ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)
Ep 103
အပိုင်း(၁၀၃)
သူတို့က ချစ်သူအနေနဲ့ တစ်ခါသာ တွဲခဲ့ဖူးသော်လည်း ငါးနှစ်တာ သံယောဇဉ်ကြောင့် သူမငြင်းနိုင်ခဲ့ပေ။
ဒါကြောင့် သူတို့ ပြတ်သွားတာကို မတွေးဘဲ သူဟာ သူ့ရဲ့ ရည်းစားဟောင်းကို ထိခိုက်အောင် မလုပ်နိုင်ဘူး ဖြစ်နေသည်။
လောဟောင်က သူ့ရဲ့ ရှေ့က မဂ္ဂဇင်းကို ကြည့်လိုက်သည်။
သူက နိုင်ငံတကာ မော်ဒယ်လ် တစ်ယောက်ကို ဆုံးရှုံးလိုက်ရသလို ခံစားနေရသည်။
သူက မဂ္ဂဇင်းကို လှန်လိုက်ရင်း သူ နောင်တရမှာ စိုးနေတယ်။
အဲဒါကို မြင်တဲ့ခါမှာ ယန်ကျင်းဟာ စိတ်သက်သာရာ ရသွားတယ်။
သူမဟာ လက်ပိုက်လိုက်ပြီး
"ရှင် ဆုံးဖြတ်ပြီးပြီဆိုတော့ လျှို့ဝှက်ချက် နည်းနည်း ပြောပြမယ်။ ကျွန်မ လီယုကို စောင့်ကြည့်နေတဲ့ သတင်းထောက်နဲ့ ဆက်သွယ် ခဲ့ပြီးပြီ.. သူဟာ ထျန်းနင်နဲ့ လီယုရဲ့ အိပ်ရာပေါ်က ဓာတ်ပုံတွေ သူ့မှာ ရှိတယ်လို့ သတင်းဖြန့်ဖို့ သဘောတူတယ်.. ကျွန်မ အဲလို ဖြစ်အောင် ဖန်တီးထားတဲ့ ဓာတ်ပုံတွေကိုတောင် တွေ့ပြီးပြီ.. ရှင် ဥက္ကဌလန်ရဲ့ အမိန့်ကို မနားခံဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ ဥက္ကဌက ရှင့်ကို အပြစ်မပေးအောင် ထျန်းနင်ကို ကျွန်မတို့ ဆွဲချဖို့လိုတယ်"
လောဟောင်က သူ့ရှေ့က ကွန်ပျူတာနဲ့ တစ်ခုခု လုပ်နေသည်။
သူ့ရဲ့ အသံက အေးစက်နေပြီး လှောင်ပြောင် လိုဟန်ပါဝင်နေတယ်။
"ငါတို့လို့ မပြောပါနဲ့...အဲဒါ မင်းပါ.. ဒါဟာ ငါတို့ရဲ့ အတိတ်ကို သုံးပြီး မင်းလိုချင်တာ တောင်းလို့ရတယ့် နောက်ဆုံး အကြိမ်ပဲ.. ငါ ဒီတစ်ကြိမ် ထျန်းနင်ကို တားပေမယ့် နောက်တစ်ကြိမ် ဆိုရင်တော့ ငါ မပြောတတ်ဘူး.. မင်း ဘာလုပ်လုပ် ငါ နဲ့ မဆိုင်တော့ ဘူး။ "
"ရှင်..."
"ငါတို့က စိတ်ဓာတ်ချင်း မတူဘူး.. ဒါကြောင့် တစ်နေရာထဲမှာ တူတူ မရှိနိုင်ဘူး.. မင်း အလုပ်ပြီးရင် ပြန်တော့.. ငါအလုပ် ပြန်လုပ်ရမယ်"
လောဟောင်က သူ့ရဲ့ဘေးမှာ သူမကို မရှိစေချင်ကြောင်း ပြောလိုက်တယ်။
ဒါကြောင့် ယန်ကျင်းက ရွေးချယ်ခွင့် မရဘဲ ပြန်လာခဲ့ရသည်။
အမှန်တော့ သူမမှာ သူနဲ့ ပတ်သက်ပြီး ခံစားချက် ရှိနေတုန်းပင်။
သူတို့က အခြေအနေ အမျိုးမျိုးကြောင့် မပြတ်မသား ဖြစ်ခဲ့ရသည်။
ယန်ကျင်းက ရည်မှန်းချက် မြင့်မားသည်။
သူမရဲ့ ပန်းတိုင် ရောက်ဖို့ ဘာမဆို လုပ်သည်။
ဒါပေမယ့် လောဟောင်ကျတော့ မတူပေ။
ဒါကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်က သူတို့ရဲ့ ဆက်ဆံရေးက ရေနဲ့မီးလို ဆန့်ကျင်ဘက် ဖြစ်နေသည်။
လော်ဟောင်ရဲ့ ရုံးခန်းက ထွက်လာပြီးတဲ့နောက် သူမက သတင်းထောက်ကို ဖုန်းဆက်လိုက်သည်
"ကျွန်မ ထပ်မစောင့် နိုင်တော့ဘူး.. သတင်းဖြန့်လိုက်တော့"
"ကောင်းပြီ.. ထိုင်ပြီး စောင့်ကြည့်နေလိုက်"
ဖုန်းရဲ့အခြားတစ်ဖက်မှ လူတစ်ယောက်က စိတ်လှုပ်ရှားသော လေသံဖြင့် ပြောလိုက်သည်။
အရင်တုန်းက သူမ ထျန်းနင်ကို အသရေဖျက်ခဲ့တာဟာ ထျန်းနင် ပြင်သစ်က သူမ မော်ဒယ်လ်ရဲ့ အလုပ်ကို ခိုးယူခဲ့၍ ဖြစ်သော်လည်း ဒီတစ်ကြိမ်ကတော့ ကြိုတင် ကာကွယ်ဖို့ လုပ်ရတာ ဖြစ်သည် ။
ထျန်းနင်ရဲ့ ကျွမ်းကျင်မှု၊ အရည်အချင်းနဲ့ ဆိုရင်... ထျန်းနင် cheng tianရောက်လာရင် သူမရဲ့ အလုပ် တော်တော်များများ ပေးလိုက်ရမှာ အမှန်ပင်။
အဲ့လိုသာ ဖြစ်လာရင် သူမ လက်အောက်က မော်ဒယ်လ်တွေရဲ့ အခွင့်အရေး တစ်ဝက်လောက် ဆုံးရှုံးရမှာ ဖြစ်သည်။
ဒီလိုမျိုးတော့ သူမ အဖြစ် မခံနိုင်ပေ။
ထျန်းနင်က သူမကို ယန်ကျင်း ဆန့်ကျင်ဖို့ ကြံစည်နေတာကို သိသည်။
TQရဲ့ ရောင်းရမှုတွေကြောင့် ထျန်းနင်ရဲ့ ပရိသတ်တွေဟာ သူမကို ကျေနပ်နေကြသည်။
ထျန်းနင်ရဲ့ တိုက်ခန်းဆီကို သူမရဲ့ ပရိသတ်တွေဟာ လက်ဆောင် အများကြီး ပို့ကြသည်။
လုချယ်က လက်ဆောင်တွေကို လက်ခံ၍ သေချာ စီစစ်ပြီးမှ သူမဆီပို့သည်။
ညနက်ချိန်... ထျန်းနင်က မို့ထင်ရဲ့ ရင်ဘတ်ပေါ်မှာ ခဏတဖြုတ် အိပ်နေသည်။
သူဟာ သူမကို ညာလက်နဲ့ ဖက်ထားပြီး သူမရဲ့ ကျောတစ်လျှောက်ပေါ်မှာ လက်ချောင်းလေးတွေနဲ့ ဆော့ကစားနေတယ်။
သူရဲ့ဘယ်လက် ကတော့ သူ့ရဲ့ ဖုန်းထဲက ထျန်းနင်ရဲ့ အီးမေးလ်တွေကို လိုက်ကြည့်နေသည်။
သူဟာ မသင်္ကာစရာ ကောင်းတဲ့ အီးမေးလ် တစ်ခုကို တွေ့သွားသည်။
"နင်...ဒါကို ကြည့်ပါဦး "
"ဘာလဲ ထင်"
ထျန်းနင်ဟာ ခေါင်းထောင်လိုက်ပြီး မို့ထင် လက်ထဲက ဖုန်းကို ကြည့်လိုက်သည်။
အဲဒါဟာ ဖတ်ရုံနှင့် စိတ်အနှောင့်ယှက်ပေးသည့် အီးမေးလ်တစ်ခု ဖြစ်နေသည်။
"မင်း နောက်ကွယ်မှာ မကောင်းကြံနေတဲ့ လူတွေကိူ မှတ်ထားပါ။"
"ထင်...ရှင် ဘာတွေးနေတာလဲ "
ဒီ ပုံမှန် မဟုတ်တဲ့ သတိပေးစာကို မြင်တဲ့ခါမှာ ထျန်းနင်ဟာ သူမကို ဘယ်သူက ကူညီချင်နေတယ် ဆိုတာကိုရော သူတို့ ဘာကြံနေတယ် ဆိုတာကိုရော မခန့်မှန်းနိုင် ဖြစ်နေသည်။
"TQရဲ့ ကျော်ကြားလာမှုကြောင့်ပဲ...လူအများကြီး မင်းကို အာရုံ စိုက်လာကြတယ်.. မင်းကို ဖယ်ရှားဖို့ အခွင့်ရေးကို စောင့်နေကြတယ်.. ပြီးခဲ့တဲ့ ဖြစ်ရပ်ကိုပဲ ကြည့်လေ.. Cheng Tian က ယန်ကျင်းက အဆိုးဆုံးပဲ.. ဒီ သတိပေးချက်က ယန်ကျင်းက ဖြစ်ပါစေ အာရုံမစိုက်နဲ့.. အကောင်းဆုံး လုပ်ဖို့ပဲ အာရုံစိုက်ပါ.. "
မို့ထင် ဘာကို ဆိုလိုလည်းဆိုတာ ထျန်းနင် သိတယ်။
သူမရဲ့ အရည်ချင်းနဲ့ အကောင်းဆုံး လုပ်နေသရွေ့ ဘယ်သူမှ သူမကို ဆွဲချဖို့ နည်းလမ်း ရှာတွေ့မှာ မဟုတ်ချေ။
မို့ထင်ဟာ သူမကို သတိပေးလိုက်သည်။
အိပ်ရာပေါ် တက်တဲ့ကိစ္စ ဖြေရှင်းဖို့ သက်သေတွေကို ချပြချိန်တန်ပြီ ဖြစ်သည်။
"ဘယ်သူ ကျွန်မကို သတိပေးချင်တယ်.. ဒုက္ခပေးချင်တယ် ဆိုတာ ဂရုမစိုက်ပါဘူး လောလောဆယ် ကျွန်မကို အိပ်ရာပေါ် တက်တဲ့ သတင်းထွက်အောင် လုပ်တဲ့ ယန်ကျင်းကို အရင် ပညာပေးရမယ်"
ထျန်းနင်က ဖုန်းကို အောက်ချလိုက်ပြီး သူမရဲ့ မေးစေ့ကို မို့ထင်ရဲ့ ညှပ်ရိုးပေါ် တင်ထားလိုက်သည်။
"ကြည့်ရတာ မင်း လီယုရဲ့ ခရီးသွား မှတ်တမ်းနဲ့ ဘာလုပ်မယ်ဆိုတာ အစီစဉ်ဆွဲပြီးပြီပဲ "
ထျန်းနင်က ဘာမှ ပြန်မပြောပဲ ပြုံးနေလိုက်သည်။
ယန်ကျင်းရဲ့ ရန်သူတွေနဲ့ ဆွေးနွေး ပြီးပြီ.. ဒါပေမယ့် ဘယ်သူ့ အကြံက ပိုကောင်းလည်း ဆိုတာတော့ မဆုံးဖြတ်ရသေးချေ။
အဲဒါကို တွေးမိတဲ့ခါမှာ ထျန်းနင်ဟာ လုံကျဲကို ဖုန်းခေါ်လိုက်သည်။
"ခုထိ မအိပ်သေးဘူးလား "
"ငါ ရုပ်ရှင် ကြည့်နေတာ"
လုံကျဲက ထျန်းနင် တစ်ခုခု ဖြစ်နေတယ်လို့ တွေးမိပြီး အိပ်ရာက ခုန်ထလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး.လုံကျဲ.. နင် အချိန် ရရင် ငါ သိချင်နေတယ်.. ငါ့ အကြောင်း မကောင်းသတင်း အမှားတွေ ဖြန့်နေတဲ့ သတင်းထောက်မှာ ပူးပေါင်းထားတဲ့လူ ရှိမှာပဲ.."
"နင် တစ်ခုခု စီစဉ်ထားလို့လား"
လုံကျဲဟာ ပြန်မပြောခင် ခဏ တွေးလိုက်သည်။
"ဟုတ်တယ် အဲလူမှာ ဝမ်းကွဲ တစ်ယောက်လည်း ရှိတယ်.. အဲ ဝမ်းကွဲက သူ့ရဲ့ ကြေငြာရေးသမားပဲ။ "
"ကောင်းတယ် "
ထျန်းနင်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ငါ ခုလေးတင် ငါ့ကို နောက်ကွယ်မှာ မကောင်းကြံနေတဲ့ လူတွေ ရှိတာကြောင့် သတိထားဖို့ သတိပေးစာကို လက်ခံရရှိခဲ့တယ်..လုံကျဲ... ငါ စိတ်အေးရအောင် အဲ့သတင်းထောက်ရဲ့ ပါတနာကို ရှာဖို့ နည်းလမ်း မရှိဘူးလား"
" ဟဟား... ငါ့မှာ လုပ်ငန်းကဒ် ရှိတယ်.. နင့်ကိုပေးမယ်။ "
သူတို့ နှစ်ယောက်လုံး ပြောပြီးတော့ ဖုန်းချလိုက်သည်။
မို့ထင်က သူမရဲ့ နောက်ကျောကို ဆက်လက်ပြီး ပွတ်သပ် ကျီစယ်နေတယ်။
သူက အမှတ်မထင် ပြုမူ နေတာဖြစ်ပေမယ့် ထျန်းနင်ဟာ သူ့ရဲ့ နှုတ်ခမ်းတွေကို ညင်သာစွာ မထိတွေ့ဘဲ မနေနိုင်ဘူး ဖြစ်လာသည်။
သူမဟာ ရင်ဘတ်ကို မှီလိုက်ရင်း နူးညံ့စွာ ပြောလိုက်သည်။
"တော်ပြီ...ရှင် ကျွန်မကို လိုချင်လာအောင် လုပ်နေတာပဲ..."
မို့ထင်ရဲ့ မျက်လုံးတွေဟာ အနည်းငယ် ပြူးကျယ်လာပြီး နှစ်သက်တဲ့ အပြုံးနဲ့
"အဲလိုလုပ်တာက မင်းကို အထိမခံ ဖြစ်စေတာလား"
ထျန်းနင်ဟာ သူ့ကို လျစ်လျူရှုလိုက်ပြီး သူ့ရဲ့ ပေါင်ကို ဖြည်းဖြည်း ရိုက်လိုက်တယ်။
"ကျွန်မ ရှင့်ကို အဲလို ထိရင်ရော ရှင့်ကိုယ်ရှင် ထိန်းချုပ်နိုင်ရဲ့လား"
မို့ထင်ဟာ ဆတ်ခနဲ လှည့်လိုက်ပြီး ထျန်းနင်ကို သူ့ကိုယ်လုံးနဲ့ ဖိချလိုက်တယ်။ သူ့ရဲ့ နူးညံ့ပြီး နက်ရှိုင်းတဲ့ အနမ်းတွေဟာ သူမပေါ် ရောက်လာတယ်။
သူက သူမရဲ့ ခါးကို ကြည့်လိုက်ပြီး မျက်ခုံးကို ပင့်ကာ
"မင်း ဝိတ်ချနေတုန်းလား"
ဟု မေးလိုက်သည်။
" ပိုကြီးတဲ့ ပွဲအတွက် ဝိတ်ချလိုက်ရင် ငယ်ရွယ်တဲ့ မော်ဒယ်လ်တွေကို မရှုံးနိုင်တော့ဘူးလေ။ "
"ကိုယ့် နှလုံးသားမှာတော့ မင်း ဘယ်လိုပုံ ဖြစ်နေပါစေ ကို့တွက် ပြည့်စုံပါတယ်"
ထျန်းနင်က ပြုံးလိုက်သည် ။
သူမချစ်သူရဲ့ သဘောထားက သူမကို ပျော်အောင် လုပ်ပေးနိုင်သည်။
သူမက မို့ထင်ရဲ့ လည်ပင်းကို ဆွဲယူလိုက်ပြီး သူ့ရဲ့ နှုတ်ခမ်းမှာ နူးညံံ့တဲ့ အနမ်းတစ်ပွင့် ပေးလိုက်ကာ နားရွက်ဘေးနားလေးကို တတိတိ ကိုက်လိုက်သည်။
ညဥ့်နက်ချိန်...
လုံကျဲက သတင်းထောက်ရဲ့ ဝမ်းကွဲနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့သည်။
အဲ့လူက ထျန်းနင်ရဲ့ နောက်ဆုံးထွက်တဲ့ မကောင်းသတင်းကို ဖြန့်ခဲ့သူ ဆိုလည်းမမှားပေ။
နောက်ဆုံးတော့ သူ လုံကျဲ ဖုန်းခေါ်တာ ကိုင်ခဲ့သည်။
သူက ထျန်းနင် သူ့ဆီက သက်သေတွေကို ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ထင်ခဲ့တယ်။
ဒါကြောင့် လုံကျဲ သူ့ကို တွေ့ဖို့ ပြောတဲ့ခါမှာ သူ သံသယမဖြစ်ခဲ့ပေ။
ဒါပေမယ့် သူဟာ သူ့ရဲ့ ဝမ်းကွဲ သတင်းထောက်ကို ဒီအကြောင်း မပြောဖို့ ဆုံးဖြတ်ခဲ့သည်။
ယန်ကျင်းက ထျန်းနင်ကို မကောင်းကြံဖို့ ပိုက်ဆံ အများကြီး ပေးခဲ့သည်။
ဒါပေမယ့် အဲ့ပိုက်ဆံရဲ့ ၃၀ရာခိုင်နှုန်းပဲ သူရသည်။
ထျန်းနင် သူ့ကို တိုက်ရိုက် ဆက်သွယ် ကတည်းက ဒီ အခွင့်ရေးကို သုံးပြီး သူမဆီက ပိုက်ဆံအချို့ကို ယူရမယ်ဟု သူဆုံးဖြတ်လိုက်သည်။
ဒါအတွက်ပဲ သူက ထျန်းနင်ရဲ့ သတင်းကို မဖြန့်ခင် အချို့ အချက်လက်ကို တမင်ဖျက်ခဲ့ခြင်းပင်။
သူ ခေါင်းစည်းရေးဖို့ အချိန်လိုတယ် ဆိုပြီးတော့ပေါ့။
သူ ထျန်းနင်ရဲ့ မကောင်းသတင်းကို ဒီနေ့ မဖြန့်နိုင်ချေ။
သတင်းထောက်က ဒါနဲ့ ပတ်သတ်ပြီး ဘာမှ မလုပ်ခဲ့ပေ ။
သူက သူ့ရဲ့ ဝမ်းကွဲကို လုံးဝ ယုံသည်။ သူဟာ ယန်ကျင်းကို မြန်မြန် ဖုန်းခေါ်လိုက်သည်။
ယန်ကျင်းက ချက်ချင်း ပြန်ဖြေပြီး မေးလိုက်သည်
"အပြောင်းလဲတွေ ဖြစ်တယ်လို့တော့ ငါ့ကို မပြောနဲ့... "
"မဟုတ်ဘူး.. မရှိပါဘူး တကယ်ပါ"
***
Bạn đang đọc truyện trên: ZingTruyen.Xyz