ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)
အပိုင်း(၅၁၀)
အပိုင်း(၅၁၀)
နောက်ဆုံးတော့ ထျန်းအုပ်စုက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဖြစ်ပျက်သမျှ ကိစ္စရပ်အားလုံးကို ဖြေရှင်းချက်ပေးခြင်း မဟုတ်သော်လည်း ပြဿနာကို ပြန်လည်သုံးသပ်သည့် အနေဖြင့် သမာရိုးကျ တောင်းပန်စာ နှင့် သင့်လျော်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးရန် ကတိပေးခဲ့သည်။ ဖောက်သည်များ၏ အချက်အလက်များ ထပ်မံ့ပေါက်ကြားခြင်း မရှိအောင် ကာကွယ်ပေးရမည်။
ထျန်းနင်က ထျန်းအုပ်စု၏ အလေးအနက်ထားမှုကို လုပ်ငန်းကျွမ်ကျင်စွာ ဖော်ပြခဲ့၍ VIPဖောက်သည်များထံမှ ချီးမွမ်းမှုကို ခံယူရသည်။
သူမက ထျန်းအုပ်စု၏ ဂုဏ်သိက္ခာကို ပြန်လည် အဖက်ဆယ်ရန် အထူးဖောက်သည် အယောက် ၂၀ကို ကျေနပ်အောင် တောင်းပန်ပေးခဲ့သည်။
သူမက တစ်ညတည်းဖြင့် ပြဿနာအားလုံးကို ဖြေရှင်းခဲ့သည်။
ထျန်းနင်၏ ချို့ယွင်းချက် မရှိသော ချဉ်းကပ်နည်းက မှင်တက်ဖွယ် ကောင်းလွန်း၍ VIPစာရင်း ပေါက်ကြားခြင်း ပြဿနာ ပြီးဆုံးသွားခဲ့သည်။
"ငါတို့ထျန်းနင်ရဲ့ EQက မိုက်လှချည်းလား"
"ပြဿနာ ဖြေရှင်းရင် အဲလောက်အထိ ကြိုးစားအားထုတ်ပေးတဲ့သူကို မြင်ရဖို့က ရှားရှားပါးပါး ဖြစ်ရပ်ပဲ။ ငါတော့ ထျန်းနင်ကို တကယ် ချီးမွမ်းတယ်"
"ထျန်းသူဌေးကြီးက ထျန်းနင် လက်ထဲ ထျန်းအုပ်စုကို ထည့်ပေးဖို့ စိတ်အားထက်သန်နေတာ အံ့ဩစရာ မရှိဘူးပဲ ။ ထျန်းနင် တစ်ချက် လှုပ်ရှားလိုက်ရုံနဲ့ အဖြေချက်ချင်း ထွက်လာတယ်"
"ငါ့ဘဝမှာ တခြားတောင်းဆုတွေ မရှိပါဘူး။ ဒါပေမဲ့ ထျန်းနင်လို ဉာဏ်ထက်တဲ့ မိန်းကလေး ဖြစ်ချင်တယ်"
"ငါက ထျန်းအုပ်စုရဲ့ ပြသနာဖြေရှင်းတဲ့ နည်းလမ်းကို အမှတ်အပြည့်တယ်။ ထျန်းနင်ရဲ့ နည်းလမ်းက အရမ်းကောင်းလွန်း နေလို့ပါ"
ထျန်းနင်ကို ချီးမွမ်းထားသော ပို့စ် နှင့် မှတ်ချက်များက အင်တာနက်တခွင် ပြန့်နေသည်။ တကယ်တမ်း ချီးမွမ်းစကား အများစုက ထျန်းအုပ်စု၏ ဝန်ထမ်းများထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
"သူ စီမံ့ခန့်ခွဲတာ အရမ်းကောင်းတယ်။ ပထမသခင်မလေး နှစ်ပေါင်းများစွာ ကြိုးစားခဲ့သမျှကို
က တစ်ကွက်တည်းနဲ့ အနိုင်ယူသွားခဲ့တယ်။ သခင်မလေးထျန်းရွှမ်က ထျန်းအုပ်စုအတွက် အကျိုးရှိတဲ့ အလုပ်တစ်ခုတောင်လုပ်ပေးဖူးလို့လား"
"ထျန်းနင်က တခြားသူမှ မဟုတ်တာ ထျန်းအုပ်စုရဲ့ တတိယ သခင်မလေးပဲ။ ထျန်းအုပ်စုမှာ မျှော်လင့်ချက် ရှိလာပြီပဲ"
ဤတစ်ကြိမ်တွင် ထျန်းနင်၏ ပြဿနာဖြေရှငိးသော နည်းလမ်းက ထျန်းရွှမ်ကို အရှက်ရစေ သကဲ့သို့ ထျန်းနင်ကို အထင်မြင်သေးခဲ့သူအားလုံး မျက်နှာ မဖော်နိုင် ဖြစ်သွားသည်။
ပရိသတ်ကို တောင်းပန်စကားပြောခဲ့ခြင်းက ထျန်းနင် စီစဉ်မှု၏ ပထမပိုင်းမျှသာ ရှိသေးသည်။ ထို့နောက် သူမက ထျန်းအုပ်စု၏ အထူးဖောက်သည် တစ်ဦးချင်းစီထံသို့ လက်ရေးမူဖြင့် ရေးသားထားသော နှုတ်ဆက်စာ ပေးပို့သည်။ ပေးပို့သော စာရွက်ကို အသစ်ထုတ်မည့် ရေမွှေးရနံ့ဆွတ်ထားသည်။ ဤ အပြုအမူက VIPအများစုကို ကျေနပ်စေ သကဲ့သို့ နှစ်စဉ်ကျင်းပလေ့ရှိသော ကုန်ပစ္စည်းပွဲတော်ကို ကျော်ကြားစေခဲ့သည်။
စာရွက်ပေါ်မှ အမွှေးရနံ့က လူတိုင်း၏ဒေါသစိတ်ကို မေ့ပျောက်သွားစေပြီး ကျင်းပတော့မည့်ပွဲကိုသာ အာရုံစိုက်စေသည်။
မွှေးရနံ့က တကယ်ကို ထူးခြားသည်။
ထျန်းအုပ်စု၏ဂုဏ်သိက္ခာကို ထျန်းနင်က နှစ်ရက်တည်းဖြင့် ဂုဏ်ဆယ်နိုင်ခဲ့သည်။ တကယ်တမ်း ပြည်တွင်းဈေးကွက်ထဲ ထျန်းအုပ်စု၏ ထုတ်ကုန်များ ပို၍လွှမ်းမိုးလာသည်။
ထို့ကြောင့် နောက်တစ်ကြိမ် ဒါရိုက်တာအစည်းအဝေးပွဲ ကျင်းပချိန်တွင် အခန်းတွင်း ပတ်ဝန်းကျင် အခြေအနေက အလွန့်ကို ကို့ရိုးကားရား ဖြစ်နေသည်။
တကယ်တမ်း ရှယ်ရာရှင်အများစုက ထျန်းနင်ကို မျက်နှာချင်းဆိုင်ရန် ရှက်ရွံနေသည်။
ထျန်းနင်က ဂရုမစိုက်တတ်ပေ။
"ရှင်တို့ တောင်းဆိုတာကို ကျေနပ်အောင် ဖြည့်ဆည်းပေးပြီးပြီ။ ကျွန်မ စီအီအို ဖြစ်နေတာကို လက်မခံချင်တဲ့သူ ရှိသေးလား"
အခန်းတစ်ခန်းလုံး တိတ်ဆိတ်နေသည်။
"ကောင်းပြီလေ။ အားလုံးက အရှုံးကို လက်ခံတယ်လို့ ယူဆလိုက်မယ်။ တခြားကိစ္စတွေ ဖြေရှင်းဖို့ အချိန်တန်ပြီ။ ရှင်တို့အားလုံး သိထားသလိုပဲ ကျွန်မက လက်စားချေရတာ ဝါသနာထုံတယ်လေ"
ထျန်းနင်က အခန်းထဲမှ လူအားလုံးကို ဖြန့်ကျက် ကြည့်ရှုလိုက်ပြီး ပထမဆုံး ပြဿနာကို အရင်ထုတ်ပြောသည်။
"VIPစာရင်း ပေါက်ကြားအောင် ဘယ်သူလုပ်တာလဲ"
လူတိုင်း ကြောင်အမ်းအမ်း ဖြစ်နေသည်။
"ငါ့ကို မကြည့်နဲ့။ အဲဒီစာရင်းက တကယ် ရှိခဲ့ပေမဲ့ ဘယ်ဌာနကိုမှ ထုတ်မပြောရသေးဘူး။ ဒါဆိုရင် အဲဒီလူက နာမည်စာရင်းကို ဘယ်လို ရသွားတာလဲ"
ထျန်းနင်က သူ့လက်ကို စားပွဲခုံပေါ်မှာ ပြန်ရုပ်သိမ်းလိုက်ပြီး လက်ပိုက်ဟန် အနေအထားဖြင့် တည်ငြိမ်စွာ ပြုံးသည်။
"အဲဒီသစ္စာဖောက်က ငါတို့ထဲကပဲ"
"ပေါက်ကြားထားတဲ့ သတင်းအချက်အလက်တွေကို နဂိုတုန်းက ချက်ချင်း ဟန့်တားနိုင်ပေမဲ့ တစ်စုံတစ်ယောက်က သတင်းပြန့်အောင် လုပ်ကြံခဲ့လို့ အခုလို အခြေအနေထိ ရောက်လာတာပဲ"
လူတိုင်းက သံသယဝင်စွာ တစ်ယောက်မျက်နှာ တစ်ယောက် ငေးကြည့်သည်။
"ကောင်းပြီလေ၊ ဒီပြဿနာကို ဘေးဖယ်ထားလိုက်ဦး၊ ငါ ရပ်တည်မှုက ထျန်းအုပ်စုကို အရှက်ရစေမယ်လို့ အားလုံး ခံစားနေရတော့ ထျန်းရွှမ်ပဲ ကုမ္ပဏီကြီးကြပ်တာ ကောင်းပါတယ်။.ဒါမို့ ကျန်နေသေးတဲ့ ပြဿနာတွေ နဲ့ နှစ်စဉ်ကုန်ပစ္စည်းပြပွဲရော ထျန်းရွှမ်ကိုပဲ ကြီးကြပ်ခိုင်းမယ်။ ဘာပြောချင်တာ ရှိသေးလဲ"
အစည်းအဝေးအခန်းက နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။
"ဘာလဲ။ ပြဿနာလည်း အေးသွားပြီဆိုတော့ ရှင်တို့ဆန္ဒရှိတဲ့အတိုင်း လုပ်လို့ရပြီလေ။ ဘာပဲဖြစ်ဖြစ် ငါက အနုပညာရှင်လေ"
"ငါက ခဏကြီးကြပ်ပေးရုံဆိုတော့ရှင်တို့ကြိုက်တဲ့သူကို ထောက်ခံပေးလို့ ရတယ်"
ထျန်းနင်က ရပ်တန့်လိုက်ပြီး အဖြေကို စောင့်ဆိုင်းနေသည်.
"တတိယသခင်မလေးရဲ့ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းက အကျိုးရှိပါတယ်။ ဒါပေမဲ့ ငါတို့လို ရှယ်ရာရှင်တွေက ကိုယ့်အကျိုးအမြတ်ကြောင့် မင်းရဲ့အရည်အချင်းကို သံသယဝင်မိတာ မဆန်းကြယ်ပါဘူး။ကုမ္ပဏီပြဿနာကို ဖြေရှင်းဖို့ အတွက် မင်း လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့ရုံပဲလေ"
လင်းရှောင်ယွမ်က တည်ငြိမ်စွာ ပြောသည်။
"ထျန်းရွှမ်မှာ အားနည်းချက်တွေ ရှိပေမဲ့ သူက မင်းရဲ့အစ်မပြေလေ။ လူအများရှေ့မှာ သူ့ကို ပါးရိုက်တာက မင်းအဆင့်အတန်းနဲ့ ဖြစ်သင့်ဖြစ်ထိုက်ရဲ့လား"
ထျန်းနင်က လင်းရှောင်ယွမ်ကို ခပ်ပြုံးပြုံး ကြည့်နေသည်။
"ဒါရိုက်တာလင်းက ဘာဖြစ်စေချင်တာလဲ။ အားလုံး အရှေ့မှာ အထုပ်ဖြည်ပြစေချင်ပုံပဲ"
"ငါက ဘာကိုကြောက်နေရဦးမလဲ"
လင်းရှောင်ယွမ် မေးမြန်းသည်။
"ကောင်းပြီလေ။ အခုကစပြီး ကိုယ့်ဘာသာကိုယ် ပြဿနာရှင်းကြတော့။ စီအီအိုရာထူးကိုလည်း မလိုချင်တော့ဘူး"
ထိုစကားကိုပြောပြီးနောက် ထျန်းနင်က လှည့်ထွက်သွားရန် မတ်တတ်ထရပ်လိုက်သော်လည်း ကျန်နေခဲ့သော ရှယ်ရာရှင်များက သူတို့အမြင်ကို ထုတ်ပြောကြသည်။
"ထျန်းနင်။.ဒီအနေအထားတောင် ရောက်လာခဲ့ပြီပဲ ထျန်းအုပ်စုက မင်းမရှိဘဲ ဘာမှလုပ်လို့ မရဘူး"
"ထျန်းနင် အလောတကြီး မဆုံးဖြတ်ပါနဲ့။ ငါတို့အားလုံးရဲ့ ငွေကြေးတွေ ရင်းနှီးထားရတာလေ"
ထိုစကားသံကို ကြားရ၍ ထျန်းနင်က ရုတ်တရက် ရယ်မောသည်။
"ရှင်တို့ရဲ့ ငွေရေးကြေးရေး ကိစ္စလေ ကျွန်မနဲ့ ဘာများသက်ဆိုင် နေလို့လဲ။ ဒီရာထူးမှာ ထိုင်ရတာ မထိုင်ရတာကို စိတ်မဝင်စားဘူး"
"ဘာမဟုတ်တဲ့ လုပ်ပိုင်ခွင့် အာဏာလေးကို မက်မောနေမယ် ထင်နေလား"
"ကျွန်မ နဲ့ ထိုက်တန်တဲ့ လေးစားမှု မပေးရင် ဘာအတွက်ကြောင့် ကျွန်မက ရှင်တို့အတွက် အလုပ်ကြိုးစားပေးရမလဲ။ ကျွန်မမှာ အချိန်တွေ အရမ်းအားလပ်နေတယ် ထင်နေလား"
"ထျန်းရွှမ်က ရှင်တို့ကို အကျိုးအမြတ် ပိုရအောင် ကူညီပေးနိုင်တယ် ထင်ရင် သူ့ကိုပဲ သွားတွေ့လိုက်တော့။ ဒီရာထူးကိုလည်း မက်မော မနေဘူး။ ဒါပေမဲ့ ကျွန်မကို ဆက်လက်တာဝန် ထမ်းဆောင်စေချင်ရင်တော့ ထျန်းရွှမ်ကို ဘယ်လို ဆက်ဆံသင့်တယ် လာမပြောပါနဲ့"
"ရှင်က ကျွန်မလို ရာထူးမျိုး ရှိတဲ့သူမှ မဟုတ်တာလေ။ ကျွန်မအောင်မြင်သလို ထျန်းရွှမ်က အောင်မြင်မနေဘူး"
အပိုင်း(၅၁၀)
ပြီး၏။
Bạn đang đọc truyện trên: ZingTruyen.Xyz