ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)

Ep 91

jellyflower1

အပိုင်း(၉၁)

ကျွန်မအိမ်ထောင်ပြုပြီးသွားပြီ

 
 
မို့ထင်ကို ငေးကြည့်လိုက်ချိန်တွင် သူမ၏ခန္ဓာကိုယ်တွင် ဝမ်းနည်းပူဆွေးမှုများ ဖြစ်တည်လာသလို ခံစားရသည်။
 
မို့ထင်လို ယောက်ျားကောင်းတစ်ယောက်က စ်စုံတစ်ယောက်က စမတ်ကျပြီး လှပတဲ့ ဇနီးချောလေးနဲ့ ဖူးစာဆုံသင့်သည်။
 
သူ့ကို ဒုက္ခမပေးဘဲ စိတ်ပူစေလိမ့်မယ့် မိန်းမလေးမျိုး။
 
ဒါမှမဟုတ် ဟိုက်ဟွေ့မှာ အခြားသူတွေနဲ့ရင်ဆိုင်ဖို့ မလိုအပ်တဲ့ မိန်းကလေးမျိုး ဖြစ်သင့်ပါတယ်။
 
ဒါပေမဲ့ သူမတို့နှစ်ယောက် ရေစက်ပါခဲ့လို့ဟု တွေ့ပြီးကတည်းက သူမက သူ့ကိုဘယ်တော့မှ ထွက်သွားခွင့်ပေးမှာ မဟုတ်တော့ပေ။
 
ဒါကြောင့် သူ့ရဲ့နွေးထွေးမှုကို ခံစားရင်း သူမ၏
လက်ချောင်းတွေ သူ့လက်ထဲက ချော်ပြီး လွတ်မသွားခင် သူမရဲ့ခေါင်းကို နှိမ့်ချလိုက်ပြီး မို့ထင်၏ ညာဘက်လက်ကို ကြည့်လိုက်သည်။
 
"လူတစ်ယောက်က ခက်ခဲတဲ့ အခြေအနေကို ရောက်ရင် အားနည်းချက် ဖြစ်တည်လာတတ်တယ်.. တကယ်လို့ ကိုယ် မင်းအတွက် တစ်ခုခုလုပ်ပေးနိုင်ရင်.. အဲ့ဒါကို
ကိုယ်ဖြစ်အောင်လုပ်မယ်.. တကယ်လို့ မလုပ်နိုင်ခဲ့ရင်တောင် အဲ့ဒါကို လွယ်လွယ်နဲ့ အရှုံးပေးမှာတော့ မဟုတ်ဘူး"
 
အဲ့ဒီစကားတွေကြားပြီးတော့ တျန်းနင်ငိုခဲ့ပြီး တချိန်တည်းမှာပဲပြုံးခဲ့သည်။
 
သူမရဲ့မျက်ရည်တွေက သူမရဲ့မျက်ဝန်းမှ အတားအဆီး ကင်းမဲ့စွာ ကျဆင်းလာခဲ့သည်။
 
ဒီတစ်ကမ္ဘာလုံးမှာ မို့ထင်က သူမအပေါ် ဘယ်လောက်ကောင်းကောင်း ဆက်ဆံတယ်ဆိုတာ သူမပဲသိတယ်။
 
မို့ထင်လည်း သူမငိုတာမြင်တော့ လန့်သွားသည်..သူ ချစ်ရတဲ့ မိန်းကလေးက ပျော်လို့ မျက်ရည်ကျတာ
ဖြစ်မှာပါလေ။
 
အတတ်နိုင်ဆုံး သူမရဲ့ခေါင်းနောက်ပိုင်းကို ညင်ညင်သာသာလေး ပုတ်ပေးလိုက်သည်။
 
အဲ့ဒါကနှစ်သိမ်မှုနဲ့အားပေးမှုကို ဖော်ပြတဲ့ သူ့နည်းလမ်းပဲ။
 
လုံကျဲလည်း သူမရဲ့ မြင်ကွင်းရှေ့မှ ကြည်နူးပျော်စရာကောင်းတဲ့အခိုက်အတန့်လေးကိုမဖျက်ချင်ပေ။
 
ဟန်ယွီဖန်က အဆက်မပြတ်phခေါ်နေတာ ဆယ်ကြိမ်ထက်မက ရှိနေသည်။
 
လုံကျဲက တျန်းနင်ကိုphပေးဖို့ တွန့်ဆုတ်နေသည်။
 
တျန်းနင်က သူမရဲ့ခံစားချက်ကို ထိန်းချုပ်လိုက်ပြီး စိတ်လျှော့ကာ phကိုင်လိုက်သည်။
 
"ရှင်ဘာလိုချင်တာလဲ"
 
ဒါပေမဲ့phရဲ့အခြားတစ်ဘက်မှာ တိတ်ဆိတ်နေတာကို သူမ ကြားလိုက်ရသည်။
 
တျန်းနင်က စိတ်မရှည်တော့ပေ။
 
သူမ ဖုန်းချဖို့ ပြင်နေစဉ်မှာပဲ.. ဟန်ယွီဖန်က နောက်ဆုံးတော့ စကားစပြောလာတယ်။
 
"တျန်းနင်...ငါ ဘုတ်အဖွဲ့ဝင်ဒါရိုက်တာ ရာထူးကနေ ထုတ်ပယ်ခံရတယ်"
 
"အဲ့ဒါကဖြစ်သင့်ပါတယ်"
 
တျန်းနင်က သက်တောင့်သက်သာ ပြောလိုက်သည်။
 
"ကုမ္ပဏီက မကြာခင်ဒေဝါလီခံရတော့မှာ.. ပြီးတော့တရားရုံးကလည်း ကိုယ့်အိမ်နဲ့ကားကို သိမ်းတော့မယ်.. ကိုယ်အခုဘယ်မှာမှ သွားလို့မရတော့ဘူး.. အဲ့ဒါကြောင့် နိုင်ငံခြားကိုသွားဖို့ ဆုံးဖြတ်လိုက်တယ်.. ကိုယ်မင်းကို ကိုယ်နဲ့အတူ ခေါ်သွားချင်တယ်... ကိုယ်မင်းရဲ့ဖြေရှင်းချက်ကိုလည်း တွေ့ပြီးပါပြီ.. ဒီကြိုးစား အားထုတ်မှုက ဘာဆိုဘာမှ အသုံးမဝင်ဘူး.. မင်းရဲ့ နာမည်ပျက်ကို ရှင်းနိုင်မှာ မဟုတ်ဘူး.."
 
ဟန်ယွီဖန် မစဉ်းစားဘဲ ပြောချလိုက်သည်။
 
ကြည့်ရတာ သူက နည်းနည်းလေးတောင် နာလန်မထူနိုင်လောက်အောင် အရားအားလုံးကို ဆုံးရှုံးပြီ ထင်ပါရဲ့။
 
"ထျန်းနင်.. မင်း.. ကိုယ့်ဆီ ပြန်လာချင်တဲ့ ဆန္ဒရှိသရွေ့...မစ္စတာလီနဲ့ မင်း ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ် စိတ်ထဲ မထားပါဘူး... ကိုယ်တို့တွေ အရင်လို ပျော်ပျော်ရွှင်ရွှင် ပြန်နေကြမယ်လေ"
 
"မင်း ကိုယ့်ကို ချစ်နေသေးတယ်ဆိုတာ ကိုယ်သိတယ် .. မင်းတန်ရီမှာ ဆက်မနေတော့ရင်တောင် ကိုယ်ဆီတော့ ပြန်လာခဲ့ပါ..."
 
ဒီစကားကို ကြားလိုက်ရတော့ တျန်းနင် ဖုန်းပြောရင်း မဲ့ပြုံးပြုံးလိုက်သည်။
 
ဟန်ယွီဖန်..ရှင် ဒီလိုစကားတွေကို ပြောရဲသေးတယ်လား။
 
စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် သူမက အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။
 
"ငါတန်ရီမှာ ရှိနေဦးမှာပါ ရှင့်ကို မချစ်တော့ပေမဲ့လည်း ရှင်နာကျင် ခံစားနေရတာကို ကြည့်နေဦးမှာပါ"
 
"မို့ယွီရို့က သူမကိုယ်သူမ စွန့်လွှတ်ပြီး မင်းကို ဖျက်ဆီးပစ်မယ်လို့ ကိုယ်မမျှော်လင့်ထားဖူး"
 
"ဟန်ယွီဖန် ရှင်ဘာသာငရဲကိုသွားလိုက်တော့ ကျွန်မကတော့ ရှင်နဲ့မလိုက်နိုင်ဘူး.. ဘယ်သူမှလည်း ရှင်နဲ့လိုက်မှာ မဟုတ်ဘူး"
 
တျန်းနင်ရဲ့ပါးစပ်ကနေ သူမစကားလုံးတွေ ထွက်ကျလာတော့ ဟန်ယွီဖန် ပြန်ပြောမလို့ လုပ်နေတုန်းမှာပဲ မို့ထင်က တျန်းနင်ရဲ့နားရွက် နားကပ်ကာ စကားပြောလိုက်သည်။
 
"ကိုယ်တချို့ကိစ္စတွေကို ဖြေရှင်းဖို့ စာဖတ်ခန်းထဲ သွားလိုက်ဦးမယ်"
 
တျန်းနင်က မို့ထင်ရဲ့ရည်ရွယ်ချက်ကို နားမလည်ခင် ခဏတော့ ကြောင်သွားသည်။
 
 သူက ဟန်ယွီဖန်ရှေ့မှာ ပုန်းနေစရာ မလိုတော့သည့်အထိ ဟန်ယွီဖန် ကြားစေရန် တမင်ပြောလိုက်ခြင်း ဖြစ်သည်။
 
ထို့ကြောင့် သူမ၏ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်ပြီး မို့ထင်ကို ပြန်ပြောလိုက်သည်။
 
"လေအေးပေးစက်ကို အမြင့်ဆုံးထိ မဖွင့်နဲ့"
 
"မေ့သဘော"
 
မို့ထင်က ခေါင်းညိတ်ပြလိုက်ပြီး လုချယ်ကို phခေါ်လိုက်သည်။
 
"ဟန်ယွီဖန် နောက်ကို လိုက်ကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်ထားလိုက် သူ့ကို ဘယ်နေရာမှမသွားစေနဲ့.. ပြီးတော့ မီဒီယာနားလဲ လုံးဝမသွားစေနဲ့"
 
"ဟုတ်ကဲ့ဥက္ကဋ္ဌ"
 
သူPhကိုချလိုက်ပြီး ဘာမှမဖြစ်ခဲ့တဲ့ပုံနဲ့ အချက်အလက်တွေကို ဖွင့်ဖတ်နေလိုက်သည်။
 
တျန်းနင်ကို အကြိမ်ပေါင်းများစွာ နာကျင်ခံစားရအောင် လုပ်ပြီးမှတော့....
 
ဟန်ယွီဖန်.. မင်းပြေးလို့ လွတ်မယ်များ ထင်နေလား
 
Phပြောနေတုန်း ဟန်ယွီဖန်လည်း.. တျန်းနင်ဘက်က ယောက်ျားတစ်ယောက်ရဲ့အသံကို ကြားလိုက်သည်။
 
သူတို့ရဲ့ကြင်နာတဲ့အသံနဲ့ စကားပြောနေကြတာလည်း ကြားလိုက်သည်။
 
သူ့အသံက ချက်ချင်းအေးစက်လာသည်။
 
အဲ့ဒါက မို့ယွီရို့ ဖောက်ပြန်တာကို မိတဲ့အချိန်ကနဲ့ တူတူပဲ
 
"ခုနကယောက်ျားကဘယ်သူလဲ"
 
"အဲ့ဒါက ရှင့်အလုပ်မဟုတ်ပါဘူး"
 
တျန်းနင်က အေးဆေးပဲ ပြန်ပြောလိုက်သည်။
 
"တျန်းနင်.. မင်း.."
 
ဟန်ယွီဖန် ဒေါသနဲ့အော်လိုက်သည်။
 
"ငါ့ကိုပြောစမ်းပါ မင်းတကယ်ပဲ လီယုနဲ့အိပ်ခဲ့တာလား.. ပြီးတော့ မင်းအခု တခြားယောက်ျားနဲ့ အတူနေနေတာလား မင်းဘယ်လောက်တောင် အရှက်မဲ့ရတာလဲ"
 
"ဟန်ယွီဖန် ကျွန်မတို့Relationshipက အရင်တုန်းက ပြီးသွားပြီဆိုတာကို ရှင်မမေ့နဲ့ ကျွန်မအခု ဘယ်သူနဲ့ရှိနေလဲဆိုတာ ရှင်မှာမေးပိုင်ခွင့် မရှိဘူး"
 
"ငါတို့စေ့စပ်ပြီးသားလေ"
 
"ကျွန်မ လက်ထပ်ပြီးသွားပြီ"
 
တျန်းနင်က ချက်ချင်း စကားကိုဖြတ်လိုက်သည်။
 
"အခုကစပြီးကျွန်မအလုပ်ကို ရှင်နဲ့ဆက်တွဲ လုပ်စရာ မလိုတော့ဘူး"
 
"လက်ထပ်ပြီးပြီ ဟုတ်လား..ထျန်းနင်.. မင်းလိမ်နေတာလား မင်းကလက်ထပ်ပြီးပြီလား.. ဟမ့် လက်ရှိမင်းရဲ့အခြေအနေနဲ့ တစ်ယောက်ယောက်က မင်းကိုလက်ထပ်မယ်လို့ ထင်နေတာလား"
 
ဟန်ယွီဖန် အံ့သြတကြီး ပြောလိုက်သည်။
 
တကယ်တမ်း အကြောင်းရင်းထက် အဲ့စကားလုံးကို
သူမယုံနိုင်ဘူး ဖြစ်နေသည်။
 
phရဲ့အခြားတစ်ဘက်မှာ လုံးဝကို တိတ်ဆိတ်နေသည်။
 
"ဒီတော့ မင်းက တကယ်ပဲ လက်ထပ်ပြီးသွားပြီပေါ့"
 
ဟန်ယွီဖန်က သူ့ရဲ့လက်ကို သူ့ဆံပင်တွေကြားထဲ ထိုးဖွလိုက်သည်။
 
ဓားတချောင်းက သူ့ရဲ့နှလုံးသားကို ထိုးနေတယ်လို့ ရုတ်တရက် ခံစားရသည်။
 
သူအသက်ရှုလိုက်တိုင်း နာကျင်နေရတယ်။
 
အဲ့ဒါကမဟုတ်ဘူး။ သူအဲ့လို မခံစားရဘူး။
 
သူတစ်လျှောက်လုံး မို့ယွီရို့ကိုပဲ ချစ်ခဲ့ပြီး တျန်းနင်အပေါ်ကို ဘာခံစားချက်မှ မရှိခဲ့ဘူး မဟုတ်လား။
 
ဒါပေမဲ့ တျန်းနင် တစ်ယောက်ယောက်နဲ့ လက်ထပ်လိုက်ပြီလို့ ကြားလိုက်ရတော့ ဟန်ယွီဖန် သူ့ဝိညာဉ်.. သူ၏ခန္ဓာကိုယ်ထဲကနေ ထွက်ခွာသွားသလို ခံစားရသည်။
 
နောက်ဆုံး ကျန်ခဲ့တာက ဘာမှမရှိတဲ့ အခွံကြီးပါလား။
 
မဟုတ်ဘူး
ဒီလိုမဖြစ်နိုင်ဘူး.. အဲ့ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ တျန်းနင်က သူ့နောက်ပဲလိုက်နေပြီး သူ့အတွက် အရာအားလုံး လုပ်ပေးခဲ့တာလေ။
 
ဘယ်လိုလုပ် လျှပ်တပြက်အတွင်း အခြားတစ်ယောက်စီ ရောက်သွားရမှာလဲ။
 
ဟန်ယွီဖန်ရဲ့ နှလုံးသားထဲမှာ အမြဲစိတ်ကူးယဉ်နေခဲ့တယ်။
 
အဲ့ဒါက သူဘယ်လောက်ပဲ တျန်းနင်းကို ဆိုးဆိုးရွားရွား ဆက်ဆံပြီး သူမကို နာကျင်အောင်လုပ်ခဲ့ပါစေ.. သူလက်ချောင်းလေးပဲ လှုပ်လိုက်တာနဲ့ တျန်းနင်က သူ့ဆီ ပြန်လာခဲ့မယ်လို့ ယုံကြည်ခဲ့သည်။
 
 
ဒီလိုအံ့သြစရာကိစ္စကြောင့် သူမက အမြဲတမ်း သူ့ကို ပြန်ခံပြောနေတာကိုး။
 
ဒါပေမဲ့ အချိန် အတော်ကြာမှသာ တျန်းနင်က သူမလက်ထပ်ပြီးပြီ ဆိုတာကို ကြေညာလိုက်ခြင်း ဖြစ်သည်။
 
 
 
ဟန်ယွီဖန် အကျယ်ကြီးအော်ရယ်လိုက်သည်။
 
မျက်ရည်တွေက သူ့မျက်လုံးထောင့်စွန်းကနေ စီးကျလာသည်။
 
"တျန်းနင် မင်းငါ့ကိုလက်စားချေဖို့အသက်ကြီးနေတဲ့သူနဲ့ လက်ထပ်လိုက်တာလား"
 
"ရှင်မသိပဲနဲ့ကျွန်မကိုမပြောနဲ့.. ရှင်ကအော်ဂလီဆန်စရာ ကောင်းတယ်"
 
တျန်းနင်ရဲ့အသံက ခက်ထန်လာသည်။
 
သူမနားလည်သည်။
 
ဟန်ယွီဖန့်နှလုံးသားကသူမဘာလုပ်လုပ်ဘာမှမဖြစ်ဖူးသူမလုပ်ခဲ့တာတွေကမှားနေတယ်လို့သူယူဆလိမ့်မယ်
 
သူကအမြဲတမ်းသူမကိုယုံကြည်လေးစားမှုမရှိဘဲ ဗိုလ်ကျချင်တယ်
 
"ဒါဆိုငါ့ကိုပြောပါဦး မင်းနဲ့လက်ထပ်ထားတာက ဘယ်သူလဲ"
 
မို့ထင်က ဟန်ယွီဖန်ရှေ့ကိုထွက်ပြဖို့ ဆုံးဖြတ်ထားသော်လည်း ခွင့်မပြုပဲ မလုပ်ချင်ပေ။
 
တျန်းနင်က စာဖတ်ခန်းတံခါးကို ဆွဲဖွင့်လိုက်ပြီး phစပီကာကို လက်ဖြင့်ပိတ်၍ မို့ထင်ကို မေးလိုက်သည်။
 
"ဟန်ယွီဖန်ကရှင်ဘယ်သူလဲဆိုတာသိချင်နေတယ်"
 
မို့ထင်တျန်းနင်Phကိုလှမ်းကြည့်လိုက်သည်။
 
သူ့ရဲ့နီညိုရောင်မျက်လုံးက မဲမှောင်လာပြီး တျန်းနင်ကိုလှမ်းဆွဲလိုက်ကာ သူ့ပေါင်ပေါ် ထိုင်ခိုင်းလိုက်သည်။
 
ခဏကြာတော့ သူကပြောလိုက်သည်
 
"ကိုယ်တို့သူနဲ့တွေ့ရအောင်"
 
"ငါသူ့ကိုခေါ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်.. အဲ့ဒါမှသူငါနဲ့တွေ့လို့ရမှာ"
 
မို့ထင်ရဲ့အဆင့်နဲ့ဆို သူကဟန်ယွီဖန် အလွယ်တကူ တွေ့လို့ရတဲ့သူမဟုတ်ဘူး..
 
ဟန်ယွီဖန်နဲ့မတန်ဘူး။
 
 
***

Bạn đang đọc truyện trên: ZingTruyen.Xyz