ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)

Ep 102

jellyflower1

အပိုင်း(၁၀၂)

 
 
"ဆုပေးပွဲ အတောအတွင်း Creative centuryက လူတွေ မိုယွီရို့ ဆုရမယ်ဆိုတာ သိခဲ့တာကြောင့် ငါတို့နဲ့ ဘာမှ ဆက်နွယ်မှု မရှိကြောင်း ပြဖို့ နည်းမျိုးစုံ  သုံးခဲ့တယ် "
 
"ခု အိပ်ရာထက်က ကိစ္စ ဖြေရှင်းပြီးတော့ သူတို့ စိတ်ပြောင်းသွားပြန်ပြီ.. အရမ်းကို ပြောင်းလဲလွယ်တဲ့ လူတွေပဲ"
 
လုံကျဲက ဖိတ်ကြားချက်ကို ကိုင်ပြီး မနှစ်မြို့သော လေသံဖြင့် ပြောနေသည်။
 
ထျန်းနင်ကမူ ဘာမှ ပြန်မပြောပဲ ပြုံး၍သာ နားထောင်နေသည်။
 
သူမက မို့ထင်၏ ပခုံးပေါ်ကို ခေါင်းမှီထားသည်။
 
သူမ စိတ်မဝင်စားတာကို တွေ့သည့်အခါတွင် လုံကျဲက ခေါင်းစဉ် ပြောင်းပြောတော့သည်။
 
 "ထျန်းနင် မို့ယွီရို့ရဲ့ အမှားဟာ ဘယ်လောက် ဆိုးမယ်လို့ထင်လဲ"
 
"Creative century ရဲ့ သူဌေးက ဘားတွေကြောင့် အောင်မြင်လာတာ.. သူက ဒုစရိုက် လောကနဲ့ပါ အဆက်သွယ် ရှ်ိတယ်.. သူက ဘားတွေ အများကြီးလည်း ပိုင်တယ်လေ"
 
လုချယ်က လုံကျဲကို creative century ရဲ့ နောက်ခံ အကြောင်း ရှင်းပြလိုက်သည်။
 
 "ဒါကြောင့် ငါ့ခန့်မှန်းချက်အရ မို့ယွီရို့ ဆီက လျှော်ကြေးကို မရမက ပြန်ယူဖို့ သူတို့ လုပ်လိမ့်မယ်.."
 
"အမျိုးသား အဖော်အချွတ် အနေနဲ့ပေါ့..  ဒီအလုပ်က သူမနဲ့ သင့်လျော်ပါတယ်လေ"
 
 "ပိုပြီး နှစ်သက်စရာ ကောင်းတာကို နင်ကြားချင်သေးလား"
 
လုချယ်က လုံကျဲကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
            
  "ဘာကိုလဲ"
               
"မိုယွီရို့ဆိုတာ သူမရဲ့ နာမည်အရင်း မဟုတ်ဘူး.. သူမ အဖေရဲ့ မိသားစု နာမည်က 'လူ'.. ဗေဒင် ဆရာက သူ့ကို ပြောခဲ့တယ်.. တကယ်လို့ သူ့ရဲ့သမီးကို အောင်မြင်စေချင်ရင်၊ ကံကောင်းစေချင်ရင် 'မို' ဆိုတဲ့ နာမည်ရှိတဲ့ ကောင်လေးကို ရှာဖို့.. ငါ ပြောချင်တာက ဖျော်ဖြေရေး လောကမှာ ဒါဟာ ဖြစ်နေကျဆိုပေမယ့်.. နာမည်ကျော် အတွက်တော့ ပွဲဦးထွက် နာမည် တစ်ခုပဲ ရှိတာဟာ ပုံမှန်မဟုတ်နေဘူး.."
               
လုချယ်ရဲ့ မျက်လုံးတွေမှာ နှစ်သက်တဲ့ အကြည့်တွေ ပေါ်လာသည်။
 
 "သူမရဲ့ နာမည် အစစ်ကို သိချင်လား"
 
"မြန်မြန် ပြောပြစမ်းပါ"
 
လုံကျဲက မို့ယွီရို့ရဲ့ မျိုးရိုး နာမည်နှင့် မို့ထင်၏ မျိုးရိုး နာမည် တူနေတာကို သဘောမကျ ဖြစ်နေခဲ့သည်။
 
 
"လု ထင်း ရှောင်" 
(အရမ်း ညံ့ပြီး ခေတ်နောက်ကျသော နာမည်)
             
"ထွီး...ဟား...ဟား"
             
ယင်းနာမည်ကို  ကြားလိုက်သည်နှင့် သူမ ပါးစပ်ထဲမှ သောက်လက်စ ရေပါ ပြန်ထွက်သွားပြီး လုချယ်၏ မျက်နှာကို စိုသွားတယ်သည်။
 
သို့ရာတွင် သူမက ပျော်ရွှင်နေသည်။
               
လုချယ်က တစ်ရှူးယူ လိုက်ပြီး သုတ်ကာ ပြောလိုက်တယ်။
 
"ညစ်ပတ်လိုက်တာ"
            
 
"ဒီနာမည်ဟာ ငါ့ကို ဒီတစ်နှစ်လုံး   ရယ်မောစေဖို့ လုံလောက်တယ်။"
             
 
ထျန်းနင်ဟာ သူတို့ နှစ်ယောက် ပြောတာ တွေကို နားထောင်နေသည်။
 
ယင်းအချိန်တွင် သူမကို မို့ထင်က တင်းကျပ်စွာ ဖက်ထားသည်ကို သူမ သတိပြုမိလိုက်သည်။
 
မိုယွီရို့ရဲ့ အလုပ်ကတော့ လမ်းဆုံး ရောက်နေပြီ.. သူမကတော့ အခုမှ စရုံပဲ ရှိသေးသည်။
              
 "ထင်... ကျွန်မတို့ လက်ထပ်ထားတာ တော်တော် ကြာနေပြီ...ရှင့် မိသားစုကို သွားတွေ့သင့်တယ် မဟုတ်လား "
 
"ကိုယ်တို့ သဘောတူထားတဲ့ ဟန်ဆောင် လက်ထပ်တာက ခြောက်လပဲ.. အဲဒါက မကြာရင်တောင် ကိုယ် မင်းလုပ်ချင်တာ လုပ်ပြီးဖို့ အချိန် ပေးချင်နေတာ.. မိသားစု ကတော့ မင်း စိုးရိမ်ဖို့ မလို ပါဘူး.. အချိန်ကျလာရင် မင်းကို တွေ့ဖို့ ခေါ်သွား ပေးမှာပါ "
 
မို့ထင်က ထျန်းနင်ကို ဖက်လိုက်ရင်း ပြန်ပြောလိုက်သည်။
 
"ရှင့် မိသားစုကို ဘာလိုလုပ်မလဲ"
               
ထျန်းနင်က ခဏလောက် စဉ်းစားလိုက်ပြီး ငြိမ်လိုက်သည်။
 
သူမက ရှက်ပြုံးလေး ပြုံးလိုက်ပြီး
 
"ရှင် သူတို့ နောက်ခံကို ဂရုစိုက်သင့်တယ်.. ထျန်း မိသားစုဟာ ဒီလောကမှာ မကျော်ကြားဘူး.. သရုပ်ဆောင် မော်ဒယ်လ် တစ်ယောက်ကို သူတို့က ခန္ဓာကိုယ် ဗန်းပြပြီး ဖျော်ဖြေတဲ့သူလို့ တွေးနိုင်တယ်"
 
"နောက်ပြီး ကျွန်မက ဟန်ယွီဖန်နဲ့လည်း တွဲဖူးတာဆိုတော့.. ကျွန်မက မိသားစုမှာ  အပယ်ခံပဲ.. ကျွန်မ အိမ်ကထွက်လာတုန်းက အရမ်း အကြင်နာမဲ့ခဲ့တယ်.. ကျွန်မကို ချစ်တဲ့ တစ်ဦးတည်းသောသူ ဖြစ်တဲ့ အဖေ့ကိုလည်း စိတ်ဆင်းရဲအောင် လုပ်ခဲ့တယ်..."
             
သူမ ပြောတာတွေကို မို့ထင် ကြားတဲ့ခါ သူမကို ပို၍ တင်းတင်းကျပ်ကျပ် ဖက်လိုက်ပြီး ပြောလိုက်သည်။
 
"အဆင်ပြေပါတယ်.. မင်းမှာ ကိုယ်ရှိတယ်.. ကိုယ်တို့ သူတို့ဆီ သွားရင် လက်ဆောင်တွေ ယူသွားမယ်လေ"
              
လုံကျဲက သူတို့ ပြောတာတွေကို နားထောင်နေသည်။
 
သူမ သိသည်.. ထျန်းနင်က ဟန်ယွီဖန် အတွက် အများကြီး လုပ်ပေးခဲ့သည်။
 
ကံကောင်းစွာပဲ သူမ မို့ထင်ကို လက်ထပ်နိုင်ခဲ့သည်။
 
ခုချိန်ကစပြီး ထျန်းနင်၏ ဘဝက ပိုကောင်းလာတော့မှာဟု သူမ တွေးလိုက်သည်။
                
တန်ရီနဲ့ စာချုပ် ဖျက်သိမ်းပြီးနောက် ထျန်းနင်နဲ့ များစွာသော အေဂျင်စီတွေရဲ့ မရေမရာ ဆက်ဆံရေး သတင်းတွေဟာ စတင် ပြန်နှံ့လာသည်။
            
သို့ရာတွင် ထျန်းနင်က ဘာပွဲမှ မတက်ပဲ အနားယူနေလိုက်သည်။
 
သူမဟာ Cheng Tian နဲ့ အလုပ်လုပ်ဖို့ သူမ ကိုယ်သူမ လေ့ကျင့်ပြင်ဆင်နေခဲ့သည်။
 
သူမရဲ့ ထိန်းသိမ်းမှုကြောင့် ဝိတ်တွေတောင် တော်တော် ကျသွားခဲ့သည်။
             
တစ်ချိန်တည်းမှာပဲ TQရဲ့ အသစ်ထွက်တဲ့ မဂ္ဂဇင်းကို ပေကျင်းမှာ ထုတ်ဝေလာသည်။
 
 စာအုပ် အဖုံးကတော့ ပြင်သစ် မှာတုန်းက ထျန်းနင် ရှိုးလျှောက်နေတဲ့ ပုံဖြစ်သည်။
              
 ထုံးစံအတိုင်း TQရဲ့  စျေးကွက်နေရာကြောင့် လင်းဝေစန်းဟာ ထျန်းနင်ကြောင့် မဂ္ဂဇင်းရဲ့ ရောင်းရနှုန်းက သိသိသာသာ ကွဲပြားသွားလိမ့်မယ်လို့ မမျှော်လင့်ထားချေ။
 
အဖုံးကို ကြည့်လိုက်ရုံနဲ့ သူဟာ အများကြီး တွေးမိသွားသည်။
                
အစပိုင်းမှာ မဂ္ဂဇင်းက ထူးခြားလာတာ မရှိသေးချေ။
 
စျေးနှုန်းကြောင့် ရောင်းဖို့တွက် TQကို မရွေးချယ်ကြပေ။
 
သို့ရာတွင် လူတွေက မဂ္ဂဇင်းကို တစ်ချက်ကြည့်ပြီးသည်နှင့် မျက်စိက မခွာနိုင်တော့ပေ။
              
သတင်း ထုတ်လုပ်ရောင်းချရေးက သူဌေး တစ်ယောက်က အံ့သြသွားသည်။
 
သူက သူ့ရဲ့ အရောင်းဆိုင်ငယ်က လျှောက်ထွက်လိုက်ပြီး ဖြတ်သွားဖြတ်လာ တစ်ယောက် အနေနဲ့ အထဲကို လှမ်းကြည့်လိုက်တယ်။
          
သေသေချာချာ ကြည့်ပြီးတဲ့ခါမှာ သူနားလည်သွားသည်။
 
ထျန်းနင်ပါတဲ့ အဖုံးကာဗာဟာ အခြား မဂ္ဂဇင်းတွေ အားလုံးထဲမှာ သူ့မျက်လုံးကို အဖမ်းစားနိုင်ဆုံး ဖြစ်နေသည်။
 
လူတွေက အဲစာအုပ်ကို စိတ်ဝင်စားကြတာကို သူမအံ့သြတော့ချေ။
 
 သူဟာ မြန်မြန်  ဖုန်းဆက်လိုက်ပြီး ထပ်မှာလိုက်တယ်။
                  
ဟုတ်တာပေါ့.. မို့ထင်ရဲ့ ဆုံးဖြတ်ချက်က မြန်ဆန်သည်.. တိကျသည်၊ အကျိုးရှိသည်။
 
သူက ထျန်းနင်ကို အောင်မြင်နေတဲ့ လူတွေနဲ့ မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားသည်။
 
မျှော်မှန်းထားသလိုပဲ အဲဒါက ထျန်းနင် ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်လာဖို့တွက် လမ်းစ ဖြစ်လာခဲ့သည်။
              
Cheng Tian ရဲ့ CEO ဖြစ်တဲ့ လန်ဇီရဲ့ အာရုံစိုက်မှု အပါဝင်ပေါ့....
              
ထျန်းနင်နဲ့ ဆုပေးပွဲမှာ သူမ တစ်ခါတွေ့ပြီးပြီ။
 
သူမက ယုံကြည်ရဆုံး ငယ်သားဖြစ်တဲ့ လော်ဟောင်ကို ရုံးခန်းကို ခေါ်လိုက်သည်။
 
သူမရဲ့ရှေ့တွင်TQရဲ့ နောက်ဆုံးထွက် မဂ္ဂဇင်းကို ပြလိုက်ရင်း
 
"ငါ ထျန်းနင်နဲ့ လက်မှတ်ထိုးချင်တယ်.. နင် ဘယ်လိုထင်လဲ"
               
လောဟောင်က သုံးဆယ် စွန်းစွန်းအရွယ် ယောက်ျား  တစ်ယောက်ဖြစ်သည်။
 
သူက နိုင်ငံတကာ မောဒယ်လ် အနည်းငယ်ကိုလည်း လေ့ကျင့်ပေးဖူးသည့် အတွေ့ကြုံ ရှိသည်။
 
သူဟာ တိကျသူ ဖြစ်ပြီး လန်ဇီ၏ ညာလက်ရုံး ဖြစ်တယ်။
              
"ဥက္ကဌလန် ထျန်းနင်က တကယ် အရည်ချင်း ရှိတယ်လို့ ကျွန်တော် ထင်တယ်.. ဒါပေမယ့် သူမ အသက်က ခုပဲ ၂၆နှစ် ရှိနေပြီ.. သူမက မငယ်တော့ဘူးနော်.. သူမထက် ငယ်တဲ့ မော်ဒယ်လ်တွေနဲ့ ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မှာလဲ"
           
 "နင် နားလည်ဖို့လိုတယ် ငါတို့ ထျန်းနင်ကို စိတ်ပူဖို့ မလိုဘူး.. သူမဟာ ဒီလောကရဲ့ အကောင်းအဆိုးတွေကို တွေ့ကြုံပြီးပြီ.. ငါတို့က သူမကို ထောက်ပံ့ပေးရုံပဲ.. သူမဟာ မကြာတဲ့ အချိန်မှာပဲ ထိပ်တန်း မော်ဒယ်လ် တစ်ယောက် ဖြစ်လာမှာ.. အဲလို ဖြစ်လာတဲ့ အချိန်ကျရင် အများကြီး အကျိုးရှိလာမှာ "
 
လန်ဇီဟာ အထက်စီးဆန်စွာ ပြန်ပြောလိုက်သည်။။
               
 "ဒါဆို ဥက္ကဌလန် ပြောချင်နေတာက...ကျွန်တော့်ကို ထျန်းနင်ကို ကိုင်တွယ် စေချင်နေတာလား.. ဒါပေမယ့် ကျွန်တော့်မှာ အများကြီး လုပ်စရာရှိတယ်.. မော်ဒယ်လ် အသစ်တွေကိုလည်း ရှာရဦးမယ်.."
        
"အားလုံးကို တူတူ ထိန်းသိမ်းပါ..  နင့်ရဲ့ လက်အောက်က လူ နည်းနည်းက သူတို့ကိုယ်သူတို့ ထိန်းနိုင်ပါတယ်။ နင် ယန်ကျင်းကို မရှုံးချင်ဘူး မဟုတ်လား"
             
ယန်ကျင်းဆိုတဲ့ နာမည်ကြားလိုက်တာနဲ့ လောဟောင်ဟာ ခဏ ငြိမ်သွားပြီး ခေါင်းညိမ့်လိုက်သည်။
 
"ဆုံးဖြတ်ချက်က ဒီလိုဆိုတော့ ကျွန်တော် ထျန်းနင်ကို ဆက်သွယ်လိုက်ပါ့မယ်"
             
  "နင့်ဆီက သတင်းကို စောင့်နေမယ်"
               
 လော်ဟောင်က မဂ္ဂဇင်းကို ယူသွားပြီး ရုံးခန်းက ထွက်သွားသည်။
 
သူ့အခန်းကို ပြန်ရောက်တဲ့ အခါမှာ သူက ယန်ကျင်းဆီကို ပြေးသွားလိုက်သည်။
                 
သူ့လက်ထဲက မဂ္ဂဇင်းကို ယန်ကျင်း မြင်တဲ့ အခါမှာ သူမရဲ့ အမူရာက ပြောင်းလဲသွားသည်။
          
"ဥက္ကဌလန်က ထျန်းနင်ကို စိတ်ဝင်စားနေတာလား"
              
"အဲဒါ နင့်နဲ့ ဘာဆိုင်လို့လဲ"
 
လောဟောင်က မဂ္ဂဇင်းကို စားပွဲမှာ ထားလိုက်ရင်း မေးလိုက်သည် ။
              
 
"လောဟောင် နင်သိပါတယ်။ ထျန်းနင်ဟာ ငါ့ရဲ့ မော်ဒယ်လ်ထဲက တစ်ယောက်နဲ့ ပြိုင်ဖူးတယ်ဆိုတာ.. ငါ သူမကို နိုင်ဖို့ အများကြီး အကြံထုတ်ခဲ့ရတာ.. နင် သူမနဲ့ လက်မှတ်ထိုးလိုက်ရင် နင်နဲ့ငါ ဘယ်လို ဆက်ဆံရေး အခြေနေ ရောက်သွားမယ်လို့ နင်ထင်လဲ "
 
ယန်ကျင်းဟာ မျက်မှန် ချွတ်လိုက်ရင်း အရေးတယူ ပြောလိုက်သည်။
 
"နင်ငါ့ကို နှစ်သက်ခဲ့တယ် မလား.. နင်ကြောင့် ငါ ကိုယ်ဝန်ပျက်ကျခဲ့တာ။ ထျန်းနင် Cheng Tian ရောက်လာမှာကို တားဆီးပေးနိုင်မလား"
                 
လောဟောင်ဟာ ခဏလောက် ငြိမ်သွားပြီး ခေါင်းညိမ့်လိုက်သည်။
 
"ကောင်းပြီ"
 
 
 
***

Bạn đang đọc truyện trên: ZingTruyen.Xyz