလား?""
""မဟုတ်ပါဘူး""
ပျက်စွာကြည့်မိသည်။
ခံပေးနေသည်လေ။
၅'၁၁"လောက်ရှိနေသောအရပ်အမောင်းနဲ့ဆွဲငင်
စံမဟုတ်ပဲ မြန်မာဆန်သောအသားအရည်နှင့်
ယောကျာ်းပီသဟန်။ယခုလည်းဘေးမှ Tourist
လေ
""လာ--မဟာ သွားရအောင်""
""ဟဲ့Z""
ဆက်တာ""
""ဘယ်သွားမှာလဲ""
ကောင်းကောင်းရော?""
ရယ်ရင်း
""ဘာလို့လဲ""
လေ""
တွေပဲလေ။
""ငါတို့ တီဆွေလေ""
""အာာာ နင့်အဒေါ်လားကောင်းကောင်းအဒေါ်
လားမသဲကွဲတဲ့ တီဆွေ။ပြန်လာပြီလား?""
""အင်းးဟုတ်တယ်။အပြီးပြန်လာတာ။တီဆွေ့က
ငါ့အဒေါ်အရင်းပါ""
ထင်နေတယ်။ကဲပါ စောင့်လိုက်ပါအုံး။ဟိုမှာ
ဆင်းလာနေကြပြီ""
""ငါတို့သွားပြီနော်Z""
ထဲရောက်လာသောသူ၏ချစ်လှစွာသောတီဆွေကို
ကျတော့်မှာအကျိုးအကြောင်းအားတရှည်တဝေး
ရှင်ပြပေးပြီး ကျတော့်ဒုက္ခပေးထားသောအရုပ်
မဆုံးတပြုံးပြုံး။
တဲ့မင်းပဲကောင်းတယ်။
လမ်းတလျှောက် ကောင်းကောင်းအကြောင်းမေး
ကုံးပြောနေတုန်း ကျတော့်ဘေးမှ ဖြတ်သွားသော
မဟာဆန်သူ။ကျတော့်ကိုတောင်သတိမထားမိပါ
ကြီးအားပြောဆိုရှင်းပြရင်းသွက်လက်စွာဖြတ်
ကျော်သွားလေရဲ့။
Floderတစ်ခုအနေနဲ့ Shortcutတင်ကာ
ရင်ခုန်ခြင်း
မဟုတ်ပဲမောင့်ဖုန်းလဲချင်လို့လိုက်လာတာပေါ့""
ရင်shoppingထွက်ပေါ့။""
ချင်းတွေတွေ့ရင် စကားကတော်ရုံနဲ့မပျက်ဘူး""
""အင်းးးဒါဆိုအဲ့လိုလုပ်မယ်။မ,လည်းမကြာပါဘူး
သွားမယ်လေ။မောင် ဆိုင်ပြန်ရအုံးမှာ။ကိုဇက်
ကျတော့်ဆော့နေကျgameတွေထည့်ထားပေး
နော်။""
""okok""
ကိုကြည့်ပြီးZသက်ပြင်းငွေ့ငွေ့ပအလိုလိုချမိသည်
၅နှစ်ကျော်နေပြီဖြစ်သော်လည်း တခါတခါရင်ထဲ
ကနာတယ်။
""ဟာ Z!!ကောင်းကောင်းရော""
ရင်တော့မသိဘူး""
""Zလည်းကောင်းကောင်းဂျစ်နဲ့ခြစ်နေတာပဲခံမ
ပေါ့""
သင့်တယ်""
""နေပါကွာ။ကဲပြအုံး7ကို။ညီမလာခင်ကြည့်ထား
ရမှာ""
""Handsetပြင်ချင်လို့""
အဆမှန်ကန်ကြောင်းZသဘောတူလိုက်ရပြီ
မျက်ဝန်းနက်နက်များတွင်လည်းကျတော့်အား
သွားသလိုလို။သို့ပေမယ့်ခဏမျှသာ။မဟာဆန်စွာ
မေး၏။
""ရတာတော့ရတယ်။ဒီModelကတော်တော်
ကျတော်ကတော့ပြင်နေမယ့်အစားအသစ်ပဲလဲ
""နေပါစေ။ဒီဟာသာပြင်ပေးပါ။""
""ဟုတ်ကဲ့အစ်မ။နင်ဖြန်နေ့ခင်းလောက်ကျတော်
""ဟုတ်ကဲ့""
""ဒါဆိုထားခဲ့ပြီနော်""
လှည့်ထွက်ခါနီးလေးကျတော့်ထံအကြည့်ရောက်
လာသည်။တကယ့်ခဏလေးပေမယ့်ကျတော်ပြုံး
ပါ။
""ဘာလဲZနဲ့သိတာလား?""
""ဘာလဲဇက်ရ။သိရင်သိတယ်ပေါ့""
လောက်ကပဲ""
မလား?""
""ဒါဆိုမေးလေ။နာမည်ကဘာလဲ။ညာလဲ။ph no""
ကျတော်ခေါင်းခါပြတော့မိုးပြည့်အံ့သြသွားပြန်၏
လူတောင်ရှက်သွားတယ်""
""Next timeပေါ့""
""ဆိုပါတော့""
ပြောပြမယ်ကွာ""
""မိုးပြည့်တော်တော့။ဟိုမှာညီလာနေပြီ""
""အင်--ဘာမှလည်းမဆိုင်ဘူး""
ဆိုင်ထဲရောက်သည်နှင့်လက်ထဲမှအထုပ်များကို
""အိုးးးThank""
ရေသောက်ပြီးမှZလည်း
ကျတော့်ကိုအထုပ်တွေအပ်ထားခဲ့ပြီးသွားတယ်။"
"မသိပါဘူးဗျာာာာာ"
""ဟားးခေတ်သစ်ချစ်ဒုက္ခဆိုတာဒါတွေပဲကွ။
အောင်လိုက်ပေတော့ပဲ""
""အာာာမိုးပြည့်ရာ။ဖုန်းပြပါကွ။ဘာတရား
လာဟောနေတာလဲ?""
""အေးပါ။ရော့""
ဖုန်းကိုပြကာသူ့ဖက်လှည့်မေးလာသူ။
""ညီသဘာကျတယ်မလား။နောက်အပတ်+ရောက်မှာတဲ့။+စောင့်အုံးမလားဒါပဲယူမလား""
""အင်းးးဒါပဲယူပါတော့မယ်။ကိုဇက်လည်းသ
ဘောကျတယ်ဆိုတော့။Gameတွေရော?""
""အားလုံးထည့်ပေးထားတယ်ဆရာသမား""
Checkထုတ်ကာလက်မှတ်ထိုးပေးနေစဉ်
""ဘာလဲ??ဒီတစ်ခါလည်းZဝယ်ပေးတာလား?"
စာရွက်ကိုဖြဲကာမိုးပြည့်ကိုကမ်းပေးရင်းခေါင်း
လေးတွေရောက လုံးဝလက်ဖျားခါတယ်ဟူသော
ပုံစံတွေနှင့်ကျတော့်ကိုဝိုင်းကြည့်သည်။ပြီးတော့
ကျတော့်လက်ထဲကိုင်ထားသော Sony phလေးကိုကြည့်ပြီးသနားသလိုလိုနဲ့။
ကျတော်လိုချင်တာက ဖုန်းမှမဟုတ်တာ။ညီ့စိတ်
ကတည်းကပါလာသလိုမျိုး။ပေးလိုက်ရတဲ့ငွေတွေ
မနည်းတာကျတော်သိတာပေါ့။ဒါပေမယ့်ညီ
စိတ်ချမ်းသာနေတာပဲကျတော်ပိုမြင်တယ်လေ
ကိုလက်မခံလို့Phမယူရင်သူ့လုပ်ငန်းသစ်ထဲမပါ
""ပေးလေညီ။ကို သယ်ပေးမယ်""
""နေ--ရတယ်။မလေးဘူး""
သယ်ပေးမယ်ဆိုတာကိုလက်မခံပဲ စောင်းတန်း
လားမပြောတတ်။
Thank You All
(>As you see new characters appear!So pls keep tracking our characters ^_€
မထင်ဘူးမလား??ဟုတ်တယ်ဟုတ်??ပြောကြည့်ပြောကြည့်။
(Unicode)
/
/
/
အပိုင်း (၄)
တွေ့ဆုံခြင်း
"ကိုဇက်...တီဆွေကို သေချာရှာနော်။ အခုမှ ပြန်ရောက်တာဆိုတော့ ယောင်ချာချာဖြစ်နေမှာ"
"ညီ! ဟိုက USကနေပြန်လာမှာနော်၊ တောကတက်လာမှာ မဟုတ်ဘူး၊ ပြီးတော့ ကိုယ့်နိုင်ငံကိုယ်
ပြန်လာတာ"
"ဘယ်ကလာလာ ဟိုမှာ ၁၅နှစ်ကျော်နေလာရတဲ့လူလေ၊ ကိုဇက်နဲ့ ကျွန်တော်တောင် ဒီပြန်ရောက်စက
တောင်မသွားတတ်မလာတတ် ဖြစ်ကြသေးတာပဲ"
"ကဲပါမောင်ရယ်၊ မောင်ဒီလောက် စိတ်မချနေလည်း မောင်ကိုယ်တိုင်လိုက်သွားလေ"
"အာ မောင်ဒီနေ့သင်ပေးရမယ့် အတန်းက ဖျက်လို့မရလို့"
အနှီပိကျိလေးက လူကုန်ကူးခံရသော မိန်ကလေးတွေ။ ဆန္ဒမပါဘဲနဲ့ အခြေအနေအရပ်ရပ်ကြောင့် sex
workers ဖြစ်သွားရရှာသော မိန်းကလေးတွေကို ပြန်လည်ထူထောင်ပေးထားသော NGOအဖွဲ့ဝင်အဖြစ်
မုန့်လုပ်နည်းသင်တန်းနှင့်ကော်ဖီ ဖျော်နည်းသင်တန်းတွေပေးသေး၏။
မြန်မာထမင်းဟင်းချက်နည်းသင်ပေးပြီးကလေးမလေးသုံးယောက်လောက်ကို ထမင်းဆိုင်ပါဖွင့်ပေးထား
လိုက်သေး။ ကိုယ်ကသာ သူ့ကိုကလေးလိုထားတာသူက,သူ့ နယ်ပယ်မှာဆရာလေးဗျ။
ကျွန်တော်နဲ့မမချိုကတော့ သူလုပ်သမျှပါရမီလိုက်ဖြည့်ပေးရတာထုံးစံ။
ခုလည်းသူ့သင်တန်းဖျက်မရ၍ သူ့အသည်းကျော်ကြီး၏ဌာနီပြန်ခရီးကို သွားမကြိုရသဖြင့် ကျွန်တော့်အား
တတွတ်တွတ်မှာတမ်းခြွေနေဆဲ။
"ကိုဇက်...တီဆွေ့ကိုတွေ့တာနဲ့ပေးနော်၊ ကျွန်တော် သင်ပေးရမယ့် အတန်းက ဖျက်လို့မရလို့
လာမကြိုဘူးဆိုတာကို သေချာပြောနော်၊ သိလား၊ ထည့်ပေးလိုက်တာတွေလည်း သေချာပေးနော်"
"မောင်ရယ်...ရပါပြီ၊ အိမ်မှာတည်းကပြောနေတာတွေကို...အဘိုးအိုပေါက်စလေးနဲ့တူနေပြီ"
"မမချိုကျွန်တော့်ကို နားလည်ပြီမလား။ ညီနဲ့နေရတာ ဘယ်လောက်နားပူရသလဲဆိုတာ"
"ကိုဇက်...အဖော်ညှိပြီး သက်သေရှာ အယူခံဝင်မနေနဲ့ဗျာ ။Parli Ka (မြန်မြန်သွားပါ)"
ကောင်းကောင်း လေဆိပ်ကြိုအမှာတော်ဋီကာကြီးကို နားမခံနိုင်တော့၍သာ ထွက်လာရတာ
Airportထဲရောက်မှ အစောကြီးစောနေမှန်းသိတော့၏။ လေယာဉ်ကွင်းထဲတွင် ကျွန်တော့်အရပ်တစ်ဝက်
ကျော်သောTedddy Bearရုပ်ကြီးပိုက်ကာ ယောင်တောင်ပေါင်တောင် ဖြစ်နေသော ကျွန်တော့်ကို
ကောင်မလေးများ ပြုံးစိစိနဲ့ကြည့်သွားတိုင်း...ကောင်းကောင်းကိုသာ ဆွဲဖက်ညှစ်သတ်ပစ်ချင်စိတ်တွေက
တဖွားဖွား။
မျိုးကောင်းလေးကျွန်တော့်ကို ဆေးပုလင်းအကြီးကြီးချိတ်လွှတ်လိုက်တာ။ ငါနော်...ရပ်နေ၍မဖြစ်တော့။
ကြာတော့ ကျွန်တော်ရှက်လာတယ်ဗျ။ ဒါနဲ့ဧည့်ကြိုခုံတန်းလေးမှာပဲသွားထိုင် စောင့်နေလိုက်ရတော့တယ်။
ပတ်ဝန်းကျင်ကို စူးစမ်းစဉ်ကျွန်တော့် ရေဒါထဲဝင်လာတာက ရင့်ကျက်စအလှတစ်ပါး။ အသက်အားဖြင့်
၂၅နှစ်လောက်တော့ရှိလောက်ပြီ။ မျက်လုံးချင်းဆုံတိုင်း သိသိမသိသိ ပြုံးပြတတ်တဲ့ အကျင့်က
ဒီတစ်ကြိမ်လည်းမပျောက်ပါ။ ကောင်မလေးအများစုက ကျွန်တော့်အဲ့လိုပြုံးပြလိုက်ရင်ဆံစလေး
နားနောက်သိမ်းကာ ခေါင်းငုံ့သွားတတ်ကြသော်လည်း မဟာဆန်နေသူက ထိုသို့မဟုတ်။
က္ကန္ဒြေတစ်ခုပါသော မျက်ဝန်းများနှင့်ပင်မျက်တောင်ဖျားများကို တစ်ချက်သိမ်းခါရင်း ဘေးမှ
ပုဂ္ဂိုလ်ကိုခေါင်းခါလျက်တစ်စုံတစ်ခုရွတ်ဆိုနေ၏။ ဒါတော့ ဂါထာအသစ်ပဲ။ ပုံစံကြည့်ရုံနှင့်ပင် အဆင့်အတန်း
တစ်ခုနှင့် နယ်ပယ်တစ်ခုမှ ပညာရှင်တစ်ယောက်မှန်းသိနိုင်သည်။ မြန်မာဝတ်စုံကို ဆင်မြန်းထားသော်လည်း
မျက်စိထဲရိုးလွန်းမနေဘဲ ထက်ထက်မြတ်မြတ်ရှိနေပုံနှင့် ကြည့်ကောင်းလွန်းနေသည်။
ရှိရင်းအသက်ထက်ပိုသောတည်ငြိမ်ရင့်ကျက်မှုများနှင့် ခပ်တင်းတင်းစေ့ထားသောနှုတ်ခမ်းပါးက
မာနတရား၏ အမှတ်တံဆိပ်လား။ ပိတုန်းရောင်ကေသာရှည်ကြီးကတော့ ဒီဘက်ခေတ်ရဲ့ရှားပါးအမြုတေပဲ။
ကျွန်တော့်တို့အသိုင်းအဝိုင်းမှာက ဆံပင်မူရင်းအရောင်ကိုတောင်မေ့တေ့တေ့ ဖြစ်နေကြတာ များနေပြီလေ။
"Excuse me"
ဆိုသည့်အသံကြောင့်အတွေးစများ ဖြတ်ချကာ သဘောကောင်းပုံအပြည့်ပေါ်နေသောTouristကြီးထိုင်ဖို့
ဟိုကျေးဇူးရှင်လေး၏Teddy Bearကြီးကို ထိုင်ခုံမှ ဖယ်ပေးလိုက်ရတော့၏။
"မဟာ့အသိလား"
"မဟုတ်ပါဘူး"
"မသိပဲနဲ့များ ရင်းရင်းနှီးနှီးပြုံးပြနေသေးတယ်။ အခုခေတ်ယောကျာ်းလေးတွေ သိပ်ရောတယ်"
မိန်းမကြီးတစ်ယောက်လို တစ်ဖက်သားအား ဝေဖန်ပြောဆိုနေသော ကိုဇော်ဌေးအား မဟာ စိတ်ပျက်စွာ
ကြည့်မိသည်။ အကြည့်ချင်းဆုံမိသွားသော ထိုကောင်လေးသည် ကိုဇော်ဌေးပြောသကဲ့သို့ သက်သက်ကြီး
ကြောင်နေခြင်းမဟုတ်မှန်း သူ့ရှင်းသန့်သန့်အပြုံးက အာမခံပေးနေသည်လေ။
၅'၁၁"လောက်ရှိနေသော အရပ်အမောင်း၊ ဆွဲငင်ညို့ယူခြင်းကင်းသော အကြည့်ကြည်ကြည်နှင့်သူက
အဆင့်အတန်းတစ်ခုမှာ ရှိနေသည်မှန်းသိသာသည်။ ယခုခေတ်ကောင်လေးတွေလို ဖြူဖြူနွဲ့နွဲ့ပုံစံမဟုတ်ဘဲ
မြန်မာဆန်သော အသားအရည်နှင့်တိကျသေသပ်သော မျက်နှာကျတို့နှင့်သူကယောကျာ်းပီသဟန်။ယခုလည်း
ဘေးမှ Touristကြီးနဲ့စကားလက်ဆုံကျနေပုံကိုကြည့်ခြင်းဖြင့်ခေတ်နဲ့ညီသော ပညာအဆင့်အတန်းတစ်ခုခုကို
ပိုင်ဆိုင်ပြီးနေသူမှန်း သိသာစေသည်။ မဟာ,အကဲခတ်နေစဉ်မှာပင် ဆိုက်ရောက်ကြောင်းကြော်ငြာသံ
ထွက်ပေါ်လာ၍ဘေးမှ Touristကြီးကိုနှုတ်ဆက်စကားဆိုရင်း လိပ်စာကတ်တွေပင်လဲနေကြ၏။
ဒါသည်ကလည်း အလုပ်လက်မဲ့မဟုတ်ဘဲ ရာထူးတစ်ခုကို ပိုင်ဆိုင်ထားသူမှန်း သိသာသောအချက်လေ
"လာ...ဟိုမှာ ထွက်လာကြတော့မယ်။ သွားရအောင် မဟာ"
ကိုဇော်မင်းဌေးသတိပေးမှ ဧည့်သည်တွေအားသွားကြိုရမည့် နေရာဆီသို့အပြေးလေးရောက်သွားရ၏။
ခဏကြာ ဘေးသို့ရောက်လာသော ရင်းနှီးနေသော အရိပ်နှင့် ခပ်သင်းသင်းရေမွှေးနံ့ကြောင့်မော့ကာ
ငဲ့ကြည့်တော့ အပြုံးများနှင့်ခေါင်းညိတ်ကာ ပြန်နှုတ်ဆက်လာသောသူ။
"ဟဲ့ ဇက်"
"ဟာ...ဒီပါနဲ့မြတ်နိုး ဘယ်သူ့ကိုလာကြိုတာလဲ"
"မကြိုဘူး၊ ငါတို့သွားမှာ၊ နင့်ကိုတွေ့လို့လာနှုတ်ဆက်တာ"
"ဘယ်သွားမှာလဲ"
"ဘန်ကောက်တင်ပါ၊ Shoppingထွက်ချင်လာလို့၊ ဒါနဲ့ကောင်းကောင်းရော"
"သူသင်ပေးနေရတဲ့ အတန်းရှိနေလို့ကျန်ခဲ့တယ်၊ ငါ့မှာ သူပေးလိုက်တဲ့ အရုပ်ကြီးနဲ့တွေ့တဲ့တိုင်းပဲ"
သူငယ်ချင်းမလေးနှစ်ယောက်က သဘောတကျရယ်ရင်း
"Whatever,ဓာတ်ပုံတော့ရိုက်ထားရမယ်"
"ဘာလို့လဲ"
"သြော် နင့်ဘေး ကောင်းကောင်းမရှိတဲ့မြင်ကွင်းဆိုတာ မှတ်တမ်းတင်ပြီးပြတိုက်ပို့ရလောက်တယ်လေ"
မိန်းကလေးနှစ်ယောက်အပြောကိုခပ်ဟဟရယ်၍သာ တုံ့ပြန်လိုက်သည်။သူတို့ပြောတာလည်းအမှန်တွေပဲလေ။
"နင်က ဘယ်သူ့ကိုလာကြိုတာလဲ"
"ငါတို့ တီဆွေလေ"
"အာာ နင့်အဒေါ်လား ကောင်းကောင်းအဒေါ်လားမသဲကွဲတဲ့ တီဆွေ၊ ပြန်လာပြီလား"
"အင်း ဟုတ်တယ်၊ အပြီးပြန်လာတာ၊ တီဆွေ့က ငါ့အဒေါ်အရင်းပါဟ"
"ငါ့အမြင်တော့ ကောင်းကောင်းအဒေါ်လို့ပဲထင်နေတယ်၊ ကဲပါ စောင့်လိုက်ပါဦး ။ဟိုမှာဆင်းလာနေကြပြီ"
"ငါတို့သွားပြီနော်"
ဒီပါတို့နှစ်ယောက်ထွက်သွားတော့မှ ဘေးကိုကြည့်စဉ် မဟာဆန်သူကမရှိတော့။
မြင်ကွင်းထဲရောက်လာသော ချစ်လှစွာသောတီဆွေကိုဝမ်းသာအားရလက်လှမ်းပြရသည်။ အနားရောက်
လာသော တီဆွေ့ကို ပွေ့ဖက်ပြီးလူချင်းပြန်ခွါတာနဲ့တီဆွေ ပထမဆုံးပြောတဲ့စကားက
"ကောင်းကောင်းလးရော"တဲ့။
ကျွန်တော့်မှာ အကျိုးအကြောင်းအား တရှည်တဝေးရှင်းပြပေးပြီး ကျွန်တော့်ဒုက္ခပေးထားသောအရုပ်
ကြီးအား ငါ့လက်ကလွတ် ပြွတ်ဆိုပြီး တီဆွေ့လက်ထဲအင့်ခနဲထိုးထည့်ပေးတော့ တီဆွေကပျော်မော်
မဆုံးတပြုံးပြုံး။
"ကောင်းကောင်းလေးကလေ တီဆွေ့အကြိုက်ကိုခုထိမှတ်မိတုန်း" တဲ့။
အေးပါကွာ။ ချစ်မွှေးပေါတဲ့ မင်းပဲကောင်းတယ်။
လမ်းတစ်လျှောက် ကောင်းကောင်းအကြောင်းမေးလာသော တီဆွေ့အားစိတ်ပါလက်ပါနှင့်စီကာပတ်
ကုံးပြောနေတုန်း ကျွန်တော့်ဘေးမှ ဖြတ်သွားသော မဟာဆန်သူ။ကျွန်တော့်ကိုတောင် သတိမထားမိပါဘူး။
သူမဘေးမှ လုပ်ငန်းရှင်ဟန်နိုင်ငံခြားသားကြီးကို ပြောဆိုရှင်းပြရင်း သွက်လက်စွာဖြတ်ကျော်သွားလေရဲ့။
သြော်...ဒီလိုပဲတွေ့တာပေါ့လေလို့နှလုံးသွင်းကာFloderတစ်ခုဖွဲ့ Shortcutအနေဖြင့် Brainအပေါ်ယံပေါ်သာ
တင်ထားလိုက်တယ်။ ကြာရင်တော့ရှုပ်ပါတယ်လေဆိုပြီး recycle binထဲထည့်ဖြစ်မှာလေ။
ရန်ခုန်ခြင်း
"ဒါဆို မောင်က မ,ကိုshopping လိုက်ပို့တာ မဟုတ်ဘဲ မောင့်ဖုန်းလဲချင်လို့လိုက်လာတာပေါ့"
"အဲ့လိုမဟုတ်ဘူးလေ၊ မ,ကိုလိုက်ပို့ရင်း မောင့်ဖုန်းဝင်ယူတာ၊ ခုလည်းသက်သက်စီမှ မဟုတ်တာ
မရယ်၊ မောင်တို့နဲ့ ဖုန်းဆိုင်ခဏလိုက်ခဲ့လေ၊ ပြီးရင် shoppingထွက်ပေါ့။"
"မလိုက်ချင်ပါဘူးမောင်ရယ်၊ မောင်တို့သူငယ်ချင်းတွေတွေ့ရင် စကားကတော်ရုံနဲ့မပြတ်ဘူး"
"မောင် ဘယ်လိုလုပ်ပေးရမှန်း မသိတော့ဘူး"
ခေါင်းကိုအားရပါးရကုတ်ကာ နှဖူးပေါ်မှဆံပင်များကို လေနဲ့မှုတ်ထုတ်၏။
"ဒါဆို ညီဒီလိုလုပ်လေ၊ ညီက မမချိုနဲ့လိုက်သွား ကို က မိုးပြည့်ဆီဝင်ပြီးဖုန်းသွားယူပေးပြီးထည့်
သင့်တာတွေထည့်ထားပေးမယ်လေ"
"အင်း...ဒါဆိုအဲ့လိုလုပ်မယ်၊ မ,လည်းမကြာပါဘူး၊ ဒီဇိုင်းအသစ်တွေ ခဏလေ့လာပြီးတာနဲ့ မောင်နဲ့
ဖုန်းဆိုင်ကိုလိုက်ခဲ့မယ်လေ"
"အင်း အားလုံးအဆင်ပြေရင် ပြီးတာပါပဲ။ ဒါဆို သွားမယ်လေ။ ဒါပြီးရင် မောင် ဆိုင်ပြန်ရဦးမှာ၊ ကိုဇက်
ကျွန်တော့်ဆော့နေကျ gameတွေထည့်ထားပေးနော်"
"အိုကေပါခင်ဗျ"
ထွက်သွားပြီဖြစ်သော ညီတို့နှစ်ယောက်ကျောပြင်ကိုကြည့်ပြီး ဇက် သက်ပြင်းငွေ့ငွေ့အလိုလိုချမိသည်။
၅နှစ်ကျော်နေပြီဖြစ်သော်လည်း တစ်ခါတစ်ခါ ရင်ထဲကနာတယ်။
"ဟာ ဇက် ကောင်းကောင်းရော"
"မချိုနဲ့လိုက်သွားတယ်၊ ခဏနေလာလိမ့်မယ်"
"ဟိုနေ့က ဖုန်းဆက်ထားတဲ့အတိုင် I7ပဲမလား ၊ ဟိုနေ့ကတော့7+ထပ်ထွက်တယ်"
"အင်း 7လိုချင်တယ်လို့ပဲပြောလိုက်တယ်။ Plusကမင်းဆီလည်း မရောက်သေးဘူးမလား"
"နောက်တစ်ပတ်လောက်ရောက်မယ်၊ plusကိုစောင့်ချင် စောင့်မလားလို့"
"မသိဘူး၊ သူလာမှပဲမေးကြည့်တော့၊ လိုချင်တယ်ပြောတာတော့7ပဲ၊ဆိုင်ရောက်လာမှပြောင်းရင်တော့မသိဘူး"
"ဇက်လည်းကောင်းကောင်းဂျစ်နဲ့ခြစ်နေတာပဲခံမနေနဲ့တော့လေ၊ coupleလေးဘာလေးရှာတော့ပေါ့"
"နေပါမိုးပြည့်ရာ၊ ဒီအတိုင်းပဲကောင်းပါတယ်"
"ဘာလို့လဲ...င့ါမှာ ဒီပါ့သူငယ်ချင်းModelမလေးတွေရဲ့ဖုန်းနံပါတ်တွေရှိတယ်၊ တစ်ခေါက်လောက်တော့
မင်းလည်းကြိုးစားကြည့်သင့်တယ်"
"နေပါကွာ၊ ကဲပြဦး 7ကို၊ ညီမလာခင်ကြည့်ထားရမှာ"
"Handsetပြင်ချင်လို့"
အသံလာရာဆီအမှတ်မထင်ကြည့်မိတော့...အမှတ်တရရှိနေသူဖြစ်နေ၏။
ကိုယ်စိတ်ဝင်စားသူကိုမြင်ရချိန် မျက်ခုံး အနည်းငယ် ပင့်တက်သွားတတ်သည်ဆိုသော သိပ္ပံအယူ
အဆမှန်ကန်ကြောင်းဇက်သဘောတူလိုက်ရပြီ။
မျက်ဝန်းနက်နက်များတွင်လည်း ကျွန်တော့်ကို မှတ်မိနေသော အရိပ်အယောင်တွေဖြတ်ပြေးသွားသလိုလို။
သို့ပေမယ့်ခဏမျှသာ။ မဟာဆန်စွာမျက်နှာလွှဲလျက် ဝန်ထမ်းကောင်လေးအား
"ပြင်လို့အဆင်ပြေပါ့မလား" ဟုလေသံပြတ်နှင့်မေး၏။
"ရတာတော့ရတယ်။ ဒီModelကတော်တော်ကြာနေပြီဆိုတော့...နက်ဖြန်လောက်မှရမယ်နော်
ကျွန်တော်ကတော့ပြင်နေမယ့်အစားအသစ်ပဲလဲ လိုက်ပါလားလို့ အကြံပေးချင်တယ်"
"နေပါစေ၊ ဒီဟာသာပြင်ပေးပါ။"
"ဟုတ်ကဲ့အစ်မ၊ နက်ဖြန်နေ့ခင်းလောက် ကျွန်တော်ဖုန်းဆက်လိုက်ပါ့မယ်၊ ကိုယ်တိုင်လာမယူဖြစ်ရင်လည်း
ဘောင်ချာလေးထည့်ပေးလိုက်ပါ"
"အိုကေ မြန်မြန်လေးတော့လုပ်ပေးနော်၊ ဒါအစ်မအလုပ်ဖုန်းမို့လို့ပါ"
"ဟုတ်ကဲ့"
"ဒါဆိုထားခဲ့ပြီနော်"
လှည့်ထွက်ခါနီးလေးကျွန်တော့်ထံ အကြည့်ရောက်လာသည်။ တကယ့်ခဏလေးပေမယ့် ကျွန်တော်ပြုံး
ပြဖြစ်အောင်ပြုံးပြလိုက်သည်။ သူကတော့ပြန်မပြုံးပါ။
"ဘာလဲဇက် မင်းနဲ့သိတာလား"
မေးလာသောမိုးပြည့်ကို မဖယ်ကွာရသေးသော အပြုံးတွေနဲ့ခေါင်းညိတ်ပြပြီး
"အင်း...သိတယ်လို့ထင်တာပဲ" ဟုပြောတော့ မိုးပြည့်တစ်ယောက်အံ့သြသွား၏။
"ဘာလဲဇက်ရ။ သိရင်သိတယ်ပေါ့"
"ဟိုတစ်ခါ တီဆွေ့ကိုသွားကြိုတုန်းက ဆုံဖူးတာ၊ သိပ်တောင်မကြာသေးပါဘူး၊ လွန်ခဲ့တဲ့တစ်ပတ်လောက်ကပဲ"
"မှတ် မိနေတယ်ဆိုတော့ တစ်ခုခုတော့ထူးလို့ရနေပြီ"
"ဒီလိုပါပဲ၊ သူ့ပုံစံက ဒီဖက်ခေတ်မှာ တွေ့ရခဲတယ်မလား"
"ဒါဆိုမေးလေ၊ နာမည်ကဘာလဲ၊ ညာလဲ ဖုန်းနံပါတ်စသည်"
ကျွန်တော်ခေါင်းခါပြတော့ မိုးပြည့်အံ့သြသွားပြန်၏။
"ဘာလဲ၊ စိတ်မဝင်စားဘူးလား၊ ဒီမှာပြောချင်တဲ့လူတောင်ရှက်သွားတယ်"
"Next timeပေါ့"
"ခုဖူးစာကိုစစ်ကြည့်နေတာလား"
"ဆိုပါတော့"
"ရှားပါတယ်ဇိုင်းဇက်ရယ်။ ငါအကုန်သိတယ် ပြောပြမယ်ကွာ"
"မိုးပြည့်တော်တော့၊ ဟိုမှာညီလာနေပြီ"
"အင်...ဘာမှလဲ မဆိုင်ဘူး"
ဆိုင်ထဲရောက်သည်နှင် လက်ထဲမှအထုပ်များကိုပစ်ချပြီး ထိုင်ခုံပေါ်ခြေပစ်လက်ပစ်။
ဇက်ကပင်အလိုက်တသိရေခပ်တိုက်ရသည်။
"အိုး Thanks"
ရေသောက်ပြီးမှဇက်လည်း "မမချိုရော" ဟုမေးရက်တော့သည်။
"သူ့အဘွားဆေးရုံရောက်နေပြန်လို့တဲ့ ဖုန်းပြောပြီး ထွက်သွားတာပဲ၊ ကျွန်တော့်ကိုအထုပ်တွေ
အပ်ထားခဲ့ပြီးပြန်သွားတယ်"
"ဒီတစ်ပတ် ဘယ်သူFamily meetingသွားမတက်တာလဲကွာ"
"မသိပါဘူးဗျာ...''
သံရှည်ဆွဲပြောရင်း သူ့ဆံပင်နက်နက်တွေကို ပွသွားအောင်ဆွဲကုတ်ရင်း ပြောနေသော ညီ့ကိုကြည့်ပြီး
မိုးပြည့်က သဘောတကျထရယ်သည်။
"ဟား...ခေတ်သစ်ချစ်ဒုက္ခဆိုတာ ဒါတွေပဲကွ။ အရင်ခေတ်ကလိုအိမ်ရှေ့လျှောက်ပြန်သံပေးခြေ
အေးဝမ်းယောင်စရာမလိုတော့ပေမယ့်ဒီဖက်ခေတ်မှာ Shoppingထွက်ရင်တော့ခြေတိုအောင်လိုက်ပေတော့ပဲ"
"အာ...မိုးပြည့်ရာ ဖုန်းပြပါကွ။မောရတဲ့ထဲ ဘာတရားလာဟောနေတာလဲ"
"အေးပါ ဆရာသမားရယ်...ရော့"
"ကိုဇက်ရောဘယ်လိုသဘောရလဲ"
ဖုန်းကိုပြကာ ကျွန်တော့်ဖက်လှည့်မေးလာသူ။
"ညီသဘာကျတယ်မလား၊ နောက်အပတ်ဆို plus ရောက်မှာတဲ့။ plus စောင့်ချင်သေးလား ဒါပဲယူမလား"
"အင်း...ဒါပဲယူပါတော့မယ်၊ ကိုဇက်လည်း သဘောကျတယ်ဆိုတော့...Gameတွေရော"
"ကျွန်တော်မျိုး အားလုံးထည့်ပေးထားပါတယ်ဆရာသမား"
မိုးပြည့်က လှမ်းနောက်ပေမယ့် လက်ထဲလိုချင်တာရနေပြီမို့ ဂရုကိုမစိုက်တော့။ မျက်နှာပေးလေးကလည်း
မှိုရတဲ့မျက်နှာနဲ့။ ကျေနပ်သွားပြီမို့ ဇက် visa card ထုတ်ကာ မိုးပြည့်ကို လှမ်းပေးနေစဉ်...
"ဘာလဲ ဒီတစ်ခါလည်း ဇက် ဝယ်ပေးတာပဲလား"
မိုးပြည့်ကိုကမ်းပေးရင်း ခေါင်းညိတ်ပြလိုက်တော့ မိုးပြည့်ရော ဆိုင်ကကောင်လေးတွေကပါ လုံးဝလက်ဖျား
ခါတယ်ဟူသော ပုံစံတွေနှင် ့ကျွန်တော့်ကိုဝိုင်းကြည့်သည်။ ပြီးတော့ ကျွန်တော့်လက်ထဲကိုင်ထားသော
Sony အမျိုးအစား ဖုန်းလေးကိုကြည့်ပြီး သနားသလိုလိုနဲ့။
ကျွန်တော်လိုချင်တာက ဖုန်းမှမဟုတ်တာ။ ညီ့စိတ်ချမ်းသာမှုလေ။ ပထမဆုံးဆိုတာတွေကို စိတ်ဝင်တစား
ရှိတတ်တဲ့ညီ့အတွက် ပထမဆုံးဆိုတာတွေကိုဖြည့်ဆည်းပေးချင်နေမိတဲ့စိတ်က မွေးမြူထားတာမဟုတ်ရပါ။
ဝမ်းတွင်းပညာသည်တွေလိုမွေးကတည်းက ပါလာသလိုမျိုး။ ပေးလိုက်ရတဲ့ ငွေတွေမနည်းတာ
ကျွန်တော်သိတာပေါ့။ ဒါပေမဲ့ ညီစိတ်ချမ်းသာနေတာပဲ ကျွန်တော်ပိုမြင်တယ်လေ
ဒါတောင် မာနခဲတုံးက ဝယ်ပေးမယ်ဆိုတာကိုလက်မခံလို့ ဖုန်း မယူရင်သူ့လုပ်ငန်းသစ်ထဲမပါတော့ဘူး
ပြောမှ "ဝယ်ပေးဗျာ" လို့ထွက်လာတာ။ ကျွန်တော်ကလည်း ညီ့ပါးစပ်ကနေလိုချင်တယ်
လို့ပြောတာနဲ့ဖြည့်ဆည်းပေးချင်တာက ခက်တယ်။ သူ့အဖေလည်းမဟုတ်ဘာမဟုတ်နဲ့။
"ပေးလေညီ။ ကို သယ်ပေးမယ်"
"နေ...ရတယ်၊ မလေးဘူး"
သယ်ပေးမယ်ဆိုတာကို လက်မခံဘဲ စောင်းတန်းစောင်းတန်းနဲ့ ကားထိရအောင်သယ်လာတယ်။
မမချိုအထုပ်တွေမို့ သယ်ခိုင်းရမှာ အားနာနေတာလား မပြောတတ်။
ဒီတစ်ခါကားစက်မနှိုးခင် ခေါင်းလေးသွားဖွတော့ ပန်းသီးမျက်နှာကြောင့်လားမသိ ငြိမ်ခံနေတယ်။
အေးပါကွာ၊ ငါ့တစ်လစာ ရင်းလိုက်ရတာ တန်ပါတယ်။
Bạn đang đọc truyện trên: ZingTruyen.Xyz