Extra (5) Final
" ကလေး နေထိုင်ရအဆင်ပြေရဲ့လား..."
လများစွာဖြတ်သန်းပြီးတဲ့နောက် သိသာစွာပူဖောင်းလာသော အမောင်ငါးစပူဗိုက်လေးအား ရဲရင့်ဟန်သာတစ်ယောက် မျက်ခြေမပျက်စောင့်ရှောက်နေသည်ကြားက တဖြည်းဖြည်း ဖောင်းလာခဲ့သည့် သမီးရတနာတည်ရှိရာ ဝမ်းကြာတိုက်လေး။
ဖခင်ကြီးအပါအဝင် ဒေါက်တာဧကရီကျော်ပင် မကြာခဏ ပြည်တော်ပြန်ဝင်ခဲ့သည့်အကြိမ်အရေအတွက်ပင် ကြိမ်ဖန်များခဲ့ရသည့် အကြောင်းအရင်းသည်ကား အမောင်ငါးစပူဗိုက်လေးအား ထိခိုက်မှာစိုးရိမ်သည်ဆိုသည့် အကြောင်းကြောင့် Germany မှ အမိမြေသို့ မကြာခဏ ခြေချမိ၏။
သားကြီးဖြစ်တော့မည့် ကောင်းစစ်ဟန်သာသော်ပင်လျှင် ဖခင်အနီးနားကပ်ကာ တစ်နေ့သုံးကြိမ်မက ပူဖောင်းနေသည့် ငါးစပူဗိုက်ဖောင်းလေးအား ထိတွေပွတ်သပ်လိုက် အနမ်းခြေရာထင်ချန်စေလိုက်ဖြင့် မမွေးရသေးသော ညီမအလှရတနာအတွက် မောင်နှမသံယောဇဉ်ကြီးစွာ တုပ်နှောင်ခဲ့သည်မဟုတ်ပါ့လား။
" ခြေထောက်နည်းနည်းကိုက်ချင်တယ် ကိုကို....ခါးတွေရော..."
" မွေးဖွားကာနီးလို့လား ကလေး..."
" အင်း...due date က လိုပါသေးတယ် ..."
" ပြောမရဘူး ကလေးရာ...ကိုကိုစိတ်ပူတာပဲ...ညကြ ရေနွေးလေးနဲ့ ခြေထောက်စိမ်ပေးရင်ရော.ကိုကိုတိုင်းရင်းဆေးနဲ့ နှိပ်နယ်ပေးမယ်နော်..."
" အင်းပါ...."
ဖြူလွလွသားမွှေးအိပ်ယာပေါ်ဝယ် ခေါင်းအုံးလေးမှီကာ ထိုင်နေသည့် ၉လနီးပါး ထမ်းထားရသော ကိုယ်ဝန်ဆောင်အမျိုးသား ကောင်းပြည့်လေး၏ ဒုက္ခအလုံးစုံကို ငဲ့ညာသနားမိသည့် အိမ်ထောင်ဦးစီး ရဲ့ရင့်အတွက် စိုးရိမ်မူကမြင့်သထက်မြင့်မားခဲ့ရသည်။ အလုပ်ကိစ္စကိုပင် လူယုံလွဲရသလို တချို့လူမူ့ရေး/စီးပွါးရေးအစည်းအဝေးများစွာ တာဝန်လစ်ဟင်းခဲ့ရသည်။
အမျိုးသားကိုယ်ဝန်ဆောင်ခြင်း၏ များပြားလှသော အန္တရာယ်ကို အသက်ပေးကာ ခက်ခက်ခဲခဲသယ်ပိုးထားရသည့် အမျိုးသားအနီး အချိန်ပြည့် ခြေဆုပ်လက်နှယ်ပြုစုနေသည့်ကြားက စိုးရိမ်မူမြင့်မားခဲ့သည်မှ အချိန်စက္ကန့်၊ မိနှစ်အမျှ တိုး၍သာ ထိတ်လန့်နေခဲ့ရသည်။
" ကိုကို...ဒေါက်တာခေါ်လိုက်မယ်...ခဏလေးနော်...."
" မနက်ကပဲပြောသွားတာလေ ....ကိုယ်ဝန်ဆောင်သူတိုင်းတွေ့ကြုံရတဲ့အခက်အခဲမို့ ကလေးသည်းခံနိုင်ပါတယ်....မခေါ်ပါနဲ့..."
" အဲလိုဘယ်ဟုတ်ပါ့မလဲ ကလေးရာ...ကျန်းမာရေးဝန်ထမ်းတိုင်းက စောင့်ရှောက်ရမည့်တာဝန်တွေ ထမ်းဆောင်ရတာမဟုတ်လား...."
" ဒါကတော့ ဒါပေါ့.....ခုလည်း ဖြစ်ရိုးဖြစ်စဉ်မို့ ခဏနေ သက်သာမှာပါ ကိုကိုရာ....."
သားမွှေးအိပ်ယာပေါ် ခြေဆင်းထိုင်နေသော အမျိုးသားအနီး တိုးကပ်ထိုင်ကာ ပူဖောင်းနေသည့် ဗိုက်ဖောင်းဖောင်းလေးအား ပွတ်သပ်ကာ သနားကြင်နာသည်မဟုတ်ပါ့လား။ မျိုးတူအမျိုးသားယောကျာ်းလေး ဖြစ်သော်ငြား ကိုယ့်ဆိုးသည့်ဒဏ်ကို လူးလဲခံစားရင်း သားတစ်ယောက်ကို မွေးဖွားပေးသည့်အပြင် မိသားစုတွေ အဆင်ပြေကြသည့်တိုင် ချစ်ခြင်းမေတ္တာသံယောဇဉ်တစ်ကြိုးထပ်မံ တွယ်နှောင်ကာ ဒုတိယ ရင်သွေးရတနာကို ခက်ခက်ခဲခဲ လွယ်ပိုးထားရသည့် ကောင်းပြည့်လေးကိုကြည့်ပြီး သနားဂရုဏာစိတ်များဖြင့် ပြည့်ပြည့်တင်းတင်းနဖူးစလေးထက်နားရှိ ဆံစလေးများကို နမ်းရိူက်မွှေးကြူမိသည်။
" သက်သာမှာပါကလေးရယ်.....ကိုယ်တ်ို့သမီးက သူ့ပါးပါးနာကျင်စေမှမဟုတ်တာ ကိုယ်ယုံကြည်တာမို့ ခဏသည်းခံပေးပါ နော်...."
" အင်း....သမီးက ကျွန်တော်ကို ဘယ်တော့မှ မနာကျင်စေဘူး....ခုဟာလည်း ဖြစ်ရိုးဖြစ်စဉ်မို့ ငြင်းဆန်မရဘူးလေ ကိုကိုရာ...."
" ဒါပေမယ့် ကလေးကို ကိုယ်အားနာလာတယ်....ကိုယ်တောင်းဆိုမူကြောင့် ခုလိုခက်ခဲစွာနေထိုင်ရသည့် ဒုက္ခဆင်းရဲကြီး သယ်ပိုးထားနေရတာမျိုး....ကိုယ်..."
" ကိုကိုတောင်းဆိုလို့ ပါချင်ပါမယ် ဒါပေမယ့် သမီးငယ်တည်ရှိမူမှာ ကျွန်တော်လိုလိုလားလား သယ်ပိုးချင်မိတာပါ.....သားကို မောင်နှမမေတ္တာသံယောဇဉ်လေးနဲ့ သိုက်သိုက်ဝန်းဝန်းနေစေချင်တယ်...."
" ဒါပေမယ့် ကိုယ့်ကလေး နာကျင်ခံစားနေရတယ် ..."
" ဒီနာကျင်မူဆိုတာ နောက် ခဏအကြာ လူ့လောကထဲရောက်လာမည့် သမီးငယ်မျက်နှာမြင်ရတာနဲ့အလိုလို အငွေ့သဖွယ်လွင့်စင်လိမ့်မယ်ကိုကို.....ကျွန်တော်ပျော်တယ်....ကိုကိုတို့သားအဖရဲ့ပျော်ရွှင်ကြည်နူးမူလေးတွေက ကျွန်တော်အတွက် အဖိုးမဖြတ်နိုင်တဲ့ ခွန်အားမျိုးပါ...."
" အင်းပါ ကလေးရယ်...."
" အပါးရဲ့မျှော်လင့်လေးဖြစ်တဲ့ သမီးငယ်ကို မမဧကရီတို့ကလည်း အများကြီးမျှော်လင့်ထားကြတာမဟုတ်လား ....ကျွန်တော်တို့ထက် လိုလားတောင့်တနေကြတဲ့မိသားစုဝင်တွေကြောင့်လည်း နာကျင်ခက်ခဲမူက ဖြေသိပ်နိုင်ပါတယ်ကိုကိုရာ...ကျွန်တော်သမီးလေးက ထူးခြားစွာမွေးဖွားလာသူလေးမို့ သမီးငယ်တည်ရှိခြင်းနဲ့ပတ်သတ်ပြီးအားနာစိတ်တွေ မဖြစ်စေချင်သလို သမီးငယ်ခံစားစေရမည့် စကားမျိုးတွေလည်း ကျွန်တော်မကြားချင်ဘူး...ကျွန်တော်အဆင်ပြေနေတာပါ"
" စိတ်ချပါကလေးရယ်....သမီးငယ်တည်ရှိမူက ဟန်သာအိမ်တော်တစ်ခုလုံး ပျော်ရွှင်စွာ စောင့်ကြိုနေမှာမို့ ကလေးငယ်က အဆင်ပြေကျန်းမာအောင်နေပေးရမယ်နော်....."
" အင်း....."
" ဒါဆို ခဏနေ ညစာစားချိန်မို့ အပေါ်ထပ်မှာစားကြမလား..."
ခေါင်းရမ်းလာမှာသိပေမယ့် ငါးစပူဗိုက်ဖောင်းလေးအား အဆင်း/မတက်မလုပ်စေချင်တော့ပါ။ အိမ်တော်အောက်ထပ်ပြောင်းနေကြမလား တိုင်ပင်သော်လည်း နေမြဲလက်စရှိသော ဒီအခန်းလေးကိုမက်မောသည် ဆိုလာပြန်တော့ရဲရင့်ဟန်သာ ခေါင်းညိတ်ရစမြဲ ထပ်တိုးမတောင်းဆိုရဲတော့ပါ။ ထိုငါးစပူဗိုက်ဖောင်းလေးအလိုကြ အဆင်းအတက်ကို ချော်လဲစေမည့် ဘယ်အရာမဆိုဖယ်ရှားစေကာ နူးညံ့မွှေးပျံသည့် ပန်းရနံ့ပေါင်းစုံအမွှေးနံ့သာတို့ကိုသာ ဒုတိယတစ်ထပ်လုံးကို ဆင်မြန်းစေမြန်း အမောင်ဗိုက်လေး နေ့သစ်တ်ိုင်းက လန်းဆန်းစေသည်။
" အဆင်း/အတက် ကိုကိုစိတ်ပူလို့ပါ ကလေးရယ်....."
" တစ်အိမ်တော်လုံး ဂရုစိုက်နေသည့်ကြားက ကျွန်တော်ဘာဖြစ်နိုင်မလဲ ကိုကိုရာ.."
" ဒါပေမယ့် ကလေးရာ..."
" ကိုကို့အစိုးရိမ် လွန်နေတာပါ....."
" အင်းပါ ဒါဆို ကိုယ်တို့ အောက်ထပ်ဆင်းပြီး လမ်းလျှောက်ကြရအောင်လေ..."
" အွင်း....ကျွန်တော်ကိုကြည့်ပါအုံး...အကျင်္ီလဲရအုံးမလားဆိုတာ....နောက်ပြီး ဒါကြီး မဝတ်ချင်ဘူး...."
နူတ်ခမ်းလေးဆူကာ ပြည့်ပြည့်ဖောင်းနေသည့် မျက်နှာဝိုင်းလေးက သမီးငယ်ကိုယ်ဝန်ဆိပ်ကြောင့် နဂိုထက်ပို၍ နုသည်/ ဖြူသည့် ကလေးက နေထိမခံသော ဒဏ်ကြောင့်ပိုမို နုဖတ်ကာ ချောမောလွန်းလှ၏။
အဝါရောင် ဒူးအတိ တစက်တည်း အမျိုးသမီးဂါဝန်ကဲ့သို့သော အပျော့သားဒီဇိုင်းနာချုပ် ကိုယ်သည်များအတွက် သီးသန့်ချုပ်ပေးထားသည့် ထိုအဝတ်စားအပေါ် ငြီးငွေ့ဟန်ပြနေသည့် ကလေး၏ မူဟန်လေးက အသည်းယားစရာမို့ ရဲရင့်ဟန်သာတစ်ယောက်နူတ်ခမ်းလေးကိုက်ကာ လက်သီးဆုပ်ထားမိသည်။
" ဘာလို့လဲ ကလေးရ....ကလေးနဲ့သမီးငယ် နေရထိုင်ရ အဆင်မပြေလို့လားဟင်..."
" ပြေပါတယ် ဒါပေမယ့်မိန်းမဝတ်ဂါဝန်ကြီးလိုပဲ....."
ညိုးငယ်မျက်နှာလေးကို မျက်လွှာလေးငုံ့ကိုင်းကာ ဆိုလာသူလေးရဲ့နောက်ပါးဆီကနေတိုးကပ်ကာ ငါးစပူဗိုက်ဖောင်းလေးအား နောက်ပါးဆီကနေသိုင်းဖက်ကာ အနည်းငယ်ရယ်သောမိတော့ ကိုယ်လုံးပေါ်ကြည့်မှန်လေးထဲကနေ အမောင်ဗိုက်က အလိုမကျမူကို ပြသနေသေးသည်။
" ဘယ်လောက်ချစ်ဖို့ကောင်းလဲ ဆိုတာ ဒီကိုကိုပဲသိမယ်ထင်တယ်....အမျိုးသမီးဝတ်ဂါဝန်ဆိုပေမယ့် သမီးငယ်ကို လွယ်ပိုးထားရတဲ့ မြင့်မြတ်သော မိခင်လောင်းတစ်ယောက်မို့ ကလေးတို့သားအဖ အဆင်ပြေလွတ်လပ်အောင် ကိုကိုစီစဉ်ပေးတာပါ ....အများသူငါထင်မြင်ချက်ထက် ကလေတိူ့သားအဖ အဆင်ပြေပြေတည်ရှိနေဖ်ို့လိုအပ်တယ်လေ..."
" အဲ့ဒါကဟုတ်ပါတယ်....ကြိုးဘောင်းဘီပျော့လေးနဲ့ Tshirt ပွပွကြီးဆိုလဲ အဆင်ပြေနေတာပဲ ကိုကိုရာ...."
" ဒီအခြေအနေကြီးနဲ့တော့ ဘောင်းဘီဝတ်ဖို့စိတ်မကူးပါနဲ့ ကလေးရယ်....ကိုယ့်တို့သမီးလေး မွန်းကြပ်နေပါ့မယ်..."
" သိပ်ပိုတာဗျ..သမီးကခုအခြေအနေနဲ့ ဘာသိအုံးမလဲ..."
" ၉လထဲ ဝင်နေပြီဆိုတော့ ဒီဖေဖေက နေ့စဉ်နဲ့အမျှရင်ခုန်နေရပြီလေ ...မကြာခင်လူ့လောကထဲရောက်လာမည့်ကိုယ်တို့သမီးလေးက ဘယ်လောက်ချစ်ဖို့ကောင်းမလဲ တွေးတိုင်း ကြည်နူးရပြန်ရော.."
" ဟုတ်ပါပြီ ဒယ်ဒီကဲကဲသည်းသည်းရယ်....မွေးဖွားပေးမည့် အစ်ကိုတည်မြဲတို့ဆီက ဘာသတင်းရသေးလဲ...လာတော့မှာတဲ့လား..."
" အဲ့ကိစ္စကိုကိုပြောဖို့ မေ့နေတာ....လာထိုင်ပါ့အုံး မောင်မောင်ဗိုက်ရယ်...."
သားမွှေးခင်းထားသည့် အိပ်ယာပေါ်ထိုင်ခိုင်းပြီး မနေ့ညက ဝင်လာသည့် e-mail အကြောင်း ခင်ပွန်းဖြစ်သူထံ အစီရင်ခံတင်ပြနေမိသည်။
" နောက်အပတ် လာကြမည်ပြောတယ်..ကလေးက သိပ်မှမလိုတော့တာ...ဒီငါးစပူဗိုက်ဖောင်းလေးကိုအချိန်နဲ့အမျှ စိတ်ပူနေကြတဲ့လူတွေထဲ အစ်ကိုတို့ကလည်း စိတ်မချဘူးတဲ့လေ..."
" ကျွန်တော်သားနဲ့သမီးက ကံကောင်းလိုက်တာနော်...ပြည့်ပြည့်စုံစုံ နေထိုင်ရတဲ့အပြင် ချစ်ခင်နှစ်သက်ပေးသူတိုင်းကလည်း ဂုဏ်အာဏာကြီး အထက်တန်းလွှာလူတန်းစားတွေမို့ မွေးဖွားပေးရမည့် ကျွန်တော်က တခါတလေ သိမ်ငယ်တဲ့ဗျ...."
" ဟာ....အဲလိုမတွေးရဘူးကလေးရ....ဘယ်လိုတောင်တွေးရက်တာလဲကွာ...."
ခေါင်းလေးငုံ့ကာ သိမ်ဝင်လာသော အသံချိုချိုလေးရဲ့မူပိုင်ကို မေးဖျားလေးကနေပင့်မော့ကာ နူးညံ့ညင်သာစွာ ပွေ့ဖက်နေမိသည်။
ကလေးငယ်ပြောရာလည်း အမှားမရှိခဲ့ပါ။
ကောင်းစစ်ဟန်သာတို့မောင်နှမ တွေက ကံကောင်ူမူများဖြင့်မွေးဖွားခဲ့သူများမို့ အစစအရာရာ အခြွေအရံအပြည့် ။ လိုအပ်သည်မရှိအောင် ကာကွယ်စောင့်ရှောက်ကာ ကြင်နာပေးမည့်သူများကလည်း ပတ်ခြာဝိုင်းနေသည့်မို့ မမြင်တွေ့ရသေးသော သမီးငယ် အိမ့်မူးဟန်သာ လေးကိုကြိုဆိုဖို့ရန် အစ်ကိုမင်းမြတ်လည်း ပြန်လာမည် သတင်းစကားရထားပြန်သေးသည်။
" ပါ့ပါး....."
ကျောင်းကပြန်ရောက်လာသော သားကြီးကောင်းစစ်ဟန်သာကို အိမ်အကူများ၏ အကူအညီဖြင့်သန့်ရှင်းစေကာ အပေါ်ထပ်တက်လာပုံရသည်လေ။
" ဗျ ဗျာ့....ဖြေးဖြေးလာပါ သားရယ်..."
" ညီမလေး ကိုတွေ့ချင်လို့လေ...ဟီး ဒယ်ဒီ..."
" ဟုတ်ပါ့ပြီဗျာ...."
" ဒယ်ဒီတို့ထိုင်နေကြတာ သားက ဒယ်ဒီကိုမမြင်ဘူး မပြောနဲ့နော်...ဒယ်ဒီဝမ်းနည်းမိမှာ.."
" တကယ် မြင်ဘူး...သားသားက ညီမလေးလွမ်းလို့ပြေးလာလိုက်တာဆို..."
" ဟားးးးးးဟုတ်ပါပြီကွာ..."
" ပါးပါး...ဒီထဲက ညီမလေးကို နိူးပေးပါအုံး..."
ဗိုက်ပူပူလေးကို ဖက်ကာ နား, အနားကပ်၍ ကပ်ကြည့်နေသည့် သားဖြစ်သူလုပ်ရပ်အချို့ကို ရဲရင့်ဟန်သာ လက်ပိုက်ကာကြည့်နေမိသည်။
" ဘာလို့လဲ သားသားရ..."
" သားသား အာဘွားပေးမလို့လေ...ညီမလေးအိပ်နေရင် ဘယ်သိမလဲ..."
" ဟားးးးးလူတက်ကလေးကွာ....လာပါအုံး ဒယ်ဒီဆီ.."
သားဖြစ်သူရဲ့ ပြောစကားကို ရဲရင့်ဟန်သာ အံ့ဩမဆုံး ပြုံးရယ်နေမိရာကနေလက်နှစ်ဖက်ဆန့်ပေးနေမိသည်။
သားဖြစ်သူကို ပေါင်ပေါ်တင်ကာ သားအဖနှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်နေသော်လည်း ငါးစပူဗိုက်ပူလေးကိုသာထိတွေ့ကိုင်နေသည့် ကောင်းစစ်က ပူပေါင်းလေးထဲ သမီးငယ်ရဲ့ လူပ်ရှားမူကို မျှော်တလင့်လင့်စောင့်စားနေသည့်ဟန်။
" အာ....ပါ့ပါး...ညီမလေး နိုးလာပြီ..ဟိ.."
ဗိုက်ပူလေးထဲက သန္ဓေသားလူပ်ရှားမူလေးကြောင့် မျှော်လင့်ခြင်း ပြည့်ဝနေသည့် ကောင်းစစ်ဟန်သာရဲ့ မျက်ဝန်းလေးထဲက နှစ်သက်ကျေနပ်တွေ လျှံကျနေသည့်နှယ် ။
" ဟုတ်လား...သားသား...ဘယ်နားကလဲ ..ဒယ်ဒီကိုပြပါအုံး..."
" ဒီိနားလေး ဒယ်ဒီ....ဒီနား....."
အပျော့သားကိုယ်ဝန်ဆောင်ဝတ်ပေါ်ကနေ လက်ကလေးများ ပန်းပြာခတ်ရှာဖွေနေသည့် သမီးငယ်ရဲ့ နူတ်ဆက်နည်းကို မျှော်လင့်ချက်မျက်နှာ ဝင်းပပလမင်းပမာ ပျော်ရွှင်ကျေနပ်နေကြသည့် ကဲသည်းသားအဖ။
" အေးကွာ....ဒယ်ဒီသားကြီးက ညီမလေးကို နူတ်ဆက်လိုက်ပါ့အုံး..."
" Hello ညီမလေး...နေကောင်းရဲ့လား..."
"......အ့......အဲ..သားသား စကားကိုသိနေတဲ့အလား...ဒီနားက လူပ်တယ် ကိုကို..."
"ဟုတ်လား လှဲလိုက်လေ ခဏ ....ကိုက်ိုခေါင်းအုံးပြင်ပေးမယ်....."
ဗိုက်ပူလေးနားကမခွါကပ်နေသည့် အမောင်ကောင်းစစ်တို့က လက်ခုပ်တီးကာပင်ပျော်နေ၏။
" သား ထပ်ပြောချင်သေးတယ်...." ငါးစပူဗိုက်လေးကိုင်ကာ နားလေးကပ်ပြီး လူပ်ရှားသည့်နေရာလေးအား အနမ်းသေးသေးပေးလာသည့် အစ်ကိုကြီးကောင်းစစ်ရဲ့ ချိုသာသံတို့ကြောင့် သမီးငယ်အိမ့်မှူးတစ်ယောက် လူပ်ရှားတွန်းကန်နေပြန်ပြီ။
" ညီမလေးရေ...ကိုကိုက များကြီးချစ်တယ်နော်..ပါ့ပါးကို နာနာကြီးဖြစ်အောင်မလုပ်ရဘူးနော်...မွ...."
" အဲ.....ငြိမ်သွားပြီကလေး....သမီးကသူ့ကိုကိုအသံ သိနေတဲ့အတိုင်း.."
" ဟုတ်မှာ....လာပါအုံးပါးပါးက သားသားကို ဖက်ထားချင်လို့....."
လက်လေးဆန့်ပေးရင်းဘေးနားခွေကာ လည်ပင်းလေးကိုပွေ့ဖက်ကာ နမ်းရိူက်လာသည့် ကောင်းစစ်ကြောင့် နေစဉ်ကြည်နူးရသည့် မိသားစု ရသလေးကြောင့် အမြဲပျော်ရွှင်ရသည်။
" ပါ့ပါး...."
" ဗျာ..."
" ညီမလေးက ဘယ်တော့လောက်မြင်ရမှာလဲ ..သားသားမြင်ချင်နေပြီ...."
" မကြာတော့ပါဘူးသားသားရဲ့....ညီမလေးကို ချစ်မှာလား သားက.."
" အများကြီး ချစ်ပေးမှာ...သားသား အဲ့တာလောက်ကြီး...များကြီး...."
"ဟုတ်ပါပြီသားရယ်...ပါးပါးသားလေးက လိမ်မာလိုက်တာ...."
" အွင်း..."
ကုတင်မွေ့ယာပေါ်ဝယ် ကြည်နူးနေသည့် သားအဖနှစ်ယောက်အားကြည့်နေရင်းကနေ ကျရောက်လာသည့် ညချမ်းချိန်ခါမို့ အမောင်ဗိုက်ပူလေးအား အာဟာရပြည့်ညစာ ပြင်ဆင်ပေးရမည်မဟုတ်ပါ့လား။
" ဒါဆို သားကြီးက ပါးပါးနဲ့ခဏနေပေးနော် ဒယ်ဒီ သားပါးပါးအတွက် dinner ပြင်ပေးချင်လို့"
" ဟုတ် ဒယ်ဒီ..."
သူ့အဖေနဲ့ပတ်သတ်လာရင်အမြဲစိတ်ချရသည့် သားကြောင့် ရဲရင့်တစ်ယောက် များစွာကျေနပ်မိသည်။
အချိန်အားဖြင့် ၃နာရီ ကျော် ။
နေ့ရက်အားဖြင့် တနင်္ဂနွေနေ့ သမီးငယ် အိမ့်မှူးလေးကို မွေးဖွားသန့်စင်မည့် နံနက်ခင်းချိန်ခါ။
သမီးငယ်ကိုမွေးဖွားပေးမည့် ပြည်ပရောက် အစ်ကိုတည်မြဲအပါအဝင် စိတ်ချယုံကြည်ရသော သားဖွားမီးယပ်ပါရဂူများ အဖွဲ့က ဟန်သာအိမ်တော်အနီးရှိ International hospital ကြီးမှာ ကောင်းပြည့်လေးရောက်ရှိနေတာ ၂ပတ်မျှ ကြာခဲ့ပြီးနောက် ယခုလို ကျက်သရေအဖြာဖြာဖြင့် သမီးငယ်ကို မီးဖွားမည့် နေ့ချိန်ခါ အလျှောက် ဝမ်းဗိုက်ဆီကနာကျင်ခြင်းများကို စတင်ခံစားခဲ့ရပြီးနောက် တဖြေးဖြေး နာကျင်မူတိုင်းဆမဲ့..။
" အ့......အား...."
" ကလေး...."
" အားး....ကိုကို....မွေးချင်....အင်းးးးးအမေရေ.....အားးးးးး"
" ကလေး...ခဏနော်.....ခဏ အားတင်းထားပါအုံး....."
" အားး..နာတယ်.....ကိုကို......."
" ကလေးရယ်.....ကလေး....."
အောက်နူတ်ခမ်းလေးကို ကိုက်ခဲကာ နာကျင်မူတွေကြားက အသက်လုရူနေရပါသော ကလေးငယ်ကြောင့် ရဲရင့်တစ်ယောက် အနီးနားရှိ အရေးပေါ်ခလုတ်အား ဆက်တိုက်နှ်ိပ်ကာ ပါရဂူအဖွဲ့အား အသိပေးအကြောင်းကြားမိသည်။
ချက်ချင်းပွင့်လာသော တံခါးကိုဖြတ်၍ တွန်းစင်လေးပေါ် ကလေးငယ်အားပွေ့တင်ကာ operation roomထဲ ဝင်သွားပါသော အမျိုးသားကြောင့် လက်နှစ်ဖက်ကျစ်နေအောင်ဆုပ်ကိုင်ရင်း ရဲ့ရင့်ဟန်သာတစ်ယောက် ထိတ်လန့်တုန်လူပ်နေမိသည်။
" စိတ်မပူနဲ့....သမီးလေးကို ကောင်းစွာခေါ်လာခဲ့မယ်..."
" ဟုတ်....စိတ်ချမယ်နော် အစ်ကို..."
Ok sign ပြကာ ခွဲခန်းထဲဝင်သွားပါသော အစ်ကိုတည်မြဲကြောင့် အားတက်သလိုဖြစ်သယောင်ရှိပေမယ့် စိုးရိမ်ပူပင်ခြင်းကာ မည်သည့်အရာကမှ မတွန်းလှန်နိုင်ခဲ့။ခဏအကြာ အပြေးလေးရောက်လာကြသော အစ်ကိုမင်းမြတ်တို့နဲ့သူငယ်ချင်းများက ထိတ်လန့်တုန်လူပ်နေသော ရဲရင့်အားဖေးမ ၍ အားပေးနေကြသည်။
အချိန်မည်မျှကြာသွားလဲ ရဲရင့်မသိလိုက် ခွဲစိတ်ခန်းတံခါးနှစ်ချပ် ပွင့်လာသည့်တခဏ လောကကြီးရပ်တန့်သွားသလို အချိန်နာရီ လက်တံတို့အားလုံးလည်း တိတ်ဆိတ်သွားကြသည်။
" Hello Daddy....."
အစ်ကိုတည်မြဲ လက်ပေါ်က အနှီးထုပ်လေးဖြင့် ပွေ့ချီထားသည့် မျက်ဝန်းလေးမှေးမှိတ်ကာနေသော သမီးငယ် အိမ့်မှူးလေးကို ငုံ့ကြည့်ရင်း ဝမ်းသာပီတိမျက်ရည်ကြည်တို့ကျဆင်းခဲ့ရသည်။
" သမီးလေး...."
" ချစ်စရာလေးကွာ...ဦးတို့တူမလေးက..."
" မှူးမှူးလေး....မီးငယ်ရေ....."
" ရဲရင့်သမီးကကွာ...တကယ့် ချစ်စရာကြီး...."
" တို့အိမ့်မှူး အရုပ်မလေးအတိုင်းပါ့လား..သမီးရ.....အာ.....ဟုတ်လား..."
" တကယ့်ချစ်စရာကြီးကွာ...မရွှေအိမ့်မှူးတို့က လောကကြီးထဲမရောက်ခင်ကတည်းက cele အိမ့်မှူးနော်....မီးလေး...ဟုတ်လား...celeလေး...."
ဦးလေးဆွေမျိုးတသိုက်က ခွဲစိတ်ခန်းရှေ့ဝယ် သမီးငယ်ကို ချီပိုးထားသည့်ကြားက ချော့မြူနေသေးသည်။
" အစ်ကို...ကလေးက...."
မည့်သူတို့က သမီးငယ်အား ချော့မြူသည် လှည့်မကြည့်နိုင်ခဲ့၊ ခွဲခန်းအတွင်း ကျန်ရစ်နေသော အမျိုးသားငယ်ကို စိတ်ပူစွာ လှမ်းကြည့်နေမိသည်။
" စိတ်မပူပါနဲ့...အားလုံးအဆင်ပြေတယ်..ခဏနေ ကောင်းပြည့်ထွက်လာလိမ့်မယ်..."
" ကျေးဇူးပါအစ်ကို...ကျေးဇူးတင်ပါတယ်..."
" ရပါတယ်ကွာ...ရော့ သမီးကို ချီကြည့်ပါအုံး......"
" ဟုတ်အစ်ကို....."
" ငါချီမယ်.....ငါ့က မီးမီး အမေလေ...."
" အဲ့.....အဲ့....."
ဒေါက်တာဧကရီကျော်သက်စကားကြောင့်ခွဲစိတ်ခန်းဝရှိ လူအုပ်ကြီးရဲ့ ရယ်သောသံတို့ကြောင့် ထငိုလိုက်သည့်သမီးရယ်ရဲ့ လောကကြီးကို စတင်နူတ်ဆက်သံများရောထွေးကာ အားလုံးကျေနပ်ပျော်ရွှင်နေကြသည်။
" ညီ....ညီမလေး...."
" ဖြေးဖြေးလာမှာပေါ့ သားရ....ခလုတ်တိုက်နေပါ့မယ်...."
အဖိုးဖြစ်သူနဲ့အတူ သမီးငယ်ဆီရောက်ရှိလာသည့် ကောင်းစစ်ဟန်သာ။
" ညီမလေး......ဖိုးဖိုးကြီး ဒီမှာ သားသားညီမလေး...."
" အေးပါကွာ...ဖိုးဖိုးကြည့်နေပါတယ်..."
" ညီမလေးက ချစ်စရာလေး...နော် ဒယ်ဒီ "
" သားက ချစ်မှာလား...ညီမလေးကို..."
" ချစ်တယ်...သားသားက များကြီး ချစ်တာ...အဲ့ ဒယ်ဒီ..ညီမလေးက ....က သားကို ရယ်ပြနေတယ်....."
" အဲ့...အဲ့....."
" ဟော...အပါးမြေးမလေး နိုးပြီလား...ဟုတ်လား...ကော်ပတ်ရုပ်လေး...."
" သမီးငယ်က မားမားဘက် သွားဆင်သလိုပဲ အပါး ...."
" ဟုတ်သလိုလိုရှိသား.....ဒါနဲ့ သားအဒေါ်တွေရော အသိပေးပြီးပြီလား...."
" လာမည့် နွေဦးရာသီ အလည်လာမည်တဲ့ အပါး...သူတို့မြေးမလေးကို ကြည့်ချင်တယ်ဆိုလို့ မနက်ကပဲ သမီးငယ် ပုံတချို့ ပို့ပေးလိုက်တယ်..."
" အေး...အဲ့ဒါကြောင့် နောက်အပတ်ထဲ လာမယ်တဲ့ရဲရင့်ရေ...သမီးငယ်ပုံကြည့်ပြီး အံ့ဩနေကြတာ..."
"မနေ့ကပြောတော့ နွေဦးပိတ်ရက်မှတဲ့"
"အေးဆို..."
အစ်ကိုမင်းမြတ်တို့ လင်မယား ကသမီးငယ် အနားကမခွါ ဘာမှမသိသေးတဲ့ ရက်သားလေးကို ချော့မြူနေကြသေးသည်။
"နေသာရဲ့ သားငယ်..."
"အဆင်ပြေပါတယ်အပါး...သားသားက အပါးကို ဂျီကျသေးလား..."
" ဖိုးသားလေးက သိတက်တယ်...သူ့ဖခင်တွေ ပြန်ခါ ညီမလေးပါမယ်ဆိုပြီး လက်ချိုးရေတွက်နေတာတဲ့...တကယ့်အလိမ္မာလေးပါကွာ...သားငယ်က သွေးနုသားနုမို့ ဂရုစိုက်ပါ..."
" ဟုတ်ကဲ့ပါ အပါး..."
" တီတီ....သားညီမလေး...အဲ့ဒါ သားသားညီမလေး..."
" အလိုတော်...ဒါ ကျုပ်သမီးပါအေ...ကျုပ်မွေးထားတဲ့ ကျုပ်သမီး..နော် မီးငယ်လေး..."
" ဟုတ်ဘူး...အဲ့ဒါသားသားညီမလေး...."
မမဧကရီရဲ့စနောက်မူကြောင့် ငိုမဲ့မဲ့ငိုင်ကျကာ ညီမဖြစ်သူထားရှိသည့် ပန်းရောင်ပုခက်လေးနီးတိုးကပ်ကာ တုန့်ပြန်ပြောဆိုနေသော သားကြီးကောင်းစစ်ဟန်သာ။
" ပါ့ပါး...ဒယ်ဒီ....ဒါ သားသားညီမလေး နော်...."
" အယ်....ကျုပ်မသမီးမို့ ကျုပ်ချစ်တာပေါ့..."
" ဟင့်....တီတီမီးဟုတ်ဘူး...သားသားညီမလေးပါဆို..."
သားအော်သံသေးသေးလေးကြောင့် အလန့်တကြားထအော်ငိုတဲ့ သမီးဖြစ်သူကြောင့် သားကောင်းစစ်ကပါ ဆတိုးငိုရိူက်ခဲ့လို့ မင်းမြတ်ဟန်သာတို့ ကလေးချော့မြူကာအလုပ်ရူပ်နေခဲ့ရသည်။
မြေးကြီးဖြစ်သူ ကောင်းစစ်က ဒေါက်တာဧကရီကျော်သက်ကိုသိပ်ချစ်သလောက် ညီမဖြစ်သူနှင့်ယှဉ်တိုင်း ညီမလေးကိုသာ ဦးစားပေးရွေးချယ်တက်သည့် အကျင့်ကြောင့် ဒေါက်တာဧကရီအပါအဝင်ဖခင်ဖြစ်သူ၏ အပေါင်းအသင်းတွေကလည်း သမီးငယ်အိမ့်မှူးဟန်သာကို အမြဲစကားနိုင်လုကာ ကောင်းစစ်ဟန်သာအားးစနောက်လေ့ရှိကြသည်။
အိမ့်မှူးဟန်သာ အရွယ်ရောက်ချိန် ဘယ်လောက်ကဲသည်းကြမည့် မောင်နှမတွေလဲ တိုတာ ပြေးမကြည့်ဘဲ တွေးကြည့်ရုံဖြင့် သိနိုင်သည်မို့ မိသားစုဝင်တိုင်းဝယ် ကြည်နူးမူအပြုံးကိုယ်ဆီဖြင့်။
ဟန်သာအိမ်တော်၏ ဆည်းလည်းသံလေးများဖြစ်သော ကောင်းစစ်ဟန်သာနှင့် အိမ့်မှူးဟန်သာတို့ မောင်နှမတွေကြောင့် သာယာစိုပြေနေမည့် ဟန်သာအိမ်တော်ကြီးထဲဝယ် ညီအစ်ကိုမောင်နှမတတွေပျော်ရွှင်နေရသည့် အချိန်တိုင်းက တန်ဖိုးရှိသည် မဟုတ်ပါ့လား။
သောက၊ ဒေါသတွေနှင့်အတ္တကြီးခဲ့မိသော အတိတ်နေ့ရက်ဆိုးတွေအကြောင်း ပြန်တွေးတောပြီး တနုံ့နုံ့ခံစားနေရမည့်အစား အတိတ်နေ့ရက်ဆိုးများကို သင်ခန်းစာယူကာ ရှေ့ဆက်ရမည့် နေ့ရက်တွေမှာ တစ်ဦးမှ တစ်ယောက်ကို နားလည်မူ၊ ချစ်ခင်ကြင်နာမူ၊ ခွင့်လွတ်တက်မူတွေဖြင့်မိသားစုအချင်းချင်း ပျော်ရွှင်စွာ နေထိုင်ခြင်းက မိသားစုဝင်တိုင်းအတွက် လက်ရှိလောကနိဗ္ဗာန်ဖြစ်၏။
လူ့သားအချင်းချင်းကြား အမှားကို ခွင့်လွတ်မူတွေဖြင့် ဖြည့်တွေးပေးရင်း အရာရာကို အမှန်အတိုင်း အမှန်ကို မြင်ပြီး အမြင်မှန်ခဲ့လျှင် လောကကြီးက အမြဲသာယာလှပနေမည်မဟုတ်ပါ့လား။
တစ်ယောက်အမှားကို အခြားတစ်ယောက်က နားလည်ခွင့်လွတ်ပေးခြင်းဖြင့် လောကကိုအလှဆင်နိုင်ပါစေ ...။
( ချစ်သောတို့ရဲ့အားပေးမူလေးကြောင့် "ချစ်ခြင်းတို့အလွန်"ဆိုတဲ့ Ficလေးက အသက်ဝင်ခဲ့တာပါ။ ဖတ်ရူအားပေးသူတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်...extra မရှိတော့ပါဘူးနော်...၂၀၂၄ နှစ်သစ်မှစ ချစ်သောတို့အားလုံး သောကကင်းပြီး အန္တရာယ်အပေါင်းဖယ်ရှားပါစေ 🙏 HAPPY NEW YEAR 🎊🎆 )
Zawgyi
" ကေလး ေနထိုင္ရအဆင္ေျပရဲ႕လား..."
လမ်ားစြာျဖတ္သန္းၿပီးတဲ့ေနာက္ သိသာစြာပူေဖာင္းလာေသာ အေမာင္ငါးစပူဗိုက္ေလးအား ရဲရင့္ဟန္သာတစ္ေယာက္ မ်က္ေျခမပ်က္ေစာင့္ေရွာက္ေနသည္ၾကားက တျဖည္းျဖည္း ေဖာင္းလာခဲ့သည့္ သမီးရတနာတည္ရွိရာ ဝမ္းၾကာတိုက္ေလး။
ဖခင္ႀကီးအပါအဝင္ ေဒါက္တာဧကရီေက်ာ္ပင္ မၾကာခဏ ျပည္ေတာ္ျပန္ဝင္ခဲ့သည့္အႀကိမ္အေရအတြက္ပင္ ႀကိမ္ဖန္မ်ားခဲ့ရသည့္ အေၾကာင္းအရင္းသည္ကား အေမာင္ငါးစပူဗိုက္ေလးအား ထိခိုက္မွာစိုးရိမ္သည္ဆိုသည့္ အေၾကာင္းေၾကာင့္ Germany မွ အမိေျမသို႔ မၾကာခဏ ေျခခ်မိ၏။
သားႀကီးျဖစ္ေတာ့မည့္ ေကာင္းစစ္ဟန္သာေသာ္ပင္လွ်င္ ဖခင္အနီးနားကပ္ကာ တစ္ေန႕သုံးႀကိမ္မက ပူေဖာင္းေနသည့္ ငါးစပူဗိုက္ေဖာင္းေလးအား ထိေတြပြတ္သပ္လိုက္ အနမ္းေျခရာထင္ခ်န္ေစလိုက္ျဖင့္ မေမြးရေသးေသာ ညီမအလွရတနာအတြက္ ေမာင္ႏွမသံေယာဇဥ္ႀကီးစြာ တုပ္ႏွောင္ခဲ့သည္မဟုတ္ပါ့လား။
" ေျခေထာက္နည္းနည္းကိုက္ခ်င္တယ္ ကိုကို....ခါးေတြေရာ..."
" ေမြးဖြားကာနီးလို႔လား ကေလး..."
" အင္း...due date က လိုပါေသးတယ္ ..."
" ေျပာမရဘူး ကေလးရာ...ကိုကိုစိတ္ပူတာပဲ...ညၾက ေရႏြေးေလးနဲ႕ ေျခေထာက္စိမ္ေပးရင္ေရာ.ကိုကိုတိုင္းရင္းေဆးနဲ႕ ႏွိပ္နယ္ေပးမယ္ေနာ္..."
" အင္းပါ...."
ျဖဴလြလြသားေမႊးအိပ္ယာေပၚဝယ္ ေခါင္းအုံးေလးမွီကာ ထိုင္ေနသည့္ ၉လနီးပါး ထမ္းထားရေသာ ကိုယ္ဝန္ေဆာင္အမ်ိဳးသား ေကာင္းျပည့္ေလး၏ ဒုကၡအလုံးစုံကို ငဲ့ညာသနားမိသည့္ အိမ္ေထာင္ဦးစီး ရဲ႕ရင့္အတြက္ စိုးရိမ္မူကျမင့္သထက္ျမင့္မားခဲ့ရသည္။ အလုပ္ကိစၥကိုပင္ လူယုံလြဲရသလို တခ်ိဳ႕လူမူ႕ေရး/စီးပြါးေရးအစည္းအေဝးမ်ားစြာ တာဝန္လစ္ဟင္းခဲ့ရသည္။
အမ်ိဳးသားကိုယ္ဝန္ေဆာင္ျခင္း၏ မ်ားျပားလွေသာ အႏၱရာယ္ကို အသက္ေပးကာ ခက္ခက္ခဲခဲသယ္ပိုးထားရသည့္ အမ်ိဳးသားအနီး အခ်ိန္ျပည့္ ေျခဆုပ္လက္ႏွယ္ျပဳစုေနသည့္ၾကားက စိုးရိမ္မူျမင့္မားခဲ့သည္မွ အခ်ိန္စကၠန့္၊ မိႏွစ္အမွ် တိုး၍သာ ထိတ္လန့္ေနခဲ့ရသည္။
" ကိုကို...ေဒါက္တာေခၚလိုက္မယ္...ခဏေလးေနာ္...."
" မနက္ကပဲေျပာသြားတာေလ ....ကိုယ္ဝန္ေဆာင္သူတိုင္းေတြ႕ႀကဳံရတဲ့အခက္အခဲမို႔ ကေလးသည္းခံနိုင္ပါတယ္....မေခၚပါနဲ႕..."
" အဲလိုဘယ္ဟုတ္ပါ့မလဲ ကေလးရာ...က်န္းမာေရးဝန္ထမ္းတိုင္းက ေစာင့္ေရွာက္ရမည့္တာဝန္ေတြ ထမ္းေဆာင္ရတာမဟုတ္လား...."
" ဒါကေတာ့ ဒါေပါ့.....ခုလည္း ျဖစ္ရိုးျဖစ္စဥ္မို႔ ခဏေန သက္သာမွာပါ ကိုကိုရာ....."
သားေမႊးအိပ္ယာေပၚ ေျခဆင္းထိုင္ေနေသာ အမ်ိဳးသားအနီး တိုးကပ္ထိုင္ကာ ပူေဖာင္းေနသည့္ ဗိုက္ေဖာင္းေဖာင္းေလးအား ပြတ္သပ္ကာ သနားၾကင္နာသည္မဟုတ္ပါ့လား။ မ်ိဳးတူအမ်ိဳးသားေယာက်ာ္းေလး ျဖစ္ေသာ္ျငား ကိုယ့္ဆိုးသည့္ဒဏ္ကို လူးလဲခံစားရင္း သားတစ္ေယာက္ကို ေမြးဖြားေပးသည့္အျပင္ မိသားစုေတြ အဆင္ေျပၾကသည့္တိုင္ ခ်စ္ျခင္းေမတၱာသံေယာဇဥ္တစ္ႀကိဳးထပ္မံ တြယ္ႏွောင္ကာ ဒုတိယ ရင္ေသြးရတနာကို ခက္ခက္ခဲခဲ လြယ္ပိုးထားရသည့္ ေကာင္းျပည့္ေလးကိုၾကည့္ၿပီး သနားဂ႐ုဏာစိတ္မ်ားျဖင့္ ျပည့္ျပည့္တင္းတင္းနဖူးစေလးထက္နားရွိ ဆံစေလးမ်ားကို နမ္းရိူက္ေမႊးၾကဴမိသည္။
" သက္သာမွာပါကေလးရယ္.....ကိုယ်တ်ို့သမီးက သူ႕ပါးပါးနာက်င္ေစမွမဟုတ္တာ ကိုယ္ယုံၾကည္တာမို႔ ခဏသည္းခံေပးပါ ေနာ္...."
" အင္း....သမီးက ကြၽန္ေတာ္ကို ဘယ္ေတာ့မွ မနာက်င္ေစဘူး....ခုဟာလည္း ျဖစ္ရိုးျဖစ္စဥ္မို႔ ျငင္းဆန္မရဘူးေလ ကိုကိုရာ...."
" ဒါေပမယ့္ ကေလးကို ကိုယ္အားနာလာတယ္....ကိုယ္ေတာင္းဆိုမူေၾကာင့္ ခုလိုခက္ခဲစြာေနထိုင္ရသည့္ ဒုကၡဆင္းရဲႀကီး သယ္ပိုးထားေနရတာမ်ိဳး....ကိုယ္..."
" ကိုကိုေတာင္းဆိုလို႔ ပါခ်င္ပါမယ္ ဒါေပမယ့္ သမီးငယ္တည္ရွိမူမွာ ကြၽန္ေတာ္လိုလိုလားလား သယ္ပိုးခ်င္မိတာပါ.....သားကို ေမာင္ႏွမေမတၱာသံေယာဇဥ္ေလးနဲ႕ သိုက္သိုက္ဝန္းဝန္းေနေစခ်င္တယ္...."
" ဒါေပမယ့္ ကိုယ့္ကေလး နာက်င္ခံစားေနရတယ္ ..."
" ဒီနာက်င္မူဆိုတာ ေနာက္ ခဏအၾကာ လူ႕ေလာကထဲေရာက္လာမည့္ သမီးငယ္မ်က္ႏွာျမင္ရတာနဲ႕အလိုလို အေငြ႕သဖြယ္လြင့္စင္လိမ့္မယ္ကိုကို.....ကြၽန္ေတာ္ေပ်ာ္တယ္....ကိုကိုတို႔သားအဖရဲ႕ေပ်ာ္႐ႊင္ၾကည္ႏူးမူေလးေတြက ကြၽန္ေတာ္အတြက္ အဖိုးမျဖတ္နိုင္တဲ့ ခြန္အားမ်ိဳးပါ...."
" အင္းပါ ကေလးရယ္...."
" အပါးရဲ႕ေမွ်ာ္လင့္ေလးျဖစ္တဲ့ သမီးငယ္ကို မမဧကရီတို႔ကလည္း အမ်ားႀကီးေမွ်ာ္လင့္ထားၾကတာမဟုတ္လား ....ကြၽန္ေတာ္တို႔ထက္ လိုလားေတာင့္တေနၾကတဲ့မိသားစုဝင္ေတြေၾကာင့္လည္း နာက်င္ခက္ခဲမူက ေျဖသိပ္နိုင္ပါတယ္ကိုကိုရာ...ကြၽန္ေတာ္သမီးေလးက ထူးျခားစြာေမြးဖြားလာသူေလးမို႔ သမီးငယ္တည္ရွိျခင္းနဲ႕ပတ္သတ္ၿပီးအားနာစိတ္ေတြ မျဖစ္ေစခ်င္သလို သမီးငယ္ခံစားေစရမည့္ စကားမ်ိဳးေတြလည္း ကြၽန္ေတာ္မၾကားခ်င္ဘူး...ကြၽန္ေတာ္အဆင္ေျပေနတာပါ"
" စိတ္ခ်ပါကေလးရယ္....သမီးငယ္တည္ရွိမူက ဟန္သာအိမ္ေတာ္တစ္ခုလုံး ေပ်ာ္႐ႊင္စြာ ေစာင့္ႀကိဳေနမွာမို႔ ကေလးငယ္က အဆင္ေျပက်န္းမာေအာင္ေနေပးရမယ္ေနာ္....."
" အင္း....."
" ဒါဆို ခဏေန ညစာစားခ်ိန္မို႔ အေပၚထပ္မွာစားၾကမလား..."
ေခါင္းရမ္းလာမွာသိေပမယ့္ ငါးစပူဗိုက္ေဖာင္းေလးအား အဆင္း/မတက္မလုပ္ေစခ်င္ေတာ့ပါ။ အိမ္ေတာ္ေအာက္ထပ္ေျပာင္းေနၾကမလား တိုင္ပင္ေသာ္လည္း ေနၿမဲလက္စရွိေသာ ဒီအခန္းေလးကိုမက္ေမာသည္ ဆိုလာျပန္ေတာ့ရဲရင့္ဟန္သာ ေခါင္းညိတ္ရစၿမဲ ထပ္တိုးမေတာင္းဆိုရဲေတာ့ပါ။ ထိုငါးစပူဗိုက္ေဖာင္းေလးအလိုၾက အဆင္းအတက္ကို ေခ်ာ္လဲေစမည့္ ဘယ္အရာမဆိုဖယ္ရွားေစကာ ႏူးညံ့ေမႊးပ်ံသည့္ ပန္းရနံ႕ေပါင္းစုံအေမႊးနံ႕သာတို႔ကိုသာ ဒုတိယတစ္ထပ္လုံးကို ဆင္ျမန္းေစျမန္း အေမာင္ဗိုက္ေလး နေ့သစ်တ်ိုင်းက လန္းဆန္းေစသည္။
" အဆင္း/အတက္ ကိုကိုစိတ္ပူလို႔ပါ ကေလးရယ္....."
" တစ္အိမ္ေတာ္လုံး ဂ႐ုစိုက္ေနသည့္ၾကားက ကြၽန္ေတာ္ဘာျဖစ္နိုင္မလဲ ကိုကိုရာ.."
" ဒါေပမယ့္ ကေလးရာ..."
" ကိုကို႔အစိုးရိမ္ လြန္ေနတာပါ....."
" အင္းပါ ဒါဆို ကိုယ္တို႔ ေအာက္ထပ္ဆင္းၿပီး လမ္းေလွ်ာက္ၾကရေအာင္ေလ..."
" အြင္း....ကြၽန္ေတာ္ကိုၾကည့္ပါအုံး...အကျင်္ီလဲရအုံးမလားဆိုတာ....ေနာက္ၿပီး ဒါႀကီး မဝတ္ခ်င္ဘူး...."
ႏူတ္ခမ္းေလးဆူကာ ျပည့္ျပည့္ေဖာင္းေနသည့္ မ်က္ႏွာဝိုင္းေလးက သမီးငယ္ကိုယ္ဝန္ဆိပ္ေၾကာင့္ နဂိုထက္ပို၍ ႏုသည္/ ျဖဴသည့္ ကေလးက ေနထိမခံေသာ ဒဏ္ေၾကာင့္ပိုမို ႏုဖတ္ကာ ေခ်ာေမာလြန္းလွ၏။
အဝါေရာင္ ဒူးအတိ တစက္တည္း အမ်ိဳးသမီးဂါဝန္ကဲ့သို႔ေသာ အေပ်ာ့သားဒီဇိုင္းနာခ်ဳပ္ ကိုယ္သည္မ်ားအတြက္ သီးသန့္ခ်ဳပ္ေပးထားသည့္ ထိုအဝတ္စားအေပၚ ၿငီးေငြ႕ဟန္ျပေနသည့္ ကေလး၏ မူဟန္ေလးက အသည္းယားစရာမို႔ ရဲရင့္ဟန္သာတစ္ေယာက္ႏူတ္ခမ္းေလးကိုက္ကာ လက္သီးဆုပ္ထားမိသည္။
" ဘာလို႔လဲ ကေလးရ....ကေလးနဲ႕သမီးငယ္ ေနရထိုင္ရ အဆင္မေျပလို႔လားဟင္..."
" ေျပပါတယ္ ဒါေပမယ့္မိန္းမဝတ္ဂါဝန္ႀကီးလိုပဲ....."
ညိုးငယ္မ်က္ႏွာေလးကို မ်က္လႊာေလးငုံ႕ကိုင္းကာ ဆိုလာသူေလးရဲ႕ေနာက္ပါးဆီကေနတိုးကပ္ကာ ငါးစပူဗိုက္ေဖာင္းေလးအား ေနာက္ပါးဆီကေနသိုင္းဖက္ကာ အနည္းငယ္ရယ္ေသာမိေတာ့ ကိုယ္လုံးေပၚၾကည့္မွန္ေလးထဲကေန အေမာင္ဗိုက္က အလိုမက်မဴကို ျပသေနေသးသည္။
" ဘယ္ေလာက္ခ်စ္ဖို႔ေကာင္းလဲ ဆိုတာ ဒီကိုကိုပဲသိမယ္ထင္တယ္....အမ်ိဳးသမီးဝတ္ဂါဝန္ဆိုေပမယ့္ သမီးငယ္ကို လြယ္ပိုးထားရတဲ့ ျမင့္ျမတ္ေသာ မိခင္ေလာင္းတစ္ေယာက္မို႔ ကေလးတို႔သားအဖ အဆင္ေျပလြတ္လပ္ေအာင္ ကိုကိုစီစဥ္ေပးတာပါ ....အမ်ားသူငါထင္ျမင္ခ်က္ထက္ ကေလတိူ႕သားအဖ အဆင်ပြေပြေတည်ရှိနေဖ်ို့လိုအပ်တယ်လေ..."
" အဲ့ဒါကဟုတ္ပါတယ္....ႀကိဳးေဘာင္းဘီေပ်ာ့ေလးနဲ႕ Tshirt ပြပြႀကီးဆိုလဲ အဆင္ေျပေနတာပဲ ကိုကိုရာ...."
" ဒီအေျခအေနႀကီးနဲ႕ေတာ့ ေဘာင္းဘီဝတ္ဖို႔စိတ္မကူးပါနဲ႕ ကေလးရယ္....ကိုယ့္တို႔သမီးေလး မြန္းၾကပ္ေနပါ့မယ္..."
" သိပ္ပိုတာဗ်..သမီးကခုအေျခအေနနဲ႕ ဘာသိအုံးမလဲ..."
" ၉လထဲ ဝင္ေနၿပီဆိုေတာ့ ဒီေဖေဖက ေန႕စဥ္နဲ႕အမွ်ရင္ခုန္ေနရၿပီေလ ...မၾကာခင္လူ႕ေလာကထဲေရာက္လာမည့္ကိုယ္တို႔သမီးေလးက ဘယ္ေလာက္ခ်စ္ဖို႔ေကာင္းမလဲ ေတြးတိုင္း ၾကည္ႏူးရျပန္ေရာ.."
" ဟုတ္ပါၿပီ ဒယ္ဒီကဲကဲသည္းသည္းရယ္....ေမြးဖြားေပးမည့္ အစ္ကိုတည္ၿမဲတို႔ဆီက ဘာသတင္းရေသးလဲ...လာေတာ့မွာတဲ့လား..."
" အဲ့ကိစၥကိုကိုေျပာဖို႔ ေမ့ေနတာ....လာထိုင္ပါ့အုံး ေမာင္ေမာင္ဗိုက္ရယ္...."
သားေမႊးခင္းထားသည့္ အိပ္ယာေပၚထိုင္ခိုင္းၿပီး မေန႕ညက ဝင္လာသည့္ e-mail အေၾကာင္း ခင္ပြန္းျဖစ္သူထံ အစီရင္ခံတင္ျပေနမိသည္။
" ေနာက္အပတ္ လာၾကမည္ေျပာတယ္..ကေလးက သိပ္မွမလိုေတာ့တာ...ဒီငါးစပူဗိုက္ေဖာင္းေလးကိုအခ်ိန္နဲ႕အမွ် စိတ္ပူေနၾကတဲ့လူေတြထဲ အစ္ကိုတို႔ကလည္း စိတ္မခ်ဘဴးတဲ့ေလ..."
" ကြၽန္ေတာ္သားနဲ႕သမီးက ကံေကာင္းလိုက္တာေနာ္...ျပည့္ျပည့္စုံစုံ ေနထိုင္ရတဲ့အျပင္ ခ်စ္ခင္ႏွစ္သက္ေပးသူတိုင္းကလည္း ဂုဏ္အာဏာႀကီး အထက္တန္းလႊာလူတန္းစားေတြမို႔ ေမြးဖြားေပးရမည့္ ကြၽန္ေတာ္က တခါတေလ သိမ္ငယ္တဲ့ဗ်...."
" ဟာ....အဲလိုမေတြးရဘူးကေလးရ....ဘယ္လိုေတာင္ေတြးရက္တာလဲကြာ...."
ေခါင္းေလးငုံ႕ကာ သိမ္ဝင္လာေသာ အသံခ်ိဳခ်ိဳေလးရဲ႕မူပိုင္ကို ေမးဖ်ားေလးကေနပင့္ေမာ့ကာ ႏူးညံ့ညင္သာစြာ ေပြ႕ဖက္ေနမိသည္။
ကေလးငယ္ေျပာရာလည္း အမွားမရွိခဲ့ပါ။
ေကာင္းစစ္ဟန္သာတို႔ေမာင္ႏွမ ေတြက ကံကောင်ူမူများဖြင့်မွေးဖွားခဲ့သူများမို့ အစစအရာရာ အေႁခြအရံအျပည့္ ။ လိုအပ္သည္မရွိေအာင္ ကာကြယ္ေစာင့္ေရွာက္ကာ ၾကင္နာေပးမည့္သူမ်ားကလည္း ပတ္ျခာဝိုင္းေနသည့္မို႔ မျမင္ေတြ႕ရေသးေသာ သမီးငယ္ အိမ့္မူးဟန္သာ ေလးကိုႀကိဳဆိုဖို႔ရန္ အစ္ကိုမင္းျမတ္လည္း ျပန္လာမည္ သတင္းစကားရထားျပန္ေသးသည္။
" ပါ့ပါး....."
ေက်ာင္းကျပန္ေရာက္လာေသာ သားႀကီးေကာင္းစစ္ဟန္သာကို အိမ္အကူမ်ား၏ အကူအညီျဖင့္သန့္ရွင္းေစကာ အေပၚထပ္တက္လာပုံရသည္ေလ။
" ဗ် ဗ်ာ့....ေျဖးေျဖးလာပါ သားရယ္..."
" ညီမေလး ကိုေတြ႕ခ်င္လို႔ေလ...ဟီး ဒယ္ဒီ..."
" ဟုတ္ပါ့ၿပီဗ်ာ...."
" ဒယ္ဒီတို႔ထိုင္ေနၾကတာ သားက ဒယ္ဒီကိုမျမင္ဘူး မေျပာနဲ႕ေနာ္...ဒယ္ဒီဝမ္းနည္းမိမွာ.."
" တကယ္ ျမင္ဘူး...သားသားက ညီမေလးလြမ္းလို႔ေျပးလာလိုက္တာဆို..."
" ဟားးးးးးဟုတ္ပါၿပီကြာ..."
" ပါးပါး...ဒီထဲက ညီမေလးကို နိူးေပးပါအုံး..."
ဗိုက္ပူပူေလးကို ဖက္ကာ နား, အနားကပ္၍ ကပ္ၾကည့္ေနသည့္ သားျဖစ္သူလုပ္ရပ္အခ်ိဳ႕ကို ရဲရင့္ဟန္သာ လက္ပိုက္ကာၾကည့္ေနမိသည္။
" ဘာလို႔လဲ သားသားရ..."
" သားသား အာဘြားေပးမလို႔ေလ...ညီမေလးအိပ္ေနရင္ ဘယ္သိမလဲ..."
" ဟားးးးးလူတက္ကေလးကြာ....လာပါအုံး ဒယ္ဒီဆီ.."
သားျဖစ္သူရဲ႕ ေျပာစကားကို ရဲရင့္ဟန္သာ အံ့ဩမဆုံး ၿပဳံးရယ္ေနမိရာကေနလက္ႏွစ္ဖက္ဆန့္ေပးေနမိသည္။
သားျဖစ္သူကို ေပါင္ေပၚတင္ကာ သားအဖႏွစ္ေယာက္မ်က္ႏွာခ်င္းဆိုင္ထိုင္ေနေသာ္လည္း ငါးစပူဗိုက္ပူေလးကိုသာထိေတြ႕ကိုင္ေနသည့္ ေကာင္းစစ္က ပူေပါင္းေလးထဲ သမီးငယ္ရဲ႕ လူပ္ရွားမူကို ေမွ်ာ္တလင့္လင့္ေစာင့္စားေနသည့္ဟန္။
" အာ....ပါ့ပါး...ညီမေလး နိုးလာၿပီ..ဟိ.."
ဗိုက္ပူေလးထဲက သႏၶေသားလူပ္ရွားမူေလးေၾကာင့္ ေမွ်ာ္လင့္ျခင္း ျပည့္ဝေနသည့္ ေကာင္းစစ္ဟန္သာရဲ႕ မ်က္ဝန္းေလးထဲက ႏွစ္သက္ေက်နပ္ေတြ လွ်ံက်ေနသည့္ႏွယ္ ။
" ဟုတ္လား...သားသား...ဘယ္နားကလဲ ..ဒယ္ဒီကိုျပပါအုံး..."
" ဒီိနားလေး ဒယ္ဒီ....ဒီနား....."
အေပ်ာ့သားကိုယ္ဝန္ေဆာင္ဝတ္ေပၚကေန လက္ကေလးမ်ား ပန္းျပာခတ္ရွာေဖြေနသည့္ သမီးငယ္ရဲ႕ ႏူတ္ဆက္နည္းကို ေမွ်ာ္လင့္ခ်က္မ်က္ႏွာ ဝင္းပပလမင္းပမာ ေပ်ာ္႐ႊင္ေက်နပ္ေနၾကသည့္ ကဲသည္းသားအဖ။
" ေအးကြာ....ဒယ္ဒီသားႀကီးက ညီမေလးကို ႏူတ္ဆက္လိုက္ပါ့အုံး..."
" Hello ညီမေလး...ေနေကာင္းရဲ႕လား..."
"......အ့......အဲ..သားသား စကားကိုသိေနတဲ့အလား...ဒီနားက လူပ္တယ္ ကိုကို..."
"ဟုတ္လား လွဲလိုက္ေလ ခဏ ....ကိုက်ိုခေါင်းအုံးပြင်ပေးမယ်....."
ဗိုက္ပူေလးနားကမခြါကပ္ေနသည့္ အေမာင္ေကာင္းစစ္တို႔က လက္ခုပ္တီးကာပင္ေပ်ာ္ေန၏။
" သား ထပ္ေျပာခ်င္ေသးတယ္...." ငါးစပူဗိုက္ေလးကိုင္ကာ နားေလးကပ္ၿပီး လူပ္ရွားသည့္ေနရာေလးအား အနမ္းေသးေသးေပးလာသည့္ အစ္ကိုႀကီးေကာင္းစစ္ရဲ႕ ခ်ိဳသာသံတို႔ေၾကာင့္ သမီးငယ္အိမ့္မႉးတစ္ေယာက္ လူပ္ရွားတြန္းကန္ေနျပန္ၿပီ။
" ညီမေလးေရ...ကိုကိုက မ်ားႀကီးခ်စ္တယ္ေနာ္..ပါ့ပါးကို နာနာႀကီးျဖစ္ေအာင္မလုပ္ရဘူးေနာ္...မြ...."
" အဲ.....ၿငိမ္သြားၿပီကေလး....သမီးကသူ႕ကိုကိုအသံ သိေနတဲ့အတိုင္း.."
" ဟုတ္မွာ....လာပါအုံးပါးပါးက သားသားကို ဖက္ထားခ်င္လို႔....."
လက္ေလးဆန့္ေပးရင္းေဘးနားေခြကာ လည္ပင္းေလးကိုေပြ႕ဖက္ကာ နမ္းရိူက္လာသည့္ ေကာင္းစစ္ေၾကာင့္ ေနစဥ္ၾကည္ႏူးရသည့္ မိသားစု ရသေလးေၾကာင့္ အၿမဲေပ်ာ္႐ႊင္ရသည္။
" ပါ့ပါး...."
" ဗ်ာ..."
" ညီမေလးက ဘယ္ေတာ့ေလာက္ျမင္ရမွာလဲ ..သားသားျမင္ခ်င္ေနၿပီ...."
" မၾကာေတာ့ပါဘူးသားသားရဲ႕....ညီမေလးကို ခ်စ္မွာလား သားက.."
" အမ်ားႀကီး ခ်စ္ေပးမွာ...သားသား အဲ့တာေလာက္ႀကီး...မ်ားႀကီး...."
"ဟုတ္ပါၿပီသားရယ္...ပါးပါးသားေလးက လိမ္မာလိုက္တာ...."
" အြင္း..."
ကုတင္ေမြ႕ယာေပၚဝယ္ ၾကည္ႏူးေနသည့္ သားအဖႏွစ္ေယာက္အားၾကည့္ေနရင္းကေန က်ေရာက္လာသည့္ ညခ်မ္းခ်ိန္ခါမို႔ အေမာင္ဗိုက္ပူေလးအား အာဟာရျပည့္ညစာ ျပင္ဆင္ေပးရမည္မဟုတ္ပါ့လား။
" ဒါဆို သားႀကီးက ပါးပါးနဲ႕ခဏေနေပးေနာ္ ဒယ္ဒီ သားပါးပါးအတြက္ dinner ျပင္ေပးခ်င္လို႔"
" ဟုတ္ ဒယ္ဒီ..."
သူ႕အေဖနဲ႕ပတ္သတ္လာရင္အၿမဲစိတ္ခ်ရသည့္ သားေၾကာင့္ ရဲရင့္တစ္ေယာက္ မ်ားစြာေက်နပ္မိသည္။
အခ်ိန္အားျဖင့္ ၃နာရီ ေက်ာ္ ။
ေန႕ရက္အားျဖင့္ တနဂၤႏြေေန႕ သမီးငယ္ အိမ့္မႉးေလးကို ေမြးဖြားသန့္စင္မည့္ နံနက္ခင္းခ်ိန္ခါ။
သမီးငယ္ကိုေမြးဖြားေပးမည့္ ျပည္ပေရာက္ အစ္ကိုတည္ၿမဲအပါအဝင္ စိတ္ခ်ယဳံၾကည္ရေသာ သားဖြားမီးယပ္ပါရဂူမ်ား အဖြဲ႕က ဟန္သာအိမ္ေတာ္အနီးရွိ International hospital ႀကီးမွာ ေကာင္းျပည့္ေလးေရာက္ရွိေနတာ ၂ပတ္မွ် ၾကာခဲ့ၿပီးေနာက္ ယခုလို က်က္သေရအျဖာျဖာျဖင့္ သမီးငယ္ကို မီးဖြားမည့္ ေန႕ခ်ိန္ခါ အေလွ်ာက္ ဝမ္းဗိုက္ဆီကနာက်င္ျခင္းမ်ားကို စတင္ခံစားခဲ့ရၿပီးေနာက္ တေျဖးေျဖး နာက်င္မူတိုင္းဆမဲ့..။
" အ့......အား...."
" ကေလး...."
" အားး....ကိုကို....ေမြးခ်င္....အင္းးးးးအေမေရ.....အားးးးးး"
" ကေလး...ခဏေနာ္.....ခဏ အားတင္းထားပါအုံး....."
" အားး..နာတယ္.....ကိုကို......."
" ကေလးရယ္.....ကေလး....."
ေအာက္ႏူတ္ခမ္းေလးကို ကိုက္ခဲကာ နာက်င္မူေတြၾကားက အသက္လု႐ူေနရပါေသာ ကေလးငယ္ေၾကာင့္ ရဲရင့္တစ္ေယာက္ အနီးနားရွိ အေရးေပၚခလုတ္အား ဆက်တိုက်နှ်ိပ်ကာ ပါရဂူအဖြဲ႕အား အသိေပးအေၾကာင္းၾကားမိသည္။
ခ်က္ခ်င္းပြင့္လာေသာ တံခါးကိုျဖတ္၍ တြန္းစင္ေလးေပၚ ကေလးငယ္အားေပြ႕တင္ကာ operation roomထဲ ဝင္သြားပါေသာ အမ်ိဳးသားေၾကာင့္ လက္ႏွစ္ဖက္က်စ္ေနေအာင္ဆုပ္ကိုင္ရင္း ရဲ႕ရင့္ဟန္သာတစ္ေယာက္ ထိတ္လန့္တုန္လူပ္ေနမိသည္။
" စိတ္မပူနဲ႕....သမီးေလးကို ေကာင္းစြာေခၚလာခဲ့မယ္..."
" ဟုတ္....စိတ္ခ်မယ္ေနာ္ အစ္ကို..."
Ok sign ျပကာ ခြဲခန္းထဲဝင္သြားပါေသာ အစ္ကိုတည္ၿမဲေၾကာင့္ အားတက္သလိုျဖစ္သေယာင္ရွိေပမယ့္ စိုးရိမ္ပူပင္ျခင္းကာ မည္သည့္အရာကမွ မတြန္းလွန္နိုင္ခဲ့။ခဏအၾကာ အေျပးေလးေရာက္လာၾကေသာ အစ္ကိုမင္းျမတ္တို႔နဲ႕သူငယ္ခ်င္းမ်ားက ထိတ္လန့္တုန္လူပ္ေနေသာ ရဲရင့္အားေဖးမ ၍ အားေပးေနၾကသည္။
အခ်ိန္မည္မွ်ၾကာသြားလဲ ရဲရင့္မသိလိုက္ ခြဲစိတ္ခန္းတံခါးႏွစ္ခ်ပ္ ပြင့္လာသည့္တခဏ ေလာကႀကီးရပ္တန့္သြားသလို အခ်ိန္နာရီ လက္တံတို႔အားလုံးလည္း တိတ္ဆိတ္သြားၾကသည္။
" Hello Daddy....."
အစ္ကိုတည္ၿမဲ လက္ေပၚက အႏွီးထုပ္ေလးျဖင့္ ေပြ႕ခ်ီထားသည့္ မ်က္ဝန္းေလးေမွးမွိတ္ကာေနေသာ သမီးငယ္ အိမ့္မႉးေလးကို ငုံ႕ၾကည့္ရင္း ဝမ္းသာပီတိမ်က္ရည္ၾကည္တို႔က်ဆင္းခဲ့ရသည္။
" သမီးေလး...."
" ခ်စ္စရာေလးကြာ...ဦးတို႔တူမေလးက..."
" မႉးမႉးေလး....မီးငယ္ေရ....."
" ရဲရင့္သမီးကကြာ...တကယ့္ ခ်စ္စရာႀကီး...."
" တို႔အိမ့္မႉး အ႐ုပ္မေလးအတိုင္းပါ့လား..သမီးရ.....အာ.....ဟုတ္လား..."
" တကယ့္ခ်စ္စရာႀကီးကြာ...မေ႐ႊအိမ့္မႉးတို႔က ေလာကႀကီးထဲမေရာက္ခင္ကတည္းက cele အိမ့္မႉးေနာ္....မီးေလး...ဟုတ္လား...celeေလး...."
ဦးေလးေဆြမ်ိဳးတသိုက္က ခြဲစိတ္ခန္းေရွ႕ဝယ္ သမီးငယ္ကို ခ်ီပိုးထားသည့္ၾကားက ေခ်ာ့ျမဴေနေသးသည္။
" အစ္ကို...ကေလးက...."
မည့္သူတို႔က သမီးငယ္အား ေခ်ာ့ျမဴသည္ လွည့္မၾကည့္နိုင္ခဲ့၊ ခြဲခန္းအတြင္း က်န္ရစ္ေနေသာ အမ်ိဳးသားငယ္ကို စိတ္ပူစြာ လွမ္းၾကည့္ေနမိသည္။
" စိတ္မပူပါနဲ႕...အားလုံးအဆင္ေျပတယ္..ခဏေန ေကာင္းျပည့္ထြက္လာလိမ့္မယ္..."
" ေက်းဇူးပါအစ္ကို...ေက်းဇူးတင္ပါတယ္..."
" ရပါတယ္ကြာ...ေရာ့ သမီးကို ခ်ီၾကည့္ပါအုံး......"
" ဟုတ္အစ္ကို....."
" ငါခ်ီမယ္.....ငါ့က မီးမီး အေမေလ...."
" အဲ့.....အဲ့....."
ေဒါက္တာဧကရီေက်ာ္သက္စကားေၾကာင့္ခြဲစိတ္ခန္းဝရွိ လူအုပ္ႀကီးရဲ႕ ရယ္ေသာသံတို႔ေၾကာင့္ ထငိုလိုက္သည့္သမီးရယ္ရဲ႕ ေလာကႀကီးကို စတင္ႏူတ္ဆက္သံမ်ားေရာေထြးကာ အားလုံးေက်နပ္ေပ်ာ္႐ႊင္ေနၾကသည္။
" ညီ....ညီမေလး...."
" ေျဖးေျဖးလာမွာေပါ့ သားရ....ခလုတ္တိုက္ေနပါ့မယ္...."
အဖိုးျဖစ္သူနဲ႕အတူ သမီးငယ္ဆီေရာက္ရွိလာသည့္ ေကာင္းစစ္ဟန္သာ။
" ညီမေလး......ဖိုးဖိုးႀကီး ဒီမွာ သားသားညီမေလး...."
" ေအးပါကြာ...ဖိုးဖိုးၾကည့္ေနပါတယ္..."
" ညီမေလးက ခ်စ္စရာေလး...ေနာ္ ဒယ္ဒီ "
" သားက ခ်စ္မွာလား...ညီမေလးကို..."
" ခ်စ္တယ္...သားသားက မ်ားႀကီး ခ်စ္တာ...အဲ့ ဒယ္ဒီ..ညီမေလးက ....က သားကို ရယ္ျပေနတယ္....."
" အဲ့...အဲ့....."
" ေဟာ...အပါးေျမးမေလး နိုးၿပီလား...ဟုတ္လား...ေကာ္ပတ္႐ုပ္ေလး...."
" သမီးငယ္က မားမားဘက္ သြားဆင္သလိုပဲ အပါး ...."
" ဟုတ္သလိုလိုရွိသား.....ဒါနဲ႕ သားအေဒၚေတြေရာ အသိေပးၿပီးၿပီလား...."
" လာမည့္ ႏြေဦးရာသီ အလည္လာမည္တဲ့ အပါး...သူတို႔ေျမးမေလးကို ၾကည့္ခ်င္တယ္ဆိုလို႔ မနက္ကပဲ သမီးငယ္ ပုံတခ်ိဳ႕ ပို႔ေပးလိုက္တယ္..."
" ေအး...အဲ့ဒါေၾကာင့္ ေနာက္အပတ္ထဲ လာမယ္တဲ့ရဲရင့္ေရ...သမီးငယ္ပုံၾကည့္ၿပီး အံ့ဩေနၾကတာ..."
"မေန႕ကေျပာေတာ့ ႏြေဦးပိတ္ရက္မွတဲ့"
"ေအးဆို..."
အစ္ကိုမင္းျမတ္တို႔ လင္မယား ကသမီးငယ္ အနားကမခြါ ဘာမွမသိေသးတဲ့ ရက္သားေလးကို ေခ်ာ့ျမဴေနၾကေသးသည္။
"ေနသာရဲ႕ သားငယ္..."
"အဆင္ေျပပါတယ္အပါး...သားသားက အပါးကို ဂ်ီက်ေသးလား..."
" ဖိုးသားေလးက သိတက္တယ္...သူ႕ဖခင္ေတြ ျပန္ခါ ညီမေလးပါမယ္ဆိုၿပီး လက္ခ်ိဳးေရတြက္ေနတာတဲ့...တကယ့္အလိမၼာေလးပါကြာ...သားငယ္က ေသြးႏုသားႏုမို႔ ဂ႐ုစိုက္ပါ..."
" ဟုတ္ကဲ့ပါ အပါး..."
" တီတီ....သားညီမေလး...အဲ့ဒါ သားသားညီမေလး..."
" အလိုေတာ္...ဒါ က်ဳပ္သမီးပါေအ...က်ဳပ္ေမြးထားတဲ့ က်ဳပ္သမီး..ေနာ္ မီးငယ္ေလး..."
" ဟုတ္ဘူး...အဲ့ဒါသားသားညီမေလး...."
မမဧကရီရဲ႕စေနာက္မူေၾကာင့္ ငိုမဲ့မဲ့ငိုင္က်ကာ ညီမျဖစ္သူထားရွိသည့္ ပန္းေရာင္ပုခက္ေလးနီးတိုးကပ္ကာ တုန့္ျပန္ေျပာဆိုေနေသာ သားႀကီးေကာင္းစစ္ဟန္သာ။
" ပါ့ပါး...ဒယ္ဒီ....ဒါ သားသားညီမေလး ေနာ္...."
" အယ္....က်ဳပ္မသမီးမို႔ က်ဳပ္ခ်စ္တာေပါ့..."
" ဟင့္....တီတီမီးဟုတ္ဘူး...သားသားညီမေလးပါဆို..."
သားေအာ္သံေသးေသးေလးေၾကာင့္ အလန့္တၾကားထေအာ္ငိုတဲ့ သမီးျဖစ္သူေၾကာင့္ သားေကာင္းစစ္ကပါ ဆတိုးငိုရိူက္ခဲ့လို႔ မင္းျမတ္ဟန္သာတို႔ ကေလးေခ်ာ့ျမဴကာအလုပ္႐ူပ္ေနခဲ့ရသည္။
ေျမးႀကီးျဖစ္သူ ေကာင္းစစ္က ေဒါက္တာဧကရီေက်ာ္သက္ကိုသိပ္ခ်စ္သေလာက္ ညီမျဖစ္သူႏွင့္ယွဥ္တိုင္း ညီမေလးကိုသာ ဦးစားေပးေ႐ြးခ်ယ္တက္သည့္ အက်င့္ေၾကာင့္ ေဒါက္တာဧကရီအပါအဝင္ဖခင္ျဖစ္သူ၏ အေပါင္းအသင္းေတြကလည္း သမီးငယ္အိမ့္မႉးဟန္သာကို အၿမဲစကားနိုင္လုကာ ေကာင္းစစ္ဟန္သာအားးစေနာက္ေလ့ရွိၾကသည္။
အိမ့္မႉးဟန္သာ အ႐ြယ္ေရာက္ခ်ိန္ ဘယ္ေလာက္ကဲသည္းၾကမည့္ ေမာင္ႏွမေတြလဲ တိုတာ ေျပးမၾကည့္ဘဲ ေတြးၾကည့္႐ုံျဖင့္ သိနိုင္သည္မို႔ မိသားစုဝင္တိုင္းဝယ္ ၾကည္ႏူးမူအၿပဳံးကိုယ္ဆီျဖင့္။
ဟန္သာအိမ္ေတာ္၏ ဆည္းလည္းသံေလးမ်ားျဖစ္ေသာ ေကာင္းစစ္ဟန္သာႏွင့္ အိမ့္မႉးဟန္သာတို႔ ေမာင္ႏွမေတြေၾကာင့္ သာယာစိုေျပေနမည့္ ဟန္သာအိမ္ေတာ္ႀကီးထဲဝယ္ ညီအစ္ကိုေမာင္ႏွမတေတြေပ်ာ္႐ႊင္ေနရသည့္ အခ်ိန္တိုင္းက တန္ဖိုးရွိသည္ မဟုတ္ပါ့လား။
ေသာက၊ ေဒါသေတြႏွင့္အတၱႀကီးခဲ့မိေသာ အတိတ္ေန႕ရက္ဆိုးေတြအေၾကာင္း ျပန္ေတြးေတာၿပီး တႏုံ႕ႏုံ႕ခံစားေနရမည့္အစား အတိတ္ေန႕ရက္ဆိုးမ်ားကို သင္ခန္းစာယူကာ ေရွ႕ဆက္ရမည့္ ေန႕ရက္ေတြမွာ တစ္ဦးမွ တစ္ေယာက္ကို နားလည္မူ၊ ခ်စ္ခင္ၾကင္နာမူ၊ ခြင့္လြတ္တက္မူေတြျဖင့္မိသားစုအခ်င္းခ်င္း ေပ်ာ္႐ႊင္စြာ ေနထိုင္ျခင္းက မိသားစုဝင္တိုင္းအတြက္ လက္ရွိေလာကနိဗၺာန္ျဖစ္၏။
လူ႕သားအခ်င္းခ်င္းၾကား အမွားကို ခြင့္လြတ္မူေတြျဖင့္ ျဖည့္ေတြးေပးရင္း အရာရာကို အမွန္အတိုင္း အမွန္ကို ျမင္ၿပီး အျမင္မွန္ခဲ့လွ်င္ ေလာကႀကီးက အၿမဲသာယာလွပေနမည္မဟုတ္ပါ့လား။
တစ္ေယာက္အမွားကို အျခားတစ္ေယာက္က နားလည္ခြင့္လြတ္ေပးျခင္းျဖင့္ ေလာကကိုအလွဆင္နိုင္ပါေစ ...။
( ခ်စ္ေသာတို႔ရဲ႕အားေပးမူေလးေၾကာင့္ "ခ်စ္ျခင္းတို႔အလြန္"ဆိုတဲ့ Ficေလးက အသက္ဝင္ခဲ့တာပါ။ ဖတ္႐ူအားေပးသူတစ္ေယာက္ခ်င္းစီတိုင္းကိုေက်းဇူးတင္ပါတယ္...extra မရွိေတာ့ပါဘူးေနာ္...၂၀၂၄ ႏွစ္သစ္မွစ ခ်စ္ေသာတို႔အားလုံး ေသာကကင္းၿပီး အႏၱရာယ္အေပါင္းဖယ္ရွားပါေစ 🙏 HAPPY NEW YEAR )
Bạn đang đọc truyện trên: ZingTruyen.Xyz