ZingTruyen.Xyz

ညီ

Epi2

HsuChiKo365

""မ ,ကအဲ့ဒါေတာ့မဟုတ္ပါဘူးကြာ""

""ေႀသာ္--ေမာင္ကလည္း မ,လည္းလိုက္ခ်င္တာ
ေပါ့။ဒါေပမယ့္အေရးေပၚဆိုတာရွိတယ္ေလ""

""သြားမယ္ေျပာျပီး ခုက်ေတာ့မွမလိုက္ဘူးေျပာ
ေတာ့ ေမာင္သြားဖို႔စိတ္ထင့္သြားျပီေပါ့""

""မထင့္ပါနဲ႔ေမာင္ရယ္။သြားပါ။မ,မပါလည္းZနဲ႔
ႏွစ္ေယာက္သားသြားေနႀကပဲဟာ--ဟိုေရာက္
ရင္လည္းေမာင့္ pageထဲက ကေလးေတြနဲ႕ေတြ႔
ျပီးေမာင္ေပ်ာ္သြားမွာပါ""

""ေတာ္ျပီ""

က်ေတာ္ေနာက္လွည့္ကာေျပာေတာ့

""ညီကလည္း--မမခ်ိဳအဘြားအေႀကာင္းလည္္း
သိသားနဲ႕။Family meetingကိုသူ႔ေျမးတစ္ေယာက္လာ
မတက္ရင္ေဆးရံုတစ္ပတ္ေရာက္တက္တာကို""

""ဟုတ္ပါတယ္ေမာင္ရယ္။မ,ေႀကာင့္မႀကည့္ရ
တာမ်ိဳးေတာ့မျဖစ္ေစခ်င္ဘူး။ျပီးေတာ့ေမာင္
လည္းYGNကိုျပန္လာတည္းကဆိုင္နဲ႔ပဲလံုးပန္း
ေနရတာ။တစ္ခါတေလေလးသြားရတာကို။သြားလိုက္ပါေနာ္။""

Myanmar Ent,တစ္ခုကႀကီးမွဴးက်င္းပေသာ
Kpop showပြဲကိုသြားမယ္ျပင္ႀကျပီး အနား
ကပ္မွမမခ်ိဳ၏Family Meetingေပၚလာ
ျခင္းအေပၚေကာင္းေကာင္းဂ်စ္ေနတာျဖစ္၏
မမခ်ိဴေရာက်တာ္ပါအတင္းေျဖာင္းျဖေျပာဆိုျပီးမွ
ကိုယ္ေတာ္ကသြားဖို႔Confirmေတာ့၏။မသြား
ခ်င္တာလည္းမဟုတ္ပဲနဲ႔။ဒီKpopဇာတ္ကလည္း
မမခ်ိဳကိုယ္တိုင္သြင္းထားတာ။ညီကေတာ့ Idol
ေတြကိုသေဘာတက်ရွိေပမယ့္Zကညီေလာက္
ေတာ့မဟုတ္။သူျပရင္ႀကည့္ေပးလိုက္တယ္ဒီ
ေလာက္ပဲ။ခုShowပြဲလည္းညီေလာက္မတက္
ႀကြေပမယ့္ ညီသြားေတာ့လည္းZလိုက္ရတာထံုးစံ
ပဲေလ။

အိမ္ျပန္ျပီးအဝတ္အစားလဲ။ကိုယ္ကအစတည္းက
တက္ႀကြသူမဟုတ္ေလေတာ့သာမာန္ထသြား
ထလာပဲ။ကိုယ္ေတာ္ေလးကေတာ့အျပတ္ရွိဳင္း
တယ္ခင္ဗ်။သူပါတက္ကမလားပင္ထင္ရ
ေလာက္ေအာင္ကိုျပင္ထားတာ။မ်က္လံုးမွာ
လည္းEyelinerေတြနဲ႔။ကခ်င္တရုတ္ကျပား
ေလးမို႔ေဖြးေဖြးဥေနေသာအသားက All Black
Fashionနဲ႔ေတာ္ေတာ္ႀကီးကိုလိုက္ဖက္ေန၏
ဒါေႀကာင့္လည္း EXO LOST PLANET သြားႀကည့္ႀကတုန္းက Koreaမေလးေတြ
ဓာတ္ပံုလာရိုက္ရတာေလ။ညီက တကယ့္Muti
kpopper fanboy။သူ႔ပံုစံနဲ႔ကလိုက္လည္း
လိုက္သည္ေလ။သူလုပ္ခ်င္တာလုပ္ရ၍လမ္းတစ္
ေလွ်ာက္ျမဴးေနတာ။ျမဴးေနတာ။Chanyeolန႔ဲအ
ျပိဳင္Rappingေတာင္လိုက္ရြတ္ေနေသး။ေအး
ပါကြာ။မင္းေခတ္ပဲလုပ္ေပါ့။

မမခ်ိဳမလိုက္လို႔အိမ္မွာသာဂ်ီက်တာပြဲေရာက္
ေတာ့သူအျမဴးဆံုးပဲ။စင္ေပၚကဆိုျပသမ်ွသီခ်င္း
သူအကုန္ရတယ္။ဒါအံ့ႀသစရာေတာ့မဟုတ္ပါဘူး
Korea languageကို သီခ်င္းနားထာင္ရင္း
Drama Seriesေတြႀကည့္ရင္း တတ္က်ြမ္း
သြားသူေလ။EPS TOPIKေတာင္ေအာင္တယ္
ဗ်ာ။ခုလည္းLevel 3ကို
မအားတဲ့ႀကားကYUFLမွာသြားတက္ေနေသး
တယ္။ညီက ငယ္ငယ္ေလးတည္းကဥာဏ္တအား
ေကာင္းတယ္။
ကေလးတစ္ေယာက္လိုစိတ္လြတ္ကိုယ္လြတ္
ေအာ္ဟစ္ခုန္ေပါက္လိုက္ႀက၍ညီေရာ ညီရဲ႕
အေပါင္းအပါေလးေတြေရာပြဲလည္္းျပီးေျခကုန္
လက္ပန္းႀကကုန္ေတာ့၏။

ျမက္ခင္းျပင္တြင္ေျခပစ္လက္ပစ္ႏွင့္အနားယူေန
ႀကစဥ္---ကိုဇက္က ေရဗူးသြားဝယ္ေပးသည္။
အဖံုးဖြင့္ျပီးသူ႔ထံသို႔ကမ္းေပးကာသူ႔ကိုအရင္တိုက္
၏။ကိုဇက္ကဒီလိုပဲ။ေသးေသးမႊားမႊားေလးကအစ
ဂရုတစိုက္ရွိတယ္။ေရေမာ့ေသာက္ေနေသာသူ႔
ေခါင္းကိုလာဖြျပန္သည္။

""မမခ်ိဳမလိုက္လို႔ေပါက္ကြဲခုန္ေပါက္လိုက္ရတာ
နဲ႔ညီလည္းေမာေရာ""

""ေနပါဗ်ာ""

ေခါင္းေပၚမွလက္ကိုပုတ္ထုတ္ရင္းတစ္ဆက္
တည္းေခ်ပေျပာဆိုလိုက္ေတာ့ သေဘာတက်နဲ႔
တဟားဟားေအာ္ရယ္ေနေသး၏။ဒီေလာက္တား
ေနသည့္ႀကား မႀကိဳက္ဘူးလို႔ေျပာထားသည့္ႀကား
ထဲကေနေခါင္းကိုလာလာဖြတာ။ဒါက်ေတာ့္ကိုကေလးဇာတ္သြင္းတာ။ေနေစအံုး
ေနာက္မွအဲ့အက်င့္ေပ်ာက္ေအာင္မွတ္ေလာက္သားေလာက္ရွိေအာင္လုပ္ထားအံုးမယ္။ေကာင္မ
ေလးေတြေရွ႔မွာအဲ့လိုလုပ္ခံရတာေလာက္ေအာက္သီးေအာင့္သက္ခံစားရတာမရွိ။ခုလည္းေရွ႔မွကေလးမတစ္စုကကိုယ္ေတြကိုျပံဳးစိစိနဲ႔လွမ္းရႈိး။သိတာေပါ့အဲ့အႀကည့္အဓိပၸါယ္ကို။Yႏွင့္စေသာJapanအသံထြက္စာလံုးရွိRSပံုစံမ်ိဳးထင္သြားရင္ေသခ်ာတယ္က်ေတာ္ကUနဲ႔စတဲ့ေနရာကပဲ။
အျမင္နဲ႔အထင္နဲ႔တင္က်ေတာ္မ်ားစြာနစ္နာေနျပီကို။ဒါေတြရွင္းျပျပီးတားလို႔ကလည္း
မျဖစ္။ခက္တယ္ကိုဇက္။ခင္ဗ်ားနဲ႔ေတာ့ခက္တယ္။

ခုက်ေတာ္ေသာက္ျပီးသားေရဗူးကိုပင္ ပါးစပ္ႀကီး
နဲ႔ေတ့ကာေသာက္ေနသူ။ကိုဇက္ကေလတျခားလူ
ေတြနဲ႔သာဆို ေရတစ္ခြက္တည္းေသာက္ဖို႔မေျပာ
နဲ႔ စီးျပီးသားအိမ္စီးဖိနပ္ကိုပင္မစြတ္သူ။က်ေတာ္
ကိုေတာ့ သူမရြံ႕တာအံ့ႀသတယ္။ေမြးကတည္းက
သိေနလို႔မ်ားလားဘာလား??

""အေမာေျပရင္ျပန္မယ္ညီ။ေခ်ြးေတြလည္းရႊဲေန
တာ။ကိုယ့္ေခ်ြးနဲ႔ကိုယ္အေအးပက္အံုးမယ္""

ေႀသာ္ခ်ဴခ်ာလြန္းတဲ့ကိုယ့္ကိုကိုယ္သာ စိတ္ပ်က္
တာ။လူဆိုတာကလည္းဘယ္လိုလုပ္ျပီးPerfect
ျဖစ္မလဲေနာ္။ဥစၥာေပါရုပ္ေခ်ာဥာဏ္ေကာင္း က်န္း
မာေရးပါေကာင္းျပေနရင္ေသခ်ာျပီ။အဲ့ေလာက္
ျပည့္စံုေနရင္ က်ေတာ္ကCinderellaဆန္ဆန္
ဇာတ္လမ္းမ်ိဳးေတြထဲက မင္းသားပဲ။Butကိုဇက္
ကေရာ။ျမက္ခင္းေပၚမွက်ေတာ့္ကိုလက္ကမ္းကာ
ဆြဲထူေပးေနသူကိုျပန္ဆြဲထူထရင္းက်ေတာ့္ပုခံုး
ေပၚမွမိမိပိုင္ပိုင္ဖက္ထားေသာသူ႔လက္ေတြ
ြေႀကာင့္ပတ္ဝန္းက်င္ကိုဂရုစိုက္စရာမလိုေလာက္
ေအာင္က်ေတာ္ေဘးကင္းလံုျခံဳေနျပီမို႔သူ႔အတင္းကိုစိတ္ထဲမွာသာပယ္ပယ္နယ္နယ္တုတ္ေနလိုက္တယ္။
အင္းေျပာမယ္ဆို ကိုဇက္လည္း ရုပ္ေခ်ာတာပဲ
သူေခ်ာတာကျမန္မာဆန္တယ္။က်ေတာ့္လိုျဖဴ
ေဖြးေနတာမ်ိဳးမဟုတ္ပဲ ေမေမဦးဆီက ဝါေရႊေရာင္ဝင္းေနေသာျမန္မာဆန္ဆန္လွေသာ
အသားအရည္မ်ိဳးကိုပိုင္ဆိုင္ထားတာ။က်ေတာ္ကသူ႔လိုအသားအရည္မ်ိဳးလိုခ်င္တာ။ညိဳေနမွေယာက်ာ္းပီသတာမဟုတ္ဘူး။အဲ့လိုဝင္း
ဝါႀကည္လင္ေနတာကလည္းတစ္မ်ိဳးႀကည့္
ေကာင္းေနတာပဲ။USမွာေက်ာင္းတက္တုန္းကဆိုသူကအျဖဴေတြ
ႀကားထင္းေနတာ။အရပ္ကလည္း၅'၁၁"ဆိုေတာ့ က်ေတာ့္ထက္၁လက္မေလာက္ကတ္သီးေလးပို
ိုရွည္သြားေသးတယ္။
ဥာဏ္ရည္ေလးလည္းမဆိုးဘူးဆိုတာထက္ပို
တယ္။Software Engineerဆိုေတာ့စဥ္း
စားႏိုင္တာေတာ့ေတာ္ေတာ္စဥ္းစားႏိုင္တယ္။
အဲသူ႔မွာက ႀကိဳက္မယ့္လူမရွိတာက သူ႔ခ်ိဳ႔ယြင္း
ခ်က္ႀကီးပဲ။သူက ရတာမလို;လိုတာာမရေလ။
ေတြ႔လားေျပာပါတယ္။လူမွာတစ္ခုမဟုတ္တစ္ခု
ေတာ့ခ်ိဳ႔ယြင္းခ်က္ရွိပါတယ္ဆို။
ယာဥ္စည္းကမ္းဥပေဒခိုင္မာေသာႏိုင္ငံတြင္
ေက်ာင္းတက္ခဲဲ့ရသူေတြပီပီကားေပၚေရာက္တာ
နဲ႔ safety baltကပတ္ျပီးသား။အမိုးဖြင့္ကား
အားအမိုးျပန္ပိတ္သည္။မွန္ေတြတင္သည္။လုပ္
သမွ်သာႀကည့္ေနလိုက္တယ္။ဟုတ္တယ္ေလ။
ကိုယ့္အေျခအေနကိုသူအသိဆံုးေလ။ဘာမွေစာဒ
ကတက္ေနဖို႔ကိုမလိုတာ။အားလံုးျပီးစီးေတာ့မွ

""ညီအိပ္ခ်င္အိပ္ေလ။ေက်ာကေခြ်းေတြေကာ
သုတ္ေပးရမလား""

""ေန--ေနရတယ္။Airconဖြင့္ထားတာပဲ။""

""ကိုဇက္ကားကိုWorkshopကဘာေျပာလဲ""

""Okတယ္တဲ့။မနက္ျဖန္လာပို႔ေပးမယ္တဲ့""

"က်ေတာ္ေျပာသားပဲ။ဘာမွမျဖစ္ပါဘူးဆိုတာကို
ကိုဇက္ကိုက ဇီဇာေႀကာင္ေနတာ""

""ဘာလဲ။ခုညီ့ကားသံုးေနရလို႔မေက်နပ္တာလား
YGNျပန္ေရာက္ျပီးကားအတူတူဝယ္ႀကတာ
ေတာင္ကို႔ကားနဲ႔ပဲသြားလာေနႀကတာ။သူ႔ကားခု
မွထုတ္သံုးတာကို--""

""ဟာာာကိုဇက္ကလည္္းက်ေတာ္ကအဲ့သေဘာနဲ႔ေျပာတာမဟုတ္ပါဘူးဗ်။ကိုဇက္လစာေတြသက္သက္ကုန္လို႔ေျပာတာပါ""

သူေနာက္လိုက္သည္ကိုတကယ္ထင္မွတ္သြား
ကာမ်က္လံုးျပဴးမ်က္ဆံျပာႏွင့္ျပန္ရွင္းျပေနေသာ
ေကာင္းေကာင္းရယ္ပါ။

""ကိုက ေနာက္တာပါညီရာ။ကဲအိပ္ခ်င္အိပ္ေလ။"

""ကိုဇက္ေနာက္တာႀကီးကလည္းဗ်ာ။တကယ္
ႀကီးေျပာေနသလိုပဲ""

""ေနာက္တာပါကြာာာ""

လက္တစ္ဖက္ႏွင့္ေခါင္းကိုဖြေတာ့ ေထာင့္ကိုပို
ကပ္ကာေရွာင္သည္ေလ။ေပါင္ေပၚကလက္ေခ်ာင္းေလးေတြကိုစည္္းခ်က္
လိုက္သလိုလႈပ္ေန၏။ဒီအတိုင္းဆို အိပ္ေတာ့မွာ
မႀကာခင္။
-
-
-
""ေတာက္""

ခပ္ျပင္းျပင္းေတာက္ေခါက္သံေႀကာင့္ကေယာင္
ကတမ္းလူးလဲထႀကည့္ျပီးအေျခအေနကိုျမန္ျမန္
ဆန္ဆန္စနည္းနာလိုက္ေတာ့ ေတြ႔ပါ၏။

""ကိုဇက္ ဒီအတိုင္းေမွးလိုက္;လိုက္ေတာ့။ဒီ
ေကာင္ေတြတမင္ညစ္ေနတာ""

""မလိုက္ႏိုင္ဘူး။ဇိုင္းဇက္ကိုဒါမ်ိဳးေႀကာလို႔မရဘူး"

ေအာ္Formula one ကားျပိဳင္ပြဲCrazyဇိုင္း
ဇက္ေရွ႔မွာမွကိုးယိုးကားယားႏွင့္တမင္တကာလမ္း
ပိတ္ေမာင္းေနေသာ ျပိဳင္ကားကရန္စေနမွန္းသိ
သာလွသည္။
ကိုဇက္ကလည္းလ်င္သည္။တစ္ဖက္မွ တစ္ကိုယ္
စာလြတ္သြားရံုေလးေဘးကပ္မိစဥ္ ပြတ္ဆြဲေက်ာ္
တက္ခ်လိုက္ေတာ့---
တစ္ဖက္လူအငိုက္မိသြားပံုရသည္။အေယာင္
ေယာင္အမွားမွားႏွင့္ဘရိတ္ႏွင့္လီဗာမွားနင္းမိ
သြားျပီးေရွ႔ေက်ာ္ရံုေလးရွိေသးေသာက်ေတာ့္တို႔
ကားကိုလာေဆာင့္ပါေလေရာ။
သြားျပီ--ငါ့Babyေလး။ဖင္ပိုင္းခ်ိဳင့္သြားေလာက္
ျပီ။

""ေတာက္!!""

""ကိုဇက္!ခဏ""

ခါးပတ္ကိုျဖဳတ္ကာဝုန္းဒိုင္းက်ဲဆင္းသြားေသာ
ကိုဇက္ကိုလိုက္ဆြဲေသာ္လည္းမမွီေတာ့။ျပႆနာ
ေတာ့တက္ျပီ။တစ္ဖက္ကားမွလည္း ဆင္းလာ၏
စုစုေပါင္းေလးေယာက္။
အားလံုးကမွန္ေနပံုျဖင့္ေျခလွမ္းေတြကယိုင္တုုိင္
တိုင္။ျပည္လမ္းတစ္ေလ်ွာက္ကားက်ဲေနခ်ိန္။
အနားေရာက္လာေသာလူကိုႀကည့္ေတာ့မွအ
ေႀကာင္းရင္းကိုေရလည္သြားေတာ့၏

""ေဝယံ။ေတာ္လိုက္ႀကရေအာင္။လာ--ကိုဇက္
ျပန္မယ္""

""ဘာလဲေကာင္းေကာင္း။မင္္းကေႀကာက္ေနတာ
လား။ဘာလဲကြာငါကမင္းနဲ႔ေတြ႔ခ်င္လို႔ခုလိုစြန္႔စား
လိုက္ရတာကို။မင္းကစိမ္းကား--""

"ေဝယံ။မင္းပါးစပ္ပိတ္ျပီးခုကားထဲျပန္ဝင္လိုက္""

""ဟား--ဟားးေႀကာက္လိုက္တာဇိုင္းဇက္ရာ။ငါ
ကေကာင္းေကာင္းကားမွန္းသိလို႔ကိုလိုက္လာတာ
မင္းေနစမ္းပါ။ငါေကာင္းေကာင္းကိုေျပာစရာရွိလို႔"

""မင္းး!!""

""ကိုဇက္!""

ကိုဇက္ခါးကိုေရွ႔မွလွမ္းဆီးကာဖက္ရင္းကား
ထဲသို႔အျမန္သြင္းေနစဥ္ က်ေတာ့္ပုခံုးေပၚေရာက္
လာေသာေဝယံ၏လက္တစ္ဖက္။

""မင္းလက္ညစ္ပတ္နဲ႔ညီ့ကိုမထိနဲ႔။""

ေအာ္သံႏွင့္အတူ ခြပ္ ဆိုသည့္အသံ။
ဟာထိုးလိုက္ျပီ။ကြိဳင္ပါပဲကြာ။ဟိုကမူးေနတယ္
ဆိုေပမယ့္၄ေယာက္ေတာင္ဟာ။ျပိဳင္ျဖစ္ရင္
္ေတာေခြးရူးအုပ္ဝိုင္းကိုက္ခံရသလိုျဖစ္မွာ
ေနာက္မွသံုးေယာက္ကလည္းသူ႔တို႔လူအထိုးခံ
လိုက္ရေတာ့ေခတ္ေဟာင္း့ျမန္မာရုပ္ရွင္ကားထဲက
လူႀကမ္းေတြဂိုက္နဲ႔လွမ္းလာေလေတာ့၏။လည္
ထြက္သြားေသာမ်က္ႏွာမွေမးေဇာင္းကိုလက္ႏွင့္
ပြတ္လ်က္ျပန္ႀကည့္လာေသာေဝယံ၏ရဲရဲေတာက္
မ်က္ဝန္းေတြ။

""ေတာ္ပါေတာ့ကြာ။ေဝယံငါေတာင္းပန္ပါတယ္
ကြာ။မင္းသြားစရာရွိတာသြားပါေတာ့""

""ေတာက္!!ေနေကာင္းျမတ္သူ!မင္းေႀကာင့္
ေနာ္။ေနာက္တစ္ခါေတာ့မရဘူး""

ေဝယံေနာက္လွည့္သြားေတာ့မွ အသက္ရႈသံေတြ
ျမန္ေနေသာကိုဇက္အား ခါးမွအတင္းဖက္ကာ
ကားထဲအတင္းေခၚသြင္းရ၏။ဒီတစ္ခါကားေမာင္း
သူက က်ေတာ္ေပါ့။
က်ေတာ့္မထိရက္မကိုင္ရက္ထားထားခဲ့ရတဲ့က်
ေတာ့္Babyေလးခုေတာ့Work Shopထဲ
ကတစ္စိမ္းတရံေတြလက္ထဲမွာအထုခံရေတာ့
မယ္။ေတာက္!!ငါေနာ္ေတြးမိေလဟိုေကာင္ေဝယံ
ကိုပစ္ပစ္ကန္ခ်င္ေလ။
တစ္လမ္းလံုးအံတႀကိတ္ႀကိတ္နဲ႔ျဖစ္ေနေသာ
ကိုဇက္က ျခံေရွ႔ေရာက္ေတာ့မွက်ေတာ့္ကိုစူးစူး
ရဲရဲႀကည့္လာကာ

""ေနေကာင္းျမတ္သူ!!မင္းေနာက္တစ္ခါအဲ့
ေကာင္ကိုငါ့ေရွ႔မွာေတာင္းပန္ရင္ငါသူ႔ကိုမထိုး
ဘူး။မင္းကိုပဲထိုးမွာ""

ငယ္ငယ္ေလးတည္းက ""ညီ"" ""ေကာင္းေကာင္း""စသည္ျဖင့္ႏူးႏူးညံ့ညံ့ေခၚခဲ့
သူက နာမည္အရင္းႀကီးေခၚလာတယ္ဆိုတည္းက
ေတာ္ရံုစိတ္တိုေနလို႔မဟုတ္။

""က်ေတာ္ေႀကာက္လို႔ေတာင္းပန္လိုက္တာမ
ဟုတ္ဘူးကိုဇက္။""

""ဒါဆိုဘာလို႔လဲ?မင္းကို ေစာ္ကားေနတာေတာင္
မင္းကေတာင္းပန္ေနေသးတယ္။မင္းရထားတဲ့
ဆုတံဆိပ္ေတြကုလားကိုဲပိသာခ်ိန္ျပီးေရာင္း
လိုက္""

""အာာာ တိုက္ကြန္ဒို ဂ်ဴဒိုေတြသင္တာ ရန္ျဖစ္
ဖို႔သင္ထားတာမွမဟုတ္တာ။""

""ဒါေပမယ့္---ခုလိုညီ့ကို--ေတာက္""

ေရွ႔ဆက္ေျပာရမွာအားနာလို႔လားေျပာရင္းစိတ္ပဲတိုလာလို႔လားမသိ ေတာက္ေခါက္ခါမ်က္ႏွာလႊဲ
သြား၏

""ကိုဇက္--က်ေတာ္ေႀကာက္တာေဝယံကိုမဟုတ္
ဘူး။ကိုဇက္ ကိုက်ေတာ္ေႀကာက္တာ။က်ေတာ္
ေႀကာင့္ကိုဇက္အခ်ဳပ္ထဲေရာက္မွာကိုက်ေတာ္
ေႀကာက္တာ""

တင္းႀကပ္ဆူေဝေနမႈမ်ားအနည္းငယ္ေလ်ာ့ပါးသြားကာက်ေတာ့္ကိုျပန္ငဲ့ႀကည့္လာေတာ့မွ ူစကားျပန္ဆက္ရသည္။

""က်ေတာ္သိတဲ့ကိုဇက္က ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔
မိတ္ေဆြအေပါင္းအသင္းေတြႀကားမွာမိသားစု
ေကာင္းေကာင္းကေနႀကီးျပင္းလာသူမွန္းပီသ
ေအာင္ယဥ္ေက်းတဲ့သူေလ။အခုလိုေသြးဆူလြယ္
တဲ့လူမွမဟုတ္တာ။က်ေတာ္အျမဲတမ္းႀကည့္ျပီး
အတုယူခဲ့ရတဲ့လူကိုက်ေတ္ာသေဘာက်တဲ့ပံုစံ
မ်ိဳးနဲ႔ပင္ျမင္ခ်င္တာ""

""ဒါေပမယ့္ညီရာ~~ညီကို ကို႔ေရွ႔မွာတင္ေစာ္
ကားေမာ္ကားလုပ္ေနတာကိုတည္တည္ျငိမ္ျငိမ္
ႀကည့္ေနဖို႔ေလာက္ထိေတာ့ကို ခႏၶီပါရမီမျပည့္
ေသးဘူးညီ""

>>ငါ့ႏွယ္ကြာ။စကားေတြတတ္လိုက္တာ။ဒါေတာင္ျမန္မာစာကိုေလးတန္းေလာက္ထိပဲသင္
ခဲ့ရလို႔ဲ။မဟုတ္ရင္ စြယ္စံုက်မ္းပါထေရးမလားပဲ<

စိတ္ထဲကေနသာေျပာရဲတာ။ခုခ်ိန္သာထုတ္ေျပာ။
အမယ္ငီးးးလည္ပင္းေတာင္ထညွစ္ေလာက္တယ္

""ဂရုစိုက္ေပးတာေက်းဇူးတင္ေပမယ့္ အငယ္
ျဖစ္တဲ့က်ေတာ္ကျပန္ထိန္းေနရတာေတာ့မလုပ္
ပါနဲ႔ဗ်ာ။""

""Sorryညီ""

""အာာ ဘာsorryလဲ။မလိုဘူး။က်ေတာ့္ကသာ
ေတာင္းပန္ရမွာ။ကဲ ပင္ပန္းသြားျပီ။အိမ္
ထဲဝင္ေတာ့။Every Thing Will Be Ok""

ဒါညီ့လက္သံုးစကား။သြားတန္းမ်ားေပၚေအာင္
ရယ္ျပေန၍သြားတက္တြင္တပ္ထားေသာ
စိန္ပြင့္ကလဲ့ကနဲ။ဒါကလည္းသူေျမွာက္ေပးလို႔
ညီလုပ္ထားျခင္းပင္။

အိမ္ေရာက္သည္ႏွင့္ ေမေမေမးတာ

""ေကာင္းေကာင္းေလးကိုအိမ္ထဲထိလိုက္ပို႔ရဲ႕လား""တဲ့ေလ။
သူ႔ထက္ညီ့ကိုပိုပိုသာသာႀကီးကိုဂရုစိုက္ျပေန
ေသာေမေမ့ကို ေခါင္းသာညိတ္ျပျပီးအခန္းထဲ
ဝင္လာလိုက္သည္။ကိုယ့္သားတစ္ေယာက္လံုး
မ်က္ႏွာမေကာင္းလာတာႀကေတာ့သတိေတာင္
မထားမိဘူး။မာတာေမြးမိခင္သိပ္ခ်စ္ဖို႔ေကာင္း။စာဖတ္ခန္းထဲမွာရွိေနအံုးမည့္ေဖေဖ့ကိုလည္းမ
ႏႈတ္ဆက္ျဖစ္လိုက္ေတာ့။ႏႈတ္ဆက္ရင္လည္း
ေကာင္းေကာင္းကိုပဲေမးအံုးမွာ။
ညီကိုက လူခ်စ္လူခင္ေပါတာ။ခုတင္ေပၚမွေန၍
စာေရးစားပြဲေပၚေထာင္ထားသာPhoto stand
ေလးကိုေငးႀကည့္မိသည္။သူ႔ဘြဲ႕ဦးထုပ္ကို
ေဆာင္းသူ႔ခါးအားဖက္ကာအားပါးတရရယ္
ေနေသာညီ။ေနာက္တစ္ပံုက ညီဘြဲ႕ဦးထုပ္အား
ေဆာင္းထားကာညီ့ပုခံုးကိုဖက္ထားေသာသူ။
ညီကေလ ဘယ္ခ်ိန္ႀကည့္ႀကည့္ခ်စ္ဖို႔ေကာင္းေန
တာကခက္ေနတာ။ဒါေႀကာင့္လည္းဟိုေကာင္
ေဝယံက ေယာက်ား္ခ်င္းပင္ပစ္မွားေနတာ။ေတြး
ေလေပါက္ကြဲေလ။ပထမတစ္ခါလည္းညီ့ကိုသူ႔
ေရွ႔မွာတင္ တြဲႀကရေအာင္ လို႔ေျပာတည္းကသူ
ေသာင္းက်န္းလိုက္တာ ေဝယံမ်က္ခံုးေလးခ်က္
ခ်ဳပ္လိုက္ရျပီး ေဆးရံုမွာတစ္ပတ္ႀကာသြားတာ
ေတာင္မမွတ္ေသးဘူး။သူလည္းတစ္သက္နဲ႔တစ္
ကိုယ္အခ်ဳပ္ထဲတစ္ညအိပ္ဖူးသြားတယ္ေလ။
မိဘခ်င္းကလည္းသိေနႀကသလို တစ္ေက်ာင္း
တည္းထြက္သူငယ္ခ်င္းေတြမို႔အမႈကတရားရံုးထိ
မေရာက္သြားတာ။ေဝယံတို႔မိသားစုကလည္းသူ႕
တို႔သားအမွားသူတို႔သိတယ္။
အဲ့တုန္းကျပႆနာျဖစ္ျပီးသူအခ်ဳပ္ထဲေရာက္တဲ့
ကိစၥကိုညီက ခုထိအားနာေနတုန္း။ညီေျပာသလို
ပဲသူ႔ကိုေနာက္ထပ္အခ်ဳပ္ထဲမဝင္ေစခ်င္၍သာညီ
ေတာင္းပန္လိုက္တာေနမွာ။ညီလည္းေယာက်ာ္း
ပဲေလ။သူ႔ကိုေယာက်ာ္္းလိုမျမင္တဲ့လူကိုလြတ္တာ
ေတာ့လြတ္မွာပဲ။သူ႔ေႀကာင့္သာေတာင္းပန္လိုက္
တာေနမွာ။ေတာင္းပန္လိုက္ေပမယ့္စိတ္ထဲဘယ္
ေလာက္ခံျပင္းေနမလဲ??

ဒါကိုသူကနားလည္မေပးပဲေအာ္ေငါက္မိလိုက္
ေသးတယ္။ခ်က္ခ်င္းဖုန္းေကာက္ကိုင္ကာဆက္
လိုက္ေတာ့

""ေျပာေစ""

>ကို႔ညီေျပာပံုေလးက လွတယ္ေနာ္<

""ဘာလုပ္ေနလဲညီ""

""အင္ ေမေမတိုက္တဲ့ႏို႔ေသာက္ေနတယ္""

>>ေအးးးေကာင္းတာပဲ။မင္းပဲကေလးလုပ္<<

""အိပ္ေတာ့ေနာ္။စာအုပ္ေတြဖတ္မေနနဲ႔ေတာ့။
ျပီးေတာ့Eyelinerေတြေကာဖ်က္ျပီးျပီလား""

""အင္းျပီးျပီ။""

""အင္း အင္း မဖ်က္ပဲနဲ႔အိပ္မိမွာဆိုးလို႔။ခုကိုယ္
ေတြလက္ေတြေရာကိုက္ေနလား??""

""ခဏေနေဆးေသာက္မွာ။ကိုဇက္ရာ
ပူမေနပါနဲ႔။""

""အင္းအင္းးႏို႔ေသာက္ျပီးရင္အိပ္္ေတာ့။Good Night ညီ""

""Good Night!!Have a sound sleep""

""You too""

ညီဖုန္းအရင္ခ်တာကိုေစာင့္ေနလိုက္တယ္။ဒါလည္းလုပ္ထားတာမဟုတ္တဲ့သူ႔အက်င့္။ညီနဲ႔
ပတ္သတ္ရင္ ေသးေသးေလးေတြကအစ
Seriousျဖစ္လြန္းတဲ့သူ႔ကိုယ္သူလည္းနားမ
လည္။ညီ့ကို သူ႔အစ္ကိုအရင္းထက္ပင္ခင္တြယ္
တယ္။သူ႔ထက္၇ႏွစ္ခန္႔ႀကီးေသာသူ႔အစ္ကို
ဇိုင္းဝဏၰဦးသည္သူ႔အားသိပ္ဂရုမစိုက္။ကိုကို
ကိုယ္၌ကခပ္ေအးေအးေနတတ္တာလည္းပါမည္
သူလိုခ်င္ခဲ့တဲ့ညီအစ္ကိိုေမတာၲမ်ိဳးကိုကို႔ဆီကသူ
မရခဲ့။ဒါေႀကာင့္လည္း ညီ့ကိုေမြးလာေတာ့ သူလိုခ်င္ခဲ့တဲ့ဂရုစိုက္မႈမ်ိဳးကိုညီ့ကိုေပးမိတာ။
ညီသည္လည္း တစ္ဦးတည္းေသာသားမို႔သူ႔ကို
တအားခင္တြယ္သည္။သူေက်ာင္းသြားတက္တာ
ႀကည့္ျပီးငိုယိုက်န္ခဲတဲ့ညီ့ကိုမႀကည့္ရက္တာနဲ႕
ေက်ာင္းတစ္ႏွစ္ေနာက္က်ခံျပီးေတာ့ကိုညီနဲ႔အတူေက်ာင္းတက္ခဲ့တာ။ငါးႏွစ္သားအသိဥာဏ္နဲ႔ဆံုးျဖတ္ခဲ့တဲ့ထိုကိစၥ
အေပၚခုထိေနာင္တမရ။မိဘေတြနဲ႔သာခြဲဖူးတယ္။ညီနဲ႔ခုခ်ိန္ထိတစ္ရက္ျပည့္ေအာင္မခြဲဖူးဘူး။

Thank You All

Every Day On Wp

>>တစ္ခုခုေျပာခဲ့ေပးရင္ သိပ္ေပ်ာ္မယ္ေလ။<<

(Unicode)

/

/

/

အပိုင်း(၂)
"မ ,ကအဲ့ဒါတော့ မဟုတ်ပါဘူးကွာ"
"သြော်...မောင်ကလည်း မ,လည်း လိုက်ချင်တာပေါ့။ ဒါပေမဲ့ အရေးပေါ်ဆိုတာရှိတယ်လေ"
"သွားမယ်ပြောပြီး ခုကျတော့မှ မလိုက်ဘူးပြောတော့ မောင်သွားဖို့စိတ်ထင့်သွားပြီ"
"မထင့်ပါနဲ့မောင်ရယ်။ သွားပါ။ မ,မပါလည်း ဇက်နဲ့နှစ်ယောက်သား သွားနေကျပဲဟာ...ဟိုရောက်ရင်လည်း
မောင့် ကလေးတွေနဲ့ တွေ့ပြီး မောင်ပျော်သွားမှာပါ"
"တော်ပြီ"
ကျွန်တော်နောက်လှည့်ကာ ပြောတော့---
"ညီကလည်းကွာ မမချိုအဘွားအကြောင်းလည်း သိသားနဲ့။ မိသားစုတွေ တစ်ပတ်တစ်ခါစုံလို့မှ သူ့မြေးတစ်ယောက်မလာရင် ဆေးရုံတစ်ပတ်ရောက်တတ်တာကို"
"ဟုတ်ပါတယ်မောင်ရယ်၊ မ,ကြောင့်မကြည့်ရတာမျိုးတော့ မဖြစ်စေချင်ဘူး၊ ပြီးတော့ မောင်လည်း
ရန်ကုန်ကိုပြန်လာတည်းက ဆိုင်နဲ့ပဲလုံးပန်းနေရတာ။ တစ်ခါတလေလေး သွားရတာကို...သွားလိုက်နော်။"
Myanmar Entertainment တစ်ခုက ကြီးမှူးကျင်းပသော Kpop showပွဲကိုသွားမယ် ပြင်ကြပြီး အနားကပ်မှ
မမချို၏ မိသားစုစုံညီပွဲ ပေါ်လာခြင်းအပေါ် ညီ တစ်ယောက် ဂျစ်နေတာဖြစ်၏။
မမချိူရော ကျွန်တော်ပါ အတင်းဖြောင်းဖြပြောဆိုပြီးမှ ကိုယ်တော်ကသွားဖို့အတည်ပြုတော့၏။
မသွားချင်တာလည်းမဟုတ်ပဲနဲ့။ ဒီKpopဇာတ်ကလည်း မမချိုကိုယ်တိုင်သွင်းထားတာ။ ညီကတော့ Idol
တွေကိုသဘောတကျရှိပေမယ့်ကျွန်တော်ကညီ့လောက်တော့မဟုတ်။သူပြရင်ကြည့်ပေးလိုက်တယ်ဒီလောက်ပဲ။
ခုShowပွဲလည်း ညီလောက်မတက်ကြွပေမယ့် ညီသွားတော့လည်း လိုက်ပေးရတာ ထုံးစံပဲလေ။
အိမ်ပြန်ပြီးအဝတ်အစားလဲ။ ကျွန်တော်က အစတည်းက တက်ကြွသူမဟုတ်လေတော့ သာမာန်ထ
သွားထလာပဲ။ ကိုယ်တော်လေးကတော့အပြတ်ရှိုင်းတယ်ခင်ဗျ။သူပါတက်ကမလားပင်ထင်ရလောက်အောင်ကိုပြင်ထားတာ။
မျက်လုံးမှာလည်းEyelinerတွေနဲ့။ ကချင်တရုတ်ကပြားလေးမို့ ဖွေးဖွေးဥနေသော အသားက All Black
Fashionနဲ့ တော်တော်ကြီးကို လိုက်ဖက်နေ၏။
ဒါကြောင့်လည်း EXO LOST PLANET သွားကြည့်ကြတုန်းက Koreaမလေးတွေ ဓာတ်ပုံလာရိုက်ရတာလေ။
ညီက တကယ့် kpop fanboy။ သူ့ပုံစံနဲ့ကလိုက်လည်းလိုက်သည်လေ။ သူလုပ်ချင်တာလုပ်ရ၍လမ်းတစ်
လျှောက်မြူးနေတာ။ မြူးနေတာ။ Chanyeolနဲ့အပြိုင် Rappingတောင်လိုက်ရွတ်နေသေး။ အေးပါကွာ။
မင်းခေတ်ပဲလုပ်ပေါ့။
မမချို မလိုက်လို့အိမ်မှာသာ ဂျီကျတာ ပွဲရောက်တော့ သူအမြူးဆုံးပဲ။ စင်ပေါ်ကဆိုပြသမျှသီချင်း
သူအကုန်ရတယ်။ ဒါအံ့သြစရာတော့ မဟုတ်ပါဘူး။ Korea languageကို သီချင်းနားထာင်ရင်း
Drama Seriesတွေကြည့်ရင်း တတ်ကျွမ်းသွားသူလေ။ EPS TOPIKတောင်အောင်တယ်ဗျာ။ ခုလည်း
Level 3ကို မအားတဲ့ကြားက YUFLမှာ သွားတက်နေသေးတယ်။ ညီက ငယ်ငယ်လေးတည်းက ဉာဏ်တအား
ကောင်းတယ်။
ကလေးတစ်ယောက်လိုစိတ်လွတ်ကိုယ်လွတ် အော်ဟစ်ခုန်ပေါက်လိုက်ကြ၍ ညီရော ညီရဲ့ အပေါင်းအပါလေး
တွေရော ပွဲလည်းပြီး ခြေကုန်လက်ပန်းကြကုန်တော့၏။ မြက်ခင်းပြင်တွင် ခြေပစ်လက်ပစ်နှင့်
အနားယူနေကြစဉ်...ကိုဇက်က ရေဗူး သွားဝယ်ပေးသည်။
အဖုံးဖွင့်ပြီး သူ့ထံသို့ ကမ်းပေးကာ သူ့ကိုအရင်တိုက်၏။ ကိုဇက်က ဒီလိုပဲ။ သေးသေးမွှားမွှားလေးက အစ
ဂရုတစိုက်ရှိတယ်။ ရေမော့သောက်နေသော သူ့ခေါင်းကို လာဖွပြန်သည်။
"မမချိုမလိုက်လို့ပေါက်ကွဲခုန်ပေါက်လိုက်ရတာနဲ့ ညီလည်းမောရော"
"နေပါဗျာ"
ခေါင်းပေါ်မှလက်ကို ပုတ်ထုတ်ရင်းတစ်ဆက်တည်း ချေပပြောဆိုလိုက်တော့ သဘောတကျနဲ့
တဟားဟား အော်ရယ်နေသေး၏။ ဒီလောက်တားနေသည့်ကြား မကြိုက်ဘူးလို့ပြောထားသည့်ကြားထဲကနေ
ခေါင်းကိုလာလာဖွတာ။ ဒါကျွန်တော့်ကို ကလေးဇာတ်သွင်းတာ။ နေစေဦး။
နောက်မှ အဲ့အကျင့် ပျောက်အောင်မှတ်လောက်သားလောက်ရှိအောင်လုပ်ထားဦးမယ်။
ကောင်မလေးတွေရှေ့မှာ အဲ့လိုလုပ်ခံရတာလောက် အောက်သီးအောင့်သက်ခံစားရတာမရှိ။
ခုလည်း ရှေ့မှကလေးမတစ်စုက ကိုယ်တွေကို ပြုံးစိစိနဲ့လှမ်းရှိုး။ သိတာပေါ့...အဲ့အကြည့်အဓိပ္ပါယ်ကို။

Yနှင့်စသော Japanအသံထွက်စာလုံးရှိ RSပုံစံမျိုးထင်သွားရင် သေချာတယ်။ ကျွန်တော်ကUနဲ့စတဲ့
နေရာကပဲ။ အမြင်နဲ့အထင်နဲ့တင် ကျွန်တော်များစွာ နစ်နာနေပြီကို။ ဒါတွေရှင်းပြပြီး တားလို့ကလည်းမဖြစ်။ ခက်တယ်ကိုဇက်။ ခင်ဗျားနဲ့တော့ ခက်တယ်။ ခုကျွန်တော်သောက်ပြီးသားရေဗူးကိုပင် ပါးစပ်ကြီးနဲ့တေ့ကာ သောက်နေသူ။ ကိုဇက်က တခြားလူတွေနဲ့သာဆို ရေတစ်ခွက်တည်း သောက်ဖို့မပြောနဲ့ စီးပြီးသား
အိမ်စီးဖိနပ်ကိုပင် မစွတ်သူ။ ကျွန်တော်ကိုတော့ သူမရွံ့တာ အံ့သြတယ်။ မွေးကတည်းက သိနေလို့
များလား ဘာလား။
"အမောပြေရင်ပြန်မယ်ညီ။ ချွေးတွေလည်း ရွှဲနေတာ။ ကိုယ့်ချွေးနဲ့ကိုယ်အအေးပက်အုံးမယ်"
သြော်...ချူချာလွန်းတဲ့ကိုယ့်ကိုကိုယ်သာ စိတ်ပျက်တာ။ လူဆိုတာကလည်း ဘယ်လိုလုပ်ပြီး Perfect
ဖြစ်မလဲနော်။ ဥစ္စာပေါရုပ်ချောဉာဏ်ကောင်း ကျန်းမာရေးပါကောင်းပြနေရင်သေချာပြီ။
အဲ့လောက်ပြည့်စုံနေရင် ကျွန်တော်က Cinderellaဆန်ဆန်ဇာတ်လမ်းမျိုးတွေထဲက မင်းသားပဲ။ ဒါဆို ကိုဇက်ကရော။ မြက်ခင်းပေါ်မှ ကျွန်တော့်ကို လက်ကမ်းကာ ဆွဲထူပေးနေသူကို ပြန်ဆွဲထူထရင်း ကျွန်တော့်ပုခုံးပေါ်မှ မိမိပိုင်ပိုင်ဖက်ထားသော သူ့လက်တွေကြောင့်ပတ်ဝန်းကျင်ကို ဂရုစိုက်စရာ
မလိုလောက်အောင်ကျွန်တော်ဘေးကင်းလုံခြုံနေပြီမို့ သူ့အတင်းကို စိတ်ထဲမှာသာ ပယ်ပယ်နယ်နယ်တုတ်နေလိုက်တယ်။
အင်းပြောမယ်ဆို ကိုဇက်လည်း ရုပ်ချောတာပဲ...
သူချောတာကမြန်မာဆန်တယ်။ ကျွန်တော့်လို ဖြူဖွေးနေတာမျိုးမဟုတ်ဘဲ မေမေဦးဆီက ဝါရွှေရောင်ဝင်း
နေသော မြန်မာဆန်ဆန်လှသော အသားအရည်မျိုးကို ပိုင်ဆိုင်ထားတာ။ ကျွန်တော်က သူ့လိုအသားအရည်မျိုး
လိုချင်တာ။ ညိုနေမှယောကျာ်းပီသတာ မဟုတ်ဘူး။ အဲ့လိုဝင်းဝါကြည်လင်နေတာကလည်း တစ်မျိုး
ကြည့်ကောင်းနေတာပဲ။ USမှာကျောင်းတက်တုန်းကဆို သူက အဖြူတွေကြားထင်းနေတာ။
အရပ်ကလည်း၅'၁၁"ဆိုတော့ ကျွန်တော့်ထက် ၁လက်မလောက်ကတ်သီးလေး ပိုရှည်သွားသေးတယ်။
ဉာဏ်ရည်လေးလည်း မဆိုးဘူးဆိုတာထက်ပိုတယ်။ Software Engineerဆိုတော့စဉ်းစားနိုင်တာတော့
တော်တော်စဉ်းစားနိုင်တယ်။ အဲ့သူ့မှာက ကြိုက်မယ့်လူမရှိတာက သူ့ချို့ယွင်းချက်ကြီးပဲ။
သူက ရတာမလို;လိုတာမရလေ။ တွေ့လားပြောပါတယ်။ လူမှာ တစ်ခုမဟုတ်တစ်ခုတော့ ချို့ယွင်းချက်ရှိ
ပါတယ်ဆို။
ယာဉ်စည်းကမ်းဥပဒေ ခိုင်မာသောနိုင်ငံတွင် ကျောင်းတက်ခဲ့ရသူတွေပီပီ ကားပေါ်ရောက်တာနဲ့ safety
baltက ပတ်ပြီးသား။ အမိုးဖွင့်ကားအား အမိုးပြန်ပိတ်သည်။ မှန်တွေတင်သည်။
လုပ်သမျှသာကြည့်နေလိုက်တယ်။ ဟုတ်တယ်လေ။ ကိုယ့်အခြေအနေကို သူအသိဆုံးလေ။ ဘာမှစောဒက
တက်နေဖို့ကိုမလိုတာ။ အားလုံးပြီးစီးတော့မှ...
"ညီအိပ်ချင်အိပ်လေ။ ကျောကချွေးတွေကော သုတ်ပေးရမလား"
"နေ...နေရတယ်။ Airconဖွင့်ထားတာပဲ"
"ကိုဇက်ကားကိုWorkshopကဘာပြောလဲ"
"အိုကေ တယ်တဲ့။ မနက်ဖြန်လာပို့ပေးမယ်တဲ့"
"ကျွန်တော်ပြောသားပဲ။ ဘာမှမဖြစ်ပါဘူးဆိုတာကို ကိုဇက်ကိုက ဇီဇာကြောင်နေတာ"
"ဘာလဲ။ ခုညီ့ကားသုံးနေရလို့ မကျေနပ်တာလား ရန်ကုန်ပြန်ရောက်ပြီး ကားအတူတူဝယ်ကြတာတောင်
ကို့ ကားနဲ့ပဲ သွားလာနေကြတာ။ သူ့ကားခုမှ ထုတ်သုံးတာကို..."
"ဟာ ကိုဇက်ကလည်း ကျွန်တော်က အဲ့သဘောနဲ့ပြောတာမဟုတ်ပါဘူးဗျ။ကိုဇက်လစာတွေသက်သက်ကုန်လို့
ပြောတာပါ"
ကျွန်တော် နောက်လိုက်သည်ကို တကယ်ထင်မှတ်သွားကာ မျက်လုံးပြူးမျက်ဆံပြာနှင့် ပြန်ရှင်းပြနေသော
ညီ ရယ်ပါ။
"ကိုက နောက်တာပါညီရာ။ ကဲအိပ်ချင်အိပ်လေ။"
"ကိုဇက် နောက်တာကြီးကလည်းဗျာ။ တကယ်ကြီး ပြောနေသလိုပဲ"
"နောက်တာပါကွာ"
လက်တစ်ဖက်နှင့်ခေါင်းကိုဖွတော့ ထောင့်ကိုပိုကပ်ကာ ရှောင်သည်လေ။ မျက်တောင်တွေ စင်းကျနေပြီမို့ အလိုက်တသိ သီချင်းဖွင့်ပေးတော့ပေါင်ပေါ်က လက်ချောင်းလေးတွေကိုစည်းချက်လိုက်သလိုလှုပ်နေ၏။
ဒီအတိုင်းဆို အိပ်တော့မှာ မကြာခင်။
>>>>> ညီ <<<<<
"တောက်"
ခပ်ပြင်းပြင်း တောက်ခေါက်သံကြောင့် ကယောင်ကတမ်း လူးလဲထကြည့်ပြီး အခြေအနေကိုမြန်မြန်
ဆန်ဆန်စနည်းနာလိုက်တော့ တွေ့ပါ၏။
"ကိုဇက် ဒီအတိုင်းမှေးလိုက်;လိုက်တော့။ ဒီကောင်တွေ တမင်ညစ်နေတာ"
"မလိုက်နိုင်ဘူး။ ဇိုင်းဇက်ကို ဒါမျိုး ကြောလို့မရဘူး"
သြော် Formula one ကားပြိုင်ပွဲCrazy ဇိုင်းဇက်ရှေ့မှာမှ ကိုးယိုးကားယားနှင့်တမင်တကာလမ်း
ပိတ်မောင်းနေသော ပြိုင်ကားက ရန်စနေမှန်း သိသာလှသည်။ ကိုဇက်ကလည်းလျင်သည်။
တစ်ဖက်မှ တစ်ကိုယ်စာလွတ်သွားရုံချိန်ခဏလေး အတွင်း ပွတ်ဆွဲကျော်တက်ချလိုက်တော့...တစ်ဖက်လူ
အငိုက်မိသွားပုံရသည်။ အယောင်ယောင်အမှားမှားနှင့် ဘရိတ်နှင့်လီဗာမှားနင်းမိသွားပြီး ရှေ့ကျော်ရုံလေး
ရှိသေးသော ကျွန်တော့်တို့ကားကိုလာဆောင့်ပါလေရော။ သွားပြီ...ငါ့Babyလေး။ ဖင်ပိုင်းချိုင့်သွားလောက်ပြီ။
"တောက်!"
"ကိုဇက်! ခဏ"
ခါးပတ်ကိုဖြုတ်ကာ ဝုန်းဒိုင်းကျဲဆင်းသွားသော ကိုဇက်ကို လိုက်ဆွဲသော်လည်း မမှီတော့။ ပြဿနာ
တော့တက်ပြီ။ တစ်ဖက်ကားမှလည်း ဆင်းလာ၏။ စုစုပေါင်းလေးယောက်။
အားလုံးက မှန်နေပုံဖြင့် ခြေလှမ်းတွေကယိုင်တိုင်တိုင်။ ပြည်လမ်းတစ်လျှောက်ကားကျဲနေချိန်။
အနားရောက်လာသော လူကိုကြည့်တော့မှ အကြောင်းရင်းကို ရေလည်သွားတော့၏။
"ဝေယံ တော်လိုက်ကြရအောင်။ လာ...ကိုဇက်ပြန်မယ်"
"ဘာလဲကောင်းကောင်း။ မင်းကကြောက်နေတာလား။ ဘာလဲကွာ ငါကမင်းနဲ့တွေ့ချင်လို့ခုလိုစွန့်စား
လိုက်ရတာကို။ မင်းကစိမ်းကား..."
"ဝေယံ။ မင်းပါးစပ်ပိတ်ပြီး ခုကားထဲပြန်ဝင်လိုက်"
ဝေယံ စကားမဆုံးခင် ကိုဇက် ဒေါသတကြီးထအော်သည်။

"ဟား...ဟား...ကြောက်လိုက်တာ ဇိုင်းဇက်ရာ။ ငါကကောင်းကောင်း ကားမှန်းသိလို့ကိုလိုက်လာတာ
မင်းနေစမ်းပါ။ ငါကောင်းကောင်းကိုပြောစရာရှိလို့"
"မင်း!"
"ကိုဇက်!"
ကိုဇက်ခါးကို ရှေ့မှလှမ်းဆီးကာဖက်ရင်း ကားထဲသို့အမြန်သွင်းနေစဉ် ကျွန်တော့်ပုခုံးပေါ်ရောက်
လာသော ဝေယံ၏လက်တစ်ဖက်။
"မင်းလက်ညစ်ပတ်နဲ့ညီ့ကိုမထိနဲ့။"
အော်သံနှင့်အတူ ခွပ် ဆိုသည့်အသံ။ ဟာထိုးလိုက်ပြီ။ ကွိုင်ပါပဲကွာ။ ဟိုကမူးနေတယ် ဆိုပေမယ့်
၄ယောက်တောင်ဟာ။ ပြိုင်ဖြစ်ရင် တောခွေးရူးအုပ်ဝိုင်းကိုက်ခံရသလိုဖြစ်မှာ။
နောက်မှသုံးယောက်ကလည်း သူ့တို့လူအထိုးခံလိုက်ရတော့ ခေတ်ဟောင်းမြန်မာရုပ်ရှင်ကားထဲက
လူကြမ်းတွေဂိုက်နဲ့ လှမ်းလာလေတော့၏။ လည်ထွက်သွားသော မျက်နှာမှမေးစောင်းကိုလက်နှင့်
ပွတ်လျက် ပြန်ကြည့်လာသော ဝေယံ၏ ရဲရဲတောက်မျက်ဝန်းတွေ။
"တော်ပါတော့ကွာ။ ဝေယံ ငါတောင်းပန်ပါတယ်ကွာ။ မင်းသွားစရာရှိတာ သွားပါတော့"
"တောက်! နေကောင်းမြတ်သူ! မင်းကြောင့်နော်။ နောက်တစ်ခါတော့မရဘူး"
ဝေယံနောက်လှည့်သွားတော့မှ အသက်ရှုသံတွေ မြန်နေသော ကိုဇက်အား ခါးမှအတင်းဖက်ကာ
ကားထဲအတင်းခေါ်သွင်းရ၏။ ဒီတစ်ခါကားမောင်းသူက ကျွန်တော်ပေါ့။
ကျွန်တော့်မထိရက်မကိုင်ရက်ထား ထားခဲ့ရတဲ့ ကျွန်တော့်Babyလေး ခုတော့Work Shopထဲက
တစ်စိမ်းတရံတွေ လက်ထဲမှာ အထုခံရတော့မယ်။
တောက်! ငါနော် တွေးမိလေ ဟိုကောင်ဝေယံကို ပစ်ပစ်ကန်ချင်လေ။
တစ်လမ်းလုံး အံတကြိတ်ကြိတ်နဲ့ဖြစ်နေသော ကိုဇက်က ခြံရှေ့ရောက်တော့မှ ကျွန်တော့်ကိုစူးစူး
ရဲရဲကြည့်လာကာ
"နေကောင်းမြတ်သူ! မင်းနောက်တစ်ခါ အဲ့ကောင်ကိုငါ့ရှေ့မှာတောင်းပန်ရင်ငါသူ့ကိုမထိုးဘူး။ မင်းကိုပဲထိုးမှာ"
ငယ်ငယ်လေးတည်းက "ညီ" "ကောင်းကောင်း"စသည်ဖြင့် နူးနူးညံ့ညံ့ခေါ်ခဲ့သူက နာမည်အရင်းကြီး
ခေါ်လာတယ်ဆိုတည်းက တော်ရုံစိတ်တိုနေလို့မဟုတ်။
"ကျွန်တော်ကြောက်လို့တောင်းပန်လိုက်တာမဟုတ်ဘူးကိုဇက်။"
"ဒါဆိုဘာလို့လဲ၊ မင်းကို စော်ကားနေတာတောင် မင်းကတောင်းပန်နေသေးတယ်။ မင်းရထားတဲ့ဆုတံဆိပ်တွေ
ကုလားကို ပိသာချိန်ပြီးရောင်းလိုက်"
"အာ တိုက်ကွန်ဒိုတွေ ဂျူဒိုတွေသင်တာ ရန်ဖြစ်ဖို့သင်ထားတာမှ မဟုတ်တာ။"
"ဒါပေမဲ့...ခုလိုညီ့ကို...တောက်"
ရှေ့ဆက်ပြောရမှာအားနာလို့လား ပြောရင်းစိတ်ပဲတိုလာလို့လားမသိ တောက်ခေါက်ခါမျက်နှာလွှဲ
သွား၏။
"ကိုဇက်...ကျွန်တော်ကြောက်တာ ဝေယံကိုမဟုတ်ဘူး။ ကိုဇက် ကိုကျွန်တော်ကြောက်တာ။ ကျွန်တော်ကြောင့်
ကိုဇက်အချုပ်ထဲရောက်မှာကို ကျွန်တော် ကြောက်တာ"
တင်းကြပ်ဆူဝေနေမှုများ အနည်းငယ်လျော့ပါးသွားကာ ကျွန်တော့်ကိုပြန်ငဲ့ကြည့်လာတော့မှ
စကားပြန်ဆက်ရသည်။
"ကျွန်တော်သိတဲ့ကိုဇက်က ပျော်ပျော်ရွှင်ရွှင်နဲ့ မိတ်ဆွေအပေါင်းအသင်းတွေကြားမှာ မိသားစု
ကောင်းကောင်းကနေ ကြီးပြင်းလာသူမှန်းပီသအောင် ယဉ်ကျေးတဲ့သူလေ။ အခုလိုသွေးဆူလွယ်
တဲ့လူမှမဟုတ်တာ။ ကျွန်တော်အမြဲတမ်းကြည့်ပြီး အတုယူခဲ့ရတဲ့လူကို ကျွန်တော် သဘောကျတဲ့ပုံစံ
မျိုးနဲ့ပင်မြင်ချင်တာ"
"ဒါပေမယ့်ညီရာ...ညီကို ကို့ရှေ့မှာတင် စော်ကားမော်ကားလုပ်နေတာကို တည်တည်ငြိမ်ငြိမ်
ကြည့်နေဖို့လောက်ထိတော့ကို ခန္ဓီပါရမီမပြည့်သေးဘူးညီ"
ငါ့နှယ်ကွာ။ စကားတွေတတ်လိုက်တာ။ ဒါတောင်မြန်မာစာကိုလေးတန်းလောက်ထိပဲသင်ခဲ့ရလို့။ မဟုတ်ရင်
စွယ်စုံကျမ်းပါထရေးမလားပဲ
စိတ်ထဲကနေသာ ပြောရဲတာ။ ခုချိန်သာထုတ်ပြော။ အမယ်ငီး လည်ပင်းတောင်ထညှစ်လောက်တယ်
"ဂရုစိုက်ပေးတာ ကျေးဇူးတင်ပေမယ့် အငယ်ဖြစ်တဲ့ကျွန်တော်က ပြန်ထိန်းနေရတာတော့မလုပ်ပါနဲ့ဗျာ။"
"Sorryညီ"
"အာာ ဘာ sorry လဲ။ မလိုဘူး။ ကျွန်တော်ကသာ တောင်းပန်ရမှာ။ ကဲ အိမ်ထဲဝင်တော့။
Everything will be Ok"
ဒါညီ့လက်သုံးစကား။ သွားတန်းများပေါ်အောင်ရယ်ပြနေ၍ သွားတက်တွင်တပ်ထားသော စိန်ပွင့်ကလဲ့ကနဲ။
ဒါကလည်း သူမြှောက်ပေးလို့ ညီလုပ်ထားခြင်းပင်။
အိမ်ထဲရောက်သည်နှင့် မေမေမေးတာက
"ကောင်းကောင်းလေးကို အိမ်ထဲထိလိုက်ပို့ရဲ့လား" တဲ့လေ။
သူ့ထက်ညီ့ကိုပိုပိုသာသာကြီးကို ဂရုစိုက်ပြနေသောမေမေ့ကို ခေါင်းသာညိတ်ပြပြီးအခန်းထဲ
ဝင်လာလိုက်သည်။ ကိုယ့်သားတစ်ယောက်လုံး မျက်နှာမကောင်းလာတာကျတော့ သတိတောင်
မထားမိဘူး။ မာတာမွေးမိခင်သိပ်ချစ်ဖို့ကောင်း။ စာဖတ်ခန်းထဲမှာ ရှိနေဦးမည့်ဖေဖေ့ကိုလည်း
မနှုတ်ဆက်ဖြစ်တော့။ နှုတ်ဆက်ရင်လည်း ကောင်းကောင်းကိုပဲ မေးဦးမှာ။ ညီကိုက လူချစ်လူခင်ပေါတာ။
ခုတင်ပေါ်မှနေ၍ စာရေးစားပွဲပေါ်ထောင်ထားသာ Photo standလေးကို ငေးကြည့်မိသည်။
ကျွန်တော့်ဘွဲ့ဦးထုပ်ကိုဆောင်း ကျွန်တော့်ခါးကို ဖက်ကာ အားပါးတရရယ်နေသောညီ။ နောက်တစ်ပုံက
ညီဘွဲ့ဦးထုပ်ကို ဆောင်းထားကာ ညီ့ပုခုံးကို ဖက်ထားသောကျွန်တော်။
ညီကလေ ဘယ်ချိန်ကြည့်ကြည့် ချစ်ဖို့ကောင်းနေတာက ခက်နေတာ။ ဒါကြောင့်လည်း ဟိုကောင်
ဝေယံက ယောကျာ်းချင်းကိုတောင်ပစ်မှားနေတာ။ တွေးလေပေါက်ကွဲလေ။ ပထမတစ်ခါလည်းညီ့ကို
ရှေ့မှာတင် တွဲကြရအောင် လို့ပြောတည်းက ကျွန်တော် သောင်းကျန်းလိုက်တာ ဝေယံမျက်ခုံးလေးချက်
ချုပ်လိုက်ရပြီး ဆေးရုံမှာတစ်ပတ်ကြာသွားတာတောင် မမှတ်သေးဘူး။ ကျွန်တော်လည်းတစ်သက်နဲ့တစ်
ကိုယ်အချုပ်ထဲ တစ်ညအိပ်ဖူးသွားတယ်လေ။
မိဘချင်းကလည်းသိနေကြသလို တစ်ကျောင်းတည်းထွက်သူငယ်ချင်းတွေမို့ အမှုက တရားရုံးထိ
မရောက်သွားတာ။ ဝေယံတို့မိသားစုကလည်းသူ့တို့ သားအမှားသူတို့သိတယ်။
အဲ့တုန်းကပြဿနာဖြစ်ပြီး ကျွန်တော်အချုပ်ထဲရောက်တဲ့ ကိစ္စကိုညီက ခုထိအားနာနေတုန်း။ ညီပြောသလို
ပဲ နောက်ထပ်အချုပ်ထဲ မဝင်စေချင်၍သာ ညီ တောင်းပန်လိုက်တာနေမှာ။ ညီလည်းယောကျာ်းပဲလေ။
သူ့ကို ယောကျာ်းလိုမမြင်တဲ့လူကို လွတ်တာတော့ လွတ်မှာပဲ။ ကျွန်တော့်ကြောင့်သာ တောင်းပန်လိုက်တာ
နေမှာ။ တောင်းပန်လိုက်ပေမယ့်စိတ်ထဲဘယ်လောက်ခံပြင်းနေမလဲ။
ဒါကိုကျွန်တော်က နားလည်မပေးဘဲ အော်ငေါက်မိလိုက်သေးတယ်။ ချက်ချင်းဖုန်းကောက်ကိုင်ကာဆက်
လိုက်တော့...
"ပြောစေ"
ကို့ညီပြောပုံလေးက လှတယ်နော်။
"ဘာလုပ်နေလဲညီ"
"အင် မေမေတိုက်တဲ့နို့သောက်နေတယ်"
အေး ကောင်းတာပဲ။ မင်းပဲကလေးလုပ်
"အိပ်တော့လေ ညီ။ စာအုပ်တွေဖတ်မနေနဲ့တော့။ ပြီးတော့...Eyelinerတွေကော ဖျက်ပြီးပြီလား"
"အင်းပြီးပြီ။"
"အင်း အင်း မဖျက်ပဲနဲ့အိပ်မိမှာဆိုးလို့။ ခုကိုယ်တွေလက်တွေရောကိုက်နေလား"
"ခဏနေ ဆေးသောက်မှာ။ ကိုဇက်ရာ ပူမနေပါနဲ့။"
"အင်းအင်း နို့သောက်ပြီးရင်အိပ်တော့။ Good Night ညီ"
"Good Night! Have a sound sleep"
"You too"
ညီဖုန်းအရင်ချတာကို စောင့်နေလိုက်တယ်။ ဒါလည်း လုပ်ယူထားတာ မဟုတ်တဲ့အကျင့်တစ်ခု။ ညီနဲ့
ပတ်သတ်ရင် သေးသေးလေးတွေကအစ Seriousဖြစ်လွန်းတဲ့ ကိုယ့် ကို ကိုယ်လည်း နားမလည်။ ညီ့ကို
အစ်ကိုအရင်းထက်ပင်ခင်တွယ်တယ်။ ကျွန်တော့်ထက် ၇နှစ်ခန့်ကြီးသော အစ်ကို ဇိုင်းဝဏ္ဏဦးသည်
ကျွန်တော့်ကို သိပ်ဂရုမစိုက်ခဲ့။ ကိုကို ကိုယ်၌က ခပ်အေးအေးနေတတ်တာလည်းပါမည်။
ကိုယ်တိုင် လိုချင်ခဲ့တဲ့ညီအစ်ကိုမေတ္တာမျိုး ကိုကို့ဆီက မရခဲ့။ ဒါကြောင့်လည်း ညီ့ကိုမွေးလာတော့
ကိုယ်တိုင် လိုချင်ခဲ့တဲ့ဂရုစိုက်မှုမျိုးကို ညီ့ကိုပေးမိတာ။
ညီသည်လည်း တစ်ဦးတည်းသောသားမို့ကျွန်တော့်ကိုဆို တအားခင်တွယ်သည်။ သူကျောင်းသွားတက်တာ
ကြည့်ပြီး ငိုယိုကျန်ခဲတဲ့ညီ့ကို မကြည့်ရက်တာနဲ့ကျောင်းတစ်နှစ်နောက်ကျခံပြီးတော့ကို ညီနဲ့အတူ
ကျောင်းတက်ခဲ့တာ။ ငါးနှစ်သားအသိဉာဏ်နဲ့ဆုံးဖြတ်ခဲ့တဲ့ထိုကိစ္စ အပေါ်ခုထိနောင်တမရ။
မိဘတွေနဲ့သာခွဲဖူးတယ်။ ညီနဲ့ခုချိန်ထိတစ်ရက်ပြည့်အောင်မခွဲဖူးဘူး။

Bạn đang đọc truyện trên: ZingTruyen.Xyz