ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)
Ep 101
အပိုင်း(၁၀၁)
နင့်ယောက်ျားကဘယ်သူလဲ
"လက်ထပ်ပြီး...ဘယ်သူက နင့်ကို လက်ထပ်တာလဲ"
မို့ယွီရို့ဟာသတခုကို ကြားလိုက်သလို ဖြစ်နေသည်။
သူမက ထျန်းနင်ကို လက်ညှိုးထိုးလိုက်ပြီး ပြောလိုက်သည်။
"ထျန်းနင် နင် လိမ်နေတယ်ဆိုတာ တခြားသူတွေက သိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါက တခြားသူတွေထက် ပိုသိတယ်... နင်ဟန်ယွီဖန်ကိုဘယ်လောက် ချစ်လည်းဆိုတာကိုပေါ့.. သူ့မျက်နှာကို ထောက်ပြီး ငါ့ကို ထောက်ပံ့ပေးဖို့ထိ နင်ရူးသွပ်ခဲ့တယ်လေ.. လက်တုံ့ပြန်ဖို့ ဆန္ဒရှိတယ် ဆိုတာရော ဟုတ်လို့လား.. လက်ထပ်ပြီးပြီ ဆိုတာ မဖြစ်နိုင်ဘူး ဆိုတာ နင် စဉ်းစားမိလား"
"နင်က ငါ့ကို ရှုံးတယ်ဆိုတဲ့ အကြောင်းကို လက်မခံနိုင်တာပဲ....ဒါမှ နင့်အရှက်ကို ကာကွယ်ဖို့ ဆင်ခြင်တစ်ခုကို တွေ့မှာလေ"
"ငါတို့က မိန်းမသားတွေပါ... ငါ့ရှေ့မှာ သရုပ်ဆောင် နေတာကို ရပ်လိုက်တော့"
တျန်းနင်က မို့ယွီရို့ကို ကြည့်လိုက်သည်။
...ယောက်ျားတွေက သူမလို လူတယောက်ကို ဘာဖြစ်လို့စိတ်ဝင်စားတာလဲ ဆိုတာ သူမ တကယ် နားမလည်နိုင်ဖြစ်နေသည်။
ဒါပေမဲ့ ယောက်ျားတွေက လှပြီး လောဘကြီးတဲ့သူတွေကို လိုချင်တယ် ဆိုတာကိုတော့ သူမ နားလည်လာသည်။
သူမတို့ လိုချင်တာ သူတို့ အကုန်ပေးကြပြီး သူမတို့၏ ခန္ဓာကိုယ်ကို သူတို့ဆီ ပြန်ပေးတာကိုပဲ လိုချင်ကြသည်။
သူတို့ လိုချင်တာက ပါးနပ်ရမယ်။ အရမ်းစမတ် မကျရဖူး.. အဲ့တာမှ ထိန်းချုပ်လို့ရမှာလေ။
ဟန်ယွီဖန်မှာ ချစ်သူရှိပြီးပြီ။ လင်းဝေစန်းမှာ မိန်းမရှိတာမို့ မို့ယွီရို့က သူတို့ လိုချင်တဲ့ပုံစံပဲ...
"မို့ယွီရို့ငါပြောနေတာက အမှန်ဆိုတာ နင်သိမှာပါ"
တျန်းနင်က သူမလက်ကို ယှပ်ကာ ခုံပေါ်တင်ထားရင်း ထိုင်နေသည်။
"ငါတန်ရီမှာ ရှိနေတာဟာ ဟန်ယွီဖန်အပေါ်မှာ ခံစားချက်ရှိလို့များ နင်ထင်နေလား...သူ့အတွက်ငါ ရန်ဖြစ်တာကို နင်တွေ့လို့လား.. ငါတန်ရီကနေ မထွက်ရတဲ့ အကြောင်းက ဘာလို့လဲဆိုတော့..."
"ငါမော်ဒယ် လောကထဲကို.. ပြန်ဝင်ချင်လို့လေ..နင့်ကိုနင်းပြီးတော့ပေါ့"
"နင်မသိဘူးလို့တော့.. ငါ့ကို လာမပြောနဲ့"
"အခုချိန်မှာ နင်က ပုရွက်ဆိတ် တစ်ကောင် သာသာပဲ.. ဘယ်သူမဆို နင်းခြေနိုင်တယ်.. ငါအခုထိ နင့်ကိုလိမ်နေတယ်လို့ ထင်နေတုန်းလား.."
စကားဆုံးသည်နှင့် ထျန်းနင်က ထိုင်ခုံကို လှည့်လိုက်သည်။
ယင်းအချိန်တွင် အခန်းအပြင်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။
လုံကျဲက လမ်းလျှောက်လာပြီး တံခါးကို ဖွင့်လိုက်သည်။
ဟိုတယ်ဝန်ထမ်းက ညစာများနဲ့ အတူ ဝင်လာခဲ့သည်။
"သူဌေးကတော် နင့်ရဲ့ယောက်ျားက နင့်အတွက် ကျွန်တော် တို့ကိုပြင်ခိုင်းတာပါ.. သဘောကျမယ်လို့ မျှော်လင့်ပါတယ်"
တျန်းနင်လည်း သူမရှေ့ ရောက်လာသည့် ညစာကို ကြည့်ပြီး ပြုံးလိုက်သည်။
"ကျေးဇူးပါ"
ဝန်ထမ်းက ထျန်းနင် သူဌေးကတော်လို့ ခေါ်တာ ကြားလိုက်တော့ မို့ယွီရို့လည်း တျန်းနင်ရဲ့ စကားတွေကို တစ်ဝက်တော့ ယုံလာသည်။
ထျန်းနက် လက်ထပ်လိုက်သည့် သူက ဘယ်သူဆိုတာ သူမ မသိပေ။
ဟန်ယွီဖန်ကို သူမ လုယူလိုက်တာက ထျန်းနင်အတွက်
အမှိုက်တစ်ခုကို ဖယ်ရှား ပေးလိုက်သလို ဖြစ်နေတာ သူမ လက်မခံနိုင် ဖြစ်နေသည်။
"မို့ယွီရို့.. နင် အရမ်း အံသြ သွားတယ် မလား.."
တျန်းနင်က သူမရဲ့ ဓားနဲ့ခက်ရင်းကို စားဖို့အတွက် ယူရင်း မို့ယွီရို့ကို လှောင်လိုက်သည်။
"နင့်ယောက်ျားက ဘယ်သူလဲ"
မို့ယွီရို့က စိတ်ဝင်စားသော လေသံဖြင့် မေးလိုက်သည်။
ဟန်ယွီဖန်ကိုရဖို့ အားတွေ အများကြီးသုံးခဲ့ရသည်။
အဲဒါက ထျန်းနင်ကို အခွင့်ရေးပေးဖို့ ဖန်တီးလိုက်သလိုပဲ။
ဒီလူကိုရဖို့ သူမ အတော်လေး ကြိုးစားခဲ့ရသည်။
သူမလုပ်ရပ်က ထျန်းနင်ကို ကူညီပေးပြီး သူမဘေးက အမှိုက်တွေကို ဖယ်ထုတ်ပေးသလို ဖြစ်နေပါသလော။
သူမ ဟန်ယွီဖန်ဘေးမှာ သူမကိုယ်တိုင် အချိန်ကြာကြီး ဖျော်ဖြေပေးခဲ့ရတယ်ဆိုတာ မယုံနိုင်ဘူး ဖြစ်နေသည်။
"ခန့်မှန်းကြည့်လေ"
မို့ယွီရို့က ခေါင်းကိုငုံ့လိုက်ပြီး အခုတလော ထျန်းနင်နှင့် အများဆုံးအဆက်အသွယ်ရှိသည့် ယောက်ျားကို သေချာ စဉ်းစားလိုက်သည်။
CrownStarရှိုးပွဲ အချိန်ကစပြီး ယောက်ျား တစ်ယောက်က ထျန်းနင် ဘေးမှာ ရှိနေခဲ့သည်။
USလေဆိပ်မှာလည်း အဲဒီယောကျာ်းပဲ.. ဟန်လောရွှယ်ရဲ့စိတ်လှုပ်ရှားမှုအောက်မှာ ပေါ်လာခဲ့သည်။
တောက်ပတဲ့ညGalaမှာလည်း တျန်းနင်က တွဲဖက်စုံတွဲ ဝတ်စုံကို အဲလူနဲ့ပဲဝတ်ခဲ့သည်။
အဲလူနဲ့ဓာတ်ပုံရိုက်ပြီး သတင်းတစ်ခု ကြေညာခဲ့သေးသည်။
သူက သူရဲကောင်း ပီသစွာ သူမကိုကူညီပြီး ဟန်လောရွှယ်ကိုထိုးနှက်ခဲ့တယ်။
ထိုအချိန်က အိပ်ရာထက်က သတင်းကြောင့် အင်တာနက်သုံးသူတွေ သဘောမကျတာတောင်မှ အဲ့လူက တျန်းနင်ကို ယုံကြည်တယ်လို့ အခိုင်အမာ ပြောခဲ့သည်။
ဒါတွေကို ဆက်စပ်ဖို့က တကယ်တမ်းတွင် မခက်ခဲချေ။
နည်းနည်း ထပ်ပြီး ဆက်စပ်ဖို့တောင် မလိုဘူး။
ဒါပေမယ့် အဲ့လူက ဟိုက်ဟွေ့ရဲ့ သူဋ္ဌေးမို့ထင် ဖြစ်နေသည်။
မို့ယွီရို့ရဲ့ခံစားချက်က မသက်မသာ ဖြစ်လာပြီး အတွေးတွေက ရှုပ်ထွေးလာသည်။
သူမက ဟန်ယွီဖန်ကို လုနေချိန် တျန်းနင်က မို့ထင်နဲ့လက်ထပ်သွားတယ် ဆိုတာ သူမ လက်မခံနိုင် ဖြစ်နေသည်။
တျန်းနင်...သူမခေါင်းကို မော့ကာ မို့ယွီရို့၏ မျက်နှာကိုကြည့်ရင်းသဘောတွေ့နေသည်။
မို့ယွီရို့ တခုခုကို တွေးမိသွားပြီဟု သူမယူဆလိုက်သည်။
သူမ စကားပြောတော့မည့် အချိန်တွင် တံခါးခေါက်သံ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
အဲအချိန်မှာလူတစ်ယောက် အခန်းထဲ ဝင်လာခဲ့သည်။
ထိုလူက ဝန်ထမ်းလည်း မဟုတ်ချေ.. အိမ်မှာ နားနေမယ်ဟု သူမ ထင်ခဲ့သည့် မို့ထင်ပင် ဖြစ်သည်။
သူက ခန့်ညားတဲ့ လက္ခဏာ ရှိပြီး အဲ့ဒါက တခြားသူတွေကို အလိုလိုနေရင် ရှိန်စေသည်။
မို့ထင်က သန်မာပြီး တည်ငြိမ်နေသည့် ခြေလှမ်းနဲ့ အခန်းထဲကို ဝင်လာသည်။
သူက အင်အားကြီးမားတဲ့သူအဖြစ် မွေးဖွားလာသူ တစ်ယောက်လိုပင်။
သူ့မျက်လုံး အကြည့်က တစ်စုံတစ်ယောက်ရဲ့ ဝိညာဉ်ကို နုတ်ယူမဲ့ပုံ ဖြစ်နေသည်။
အဲ့ဒီအကြည့်ကို မည်သူမှ ယှဉ်ကြည့်ဖို့ မလွယ်ကူချေ။
မို့ယွီရို့က မို့ထင်ကို ရင်သပ်ရှုမောစွာ ငေးကြည့်နေမိသည်။
မို့ထင်က နောက်ကနေ တျန်းနင်ဆီကို ချဉ်းကပ်လာသည်။
သူက လက်ကို ဆန့်ထုတ်လိုက်ပြီး ထျန်းနင်ရဲ့မေးစေ့ကိုကိုင်ကာ အပေါ်ဘက်သို့ ဖွဖွလေး ပင့်တင်လိုက်သည်။
ထို့နောက် သူမရဲ့ နှုတ်ခမ်းကို ဖြည်းဖြည်းချင်း စုပ်နမ်းလိုက်သည်။
နောက်လှည့်ပြီး နမ်းတာက...ဒီစုံတွဲကိုပိုပြီးရင်းနှီးစေတယ်
"မင်းစကားပြောနေတာ မပြီးသေးဘူးလား ကိုယ်စောင့်နေတာ ကြာပြီ"
လုံကျဲက မတ်တပ်ရပ်နေရင်းနဲ့ သူတို့သုံးယောက်ကို ကျောပေးပြီးသူမဘာသာ ရယ်လိုက်သည်။
တကယ်လို့ သူမသာ မို့ယွီရို့ဆိုရင် သူမခေါင်းကို အုတ်နံရံနဲ့ ပြေးဆောင့်ပြီး တစ်ကြိမ်တည်းနှင့် အရာအားလုံးကို အဆုံးသတ်အောင်လုပ်ဆောင်မိမှာ အသေအချာပင်။
ပြီးတော့ သူမကိုယ်သူမ ကမ္ဘာပေါ်မှာ အရူးဆုံး လူတစ်ယောက်ဆိုတာ သိသွားပြီးပဲ
"မင်းခုထိ ဂုဏ်ယူနေသေးတယ် ဆိုလည်း ဆက်ပြီး ဂုဏ်ယူနေလိုက်တော့.."
စကားဆုံးသည်နှင့် တျန်းနင်က မို့ထင်လက်ကို ကိုင်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
အခန်းထဲက မထွက်ခင် သူမက မှင်တင်နေသည့် မို့ယွီရို့ကို ဖျက်ခနဲ ကြည့်လိုက်သည်။
လုံကျဲက ထျန်းနင်တို့ နောက်ကို လိုက်မသွားချေ။
ထိုအစား သူမက မို့ယွီရို့ဘေးကို အေးဆေးစွာ လမ်းလျှောက်လာပြီး သူမအနားကို တိုးကပ်ကာ တိုးညင်းစွာ ပြောလိုက်သည်။
"တကယ်တော့.. နင်က ထျန်းနင်ကို အကူညီ အကြီးကြီး ပေးခဲ့တာပဲ.. နင့်ရဲ့ ကျေးဇူးကို ပြန်ဆပ်တဲ့ အနေနဲ့ ခပ်သွက်သွက် ပုန်းနေဖို့ အကြံပေးလိုက်မယ်"
"CreativeCenturyက လူတွေ နင့်အတွက်နဲ့ နေရာတိုင်းမှာရှိနေတယ်.. နင်စာချုပ် ချိုးဖောက်လို့ သူတို့ဘက်က လျော်ကြေးလိုချင်နေကြတယ် ဒါပေမဲ့ နင့်မှာ သူတို့ကို ပြန်ပေးစရာ ဘာရှိလဲ.. Creative Centuryက အင်အားကြီးတယ်.. သူတို့မင်းကိုရှာတွေ့ရင်...ဘာလုပ်မလဲ ဆိုတာ ငါသိချင်လိုက်တာနော်"
"နင့် ကံကြမ္မာက ဘယ်လိုများ ဖြစ်လာမလဲ"
မို့ယွီရို့က သူမရှေ့က သစ်သားစားပွဲ အစွန်းကို ကိုင်လိုက်ပြီး စိတ်ခံစားချက် ပြင်းပြစွာဖြင့် လက်သည်းတွေကို ထိုးစိုက်လိုက်သည်။
လုံကျဲ ထွက်သွားသည်နှင့် သူမထွက်ပြေးဖို့ ကြိုးစားလိုက်သည်။
ဒါပေမဲ့ ဟိုတယ်ကို သွားနေသည့်လမ်းမှာ တျန်းနင်က Creative Centuryက လူတွေကို ဆက်သွယ်ဖို့ လုံကျဲကို ပြောထားပြီးပြီ ဆိုသည်ကို သူမ မသိခဲ့ချေ။
မို့ယွီရို့က ဟိုတယ်အပြင်ကို ခြေလှမ်းလှမ်းလိုက်တာနဲ့ သူမကိုယောက်ျားတစ်စုက သူမကို ဝန်းရံလိုက်သည်။
သူတို့က သူမကို ထောင့်တစ်ထောင့်ကို ဆွဲခေါ်သွားပြီး ရိုက်နှက်ကြတော့သည်။
လျော်ကြေးပေးဖို့ သူမမှာ ပိုက်ဆံမရှိခဲ့ရာ ခန္ဓာကိုယ်ကို အရိုက်ခံရသည်မှာ အဆန်းတော့ မဟုတ်ချေ။
CreativeCenturyကို အကြောင်းကြားလိုက်သည့် အရာအားလုံးက ထျန်းနင်၏ အစီအစဥ်ပင် ဖြစ်သည်။
ထျန်းနင်ဟာ Cheng tianကို ဆက်သွယ်ချင်ပေမယ့် အဲဒီနေရာမှာလည်း သူမကို ဒုက္ခရောက်အောင် လုပ်တဲ့သူ တစ်ယောက်ရှိသေးသည်။
ယခုအချိန်တွင် Creative Centuryက တျန်းနင်ကိုလာဖို့ နောက်တစ်ခါ ဖိတ်ခေါ်နေသည်။
***
Bạn đang đọc truyện trên: ZingTruyen.Xyz