ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)
Ep 100
အပိုင်း(၁၀၀)
မို့ယွီရို့ရဲ့ခန့်မှန်းချက်
ပေကျင်းရဲ့ ညက တောက်ပတဲ့ကြယ်တွေနဲ့ ပြည့်နေတယ်။
နေ့အချိန်ဆို သူမ အခန်းထဲက မထွက်ရတော့ မို့ယွီရို့က စိတ်အား ထက်သန်စွာနဲ့ကောင်းကင်ကို ငေးမောနေတယ်။
ကိုယ်ဝန်ပျက်တာကြောင့်သူမ ခန္ဓာကိုယ်ဟာ အားနည်းနေတယ် ။
မီဒီယာကို ပုန်းရှောင် နေရလို့ သူမဆေးရုံကို သွားဖို့ အခွင့်ရေးတောင် မရှိဖူး....သူမမှာ ပိုက်ဆံလည်း မရှိဘူး။
"ယွီအကို... ကျွန်မအလုပ် ပြန်ရတဲ့ အထိစောင့်ပါ ။XiangXiမြစ်ဘေးက မြေတွေကိုကျွန်မ ဝယ်ပေးမယ် ။"
"အဲအချိန်ကျရင် ကျွန်မတို့ အရင်တုန်းကလို ချမ်းချမ်းသာသာ နေကြမယ်။ကျွန်မယုံကြည်တယ် ။ခုကြုံတွေ့နေတာတွေ အားလုံးက ကျွန်မကို မဆွဲချနိုင်ပါဘူး ။သေခြင်းတရားက လွတ်မြောက်လာကတည်းက ကောင်းတဲ့အရာတွေက ကျွန်မတို့ကို စောင့်နေမယ်လို့ ကျွန်မ ယုံကြည်တယ်"
ယွီလင်း ဘာမှပြန်မပြောဖူး သူအားပါပါနဲ့ ပြုံးလိုက်တယ်။
"ရှင်အခုထိ စိတ်ဆိုးနေဆတုန်းလား ?
အဝတ်စားတွေ ဝယ်ဖို့ ရှင့်ငွေကိုပဲ ကျွန်မယူခဲ့တာ။ ရှင်ကျွန်မကို ဂရုစိုက်ပေးဖို့ လိုတယ်မလား
"ယွီလင်းကငြိမ်နေတုန်းပဲ...သူ့သမီးကို ဆရာဝန်ပြဖို့အတွက် ထျန်းနင်ကပဲ ပိုက်ဆံပေးခဲ့တာ.."
ဒါပေမဲ့ မို့ယွီရို့က စကားတစ်လုံးမှ မပြောဘဲ သူ့ပိုက်ဆံတွေကို ယူခဲ့တယ်..
ပြီးတော့ အဝတ်စားနဲ့ အသုံးဆောင် ပစ္စည်းတွေ ဝယ်ခဲ့တယ်။
"ယွီရို့ ငါမင်းကို နှစ်တွေ အများကြီးကျွေးမွေးထားနိုင်မယ်လို့ ထင်နေတာလား"
သူ တွန့်ဆုတ် မနေတော့ဖူး သူ့အသံက နည်းနည်းတော့ တုန်နေတယ်.. ဒါပေမဲ့ သူ ဖုံးကွယ် လိုက်တယ်။
"ကောင်းပြီ"
မို့ယွီရို့ပေါ့ပါးစွာ ပြောလိုက်တယ် ။
"ရှင်ကျွန်မကို မေးဖို့ လိုတယ်မလား...ကျွန်မ မဂ္ဂဇင်း ဓာတ်ပုံရိုက်ဖို့ရှိတယ်။ ကျွန်မ ပိုက်ဆံရလာရင် ရှင့်ကိုပြန်ပေးမှာပါ ဘာလို့ သဘောထား သေးသိမ်ရတာလဲ"
ယွီလင်း ရှေ့တည့်တည့်ကို ကြည့်ရင်း သူ့ရဲ့လည်ပင်းက ခြောက်သွေ့ပြီး ပူလာတယ်။
မို့ယွီရို့နဲ့ တျန်းနင်ရဲ့ခြားနားချက်ကို သူနားလည်ခဲ့ပြီ။
မို့ယွီရို့က သူမလုပ်ချင်တာ လုပ်နေချိန်မှာ ထျန်းနင်က အနာဂတ်အတွက် အစီစဉ်ဆွဲနေပြီ။ သူက ထျန်းနင်အစီစဉ်ထဲက တစ်စိတ်တပိုင်းပဲ ဆိုတာ သိပေမယ့် သူသူမတွက် လုပ်ပေးဖို့ ဆန္ဒရှိတုန်းပဲ ဘာလို့လဲ ဆိုတော့ သူမကသူ့ကို လူတစ်ယောက်လို့ သဘောထားတယ်။ အဲဒါက ထျန်းနင်ကို အထင်ကြီးမိတဲ့ အချက်ပဲ....
"အဲ့ပိုက်ဆံတွေကို ငါ့သမီးကို ကယ်ဖို့လိုအပ်တယ်"
နောက်ဆုံးတော့ ယွီလင်းစကား ပြောလာတယ် သူ့အသံက ဝမ်းနည်းမှုနဲ့ပြည့်နေတယ်။
ယွီလင်းကို လှည့်မကြည့်ခင်မှာ မို့ယွီရို့ ခဏတော့ မှင်တက်သွားတယ် ။
"ကျွန်မ အဲ့ဒါကို သုံးလိုက်ပြီလေ ရှင်ဘာလုပ်နိုင်မှာလဲ။ ရှင့်မိန်းမ အိမ်မှာ မရှိဖူးလား။ ကျွန်မ အဝတ်စားကို သေချာမဝတ်ရင်လူတွေက ကျွန်မကို အထင်သေးလိမ့်မယ်"
ယွီလင်းရဲ့မျက်နှာကဖြူလာတယ်။့
ယွီရို့က အတ္တကြီးတယ်။ သူမကိုအိပ်ရာပေါ် တက်တဲ့သူလို့ လူသိများနေပြီ။
ဘာကြောင့် သူမရဲ့ကိုယ်ပိုင် အပြုအမူတွေကို မပြောင်းလဲ နိုင်တာလဲ။ ဂုဏ်သိက္ခာက အရေးကြီးတယ် မလား...
မကြာခင်မှာပဲ နှစ်ယောက်လုံး Gloryဟိုတယ်ရဲ့ ဝင်ပေါက်ကို ရောက်လာကြတယ်။သူမရဲ့ဂုဏ်သိက္ခာ အတွက် ကားတစ်စီးကိုတောင် ငှားခဲ့သေးတယ်။
မို့ယွီရို့ဟာ ပုံမှန်တိုင်း နာမည်ကြီးတစ်ယောက်လို ပြုမူတယ်။
ဒီအသွင်ပြင်ကပဲသူမရဲ့ဂုဏ်ကို တိုးတက်စေတယ်လို့ သူမခံယူထားတယ်။
ဒီအချိန်ရောက်နေတာတောင် သူမရှုံးတယ်ဆိုတာ လက်မခံနိုင်ဖူး။
ဟိုတယ်ရဲ့ အဓိက ခန်းမကို လူနှစ်ယောက် ဝင်လာတာနဲ့ ဝန်ထမ်းတွေက တိုးတိုးပြောကြတယ်။
"အဲ့ဒါက အိပ်ရာပေါ်တက်တဲ့ မော်ဒယ်မို့ယွီရို့မလား"
"အဲ့ဒါ သူမပဲ ။ဟုတ်တယ်..သူမပဲ... အံ့သြစရာ ကောင်းလိုက်တာ....သူမက ကိုယ်ဝန်ပျက်ကျခဲ့ပြီး နောက်ထပ်တစ်ယောက် ရှာနေတာပဲ"
"ကြည့်ရတာ...တခြားပြောစရာအတင်းစကားအသစ်တွေမရှိဖူးနဲ့တူတယ်"
မို့ယွီရို့သူတို့ပြောတာကို မကြားသလိုနဲ့"ဟွန့်"ဆိုပြီဘာမှ ဂရုမစိုက်သလိုဟန်ဆောင်လိုက်တယ်။
သူတို့တွေ့ဖို့ ချိန်းထားတဲ့ အခန်းထဲကိုဝင်လာခဲ့တော့ ၂နာရီလောက် စောင့်လိုက်ရတယ်။
သူမရဲ့ မျက်နှာက ယုံကြည်မှုပြည့်နေပြီး အသက်မပါသလို ပုံနဲ့
"ယွီကော သူတို့မလာဖူးလို့ရှင်ထင်လား"
ယွီလင်းက ဘာမှမပြောဘူး။
တကယ်တော့သူသိတယ်။ သူတို့က သေချာပေါက်လာမယ်ဆိုတာ
"စိတ်မပူနဲ့သူတို့ကသေချာပေါက်လာမှာ"
မို့ယွီရို့ဟာအကောင်းဆုံးသည်းခံဖို့ကြိုးစားလိုက်တယ်။
နောက်ဆုံးတော့ဟိုတယ်ဝန်ထမ်းကတံခါးကိုဖွင့်လါတယ်။
ထျန်းနင်နဲ့လုံကျဲကိုတွေ့လိုက်တော့အံ့သြသွားတယ်။
မို့ယွီရို့ရဲ့နှလုံးသားက သူမရဲ့ ရင်ဘတ်ထဲကနေ ခုန်ထွက်လာတော့ မလိုပဲ...သူမ မတ်တပ်ရပ်လိုက်ပြီး ထျန်းနငိကို လက်ညှိုး ထိုးလိုက်တယ် "တျန်းနင် နင်က အံ့သြစရာပဲ ငါနဲ့အမျိုးသား မဂ္ဂဇင့်းရှေ့မျက်နှာဖုံး အတွက်တောင်လာလုရတာလဲ"
တျန်းနင်က ငြိမ်နေတယ်...သူမကပုံမှန်ပဲ....ဒါပေမဲ့ လုံကျဲက မနေနိုင်ဖူး။
သူမ နောက်ကနေရယ်လိုက်တယ်
"ငါတို့ထျန်းနင်က မရှိတဲ့ မဂ္ဂဇင်း အတွက် နင်နဲ့ရန်ဖြစ်ဖို့လိုလို့လား"
"နင်ဘာပြောတာလဲ"
"ငါဆိုလိုတာက မဂ္ဂဇင်းရဲ့သူဋ္ဌေးက ထျန်းနင်ပဲ"
လုံကျဲကသနားတဲ့ပုံနဲ့ မို့ယွီရို့ကိုပြောလိုက်တယ်။
မို့ယွီရို့ယွီလင်းကိုလှည့်ကြည့်လိုက်တော့ယွီလင်းကသူမကိုဝမ်းနည်းစွာပြန်ကြည့်နေတယ်။
မို့ယွီရို့ကမယုံကြည်နိုင်ဖူး
"ငါ့ကိုသစ္စာဖောက်တာပေါ့"...
ယွီလင်းက ခေါင်းကိုခါရမ်းလိုက်ရင်း လှောင်လိုက်တယ်။.သူ့အသံက တည်ငြိမ်နေပြီး
"သစ္စာဖောက်တယ် ဆိုတဲ့စကားက သိပ်မကောင်းဖူး မင်းအတွက် ငါအရာအားလုံး လုပ်ပေးခဲ့တယ် ။ဒါပေမဲ့ မင်းက ငါ့သမီးအသက်ကို ကယ်မဲ့ ပိုကိဆံတွေကို ယူသွားခဲ့တယ်။ငါမင်းအပေါ် အကြွေး မတင်ခဲ့ဘူး"
မို့ယွီရို့က ယွီလင်းကို စိတ်တိုတိုနဲ့ ကြည့်လိုက်တယ်။
ဒီလူကသူမကိုဘယ်တော့မှမထားခဲ့ဖူးလို့ကတိပေးခဲ့တယ်။
သူမနှလုံးသားက အရမ်းဒေါသထွက်နေပြီး ပေါက်ကွဲထွက်တော့မတတိခံစားနေရတယ်။
"သမီးနေမကောင်းဖူးဆိုတာ တကယ်လား။ ကျွန်မမှ ာပိုက်ဆံနဲ့အာဏာတော့မရှိဘူး ရှင့်သမီးကို သုံးပြီးဆင်ခြေမ လုပ်ပါနဲ့"
တျန်းနင် လုံကျဲကိုကြည့်လိုက်တော့ လုံကျဲက သူမရဲ့ပိုက်ဆံအိတ်ထဲက ကဒ်တစ်ကဒ်ကို ချက်ချင်းထုတ်လိုက်ပြီး ယွီလင်းကိုပေးလိုက်တယ်။
"ဒီထဲမှာ ပိုက်ဆံအများကြီးတော့ မပါပေမဲ့ ရှင့်သမီးကိုတော့ ကယ်နိုင်မှာပါ"
ယွီလင်းရဲ့လက်တွေက တုန်ပြီး ကဒ်ကိုလက်ခံလိုက်တယ်။
ခေါင်းငုံ့လိုက်ပြီးပြောလိုက်တယ်
"ကျေးဇူးတင်ပါတယ်"
"နင်ရူးနေပြီလား ယွီလင်း ငါ့ကိုပိုက်ဆံကြောင့် ဘယ်လိုတောင်သစ္စာဖောက်ရဲတာလဲ.. နင့်သမီး နာကျင်မှုနဲ့သေပါစေလို့ ငါမျှော်လင့်တယ်"
မို့ယွီရို့က ဒီလိုကြောက်စရာကောင်းတဲ့ စကားပြောလိမ့်မယ်လို့ မျှော်လင့်မထားမိပေ။
သူလှောင်ရယ်လိုက်ပြီးရိုးရိုးသားသားပဲပြောလိုက်တယ်။
"ယွီရို့အမှန်က နင်ထျန်းနင်ကို ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး စောင့်ကြည့်နေလိုက်"
အဲလိုပြောပြီးတော့ ယွီလင်းက ဟိုတယ်အပြင်ဘက်ကို ထွက်သွားတော့သည်။
တျန်းနင်က တည်ငြိမ်နေတုန်းပဲ
အဲ့အချိန်မှာသူမက ဘာအရိပ်အယောင်မှမပေးပေ။
တဖက်မှာတော့ မို့ယွီရို့က စိတ်ရှုပ်နေပြီ။
တျန်းနင် သူမကိုတွေ့ရအောင် လုပ်တာက သူမမှာဆိုးရွားတဲ့ အကြံစည်ရှိလို့ပဲ..။
သူမပတ်ပတ်လည်ကြည့်လိုက်တော့လျှို့ဝှက်ကင်မရာနဲ့အသံဖမ်းစက်ကို တွေ့လိုက်တော့ ကြောက်လာတယ်။
"တျန်းနင်ငါ့ကိုဘာလုပ်ချင်တာလဲ"
မို့ယွီရို့သတိနဲ့ ပြောလိုက်တယ်။
ထျန်းနင်နဲ့လုံကျဲ၊သူမရှေ့မှာ ရှိနေတာအားလုံးက ထောင်ချောက်ဖြစ်နိုင်တယ်။
"မစိုးရိမ်ပါနဲ့.. မို့ယွီရို့မင်းလုပ်ခဲ့သလိုပဲ လုပ်လိုက်တာပါ...ငါ့အတွေးတွေကို နင်နဲ့ဝေမျှပြီး စကားပြောစရာရှိတယ်"
"ဘာအကြောင်းပြောမှာလဲ နင့်ဆီကနေဟန်ယွီဖန်ကို လုယူတဲ့ အကြောင်းလား... ထျန်းနင်အခုချိန်မှာ နင်ပိုပြီးတော့ အာဏာရှိရင်တောင် ငါနင့်ဆီက ဟန်ယွီဖန်ကို လုယူခဲ့တယ်ဆိုတဲ့ အကြောင်းကို နင်ပြောင်းပစ်လို့မရဖူး"
မို့ယွီရို့သူ့ကိုယ်သူ အားပေးရင်း တျန်းနင်ကိုပြောလိုက်တယ်။
သူမတိုက်ရမှာကိုကြောက်တာမဟုတ်ဖူး...
ထျန်းနင်ကသူမကိုတိုက်ခိုက်မှာကို ကြောက်နေတာ...
ထျန်းနင်က သူမရဲ့ ဒီလို မျှော်လင့်ချက်မရှိတဲ့ ဘဝကို မြင်ချင်နေတာပဲ....
"နင်နဲ့ ဟန်ယွီဖန် လက်မထပ်ခင်ညက ငါတို့ ဘယ်လောက် ကြင်နာပြီး ရင်နှီးခဲ့လဲဆိုတာ နင်သိလား နင်က သူ့နောက် အရှက်မရှိ လိုက်ခဲ့တာကြောင့် စိတ်ရှုပ်ရတယ်တဲ့"
မို့ယွီရိုဟာ ထျန်းနင် စိတ်တိုလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့
"တကယ်တော့ ငါမင်းကို ကျေးဇူးတင်တယ်"
တျန်းနင် ထိုင်လိုက်ပြီး မို့ယွီရို့ကို အပြုံးနဲ့ ကြည့်လိုက်တယ်။
"ဘာကြောင့်လဲဆိုတော့ မင်းဒဏ်ရာရအောင်လုပ်ပြီး ဟန်ယွီဖန်ကိုငါနဲ့လက်ထပ်ဖို့ တားဆီးလိုက်တာကြောင့် ငါနောက်ဆုံးမှာ တခြားတစ်ယောက်နဲ့ ယူလိုက်တယ်ဆိုတာ မင်း မသိသေးဖူး မလား"
***
Bạn đang đọc truyện trên: ZingTruyen.Xyz