ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)
Ep 92
အပိုင်း(၉၂)
တန်ရီရဲ့ 'Brothel' ဖြစ်ရပ်ဟာ ပိုပိုကဲကဲပဲ အနှောက်ယှက်ပေးနေတယ်။
ထျန်းနင်တောင် သင့်တော်တဲ့ အချိန်မှာ တုန့်ပြန်မှုပေးနေရတယ်။
အခြားသူတွေနဲ့လည်း မပူးပေါင်း မဆောင်ရွက်လို့ မရနေဘူး။
ဒါကြောင့် ရှုပ်ထွေး လှတဲ့ အနုပညာလောကမှာ သူမရဲ့တည်ရှိမှုဟာ မေ့လုနီးပါး ပျောက်ကွယ်လုနီးနီးပဲ။
မကြာပါဘူး တန်ရီဟာ ရိုးရှင်းတဲ့ တောင်းပန်စာနဲ့ ဖြေသိမ့်လိုက်တယ်။
ဒါပေမယ့် အသုံးမဝင်ပါဘူး ...ဒါဟာ ကုမ္ပဏီရဲ့ ပုံရိပ်ကို မဖုံးကွယ်နိုင်ဘူး ။အဲဖြစ်ရပ်ဟာ အကြာကြီး ထိုးနှက်နေတယ်။
ထျန်းနင်ဟာ ညှိနှိုင်းဆွေးနွေးခဲ့တယ်။ နောက်ဆုံးတော့ ဖောက်သည်ဟာ သူမကို အခြားမော်ဒယ်လ် တွေနဲ့ အစားထိုးဖို့ ဆုံးဖြတ်ခဲ့တယ်။
အတည်ပြုခဲ့တဲ့ ပွဲတွေ အားလုံးကို သူမ ဖြတ်တောက်ဖို့ သဘောတူခဲ့တယ်။
"ထျန်းနင်လား? အိုင်ယား. ငါတို့ နင့်ကို အသုံးမချရဲပါဘူး။ ငါတို့ နင့်အစား အစားထိုးလိုက်ပြီ။''
"ထျန်းနင် ငါတို့ဟာ နင့်ရဲ့ ပုံသွင်ပြင်နဲ့ ကိုက်ညီမယ်လို့မထင်ဘူး ဝမ်းနည်းပေမယ့် နင့်နေရာ အစားထိုးလိုက်ပြီ''
"နင် တခြားသူရဲ့ အိပ်ယာပေါ် တက်ဖို့ မကြောက်တည်းက ဒီအလုပ်တစ်ခုကို ဆုံးရှုံးရမှာ ဘာကြောင့် ကြောက်နေမလဲ.. မဟုတ်ဘူးလား?"
ဖောက်သည်အများစုက ယဉ်ကျေးကြပေမယ့် အနည်းငယ်ကတော့ ရိုင်းကြသည်။
လုံကျဲဟာ ဖုန်းကိုချလိုက်ပြီး ထျန်းနင်ကို အကူညီမဲ့စွာ ကြည့်လိုက်တယ်၊
ထျန်းနင်ဟာ သူမပခုံးကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး ပြောလိုက်တယ်
"အဆင်ပြေပါတယ် မို့ထင်ကို ပေးမသိစေနဲ့''
"သူဋ္ဌေးကြီးက မသိနိုင်ဘူးလို့ နင်ထင်နေတာလား ''
လုံကျဲက ရေရွတ်လိုက်တယ်။
သူမက ဒီလောကရဲ့ ကျော်ကြားမှုနဲ့ အခွင့်လမ်းတွေကို နားလည်သည် ။
နောက်ပြီး လက်တွေ့မှာ အရမ်းကြောက်ဖို့ ကောင်းတယ်။
" ငါ မျှော်လင့်ချက် မရှိမချင်း ဆက်ခေါ်နေမယ်"
ပြောပြီးတဲ့အခါ လုံကျဲဟာ နောက်ဖုန်း နံပါတ်တစ်ခုကို ခေါ်လိုက်တယ်..
အံသြစရာကောင်းစွာနဲ့ သူတို့ဟာ ထျန်းနင်နဲ့ တွေ့ပြီး ဆွေးနွေးဖို့ သဘောတူလိုက်တယ်။
ဒါပေမယ့် သူတို့ဟာ အဖော်အချွတ် မော်ဒယ်လ် လုပ်ပေးဖို့ မေးခဲ့တယ်။
"နင်တို့ဟာ အရမ်း စိတ်အနှောင့်ယှက်ပေးတာပဲ''
"ထျန်းနင် နင်အမှားလုပ်ခဲ့ပြီးပြီပဲ ...နင့်ဂုဏ်ကို ထိန်းဖို့ အချက်ရှိသေးလို့လား ''
ထိုလူဟာ ထျန်းနင်ကို မဖွယ်မရာ ပြောလိုက်တယ်။ သူ့ရဲ့ အကြည့်က မထီမဲ့မြင် လှောင်ပြောင်လိုဖွယ် ပြည့်နေတယ်။
ထျန်းနင် ပြန်မပြောခဲ့ဘူး။သူမက ထိုလူရဲ့ နာမည်ကဒ်ကို ကြည့်လိုက်ပြီး နာမည် မှတ်ထားလိုက်တယ်။
ထိုလူက ထျန်းနင်ရဲ့ အေးစက်တဲ့ အကြည့်ကြောင့် နဖူးမှာ ချွေးသီးတွေတောင် ထွက်လာသည်။
"လုံကျဲ ငါ့ကိုကူညီပါ မီဒီယာထဲမှာ လီယုနဲ့ ရင်းနှီးတဲ့ သတင်းထောက် တစ်ယောက်ရှိလိမ့်မယ်။''
ထျန်းနင်ဟာ အိမ်ပြန်လမ်းမှာ လုံကျဲကို ရုတ်တရက် ပြောလိုက်တယ် ။
သူမ အနည်းငယ် တွေးလိုက်ပြီး ဆက်ပြောတယ်
"ဟန်ယွီဖန်နဲ့ မစ္စတာလီတို့ ကြားက သဘောတူညီချက်ကို ကြည့်ကြည့် ..ပထမ အခြေနေက မိုယွီရော့ကို လွတ်မြောက်ခွင့်ပေးဖို့.. ဆိုလိုတာက ဟန်ယွီဖန်ဟာ သူတို့ကြားက ဆက်ဆံရေးကို သိနှင့်ပြီးပြီပေါ့...''
"ဒါပေမယ့် အရေးကြီးဆုံးက ဘယ်ချိန်တုန်းက သူသိခဲ့တာလဲ''
"ဟန်ယွီဖန် မွေးနေ့ ''
ထျန်းနင်ဟာ တဖြည်းဖြည်း ဂရုတစိုက် စဉ်းစားလိုက်တယ်။
နောက်ပြီး ဟန်ယွီဖန်ဆီက ဖုန်းကောလ် လက်ခံရရှိခဲ့တယ် ဆိုတာ သတိရသွားတယ်။
အဲနေ့က သူ့ဘေးပြန်လာဖို့ သူမကို ပထမဆုံးအကြိမ် မေးခဲ့တာပဲ
"လုံကျဲ ဟန်ယွီဖန်ရဲ့ အတွင်းရေးမှူးကို သွားရှာပါ ။အဲနေ့က ဘာဖြစ်ပျက်ခဲ့လည်း သူမတစ်ခုခုတော့ သိလိမ့်မယ်...''
"လီယုကိုလည်း ဆက်စောင့်ကြည့်ထားပါ''
"ဆုပေးပွဲအတွင်းမှာ ငါ မိုယွီရို့ကို ငါတို့ဟာ တူကြတယ်လို့ ပြောခဲ့တယ်.. ငါအစက သူမကိုလွှတ်ပေးဖို့ စီစဉ်ခဲ့တာ ဒါပေမယ့် ဘယ်သူက ထင်မှာလဲ.. သူမက ကိုယ့်ကိုယ်ကို ပျက်စီးစေမယ်လို့ ။ဒါက သူမ လိုချင်တာဆိုရင် ဘာလို့ ငါတို့ မလုပ်ပေးနိုင်ရမှာလဲ''
"သူမရဲ့ ကုမ္ပဏီကို ထိန်းသိမ်းဖို့တွက် ငါတို့ ဟန်ယွီဖန်နဲ့ မစ္စတာလီတို့ ကို ကောင်းကောင်းမွန်မွန် ပို့သင့်တယ်....''
"ထျန်းနင် ..''
လုံကျဲက အနည်းငယ် အံ့သြသွားသည်။
"ဆောရီး ငါခဏက စိတ်ခဏလွတ်သွားလို့ ဒီလုပ်ငန်းကို နင့်ဟာနင် မှီခိုပြီး လုပ်နေတာကို မေ့လုနီးပါး ဖြစ်သွားတယ်။ဟိုလူပြောတဲ့ လှောင်ပြောင်တဲ့စကားက ငါ့ကို အသိဝင်အောင် လုပ်ပေးလိုက်သလိုပဲ ။ငါခုတော့ အသိဝင်လာပြီး.. ငါအခု အလုပ်မကြိုးစားရင် အရာရာဟာ အမှားပဲ ဖြစ်နေလ်ိမ့်မယ်။''
"ငါမယုံနိုင်ဘူး.. လူတွေရဲ့အမြင်မှာ ငါက အဖော်ချွတ် မော်ဒယ်လ်လောက် အောက်တန်းကျနေပြီလို့..။''
လုံကျဲဟာ ထျန်းနင်ကိုကြည့်လိုက်တယ်။
ထျန်းနင် မျက်လုံးတွေကတဆင့် တည်ငြိမ်မှုတွေ ပညာရှိမှုတွေကို မြင်နေရတယ်
သူမဟာ ယုံကြည်မှု ရှိလာတဲ့ပုံပေါ်တယ်။
တစ်စုံတစ်ယောက် နင့်ကို ဆွဲချမယ်ဆိုရင် သူတို့ကိူ ပြန်လုပ်နိုင်ရမယ်။
အဆိုးဆုံး မြင်ကွင်းက တစ်ဖန်ပြန်စတော့မှာပဲ...
အွန်လိုင်းမှာတော့ လူတွေဟာ ငြင်းခုံ ပြောဆိုနေကြတယ်။
ဥပမာအနေနဲ့ အချို့လူတွေက သဘောတူညီချက်ကို လက်မှတ်ထိုးထားတာဟာ ဆုပေးပွဲမတိုင်ခင် နည်းနည်း မကြာတဲ့အချိန်သာ ဖြစ်တယ်..
ဒါကြောင့် လီယုဟာ ထျန်းနင်တွက် ဒိုင်တွေကို လာဘ်ထိုးဖို့ အချိန်ရမှာမဟုတ်လို့ ပြောကြတယ်။ တစ်ချို့ကတော့ အဲချိန်လေးမှာ စာချုပ် လက်မှတ်ထိုးထားတာ ဖြစ်ပေမယ့် ထျန်းနင်ဟာ လီယုရဲ့ ဦးစားပေးမခံရဘူးလို့ မဆိုလိုဘူး။
တိုက်ရိုက်ကျတဲ့သက်သေကတော့ သူတို့နှစ်ယောက်ဟာ Bright Night Gala မှာ ဘေးချင်းကပ်ထိုင်ပြီးတော့ ကော်ဇော်နီပေါ်မှာ တွဲပီး လမ်းလျှောက်ခဲ့တယ်လေ...
ထျန်းနင်က ငြင်းခုံမှုတွေကို ကြည့်လိုက်တယ်။
ဒါပေမယ့် သူတို့ ဘယ်လိုပြောပါစေ သူမတွက်တော့ ကိစ္စမရှိပါဘူး ။
သူမသိတယ် သူမ ဖြေရှင်းပြီးတဲ့အခါမှာ ခုဒေါသထွက်နေတဲ့ လူတွေဟာ သူတို့ပြောတဲ့ ခုစကားတွေကြောင့် သူတို့ကိုယ်သူတို့ ရှက်နေရအောင် သူမလုပ်နိုင်လ်ိမ့်မယ်ဆိုတာ။
Hyatt Regency ကပြန်လာပြီးတဲ့နောက်မှာ လုချယ်ဟာ ထျန်းနင်ကိုတံခါးရှေ့မှာ စောင့်နေတယ်။
"ဥက္ကဌ လာကြိုခိုင်းတာပါ''
"ကျွန်မတို့ ဟိုက်ဟွေ့ကိုသွားမှာလား''
"မဟုတ်ပါဘူး သူ နေ့လည်စာ တူတူ စားချင်နေပါတယ်''
ခဏကြာပြီးတဲ့အခါမှာ ဟန်ယွီဖန်ဟာ အထဲမှာ တစ်ယောက်တည်း ထိုင်နေတဲ့ ထျန်းနင်ကို ရှာဖို့ စားသောက်ဆိုင်ဆီ ရောက်လာခဲ့ပါတယ်။
သူဟာ ကိုယ့်ဟာကိုယ် သတိမူဖို့တောင် မေ့နေတယ်ဆိုတာ သူ သတိရလိုက်ပါတယ်။
ထျန်းနင်ဟာ ဒီလိုသက်တောင့်သက်သာနဲ့ အနားယူနေတာကို သူ တွေ့လိုက်ပါတယ်။
တစ်ချိန်က သူ့ဘေးမှာ ရပ်တည်ခဲ့ဖူးတဲ့ အမျိုးသမီးဟာ ခုတော့ ကျက်သရေရှိစွာ တင့်တယ်နေပါပြီ။
တစ်ချိန်က သူ လျစ်လျူရှုခဲ့ဘူးတဲ့ သူမဟာ ခုတော့ လက်လှမ်းမမှီလောက်အောင် တောက်ပတဲ့ ပုလဲသဖွယ် ဖြစ်နေပါပြီ။
"နင်က ဒီမှာပဲ...''
သူမဟာ သူ့ကို သာမာန် အကြည့်နဲ့ ကြည့်လာပါတယ်။
"သေချာတာပေါ့ မင်းရဲ့ခင်ပွန်းအသစ်က ဘယ်သူလည်း ဆိုတာ ကြည့်ဖို့ လာခဲ့တာ ။ကိုယ်က မင်းဒီလို စိတ်ကူးပေါက်ပြီး အသိဥာဏ်မဲ့တဲ့ လုပ်ရပ်မျိုး လုပ်ခဲ့လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး ။''
ထျန်းနင်ဟာ ခေါင်းမော့လိုက်ပြီး ဟန်ယွီဖန်ရဲ့ အသည်းအသန်အမူရာကို ကြည့်လိုက်တယ်။
သူမ မနေနိုင်ပဲ ရယ်မိသွားတယ်
"ဟန်ယွီဖန် ရှင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာပဲ''
"မင်း ခင်ပွန်းဟာ မင်းဘေးက မကောင်းသတင်း အားလုံးကို သည်းခံပေးနိုင်လောက်အောင် သဘောထားကြီးတယ်လို့တော့ မင်းမပြောနဲ့။ငါ အားလုံး မကူညီနိုင်ရင်တောင် လီယုကို ရှင်းဖို့တော့ ကူညီနိုင်ပါတယ်။မင်း ခင်ပွန်းဟာ ဘာမှ တုန့်ပြန်မှု မရှိဘူးဆိုတာ ငါတကယ် မယုံဘူး''
"ရှင်တကယ်ပဲ သူနဲ့ နှိုင်းယှဉ်လို့မရပါဘူး'' ထျန်းနင်ဟာ အေးစက်စွာ ပြန်ပြောလိုက်တယ်။
"ဟန်ယွီဖန် ကျွန်မ သူ့ကို လက်ထပ်လိုက်တဲ့ နေ့ကစပြီး နေ့တိုင်း ဘာတွေးလည်း သိလား? ကျွန်မ ရှင်နဲ့တူတူဖြတ်သန်းခဲ့တဲ့ နှစ်တွေကိုပေါ့။အဲဒါတွေက ဖြစ်ပြီးသွားပြီဆိုရင်တောင် ကျွန်မ နက်နက်ရှိုင်းရှိုင်း နောင်တရနေသေးတယ်။''
"မင်း နောင်တရရင်တောင် ဒါတွေက ဖြစ်ပြီးပြီပဲ ...''
ထျန်းနင် ဟာ တွန့်သွားပြီး ပြန်ပြောချင်ပေမယ့်...စားသောက်ဆိုင်ရဲ့ အဝင်ပေါက်မှာ အရိပ်တစ်ခု ပေါ်ထွက်လာတာကြောင့်...
အဲလူဟာ ဟိုက်ဟွေ့ရဲ့ CEO ဖြစ်တယ်ဆိုတာ ဟန်ယွီဖန် မှတ်မိလိုက်တယ်။ ဒီနေရာမှာ မို့ထင်ကို တွေ့ရမယ်လို့ ဘယ်သူထင်မှာလဲ...
သူဟာ သူနဲ့ မို့ထင်ရဲ့ ခြားနားချက်တွေကို ကောင်းစွာ သတိထားမိပါတယ်။
မို့ထင် လက်ချောင်းလေးတောင် မစရာ မလိုဘဲ သူ့ကို ချေဖျက်နိုင်တယ်။ အဲချိန်မှာပဲ ဟန်လောရွှယ်ဟာ ဟိုက်ဟွေ့ကို အနှောင့်ယှက်ပေးခဲ့ဘူးတယ်ဆိုတာ သူသတိရသွားတာကြောင့် သူဟာ ခေါင်းငုတ်လိုက်ပြီး အကြည့်မဆုံအောင် ရှောင်လိုက်တယ်။
သူဘာလို့ ဒီလိုခံစားနေရလည်းဆိုတာ သူနားမလည်နိုင်ဘူး...
သူ့ကိုကြည့်ပြီး ထျန်းနင်ဟာ သူ နိမ့်ကျ သလို ခံစားနေရတာလို့ ပြောနိုင်တယ်။
ဟန်ယွီဖန်ဟာ သူ့ရဲ့ ကိုးယိုးကားရားဖြစ်မှုကို ဖုံးကွယ်ဖို့အတွက် ထျန်းနင်ကို ကြည့်လိုက်တယ်။
ထျန်းနင်ဟာ စိတ်ထဲမှာ လှောင်နေတယ်။
သူမဟာ မို့ထင်ကို နူးညံ့တဲ့ အပြုံးနဲ့ နှုတ်ဆက်လိုက်တယ်။
"ကျွန်မ ရှင့်အကြိုက် အမဲသားကို အရင်မှာထားပေးတယ်''
မို့ထင်ဟာ အရမ်းအံ့သြနေတဲ့ ဟန်ယွီဖန်ရဲ့ ရှေ့မှာ ပုံမှန်တိုင်းပဲ ပြုမူလိုက်တယ်။
သူဟာ ကိုယ်ကိုကိုင်းလိုက်ပြီး သူမဘေးမထိုင်ခင် ထျန်းနင်ရဲ့နဖူးကို နမ်းလိုက်တယ်။
"စောင့်နေတာ ကြာပြီလား''
"ကျွန်မ ခုလေးတင်ပဲ ရောက်တာ''
"ခုချိန်ကစပြီး ကိုယ် မင်းထက်စောစော ရောက်ဖို့ ကြိုးစားတော့မယ် ။''
မို့ထင်က ထျန်းနင်ဆံပင်ကို ဖွလိုက်ကာ တောင်းပန်လိုက်တယ်။
ဟန်ယွီဖန်ကတော့ ပုန်းဖို့ အတွင်းတစ်တွင်း ထွက်လာပါစေလို့ ဆုတောင်းကာ ထိုင်နေရင်း....
ဒီလူနဲ့ ယှဉ်လိုက်ရင် သူဟာ သနားစရာကောင်းတဲ့ မနှစ်မြို့ဖွယ် သူတောင်းစား တစ်ယောက်လိုပဲ!
***
Bạn đang đọc truyện trên: ZingTruyen.Xyz