ZingTruyen.Xyz

ညီ

Epi3

HsuChiKo365

""ကိုဇက္!!၁၁ေတာင္ေက်ာ္ေနျပီ။မမခ်ိဳလည္းမ
လာေသးဘူး။ဟိုေန႔ညက caseသိသြားလို႔စိတ္
ဆိုးေနလားမသိဘူး""

""မဟုတ္ေလာက္ပါဘူး။အလုပ္မျပတ္ေသးလို႔
ေနမွာပါ။ဖုန္းဆက္ႀကည့္ေလ"

"ဆက္တယ္။မကိုင္ဘူး"

ခဏႀကာေတာ့---

"ေတာ္ျပီဗ်ာ။က်ေတာ္မေစာင့္ေတာ့ဘူး"

ေျပာေျပာဆိုဆိုႏွင့္ေကာင္တာမွထြက္ရန္ျပင္ေန
စဥ္ တံခါးမွတီးလံုးသံႏွင့္အတူ လတ္ဆက္ေသာ
အျပံဳးပန္းမ်ားေပြ႔ပိုက္ကာဝင္လာသူ။

"ဟင္ ေမာင္က မ,ကိုမေစာင့္ေတာ့ပဲ သြားေတာ့
မလို႔လား?"

"ဟင္!မ-မဟုတ္ပါဘူး။မ,ကားကိုျမင္လို႔အျပင္
ထြက္ႀကိဳမလို႔။ဟီးး"

က်ေတာ္ထံေရာက္လာေသာကိုဇက္အႀကည့္မ်ားကိုမသိက်ိဳးကြ်ံျပဳရင္း မမခ်ိဳကိုသာေခါင္းေလး
ေစာင္းကာျပံဳးျပလိုက္၏

"အင္းးမနည္းနည္းေနာက္က်သြားတယ္။ေမာင္
ဆာေနေရာေပါ့။လာေလထမင္းစားခန္းထဲသြာရ
ေအာင္""

ဝယ္လာသည္မ်ားကိုပန္းကန္ထဲေျပာင္းထည့္ကာ
သူစားဖို႕ျပင္ေပးေနေသာမမခ်ိဳအား

""ဘာလို႔ဖုန္းမကိုင္တာလဲ?ေမာင္ဘယ္ေလာက္
စိ္တ္ပူေနလဲ?ဘယ္လိုက္လို႔လိုက္ရွာရမွန္းလည္း
မသိနဲ႔""

ဟုတကယ္ႀကီးကိုစိုးရိမ္ေနသံျဖင့္ေျပာေလ၏

""Sorryပါေမာင္ရယ္။ဆိုင္အသစ္အတြက္
Designerေတြနဲ႔ေဆြးေႏြးေနတာႀကာသြားတာ

""မသိပါဘူး။ေမာင့္ကိုမ်ားစိတ္ဆိုးေနလို႔ဖုန္းမ
ကိုင္လားဆိုျပီး""

"မမခ်ိဳဘယ္တုန္းကေမာင့္ကိုစိတ္ဆိုးဖူးလို႔လဲ?
ဒါေပမယ့္စိတ္ေတာ့မေကာင္းဘူး"

""What about?""

""ေမာင္တို႔မေန႔ညက ဘာျဖစ္ခဲ့လဲ?""

ကိုဇက္ကိုလွမ္းႀကည့္ေတာ့ဝင္မပါဘူးဟူေသာဒီ
ဇိုင္းႏွင့္ မမခ်ိဳလာခ်ေပးေသာထမင္းေပါင္းကိုစ
တင္စားေသာက္ေန၏။

""ဘာျဖစ္လို႔လဲ?ဘာမွမျဖစ္ပါဘူး"

"ဘာမွမျဖစ္ပဲနဲ႔ေမာင့္BabyကWorkshop
မွာေနာက္ပိုင္းBobyျပန္ထုေနရတာလဲ?"

မမခ်ိဳကိုေတာ့တကယ္ဖ်ားသြားတယ္။သို႔ေပမယ့္
စိတ္မပူေစခ်င္၍Whiteမုသားတစ္ခုအျမန္ဖန္တီးယူမိသည္။

ေနာက္ျပီးစဥ္းစားႀကည့္ဗ်ာ။ဘယ္သူက ကိုယ့္ခ်စ္
သူကို ကိုယ့္ကိုရည္းစားစကားလိုက္ေျပာေနတဲ့
တစ္ေယာက္အေႀကာင္းေျပာျပခ်င္မွာလဲ?လိုက္
ေျပာတာကလည္းေကာင္မေလးမဟုတ္ပဲ ေဝယံ
ျဖစ္ေနေတာ့။

"အာာအဲ့ဒါ ကားParkingထိုးေနတုန္းကား
ေမာင္းတတ္ခါစကေလးတစ္ေယာက္ကအေနာက္
ကတိုက္မိသြားတာ"

""ေဝယံနဲ႔ေတြ႔ခဲ့တာမလား?"

ဒီတစ္ခါေတာ့က်ေတာ္ဟန္မေဆာင္ႏိုင္ေတာ့မ်က္
လံုးေတြပါျပဴးထြက္လာရသည္။ဝါးလက္စထမင္း
ေတြမသီးတာကံေကာင္း။

""မ--မဟုတ္""

""ဟုတ္တယ္။အျပန္မွာေတြ႔တာ""

က်ေတာ္ျငင္းပယ္ေနစဥ္ တစ္ခ်ိန္ကုန္ျငိမ္ေနေသာ
ကိုဇက္က ထေျပာပါေလေရာ။
သြားျပီငါ့အရွက္ေတြေတာ့။

""ဘယ္လုိျဖစ္တာလဲZ"

"အရင္တစ္ေခါက္ကလိုပဲေပါ့။ညီ့ကားမွန္းသိလို႔
တမင္လိုက္လာတာ။ညီကဝင္တားလို႕ဘာမွမ
ျဖစ္ပဲျပီးသြားတာ"

"Zရယ္စိတ္ေလ်ာ့ပါေနာ္။အထူးသျဖင့္ေကာင္း
ေကာင္းနဲ႔အတူရွိေနခ်ိန္ေပါ့။မ,ေျပာတာZနား
လည္တယ္ဟုတ္?""

""က်ေတာ္သိပါတယ္""

"ေက်းဇူး"

မမခ်ိဳေတာင္းေတာင္းဆိုဆိုေျပာေနေတာ့လည္း
က်ေတာ္စိတ္မေကာင္း။

"ကဲပါ။ဘာမွမျဖစ္လို႔မ,လည္းစိတ္မပူေနနဲ႔။ဆိုင္
ကိစၥေဆြးေႏြးတာေကာအဆင္ေျပရဲ႕လား?""

""အင္း-ေျပတယ္ေမာင္။ေနာက္လေလာက္စ
ဖြင့္မယ္။ဒီဇိုင္းေတြက အဆင့္သင့္ျဖစ္ေနျပီ။"

"ဒါဆိုခုလက္ရွိဆိုင္ကေရာ။ဘယ္သူနဲ႔လႊဲထားမွာ
လဲ"

""မ,ပဲလုပ္မွာေလ။ႏွစ္ဆိုင္တစ္လွည့္စီသြားတာ
ေပါ့"

""မ;ပင္ပန္းေတာ့မယ္။ေမာင္ကူညီႏိုင္တာရွိရင္
လည္းေျပာေနာ္"

"ေမာင္လည္းမန္းေလးမွာဆိုင္ခြဲထပ္ဖြင့္
ဖို႔နဲ႔ ကြတ္ကီးထုတ္ဖို႔ေတြနဲ႔အလုပ္ရႈပ္ေနတာကို"

"အာာအဲ့ဒါက ရပါတယ္။ေမာင္ျဖညး္္ျဖည္္းခ်င္း
လုပ္ေနတာ"

"Fighting!Fighting!ေမာင္လုပ္ရင္ေအာင္
ျမင္မွာ ခု Idolေတာင္၂ႏွစ္အတြင္းမသိတဲ့ဆယ္
ေက်ာ္သက္မရွိသေလာက္ျဖစ္ေနျပီပဲ။ခု
Kpopperေလာကမွာေမာင့္ဆိုင္မေရာက္ဖူး
ရင္ေခတ္မမွီသလိုျဖစ္ေနျပီ"

"ဟာ--ေျမွာက္တယ္ဗ်ာ"

က်ေတာ္နဲ႔မမခ်ိဳကတူတာတစ္ခုရွိတယ္။လူႀကား
ထဲမွာပဲျဖစ္ျဖစ္ႏွစ္ေယာက္တည္းေတြ႔တဲ့အခ်ိန္ပဲ
ျဖစ္ျဖစ္ မအီႀကတာ။ႏွစ္ေယာက္သားေျပာရင္
စီးပါြးေရးကိစၥ။လုပ္ေနရတဲ့အလုပ္ကိစၥ။ဒါမွမဟုတ္
မ,ႀကားျပီးျပီလားဟုအစခ်ီလ်က္ အမွ်င္မျပတ္
ႏိုင္ေသာKPOP အေႀကာင္း။

ကိုဇက္ကေတာ့က်ေတာ္တို႔ႏွစ္ေယာက္ေျပာေန
ခ်ိန္ေတာ္ရံုဝင္မပါတတ္။အျမဲလိုိိလိုတိတ္တိတ္
ဆိတ္ဆိတ္ပဲေနတတ္တယ္။ဒီလိုဆိုေတာ့လည္း
က်ေတာ္စိတ္မေကာင္းဘူး။အျပစ္ရွိသလိုလည္း
ခံစားရတယ္။ဒါေပမယ့္ ဘာလုပ္ေပးရမွန္းလဲမသိ
ဘူးျဖစ္ေနတာက ခက္တာ။
-
-
-
-
-
""မနက္က မမခ်ိဳကို ညီ မလိမ္သင့္ဘူး"

ေကာင္းေကာင္းသည္ေဘးတိုက္အေနအထား
ျဖင့္ပင္သူ႔ကိုေစာင္းငဲ့ေမာ့ႀကည့္သည္။

""Waeyo?""

"ကိုယ့္ခ်စ္သူအေပၚရိုးရိုးသားသားအရွွိကိုအရွိ
အတိုင္းဆက္ဆံသင့္တယ္မဟုတ္လား။ကိုခ်စ္တဲ့
လူကိုအရိုးသားဆံုးဆက္ဆံေျပာဆိုတာကလည္း
အဆင့္ျမင့္တဲ့ခ်စ္နည္းတစ္မ်ိဳးပဲ"

"အမွန္တိုင္းေျပာလိုက္ရင္စိတ္ဆင္းရဲသြားမယ္
ဆိုတာသိလ်က္နဲ႔ေတာ့ အမွန္ပဲျဖစ္ေနပါေစမေျပာ
ႏိုင္ဘူး။"

ညီ့ကိုမ်က္လံုးခ်င္းဆံုေအာင္ႀကည့္မိသည္။တန္
ျပန္ႀကည့္လာေသာညီ့မ်က္ဝန္းေတြကျငိမ္သက္
ေနေသာကန္ေရျပင္ပမာ။

"အနညး္ဆံုးေတာ့သူ႔အေပၚရိုးသားတယ္ေလ"

"က်ေတာ္ကေတာ့ ကိုယ့္ခ်စ္တဲ့လူစိတ္ခ်မ္းသာ
မယ္ဆိုရင္ တေလာကလံုးမေျပာနဲ႔ကိုယ့္ကိုကိုယ္
လည္းလိမ္ရဲတယ္"

ျပတ္သားမႈလိမ္းက်ံထားေသာညီ့ႏႈတ္ခမ္းပါးတို႔
တင္းတင္းေစ့လ်က္သား။Zစိတ္ေတြ ခ်က္ခ်င္း
ေလးလံသြားရသည္။ငယ္ငယ္တည္းကအစစအရာရာအႀကိဳက္ခ်င္းတူ
ခဲ့တဲ့သူတို႔ႏွစ္ေယာက္က အခ်စ္နဲ႔ပတ္သတ္၍
လံုးဝျပဒါးတစ္လမ္းသံတစ္လမ္းလိုပင္။

သက္ျပင္းခိုးခ်ေသာ္ငွားေလးလံမႈကေလ်ာ့ပါးမ
သြား။ညီ့ကိုမသိမသာခိုးႀကည့္ေတာ့ ေရွ႔မွဇာတ္
ကားကိုသာစိတ္ဝင္တစားႀကည့္ေနသည္။အေမွာင္ခ်ထားေသာသူ႔တို႔ဧည့္ခန္းတြင္း TVမွာ
အေရာင္မ်ိဳးစံုသည္ ညီ့မ်က္ႏွာကိုပါအေရာင္
အမ်ိဳးမ်ိဳးေျပာင္းေနေစ၏။
ဟူးးးသူသည္လည္းTVကိုသာႀကည့္ေနလိုက္
သည္။ဇာတ္လမ္းကဘာမွန္းေတာင္ေသခ်ာမသိ
ေတာ့။အရင္ကဆိုဇာတ္လမ္းနဲ႔ပတ္သတ္၍အ
ေကာင္းအဆိုးေဝဖန္သံုးသပ္ေနက်ညီသည္ခုတြင္
ျပီးသြား၍စာတန္းထိုးေနသည့္အတိုင္အသံမထြက္
လာ။

"ညီ~~""

အိပ္ေပ်ာ္ေနတာ။ကေလးတစ္ေယာက္လိုႏွစ္ႏွစ္
ျခိဳက္ျခိဳက္အိပ္ေမာက်ေနတာ။ႏႈိုးမယ္လို႔လက္ရြယ္
ျပီးမွ လက္အျမန္ျပန္ရႈတ္လိုက္မိသည္။
မီးေရာင္မွိန္မွိန္ေအာက္ အိပ္ေမာက်ေနေသာညီ့
ကိုငံု႔မိုးႀကည့္ေနမိသည္။ညီ ကတကယ့္လူေခ်ာ။
ျဖဴေဖြးႀကည္လင္ေနေသာ ပါးျပင္တြင္ ေသြးေႀကာ
ေလးတြင္ယွက္ျဖာေန၍ေသြးေရာင္ဟက္ကာ
ပန္းႏုေရာင္ေသြးေသြးေျပေျပေလးျဖစ္ေနသည္
ေျဖာင့္စင္းစင္းႏွာတံႏွင့္လိုက္ေလ်ာညီေထြရွိေန
ေသာႏွာေခါင္းထိပ္လံုးလံုးေလး။မိန္းကေလး
ေတြထက္ပင္ ရဲေသြးႀကြေနေသာႏႈတ္ခမ္းပါးပါး
အဲ့ႏႈတ္ခမ္းေလးကေန ေစာနေလးတင္မွက်ေတာ့္
ကိုစကားႀကီးစကားက်ယ္ေတြေျပာသြားတာ။ခု
ေတာ့သူမဟုတ္တဲ့အတိုင္းအိပ္ေနတာမ်ား။
ဖုန္းထုတ္ကာPhoto shootေတာ့Camera
သံေႀကာင့္ အင္္းး~အဲႏွင့္ ႏိုးလာသည္။ညီကအအိပ္လည္းဆက္တယ္။

""ျပီး--သြားျပီလား""

""အင္း--ျပီးျပီ။ထေတာ့ညီ။""

အိပ္မႈန္စံုဝါးႏွင့္ထရပ္ေသာညီက ေျခေခြသြား၍
ခါးကိုလွမ္းဖက္ကာထိန္းေပးေတာ့

"Gomaryo""တဲ့။အိပ္ခ်င္မူးတူးျဖစ္ေနတာ
ေတာင္Skillေတြထုတ္ျပခ်င္ေနတုန္း။

""ရလားညီ။အိပ္ခန္းထဲလိုက္ပို႔ေပးရမလား""

""ေန--ေနရတယ္။Good night""

ယိုင္တိုင္တိုင္နဲ႔ေလွကားေပၚတက္သြားသည္ကို
ရင္တမမနဲ႔ေစာင့္ႀကည့္ျပီး အခန္းတံခါးပိတ္သံ
ႀကားမွ စက္ေတြပိတ္။ အိမ္ေရွ႔ထြက္ကာ
ျခံေဘးတံခါးမွတစ္ဆင့္ကိုယ့္အိမ္ဖက္ကိုယ္ကူး
ႏိုင္သည္။

အခန္းထဲေရာက္ေတာ့မအိပ္ခင္ ေစာနကခိုးရိုက္
လာေသာညီ့ပံုကို ျပန္ဖြင့္ႀကည့္မိသည္။

""Aiyooo!!ခ်စ္ဖို႔ေကာင္းလိုက္တဲ့ မ်ိဳးေကာင္း
ေလး""

အင္!Wallpaperေတာင္လုပ္မိလိုက္ျပီလား?
ထားလိုက္ေတာ့။ဖုန္းႀကည့္မိတိုင္း စိတ္ခ်မ္းသာရ
တာေပါ့။

""ညီ~~Have a sweet dream""

Thank You All

Everyday on WP

>>everydayဟုဆိုေသာ္ငွား ႀကိဳးစားမႈကိုလ်စ္
လ်ဴရႈခံရတာမ်ားလာရင္----??

(Unicode)

/

/

/

အပိုင်း(၂)
"မ ,ကအဲ့ဒါတော့ မဟုတ်ပါဘူးကွာ"
"သြော်...မောင်ကလည်း မ,လည်း လိုက်ချင်တာပေါ့။ ဒါပေမဲ့ အရေးပေါ်ဆိုတာရှိတယ်လေ"
"သွားမယ်ပြောပြီး ခုကျတော့မှ မလိုက်ဘူးပြောတော့ မောင်သွားဖို့စိတ်ထင့်သွားပြီ"
"မထင့်ပါနဲ့မောင်ရယ်။ သွားပါ။ မ,မပါလည်း ဇက်နဲ့နှစ်ယောက်သား သွားနေကျပဲဟာ...ဟိုရောက်ရင်လည်း
မောင့် ကလေးတွေနဲ့ တွေ့ပြီး မောင်ပျော်သွားမှာပါ"
"တော်ပြီ"
ကျွန်တော်နောက်လှည့်ကာ ပြောတော့---
"ညီကလည်းကွာ မမချိုအဘွားအကြောင်းလည်း သိသားနဲ့။ မိသားစုတွေ တစ်ပတ်တစ်ခါစုံလို့မှ သူ့မြေးတစ်ယောက်မလာရင် ဆေးရုံတစ်ပတ်ရောက်တတ်တာကို"
"ဟုတ်ပါတယ်မောင်ရယ်၊ မ,ကြောင့်မကြည့်ရတာမျိုးတော့ မဖြစ်စေချင်ဘူး၊ ပြီးတော့ မောင်လည်း
ရန်ကုန်ကိုပြန်လာတည်းက ဆိုင်နဲ့ပဲလုံးပန်းနေရတာ။ တစ်ခါတလေလေး သွားရတာကို...သွားလိုက်နော်။"
Myanmar Entertainment တစ်ခုက ကြီးမှူးကျင်းပသော Kpop showပွဲကိုသွားမယ် ပြင်ကြပြီး အနားကပ်မှ
မမချို၏ မိသားစုစုံညီပွဲ ပေါ်လာခြင်းအပေါ် ညီ တစ်ယောက် ဂျစ်နေတာဖြစ်၏။
မမချိူရော ကျွန်တော်ပါ အတင်းဖြောင်းဖြပြောဆိုပြီးမှ ကိုယ်တော်ကသွားဖို့အတည်ပြုတော့၏။
မသွားချင်တာလည်းမဟုတ်ပဲနဲ့။ ဒီKpopဇာတ်ကလည်း မမချိုကိုယ်တိုင်သွင်းထားတာ။ ညီကတော့ Idol
တွေကိုသဘောတကျရှိပေမယ့်ကျွန်တော်ကညီ့လောက်တော့မဟုတ်။သူပြရင်ကြည့်ပေးလိုက်တယ်ဒီလောက်ပဲ။
ခုShowပွဲလည်း ညီလောက်မတက်ကြွပေမယ့် ညီသွားတော့လည်း လိုက်ပေးရတာ ထုံးစံပဲလေ။
အိမ်ပြန်ပြီးအဝတ်အစားလဲ။ ကျွန်တော်က အစတည်းက တက်ကြွသူမဟုတ်လေတော့ သာမာန်ထ
သွားထလာပဲ။ ကိုယ်တော်လေးကတော့အပြတ်ရှိုင်းတယ်ခင်ဗျ။သူပါတက်ကမလားပင်ထင်ရလောက်အောင်ကိုပြင်ထားတာ။
မျက်လုံးမှာလည်းEyelinerတွေနဲ့။ ကချင်တရုတ်ကပြားလေးမို့ ဖွေးဖွေးဥနေသော အသားက All Black
Fashionနဲ့ တော်တော်ကြီးကို လိုက်ဖက်နေ၏။
ဒါကြောင့်လည်း EXO LOST PLANET သွားကြည့်ကြတုန်းက Koreaမလေးတွေ ဓာတ်ပုံလာရိုက်ရတာလေ။
ညီက တကယ့် kpop fanboy။ သူ့ပုံစံနဲ့ကလိုက်လည်းလိုက်သည်လေ။ သူလုပ်ချင်တာလုပ်ရ၍လမ်းတစ်
လျှောက်မြူးနေတာ။ မြူးနေတာ။ Chanyeolနဲ့အပြိုင် Rappingတောင်လိုက်ရွတ်နေသေး။ အေးပါကွာ။
မင်းခေတ်ပဲလုပ်ပေါ့။
မမချို မလိုက်လို့အိမ်မှာသာ ဂျီကျတာ ပွဲရောက်တော့ သူအမြူးဆုံးပဲ။ စင်ပေါ်ကဆိုပြသမျှသီချင်း
သူအကုန်ရတယ်။ ဒါအံ့သြစရာတော့ မဟုတ်ပါဘူး။ Korea languageကို သီချင်းနားထာင်ရင်း
Drama Seriesတွေကြည့်ရင်း တတ်ကျွမ်းသွားသူလေ။ EPS TOPIKတောင်အောင်တယ်ဗျာ။ ခုလည်း
Level 3ကို မအားတဲ့ကြားက YUFLမှာ သွားတက်နေသေးတယ်။ ညီက ငယ်ငယ်လေးတည်းက ဉာဏ်တအား
ကောင်းတယ်။
ကလေးတစ်ယောက်လိုစိတ်လွတ်ကိုယ်လွတ် အော်ဟစ်ခုန်ပေါက်လိုက်ကြ၍ ညီရော ညီရဲ့ အပေါင်းအပါလေး
တွေရော ပွဲလည်းပြီး ခြေကုန်လက်ပန်းကြကုန်တော့၏။ မြက်ခင်းပြင်တွင် ခြေပစ်လက်ပစ်နှင့်
အနားယူနေကြစဉ်...ကိုဇက်က ရေဗူး သွားဝယ်ပေးသည်။
အဖုံးဖွင့်ပြီး သူ့ထံသို့ ကမ်းပေးကာ သူ့ကိုအရင်တိုက်၏။ ကိုဇက်က ဒီလိုပဲ။ သေးသေးမွှားမွှားလေးက အစ
ဂရုတစိုက်ရှိတယ်။ ရေမော့သောက်နေသော သူ့ခေါင်းကို လာဖွပြန်သည်။
"မမချိုမလိုက်လို့ပေါက်ကွဲခုန်ပေါက်လိုက်ရတာနဲ့ ညီလည်းမောရော"
"နေပါဗျာ"
ခေါင်းပေါ်မှလက်ကို ပုတ်ထုတ်ရင်းတစ်ဆက်တည်း ချေပပြောဆိုလိုက်တော့ သဘောတကျနဲ့
တဟားဟား အော်ရယ်နေသေး၏။ ဒီလောက်တားနေသည့်ကြား မကြိုက်ဘူးလို့ပြောထားသည့်ကြားထဲကနေ
ခေါင်းကိုလာလာဖွတာ။ ဒါကျွန်တော့်ကို ကလေးဇာတ်သွင်းတာ။ နေစေဦး။
နောက်မှ အဲ့အကျင့် ပျောက်အောင်မှတ်လောက်သားလောက်ရှိအောင်လုပ်ထားဦးမယ်။
ကောင်မလေးတွေရှေ့မှာ အဲ့လိုလုပ်ခံရတာလောက် အောက်သီးအောင့်သက်ခံစားရတာမရှိ။
ခုလည်း ရှေ့မှကလေးမတစ်စုက ကိုယ်တွေကို ပြုံးစိစိနဲ့လှမ်းရှိုး။ သိတာပေါ့...အဲ့အကြည့်အဓိပ္ပါယ်ကို။

Yနှင့်စသော Japanအသံထွက်စာလုံးရှိ RSပုံစံမျိုးထင်သွားရင် သေချာတယ်။ ကျွန်တော်ကUနဲ့စတဲ့
နေရာကပဲ။ အမြင်နဲ့အထင်နဲ့တင် ကျွန်တော်များစွာ နစ်နာနေပြီကို။ ဒါတွေရှင်းပြပြီး တားလို့ကလည်းမဖြစ်။ ခက်တယ်ကိုဇက်။ ခင်ဗျားနဲ့တော့ ခက်တယ်။ ခုကျွန်တော်သောက်ပြီးသားရေဗူးကိုပင် ပါးစပ်ကြီးနဲ့တေ့ကာ သောက်နေသူ။ ကိုဇက်က တခြားလူတွေနဲ့သာဆို ရေတစ်ခွက်တည်း သောက်ဖို့မပြောနဲ့ စီးပြီးသား
အိမ်စီးဖိနပ်ကိုပင် မစွတ်သူ။ ကျွန်တော်ကိုတော့ သူမရွံ့တာ အံ့သြတယ်။ မွေးကတည်းက သိနေလို့
များလား ဘာလား။
"အမောပြေရင်ပြန်မယ်ညီ။ ချွေးတွေလည်း ရွှဲနေတာ။ ကိုယ့်ချွေးနဲ့ကိုယ်အအေးပက်အုံးမယ်"
သြော်...ချူချာလွန်းတဲ့ကိုယ့်ကိုကိုယ်သာ စိတ်ပျက်တာ။ လူဆိုတာကလည်း ဘယ်လိုလုပ်ပြီး Perfect
ဖြစ်မလဲနော်။ ဥစ္စာပေါရုပ်ချောဉာဏ်ကောင်း ကျန်းမာရေးပါကောင်းပြနေရင်သေချာပြီ။
အဲ့လောက်ပြည့်စုံနေရင် ကျွန်တော်က Cinderellaဆန်ဆန်ဇာတ်လမ်းမျိုးတွေထဲက မင်းသားပဲ။ ဒါဆို ကိုဇက်ကရော။ မြက်ခင်းပေါ်မှ ကျွန်တော့်ကို လက်ကမ်းကာ ဆွဲထူပေးနေသူကို ပြန်ဆွဲထူထရင်း ကျွန်တော့်ပုခုံးပေါ်မှ မိမိပိုင်ပိုင်ဖက်ထားသော သူ့လက်တွေကြောင့်ပတ်ဝန်းကျင်ကို ဂရုစိုက်စရာ
မလိုလောက်အောင်ကျွန်တော်ဘေးကင်းလုံခြုံနေပြီမို့ သူ့အတင်းကို စိတ်ထဲမှာသာ ပယ်ပယ်နယ်နယ်တုတ်နေလိုက်တယ်။
အင်းပြောမယ်ဆို ကိုဇက်လည်း ရုပ်ချောတာပဲ...
သူချောတာကမြန်မာဆန်တယ်။ ကျွန်တော့်လို ဖြူဖွေးနေတာမျိုးမဟုတ်ဘဲ မေမေဦးဆီက ဝါရွှေရောင်ဝင်း
နေသော မြန်မာဆန်ဆန်လှသော အသားအရည်မျိုးကို ပိုင်ဆိုင်ထားတာ။ ကျွန်တော်က သူ့လိုအသားအရည်မျိုး
လိုချင်တာ။ ညိုနေမှယောကျာ်းပီသတာ မဟုတ်ဘူး။ အဲ့လိုဝင်းဝါကြည်လင်နေတာကလည်း တစ်မျိုး
ကြည့်ကောင်းနေတာပဲ။ USမှာကျောင်းတက်တုန်းကဆို သူက အဖြူတွေကြားထင်းနေတာ။
အရပ်ကလည်း၅'၁၁"ဆိုတော့ ကျွန်တော့်ထက် ၁လက်မလောက်ကတ်သီးလေး ပိုရှည်သွားသေးတယ်။
ဉာဏ်ရည်လေးလည်း မဆိုးဘူးဆိုတာထက်ပိုတယ်။ Software Engineerဆိုတော့စဉ်းစားနိုင်တာတော့
တော်တော်စဉ်းစားနိုင်တယ်။ အဲ့သူ့မှာက ကြိုက်မယ့်လူမရှိတာက သူ့ချို့ယွင်းချက်ကြီးပဲ။
သူက ရတာမလို;လိုတာမရလေ။ တွေ့လားပြောပါတယ်။ လူမှာ တစ်ခုမဟုတ်တစ်ခုတော့ ချို့ယွင်းချက်ရှိ
ပါတယ်ဆို။
ယာဉ်စည်းကမ်းဥပဒေ ခိုင်မာသောနိုင်ငံတွင် ကျောင်းတက်ခဲ့ရသူတွေပီပီ ကားပေါ်ရောက်တာနဲ့ safety
baltက ပတ်ပြီးသား။ အမိုးဖွင့်ကားအား အမိုးပြန်ပိတ်သည်။ မှန်တွေတင်သည်။
လုပ်သမျှသာကြည့်နေလိုက်တယ်။ ဟုတ်တယ်လေ။ ကိုယ့်အခြေအနေကို သူအသိဆုံးလေ။ ဘာမှစောဒက
တက်နေဖို့ကိုမလိုတာ။ အားလုံးပြီးစီးတော့မှ...
"ညီအိပ်ချင်အိပ်လေ။ ကျောကချွေးတွေကော သုတ်ပေးရမလား"
"နေ...နေရတယ်။ Airconဖွင့်ထားတာပဲ"
"ကိုဇက်ကားကိုWorkshopကဘာပြောလဲ"
"အိုကေ တယ်တဲ့။ မနက်ဖြန်လာပို့ပေးမယ်တဲ့"
"ကျွန်တော်ပြောသားပဲ။ ဘာမှမဖြစ်ပါဘူးဆိုတာကို ကိုဇက်ကိုက ဇီဇာကြောင်နေတာ"
"ဘာလဲ။ ခုညီ့ကားသုံးနေရလို့ မကျေနပ်တာလား ရန်ကုန်ပြန်ရောက်ပြီး ကားအတူတူဝယ်ကြတာတောင်
ကို့ ကားနဲ့ပဲ သွားလာနေကြတာ။ သူ့ကားခုမှ ထုတ်သုံးတာကို..."
"ဟာ ကိုဇက်ကလည်း ကျွန်တော်က အဲ့သဘောနဲ့ပြောတာမဟုတ်ပါဘူးဗျ။ကိုဇက်လစာတွေသက်သက်ကုန်လို့
ပြောတာပါ"
ကျွန်တော် နောက်လိုက်သည်ကို တကယ်ထင်မှတ်သွားကာ မျက်လုံးပြူးမျက်ဆံပြာနှင့် ပြန်ရှင်းပြနေသော
ညီ ရယ်ပါ။
"ကိုက နောက်တာပါညီရာ။ ကဲအိပ်ချင်အိပ်လေ။"
"ကိုဇက် နောက်တာကြီးကလည်းဗျာ။ တကယ်ကြီး ပြောနေသလိုပဲ"
"နောက်တာပါကွာ"
လက်တစ်ဖက်နှင့်ခေါင်းကိုဖွတော့ ထောင့်ကိုပိုကပ်ကာ ရှောင်သည်လေ။ မျက်တောင်တွေ စင်းကျနေပြီမို့ အလိုက်တသိ သီချင်းဖွင့်ပေးတော့ပေါင်ပေါ်က လက်ချောင်းလေးတွေကိုစည်းချက်လိုက်သလိုလှုပ်နေ၏။
ဒီအတိုင်းဆို အိပ်တော့မှာ မကြာခင်။
>>>>> ညီ <<<<<
"တောက်"
ခပ်ပြင်းပြင်း တောက်ခေါက်သံကြောင့် ကယောင်ကတမ်း လူးလဲထကြည့်ပြီး အခြေအနေကိုမြန်မြန်
ဆန်ဆန်စနည်းနာလိုက်တော့ တွေ့ပါ၏။
"ကိုဇက် ဒီအတိုင်းမှေးလိုက်;လိုက်တော့။ ဒီကောင်တွေ တမင်ညစ်နေတာ"
"မလိုက်နိုင်ဘူး။ ဇိုင်းဇက်ကို ဒါမျိုး ကြောလို့မရဘူး"
သြော် Formula one ကားပြိုင်ပွဲCrazy ဇိုင်းဇက်ရှေ့မှာမှ ကိုးယိုးကားယားနှင့်တမင်တကာလမ်း
ပိတ်မောင်းနေသော ပြိုင်ကားက ရန်စနေမှန်း သိသာလှသည်။ ကိုဇက်ကလည်းလျင်သည်။
တစ်ဖက်မှ တစ်ကိုယ်စာလွတ်သွားရုံချိန်ခဏလေး အတွင်း ပွတ်ဆွဲကျော်တက်ချလိုက်တော့...တစ်ဖက်လူ
အငိုက်မိသွားပုံရသည်။ အယောင်ယောင်အမှားမှားနှင့် ဘရိတ်နှင့်လီဗာမှားနင်းမိသွားပြီး ရှေ့ကျော်ရုံလေး
ရှိသေးသော ကျွန်တော့်တို့ကားကိုလာဆောင့်ပါလေရော။ သွားပြီ...ငါ့Babyလေး။ ဖင်ပိုင်းချိုင့်သွားလောက်ပြီ။
"တောက်!"
"ကိုဇက်! ခဏ"
ခါးပတ်ကိုဖြုတ်ကာ ဝုန်းဒိုင်းကျဲဆင်းသွားသော ကိုဇက်ကို လိုက်ဆွဲသော်လည်း မမှီတော့။ ပြဿနာ
တော့တက်ပြီ။ တစ်ဖက်ကားမှလည်း ဆင်းလာ၏။ စုစုပေါင်းလေးယောက်။
အားလုံးက မှန်နေပုံဖြင့် ခြေလှမ်းတွေကယိုင်တိုင်တိုင်။ ပြည်လမ်းတစ်လျှောက်ကားကျဲနေချိန်။
အနားရောက်လာသော လူကိုကြည့်တော့မှ အကြောင်းရင်းကို ရေလည်သွားတော့၏။
"ဝေယံ တော်လိုက်ကြရအောင်။ လာ...ကိုဇက်ပြန်မယ်"
"ဘာလဲကောင်းကောင်း။ မင်းကကြောက်နေတာလား။ ဘာလဲကွာ ငါကမင်းနဲ့တွေ့ချင်လို့ခုလိုစွန့်စား
လိုက်ရတာကို။ မင်းကစိမ်းကား..."
"ဝေယံ။ မင်းပါးစပ်ပိတ်ပြီး ခုကားထဲပြန်ဝင်လိုက်"
ဝေယံ စကားမဆုံးခင် ကိုဇက် ဒေါသတကြီးထအော်သည်။

"ဟား...ဟား...ကြောက်လိုက်တာ ဇိုင်းဇက်ရာ။ ငါကကောင်းကောင်း ကားမှန်းသိလို့ကိုလိုက်လာတာ
မင်းနေစမ်းပါ။ ငါကောင်းကောင်းကိုပြောစရာရှိလို့"
"မင်း!"
"ကိုဇက်!"
ကိုဇက်ခါးကို ရှေ့မှလှမ်းဆီးကာဖက်ရင်း ကားထဲသို့အမြန်သွင်းနေစဉ် ကျွန်တော့်ပုခုံးပေါ်ရောက်
လာသော ဝေယံ၏လက်တစ်ဖက်။
"မင်းလက်ညစ်ပတ်နဲ့ညီ့ကိုမထိနဲ့။"
အော်သံနှင့်အတူ ခွပ် ဆိုသည့်အသံ။ ဟာထိုးလိုက်ပြီ။ ကွိုင်ပါပဲကွာ။ ဟိုကမူးနေတယ် ဆိုပေမယ့်
၄ယောက်တောင်ဟာ။ ပြိုင်ဖြစ်ရင် တောခွေးရူးအုပ်ဝိုင်းကိုက်ခံရသလိုဖြစ်မှာ။
နောက်မှသုံးယောက်ကလည်း သူ့တို့လူအထိုးခံလိုက်ရတော့ ခေတ်ဟောင်းမြန်မာရုပ်ရှင်ကားထဲက
လူကြမ်းတွေဂိုက်နဲ့ လှမ်းလာလေတော့၏။ လည်ထွက်သွားသော မျက်နှာမှမေးစောင်းကိုလက်နှင့်
ပွတ်လျက် ပြန်ကြည့်လာသော ဝေယံ၏ ရဲရဲတောက်မျက်ဝန်းတွေ။
"တော်ပါတော့ကွာ။ ဝေယံ ငါတောင်းပန်ပါတယ်ကွာ။ မင်းသွားစရာရှိတာ သွားပါတော့"
"တောက်! နေကောင်းမြတ်သူ! မင်းကြောင့်နော်။ နောက်တစ်ခါတော့မရဘူး"
ဝေယံနောက်လှည့်သွားတော့မှ အသက်ရှုသံတွေ မြန်နေသော ကိုဇက်အား ခါးမှအတင်းဖက်ကာ
ကားထဲအတင်းခေါ်သွင်းရ၏။ ဒီတစ်ခါကားမောင်းသူက ကျွန်တော်ပေါ့။
ကျွန်တော့်မထိရက်မကိုင်ရက်ထား ထားခဲ့ရတဲ့ ကျွန်တော့်Babyလေး ခုတော့Work Shopထဲက
တစ်စိမ်းတရံတွေ လက်ထဲမှာ အထုခံရတော့မယ်။
တောက်! ငါနော် တွေးမိလေ ဟိုကောင်ဝေယံကို ပစ်ပစ်ကန်ချင်လေ။
တစ်လမ်းလုံး အံတကြိတ်ကြိတ်နဲ့ဖြစ်နေသော ကိုဇက်က ခြံရှေ့ရောက်တော့မှ ကျွန်တော့်ကိုစူးစူး
ရဲရဲကြည့်လာကာ
"နေကောင်းမြတ်သူ! မင်းနောက်တစ်ခါ အဲ့ကောင်ကိုငါ့ရှေ့မှာတောင်းပန်ရင်ငါသူ့ကိုမထိုးဘူး။ မင်းကိုပဲထိုးမှာ"
ငယ်ငယ်လေးတည်းက "ညီ" "ကောင်းကောင်း"စသည်ဖြင့် နူးနူးညံ့ညံ့ခေါ်ခဲ့သူက နာမည်အရင်းကြီး
ခေါ်လာတယ်ဆိုတည်းက တော်ရုံစိတ်တိုနေလို့မဟုတ်။
"ကျွန်တော်ကြောက်လို့တောင်းပန်လိုက်တာမဟုတ်ဘူးကိုဇက်။"
"ဒါဆိုဘာလို့လဲ၊ မင်းကို စော်ကားနေတာတောင် မင်းကတောင်းပန်နေသေးတယ်။ မင်းရထားတဲ့ဆုတံဆိပ်တွေ
ကုလားကို ပိသာချိန်ပြီးရောင်းလိုက်"
"အာ တိုက်ကွန်ဒိုတွေ ဂျူဒိုတွေသင်တာ ရန်ဖြစ်ဖို့သင်ထားတာမှ မဟုတ်တာ။"
"ဒါပေမဲ့...ခုလိုညီ့ကို...တောက်"
ရှေ့ဆက်ပြောရမှာအားနာလို့လား ပြောရင်းစိတ်ပဲတိုလာလို့လားမသိ တောက်ခေါက်ခါမျက်နှာလွှဲ
သွား၏။
"ကိုဇက်...ကျွန်တော်ကြောက်တာ ဝေယံကိုမဟုတ်ဘူး။ ကိုဇက် ကိုကျွန်တော်ကြောက်တာ။ ကျွန်တော်ကြောင့်
ကိုဇက်အချုပ်ထဲရောက်မှာကို ကျွန်တော် ကြောက်တာ"
တင်းကြပ်ဆူဝေနေမှုများ အနည်းငယ်လျော့ပါးသွားကာ ကျွန်တော့်ကိုပြန်ငဲ့ကြည့်လာတော့မှ
စကားပြန်ဆက်ရသည်။
"ကျွန်တော်သိတဲ့ကိုဇက်က ပျော်ပျော်ရွှင်ရွှင်နဲ့ မိတ်ဆွေအပေါင်းအသင်းတွေကြားမှာ မိသားစု
ကောင်းကောင်းကနေ ကြီးပြင်းလာသူမှန်းပီသအောင် ယဉ်ကျေးတဲ့သူလေ။ အခုလိုသွေးဆူလွယ်
တဲ့လူမှမဟုတ်တာ။ ကျွန်တော်အမြဲတမ်းကြည့်ပြီး အတုယူခဲ့ရတဲ့လူကို ကျွန်တော် သဘောကျတဲ့ပုံစံ
မျိုးနဲ့ပင်မြင်ချင်တာ"
"ဒါပေမယ့်ညီရာ...ညီကို ကို့ရှေ့မှာတင် စော်ကားမော်ကားလုပ်နေတာကို တည်တည်ငြိမ်ငြိမ်
ကြည့်နေဖို့လောက်ထိတော့ကို ခန္ဓီပါရမီမပြည့်သေးဘူးညီ"
ငါ့နှယ်ကွာ။ စကားတွေတတ်လိုက်တာ။ ဒါတောင်မြန်မာစာကိုလေးတန်းလောက်ထိပဲသင်ခဲ့ရလို့။ မဟုတ်ရင်
စွယ်စုံကျမ်းပါထရေးမလားပဲ
စိတ်ထဲကနေသာ ပြောရဲတာ။ ခုချိန်သာထုတ်ပြော။ အမယ်ငီး လည်ပင်းတောင်ထညှစ်လောက်တယ်
"ဂရုစိုက်ပေးတာ ကျေးဇူးတင်ပေမယ့် အငယ်ဖြစ်တဲ့ကျွန်တော်က ပြန်ထိန်းနေရတာတော့မလုပ်ပါနဲ့ဗျာ။"
"Sorryညီ"
"အာာ ဘာ sorry လဲ။ မလိုဘူး။ ကျွန်တော်ကသာ တောင်းပန်ရမှာ။ ကဲ အိမ်ထဲဝင်တော့။
Everything will be Ok"
ဒါညီ့လက်သုံးစကား။ သွားတန်းများပေါ်အောင်ရယ်ပြနေ၍ သွားတက်တွင်တပ်ထားသော စိန်ပွင့်ကလဲ့ကနဲ။
ဒါကလည်း သူမြှောက်ပေးလို့ ညီလုပ်ထားခြင်းပင်။
အိမ်ထဲရောက်သည်နှင့် မေမေမေးတာက
"ကောင်းကောင်းလေးကို အိမ်ထဲထိလိုက်ပို့ရဲ့လား" တဲ့လေ။
သူ့ထက်ညီ့ကိုပိုပိုသာသာကြီးကို ဂရုစိုက်ပြနေသောမေမေ့ကို ခေါင်းသာညိတ်ပြပြီးအခန်းထဲ
ဝင်လာလိုက်သည်။ ကိုယ့်သားတစ်ယောက်လုံး မျက်နှာမကောင်းလာတာကျတော့ သတိတောင်
မထားမိဘူး။ မာတာမွေးမိခင်သိပ်ချစ်ဖို့ကောင်း။ စာဖတ်ခန်းထဲမှာ ရှိနေဦးမည့်ဖေဖေ့ကိုလည်း
မနှုတ်ဆက်ဖြစ်တော့။ နှုတ်ဆက်ရင်လည်း ကောင်းကောင်းကိုပဲ မေးဦးမှာ။ ညီကိုက လူချစ်လူခင်ပေါတာ။
ခုတင်ပေါ်မှနေ၍ စာရေးစားပွဲပေါ်ထောင်ထားသာ Photo standလေးကို ငေးကြည့်မိသည်။
ကျွန်တော့်ဘွဲ့ဦးထုပ်ကိုဆောင်း ကျွန်တော့်ခါးကို ဖက်ကာ အားပါးတရရယ်နေသောညီ။ နောက်တစ်ပုံက
ညီဘွဲ့ဦးထုပ်ကို ဆောင်းထားကာ ညီ့ပုခုံးကို ဖက်ထားသောကျွန်တော်။
ညီကလေ ဘယ်ချိန်ကြည့်ကြည့် ချစ်ဖို့ကောင်းနေတာက ခက်နေတာ။ ဒါကြောင့်လည်း ဟိုကောင်
ဝေယံက ယောကျာ်းချင်းကိုတောင်ပစ်မှားနေတာ။ တွေးလေပေါက်ကွဲလေ။ ပထမတစ်ခါလည်းညီ့ကို
ရှေ့မှာတင် တွဲကြရအောင် လို့ပြောတည်းက ကျွန်တော် သောင်းကျန်းလိုက်တာ ဝေယံမျက်ခုံးလေးချက်
ချုပ်လိုက်ရပြီး ဆေးရုံမှာတစ်ပတ်ကြာသွားတာတောင် မမှတ်သေးဘူး။ ကျွန်တော်လည်းတစ်သက်နဲ့တစ်
ကိုယ်အချုပ်ထဲ တစ်ညအိပ်ဖူးသွားတယ်လေ။
မိဘချင်းကလည်းသိနေကြသလို တစ်ကျောင်းတည်းထွက်သူငယ်ချင်းတွေမို့ အမှုက တရားရုံးထိ
မရောက်သွားတာ။ ဝေယံတို့မိသားစုကလည်းသူ့တို့ သားအမှားသူတို့သိတယ်။
အဲ့တုန်းကပြဿနာဖြစ်ပြီး ကျွန်တော်အချုပ်ထဲရောက်တဲ့ ကိစ္စကိုညီက ခုထိအားနာနေတုန်း။ ညီပြောသလို
ပဲ နောက်ထပ်အချုပ်ထဲ မဝင်စေချင်၍သာ ညီ တောင်းပန်လိုက်တာနေမှာ။ ညီလည်းယောကျာ်းပဲလေ။
သူ့ကို ယောကျာ်းလိုမမြင်တဲ့လူကို လွတ်တာတော့ လွတ်မှာပဲ။ ကျွန်တော့်ကြောင့်သာ တောင်းပန်လိုက်တာ
နေမှာ။ တောင်းပန်လိုက်ပေမယ့်စိတ်ထဲဘယ်လောက်ခံပြင်းနေမလဲ။
ဒါကိုကျွန်တော်က နားလည်မပေးဘဲ အော်ငေါက်မိလိုက်သေးတယ်။ ချက်ချင်းဖုန်းကောက်ကိုင်ကာဆက်
လိုက်တော့...
"ပြောစေ"
ကို့ညီပြောပုံလေးက လှတယ်နော်။
"ဘာလုပ်နေလဲညီ"
"အင် မေမေတိုက်တဲ့နို့သောက်နေတယ်"
အေး ကောင်းတာပဲ။ မင်းပဲကလေးလုပ်
"အိပ်တော့လေ ညီ။ စာအုပ်တွေဖတ်မနေနဲ့တော့။ ပြီးတော့...Eyelinerတွေကော ဖျက်ပြီးပြီလား"
"အင်းပြီးပြီ။"
"အင်း အင်း မဖျက်ပဲနဲ့အိပ်မိမှာဆိုးလို့။ ခုကိုယ်တွေလက်တွေရောကိုက်နေလား"
"ခဏနေ ဆေးသောက်မှာ။ ကိုဇက်ရာ ပူမနေပါနဲ့။"
"အင်းအင်း နို့သောက်ပြီးရင်အိပ်တော့။ Good Night ညီ"
"Good Night! Have a sound sleep"
"You too"
ညီဖုန်းအရင်ချတာကို စောင့်နေလိုက်တယ်။ ဒါလည်း လုပ်ယူထားတာ မဟုတ်တဲ့အကျင့်တစ်ခု။ ညီနဲ့
ပတ်သတ်ရင် သေးသေးလေးတွေကအစ Seriousဖြစ်လွန်းတဲ့ ကိုယ့် ကို ကိုယ်လည်း နားမလည်။ ညီ့ကို
အစ်ကိုအရင်းထက်ပင်ခင်တွယ်တယ်။ ကျွန်တော့်ထက် ၇နှစ်ခန့်ကြီးသော အစ်ကို ဇိုင်းဝဏ္ဏဦးသည်
ကျွန်တော့်ကို သိပ်ဂရုမစိုက်ခဲ့။ ကိုကို ကိုယ်၌က ခပ်အေးအေးနေတတ်တာလည်းပါမည်။
ကိုယ်တိုင် လိုချင်ခဲ့တဲ့ညီအစ်ကိုမေတ္တာမျိုး ကိုကို့ဆီက မရခဲ့။ ဒါကြောင့်လည်း ညီ့ကိုမွေးလာတော့
ကိုယ်တိုင် လိုချင်ခဲ့တဲ့ဂရုစိုက်မှုမျိုးကို ညီ့ကိုပေးမိတာ။
ညီသည်လည်း တစ်ဦးတည်းသောသားမို့ကျွန်တော့်ကိုဆို တအားခင်တွယ်သည်။ သူကျောင်းသွားတက်တာ
ကြည့်ပြီး ငိုယိုကျန်ခဲတဲ့ညီ့ကို မကြည့်ရက်တာနဲ့ကျောင်းတစ်နှစ်နောက်ကျခံပြီးတော့ကို ညီနဲ့အတူ
ကျောင်းတက်ခဲ့တာ။ ငါးနှစ်သားအသိဉာဏ်နဲ့ဆုံးဖြတ်ခဲ့တဲ့ထိုကိစ္စ အပေါ်ခုထိနောင်တမရ။
မိဘတွေနဲ့သာခွဲဖူးတယ်။ ညီနဲ့ခုချိန်ထိတစ်ရက်ပြည့်အောင်မခွဲဖူးဘူး။

အပိုင်း(၃)
"ကိုဇက်! ၁၁တောင်ကျော်နေပြီ။ မမချိုလည်းမလာသေးဘူး။ ဟိုနေ့ညက caseသိသွားလို့စိတ်
ဆိုးနေလားမသိဘူး"
"မဟုတ်လောက်ပါဘူး။ အလုပ်မပြတ်သေးလို့နေမှာပါ။ ဖုန်းဆက်ကြည့်လေ"
"ဆက်တယ်။ မကိုင်ဘူး"
ခဏကြာတော့---
"တော်ပြီဗျာ။ ကျွန်တော်မစောင့်တော့ဘူး"
ပြောပြောဆိုဆိုနှင့်ကောင်တာမှထွက်ရန်ပြင်နေစဉ် တံခါးမှတီးလုံးသံနှင့်အတူ လတ်ဆက်သော
အပြုံးပန်းများ ပွေ့ပိုက်ကာ ဝင်လာသူ။
"ဟင် မောင်က မ,ကိုမစောင့်တော့ဘဲ သွားတော့မလို့လား"
"ဟင်! မ-မဟုတ်ပါဘူး။ မ,ကားကိုမြင်လို့အပြင်ထွက်ကြိုမလို့။ ဟီးး"
ကျွန်တော်ထံရောက်လာသော ကိုဇက်အကြည့်များကိုမသိကျိုးကျွံပြုရင်း မမချိုကိုသာခေါင်းလေး
စောင်းကာပြုံးပြလိုက်၏။
"အင်း မနည်းနည်းနောက်ကျသွားတယ်။ မောင်ဆာနေရောပေါ့။ လာလေ...ထမင်းစားခန်းထဲသွားရအောင်"
ဝယ်လာသည်များကို ပန်းကန်ထဲပြောင်းထည့်ကာ သူစားဖို့ပြင်ပေးနေသောမမချိုအား
"ဘာလို့ဖုန်းမကိုင်တာလဲ၊ မောင်ဘယ်လောက်စိတ်ပူနေလဲ၊ ဘယ်လိုက်လို့လိုက်ရှာရမှန်းလည်းမသိနဲ့"
ဟု တကယ်ကြီးကို စိုးရိမ်နေသံဖြင့်ပြောလေ၏။
"Sorryပါမောင်ရယ်။ ဆိုင်အသစ်အတွက်Designerတွေနဲ့ဆွေးနွေးနေတာကြာသွားတာ"
"မသိပါဘူး။ မောင့်ကိုများစိတ်ဆိုးနေလို့ ဖုန်းမကိုင်လားဆိုပြီး..."
"မ ဘယ်တုန်းကမောင့်ကိုစိတ်ဆိုးဖူးလို့လဲ၊ ဒါပေမဲ့စိတ်တော့မကောင်းဘူး"
"What about?"
"မောင်တို့မနေ့ညက ဘာဖြစ်ခဲ့လဲ"
ကိုဇက်ကိုလှမ်းကြည့်တော့ ဝင်မပါဘူးဟူသော ဒီဇိုင်းနှင့် မမချိုယူလာပေးသော ထမင်းပေါင်းကို
စတင်စားသောက်နေ၏။
"ဘာဖြစ်လို့လဲ ၊ ဘာမှမဖြစ်ပါဘူး"
"ဘာမှမဖြစ်ဘဲ နဲ့မောင့်Babyက Workshopမှာနောက်ပိုင်း Bobyပြန်ထုနေရတာလဲ"
မမချိုကိုတော့ တကယ်ဖျားသွားတယ်။သို့ပေမယ့်စိတ်မပူစေချင်၍ Whiteမုသားတစ်ခုအမြန်ဖန်တီးယူမိသည်။
နောက်ပြီး စဉ်းစားကြည့်ဗျာ။ ဘယ်သူက ကိုယ့်ချစ်သူကို ကိုယ့်ကိုရည်းစားစကားလိုက်ပြောနေတဲ့
တစ်ယောက်အကြောင်းပြောပြချင်မှာလဲ၊ လိုက်ပြောတာကလည်း ကောင်မလေးမဟုတ်ပဲ ဝေယံဖြစ်နေတော့။
"အာ အဲ့ဒါ ကားParkingထိုးနေတုန်းကားမောင်းတတ်ခါစ ကလေးတစ်ယောက်ကအနောက်
ကတိုက်မိသွားတာ"
"ဝေယံနဲ့တွေ့ခဲ့တာမလား"

ဒီတစ်ခါတော့ ကျွန်တော်ဟန်မဆောင်နိုင်တော့ မျက်လုံးတွေပါပြူးထွက်လာရသည်။ ဝါးလက်စထမင်း
တွေမသီးတာကံကောင်း။
"မ...မဟုတ်"
"ဟုတ်တယ်။ အပြန်မှာ တွေ့တာ"
ကျွန်တော်ငြင်းပယ်နေစဉ် တစ်ချိန်ကုန်ငြိမ်နေသော ကိုဇက်က ထပြောပါလေရော။ သွားပြီငါ့အရှက်တွေတော့။
"ဘယ်လိုဖြစ်တာလဲဇက်"
"အရင်တစ်ခေါက်ကလိုပဲပေါ့၊ ညီ့ကားမှန်းသိလို့ တမင်လိုက်လာတာ၊ ညီကဝင်တားလို့ဘာမှမဖြစ်ဘဲ
ပြီးသွားတာ"
"ဇက်ရယ်စိတ်လျော့ပါနော်၊အထူးသဖြင့်ကောင်းကောင်းနဲ့အတူရှိနေချိန်ပေါ့၊မ,ပြောတာဖက်နားလည်တယ်
ဟုတ်"
"ကျွန်တော်သိပါတယ်"
"ကျေးဇူး"
မမချိုတောင်းတောင်းဆိုဆိုပြောနေတော့လည်း ကျွန်တော်စိတ်မကောင်း။
"ကဲပါဗျာ...ခုလည်း ဘာမှမဖြစ်လို့ မ,လည်း စိတ်ပူမနေနဲ့၊ ဆိုင်ကိစ္စဆွေးနွေးတာကော အဆင်ပြေရဲ့လား"
"အင်း...ပြေတယ်မောင်၊ နောက်လလောက်စဖွင့်မယ်၊ ဒီဇိုင်းတွေက အဆင့်သင့်ဖြစ်နေပြီ။"
"ဒါဆိုခုလက်ရှိဆိုင်ကရော၊ ဘယ်သူနဲ့လွှဲထားမှာလဲ"
"မ,ပဲလုပ်မှာလေ၊ နှစ်ဆိုင်တစ်လှည့်စီသွားတာပေါ့"
"မ;ပင်ပန်းတော့မယ်၊ မောင်ကူညီနိုင်တာရှိရင်လည်းပြောနော်"
"မောင်လည်းမန်းလေးမှာ ဆိုင်ခွဲထပ်ဖွင့်ဖို့နဲ့ ကွတ်ကီးထုတ်ဖို့တွေနဲ့ အလုပ်ရှုပ်နေတာကို"
"အာ...အဲ့ဒါက ရပါတယ်၊ မောင်ဖြည်းဖြည်းချင်းလုပ်နေတာ...''
"Fighting! Fighting! မောင်လုပ်ရင်အောင်မြင်မှာ ခု Idolတောင်၂နှစ်အတွင်းမသိတဲ့
ဆယ်ကျော်သက်မရှိသလောက် ဖြစ်နေပြီပဲ၊ ခုKpopperလောကမှာ မောင့်ဆိုင်မရောက်ဖူးရင်
ခေတ်မမှီသလိုဖြစ်နေပြီ"
"ဟာ...မြှောက်တယ်ဗျာ"
ကျွန်တော်နဲ့မမချိုက တူတာတစ်ခုရှိတယ်။ လူကြားထဲမှာပဲဖြစ်ဖြစ် နှစ်ယောက်တည်း တွေ့တဲ့အချိန်ပဲ
ဖြစ်ဖြစ် မအီကြတာ။ နှစ်ယောက်သားပြောရင်စီးပါွးရေးကိစ္စ။ လုပ်နေရတဲ့အလုပ်ကိစ္စ။ ဒါမှမဟုတ်
မ,ကြားပြီးပြီလားဟုအစချီလျက် အမျှင်မပြတ်နိုင်သောKPOP အကြောင်း။
ကိုဇက်ကတော့ကျွန်တော်တို့နှစ်ယောက်ပြောနေချိန်တော်ရုံဝင်မပါတတ်။ အမြဲလိုလိုတိတ်တိတ်ဆိတ်ဆိတ်ပဲ
နေတတ်တယ်။ ဒီလိုဆိုတော့လည်းခံစားရတယ်။ ဒါပေမဲ့ ဘာလုပ်ပေးရမှန်းလဲမသိဘူးဖြစ်နေတာက ခက်တာ။
>>>>>ညီ<<<<<

"မနက်က မမချိုကို ညီ မလိမ်သင့်ဘူး"
ကောင်းကောင်းသည် ဘေးတိုက်အနေအထားဖြင့်ပင် သူ့ကိုစောင်းငဲ့မော့ကြည့်သည်။
"Waeyo?" (ဘာလို့)
"ကိုယ့်ချစ်သူအပေါ်ရိုးရိုးသားသား အရှိကိုအရှိအတိုင်းဆက်ဆံသင့်တယ်မဟုတ်လား။ကိုချစ်တဲ့
လူကိုအရိုးသားဆုံးဆက်ဆံ ပြောဆိုတာကလည်း အဆင့်မြင့်တဲ့ချစ်နည်းတစ်မျိုးပဲ"
"အမှန်တိုင်းပြောလိုက်ရင်စိတ်ဆင်းရဲသွားမယ်ဆိုတာသိလျက်နဲ့တော့ အမှန်ပဲဖြစ်နေပါစေမပြော
နိုင်ဘူး။"
ညီ့ကိုမျက်လုံးချင်းဆုံအောင်ကြည့်မိသည်။ တန်ပြန်ကြည့်လာသော ညီ့မျက်ဝန်းတွေကငြိမ်သက်
နေသော ကန်ရေပြင်ပမာ။
"အနည်းဆုံးတော့ သူ့အပေါ်ရိုးသားတယ်လေ"

"ကျွန်တော်ကတော့ ကိုယ်ချစ်တဲ့လူစိတ်ချမ်းသာမယ်ဆိုရင် တလောကလုံးမပြောနဲ့ ကိုယ့်ကိုကိုယ်
လည်းလိမ်ရဲတယ်"
ပြတ်သားမှုလိမ်းကျံထားသော ညီ့နှုတ်ခမ်းပါးတို့ တင်းတင်းစေ့လျက်သား။ ဇက်စိတ်တွေ ချက်ချင်း
လေးလံသွားရသည်။ ငယ်ငယ်တည်းက အစစအရာရာအကြိုက်ချင်းတူခဲ့တဲ့ သူတို့နှစ်ယောက်က
အချစ်နဲ့ပတ်သတ်၍ လုံးဝ ပြဒါးတစ်လမ်းသံတစ်လမ်းလိုပင်။
သက်ပြင်းခိုးချသော်ငှား လေးလံမှုကလျော့ပါးမသွား။ ညီ့ကို မသိမသာခိုးကြည့်တော့ ရှေ့မှဇာတ်ကား
ကိုသာ စိတ်ဝင်တစားကြည့်နေသည်။ အမှောင်ချထားသော သူ့တို့ဧည့်ခန်းတွင်း TVမှအရောင်မျိုးစုံသည်
ညီ့မျက်နှာကိုပါအရောင်အမျိုးမျိုး ပြောင်းလဲနေစေ၏။
သက်ပြင်းခပ်ဖွဖွချရင်း သူသည်လည်းTVကိုသာ ကြည့်နေလိုက်သည်။ ဇာတ်လမ်းက ဘာမှန်းတောင်
သေချာမသိတော့။ အရင်ကဆိုဇာတ်လမ်းနဲ့ပတ်သတ်၍ အကောင်းအဆိုးဝေဖန်သုံးသပ်နေကျ ညီသည်ခုတွင်
တော့ ပြီးသွား၍ စာတန်းထိုးနေသည့်တိုင်အသံထွက်မလာ။
"ညီ..."
အိပ်ပျော်နေတာ။ ကလေးတစ်ယောက်လိုနှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာ။ နှိုးမယ်လို့လက်ရွယ်
ပြီးမှ လက်အမြန်ပြန်ရုတ်လိုက်မိသည်။မီးရောင်မှိန်မှိန်အောက် အိပ်မောကျနေသောညီ့ကို
ငုံ့မိုးကြည့်နေမိသည်။ ညီ ကတကယ့်လူချောလေးပါ။
ဖြူဖွေးကြည်လင်နေသော ပါးပြင်တွင် သွေးကြောလေးတွင်ယှက်ဖြာနေ၍ သွေးရောင်ဟက်ကာ
ပန်းနုရောင်သွေးသွေးပြေပြေလေးဖြစ်နေသည်။
ဖြောင့်စင်းစင်းနှာတံနှင့် လိုက်လျောညီထွေရှိနေသော နှာခေါင်းထိပ်လုံးလုံးလေး။ မိန်းကလေး
တွေထက်ပင် ရဲသွေးကြွနေလေ့ရှိသောနှုတ်ခမ်းပါးပါး။
အဲ့နှုတ်ခမ်းလေးကနေ အစောလေးကတင်မှကျွန်တော့်ကိုစကားကြီးစကားကျယ်တွေပြောသွားတာ။
ခုတော့ သူမဟုတ်တဲ့အတိုင်း အိပ်နေတာများ။
ဖုန်းထုတ်ကာဓာတ်ပုံရိုက်တော့Cameraသံကြောင့် အင်း~အဲနှင့်နိုးလာသည်။ညီကအအိပ်လည်းဆက်တယ်။
"ဟင် ပြီး...သွားပြီလား"
"အင်း...ပြီးပြီ။ ထတော့ညီ။"
အိပ်မှုန်စုံဝါးနှင့်ထရပ်သော ညီက ခြေခွေသွား၍ ခါးကိုလှမ်းဖက်ကာထိန်းပေးတော့"Gomaryo"
(ကျေးဇူးတင်ပါတယ်) တဲ့။
အိပ်ချင်မူးတူး ဖြစ်နေတာတောင် korea language Skillတွေ ထုတ်ပြချင်နေတုန်း။
"ရလားညီ၊ အိပ်ခန်းထဲလိုက်ပို့ပေးရမလား"
"နေ...နေရတယ်။ Good night"
ယိုင်တိုင်တိုင်နဲ့လှေကားပေါ်တက်သွားသည်ကို ရင်တမမနဲ့စောင့်ကြည့်ပြီး အခန်းတံခါးပိတ်သံ
ကြားမှ စက်တွေပိတ်။ အိမ်ရှေ့ထွက်ကာ ခြံဘေးတံခါးမှတစ်ဆင့်ကိုယ့်အိမ်ဖက်ကိုယ်ကူး
နိုင်သည်။
အခန်းထဲရောက်တော့မအိပ်ခင် ခိုးရိုက်လာသော ညီ့ပုံကို ပြန်ဖွင့်ကြည့်မိသည်။
"အာရိုး...ချစ်ဖို့ကောင်းလိုက်တဲ့ မျိုးကောင်းလေး"
အင်! Wallpaperတောင်လုပ်မိလိုက်ပြီလား၊ ထားလိုက်တော့။ ဖုန်းကြည့်မိတိုင်း စိတ်ချမ်းသာရ
တာပေါ့။
"ညီ...Have a sweet dream"

Bạn đang đọc truyện trên: ZingTruyen.Xyz