Extra(4)
" သားသားက ညီမလေးလိုချင်တယ် ပါးပါး...."
" ဘာလို့လဲ သားရဲ့ ပါးကိုပြောပါအုံး...."
" သားတို့တန်းက Austin ရဲ့ ညီမလေးက ချစ်စရာလေးဆိုပြီး သားသားကို အမြဲပြောနေတာ ပါးပါး.....သားလည်း ညီမလေးလိုချင်တယ် နော်...."
" အယ်........."
" အဲလို ညီမလေးရယ်/ညီလေးရယ်လို့ သတ်မှတ်လို့မရဘူး သားရ၊ ဘာလေးပဲဖြစ်ဖြစ် ဒယ်ဒီတို့ ကြိုဆိုကြမယ်လေ နော်..."
" ဟုတ်...ဒယ်ဒီ "
" ဒယ်ဒီသားက အကိုကြီးဖြစ်တော့မယ်ဗျ.....ပြောပါ့အုံး ဘယ်လိုခံစားရလဲဆိုတာ ဒယ်ဒီသိခွင့်ရမလား...."
ကလေးတို့ ပါးပါးအတွက် စားစရာအချို့ကို ဗန်းလေးထဲယူလာပြီး စားပွဲပုလေးပေါ်ချကာ ကုတင်ပေါ်ဝယ် မေးလေးထောက်ပြီး ဖခင်ဖြစ်သူဆီ ညီမလေးလိုချင်ကြောင်း တောင်းဆိုနေသော ချစ်စရာကောင်းစစ်ဟန်သာကို ရဲရင့်တစ်ယောက် ပြောဆိုနေမိခြင်း။ ကောင်းစစ်ရဲ့ ဆံပင်အုပ်အုပ်လေးကို တယုတယ ပွတ်သပ်သာ ချော့မြူကြင်နာခြင်းတို့ကြောင့် ကလေးငယ်မျက်ဝန်းထဲ ပျော်မြူးရိပ်တို့ လွှမ်းနေခဲ့ရသည်။
" ပျော်တာပေါ့.....အရမ်းပျော်တာ...သားသားရယ်..အငယ်လေးရယ် အတူတူကစားကြမယ်...ဒယ်ဒီ က ဒီလောက်ကြီးတဲ့ အရုပ်တွေ ဝယ်ပေးရမယ်နော်....."
" ဟားးးးးးးးးးကောင်းစစ်အလိုကျဖြစ်စေရမယ်ဗျာ....အငယ်လေးကို သားက ညှာတာရမယ်နော်..."
" သားသား ရန်မဖြစ်ဘူး...သားသားက အများကြီးချစ်ပေးမှာ...."
" ဒယ်ဒီသားက လိမ္မာလိုက်တာကွာ....."
သားသားနဖူးလေးတစ်ချက်နမ်းတော့ ပေါင်ပေါ်တက်ထိုင်ကာဖခင်ဖြစ်သူရဲ့လည်ပင်းလေးကြား ခေါင်းလေးတိုးဝင်ပြီး အချွဲပိုနေသေးသည်။
ကြေးအိုးဆီချက်လေးစားချင်သည်ဟု ပြောဆိုလာသော အမောင်ဗိုက်ကလေးက တူလေးကိုကိုင်ကာ ငေးမောနေသည်မို့ ပြုံးလျှက်မေးဆတ်ပြမိသည်။
" စားရတာ ခံတွင်းမတွေ့ဘူးလား... ဘာစားချင်လဲ ကလေး..."
" ဟင်းအင်း....သားသားစားမလား မေးမလို့...တစ်ယောက်တည်းမကုန်ဘူး..."
" သားသား စားမလား တဲ့...."
" ဗိုက်မဆန့်တော့ဘူး ပါးပါး...သားသား ကြက်ကြော်စားထားတယ်...."
ကျောင်းကအပြန်ကြက်ကြော်စားချင်သည်ဟု မိန့်ဆိုခဲ့သည်မို့ ဖိုးဖိုးလေးက မီဖိုးဆောင်ထဲအား အမိန့်ပေးပုံရသည်လေ။ ပြင်ပအစားအစာကိုသားသားအားသိပ်မကြွေးဖြစ်ပေမယ့် သားငယ်စားချင်သော အရာမှန်သမျှဟန်သာအိမ်တော် စားဖိုးမှူးများအား ချက်စေသည်။ စားအုံးဆီနှင့်ပြင်ပအစားအစာသုံး အချိုမူန့်များကို သားငယ်အားမကြွေးဖြစ်ခဲ့ပါ။ သဘာဝသစ်ဥသစ်ဖု အရသာကိုမှ အော်ဂဲနစ်သစ်သီးဝလံများကို တကူးတကရှာဖွေ သန့်စင်ပြီးမှ ချက်ပြုတ်စေသည်။
" ကြက်ကြော် တွေ အများကြီးမစားရဘူးနော်..."
" တစ်ခါတရံပါ....."
" အွင်း ပါးပါး...."
" ကိုကိုခွံ့ကြွေးရမလား....ကလေး "
ဟင်းအင်းဆိုကာ ငြင်းဆန်သူလေး အဆင်ပြေစေရန်သားသာရနှင့်အိပ်ယာထက်ဝယ် အရုပ်ဆက်ဂိမ်းတစ်ခုကို သားငယ်အလိုကျ ကစားပေးနေပါသော ဒယ်ဒီရဲရင့်ဟန်သာ။
" ဖိုးသားလေး Chinese language class အချိန်နီးနေပြီ နော် "
အိပ်ခန်းတံခါးလေးကို သုံးကြိမ်ခေါက်ကာ သားငယ်သင်တန်းချိန်နီးနေသောကြောင့် အသိပေးလာပါသော အိမ်တော်ထိန်းကြီးရဲ့ အသံကြောင့် သားငယ်ကိုပွေ့ကာ ကုတင်ပေါ်ကနေချပေးမိသည်။
" ဖိုးဖိုးလေး ..." ဟုခေါ်ကာ အိပ်ခန်းတံခါးပြင်ပမှာရပ်နေပါသော အိမ်တော်ထိန်းကြီး လက်ကိုဆွဲကာအပါးစိတ်ကြိုက် ပြင်ဆင်ပေးထားသော သားငယ်စာသင်ခန်းဆီသို့။
" ဆရာ ရောက်ပြီလား ဖိုးဖိုးလေး.."
" လာနေပြီတဲ့..."
" ဩ...ဒါနဲ့...သားသားက အစ်ကိုကြီးဖြစ်တော့မှာတဲ့ ဖိုးလေး သိလား.....သားသားက များကြီးလိုချင်တာ..."
လက်လေးကိုဝိုင်းပြကာ ညီငယ်/ ညီမငယ်တွေကြား အတူဆော့ကစားပြေးလွှားချင်သော ကလေးငယ်ပီပီ အငယ်ကလေးပိုင်ဆိုင်ရမူအပေါ် ဝမ်းသာအာလဲပြောဆိုကာ ရွှင်မြူးနေတဲ့ကောင်းစစ်ဟန်သာကိုကြည့်ပြီး မီးဖိုဆောင်ထဲက ချက်ပြုတ်သူများအပါအဝင်အိမ်တော်သန့်ရှင်းရေးအထိ ခြံစောင့် ၊Driver များအထိပါ တကူးတက လိုက်ကြွားနေတဲ့အိမ်တော်ရဲ့မျိုးဆက်သစ် ကောင်းစစ်ဟန်သာရဲ့အပြုအမူတွေကြား ဝန်ထမ်းအားလုံး အပျော်ကူးစက်ရပြီမဟုတ်ပါလား။
ကောင်းစစ်တို့သားအဖရဲ့ လက်အောက်ဝန်ထမ်းများအပေါ် နွေးထွေးစွာ ဆက်ဆံပေးခြင်းတို့ကြောင့် ခြံစောင့်ကအစ အိမ်ထိမ်းတော်ကြီးအထိ များပြားလှသော အိမ်တော်ရှိဝန်ထမ်းအားလုံးစိတ်ကြည်နူးစွာ ကြိုးစားလုပ်ကိုင်ကြသည်။ နေ့ကြီးရက်ကြီးများတွင်လဲ ဟန်သာအိမ်တော်ရှိ ဝန်ထမ်းအားလုံး မဲဖောက်ပေးခြင်း မိသားစုကဲ့သို့ ပျော်ပါးစွာ စားသောက်ပွဲကျင်းပပေးခြင်းအပါအဝင် အလှည့်ကျ ခရီးပို့ပေးခြင်းပါ အိမ်တော်ရှိ ကောင်းစစ်ဖခင်မှ လုပ်ဆောင်ပေးသော မေတ္တာလက်ဆောင်များဖြစ်ကြသည်။ သခင်လေးကောင်းပြည့်ကို အခိုင်းအစေအားလုံးကချစ်ခင်ကြသလို သခင်လေးရဲ့အပေါင်းအသင်းတစ်စုကပါ ကလေးငယ်လေးသဖွယ်ဆက်ဆံပေးကြပြန်သေးသည်။
" ဖိုးလေး သိပြီးပါပြီဗျာ....သခင်ငယ်လေးပဲ ပြောပြပြီးတော့ ..."
" ဟုတ်လား..သားသားပြောပြီးပြီပေါ့.....ဟီးးးးးများကြီးပြောပြချင်သေးတာ..ဒီလို..."
လက်ချောင်းလေးတွေ ရေတွက်ချိုးပြပြီး သွားလေးစိအောင်ရယ်ပြကာ ချစ်စဖွယ်အမူအရာလေးဖြင့် အိမ်တော်သခင်ကြီး အထူး ပြင်ဆင်ပေးထားသော အလင်းရောင်အဝင်အထွက်ကောင်းသလို လေကောင်းလေသန့်ရသည်အပြင် ပန်းဥယျာဉ်ဆီမှ လွင့်ပျံလာသော ပန်းရနံ့တို့က စိတ်ကြည်နူးစရာအပြည့် အောက်ထပ်ရှိ အခန်းကျယ်တစ်ခုတွင်း ကောင်းစစ်ဟန်သာ စာသင်ခန်းအဖြစ် သီးသန့်ပြင်ဆင်ပေးထားခြင်းဖြစ်သည်။
ဖခင်ဗီဇတွေ့ရသော အရာရာကိုစူးစမ်းလိုစိတ်အပြည့်ဖြင့် တစ်ခါတရံတစ်စွတ်ထိုးနိုင်ချင်သလို ဉာဏ်ပညာထက်မြတ်မူအားကိုးလွန်းသည့်မို့ ကောင်းစစ်ရောက်ရှိနေသောအတန်းပညာအပြင် ကလေးလက်ခံနိုင်သည့် တွေးခေါ်စဉ်းစားမူနည်းပညာပေါင်းစပ်ပြီး နိုင်ငံခြားဘာသာစကားများကိုပါ အနည်းငယ်စတင်၍ သီးသန့်ဆရာများဖြင့် ဟန်သာအိမ်တော်တွင် သင်ကြားစေခဲ့သည်။ ကောင်းစစ်ဟန်သာ စိတ်ပါဝင်စားသော သချာ်ပညာရပ်အပြင် တီထွင်ကြံစစူးစမ်းတက်သည့်ကလေးမို့ သိပ္ပံပညာရပ်တို့ကို အလေးပေးသင်ကြားစေပြီး မြန်မာမူမြန်မဟန် မြန်မာအမွှေအနစ်များပါမကျန် ပထဝီအနေအထားအလိုက် သင်ကြားပေးခြင်း၊ ခေတ်အတက်ဆက်စိုးစံခဲ့သော မြတ်မာဘုရင်မင်းဆက်များအပါအဝင် နိုင်ငံတကာမှ ကြီးကျယ်မြင့်မြတ်ခဲ့ကြသော အုပ်ချုပ်သူလူတန်းစားကိုပါ သမိုင်းပညာရပ်ကို အငြိမ်းစားပါမောက္ခကြီးဖြင့် လေ့လာဆည်းပူးစေခဲ့သည်။
အသက်အားဖြင့် ၇နှစ်အရွယ် အရာရာ သင်ယူချင်စိတ်အပြည့်ဖြင့် စူးစမ်းတက်သည့်အရွယ်မို့ ဗုဒ္ဓဘာသာဝင်အဖြစ် လက်ခံထားရှိပြီး ဘာသာရေးအဆုံးအမများ၊ အိမ်တော်သခင်ကြီးကိုးကွယ်နေသော ဘုန်းတော်ကြီးများ အပါအဝင် သံဃာ်စာသင်တိုက်ကြီးများထိပါ မြေးအဖိုးနှစ်ယောက် တစ်လတကြိမ် ကုသိုလ်လုပ်ခဲ့ကြသည်မဟုတ်ပါလား။
" ဖိုးမြေးက ဆရာကိုစောင့်နေတာလား..."
အပြင်သွားရန်ပြင်ဆင်ပြီး အိမ်တော်အောက်ထပ် ဆီလှေကားမှဆင်းလာသော သခင်ကြီးကို မြင်တော့ အိမ်တော်ထိန်းကြီးက ခေါင်းငုံ့ကာအရိုအသေပြုပေးနေသည်။
အဖိုးဖြစ်သူအားမြင်မြင်ချင်း အဖိုးအနီးသွားကာ ဖက်လိုက်သည့် ကောင်းစစ်ဟန်သာရဲ့အပြုအမူအချို့က လူအိုကြီးအတွက်အမြဲကြည်နူးစရာ အသစ်သစ်တွေကိုသာ ဖန်တီပေးခြင်းဖြစ်သောကြောင့် သားသမက်ဗိုက်လေးထဲက ကျား/မမခွဲခြားရသေးသော ဗိုက်ပူလေးမှလွဲ တစ်ဦးတည်းသော ဟန်သာ၏ ဆက်ခံသူကောင်စစ်ဟန်သာကို ပြုံးလျှက်သား ထွေးပွေ့ထားသည်လေ။
မြေးအဖိုးနှစ်ယောက်၏ ကြည်နူးစရာမြင်ကွင်းတို့ကို ဟန်သာဟန်အိမ်တော်တွင် အမြဲတွေ့မြင်နေကြမို့ သန့်ရှင်းရေးဝန်ထမ်းကအစ ခေါင်းရမ်း၍ ပြုံးကာ အားကျစေသည်အထိ။
" ဖိုးဖိုး ပါးပါးဆီက အငယ်လေးရှိတယ်တဲ့....ဖိုးသိလား..."
" ဟုတ်သတဲ့လား....ဒီဖိုးလည်း ပြောစမ်းပါအုံးဗျာ..."
" အွန်းးးးသားသားပြောပြမယ် ဖိုး။ ပါးပါး ဗိုက်ထဲ အငယ်လေးက သေးသေးငယ်ငယ်လေးပဲရှိသေးတာတဲ့ဒီလောက်လေး..ဖိုးရဲ့ ...သေးသေးလေးနော်..."
လက်ကလေးဖြင့် သေးငယ်ပုံစံဖော်ပြရင်း ကလေးပီပီ ဘာရယ်မဟုတ်အားမလိုအားမရပြောနေရှာတဲ့ မြေးဖြစ်သူက်ို သဘောတကျရယ်ကာ ပွေ့ဖက်ထားမိသည်။
စကားတက်သော ဒီမြေးလေးက ငယ်စဉ်ကံဆိုးရှာလို့ အိမ်တော်သခင်ကြီး ချစ်မဝနိုင်ခဲ့။ သားဖြစ်သူရဲ့အမှားကြောင့် ဒီမြေးငယ်စဉ်ကလေးဘဝ၊ လမ်းလျှောက်တက်စကာလများမှာမပါဝင်နိုင်ခဲ့ပေမယ့် ယခုလိုအတူနေစဉ် အချိန်တော်တော်များကို ဒီမြေးဘေးတွင်သာ ကုန်ဆုံးစေသည်။
" အေးပေါ့...မြေးရဲ့..."
" ဖိုးက အငယ်လေးကိုရော ချစ်မှာလား ..."
" ချစ်မှာပေါ့ဗျာ..."
" သားရော...များကြီးချစ်မှာ....."
" ချစ်ရမှာပေါ့...."
" သား...သားသားက အစ်ကိုကြီးဖြစ်သွားပြီ ဖိုးဖိုး....ဟီးးး"
" ဟုတ်ပါ့ကွာ....အစ်ကိုကြီး ရာထူးတိုးသွားပြီပေါ့ ဟုတ်လား...ဟင် .."
မြေးကောင်းစစ်ကိုပေါင်ပေါ်တင်ကာ ပါးလေးကို အသာအယာထိတွေ့နေတဲ့ အိမ်တော်သခင်ကြီးကပြုံးလျှက်သား ရပ်စောင့်နေသော Driver ကိုခေါင်းညိတ်ပြခဲ့သည်။
" အွန်းးးအွင်းးးသာသားက အစ်ကိုကြီး ဖြစ်တော့မှာတဲ့ daddy ကပြောလိုက်တယ် အဟိ..."
" အစ်ကိုကြီးရာထူးတိုးတာနဲ့ တစ်အိမ်လုံးကို ပတ်ကြွားနေတယ်ပေါ့လေ...ဟုတ်လား...party ကျင်းပချင်သေးလား ဒီအဖိုးကြီးကို ပြောစေဗျာ.."
" အဲလိုကျင်းပရတာလား ဖိုး..."
" များသောအားဖြင့် ကျင်းပကြတာ ဖိုးမြေးသဘောကရော..."
" အဲလိုလုပ်ချင်တယ်...."
" ဖိုးမြေး စိတ်ဆန္ဒအတိုင်းပေါ့...ဖိုးက လုပ်ပေးမှာ "
" အွင်းးးးအဲလိုလုပ်မယ်ဖိုး...သားသားသူငယ်ချင်းတွေ ဖိတ်ပြီး ကြွားမယ်နော်...."
" ဟုတ်ပါပြီ ငကြွားလေးရယ်.....လာမည့် ကျောင်းပိတရက် ဖိုးစီစဉ်ပေးမယ် ဟုတ်ပြီလား...."
" ဟုတ်...ဖိုးကိုချစ်တယ်..."
" ဟားးးးဒီမြေးလဲ ဖိုးက ချစ်ပါ့ဗျာ..."
အိမ်တော်သခင်ကြီး လည်ပင်းကြား တိုးဝှေ့ ဖက်တွယ်ကာ ပျော်နေသော ကောင်းစစ်ဟန်သာ၏ ကျောပြင်လေးကို ခပ်ဖွဖွ ပွတ်သပ်ပေးသည့် အပါးကြောင့် လှေကားမှဆင်းလာသော ရဲရင့်ဟန်သာတစ်ယောက်ပြုံးလျှက်သားကြည့်နေမိသည်။
" သားက အပါးဆီ ကပ်ချွဲနေတာလား "
" ဟုတ်ပါ့ဗျာ...ကပ်ကြွားနေတာ....သူ့ရာထူးတိုးကြောင်း...."
" ဟုတ်လား သား..."
" အွင်းးးး daddy ဘယ်လဲ..."
" အလုပ်ခဏ သွားရမယ်သား...ဘာမှာမလဲ..."
" ဟင်းအင်း....မြန်မြန်ပြန်လာနော် daddy..."
" ဟုတ်ကဲ့ဗျာ....daddy သား အမိန့်အတိုင်း ဖြစ်စေရမယ် ..."
" သခင်ငယ်လေး...."
သင်ကြားသူ ဆရာရောက်နေပြီဖြစ်သောကြောင့် သခင်ကြီးလက်ပေါ်ရှိ သခင်ငယ်လေးအား စကားခေါ်နေမိသည်။
" ဆရာရောက်နေပြီ သား...လိမ်မာတယ်နော်..."
" တာတာ့ daddy ....love you , daddy ...."
လက်ကလေးပြကာ flykiss ပေးနေသည့် သားဖြစ်သူကောင်းစစ်ကြောင့် ရဲရင့်ဟန်သာရင်ထဲ ပန်းပေါင်းစုံဖူးပွင့်သကဲသို့ ကြည်နူးစရာကောင်းလွန်းသည်မဟုတ်ပါ့လား။
" အပါး အပြင်သွားမလို့လား...."
အပြင်သွားမည့် ဝတ်စားဆင်ယင်နှင့် အပါးအနီးရှိသက်တော်စောင့်ကိုဌေးကြောင့် ရဲရင့်မေးလိုက်မိသည်။
" ကံ့ကော်မြိုင်စာသင်တိုက် ဆရာတော်ကြီးက ခေါ်နေလို့ သားရေ..."
" အော်..ဟုတ်ကဲ့ပါအပါး...ဂရုစိုက်သွားနော်အပါး..."
" သားလည်း အလုပ်သွားမှာလား...နောက်မကျစေနဲ့ ကောင်းပြည့်လေးကကိုယ်ဝန်နု သေးတော့အားငယ်လွယ်တယ် ဒီအချိန်က စိတ်ဓါတ်အတက်အကျအရမ်းမြန်တဲ့အချိန်မို့ တချို့အလုပ်တွေကို တာဝန်ခံနဲ့လွဲထားပေးပါ သားရဲရင့်....သားငယ်နဲ့ပတ်သတ်လို့ အပါးတို့ကပိုဂရုစိုက်ကြင်နာပေးရမယ်လေ...ဒါတွေက တာဝန်မဟုတ်ပဲ မြတ်နိုးကြင်နာစိတ်အပြည့်နဲ့ ကိုယ့်ခင်ပွန်းအပေါမှာ သားလုပ်ကိုင်ပေးရမယ့်အရာတွေပဲသား ...."
" ဟုတ်ကဲ့ပါအပါး...ခုက ခဏပါ ...project manager က မဖြစ်မနေတောင်းဆိုနေတာ ကလေးငယ်သိသွားလို့ သူအတင်းလွတ်လို့ပါအပါး..."
" အေး...အေး...တချို့ စိတ်ပင်ပမ်းစရာ လုပ်ငန်းကိစ္စတွေကို သားငယ်လေးမသိစေချင်ဘူး...ဖေဖေတို့စီးပွါးရေးသမားနွေနဲ့ ရူပ်ထွေးတဲ့ဒီလောကအကြောင်း သားသိပြီးသားပဲလေ....သားငယ်လေးလိုဖြူစင်သူတွေအတွက်အန္တရာယ်များသလို စိတ်ပင်ပမ်းစေတယ် ဖေဖေပြောတာ သားနားလည်မှာပါ..."
" ဟုတ်ကဲ့..သားသတိထားပြီး လုပ်ကိုင်ပါ့မယ် အပါး..."
" အေးပါ....သိပ်မကြာစေနဲ့ ...မြေးငယ်ပိတ်ရက်မို့ သူ့daddy နဲ့ဆော့ကစားချင်မှာပဲ...."
" ဟုတ် ..စိတ်ချပါအပါး.."
နံနက်ပိုင်း မိဘစုံညီအစည်းအဝေးရှိသည်မို့ နေ့တပိုင်းကျောင်းပြန်လာရသည့် သားငယ်ကြောင့် အပါးစိတ်မချ၍ မှာကြားနေမိခြင်းအပေါ် ရဲရင့်ဟန်သာတစ်ယောက် အပြုံးပဲမနေနိုင်ခဲ့ပါ။ အပါးက သားအပေါ်အရမ်းသံယောဇဉ်ကြီးမားသလို သားဘာလိုအပ်လဲ၊ ဘယ်အရာကိုစိတ်ပါဝင်စားလဲ ဆိုတာအစ ကိုယ်တိုင်ရှာဖွေသလို သားအတွက်လိုအပ်မည့် သင်ကြားရေးဆရာတွေ အိမ်တော်ထိန်းနှင့်တိုင်ပင်ကာ ကိုယ်တ်ုင်ကြီးကြပ်ခဲ့သည့် အဖိုးတစ်ဦးပါ။
ယခုလိုသားငယ် ကျောင်းပိတ်ရက်တွေဆို မိသားစုစုံလင်စွာ ညစာစားချင်သည်ဟု တစ်ချိန်တခါပြောရုံဖြင့် များသောအားဖြင့် ညနေစာကို အိမ်တော်မှာသာ ဖွယ်ဖွယ်ရာရာ စားသောက်ခဲ့ကြသည်။ အပါးက အသက်အရွယ်တခုရောက်ပြီဆိုလျှင် သားသမီးမြေးတွေနှင့်အတူ အတူနေထိုင်စားသောက်ချင်တို့ပါဝင်ခြင်းများကြောင့် ကလေးငယ်ကိုယ်တိုင်အလုပ်နားကာ အိမ်တော်မှာသာ နေထိုင်ခဲ့ခြင်းဖြစ်၏။
သူငယ်ချင်းတွေအလုပ်ကိုယ်ဆီနဲ့မဆုံဖြစ်ကြပေမယ့် သားကောင်းစစ်ရဲ့ welcome baby ကျင်းပမည့် family party အတွက် ဟိုကောင်တွေနဲ့တွေ့ဆုံကာ စီစဉ်ပေးရမည်မဟုတ်ပါလား။
ထူးခြားစွာ မွေးဖွားပေးလာမည့် သားသမီးရတနာအတွက် daddy ရဲရင့်ဟန်သာတစ်ယောက် အတော်စိတ်လူပ်ရှားနေခဲ့ခြင်း။
သားကြီးအပေါ် ပျက်ကွက်ခဲ့ရသော ဖခင်စောင့်ရှောက်မူတွေကြောင့် ယခုချိန်ထိ သားသားကိုဖက်တွယ်ကာ တောင်းပန်စကားဆိုနေမိသည်။ လေးနှစ်ကျော်မျှကင်းကွာခဲ့ရသော သားသားရဲ့ ငယ်ဘဝမှတ်တမ်းတွေထဲ ကိုယ်တိုင်ပါဝင်ခြင်းမရှိခဲ့သည့်အတွက် ယခုထက်တိုင်နောင်တကြီးစိုးပြီး သားအပေါ်အမြဲအားနာနေခဲ့ရသည်။
" ဒါဆို မြန်မြန်ပြန်လာဖို့ လုပ်တော့ "
" ကျုပ်တို့လင်မယား ပြန်လာဖို့ စီစဉ်တော့မယ် "ဆိုတဲ့ မမဧကရီရဲ့ ဖုန်းစကားတို့ကိုလက်ခံရရှိပြီး မဆိုသလောက်ပူချင်နေသော ဗိုက်သားလေးအား ခပ်ဖွဖွပွတ်သပ်ရင်း ပြုံးပျော်နေမိသည်။
ဘဝမှာ မမျှော်ထားတဲ့ ဘေးသူစိမ်းဆီက ရခဲ့ဘူးသော မိခင်မေတ္တာဓါတ်လို မမဧကရီဆီက အမကြီးအမိရာ ချစ်ခြင်းများစွာ ပိုင်ဆိုင်ခွင့်ရသည်မို့ သွေးချင်းမောင်နှမတွေလို အမြဲချစ်ခင်မပြတ် တယုတယ ချစ်မြတ်နိုးလျှက်ရှိသည်။ အန်ကယ်ဦးကျော်သက်က သမီးဖြစ်သူမမဧကရီနောက်အလည်လိုက်ပါသွားသောကြောင့် မြေးကြီးဖြစ်တော့မည် ကောင်းစစ်ဟန်သာဆီပြန်ချင်နေရှာပြီဆိုတဲ့မမဧကရီရဲ့ စကားသံအဆုံး အငယ်လေးတည်ရှိမူအပေါ် အန်ကယ်ကျော်သက် ဘယ်လောက် ပျော်နေရှာမလဲ ဆိုတာ တုန်ခါနေသော ဖုန်းပြောသံတို့ ကြားသိလျှင်သိနိုင်မည် မဟုတ်ပါ့လား။
ကိုယ်တိုင်မွေးရန် မအားသေးဘူးဟု အမြဲပြောဆိုတက်သော မမဧကရီက အငယ်လေးအား သမီးလေးဖြစ်ရင် ပေးပါဟု ခုကတည်းက တောင်းဆိုနေသော အစ်ကိုမင်းမြတ်ဟန်သာကအစ အဂ်လန်ရောက် ဆရာဝန်ကြီးစုံတွဲအပါအဝင် အားလုံးက မမွေးရသေးသော အငယ်လေးက များစွာမျှော်လင့်နေသောကြောင့် အမျိုးအမည်မသိ ကြည်နူးရိပ်တို့ ဝန်းကျင်အနှံ့ ပြည်လျှံနေခဲ့သည်။
နောက်များမကြာမီ လအနည်းငယ်အတွင်း အမိမြေကို vacation ပြန်လာမည့် အဂ်လန်သားဆရာဝန်ကြီးတို့အပါအဝင် မမဧကရီတို့ကလည်း ရှေ့ဆင့်နောက်ပါ ပြန်လည်ရောက်ကြမည် ဆိုသောကြောင့် အိမ်တော်ရှိ အခန်းအားလုံးကို အမြဲမပြတ်သန့်ရှင်းစေပြီး ခန်းစည်းလိုက်ကာကအစ ပစ္စည်းအားလုံးကို သေသပ်သန့်ရှင်းစေသည်။
" အခန်းတွေအားလုံးသန့်ရှင်းပြီပြီအစ်ကိုလေး...."
" ဟုတ်လား အန်တီ...သားကြည့်လိုက်အုံးမယ်ဗျ...."
" ဟုတ်ကဲ့ပါ အစ်ကိုလေး..."
မပေါ်သေးသော ဝမ်းဗိုက်လေးအား ခင်ပွန်းဖြစ်သူရဲရင့်ဟန်သာရဲ့ Shirt လက်ရှည်ကြီး ဝတ်ထားသောကြောင့် သေးငယ်သော ခန္ဓာကိုယ်လေးက လက်ဖျားလေးပင်မနည်းဖော်နိုင်ရှာ၏။ ဘောင်းဘီပွပွကိုပါ ဝတ်ဆင်ထားသော အစ်ကိုလေးရဲ့ဝတ်စားဆင်ယင်မူက မညီညာမလိုက်ဖက်ပေမယ့် ခပ်ပွပွချောင်ချောင်ဝတ်စုံကြီးထဲက အစ်ကိုလေးအား မြင်ရသည်မှာ တမျိုးအမြင်ဆန်းစေသည်မဟုတ်ပါ့လား။
အိမ်တော်ထိန်းက သားငယ်ကိုကြီးကြပ်စောင့်ကြည့်ရသလို အိမ်ဖော်ခေါ်ဆောင်အန်တီက အစ်ကိုလေးကိုယ်ဝန်နုချိန် မည်သည့်ထိခိုက်ဒဏ်ရာမဖြစ်စေရဟု အမိန့်ပေးတောင်းဆိုလာသော အိမ်တော်သခင်ရဲရင့်ဟန်သာရဲ့စေခိုင်းမူအရ အစ်ကိုလေးအနားအမြဲစောင့်ကြပ်ပေးနေရသည်။
" အပေါ်ထပ်တစ်ခုလုံးလား ...အန်တီ..."
" အစ်ကိုလေးတို့ ဒုတိယထပ်ကပိုနေတဲ့ ဧည့်ခန်းတွေပါ ရှင်းလင်းထားပါ အစ်ကိုလေး..."
" အန်တီတို့ပင်ပမ်းသွားပြီ...."
" ကျွန်မတို့တာဝန်မို့ မပြောပလောက်ပါဘူး အစ်ကိုလေး...ခန်းစည်းလိုက်ကာကအစ ၊ အိပ်ယာဖုံးအဆုံး အစ်ကိုလေးအဆင်ပြေရဲ့လား..."
ယခင်မမတို့နေထိုင်ခဲ့သော အခန်းများအပါအဝင် အန်ကယ်ကျော်သက်အတွက်ရည်ရွယ်ထားသော အခန်းအားလုံးအား လိုက်လံကြည့်ရူပြီး မမဧကရီအကြိုက် ခရမ်းရောင်အပါအဝင်အန်ကယ်ကျော်သက်အတွက် ခန်းစည်းလိုက်ကာ အတွက်အဖြူရောင်တို့ကို ပြောင်းလဲကာ လှပခတ်မှီသော နားနေခန်းလေးအား တည်းခိုသူစိတ်တိုင်းကြ မိမိအတွေးများပေါင်းစပ်ကာ interior designer အဖြစ်ပြောင်းလဲကာ စိတ်ကြိုက်ပြင်ဆင်ထားသည်။
" ဒီနားလေးမှာ စားပွဲတစ်လုံးထားပေး အန်တီ ၊ မမက မနက်ခင်းဆို အလင်းရောင်ခံယူရင်း ပန်းရနံ့မွှေးကြိုင်တာမျိုး သဘောကျတက်လို့ ....နောက်ပြီး ဒီနားလေးမှာ စာအုပ်စင်လေးတစ်ခုပေါ့ မကြီး/မငယ် တစ်ခုစီစဉ်ထားပေး ...အစ်ကိုမင်းမြတ်က ညအိပ်ခါနီး စာဖတ်ရတာ ကြိုက်တယ်တဲ့လေ.."
" ဟုတ်ကဲ့ပါအစ်ကိုလေး..."
မှတ်စုစာအုပ်လေးဖြင့် မှာကြားသည်တို့ကို လိုက်မှတ်နေသော အန်တီကို ထားခဲ့ပြီး အောက်ထပ်ဆီကသားငယ်စာသင်ရာဆီသို့ တရွေ့ရွေ့။
" အစ်ကိုလေး...."
" သား စာသင်နေတာလား ဖိုးလေး..."
" ဟုတ်ကဲ့ အစ်ကိုလေး ဘာလုပ်ပေးရမလဲ...."
" မရှိပါဘူး ဖိုးလေး...သားစာသင်ပြီးရင် အပေါ်ထပ်ပို့ပေးပါအုံးနော်.."
" ဟုတ်ကဲ့ပါအစ်ကိုလေး "
ဖိုးလေးကိုနူတ်ဆက်ပြီး ခင်ပွန်းသည်အမှာစကားအရ အပေါ်ထပ်မှာသာ နားနေခန်းအဖြစ်များစွာပြုပြင်ပြောင်းပေးထားသည်မို့ ဝရံတာဘက်တွင်မူ စ်ိတ်ကျေနပ်စရာ indoor plants များကို စနစ်တကျစိုက်ပျိုးပေးထားသေးသည်။ ဝရံတာဘက်တွင်မူ ရောင်စုံမျိုးကွဲ ပန်းအလှများဖြင့် ရနံ့ကြိုင်လိူင်စွာ အမောင်ဗိုက်ကလေးအား စိတ်ကျေနပ်စေသည်။
" လန်းဆန်းလိုက်တာ..."
နံနက်ရောင်ခြည်ကိုခံယူပြီး အစွမ်းကုန်ပွင့်လန်းနေသော အဝါရောင်နှင်းဆီပွင့်လေးတစ်ပွင့်က်ို ဖြတ်ယူလာပြီး အန်တီပေးလာသည့် အလှပန်းအိုးထဲဝယ် လှပစွာ နေရာယူထားသောကြောင့် အိပ်ခန်းလေးဝယ် မွှေးရနံ့လွင့်ပျံ့နေခဲ့သည်။
တီ ~~ တီ ခေါ်နေသော VC call မှတဆင့် မမဧကရီအလုပ်နားချိန်မို့ သားငယ်နှင့်စကားပြောရန် ချိန်းဆိုနေမူများ သားငယ်ဆီကတဆင့်ကြားသိရသည်မို့ အလိုလိုပြုံးနေမိသည်။
Screen ကို လက်ဖြင့်ထိခြင်းဖြင့် မြင်လိုက်ရသော duty coat အဖြူရောင်ဝတ်ထားပြီး ကျက်သရေရှိလှသည့် မမဧကရီရဲ့ တင့်တယ်လှပသော မျက်နှာလေးပေါ်လာသည်မို့ ဘာရယ်မဟုတ်အပြုံးတို့မပြတ်ပေါ်လွင်နေခဲ့သည်။
" မမသားက စာသင်နေတယ် ခဏနေမှ ပြီးမယ်ထင်တယ် "
(............) မောင်ငယ်လေးမျက်နှာ ပိုဝန်းလှလာသည်ဟု အရွှန်းစကားတို့ဖောက်ကာ မောင်နှမနှစ်ယောက် ဘာမှန်းမသိသေးသော အငယ်လေးရဲ့ ကိုယ်ဝန်ဆိပ်ကြောင့် ပြောင်းလဲလှသောအသားအရည်ကောင်းခြင်းတို့အကြောင်း ပြောဆိုနေမိသည်။
" သမီးငယ် အမည်ကို မမတို့ပေးမှာနော် " ဟုသော ကတိစကားတို့တောင်းသည့်မမဧကရီကြောင့် ခင်ပွန်းသည်ကိုမတိုင်ပဲ ခေါင်းညိတ်ပြနေမိသည်။
" မမရဲ့ သမီးငယ်ကို အိမ့်မှူးဟန်သာ လို့ ခေါ်တွင်စေမယ်..."
" အိမ့်မှူးဟန်သာ......ပါးပါးရဲ့ သမီးငယ်လေး အိမ့်မှူးဟန်သာ...! ................
....သားကြီးကောင်းစစ်ဟန်သာရဲ့ ညီမငယ်လေး အိမ့်မှူးဟန်သာ....
....ချစ်စရာ ဟန်သာမျိုးဆက်လေး....Daddy ရဲရင့်ဟန်သာ ရဲ့ သမီးငယ် အိမ့်မှူးဟန်သာ..! .! "
#" ချစ်ခြင်းတို့အလွန်" ရဲ့နောက်ဆုံး extra လေးပါနော်.................
" တေးသစ္စာဖွဲ့ ချစ်ခြင်းမေတ္တာ " ဇာတ်သိမ်းတော့မှာမို့ အားလုံးကို အသိပေးရင်း ဒီ extra အပိုင်းလေးဖြင့် နူတ်ဆက်ခဲ့ပါတယ်....ကျေးဇူးတင်ပါတယ်ရှင့် ။ နောက်လာမည့် ဇာတ်လမ်းသစ်လေးကလည်း စာဖတ်သူတို့ကို စိတ်အပမ်းပြေစေမှာမို့ စောင့်မျှော်အားပေးကြပါအုံးနော်..။
Zawgyi
" သားသားက ညီမေလးလိုခ်င္တယ္ ပါးပါး...."
" ဘာလို႔လဲ သားရဲ႕ ပါးကိုေျပာပါအုံး...."
" သားတို႔တန္းက Austin ရဲ႕ ညီမေလးက ခ်စ္စရာေလးဆိုၿပီး သားသားကို အၿမဲေျပာေနတာ ပါးပါး.....သားလည္း ညီမေလးလိုခ်င္တယ္ ေနာ္...."
" အယ္........."
" အဲလို ညီမေလးရယ္/ညီေလးရယ္လို႔ သတ္မွတ္လို႔မရဘူး သားရ၊ ဘာေလးပဲျဖစ္ျဖစ္ ဒယ္ဒီတို႔ ႀကိဳဆိုၾကမယ္ေလ ေနာ္..."
" ဟုတ္...ဒယ္ဒီ "
" ဒယ္ဒီသားက အကိုႀကီးျဖစ္ေတာ့မယ္ဗ်.....ေျပာပါ့အုံး ဘယ္လိုခံစားရလဲဆိုတာ ဒယ္ဒီသိခြင့္ရမလား...."
ကေလးတို႔ ပါးပါးအတြက္ စားစရာအခ်ိဳ႕ကို ဗန္းေလးထဲယူလာၿပီး စားပြဲပုေလးေပၚခ်ကာ ကုတင္ေပၚဝယ္ ေမးေလးေထာက္ၿပီး ဖခင္ျဖစ္သူဆီ ညီမေလးလိုခ်င္ေၾကာင္း ေတာင္းဆိုေနေသာ ခ်စ္စရာေကာင္းစစ္ဟန္သာကို ရဲရင့္တစ္ေယာက္ ေျပာဆိုေနမိျခင္း။ ေကာင္းစစ္ရဲ႕ ဆံပင္အုပ္အုပ္ေလးကို တယုတယ ပြတ္သပ္သာ ေခ်ာ့ျမဴၾကင္နာျခင္းတို႔ေၾကာင့္ ကေလးငယ္မ်က္ဝန္းထဲ ေပ်ာ္ျမဴးရိပ္တို႔ လႊမ္းေနခဲ့ရသည္။
" ေပ်ာ္တာေပါ့.....အရမ္းေပ်ာ္တာ...သားသားရယ္..အငယ္ေလးရယ္ အတူတူကစားၾကမယ္...ဒယ္ဒီ က ဒီေလာက္ႀကီးတဲ့ အ႐ုပ္ေတြ ဝယ္ေပးရမယ္ေနာ္....."
" ဟားးးးးးးးးးေကာင္းစစ္အလိုက်ျဖစ္ေစရမယ္ဗ်ာ....အငယ္ေလးကို သားက ညွာတာရမယ္ေနာ္..."
" သားသား ရန္မျဖစ္ဘူး...သားသားက အမ်ားႀကီးခ်စ္ေပးမွာ...."
" ဒယ္ဒီသားက လိမၼာလိုက္တာကြာ....."
သားသားနဖူးေလးတစ္ခ်က္နမ္းေတာ့ ေပါင္ေပၚတက္ထိုင္ကာဖခင္ျဖစ္သူရဲ႕လည္ပင္းေလးၾကား ေခါင္းေလးတိုးဝင္ၿပီး အခြၽဲပိုေနေသးသည္။
ေၾကးအိုးဆီခ်က္ေလးစားခ်င္သည္ဟု ေျပာဆိုလာေသာ အေမာင္ဗိုက္ကေလးက တူေလးကိုကိုင္ကာ ေငးေမာေနသည္မို႔ ၿပဳံးလွ်က္ေမးဆတ္ျပမိသည္။
" စားရတာ ခံတြင္းမေတြ႕ဘူးလား... ဘာစားခ်င္လဲ ကေလး..."
" ဟင္းအင္း....သားသားစားမလား ေမးမလို႔...တစ္ေယာက္တည္းမကုန္ဘူး..."
" သားသား စားမလား တဲ့...."
" ဗိုက္မဆန့္ေတာ့ဘူး ပါးပါး...သားသား ၾကက္ေၾကာ္စားထားတယ္...."
ေက်ာင္းကအျပန္ၾကက္ေၾကာ္စားခ်င္သည္ဟု မိန့္ဆိုခဲ့သည္မို႔ ဖိုးဖိုးေလးက မီဖိုးေဆာင္ထဲအား အမိန့္ေပးပုံရသည္ေလ။ ျပင္ပအစားအစာကိုသားသားအားသိပ္မေႂကြးျဖစ္ေပမယ့္ သားငယ္စားခ်င္ေသာ အရာမွန္သမွ်ဟန္သာအိမ္ေတာ္ စားဖိုးမႉးမ်ားအား ခ်က္ေစသည္။ စားအုံးဆီႏွင့္ျပင္ပအစားအစာသုံး အခ်ိဳမူန့္မ်ားကို သားငယ္အားမေႂကြးျဖစ္ခဲ့ပါ။ သဘာဝသစ္ဥသစ္ဖု အရသာကိုမွ ေအာ္ဂဲနစ္သစ္သီးဝလံမ်ားကို တကူးတကရွာေဖြ သန့္စင္ၿပီးမွ ခ်က္ျပဳတ္ေစသည္။
" ၾကက္ေၾကာ္ ေတြ အမ်ားႀကီးမစားရဘူးေနာ္..."
" တစ္ခါတရံပါ....."
" အြင္း ပါးပါး...."
" ကိုကိုခြံ႕ေႂကြးရမလား....ကေလး "
ဟင္းအင္းဆိုကာ ျငင္းဆန္သူေလး အဆင္ေျပေစရန္သားသာရႏွင့္အိပ္ယာထက္ဝယ္ အ႐ုပ္ဆက္ဂိမ္းတစ္ခုကို သားငယ္အလိုက် ကစားေပးေနပါေသာ ဒယ္ဒီရဲရင့္ဟန္သာ။
" ဖိုးသားေလး Chinese language class အခ်ိန္နီးေနၿပီ ေနာ္ "
အိပ္ခန္းတံခါးေလးကို သုံးႀကိမ္ေခါက္ကာ သားငယ္သင္တန္းခ်ိန္နီးေနေသာေၾကာင့္ အသိေပးလာပါေသာ အိမ္ေတာ္ထိန္းႀကီးရဲ႕ အသံေၾကာင့္ သားငယ္ကိုေပြ႕ကာ ကုတင္ေပၚကေနခ်ေပးမိသည္။
" ဖိုးဖိုးေလး ..." ဟုေခၚကာ အိပ္ခန္းတံခါးျပင္ပမွာရပ္ေနပါေသာ အိမ္ေတာ္ထိန္းႀကီး လက္ကိုဆြဲကာအပါးစိတ္ႀကိဳက္ ျပင္ဆင္ေပးထားေသာ သားငယ္စာသင္ခန္းဆီသို႔။
" ဆရာ ေရာက္ၿပီလား ဖိုးဖိုးေလး.."
" လာေနၿပီတဲ့..."
" ဩ...ဒါနဲ႕...သားသားက အစ္ကိုႀကီးျဖစ္ေတာ့မွာတဲ့ ဖိုးေလး သိလား.....သားသားက မ်ားႀကီးလိုခ်င္တာ..."
လက္ေလးကိုဝိုင္းျပကာ ညီငယ္/ ညီမငယ္ေတြၾကား အတူေဆာ့ကစားေျပးလႊားခ်င္ေသာ ကေလးငယ္ပီပီ အငယ္ကေလးပိုင္ဆိုင္ရမူအေပၚ ဝမ္းသာအာလဲေျပာဆိုကာ ႐ႊင္ျမဴးေနတဲ့ေကာင္းစစ္ဟန္သာကိုၾကည့္ၿပီး မီးဖိုေဆာင္ထဲက ခ်က္ျပဳတ္သူမ်ားအပါအဝင္အိမ္ေတာ္သန့္ရွင္းေရးအထိ ၿခံေစာင့္ ၊Driver မ်ားအထိပါ တကူးတက လိုက္ႂကြားေနတဲ့အိမ္ေတာ္ရဲ႕မ်ိဳးဆက္သစ္ ေကာင္းစစ္ဟန္သာရဲ႕အျပဳအမူေတြၾကား ဝန္ထမ္းအားလုံး အေပ်ာ္ကူးစက္ရၿပီမဟုတ္ပါလား။
ေကာင္းစစ္တို႔သားအဖရဲ႕ လက္ေအာက္ဝန္ထမ္းမ်ားအေပၚ ႏြေးေထြးစြာ ဆက္ဆံေပးျခင္းတို႔ေၾကာင့္ ၿခံေစာင့္ကအစ အိမ္ထိမ္းေတာ္ႀကီးအထိ မ်ားျပားလွေသာ အိမ္ေတာ္ရွိဝန္ထမ္းအားလုံးစိတ္ၾကည္ႏူးစြာ ႀကိဳးစားလုပ္ကိုင္ၾကသည္။ ေန႕ႀကီးရက္ႀကီးမ်ားတြင္လဲ ဟန္သာအိမ္ေတာ္ရွိ ဝန္ထမ္းအားလုံး မဲေဖာက္ေပးျခင္း မိသားစုကဲ့သို႔ ေပ်ာ္ပါးစြာ စားေသာက္ပြဲက်င္းပေပးျခင္းအပါအဝင္ အလွည့္က် ခရီးပို႔ေပးျခင္းပါ အိမ္ေတာ္ရွိ ေကာင္းစစ္ဖခင္မွ လုပ္ေဆာင္ေပးေသာ ေမတၱာလက္ေဆာင္မ်ားျဖစ္ၾကသည္။ သခင္ေလးေကာင္းျပည့္ကို အခိုင္းအေစအားလုံးကခ်စ္ခင္ၾကသလို သခင္ေလးရဲ႕အေပါင္းအသင္းတစ္စုကပါ ကေလးငယ္ေလးသဖြယ္ဆက္ဆံေပးၾကျပန္ေသးသည္။
" ဖိုးေလး သိၿပီးပါၿပီဗ်ာ....သခင္ငယ္ေလးပဲ ေျပာျပၿပီးေတာ့ ..."
" ဟုတ္လား..သားသားေျပာၿပီးၿပီေပါ့.....ဟီးးးးးမ်ားႀကီးေျပာျပခ်င္ေသးတာ..ဒီလို..."
လက္ေခ်ာင္းေလးေတြ ေရတြက္ခ်ိဳးျပၿပီး သြားေလးစိေအာင္ရယ္ျပကာ ခ်စ္စဖြယ္အမူအရာေလးျဖင့္ အိမ္ေတာ္သခင္ႀကီး အထူး ျပင္ဆင္ေပးထားေသာ အလင္းေရာင္အဝင္အထြက္ေကာင္းသလို ေလေကာင္းေလသန့္ရသည္အျပင္ ပန္းဥယ်ာဥ္ဆီမွ လြင့္ပ်ံလာေသာ ပန္းရနံ႕တို႔က စိတ္ၾကည္ႏူးစရာအျပည့္ ေအာက္ထပ္ရွိ အခန္းက်ယ္တစ္ခုတြင္း ေကာင္းစစ္ဟန္သာ စာသင္ခန္းအျဖစ္ သီးသန့္ျပင္ဆင္ေပးထားျခင္းျဖစ္သည္။
ဖခင္ဗီဇေတြ႕ရေသာ အရာရာကိုစူးစမ္းလိုစိတ္အျပည့္ျဖင့္ တစ္ခါတရံတစ္စြတ္ထိုးနိုင္ခ်င္သလို ဉာဏ္ပညာထက္ျမတ္မူအားကိုးလြန္းသည့္မို႔ ေကာင္းစစ္ေရာက္ရွိေနေသာအတန္းပညာအျပင္ ကေလးလက္ခံနိုင္သည့္ ေတြးေခၚစဥ္းစားမူနည္းပညာေပါင္းစပ္ၿပီး နိုင္ငံျခားဘာသာစကားမ်ားကိုပါ အနည္းငယ္စတင္၍ သီးသန့္ဆရာမ်ားျဖင့္ ဟန္သာအိမ္ေတာ္တြင္ သင္ၾကားေစခဲ့သည္။ ေကာင္းစစ္ဟန္သာ စိတ္ပါဝင္စားေသာ သခ်ာ္ပညာရပ္အျပင္ တီထြင္ႀကံစစူးစမ္းတက္သည့္ကေလးမို႔ သိပၸံပညာရပ္တို႔ကို အေလးေပးသင္ၾကားေစၿပီး ျမန္မာမူျမန္မဟန္ ျမန္မာအေမႊအနစ္မ်ားပါမက်န္ ပထဝီအေနအထားအလိုက္ သင္ၾကားေပးျခင္း၊ ေခတ္အတက္ဆက္စိုးစံခဲ့ေသာ ျမတ္မာဘုရင္မင္းဆက္မ်ားအပါအဝင္ နိုင္ငံတကာမွ ႀကီးက်ယ္ျမင့္ျမတ္ခဲ့ၾကေသာ အုပ္ခ်ဳပ္သူလူတန္းစားကိုပါ သမိုင္းပညာရပ္ကို အၿငိမ္းစားပါေမာကၡႀကီးျဖင့္ ေလ့လာဆည္းပူးေစခဲ့သည္။
အသက္အားျဖင့္ ၇နှစ်အရွယ် အရာရာ သင္ယူခ်င္စိတ္အျပည့္ျဖင့္ စူးစမ္းတက္သည့္အ႐ြယ္မို႔ ဗုဒၶဘာသာဝင္အျဖစ္ လက္ခံထားရွိၿပီး ဘာသာေရးအဆုံးအမမ်ား၊ အိမ္ေတာ္သခင္ႀကီးကိုးကြယ္ေနေသာ ဘုန္းေတာ္ႀကီးမ်ား အပါအဝင္ သံဃာ္စာသင္တိုက္ႀကီးမ်ားထိပါ ေျမးအဖိုးႏွစ္ေယာက္ တစ္လတႀကိမ္ ကုသိုလ္လုပ္ခဲ့ၾကသည္မဟုတ္ပါလား။
" ဖိုးေျမးက ဆရာကိုေစာင့္ေနတာလား..."
အျပင္သြားရန္ျပင္ဆင္ၿပီး အိမ္ေတာ္ေအာက္ထပ္ ဆီေလွကားမွဆင္းလာေသာ သခင္ႀကီးကို ျမင္ေတာ့ အိမ္ေတာ္ထိန္းႀကီးက ေခါင္းငုံ႕ကာအရိုအေသျပဳေပးေနသည္။
အဖိုးျဖစ္သူအားျမင္ျမင္ခ်င္း အဖိုးအနီးသြားကာ ဖက္လိုက္သည့္ ေကာင္းစစ္ဟန္သာရဲ႕အျပဳအမူအခ်ိဳ႕က လူအိုႀကီးအတြက္အၿမဲၾကည္ႏူးစရာ အသစ္သစ္ေတြကိုသာ ဖန္တီေပးျခင္းျဖစ္ေသာေၾကာင့္ သားသမက္ဗိုက္ေလးထဲက က်ား/မမခြဲျခားရေသးေသာ ဗိုက္ပူေလးမွလြဲ တစ္ဦးတည္းေသာ ဟန္သာ၏ ဆက္ခံသူေကာင္စစ္ဟန္သာကို ၿပဳံးလွ်က္သား ေထြးေပြ႕ထားသည္ေလ။
ေျမးအဖိုးႏွစ္ေယာက္၏ ၾကည္ႏူးစရာျမင္ကြင္းတို႔ကို ဟန္သာဟန္အိမ္ေတာ္တြင္ အၿမဲေတြ႕ျမင္ေနၾကမို႔ သန့္ရွင္းေရးဝန္ထမ္းကအစ ေခါင္းရမ္း၍ ၿပဳံးကာ အားက်ေစသည္အထိ။
" ဖိုးဖိုး ပါးပါးဆီက အငယ္ေလးရွိတယ္တဲ့....ဖိုးသိလား..."
" ဟုတ္သတဲ့လား....ဒီဖိုးလည္း ေျပာစမ္းပါအုံးဗ်ာ..."
" အြန္းးးးသားသားေျပာျပမယ္ ဖိုး။ ပါးပါး ဗိုက္ထဲ အငယ္ေလးက ေသးေသးငယ္ငယ္ေလးပဲရွိေသးတာတဲ့ဒီေလာက္ေလး..ဖိုးရဲ႕ ...ေသးေသးေလးေနာ္..."
လက္ကေလးျဖင့္ ေသးငယ္ပုံစံေဖာ္ျပရင္း ကေလးပီပီ ဘာရယ္မဟုတ္အားမလိုအားမရေျပာေနရွာတဲ့ မြေးဖြစ်သူက်ို သေဘာတက်ရယ္ကာ ေပြ႕ဖက္ထားမိသည္။
စကားတက္ေသာ ဒီေျမးေလးက ငယ္စဥ္ကံဆိုးရွာလို႔ အိမ္ေတာ္သခင္ႀကီး ခ်စ္မဝနိုင္ခဲ့။ သားျဖစ္သူရဲ႕အမွားေၾကာင့္ ဒီေျမးငယ္စဥ္ကေလးဘဝ၊ လမ္းေလွ်ာက္တက္စကာလမ်ားမွာမပါဝင္နိုင္ခဲ့ေပမယ့္ ယခုလိုအတူေနစဥ္ အခ်ိန္ေတာ္ေတာ္မ်ားကို ဒီေျမးေဘးတြင္သာ ကုန္ဆုံးေစသည္။
" ေအးေပါ့...ေျမးရဲ႕..."
" ဖိုးက အငယ္ေလးကိုေရာ ခ်စ္မွာလား ..."
" ခ်စ္မွာေပါ့ဗ်ာ..."
" သားေရာ...မ်ားႀကီးခ်စ္မွာ....."
" ခ်စ္ရမွာေပါ့...."
" သား...သားသားက အစ္ကိုႀကီးျဖစ္သြားၿပီ ဖိုးဖိုး....ဟီးးး"
" ဟုတ္ပါ့ကြာ....အစ္ကိုႀကီး ရာထူးတိုးသြားၿပီေပါ့ ဟုတ္လား...ဟင္ .."
ေျမးေကာင္းစစ္ကိုေပါင္ေပၚတင္ကာ ပါးေလးကို အသာအယာထိေတြ႕ေနတဲ့ အိမ္ေတာ္သခင္ႀကီးကၿပဳံးလွ်က္သား ရပ္ေစာင့္ေနေသာ Driver ကိုေခါင္းညိတ္ျပခဲ့သည္။
" အြန္းးးအြင္းးးသာသားက အစ္ကိုႀကီး ျဖစ္ေတာ့မွာတဲ့ daddy ကေျပာလိုက္တယ္ အဟိ..."
" အစ္ကိုႀကီးရာထူးတိုးတာနဲ႕ တစ္အိမ္လုံးကို ပတ္ႂကြားေနတယ္ေပါ့ေလ...ဟုတ္လား...party က်င္းပခ်င္ေသးလား ဒီအဖိုးႀကီးကို ေျပာေစဗ်ာ.."
" အဲလိုက်င္းပရတာလား ဖိုး..."
" မ်ားေသာအားျဖင့္ က်င္းပၾကတာ ဖိုးေျမးသေဘာကေရာ..."
" အဲလိုလုပ္ခ်င္တယ္...."
" ဖိုးေျမး စိတ္ဆႏၵအတိုင္းေပါ့...ဖိုးက လုပ္ေပးမွာ "
" အြင္းးးးအဲလိုလုပ္မယ္ဖိုး...သားသားသူငယ္ခ်င္းေတြ ဖိတ္ၿပီး ႂကြားမယ္ေနာ္...."
" ဟုတ္ပါၿပီ ငႂကြားေလးရယ္.....လာမည့္ ေက်ာင္းပိတရက္ ဖိုးစီစဥ္ေပးမယ္ ဟုတ္ၿပီလား...."
" ဟုတ္...ဖိုးကိုခ်စ္တယ္..."
" ဟားးးးဒီေျမးလဲ ဖိုးက ခ်စ္ပါ့ဗ်ာ..."
အိမ္ေတာ္သခင္ႀကီး လည္ပင္းၾကား တိုးေဝွ႕ ဖက္တြယ္ကာ ေပ်ာ္ေနေသာ ေကာင္းစစ္ဟန္သာ၏ ေက်ာျပင္ေလးကို ခပ္ဖြဖြ ပြတ္သပ္ေပးသည့္ အပါးေၾကာင့္ ေလွကားမွဆင္းလာေသာ ရဲရင့္ဟန္သာတစ္ေယာက္ၿပဳံးလွ်က္သားၾကည့္ေနမိသည္။
" သားက အပါးဆီ ကပ္ခြၽဲေနတာလား "
" ဟုတ္ပါ့ဗ်ာ...ကပ္ႂကြားေနတာ....သူ႕ရာထူးတိုးေၾကာင္း...."
" ဟုတ္လား သား..."
" အြင္းးးး daddy ဘယ္လဲ..."
" အလုပ္ခဏ သြားရမယ္သား...ဘာမွာမလဲ..."
" ဟင္းအင္း....ျမန္ျမန္ျပန္လာေနာ္ daddy..."
" ဟုတ္ကဲ့ဗ်ာ....daddy သား အမိန့္အတိုင္း ျဖစ္ေစရမယ္ ..."
" သခင္ငယ္ေလး...."
သင္ၾကားသူ ဆရာေရာက္ေနၿပီျဖစ္ေသာေၾကာင့္ သခင္ႀကီးလက္ေပၚရွိ သခင္ငယ္ေလးအား စကားေခၚေနမိသည္။
" ဆရာေရာက္ေနၿပီ သား...လိမ္မာတယ္ေနာ္..."
" တာတာ့ daddy ....love you , daddy ...."
လက္ကေလးျပကာ flykiss ေပးေနသည့္ သားျဖစ္သူေကာင္းစစ္ေၾကာင့္ ရဲရင့္ဟန္သာရင္ထဲ ပန္းေပါင္းစုံဖူးပြင့္သကဲသို႔ ၾကည္ႏူးစရာေကာင္းလြန္းသည္မဟုတ္ပါ့လား။
" အပါး အျပင္သြားမလို႔လား...."
အျပင္သြားမည့္ ဝတ္စားဆင္ယင္ႏွင့္ အပါးအနီးရွိသက္ေတာ္ေစာင့္ကိုေဌးေၾကာင့္ ရဲရင့္ေမးလိုက္မိသည္။
" ကံ့ေကာ္ၿမိဳင္စာသင္တိုက္ ဆရာေတာ္ႀကီးက ေခၚေနလို႔ သားေရ..."
" ေအာ္..ဟုတ္ကဲ့ပါအပါး...ဂ႐ုစိုက္သြားေနာ္အပါး..."
" သားလည္း အလုပ္သြားမွာလား...ေနာက္မက်ေစနဲ႕ ေကာင္းျပည့္ေလးကကိုယ္ဝန္ႏု ေသးေတာ့အားငယ္လြယ္တယ္ ဒီအခ်ိန္က စိတ္ဓါတ္အတက္အက်အရမ္းျမန္တဲ့အခ်ိန္မို႔ တခ်ိဳ႕အလုပ္ေတြကို တာဝန္ခံနဲ႕လြဲထားေပးပါ သားရဲရင့္....သားငယ္နဲ႕ပတ္သတ္လို႔ အပါးတို႔ကပိုဂ႐ုစိုက္ၾကင္နာေပးရမယ္ေလ...ဒါေတြက တာဝန္မဟုတ္ပဲ ျမတ္နိုးၾကင္နာစိတ္အျပည့္နဲ႕ ကိုယ့္ခင္ပြန္းအေပါမွာ သားလုပ္ကိုင္ေပးရမယ့္အရာေတြပဲသား ...."
" ဟုတ္ကဲ့ပါအပါး...ခုက ခဏပါ ...project manager က မျဖစ္မေနေတာင္းဆိုေနတာ ကေလးငယ္သိသြားလို႔ သူအတင္းလြတ္လို႔ပါအပါး..."
" ေအး...ေအး...တခ်ိဳ႕ စိတ္ပင္ပမ္းစရာ လုပ္ငန္းကိစၥေတြကို သားငယ္ေလးမသိေစခ်င္ဘူး...ေဖေဖတို႔စီးပြါးေရးသမားႏြေနဲ႕ ႐ူပ္ေထြးတဲ့ဒီေလာကအေၾကာင္း သားသိၿပီးသားပဲေလ....သားငယ္ေလးလိုျဖဴစင္သူေတြအတြက္အႏၱရာယ္မ်ားသလို စိတ္ပင္ပမ္းေစတယ္ ေဖေဖေျပာတာ သားနားလည္မွာပါ..."
" ဟုတ္ကဲ့..သားသတိထားၿပီး လုပ္ကိုင္ပါ့မယ္ အပါး..."
" ေအးပါ....သိပ္မၾကာေစနဲ႕ ...ေျမးငယ္ပိတ္ရက္မို႔ သူ႕daddy နဲ႕ေဆာ့ကစားခ်င္မွာပဲ...."
" ဟုတ္ ..စိတ္ခ်ပါအပါး.."
နံနက္ပိုင္း မိဘစုံညီအစည္းအေဝးရွိသည္မို႔ ေန႕တပိုင္းေက်ာင္းျပန္လာရသည့္ သားငယ္ေၾကာင့္ အပါးစိတ္မခ်၍ မွာၾကားေနမိျခင္းအေပၚ ရဲရင့္ဟန္သာတစ္ေယာက္ အၿပဳံးပဲမေနနိုင္ခဲ့ပါ။ အပါးက သားအေပၚအရမ္းသံေယာဇဥ္ႀကီးမားသလို သားဘာလိုအပ္လဲ၊ ဘယ္အရာကိုစိတ္ပါဝင္စားလဲ ဆိုတာအစ ကိုယ္တိုင္ရွာေဖြသလို သားအတြက္လိုအပ္မည့္ သင္ၾကားေရးဆရာေတြ အိမ္ေတာ္ထိန္းႏွင့္တိုင္ပင္ကာ ကိုယ်တ်ုင်ကြီးကြပ်ခဲ့သည့် အဖိုးတစ္ဦးပါ။
ယခုလိုသားငယ္ ေက်ာင္းပိတ္ရက္ေတြဆို မိသားစုစုံလင္စြာ ညစာစားခ်င္သည္ဟု တစ္ခ်ိန္တခါေျပာ႐ုံျဖင့္ မ်ားေသာအားျဖင့္ ညေနစာကို အိမ္ေတာ္မွာသာ ဖြယ္ဖြယ္ရာရာ စားေသာက္ခဲ့ၾကသည္။ အပါးက အသက္အ႐ြယ္တခုေရာက္ၿပီဆိုလွ်င္ သားသမီးေျမးေတြႏွင့္အတူ အတူေနထိုင္စားေသာက္ခ်င္တို႔ပါဝင္ျခင္းမ်ားေၾကာင့္ ကေလးငယ္ကိုယ္တိုင္အလုပ္နားကာ အိမ္ေတာ္မွာသာ ေနထိုင္ခဲ့ျခင္းျဖစ္၏။
သူငယ္ခ်င္းေတြအလုပ္ကိုယ္ဆီနဲ႕မဆုံျဖစ္ၾကေပမယ့္ သားေကာင္းစစ္ရဲ႕ welcome baby က်င္းပမည့္ family party အတြက္ ဟိုေကာင္ေတြနဲ႕ေတြ႕ဆုံကာ စီစဥ္ေပးရမည္မဟုတ္ပါလား။
ထူးျခားစြာ ေမြးဖြားေပးလာမည့္ သားသမီးရတနာအတြက္ daddy ရဲရင့္ဟန္သာတစ္ေယာက္ အေတာ္စိတ္လူပ္ရွားေနခဲ့ျခင္း။
သားႀကီးအေပၚ ပ်က္ကြက္ခဲ့ရေသာ ဖခင္ေစာင့္ေရွာက္မူေတြေၾကာင့္ ယခုခ်ိန္ထိ သားသားကိုဖက္တြယ္ကာ ေတာင္းပန္စကားဆိုေနမိသည္။ ေလးႏွစ္ေက်ာ္မွ်ကင္းကြာခဲ့ရေသာ သားသားရဲ႕ ငယ္ဘဝမွတ္တမ္းေတြထဲ ကိုယ္တိုင္ပါဝင္ျခင္းမရွိခဲ့သည့္အတြက္ ယခုထက္တိုင္ေနာင္တႀကီးစိုးၿပီး သားအေပၚအၿမဲအားနာေနခဲ့ရသည္။
" ဒါဆို ျမန္ျမန္ျပန္လာဖို႔ လုပ္ေတာ့ "
" က်ဳပ္တို႔လင္မယား ျပန္လာဖို႔ စီစဥ္ေတာ့မယ္ "ဆိုတဲ့ မမဧကရီရဲ႕ ဖုန္းစကားတို႔ကိုလက္ခံရရွိၿပီး မဆိုသေလာက္ပူခ်င္ေနေသာ ဗိုက္သားေလးအား ခပ္ဖြဖြပြတ္သပ္ရင္း ၿပဳံးေပ်ာ္ေနမိသည္။
ဘဝမွာ မေမွ်ာ္ထားတဲ့ ေဘးသူစိမ္းဆီက ရခဲ့ဘူးေသာ မိခင္ေမတၱာဓါတ္လို မမဧကရီဆီက အမႀကီးအမိရာ ခ်စ္ျခင္းမ်ားစြာ ပိုင္ဆိုင္ခြင့္ရသည္မို႔ ေသြးခ်င္းေမာင္ႏွမေတြလို အၿမဲခ်စ္ခင္မျပတ္ တယုတယ ခ်စ္ျမတ္နိုးလွ်က္ရွိသည္။ အန္ကယ္ဦးေက်ာ္သက္က သမီးျဖစ္သူမမဧကရီေနာက္အလည္လိုက္ပါသြားေသာေၾကာင့္ ေျမးႀကီးျဖစ္ေတာ့မည္ ေကာင္းစစ္ဟန္သာဆီျပန္ခ်င္ေနရွာၿပီဆိုတဲ့မမဧကရီရဲ႕ စကားသံအဆုံး အငယ္ေလးတည္ရွိမူအေပၚ အန္ကယ္ေက်ာ္သက္ ဘယ္ေလာက္ ေပ်ာ္ေနရွာမလဲ ဆိုတာ တုန္ခါေနေသာ ဖုန္းေျပာသံတို႔ ၾကားသိလွ်င္သိနိုင္မည္ မဟုတ္ပါ့လား။
ကိုယ္တိုင္ေမြးရန္ မအားေသးဘူးဟု အၿမဲေျပာဆိုတက္ေသာ မမဧကရီက အငယ္ေလးအား သမီးေလးျဖစ္ရင္ ေပးပါဟု ခုကတည္းက ေတာင္းဆိုေနေသာ အစ္ကိုမင္းျမတ္ဟန္သာကအစ အဂ္လန္ေရာက္ ဆရာဝန္ႀကီးစုံတြဲအပါအဝင္ အားလုံးက မေမြးရေသးေသာ အငယ္ေလးက မ်ားစြာေမွ်ာ္လင့္ေနေသာေၾကာင့္ အမ်ိဳးအမည္မသိ ၾကည္ႏူးရိပ္တို႔ ဝန္းက်င္အႏွံ႕ ျပည္လွ်ံေနခဲ့သည္။
ေနာက္မ်ားမၾကာမီ လအနည္းငယ္အတြင္း အမိေျမကို vacation ျပန္လာမည့္ အဂ္လန္သားဆရာဝန္ႀကီးတို႔အပါအဝင္ မမဧကရီတို႔ကလည္း ေရွ႕ဆင့္ေနာက္ပါ ျပန္လည္ေရာက္ၾကမည္ ဆိုေသာေၾကာင့္ အိမ္ေတာ္ရွိ အခန္းအားလုံးကို အၿမဲမျပတ္သန့္ရွင္းေစၿပီး ခန္းစည္းလိုက္ကာကအစ ပစၥည္းအားလုံးကို ေသသပ္သန့္ရွင္းေစသည္။
" အခန္းေတြအားလုံးသန့္ရွင္းၿပီၿပီအစ္ကိုေလး...."
" ဟုတ္လား အန္တီ...သားၾကည့္လိုက္အုံးမယ္ဗ်...."
" ဟုတ္ကဲ့ပါ အစ္ကိုေလး..."
မေပၚေသးေသာ ဝမ္းဗိုက္ေလးအား ခင္ပြန္းျဖစ္သူရဲရင့္ဟန္သာရဲ႕ Shirt လက္ရွည္ႀကီး ဝတ္ထားေသာေၾကာင့္ ေသးငယ္ေသာ ခႏၶာကိုယ္ေလးက လက္ဖ်ားေလးပင္မနည္းေဖာ္နိုင္ရွာ၏။ ေဘာင္းဘီပြပြကိုပါ ဝတ္ဆင္ထားေသာ အစ္ကိုေလးရဲ႕ဝတ္စားဆင္ယင္မူက မညီညာမလိုက္ဖက္ေပမယ့္ ခပ္ပြပြေခ်ာင္ေခ်ာင္ဝတ္စုံႀကီးထဲက အစ္ကိုေလးအား ျမင္ရသည္မွာ တမ်ိဳးအျမင္ဆန္းေစသည္မဟုတ္ပါ့လား။
အိမ္ေတာ္ထိန္းက သားငယ္ကိုႀကီးၾကပ္ေစာင့္ၾကည့္ရသလို အိမ္ေဖာ္ေခၚေဆာင္အန္တီက အစ္ကိုေလးကိုယ္ဝန္ႏုခ်ိန္ မည္သည့္ထိခိုက္ဒဏ္ရာမျဖစ္ေစရဟု အမိန့္ေပးေတာင္းဆိုလာေသာ အိမ္ေတာ္သခင္ရဲရင့္ဟန္သာရဲ႕ေစခိုင္းမူအရ အစ္ကိုေလးအနားအၿမဲေစာင့္ၾကပ္ေပးေနရသည္။
" အေပၚထပ္တစ္ခုလုံးလား ...အန္တီ..."
" အစ္ကိုေလးတို႔ ဒုတိယထပ္ကပိုေနတဲ့ ဧည့္ခန္းေတြပါ ရွင္းလင္းထားပါ အစ္ကိုေလး..."
" အန္တီတို႔ပင္ပမ္းသြားၿပီ...."
" ကြၽန္မတို႔တာဝန္မို႔ မေျပာပေလာက္ပါဘူး အစ္ကိုေလး...ခန္းစည္းလိုက္ကာကအစ ၊ အိပ္ယာဖုံးအဆုံး အစ္ကိုေလးအဆင္ေျပရဲ႕လား..."
ယခင္မမတို႔ေနထိုင္ခဲ့ေသာ အခန္းမ်ားအပါအဝင္ အန္ကယ္ေက်ာ္သက္အတြက္ရည္႐ြယ္ထားေသာ အခန္းအားလုံးအား လိုက္လံၾကည့္႐ူၿပီး မမဧကရီအႀကိဳက္ ခရမ္းေရာင္အပါအဝင္အန္ကယ္ေက်ာ္သက္အတြက္ ခန္းစည္းလိုက္ကာ အတြက္အျဖဴေရာင္တို႔ကို ေျပာင္းလဲကာ လွပခတ္မွီေသာ နားေနခန္းေလးအား တည္းခိုသူစိတ္တိုင္းၾက မိမိအေတြးမ်ားေပါင္းစပ္ကာ interior designer အျဖစ္ေျပာင္းလဲကာ စိတ္ႀကိဳက္ျပင္ဆင္ထားသည္။
" ဒီနားေလးမွာ စားပြဲတစ္လုံးထားေပး အန္တီ ၊ မမက မနက္ခင္းဆို အလင္းေရာင္ခံယူရင္း ပန္းရနံ႕ေမႊးႀကိဳင္တာမ်ိဳး သေဘာက်တက္လို႔ ....ေနာက္ၿပီး ဒီနားေလးမွာ စာအုပ္စင္ေလးတစ္ခုေပါ့ မႀကီး/မငယ္ တစ္ခုစီစဥ္ထားေပး ...အစ္ကိုမင္းျမတ္က ညအိပ္ခါနီး စာဖတ္ရတာ ႀကိဳက္တယ္တဲ့ေလ.."
" ဟုတ္ကဲ့ပါအစ္ကိုေလး..."
မွတ္စုစာအုပ္ေလးျဖင့္ မွာၾကားသည္တို႔ကို လိုက္မွတ္ေနေသာ အန္တီကို ထားခဲ့ၿပီး ေအာက္ထပ္ဆီကသားငယ္စာသင္ရာဆီသို႔ တေ႐ြ႕ေ႐ြ႕။
" အစ္ကိုေလး...."
" သား စာသင္ေနတာလား ဖိုးေလး..."
" ဟုတ္ကဲ့ အစ္ကိုေလး ဘာလုပ္ေပးရမလဲ...."
" မရွိပါဘူး ဖိုးေလး...သားစာသင္ၿပီးရင္ အေပၚထပ္ပို႔ေပးပါအုံးေနာ္.."
" ဟုတ္ကဲ့ပါအစ္ကိုေလး "
ဖိုးေလးကိုႏူတ္ဆက္ၿပီး ခင္ပြန္းသည္အမွာစကားအရ အေပၚထပ္မွာသာ နားေနခန္းအျဖစ္မ်ားစြာျပဳျပင္ေျပာင္းေပးထားသည္မို႔ ဝရံတာဘက္တြင္မူ စ်ိတ်ကျေနပ်စရာ indoor plants မ်ားကို စနစ္တက်စိဳက္ပ်ိဳးေပးထားေသးသည္။ ဝရံတာဘက္တြင္မူ ေရာင္စုံမ်ိဳးကြဲ ပန္းအလွမ်ားျဖင့္ ရနံ႕ႀကိဳင္လိူင္စြာ အေမာင္ဗိုက္ကေလးအား စိတ္ေက်နပ္ေစသည္။
" လန္းဆန္းလိုက္တာ..."
နံနက္ေရာင္ျခည္ကိုခံယူၿပီး အစြမ္းကုန္ပြင့္လန္းေနေသာ အဝါရောင်နှင်းဆီပွင့်လေးတစ်ပွင့်က်ို ျဖတ္ယူလာၿပီး အန္တီေပးလာသည့္ အလွပန္းအိုးထဲဝယ္ လွပစြာ ေနရာယူထားေသာေၾကာင့္ အိပ္ခန္းေလးဝယ္ ေမႊးရနံ႕လြင့္ပ်ံ့ေနခဲ့သည္။
တီ ~~ တီ ေခၚေနေသာ VC call မွတဆင့္ မမဧကရီအလုပ္နားခ်ိန္မို႔ သားငယ္ႏွင့္စကားေျပာရန္ ခ်ိန္းဆိုေနမူမ်ား သားငယ္ဆီကတဆင့္ၾကားသိရသည္မို႔ အလိုလိုၿပဳံးေနမိသည္။
Screen ကို လက္ျဖင့္ထိျခင္းျဖင့္ ျမင္လိုက္ရေသာ duty coat အျဖဴေရာင္ဝတ္ထားၿပီး က်က္သေရရွိလွသည့္ မမဧကရီရဲ႕ တင့္တယ္လွပေသာ မ်က္ႏွာေလးေပၚလာသည္မို႔ ဘာရယ္မဟုတ္အၿပဳံးတို႔မျပတ္ေပၚလြင္ေနခဲ့သည္။
" မမသားက စာသင္ေနတယ္ ခဏေနမွ ၿပီးမယ္ထင္တယ္ "
(............) ေမာင္ငယ္ေလးမ်က္ႏွာ ပိုဝန္းလွလာသည္ဟု အ႐ႊန္းစကားတို႔ေဖာက္ကာ ေမာင္ႏွမႏွစ္ေယာက္ ဘာမွန္းမသိေသးေသာ အငယ္ေလးရဲ႕ ကိုယ္ဝန္ဆိပ္ေၾကာင့္ ေျပာင္းလဲလွေသာအသားအရည္ေကာင္းျခင္းတို႔အေၾကာင္း ေျပာဆိုေနမိသည္။
" သမီးငယ္ အမည္ကို မမတို႔ေပးမွာေနာ္ " ဟုေသာ ကတိစကားတို႔ေတာင္းသည့္မမဧကရီေၾကာင့္ ခင္ပြန္းသည္ကိုမတိုင္ပဲ ေခါင္းညိတ္ျပေနမိသည္။
" မမရဲ႕ သမီးငယ္ကို အိမ့္မႉးဟန္သာ လို႔ ေခၚတြင္ေစမယ္..."
" အိမ့္မႉးဟန္သာ......ပါးပါးရဲ႕ သမီးငယ္ေလး အိမ့္မႉးဟန္သာ...! ................
....သားႀကီးေကာင္းစစ္ဟန္သာရဲ႕ ညီမငယ္ေလး အိမ့္မႉးဟန္သာ....
....ခ်စ္စရာ ဟန္သာမ်ိဳးဆက္ေလး....Daddy ရဲရင့္ဟန္သာ ရဲ႕ သမီးငယ္ အိမ့္မႉးဟန္သာ..! .! "
#" ခ်စ္ျခင္းတို႔အလြန္" ရဲ႕ေနာက္ဆုံး extra ေလးပါေနာ္.................
" ေတးသစၥာဖြဲ႕ ခ်စ္ျခင္းေမတၱာ " ဇာတ္သိမ္းေတာ့မွာမို႔ အားလုံးကို အသိေပးရင္း ဒီ extra အပိုင္းေလးျဖင့္ ႏူတ္ဆက္ခဲ့ပါတယ္....ေက်းဇူးတင္ပါတယ္ရွင့္ ။ ေနာက္လာမည့္ ဇာတ္လမ္းသစ္ေလးကလည္း စာဖတ္သူတို႔ကို စိတ္အပမ္းေျပေစမွာမို႔ ေစာင့္ေမွ်ာ္အားေပးၾကပါအုံးေနာ္..။
Bạn đang đọc truyện trên: ZingTruyen.Xyz