ZingTruyen.Xyz
ချစ်ခြင်းတို့အလွန်
Extra (3)
maiyuri18
" အပါး....."
အပါးပြောတဲ့စကားအရ ဆို ငါမှာကိုယ်ဝန်ရှိနေတာလား ....စသောအတွေးဖြင့် ဟင်းချိုသောက်ဇွန်းလေးကို လက်ကကိုင်ပြီး တွေးမိတွေးရာ တွေးနေမိသည်။
" ကလေးငယ်..."
ပျော်မြူးကြည်နူးဟန်တို့ဖြင့် အတွေးများနေတဲ့ ကိုယ့်ကို ပုခုံးလေးဖက်ပြီး သတိဝင်စေတဲ့ ကိုကိုခေါ်သံကြောင့် အသိပြန်ဝင်လာပြီး အပါးကိုတစ်လှည့်၊ ကိုကို့ကို တစ်လှည့် ဘယ်ညာလှည့်ကာ နားမလည်မျက်ဝန်းတွေဖြင့် ငေးနေမိသည်။
ခပ်သုတ်သုတ်ဖြင့် အပါးအနား လက်လေးနှစ်ဖက်နောက်ပစ်ကာ အနားကပ်တိုးဘာပြောနေလဲမသိ ..ခေါင်းတညိမ့်ညိမ့်နဲ့အပါးက အပြုံးမပြတ်ခဲ့ပါလေ။
" ဖိုးသားလေး စားပြီးပါပြီ ဖိုးဖိုး..."
နူတ်ခမ်းနားတစ်ဝှိက်ပေကျံနေတဲ့ ဆီဝေ့လေးကို ကိုယ်တိုင်သုတ်ယူသန့်ရှင်းစေကာ အပါးဘက်ခေါင်းလေးစောင်းပြီး အသံစွာစွာလေးဖြင့် Dinning room ထဲကတိတ်ဆိတ်မူကို ဖြိုခွဲလိုက်သည့်အလား။
" ကျေးဇူးတင်ပါတယ်ဗျ...."
လုပ်နေကြလုပ်ရိုးထုံးစံအတိုင်း စားသောက်ပြီးတိုင်း ဤအစားအသောက်နဲ့ပတ်သတ်ပြီး ကျေးဇူးတင်သင့်သူအားလုံးကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောပြရမည်လို့ အပြီးတိုင်သင်္ကန်းဝတ်သွားသော ဖိုးဖိုးကြီး၏ ဆုံးမစကားအတိုင်း ဖိုးသာလေးက အစားစားပြီးတိုင်း ခေါင်းလေးငြိမ့်ကာ ကျေးဇူးတင်ကြောင်း အမြဲထုတ်ပြောလေ့ရှိသည်။
ဤချစ်စဖွယ်အမူအရာလေးကြောင့် အိမ်တော်ကလူအများရဲ့ ချစ်ခြင်းမေတ္တာကို သိမ်းကျုံးယူသွားသော ကောင်းစစ်ဟန်သာက နာမည်ကြီးဟန်သာအိမ်တော်ရဲ့မျိုးစက်ဖြစ်ပါသော်လည်း ကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာရလဒ်ကို သေင်္ကတယူပြီး ဆိုဆုံးမခြင်းခံရသည့် ကောင်းစစ်ဟန်သာက မောက်မာမော်ကြွားခြင်းမရှိပဲ အရှိကိုအရှိအတိုင်း သဘာဝအတိုင်းအလှအပကိုခံစားတက်စေရန် သွင်သင်ပေးထားကြသည်လေ။
" ဖိုးမြေးက သိတက်လိုက်တာဗျာ...."
" သခင်ကြီး.."
ခေါင်းညိမ့်ပြကာ သားငယ်ကိုလက်ကဆွဲ၍ living room ဆီထွက်သွားသော အပါးကိုသာကြည့်နေမိသည်။
" ပါရဂူရောက်နေပြီတဲ့ ကလေးငယ်..."
နားအနားကပ်၍ သတိပေးလာတဲ့ ကျွန်တော်ရင်ထဲစိုးရိမ်ထိတ်လန့်မူကအပြည့်။
ဘာကိုစိုးရိမ်နေလဲမသိတဲ့ ကလေးငယ်ကို လက်ကလေးဆုပ်ကိုင်ကာ ပြုံးလျှက်ခေါင်းခါပြမိသည်။
" ဘာမှမဖြစ်ဘူး၊ ဘာတွေပဲ ဖြစ်လာလာ ..ကိုကို့ကလက်ခံပေးမှာမို့....ကိုယ့်ကလေးလေးက စိတ်အေးအေး အစမ်းသပ်ခံပေးနော်....ဘာမှကြီးကြီးမားမားစိုးရိမ်စရာ မဖြစ်စေရဘူး...ကိုကိုကတိပေးတယ် "
ကိုယ့်အတွေးအာရုဏ်ထဲက စိတ်ကူးတွေကိုသိနေတဲ့အလား အားပေးနှစ်သိမ့်နေတဲ့ ကိုကို့ကိုမော့ကြည့်နေမိသည်။ နောက်နားဆီကနေ သခင်လေးစကားကို ထောက်ခံနေသည့်အလား ခေါင်းတငြိမ့်ငြိမ့်ဖြင့်။
စားပွဲဝိုင်းကို သိမ်းဆည်းရန်စောင့်ဆိုင်းနေတဲ့ အိမ်အကူမလေး/ငါးယောက်က လက်ကလေးရှေ့ပစ်ကာ ခေါင်းငုံ့နေကြသည်။
" သိမ်းလိုက်တော့ ....၊ Professor အတွက် တခုခုပြင်ပေးပါအုံး အိမ်ထိန်းကြီး..."
" ဟုတ်ကဲ့ပါ သခင်လေး..."
ကိုကို့ဆွဲခေါ်ရာ Bedroom ထဲအသွား နောက်ပါးဆီက အိမ်တော်ထိန်းဆီလှည့်ကာ စိတ်ထဲဝယ်အာသီသရှိနေတဲ့ ပန်းသီးဖျော်ရည်လေးကို သောက်ချင်နေသောစိတ်တို့ကြောင့်...။
" ပန်းသီးဖော်ရည်လေး လုပ်ပေးပါအုံး ဖိုးဖိုးလေး...သားအရမ်းခံတွင်းတောင်းနေလို့ရယ်ပါ..နော်"
သားငယ်ခေါ်သလို အိမ်ထိန်းကြီးကို ဖိုးဖိုးလေးဟုသာ ကောင်းပြည့်လေးစားသမူဖြင့်ခေါ်ခဲ့သည်။ အဆင့်အတန်းမခွဲခြားတက်ပေမယ့် သူ့နေရာနဲ့သူ နေရာတကျခွဲခြားဆက်ဆံခြင်းသာ မရှိခဲ့ပေမယ့် ကိုယ့်ထက်သက်ကြီးဝါကြီးတွေကို လေးစားသမူဖြင့် လေးလေးစားစား ဆက်ဆံတက်တဲ့ ကလေးအဖေလေးက စိတ်ထားနူးညံ့မူအပြည့်။
" ပန်းသီးဖျော်ရည်လေး ရစေပါမယ်အစ်ကိုလေး..."
" ကျေးဇူးတင်ပါတယ် ဖိုးဖိုးလေး..."
ခေါင်းလေးတဆက်ညိတ်ကာ အပြုံးလေးဖြင့် kitchen ထဲ ခြေလှမ်းနေပါသော ဖိုးဖိုးလေး။
ဖိုးဖိုးလေးက အသက်အရွယ်အားဖြင့် အပါးထက်အနည်းငယ် ငယ်ရွယ်သော်လည်း ဟန်သာအိမ်တော်ရဲ့ ငွေကြေးအပါအဝင် မိသားစုရေးရာကအစ မီးဖိုချောင်သုံးစနစ်အထိ စီမံကွပ်ကဲခဲ့သော ဖိုးဖိုးလေးက ဟန်သာအိမ်တော်အတွကိအများကြီး အားကိုးရပေသည်။
အပါးအပါအဝင် အိမ်တော်ရှိ အိမ်သားအားလုံးက ဆွေမျိုးရင်းချာလိုအတူနေတာကြာလာသော ဖိုးဖိုးလေးကိုအားလုံးက ချစ်ခင်ကြသလို အမြဲဖော်ရွှေစွာ ဆက်ဆံတက်ကြသေးသည်။ နောက်ဆုံး ဖိုးသားလေး ကျောင်းကိစ္စအပါအဝင် အဖိုးဖြစ်သူ အပါးနဲ့အတူ ဖိုးသားငယ်ကျောင်းကိစ္စလေးတွေထိပါ အသေးစိတ်စီမံတက်သေးသော ဖိုးဖိုးလေးက အများကြီးအားကိုးရသည်လေ။
သက်ကြီးရွယ်အိုလည်းဖြစ်ပြန် ဟန်သာအိမ်တော်မှာအတူကြီးပြင်းလာခဲ့တဲ့ ဟန်သာမင်းသားနှစ်ပါးရဲ့ ငယ်စဉ်ကြီးရွယ်အချိန် အရွယ်ရောက်ကာအိမ်ထောင်ကိုယ်ဆီပြုသည်အထိ အမြဲဘေးနားရှိနေတဲ့ အိမ်တောိထိန်းကြီးကို ဖိုးသားငယ်က မူဟန်ပိုစွာအချွဲပိုခဲ့သေးတော့ ပျော်ရွှင်ကြည်နူးရပြန်သေးသည်။
ကျောင်းသွား/ပြန် လွယ်အိတ်လေးချွတ်ကာ စားချင်ရာလေးကို တမျိုးပြီးတမျိုး အမည်လေးတပ်ကာ ဖိုးဖိုးလေးဟု ဘဲနူတ်ခမ်းလေးလို ချွဲနွဲ့တက်သေးသော ကောင်းစစ်ဟန်သာက ဖိုးဖိုးလေးအသည်းကြော်။ ဖိုးသားငယ် ပူဆာသမျှ ကလေးအတွက်အာဟာရနှင့်အညီ ပါဝင်ပစ္စည်းအချိုးအစားအတိုင်း အမြဲချက်ပြုတ်စေရန် kitchen ထဲကို ညွှန်ကြားတက်သူ ဖိုးဖိုးလေး။
အပါးနှင့်အတူ living room မှာ ထိုင်နေတဲ့ Professor က သားငယ်စကားဝိုင်းထဲ ပွဲကြနေပြန်သေးသည်လေ။
" သား...လာလေ...."
" ဆရာ...."
မားမားရှိစဉ်ကတည်းက အိမ်တော်မှဝင်ထွက်ဖူးတဲ့ family doctor ထဲကတစ်ယောက်မို့ အထူးတလည်နူတ်ဆက်နေခဲ့ခြင်း။
" ဟန်သာအိမ်တော်က ပျော်စရာကြီးဗျာ....တို့ဥက္ကဌကြီး နုပျိုနေတာ မြေးငယ်ကြောင့်ဖြစ်ရမယ် ရဲရင့်...မင်းသားကတကယ့်အတက်ကလေးကွ..."
အပါးရင်ခွင်ထဲထိုင်နေတဲ့သားငယ်က ဆံပင်တွေအနည်းငယ်ရှည်နေပြန်သေးသည်။
နူတ်ခမ်းလေးဆူလိုက်၊ ခေါင်းလေးရမ်းလိုက်ရုံဖြင့် နဖူးတဝိုက်ဝဲသွားသော သားငယ်ဆံနွယ်နုနုလေးကို ဖိသပ်ကာ စကားတုန့်ပြန်နေတဲ့ အပါးက သားငယ်အပေါ်အရမ်းတွယ်တာလွန်းခဲ့သည်။ မားမားဆုံးပြီးသည့်အချိန်ကစ အပါးဘေးနား သားအိပ်ချိန်ကလွဲ အမြဲအတူရှိနေစေခဲ့သည်။ ယုံကြည်စိတ်ချရတဲ့ Driver ကို မောင်းစေကာ ကျောင်းပို့/ကြို့ ပို့ပေးနေသေးသည့် အပါးကို မည်သူကမှတားဆီးမရခဲ့။
"စိတ်အပမ်းဖြေစရာ မြေးငယ်ပဲရှိတာမို့ ကိုယ့်ကျန်းမာရေး ကိုယ်အလေးထားပါတယ် , သားတို့စိတ်မပူကြနဲ့ " ဆိုကာ မြေးငယ်ကိစ္စာတချို့ကို လက်လွဲယူပြီး ဖိုးသားလေးနဲ့အတူ ပြုံးပျော်နေသည့် အပါးကိုကြည့်ကာ စိတ်အေးချမ်းသာရပြန်တော့သည်လေ။
*ဟန်သာအိမ်တော်ရဲ့မျိုးစက်လေး ကောင်းစစ်ဟန်သာက ကောင်းချီးမဂ်လာများစွာဖြင့် မွေးဖွားလာသူလေး.....
" အပါး..."
" လာ ..သားငယ်..."
" ဒါလေးက ဥက္ကဌကြီးသား,သမက်လေးပေါ့...."
တစ်ခါမှမိတ်ဆက်ပေးချင်းမရှိသေးတဲ့ သား,သမက်ကို အိမ်တော်တွင်းက တချို့လူယုံတွေနဲ့အိမ်ဖော်တစ်ချို့ကသာ ရင်းနှီးကြသော်လည်း အပါးရဲ့အမျိုးမျိုးသော မိတ်ဆွေတွေဆီကိုတော့ အကုန်နီးပါးတွေ့ဆုံပေးခြင်း အပါးကိုယ်တိုင်ကခွင့်မပြုခဲ့။
သားငယ်ကိုလည်း ထိုနည်းအတိုင်း မမြင်နိင်တဲ့ အန္တရာယ်တချို့ကိုကြ်ိုတင်ကာကွယ်သည့်အလား သားငယ်ကျောင်းပို့/ကြို ကိုလည်း ကိုယ်ရံတော်အပြည့်ဖြင့်အပြင်ထွက်လေ့ရှိသော်လည်း သားငယ်ကျောင်းတွင်လည်း စိတ်ချယုံကြည်ရတဲ့ ဝန်ထမ်းများစွာက သားငယ်ကို အချိန်ပြည့်စောင့်ရှောက်စေခဲ့ပြန်သည်။ အမှားအယွင်းအဖြစ်မခံနိုင်တဲ့ ကိစ္စသေးသေးသော်လည်း မဖြစ်တန်ရာ အရာရာကြိုတင်ပြင်ဆင်ကာ ကျွန်တော်တို့သားအဖကို ကာကွယ်ပေးထားကြသည်။
" ဟုတ်ပါ့ဗျာ....သားတို့မားမား ကိစ္စက မမျှော်လင့်ပဲကြုံလာခဲ့ရတော့ ကိုယ့်မိတ်ဆွေအားလုံးနဲ့ သားငယ်ကို မိတ်ဆက်ပေးဖို့ မေ့လျော့ခဲ့ပြန်ရော်..."
" မဟုတ်တာ...မဟုတ်တာ....Company နှစ်ပတ်လည်တုန်းက ပြည်ပရောက်နေလို့ မဆုံဖြစ်သေးတာပါဗျာ....တကယ့် လူချောလေးပဲ..မောင်ရဲရင့်တို့သည်းသည်းလူပ်တော့မယ်ထင်ပါ့...သားကအတက်ကလေး...ကလေးဖေဖေလေးက အချောလေးဆိုတော့...."
" ဟုတ်ပါ့ ဆရာ​ရေ..."
ကလေးငယ် လက်လေးတစ်ဖက်ကို ဆုပ်ကိုင်ပြီး ကိုယ့်ရှေ့မှ ထိုင်ပြီး ကလေးငယ်ကိုချီးကျူးနေတဲ့ ဆရာဝန်စကားတို့ကြောင့် ရင်ထဲကစိုးရိမ်မူဘယ်ဆီမယ်မသိ။
" ကဲ...စကားကောင်းနေရော်...ဟိုခုံလေးမှာ ခဏ နေရာယူပေးပါ့လား...သားလေး..."
" ဟုတ်ကဲ့ပါ ဆရာ...."
" ဆရာကို ဘာမှအားနာစရာမလိုဘူးနော်....သား အဆင်မပြေတာရှိရင်ပြော...ဆရာက အကုန်ကူညီဖြေရှင်းပေးမှာမို့...."
" ဟုတ်ကဲ့ပါ ဆရာ..."
Living room ထဲမှာ ခတ္တခဏအိပ်စက်အနားယူရန် ထားသော ဆိုင်ဖာခုံရှည်လေးပေါ် ပက်လက်လေးလှဲလိုက်တော့ အပေါ်ထပ်ကနေ ဂွမ်းစောင်အပါးလေးကို ခြေဖျားမှစ ခါးစပ်နားထိ လွှမ်းခြုံပေးလာသော ရဲရင့်ဟန်သာက အရှက်ကြီးသော ကလေးငယ်အကြောင်း သိနေသည့်အလား...။ ဆိုဖာခုံရှည်လေးဘေးက ခုံထိုင်ပုလေးပေါ်ထိူင်ပြီး ကလေးငယ်စိုးရိမ်မူကင်းစေရန် ခေါင်းညိမ့်ကာပြုံးပြ၍ အဖော်ပြုအားပေးနေသေးသည်။
" ဘာစိုးရိမ်စရာမှဖြစ်လာမဟုတ်ဘူးနော်....စိတ်ကိုလျော့ထား ကလေး..."
" အွင်း...ကလေးအဆင်ပြေပါတယ် ..."
ကိုယ်ဆုပ်ကိုင်ထားတဲ့ လက်ဖမိုးလေးကို အနမ်းဖွဖွခြွေပြီး ပြုံးလျှက်သား ကလေးငယ်ကိုအားပေးနေမိသော်လည်း မထင်မှတ်ရလောက်အောင်သန်မာသည့် ကလေးငယ်က စိုးရိမ်သောကကို ကွယ်ပျောက်စေသည့်အလား ကိုယ့်ကိုကိုယ် 'ကလေး' ဟု သုံးကာ အားတင်းနေရှာတဲ့ ကလေးငယ်လေးရယ်ပါ။
ဆေးစစ်ရန် လိုအပ်သည့် ဆေးကူပစ္စည်းများပြင်ဆင်နေတဲ့ Professor က ရဲရင့်ဟန်သာတို့ကိုကြည့်ပြီး ဘေးကမြင်ရသူအဖို့ ကြည်နူးမူအပြည့်...။
အစ်ကိုလေးအမှာတော်ရှိသည့် ပန်းသီးဖျော်ရည်ခွက်လေးကို ကိုင်ကာ စောင့်နေသည့် အိမ်ဖော်မလေးက ခေါင်လေးငုံ့ကာ အိမ်ထိန်းကြီးဘေးမှာ ရပ်၍ စောင့်ဆိုင်းနေသည်။
အိမ်ထိန်းကြီးက ခေါင်းလေးတညိမ့်ညိမ့်ဖြင့် ပြုံး၍ ကြည့်နေသေးသည်။
လိုအပ်သည့် ဆေးစစ်ခြင်းများပြုလုပ်နေသည့်အချိန်အတွင်း Professor ကိုယ်တိုင်ကအပြုံးမပျက် ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့် အပါးကို အသိပေးနေဟန်။
" ကျွန်တော်တို့ဥက္ကဌကြီး မြေးတစ်ယောက် တိုးတော့မယ်ဗျာ...Congratulations သားရဲရင့်..."
" အဟား.......တကယ်....တကယ်လား...ဆရာ...."
" ဟား...တို့အိမ်တော် ကောင်းချီးမဂ်လာတွေ ရောက်လာပြီလေ..."
" ဂုဏ်ယူပါတယ် သခင်ကြီး...."
အပါးနားရပ်၍ အပါးလိုအပ်သည့်အဖန်ရည်လေးကို ခွက်လေးထဲ ငှဲ့ပေးကာ ဂုဏ်ပြုစကားဆိုနေသည့် ဖိုးဖိုးလေးကိုခေါင်းလေးစောင်းပြီး ကြည့်မိသည်။
ဆရာဝန်ပြောနေသည့်အချိန် ကိုကိုဆုပ်ကိုင်ထားသော လက်ကလေးကိုတင်းနေအောင် ထွေးဆုပ်၍ ပျော်ကြီး ပျေည်နေသည့်ကိုကိုမျက်ဝန်းတွေမှာ ပျော်ရွှင်မူအတိ။
" ကျေးဇူး တင်ပါတယ်ဆရာ...."
" ဟုတ်ပါပြီဗျာ..တစ်ခုတော့ရှိတယ် သားရဲရင့်....ကိုယ်ဝန်ကလနုသေးတော့ ပိုပြီး ဂရုစိုက်ရမယ် အထူးသဖြင့် ချော်လဲမူကိုမဖြစ်အောင် ဂရုစိုက်ပေပါ...ယောကျာ်းလေးလည်းဖြစ်ပြန်...နုနယ်သေးတဲ့ကိုယ်ဝန်သည်မို့ ပိုပြီး ဂရုစိုက်ပေးရမယ် ရဲရင့်..."
" ဟုတ်ကဲ့ပါဆရာ...ဘာတစ်ခုမှ မဖြစ်စေရအောင်ဂရုစိုက်ပေးမှာပါ ..."
" ဆရာ ယုံကြည်ပါတယ်ကွာ...ဒါနဲ့ သားဦးလေးတုန်းက မွေးဖွားရာမှာ ပြသနာတစ်ခုခုများ ကြုံခဲ့ဖူးလား..သားလေး.."
" ဗျာ......"
အတိတ်ကဆိုးဝါးလွန်းတဲ့ အရိပ်တွေကို ပြန်ပုံဖော်မပြချင်တော့ ။
ပြီးခဲ့တာတွေ ပြီးပြီမို့ ...ပြန်လည်ကာ ပြောပြမနေချင်တော့။
" ကလေးငယ်...."
ဆရာဝန်အမေးစကားကြား အံ့ဩမူတွေတစ်ချက်ပြသတဲ့ ကလေးငယ်မျက်ဝန်းထဲအ အရိပ်လေးဖြတ်ပြေးသွားတာမ့င်တော့ ကိုယ်မှာ အထိတ်ထိတ်အလန့်လန့်။
"ဟို...ဟို....သားသား ကိုယ်ဝန်ဆောင်တုန်းက ဟော်မူန်းအပြောင်းအလဲကြောင့် လအတော်ကြာ အစားအသောက်ပျက်ခဲ့ပြီး ကိုယ်ခန္ဓာထိခိုက်မူဖြစ်ခဲ့ဖူးတယ် ဆရာ....."
" ဟုတ်ပြီး....နောက်ရော...."
" သားသားကို မွေးဖွားချိန် သွေးသွန်လို့......အချိန်တစ်ခုထိ မေ့မျောဖူးတယ်၊ နောက်ပြီး လအတော်ကြာ အနားယူခဲ့ရသေးတယ် ဆရာ .."
" ကလေးငယ်.."
ဝမ်းနည်းရိပ်တွေက အတိတ်ကအရိပ်ဆိုးတွေကြောင့် ခုထိ ရဲရင့်ဖြေမဆည်နိုင်ခဲ့။ ကိုယ်မသိသေးသော ကလေးငယ်ခံစားခဲ့ရတဲ့ ဘေးဒုခတွေကြောင့် ကိုယ့်အပြစ်တွေကြီးမို့ ....အားလုံးက ကိုယ့်အပြစ်တွေကြီး။
" ဟင်းအင်း....ကိုကိုကြောင့်မဟုတ်ဘူး...."
" ကိုယ်သိပါတယ်....အားလုံးကို ကိုကို့သိပါတယ်ကလေးရယ်...."
ဟင်းအင်း....ကျွန်တော့် တမင်မေ့ဖျောက်ထားတဲ့ အတိတ်ဆိူးဖြစ်ရပ်တွေကြောင့် ကိုကိုဟာ သူ့ကြောင့်ဆိုတဲ့ အတွေးပင်လယ်ထဲ သိမ်ငယ်စွာ ကူးခတ်ရင်း တောင်းပန်နေတဲ့မျက်ဝန်းတွေဖြင့် ကိုယ့်ကိုငေးကြည့်နေတဲ့ ကိုကို့လက်လေးကို ပြန်လည်ဆုပ်ကိုင်ကာ ခေါင်းခါပြနေမိသည်။
" ကိုက်ိုကြောင့် မဟုတ်ဘူး...."
" ကလေးရယ်...ကိုကို့လေ ဘာတစ်ခုမှ မသိခဲ့ရဘူး နောက်ပြီး....ကိုကို....ကိုကို အသုံးမကျ.."
" မဟုတ်ဘူး....ကိုကို့ကြောင့် မဟုတ်ဘူးလို့..."
Professor ကြီးကို ဘေးထားပြီး အကြည့်စိုက်ကာ တောင်းပန်နေရတဲ့ အတိကအရိပ်ဆိုးတစ်ခုခု ရှိမယ်မှန်း ရိပ်မိသော ဆရာကြီးအနေမခက်ရအောင် အပါးလုပ်သူက စကားဝင်ထောက်ရပြန်သေးသည်။
" အဟမ်း...."
" ပြီးခဲ့ပါပြီ သားရယ်....အကောင်းဆုံးသော အချိန်တွေရောက်နေပြီမို့ ခုအခြေအနေကို အားလုံးက ဂရုတစိုက် သေချာပြုစုပေးပါ ၊ လိုအပ်တဲ့ ဆေးကုသမူအတွက် တပတ်တခါ ကျွန်တော် လာကြည့်ပေးပါ့မယ် ဥက္ကဌကြီး..."
" ဆရာကိုပဲ အားကိုးရမယ်ဗျာ...ကူညီပေးပါအုံး..."
" မဟုတ်တာ...မဟုတ်တာပါ...ဒါပြောရမယ့်စကားမဟုတ်ရပါဘူး....ဒါနဲ့ Meeting ချိန်ရှိသေးလို့ ခွင့်ပြုပေးပါအုံး...ဥက္ကဌကြီး "
"ဟုတ်ကဲ့ပါဆရာ...ကိုသောင်းရေ...ဆရာကို ဂရုတစိုက်သေချာလိုက်ပို့ပေးပါအုံး.."
" ဟုတ်ကဲ့ပါ သခင်ကြီး"
ဟန်သာအိမ်တော်ရဲ့ စိတ်ချရဆုံးသော အိမ်တော်ထိန်းရဲ့ ဆွေမျိုးဖြစ်သည့် ကိုသောင်းတို့မိသားစုက ဟန်သာအိမ်တော်ကြီးထဲမှာ သာ နေထိုင်ခဲ့ကြသည်က နှစ်အတော်ကြာ သခင်မကြီးရှိစဉ်ကတည်းကမို့ လူယုံတော်မ်သားစုလိုဖြစ်နေပြီလေ။
" ကြွပါ ဆရာ.."
အထူးကုပါရဂူကြီးရဲ့ လက်ဆွဲတော် ဆေးအိတ်ကို ယူကာ ဆရာကြီးကို ဦးညွှတ်အလေးပြုပြီး ဂရတစိုက် လမ်ပြခေါ်ဆောင်သွားပါသော ကိုသောင်းကိုကြည့်ကာ ဥက္ကဌကြီးက ခေါင်းညိမ့်ပြီး သဘောကျနေပြန်သည်။
အိမ်ထိန်းကြီးအမှာစကားနဲ့ သောက်စရာ ခပ်နွေးနွေးစွပ်ပြုတ်ပူပူလေးကို အစ်ကိုလေးအနား ချ၍ ခေါင်းငုံ့ကာ နောက်မှတမ်းဆီရပ်နေပြန်သေးသည့် အိမ်အကူမလေးများက တူညီဝတ်စုံများဝတ်ဆင်ကာ သေရပ်သားနားစွာ အိမ်ကြီးရှင် သခင်တွေအလိုကျ ပြုမူဆောင်ရွက်ကြသည်မှာအိမ်တော်ထိန်းကြီးစိတ်တိုင်းကျ ရွေးချယ်စီစစ်ထားခြင်းခံရသည့် ဟန်သာအိမ်တော်ကြီး၏ အိမ်အကူဝန်ထမ်းများဖြစ်ကြ၏။
" အပါးကတော့ မြေးမလေး လိုချင်သား....သားနှစ်ယောက်ရယ် ကဖွားပေးလာမယ့် မြေးမလေး ဘယ်လောက်စကားတက်ပြီး လည်ဝယ်နေမလဲ ဗျာ..အိမ်ထိန်းကြီး..."
" ဥက္ကကြီးရဲ့ မျိုးဆက်သစ်လးကို ကြိုဆိုနေပါတယ် သခင်ကြီး....မြေးလေးကောင်းစစ်အတွက် အဖော်ရတာပေါ့.."
" ဟုတ်တယ်...တစ်ယောက်တည်း ဆိုတာထက် မောင်နှမမိသားစုဝင်တွေရဲ့ ချစ်ခြင်းမေတ္တာက နိူင်းတုမရဘူးလေ...အိမ်ထိန်းကြီးရယ်....မြေးငယ်လေးက ဘာလေးပဲဖြစ်နေနေ..ကျုပ်တို့လူအိုကြီးတွေက ချစ်ပေးဖို့အသင့်ဗျာ..."
" ဟုတ်ပါ့သခင်ကြီး..."
" ဒါနဲ့ သားကြီးတို့ဆီ ဆက်သွယ်ဖို့ လုပ်အုံး Jackson , သမီးဧကရီက သိရရင် ပျော်နေရှာပါ..."
ဆေးအရှိန်လေးဖြင့် living room ထဲက နားနေဆောင်လေးထဲဝယ် ဂွမ်းစောင်ပါးလေးခြုံလွှမ်းကာ အိပ်ပျော်နေရှာတဲ့ ကလေးငယ်ကို နွေးနွေးထွေးထွေးအိပ်စက်နေပြီဆိုမှ အပါးတို့စကားဝိုင်းထဲ ဝင်ထိုင်လာသော ရဲရင့်က ခေါင်းလေးညိမ့်ပြပြီးအပါးစကားဆို ထောက်ခံနေပြန်သည်။
" ဟုတ် အပါး..."
" သားငယ် လေးကို စိတ်ပင်ပမ်းမူမဖြစ်စေနဲ့၊ ပထမကိုယ်ဝန်ဆောင်စဉ်ကြုံတွေ့ရတဲ့ အခက်အခဲကို တို့တွေ သိနားလည်တာထက် သားငယ်လေးက ပိုပြီး ခံစားခဲ့ရတာ ..သားကပဲ အလုပ်တွေ လွဲစရာရှိတာလွဲပြီး ဖေးဖေးမမဆက်ဆံပေး...ကြားလား Jackson "
" ဟုတ်အပါး...မနက်ဖန် Meeting မှ တချို့လုပ်ငန်းတွေကို company adviser ကို အကြံတောင်းပြီး လွဲအပ်ဖို့ ပြင်ဆင်ပါ့အပါး...ကလေးငယ်တို့သားအဖ ကိုလည်း ကိုယ်တိုင်ကြင်နာပေးပါ့မယ် "
" သားကို အပါးယုံပါတယ်..."
" ဟုတ်ကဲ့ပါ...ကလေးအကြိုက် စားကောင်းသောက်ဖွယ်လေး ပြင်ပေးပါအုံး အိမ်ထိမ်းကြီး...ခုတလောကလေးငယ်က ချဉ်ချဉ်စပ်စပ်အရမ်းခံတွင်းတွေ့ နေသလိုပဲ..."
" ဟုတ်တာပေါ့....အစ်ကိုလေးစိတ်တိုင်းကြ ..အန္တရာယ်လည်း မဖြစ်အောင် ဆေးဖက်လည်းဝင်အောင် ပြင်ဆင်ထားပါ့မယ် သခင်လေး.."
" ကျေးဇူးပါ .."
Daddy ရဲ့ သားလေးလား? သမီးလေးလား ? မသိရသေးတဲ့ ကလေးလေးရေ...Daddy က များစွာ ချစ်ပေးမှာမို့ ကလေးပါးပါးရဲ့ ဗိုက်လေးထဲ အဆင်ပြေပြေလေး ရှိနေပေးပါနော်။ ဘာအန္တရာယ်မှ မကျရောက်အောင် daddy က အစွမ်းကုန် ကြင်နာပေးမှာမို့...။
ကလေးငယ် အိပ်စက်နေသည့်နေရာလေးကို စိတ်မချနိုင်စွာ နောက်တစ်ကြိုမ်သွားရောက်အတည်ပြုပြီးမှာ living room ထဲ ဆူဆူညံ့ညံမဖြစ်စေရန် အိမ်အကူများအား မှာစရာရှိတာ အနည်းငယ်မှာပြီး ph ကိုယူကာ ဆက်သွယ်မိသည်က Germany ရောက် အစ်ကိုမင်းမြတ်ဟန်သာတို့ဆီသ်ို့။ အချိန်ကွာခြားမူအနည်းငယ်ဖြင့် လုပ်ငန်းခွင်ထဲရောက်နေသော အစ်ကိုမင်းမြတ်က ကလေးငယ်သတင်းသိရချင်း ပျော်ရွှင်မြူးစွာ ဂုဏ်ယူပေးနေသေးသည်။ ဇနီးဖြစ်သူ Dr.ဧကရီကျော်သက်က ပါရဂူအတွက်စာတမ်းပြင်နေသည်မို့ မိမိတို့လင်မယားမှာ သား/သမီးရတနာ ရင်ဝယ်မပိုက်အားသေး။ တူလေးဖြစ်သူ ကောင်းစစ်ဟန်သာ အပေါ်တွင်သာ သား/သမီးချစ်ခြင်းမေတ္တာ ပုံအပ်ကာ ဟန်သာအိမ်တော်ကြီးက တယုတယ ချစ်မြတ်နိုးနေကြသည်လေ။ နောက်လ အလုပ်ပါးချိန် ဇနီးဖြစ်သူ Dr.ဧကရီနှင့်တိုင်ပင်ကာ vacation အနည်းငယ်အချိန်ယူပြီး ဟန်သာအိမ်တော်ဆီ ပြန်လာမည်ဖြစ်ကြောင်း အပါးဆီကို စကားပါးလိုက်သည့် အစ်ကိုမင်းမြတ်ဟန်သာ။
ဆေးရှိန်ကြောင့်အိပ်ချင်စိတ်ပြသနေတဲ့အမျိုးသားလေးကို ကောက်ပွေ့ကာ အပါးတို့ကိုနူတ်ဆက်ပြီး အပေါ်ထပ်အိပ်ခန်းဆီသို့ ။
နူးညံ့သောမွေ့ရာပေါ် အသာအယာချပေးတော့ အင်း /အဲ လုပ်ကာ တစ်ဖက်လှည့်၍ အိပ်ပျော်နေသူလေး။ ကလေးငယ် အိပ်နေသည်ကိုအခွင့်ယူကာ မပြီးသတ်သေးသော အလုပ်များကို laptop ဖွင့်ကာ အလုပ်လုပ်နေမိခြင်း။
အွန်းးးးး
" နိုးပြီလား..."
အင်းဆိုကာ တစ်ဖက်ကို ဆတ်ခနဲလှည့်၍ ခွေအိပ်နေပါသော ကလေးငယ်လေးရယ်ကြောင့်ကိုယ်မှာ အထိတ်ထိတ်အလန့်လန့်။
" ဖြေးဖြေး လှည့်ပါကလေးရာ....ဒီဗိုက်လေးထဲမှာ baby သေးသေး လေးရှိနေတယ်လေ..."
" ဟီး....မေ့သွားတာ..."
" ဒါမေ့စရာမဟုတ်ဘူး ကလေးငယ်ရ...အစစအရာရာသတိထားမှာပေါ့ မဖြစ်ဘူး နောက်နေ့ကစ သားမွှေးကောဇောကိုအပေါ်တစ်ခုလုံးခင်းပေးဖို့ အိမ်တော်ထိန်းကိုပြောထားရမယ်.."
" ကိုကိုကလည်း ကြံဖန်စိတ်ပူပြီ"
" ပူရတာပေါ့ဗျာ...ကလေးသာတစ်ခုခုဆို ကိုကိုအရင်သေရပါလိမ့်မယ် "
" ကိုကို..ဒါနဲ့ သားငယ်က လက်ခံပါ့ပေးပါ့မလား ငယ်လေးရလာတဲ့အပေါ်မှာ ..."
" ဘာမှမစိုးရိမ်နဲ့ ကလေးရာ...သားငယ်ကို ကိုယ်သေချာရှင်းပြပေးမှာပေါ့..ကလေးကသာ စိတ်ရိမ်တွေ မဝင်မိစေနဲ့ဗျ...အဲလိုစိုးရိမ်သောကတွေက ကလေးတို့လိုကိုယ်ဝန်ဆောင်တွေအတွက် မကောင်းဘူးတဲ့ "
"ကိုကို ဘယ်လိုသိလဲ..."
" ဒီမှာလေ ...." လက်ထဲကိုင်ပြလာသောက်ိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ဆောင်ရန်ရှောင်ရန်လမ်းညွှန်ဟု စာလုံးကြီးဖြင့် ထုတ်ဝေထားသော မိခင်နှင့်ကလေးစောင့်ရှောက်ရေးနည်းလမ်းများစွာ ပါဝင်သည့် စာအုပ်ကို ကိုကိုက ပြုံးကာ ကိုင်မြှောက်ပြလာသည်။
ပြွတ်~~~~
ကလေးငယ်နဖူးလေးဝယ် အနမ်းတစ်ပွင့်ခြွေကာ တောင်းပန်စကားဆိုနေမိသည်။
" သားငယ်ကိုယ်ဝန်ဆောင်ချိန်တုန်းက ကိုယ်တကယ့်မကောင်းခဲ့တာမို့ ခုထိ ပြန်တွေးတိုင်း သားငယ်အပေါ် တာဝန်မကျေခဲ့တဲ့ ဖခင်တစ်ယောက်အဖြစ်ခံစားနေရတုန်းပဲ ကလေးရယ်...မင်းကိုကို့က တကယ်မကောင်းခဲ့ဘူး တောင်းပန်ပါတယ် သည်းငယ်ရယ်...ဒီကိုက်ိုက တောင်းပန်ပါတယ်"
" ဟင်းအင်း....အဲလိုစိတ်တွေ ရှိမနေစေချင်ဘူး....သားငယ်က သူ့ဒယ်ဒီကို ဘယ်လောက်ချစ်သလဲဆိုတာ သိတယ်မဟုတ်လား...ပြန်တွေးပြီး ဝမ်းနည်းနေတာမျိုးမလိုချင်ဘူး...ကိုကိုရယ်"
ကိုယ်ရင်ခွင်ထဲ တိုးဝင်ကာ နှစ်သိမ့်စကားဆိုလာသူလေးရဲ့ ကိုယ်လုံးလေးကို ခပ်ဖွဖွဖက်ကာ ချစ်ခြင်မေတ္တာတို့ဖြင့် ခေါင်းညိမ့်ပြနေသည့် Daddy ရဲရင့်ဟန်သာ။
" အင်းပါ...ဒီကလေးဖေဖေလေးက ကျန်းမာပျော်ရွှင်နေရမယ်ဆိုတာ သိတယ်ဟုတ်...Daddy ကလေးလေးရေ ကျန်းကျန်းမာမာနဲ့ မွေးဖွားလာခဲ့ပါ Daddyတို့က နွေးထွေးစွာကြိုဆိုနေမှာမို့ ပြွတ်...."
" အဟိ...ယားတယ် ကိုကို ."
ပက်လက်ကလေးဖြစ်နေတဲ့ မပူသေးသောဗိုက်လေးကိုတချက်နမ်းကာ ဆိုနေမိသည့် Daddyကြီးရယ်ပါ..."
" ကိုကို ဘာလေး လိုချင်လဲ ....သားသားလား? မီးမီးလေးလား ? ..."
" ကိုကိုက ဘာလေးဖြစ်ဖြစ် အစွမ်းကုန် ချစ်ပေးမှာ..."
" ကလေးရောပဲ...."
" အင်း...အန္တရာယ်ကင်းကင်းမွေးဖွားဖို့ ကိုကိုက ကြင်နာပေးပါရစေနော်..."
" အင်းပါ....ကိုကိုက အစိုးရိမ်လွန်နေပြီ...ခုမှ သေးသေးလေးရှိသေးတာကို "
မျက်စောင်းလေးဝင့်ချီကာ အကဲဆတ်နေသူလေးရဲ့ နဖူးလေးကို အနမ်းခြွေတော့ ကိုကိုအကဲပိုတယ်ဟုဆ်ိုကာ ရင်ခွင်ထဲ တိုးဝင်လာနေသောကလေးတို့ ပါးပါးလေးကို ဖြစ်ညှစ်က ပွေ့ပိုက်နမ်းချင်မိသည်။
" ဟားးးးးးးဒါဆို ကိုကိုက Daddyအကဲပိုကြီးပေါ့....ဟုတ်လား "
" အွန်း...."
#မမအတွeက် vote ပေးခဲ့ဖို့ မမေ့နဲ့နော်
#Take care all
zawgyi
" အပါး....."
" ကလေးငယ်..."
" ကျေးဇူးတင်ပါတယ်ဗျ...."
" သခင်ကြီး.."
" ဟုတ်ကဲ့ပါ သခင်လေး..."
" သား...လာလေ...."
" ဆရာ...."
" အပါး..."
" လာ ..သားငယ်..."
" ဟုတ်ပါ့ ဆရာရေ..."
" ဟုတ်ကဲ့ပါ ဆရာ...."
" ဟုတ်ကဲ့ပါ ဆရာ..."
" အဟား.......တကယ်....တကယ်လား...ဆရာ...."
" ဂုဏ်ယူပါတယ် သခင်ကြီး...."
" ကျေးဇူး တင်ပါတယ်ဆရာ...."
" ဗျာ......"
" ကလေးငယ်...."
" ဟုတ်ပြီး....နောက်ရော...."
" ကလေးငယ်.."
ဟင်းအင်း....ကျွန်တော့် တမင်မေ့ဖျောက်ထားတဲ့ အတိတ်ဆိုးဖြစ်ရပ်တွေကြောင့် ကိုကိုဟာ သူ့ကြောင့်ဆိုတဲ့ အတွေးပင်လယ်ထဲ သိမ်ငယ်စွာ ကူးခတ်ရင်း တောင်းပန်နေတဲ့မျက်ဝန်းတွေဖြင့် ကိုယ့်ကိုငေးကြည့်နေတဲ့ ကိုကို့လက်လေးကို ပြန်လည်ဆုပ်ကိုင်ကာ ခေါင်းခါပြနေမိသည်။
" ကိုက်ိုကြောင့် မဟုတ္ဘူး...."
" အဟမ်း...."
" ဟုတ်ကဲ့ပါ သခင်ကြီး"
" ကြွပါ ဆရာ.."
" ဟုတ်တယ်...တစ်ယောက်တည်း ဆိုတာထက် မောင်နှမမိသားစုဝင်တွေရဲ့ ချစ်ခြင်းမေတ္တာက နိုင်းတုမရဘူးလေ...အိမ်ထိန်းကြီးရယ်....မြေးငယ်လေးက ဘာလေးပဲဖြစ်နေနေ..ကျုပ်တို့လူအိုကြီးတွေက ချစ်ပေးဖို့အသင့်ဗျာ..."
" ဟုတ်ပါ့သခင်ကြီး..."
" ဟုတ် အပါး..."
" သားကို အပါးယုံပါတယ်..."
" ကျေးဇူးပါ .."
အွန်းးးးး
" နိုးပြီလား..."
" ဟီး....မေ့သွားတာ..."
"ကိုကို ဘယ်လိုသိလဲ..."
ပြွတ်~~~~
" သားငယ်ကိုယ်ဝန်ဆောင်ချိန်တုန်းက ကိုယ်တကယ့်မကောင်းခဲ့တာမို့ ခုထိ ပြန်တွေးတိုင်း သားငယ်အပေါ် တာဝန်မကျေခဲ့တဲ့ ဖခင်တစ်ယောက်အဖြစ်ခံစားနေရတုန်းပဲ ကလေးရယ်...မင်းကိုကို့က တကယ်မကောင်းခဲ့ဘူး တောင်းပန်ပါတယ် သည်းငယ်ရယ်...ဒီကိုကျိုက တောင်းပန်ပါတယ်"
" အဟိ...ယားတယ် ကိုကို ."
" ကလေးရောပဲ...."
မျက်စောင်းလေးဝင့်ချီကာ အကဲဆတ်နေသူလေးရဲ့ နဖူးလေးကို အနမ်းခြွေတော့ ကိုကိုအကဲပိုတယျဟုဆျိုကာ ရင်ခွင်ထဲ တိုးဝင်လာနေသောကလေးတို့ ပါးပါးလေးကို ဖြစ်ညှစ်က ပွေ့ပိုက်နမ်းချင်မိသည်။
" အွန်း...."
#Take care all
Bạn đang đọc truyện trên: ZingTruyen.Xyz