ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)

အပိုင်း(၅၁၁)

jellyflower1

အပိုင်း(၅၁၁)

လင်းရှောင်ယွမ်က ပြောစရာစကား ပျောက်ရှနေသည်။

ထျန်းနင်က မျက်နှာနှစ်ဖက်ရှိတတ်သူ မဟုတ်ပေ။ သူမက တစ်စုံတစ်ယောက်ကို မုန်းတီးလျှင် သို့တည်းမဟုတ် စက်ဆုပ်လျှင် သူမ၏မျက်နှာပေါ်တွင် တန်းမြင်တွေ့ရသည်။

ထျန်းနင်က ထျန်းရွှမ်ကို ထျန်းအုပ်စုမှ ကန်ထုတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ ထျန်းနင် သုံးနေကျနည်းလမ်းအရ ထျန်းနင်က ပြဿနာ၏အရင်းအမြစ်ကို အပြီးတိုင် ဖယ်ရှားပစ်လိမ့်မည်။

ထျန်းနင်၏ရဲတင်းလွန်းသော သဘောထားကြောင့် ရှယ်ရာရှင်များက သူမကို ယုံကြည် လက်ခံရမည်ဟု ခံစားလာရသည်။ တစ်ပြိုက်နက်တည်း အောင်ပွဲ ၂ပွဲကို ဆက်တိုက် အနိုင်ယူခဲ့၍ ထျန်းနင်၏အရည်အချင်းကို အသိအမှတ်ပြုသင့်သည်။

ထို့ကြောင့်လည်း အစည်းအဝေး အဆုံးသတ်ပြီးနောက် ထျန်းနင်က ထျန်းရွှမ်ကို ထျန်းအုပ်စုမှ အပြီးတိုင် ဖယ်ရှားပစ်ရန် ညွှန်ကြားသည်။ ထျန်းရွှမ်အတွက် အတွင်းရေးမှူးနေရာပင် မချန်ထားခဲ့ပေ။

ထျန်းရွှမ်က စီအီအိုရုံးခန်းထဲမှာ ပေါက်ကွဲခဲ့သော်လည်း ထျန်းနင်ကို မြင်တွေ့ခွင့် မရပေ။

"ထျန်းနင်၊ နင်က နင့်အစ်မကိုတောင် လွတ်မြောက်ခွင့် မပေးနိုင်ဘူးလား။ နင် ဝဋ်လည်မှာ မကြောက်ဘူးလား"

နောက်ဆုံးတော့ ချောင်းယုရှန်က အော်ကြီးဟစ်ကျယ် ငြင်းခုံခြင်းကို မကြိုက်နှစ်သက်၍ ပြန်ဖြေသည်။
"ထျန်းသူဌေးက ထျန်းနင်ကို အာဏာကုန် လွှဲပြောင်းထားပြီသားပဲ။ မင်းကို အလုပ်ထုတ်ပစ်နိုင်တဲ့ အခွင့်အာဏာ အပြည့်အဝ ရှိတယ်"

"ထျန်းနင် ထျန်းနင် ဒီကို ထွက်လာခဲ့စမ်းပါ။ နင်ကိုယ်တိုင် ထွက်ရှင်းစမ်းပါဦး"

"ထျန်းမိန်းကလေး၊ မင်းအိမ်မင်း ပြန်ပြီး မင်းဗိုက်ထဲက ကလေးကိုပဲ ဂရုစိုက်ရင် အကောင်းဆုံးပဲ။ မင်း ကလေး တစ်ခုခုဖြစ်သွားရင် ငါတို့လည်း တာဝန်မယူနိုင်ဘူး"
ချောင်းယုရှန်က ရုံးခန်းတံခါးပေါက်ကို ပိတ်ရပ်ကာ စကားပြောသည်။

"ထျန်းနင်၊ ဒီလိုပုံစံမျိုးနဲ့ ကုမ္ပဏီက ကန်ထုတ်လို့ရမယ် ထင်နေလား"

ရုံးခန်းအတွင်းမှာ ထျန်းနင်က မျက်လွှာချကာ ဆိုဖာပေါ် အနားယူနေသည်။ သူမက ထျန်းရွှမ်ကို ညှာတာမည့် စိတ်ကူးမရှိပေ။

"ထျန်းသူဌေး၊ သူ့ကို အဝေးခေါ်ထုတ်သွားပါပြီ"

"ထျန်းရွှမ်နဲ့ ပတ်သက်နေတဲ့ ဝန်ထမ်းတွေကိုပါ ရှင်းထုတ်ပစ်ရမယ်။ သူတို့နဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးရမယ်"
ထျန်းနင်က မျက်လွှာချကာ ပြန်ပြောသည်။

ချောင်းယုရှန်က သက်ပြင်းချပြီး ခေါင်းညိတ်သည်။
"အခုချိန်ကစပြီးတော့ ထျန်းအုပ်စု အေးအေးချမ်းချမ်း ဖြစ်ဖို့ပဲ မျှော်လင့်တယ်"

"ငြိမ်းချမ်းမယ် ဟုတ်လား"
ထိုစကားလုံးကို ကြားပြီးနောက် ထျန်းနင်က ထထိုင်လိုက်ပြီး ရယ်မောသည်။
"ထျန်းရွှမ်က ကလေး အယောင်ပြပြီး လိုချင်တာ အရယူဦးမယ်။ ထျန်းရွှမ် တစ်ယောက်တည်းနဲ့ အထူးဧည့်သည်စာရင်းကို ပေါက်ကြားလို့ ရအောင် လုပ်နိုင်မယ် ထင်နေလား"

"ထျန်းသူဌေးက ဘာပြောချင်တာလဲ"

"အခုတော့ ဒါတွေ မပြောသေးဘူး။ ကုန်ပစ္စည်းအသစ်ပြပွဲအတွက် ပြင်ဆင်သင့်တာ ပြင်ဆင်ကြတာပေါ့"
ထျန်းနင် ဆက်မပြောခဲ့ပေ။ သူတို့နှစ်ဦးစလုံးက ထက်မြက်သူများ ဖြစ်ကြ၍ ကိစ္စတိုင်းကို အသေးစိတ် ရှင်းပြနေရန် မလိုအပ်ချေ။

ထျန်းနင်က အလင်းကဲ့သို့ လျင်မြန်သော နှုန်းဖြင့် ထျန်းအုပ်စုကို ထိန်းချုပ်ခဲ့သည်။ သူမက နှစ်ကြိမ်ဆက်တိုက် အောင်နိုင်ခဲ့၍  စီးပွားရေးလုပ်ငန်းရှင် သတင်းများတွင် နာမည်ကျော်ခဲ့သည်။

ထျန်းနင် စိုးရိမ်သည့် တစ်ခုတည်းသော အကြောင်းအရာက တစ်နေ့ထက် တစ်နေ့ သူမ၏ကိုယ်ဝန်ကို ဖုံးကွယ်ရန် ခက်ခဲလာခြင်း ဖြစ်သည်။

...

ထျန်းအုပ်စုမှ ထျန်းရွှမ် မောင်းထုတ်ခံရသည့် သတင်းကို လူတိုင်း လျင်လျင်မြန်မြန် သိသွားခဲ့သည်။ ဤသည်ကား ထျန်းရွှမ် ဒုတိယအကြိမ်မြောက် မောင်းထုတ်ခံရခြင်းဖြစ်သည်။ ပထမတစ်ကြိမ်က ထျန်းအကြီးအကဲ မောင်းထုတ်ခြင်း ဖြစ်ပြီး ဤတစ်ကြိမ်တွင် သူမကို ထျန်းနင်က ကန်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ထျန်းရွှမ်၏ ဂုဏ်သိက္ခာကျဆင်းနေသည်မှာ ကြာပါပြီ။ သူမ ရင်ဆိုင်ခဲ့ရသော ဘဝအတွေ့အကြုံကြောင့် ပြောင်းလဲသွားမည်ဟု ယူဆခဲ့သော်လည်း ထျန်းရွှမ်၏ စိတ်ဓာတ်က တစ်နေ့တစ်နေ့ ဆိုးရွားလာခဲ့သည်။

ထျန်းရွှယ် ပယ်ထုတ်ခံရသည့် သတင်းကို ထျန်းအကြီးအကဲ ကြားကြားချင်း သူ့လက်ထဲမှ ငါးမျှားတံကို အောက်ချလိုက်သည်။ ဤအကြိမ်တွင် သူ အခက်တွေ့နိုင်သည်။ အိမ်မှာ ရှိနေသော ထျန်းရွှမ်ကို ရင်ဆိုင်ရခက်ခဲသည်။
"ရှောင်နင်ရေ နည်းနည်းလောက် ညှာတာပေးလို့ မရဘူးလား"

ထျန်းရွှမ်၏ဗိုက်ထဲမှာ ရှိနေသော ကလေး ဘေးကင်းလုံခြုံရန် ထျန်းအကြီးအကဲက စိတ်တည်ငြိမ်အောင် အကောင်းဆုံး ကြိုးစားပြီး ပစ္စည်းများ သိမ်းဆည်းကာ အိမ်ပြန်လာခဲ့သည်။ ထျန်းအိမ်တော် ပြန်လာသည့် ကားလမ်းတလျှောက် လမ့်လက်ထောက်က ကားမောင်းပေးသည်။ အိမ်ပြန်ရောက်ရောက်ချင်း မြင်တွေ့ရသော မြင်ကွင်းက ထိတ်ထိတ်ပျာပျာ ဖြစ်စေသည်။ ထျန်းရွှမ်က မိုးရေများ စိုရွဲလျက် မြေကြီးပေါ် ဒူးထောက်နေသည်။

"လမ့်လက်ထောက် မြန်မြန်လာစမ်း"
ထျန်းအကြီးအကဲက ထျန်းရွှမ်ကို ထီးဆောင်းပေးရန် လမ့်လက်ထောက်ကို လှမ်းခေါ်သည်။

လမ့်လက်ထောက်က ဤမြင်ကွင်းကို ကြိုသိနေ၍ ထျန်းရွှမ်ကို အပြေးအလွှား ထီးဆောင်းပေးသည်။

"ထျန်းရွှမ် နင် ဘာတွေ လုပ်နေတာလဲ။ နင့်ခန္ဓာကိုယ်ကို ဒီလိုနှိပ်စက်ရလား။ ကိုယ်ဝန်ဆောင် မိခင်က ဘယ်လို နေထိုင်ပြုမူရမလဲ မသိတာလား"
ထျန်းအကြီးအကဲက ထျန်းရွှမ်ကို ကြမ်းပြင်ပေါ်မှ ဆွဲထူသည်။
"အဘိုးနဲ့ အတူတူ အိမ်ထဲလိုက်ဝင်စမ်း"

"ဘိုးဘိုးရဲ့ စိတ်ထဲမှာ မြေးက ထျန်းနင်ကို မယှဉ်နိုင်ဘူးလား"
ထျန်းရွှမ်က ဖြူဖပ်ဖြူရော် မျက်နှာဖြင့် မေးမြန်းသည်။ သူမက ဟန်ကိုယ့်နေသော်လည်း သူမ၏ရင်ထဲ ဒေါသစိတ်နှင့် မခံချင်စိတ်များ ပြည့်နှက်နေသည်။

"အရင်ဆုံး အဘိုးနဲ့ အိမ်ထဲလိုက်ခဲ့ပါ"
ထျန်းရွှမ်ကို အဝတ်အစား ကူလဲပေးရန် အစေခံများကို မညွှန်ကြားခင် ထျန်းအကြီးအကဲက ထျန်းရွှမ်ကို အိမ်ထဲ တရွတ်တိုက် ဆွဲခေါ်သွားသည်။

"သူဌေးကြီး၊ အခုပြဿနာက လွယ်လွယ် အဆုံးသတ်ပါ့မလား"
လမ့်လက်ထောက်က ခပ်ဝေးဝေး လမ်းလျှောက်သွားသော ထျန်းရွှမ်ကို ကြည့်ကာ ပြောသည်။

"လွယ်လွယ် အဆုံးမသတ်တာ ငါလည်း သိတာပေါ့"
ထျန်းအကြီးအကဲက သူ့လမ်းလျှောက် တုတ်ကောက်ကို ဘေးချကာ သက်ပြင်းချသည်။
"ဒါပေမဲ့ ရှောင်နင် ဘာလို့ အခုလိုလုပ်လဲ ငါ နားလည်ပါတယ်။ ထျန်းအုပ်စုက ဇယားတွေ ရှင်းပစ်ဖို့ လိုအပ်နေတာ ကြာပြီ"

"အခုတော့ ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ"

"သူ့ကို နှစ်သိမ့်ဖျောင်းဖျရုံက လွဲရင် ငါက ဘာလုပ်နိုင်မှာမို့လဲ"
ထျန်းအကြီးအကဲက သူ့အိပ်ခန်းထဲ မသွားခင် ပြောသည်။ သူက သင့်လျော်သော အဝတ်အစား ဝတ်ဆင်ပြီးနောက် ထျန်းရွှမ်၏ အိပ်ခန်းထဲ ဝင်သည်။

သို့သော်လည်း ထျန်းရွှမ်က လေသာဆောင် အစွန်းနား မတ်တတ်ရပ်နေ၍ အန္တရာယ်များလွန်းသည်။

"ရှောင်ရွှမ်၊ ဒီကို လာခဲ့စမ်းပါ။ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

"ဘိုးဘိုး၊ အခုဆို မြေးက ကွာရှင်းပြီးလို့ မိသားစုလည်း မရှိတော့ဘူး။ အခု ရုံးသွားတော့ ကန်ထုတ်ခံရတယ်။ ဘာအတွက် အသက်ဆက်ရှင် ရမလဲ။ ကိုယ့်ညီမအရင်းက ကိုယ့်ကို မောင်းထုတ်ရက်တယ်။ သွေးသားသံယောဇဉ်ကိုတောင် မထောက်ထားဘူး"

ထျန်းအကြီးအထဲ စိတ်ထဲ ခနဲ့မိသည်။ ထျန်းရွှမ်က ထျန်းနင်ကို မကောင်းကြံစည်စဉ်က ညှာတာခဲ့သည်လော။

"ဒါဆို မြေးဘာလိုချင်တာလဲ ပြော"

"မိသားစုပိုင် အမွေတွေထဲက မြေးရဲ့ ရပိုင်ခွင့်ကို ခွဲယူချင်တယ်။ မြေးရသင့်ရထိုက်တဲ့ ရှယ်ရာတွေနဲ့ တခြားဟာတွေ အားလုံး လိုချင်တယ်"

သူမကိုယ်ပိုင် ကုမ္ပဏီ တစ်ခု တည်ထောင်ရန် ကြံရွယ်နေပုံပင်။

"အခုတော့ ဒီနားကို လာပါဦး။ စကားအေးအေးဆေးဆေး ပြောရအောင်လား"
ထျန်းအကြီးအကဲက အခွင့်အရေးကို အမိအရ အသုံးချကာ ထျန်းရွှမ်၏ လက်ကို လှမ်းဆွဲသည်။

"ထျန်းနင်က ရက်စက်တယ်လို့ မြေးတွေးနေမှာပါ။ ဒါပေမဲ့ ရှောင်ရွှမ်ရယ် မြေးရော သူ့အပေါ် ကျူးလွန်ခဲ့တာတွေ မျှတခဲ့လို့လား။ အဲဒါတွေကြောင့်လည်း ဒီလိုအခြေအနေအထိ ဖြစ်လာခဲ့တာလေ"

ထျန်းရွှမ်၏ ဗီဇထဲ လိမ်ညာခြင်းက စွဲထင်နေ၍ သူမက အမှန်တရားကို ပြောနိုင်မည်လော။

"ဘိုးဘိုး၊ ထျန်းနင် နဲ့ မြေးက နှစ်ပေါင်းများစွာ အချေအတင် ဖြစ်ခဲ့ဖူးပေမဲ့ မြေးက နောက်ကျောကို ဓားနဲ့ထိုးတတ်သူ မဟုတ်ပါဘူး"

"ကုန်ပစ္စည်းပွဲ ပြီးမှပဲ ဆက်ပြောကြတာပေါ့ ဟုတ်ပြီလား"
ထျန်းအကြီးအကဲ နှစ်သိမ့်သည်။
"ခဏတော့ သည်းခံလိုက်ပါဦးကွယ်"

"ဘိုးဘိုး၊ မြေးက အများကြီးတောင်းဆိုတာမှ မဟုတ်တာလေ။ ထျန်းမိသားစုမှာ မြေးအတွက် နေရာမရှိတာလား"

"ဘိုးဘိုး နားလည်တယ်။ မြေး အနားယူတော့။ မြေးက ထျန်းမိသားစုဝင်ဆိုတာ မမေ့နဲ့လေ။ ဒါကြောင့်မို့ ကုန်ပစ္စည်းသစ် ပြပွဲကို မြေးလည်း တက်ရမယ်"

"ဘိုးဘိုး သမီးက ထျန်းမိသားစုဝင်ရော ဟုတ်သေးရဲ့လား"

ထိုစကားကိုပြောပြီးနောက် ထျန်းရွှမ်က သူ့အိပ်ခန်းထဲ ပြန်သွားသည်။

ထျန်းအကြီးအကဲက သူ့ဗိုက်ထဲက ကလေးကိုသာ ထျန်းမိသားစုအဖြစ် သတ်မှတ်ထားသည်။

အပိုင်း(၅၁၁)
ပြီး၏။

Bạn đang đọc truyện trên: ZingTruyen.Xyz