ZingTruyen.Xyz
ညီ
Epi6
HsuChiKo365
""နာမည္က--""
Interviewနေသလိုလို။ထုံးစံအတိုင်းကျတော့်
ပင်အသိပေးလာသည်။
""စောမဟာဦး""တဲ့။
""အော်~~~""
""မမချိုသိလား?""
""ဟင့်အင်း။မသိပါဘူး""
ရှင်းလင်းတင်ပြသည်
ဝေးတယ်။သူက S'pore PolyကနေArchiနဲ့
ကျောင်းပြီးလာတာ။ကြားသတင်းတွေအရတော့
မာနကြီးတယ်တဲ့""
မိသည်။
ဖခင်ကBKမှာမြန်မာသံရုံးအရာရှိ။မိခင်က BK
ပုဂ္ဂိကဆေးရုံတစ်ခုမှာ surgeon။ကိုယ်တိုင်က
ပြောမယ်ဆိုမမချိုကကျတော့်Role Modelပဲ။
ကိုယ့်ချစ်သူကိုRMအဖြစ်ထား,ထားတဲ့လူဆိုလို့
ကျတော်ပဲရှိမယ်ထင်ပါရဲ့။
အတွေးရေကန်ထဲရေစိမ်နေသောကျတော်အမြင်အားတခုတ်တယလှမ်းမေးပါသေး၏
လူဖြစ်တဲ့ကျတော့်အမြင်ထက် ကိုဇက်အမြင်က
သာအရေးကြီးတာ။ကျတော်ကဘေးမှာ
ဒီအတိုင်းရပ်ကြည့်---""
""ညီ!!""
""yah~~~ဘာလို့ထအော်တာလဲZရယ်။ဒါလေး
မမချိုက ဆူသလိုပြောနေပေမယ့်ကျတော်က
တွက်ဘေးလူမဟုတ်ဘူး။ညီက ကိုပဲ။ကိုကလည်း
မြင်ကသာအရေးကြီးတာ""
ဒါဘာလဲ?ကျတော် ညီ့ကိုလှမ်းကြည့်မိတော့တိုက်
တိုက်ဆိုင်ဆိုင်ညီကလည်းကျတော့်ကိုငေးကြည့်
အေးအေးလေးနဲ့ပြောပုံကကျတော့်ကိုနှိမ့်သိမ့်နေ
ဟန်။
""မတူဘူးပဲပြောပြောပါ။ကျတော်ကိုဇက်ကိုတတ်
ကူညီမှာပါ""
မယ်ပြောပေးနေသောကျတော့်ကိုတော့မဟုတ်
တာသေချာတယ်
""ကလေးအထာနဲ့ပေါ့""
"ဖြစ်နိုင်လို့လားညီ။ဒါတွေက NOVELတွေ
MOVIEတွေမှာပဲကြည့်ကောင်းတာ။တကယ့်
လက်တွေ့မှာsupriseတွေဆိုတာထင်သ
လောက်မလွယ်ဘူး""
"မလွယ်တာတော့ဘယ်လုပ်ပါ့မလဲ?လွယ်တာ
လေးနဲ့စမှာပေါ့""
""ဒါဆို Zကို မကူညီခင် မ,ကိုအရင်ကူညီပေး""
တော်ရုံတန်ရုံဆို ကျတော့်အားမကိုးတတ်သောမ,
""အင်းးပြောလေ။မောင်ဘာလုပ်ပေးရမလဲ?""
""သဘက်ခါ မ,S'poreသွားမှာ""
""ဗြုန်းစားကြီး!""
""အင်းလုပ်ပေးမယ်လေ။ဘယ်Groupနဲ့အပ်
ထားတာလဲ?""
တယ်လေ""
""မ,ကဘယ်လောက်ကြာမှာလဲ?""
""နှစ်ပတ်လောက်ပေါ့""
လောက်တော့ပေးခဲ့ပေါ့""
""ရပါတယ်။မောင်လုပ်နိုင်ပါတယ်။ကိုဇက်လည်း
ရှိတာပဲ""
""ညီမအားရင်ကျတော်ကြည့်ပေးမှာပါ""
""Z companyနဲ့ ကျောင်းကရော""
""ခုCompnyမှာလည်း Casualအနေနဲ့လေ။
SITမှာကလည်းအချိန်ပိုင်းကျူတာဆိုတော့
(CasualဆိုတာCompanyကလုပ်ထားတဲ့
Projectတစ်ခုကိုဦးဆောင်ရသူတွေပါ။Projectပြီးတဲ့အထိပဲCompanyမှာတာဝန်
ထမ်းဆောင်ရသူဖြစ်ပြီးလစာငွေအမြင့်ဆုံးရရှိ
တတ်သူတွေလည်းဖြစ်ပါတယ်။သတိ။ ။Zအသက်အရွယ်နဲ့CEO(Chief Excutive Officer)ရာထူးပေးထားလို့မရသည်ကို သည်းခံပါ။ခ်ခ်)
""ဒါဆို ညီ~ကိုတစ်ချိန်ဝင်သင်ရအုံးမှာမို့ကျောင်း
သွားလိုက်အုံးမယ်။ညနေပြန်လာမယ်နော်။ဘာဝယ်ခဲ့ပေးရအုံးမလဲ?""
တော့။ခုမှလာပြီး---<<
""Nope,Nothing need""
သိသင့်တယ်လေ။ဒီလိုပြောလာပြီဆို။
""okok။ထွက်လာခါနီးတခါဖုန်းဆက်လိုက်မယ်
""အဲ့လဲ့ မှုတ်တယ်ဟ။ကောင်းကောင်းနဲ့နေတာ
လာပြီ""
ဟုတ်တိုးတိုးကပ်ပြောလာတော့ဘာကြောင့်ရယ်
ငုတ်တုပ်လေးအတောင့်လိုက်ထိုင်ကာမမချိုကိုသာပြူးကြောင်ကြောင်နဲ့မော့ကြည့်တဲ့ကျတော့်
ပါ့ရဲ့လား??
""မလည်း ပြန်ပြီနော်""
လုပ်နေကျအတိုင်း ကျတော့်ခေါင်းကိုရွှတ်ခနဲမြည်
လိုလိုပြန်ခါနီးနှုတ်ဆက်ပြီဆို ကျတော့်ခေါင်းကို
မာမီက သူ့Babyကိုနှုတ်ဆက်သလိုပဲ။အားနေ
လဲ??
Thank You All
Every day on WP
>>ဒီနေ့Flower In Heaven update
နေ့မို့ "ညီ""ကိုတော့ဒီလောက်နဲ့ပဲကျေနပ်ပ်ါနော်။
ဒီနေ့ဘယ်သူတွေCastလည်းသိတယ်ဟုတ်
^_€
(Unicode)
/
/
/
အပိုင်း(၆)
"နာမည်က..."
မမချိုမေးပုံက အလုပ်လာလျှောက်သူကို Interviewနေသလိုလို။ ထုံးစံအတိုင်း ကျွန်တော့်တို့နှစ်ယောက်အား
နေ့လည်စာ လာကျွေးချိန်ထမင်းစားခန်းထဲ ကိုဇက်က မမချိုအား တိုင်ပင်အသိပေးလာသည်။
"စောမဟာဦး" တဲ့။
"သြော်..."
"မမချိုသိလား"
"ဟင့်အင်း၊ မသိပါဘူး"
မမချိုဆက်မမေးတော့ပါပဲနဲ့ ကိုဇက်က ဆက်လက်ရှင်းလင်း တင်ပြသည်။
"မမချိုနဲ့ရွယ်တူပဲ၊ နယ်ပယ်ချင်းကတော့ အလှမ်းဝေးတယ်၊ သူက Singpore Poly ကျောင်းကနေArchiနဲ့
ကျောင်းပြီးလာတာ၊ ကြားသတင်းတွေအရတော့ မာနကြီးတယ်တဲ့"
"ဖြစ်သင့်ပါတယ်လေ" ဟု လေသံအေးအေးနှင့်ပြောသော မမချိုကို ကောင်းကောင်း ငေးကြည့်မိသည်။
အမှန်တော့ မမချိုသည်လည်း မဟာကဲ့သို့အခြေကြီးကြီးနေမယ်ဆို နေနိုင်သူတစ်ယောက်ပါ။
ဖခင်ကထိုင်းတွင်တာဝန်ကျနေသော မြန်မာသံရုံးအရာရှိ၊ မိခင်က ဘန်ကောက်ပုဂ္ဂိကဆေးရုံတစ်ခုမှ
ခွဲစိတ်ပါရဂူ။ မမချို ကိုယ်တိုင်က လည်းထက်မြက်သူဟူ၍ အသိုင်းအဝိုင်းတွင်နာမည်ကြီးရုံသာမက
တက္ကသိုလ်ကို ကိုယ့်အားကိုယ်ကိုးပြီးတက်လာခဲ့သူ။ နာမည်ကြီး Fashion Brand တစ်ခုကို
ဦးဆောင်ထုတ်လုပ်နေသူ ပြောမယ်ဆိုမမချိုက ကျွန်တော့်စံပြပဲ။ ကိုယ့်ချစ်သူကိုစံပြအဖြစ်ထား,
ထားတဲ့လူဆိုလို့ကျွန်တော်ပဲရှိမယ်ထင်ပါရဲ့။
"မောင်ရော...မဟာ့ကိုဘယ်လိုမြင်လဲ"
ကိုဇက်ပြောပြနေသည်များကို နားထောင်နေရာမှ အတွေးရေကန်ထဲ ရေစိမ်နေသော ကျွန်တော်အမြင်အား တခုတ်တရ လှမ်းမေးပါသေး၏။
"မိန်းမလှတစ်ယောက်ပေါ့၊ အဓိက,ကတော့ ဘေးလူဖြစ်တဲ့ ကျွန်တော့်အမြင်ထက် ကိုဇက်အမြင်ကသာ
အရေးကြီးတာ၊ ကျွန်တော်ကဘေးမှာ ဒီအတိုင်းရပ်ကြည့်..."
"ညီ!"
"ဘာလို့ထအော်တာလဲဇက်ရယ် ၊ ဒါလေးပြောတာကို အဲ့လောက်အော်ရလား"
မမချိုက ဆူသလိုပြောနေပေမယ့်ကျွန်တော်ကတော့ မျက်လုံးတွေပြူးနေသလို လန့်သွားတယ်ဆိုတာကို
လည်း ဝန်မခံချင်ပဲဝန်ခံရမည်။
"ဒီမှာ ကို ပြောထားပြီးသားလေ ညီ ၊ ညီကကို့အတွက် ဘေးလူမဟုတ်ဘူး ၊ ညီက ကိုပဲ ၊ ကိုကလည်းညီပဲ၊
ညီထင်တာ မြင်တာကိုပြောလို့ရတယ်။ ညီက ကိုနဲ့ရင်ဘတ်ချင်း အနီးဆုံးလူ"
"ခဏဇက်၊ ဒီနေရာမှာ မမချိုဖြတ်ပြောရလိမ့်မယ်၊ ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘူးဆိုရင်တောင်မချိုကတော့
ကောင်းကောင်းမှန်တယ်လို့ထောက်ခံပါရစေ၊ ဘယ်လောက်ထိပဲ ရင်ဘတ်ချင်းနီးတယ်ပြောပြော
တစ်မိသားတည်းမွေးလာသူတွေတောင် တစ်ယောက်နဲ့တစ်ယောက် မတူကြတာ။ တူနေပါစေဦးတော့
အချစ်နဲ့ပတ်သတ်လာရင် ခံစားချက်ချင်းတူမယ်ဆိုရင်တောင်အကြိုက်ချင်းတော့ မတူချင်ကြဘူးလေ။
အကြိုက်တူလာရင်လည်း ကောင်းလာစရာမရှိဘူး။ ခုမ,ပြောတဲ့သဘောကိုဇက်သိမှာပါ။
ဒါကြောင့် ခုကိစ္စကောင်းကောင်းပြောသလိုပဲ ဇက် အမြင်ကသာအရေးကြီးတာ"
ဒါဘာလဲ။ ကျွန်တော် ညီ့ကိုလှမ်းကြည့်မိတော့ တိုက်တိုက်ဆိုင်ဆိုင်ညီကလည်းကျွန်တော့်ကိုငေးကြည့်
နေသလိုလေးတွေ့လိုက်ရသည်။ နောက်မှ လေသံအေးအေးလေးနဲ့ပြောပုံက ကျွန်တော့်ကိုနှိစ်သိမ့်နေဟန်။
"မတူဘူးပဲ ပြောပြောပါ။ ကျွန်တော်ကိုဇက်ကို တတ်နိုင်သလောက်ကူညီပေးမှာ။ မနေ့ညက ကိုဇက်
ပြောသလိုပဲ ကိုဇက်လည်း အိမ်ထောင်ဖက်ကိုရွေးချယ်သင့်တဲ့ အရွယ်ရောက်နေပြီပဲ။ ကျွန်တော်ကူညီမှာပါ"
"မောင် ကဘယ်လိုကူညီပေးချင်တာလဲ"
မမချိုအသံတွေအနည်းငယ်မာနေသလို။ နေပါဦး ။ မမချိုက ဘာကိုမကျေမနပ်ဖြစ်နေတာလဲ။ ကူညီမယ်
ဟု ပြောပေးနေသော ကျွန်တော့်ကိုတော့ မဟုတ်တာ သေချာတယ်။
"ကလေးအထာနဲ့ပေါ့"
"ဖြစ်နိုင်လို့လားညီ။ ဒါတွေက ဝတ္ထုတွေ၊ရုပ်ရှင်တွေမှာပဲကြည့်ကောင်းတာ။ တကယ့် လက်တွေ့မှာ surprise
တွေဆိုတာ ထင်သလောက်မလွယ်ဘူး"
"မလွယ်တာတော့ ဘယ်လုပ်ပါ့မလဲ။ လွယ်တာလေးနဲ့စမှာပေါ့"
"ဒါဆို ဇက် ကို မကူညီခင် မ, ကိုအရင်ကူညီပေး"
တော်ရုံတန်ရုံဆို ကျွန်တော့်အားမကိုးတတ်သော မ,က ချက်ချင်းကြီးအကူအညီတောင်းနေပြန်ပါ၏။
ဒီနေ့ကိုဇက်ရော မချိုရော ဘာဖြစ်နေကြတာလဲ။
"အင်း...ပြောလေ ၊ မောင်ဘာလုပ်ပေးရမလဲ"
"သဖက်ခါ မ, စင်ကာပူသွားမှာ"
"ဗြုန်းစားကြီး!"
"အင်းဟုတ်တယ်။ အဲ့ဒါမောင်ကမ,သွားနေတုန်း မ,အသစ်ဖွင့်မယ့်ဆိုင်ရဲ့ Decorationကို မောင်
တာဝန်ယူပေးထားလို့ဖြစ်မလား"
"အင်းလုပ်ပေးမယ်လေ။ ဘယ်Groupနဲ့အပ်ထားတာလဲ"
"မအပ်ရသေးဘူး။ အဲ့ဒါ မောင်ပဲအစအဆုံးလုပ်ပေး။ မောင်က အနုပညာအမြင်က မ,ထက်ပိုရှိတယ်လေ"
"မ,ကဘယ်လောက်ကြာမှာလဲ"
"နှစ်ပတ်လောက်ပေါ့"
"မ,ပြန်လာတာနဲ့အဆင်သင့်ဖြစ်အောင်လုပ်ထားပေးမယ်။ ဆိုင်ထဲထည့်မယ့် Dressကတ်တလောက်တော့
ပေးခဲ့ပေါ့"
"မောင်အဆင်ရောပြေပါ့မလား။ မောင့်စက်ရုံစတည်နေပြီဆိုတော့။ Export ကိစ္စတွေနဲ့ရော"
"ရပါတယ်။ မောင်လုပ်နိုင်ပါတယ်။ ကိုဇက်လည်းရှိတာပဲ"
"ညီ မအားရင်ကျွန်တော်ကြည့်ပေးမှာပါ"
"ဇက် companyနဲ့ ကျောင်းကရော"
"ခုCompnyမှာလည်း အချိန်ပြည့်နေရတာမှ မဟုတ်တာ ။ ကျောင်းမှာကလည်း အချိန်ပိုင်းကျူတာဆိုတော့
တစ်နေကုန်နေစရာမလိုပါဘူး"
"Okok! ဒါဆိုနှစ်ယောက်ကိုအပ်ခဲ့မယ်နော်"
"OK"
"ဒါဆို ညီ...ကို တစ်ချိန်ဝင်သင်ရဦးမှာမို့ ကျောင်းသွားလိုက်ဦးမယ်။ ညနေပြန်လာမယ်နော်။
ဘာဝယ်ခဲ့ပေးရဦးမလဲ"
ငါ့ကိုအော်တုန်းကတော့ ပိတ်အော်ထားပြီးတော့။ ခုမှလာပြီး...
"Nope, Nothing need"
သိသင့်တယ်လေ။ ဒီလိုပြောလာပြီဆို။ ဒီကောင်လေး ကောက်တော်မူနေပြီဆိုတာ။
"okok။ ထွက်လာခါနီး တစ်ခါဖုန်းဆက်လိုက်မယ်အဲ့ကျမှပဲ စားချင်တာမှာ ချင်မှာပေါ့။ မမချိုကျွန်တော်
သွားပြီနော်။ နေ့လည်စာအတွက် Gomaryo(ကျေးဇူးပါ)"
"အဲ့လဲ့ မှုတ်တယ်ဟ။ ကောင်းကောင်းနဲ့နေတာများနေလို့သူတောင်အဲ့လိုတွေကြားညှပ်ပြောတတ်လာပြီ"
ကိုဇက်သူ့ဟာသူလွှတ်ခနဲထွက်သွားပြီးမှ ရှက်ကိုးရှက်ကန်းတဲ့ခေါင်းကုတ်ကာ ခြေလှမ်းကျဲကြီးများနှင့်
ထွက်သွားတော့မှ မမချိုက အနားကပ်လာပြီး...
"မောင် ကလေ Zပေါ်မှာမသိမသာရော သိသိသာသာပါ လွှမ်းမိုးနိုင်တယ်ဆိုတာသိလား"
ဟု တိုးတိုးကပ်ပြောလာတော့ ဘာကြောင့်ရယ်မသိ မွှေးညှင်းလေးတွေပင် ရှိန်းခနဲဖြစ်သွားရ၏။
ငုတ်တုပ်လေးအတောင့်လိုက်ထိုင်ကာ မမချိုကိုသာ ပြူးကြောင်ကြောင်နဲ့မော့ကြည့်တဲ့ ကျွန်တော့်ပုံစံက
သူမမျက်လုံးထဲ ချစ်သူတစ်ယောက်နဲ့မှတူပါ့ရဲ့လား။
"မလည်း ပြန်ပြီနော်"
လုပ်နေကျအတိုင်း ကျွန်တော့်ခေါင်းကိုရွှတ်ခနဲမြည်အောင်နမ်းပြီး အပြုံးလေးနှင့်ပင်ကျောခိုင်းထွက်သွားခဲ့သူ။
နောက်ဆုံးတော့လည်း ကျွန်တော်တစ်ယောက်တည်း နေမြဲတိုင်း ကျန်ခဲ့ရတာပါပဲ။
မမချိုကလေ ဘယ်လိုအမျိုးသမီးမှန်းမသိ။ အမြဲလိုလိုပြန်ခါနီးနှုတ်ဆက်ပြီဆို ကျွန်တော့်ခေါင်းကို ပဲလာလာ
နမ်းတတ်တယ်။ မသိရင်အလုပ်သွားခါနီးမာမီက သူ့ကလေးကိုနှုတ်ဆက်သလိုပဲ။ အားနေ ခေါင်းလာလာ
ဖွတတ်တဲ့ကိုဇက်နဲ့ နမ်းပြီဆို ခေါင်းမှ လာလာနမ်းတတ်တဲ့မမချို။
သူတို့နှစ်ယောက်မျက်လုံးထဲကျွန်တော်ကဘာလေးလဲ။
Bạn đang đọc truyện trên: ZingTruyen.Xyz