Extra (2)
အလုပ်က အပြန် အိမ်အောက်ထပ်မှာ အပါးနဲ့အတူ လက်ရေးလှကျင့်နေသည့် သားငယ် ။
" ဒယ်ဒီ ပြန်လာပြီလား..."
" ဟုတ်ပါ့ဗျာ....ပြွတ်စ်~..."
သားငယ်အနားသွား၍ သားငယ့်ပါးပြင်လေးကို တစ်ချက်နမ်းပြီး ကလေးအဖေလေးကို ဘေးဘက်ဆီသို့ ဝေ့ဝိုက်ကာရှာကြည့်နေမိသည်။
သားငယ်ဘေးကနေ စကားလေးပြောလိုက် ၊ လက်ထဲက စာရင်းတွေကြည့်လိုက်ဖြင့် သားငယ်နဲ့အပြန်အလန် ပြုံးရယ်ကာ ပျော်နေကြသည့် မြေးအဘိုးနှစ်ယောက်ကြောင့်ကိုယ့်ကလေးငယ် ဘယ်မှာရှိနေမလဲ အတွေးဖြင့် မီးဖိုးထဲ ခေါင်းစောင်းကာ ငဲ့ကြည့်ပါသော်လည်း ညစာအတွက်ပြင်ဆင်နေကြသော စာဖိုမူးအချို့နဲ့အိမ်အကူများက ခေါင်းငုံ့ကာ အရိုအသေပေးကြသည်။
" ကလေးငယ်ရော...."
အနီးနားရောက်လာသော အိမ်ထိန်းကြီးအားအမေးစကားဆိုနေသည့် အိမ်ကြီးရှင်က မူဟန်မဲ့စွာဖြင့်။
" အစ်ကိုလေးအပေါ်ထပ်မှာပဲ ...မျက်နှာလည်း သိပ်မသာပါဘူး သခင်လေး.."
"ဟုတ်လား...ဘာဖြစ်တာလဲ "
" မေးမရဘူး သခင်လေး ၊ နေ့လည်စာလည်း နည်းနည်းပဲ သုံးဆောင်ပါတယ် သခင်လေး "
" ဟုတ်ပြီ...၊ ညစာကို ကလေးအကြိုက်လေးပြင်ထားပေးပါ"
" ဟုတ်ကဲ့ပါ သခင်လေး"
လက်ထဲက အိတ်ကို အိမ်တော်ထိန်းဆီပေးကာ မြန်ဆန်သော ခြေလှမ်းတို့ဖြင့် အပေါ်ထပ်ဆီက မိမိတို့အခန်းဆီသို့ ။
လော့မချထားသည့် အခန်းတံခါးကိုတွန်းဖွင့်ရင်း *ကလေးငယ် ဟုဆိုကာ အမောတကော ပြေးကာ ခေါ်နေမိသည်။
" ကလေးငယ်...."
လူက ရင်မကောင်း သလိုလို၊ ကိုယ်ခန္ဓာနူံးနေသလိုလိုဖြင့် မနေ့ညက ရေစိမ်ကြာခြင်းရဲ့အကျိုးရလဒ်တွေကြောင့် မနက်အိပ်ယာထ ကတည်းက ကိုယ်လက်မအီမသာခံစားရသည်။ မနက်အိပ်ယာထ မူးဝေခြင်းဝေဒနာကြောင့် စိတ်ထဲမသိုးမသန့်ခံစားရပါသော်လည်း မဖြစ်နိုင်ပါဘူးဟုတွေးကာ နောက်ရေကြာရှည်စိမ်မချိုးမိအောင် ကိုယ့်ကိုကိုယ် သတိပေးတားမြစ်နေမိသည်။
ကိုကိုအလုပ်သွားရန် မနက်စာကအစ ကူပြင်ပေးပြီး ကားအနားထိလိုက်လံ နူတ်ဆက်ကာ ရင်ထဲမအီမသာဖြစ်မူကိုမြိုသိပ်ပြီး ကိုကို အလုပ်သွားမှသာ အိပ်ယာထဲဝင်ခွေနေမိသည်။
ကိုကို ကို့ပြောပြလျှင် ကိုယ့်ထက်ပိုသည်းကဲသူမို့ အလုပ်ကိုတောင်သွားမည်မဟုတ်သောကြောင့် ဖွင့်မပြောဖြစ်ခဲ့ပေ။ တရေးကောင်းကောင်းအိပ်စက်ရင် သက်သာမှာပါဟုတွေးပြီး အိပ်ယာထဲသာ ခွေအိပ်နေမိသည်။
နှစ်ခြိုက်စွာ မှေးခနဲအိပ်ပျော်နေသည် အခိုက် နားစည်ထဲစူးခနဲ ကြားရသော ခေါ်ဝေါ်သံတို့ကြောင့် မှေးမှိတ်ထားသော မျက်ဝန်းတို့ကို အားယူကာ ဖွင့်ကြည့်မိသည်။
စိုးရိမ်ပူပင်နေဟန်ဖြင့် ကိုယ့်အနားထိုင်ကာကိုယ့်မျက်နာကို စူးစိုက်ကာ စစ်ဆေးအကဲဖြတ်နေသည့် အမျိုးသားရယ်ပါ။
" ကိုကို....ပြန်လာပြီလား.."
အိပ်ယာထဲက ရုတ်တရက်အထ မူးမိုက်သွားမူကြောင့် ယခင်ရောဂါဟောင်းများ ပြန်လည်ပေါ်လာသလား အထင်ဖြင့် စိုးရိမ်သောကတို့က ရင်ထဲဆင့်ကဲ ဝင်ရောက်လာခဲ့ပြန်သည်။
" ကလေး....ကလေးနေမကောင်းဘူးဆို...ခု ဘယ်လိုနေသေးလဲ..ဘယ်နေရာ နေထိုင်မကောင်းလဲ ကလေးငယ်.."
" ကိုကို..."
" အင်း.....ခုဘယ်လိုနေသေးလဲ ကလေး.."
" ဘာမှမဖြစ်ပါဘူး"
စိုးရိမ်ဟန်မျက်နာတို့ဖြင့် သောကများနေသည့်ကိုကို့ ကို အားယူကာ ခေါင်းရမ်းပြပြီး ကိုကို့ရင်ခွင်ထဲ တိုးဝင်၍ ဖက်ထားစေလိုက်သည်။
" ကလေးငယ် နေမကောင်းဘူးမဟုတ်လား...ကိုယ်ကိုပြောပါကွာနော်....ကိုကို့စိတ်ပူလို့ပါ ကလေးရယ်..."
ညိုးနွမ်းသော မျက်နာလေးဖြင့် အိပ်ယာထပြီးကာစ ကိုယ့်ရင်ခွင်ဆီ တိုးဝင်လာသော ကလေးငယ်က်ိုယ်လေးအား ပွေ့ဖက်ထားရင်း ကလေးငယ်ဆံသားနုနုလေးတွေပေါ် ခြွေချမိသည့် ကြင်နာသော အနမ်းများ။
" ဘာမှမဖြစ်ပါဘူး..."
" ဘယ်ဟုတ်ပါ့မလဲ...ကလေးရယ်..ကိုကို့ဆရာဝန်ခေါ်လိုက်မယ်နော်..."
" ဟင်းအင်း...မခေါ်နဲ့.."
ဂျီမကျစဖူး ကိုယ့်ရင်ခွင်ထဲ ပိုတိုးဝင်ကာ ချွဲစပြုနေသော ကလေးငယ်လေးရယ်ကြောင့် ပို၍ အချစ်ပိုလာရပြန်ပြီလေ။ သိပ်ချစ်ရသည့်အမျိုးသားငယ်က ခုလို ဂျီကျချွဲနေမူတို့ကြောင့် အသည်းဆိုင်သည်ကာ ခပ်ကြမ်းကြမ်းကိုင်လူပ်သည့်အလား ကြည်နူးမူအဟုန်ကမြင့်မားလျှက်။
" ဟုတ်ပြီ....ကိုယ့်ကလေးလေး..ပြောပါ၊ ဘယ်နေရာ နေထိုင်မကောင်းလဲ...ခုရော ဘယ်လိုခံစားရလဲ...ကိုကို့ကို ပြောလေနော်...ကိုယ့်ကလေးက လိမ်မာပါတယ်ကွာ..."
" ဟငိးအင်းလို့.."
" ကဲ ဒါဆို ကိုယ့်ကိုခဏလွတ်ပေး...ကိုကို့မျက်နှာကြည့်ပါအုံး ကလေးရ...ဟင်..ကိုကို့လည်း ကလေးမျက်နာကြည့်ပါရစေအုံးဗျာ...တနေ့ကုန်လွမ်းနေရသည်မို့.."
" ကိုကို့ "
" ဗျာ့.....ပြပါအုံး ကိုယ့်ကလေးမျက်နာလေး ကြည့်ချင်လို့..."
ရင်ခွင်ထဲတိုးဝင်နေတဲ့ ကလေးငယ်မျက်နာလေးကို လက်လေးနှစ်ဖက်ဖြင့် တယုတယ ပွေ့ယူကည့် ငုံကြည့်မိစဉ်ခဏ မဲ့ကြသွားတဲ့ ကလေးငယ်ရယ်ကြောင့် ကိုယ့်မှာအထိတ်ထိတ်အလန့်လန့်။
" ဘာ...ဘာဖြစ်လို့လဲ...ပြောပါကလေးရယ်...အရမ်းနေမကောင်းဖြစ်နေလား..."
နဖူးလေးကို လက်လေးဖြင့် ထိကပ်လိုက်၊ ပါးပြင်လေးကိုထိလိုက် လည်ပင်းလေးကို ထိကပ်လိုက်ဖြင့် စိုရိမ်ကာ အမေးစကားဖြင့်မေးနေတဲ့ကိုကို့ကြောင့် ဝမ်းနည်းစိတ်က ဘယ်ကပေါ်လာတယ်မသိ ငိုချချင်မိသည်။
ဒီရင်ခွင်ကျယ်ကြီးထဲ တိုးဝင်ကာ ငိုရိူက်ပစ်ချင်သည်။
" အင့်...."
အဖြေစကားတစ်ခွန်းမှ မဆိုလာပဲ မဲ့ကာကျသွားသည့်မျက်နာလေးဖြင့်ရင်ခွင်ထဲပိုတိုးကာ ငိုရိူက်လာပါသော ကလေးငယ်ရယ်ကြောင့် ဘာလုပ်လို့လုပ်ရမယ်မသိ ရင်ခွင်ထဲက ကလေးငယ်ကိုပိုးတို့ဖက်ကာ ပွေ့မြူချော့နေမိသည်။
" ဘာလို့လည်း ကလေးရယ်...ကိုယ့်ကိုပြောပါ...ကွာ...မငိုပါနဲ့ တိတ်ပါနော်...ကိုကို့ကလေးလေးက လိမ်မာပါတယ်ကွာ...."
ရင်ခွင်ထဲတိုးဝင်လာသူလေးရဲ့ခြေထောက်တွေက ပွေ့ချီခံချင်သည့်အလား ခါးဘေးဘက်ဝယ် ခွေကာ ရစ်သိုင်းလာပြန်တော့ တင်ပါးလေးကို တယုတယမ,ယူကာ ခပ်တင်းတင်းလေး ခလေးခါးတင်းခွချီသနည်း ပွေ့ချီကာ အခန်းတွင်းဝယ် ဘယ်ညာလျှောက်လို့ မနားတမ်းသော ချော့မြူစကားတွေ သီကုံးရင်း ချော့နေမိသည့် ဟန်သာလုပ်ငန်းစုကြီး၏ CEO ရဲရင့်ဟန်သာ။
" ကလေးငယ်...."
အချိန်အားဖြင့်တစ်ခဏ ပုခုံးထက်ငိုရိူက်နေသူလေး၏ မျက်နာလေး အိပဲ့ကျလာပြန်တော့ လက်ကလေးဖြင့် အသာထိမ်းကာ မွေ့ယာပေါ်တွင်ကိုယ်ပါထိုင်ကာ ခေါင်းနောက်ဖက် လက်ဖဝါးခံ၍ အသာချော့မြူရင်း ကြည့်မိတော့ မျက်တောင်လေးစင်းကာ ထွက်သက် ရူနေသော ကိုယ့်ကလေးငယ်က အိပ်ချင်စိတ်မပြယ်သည့် အလား....။
" ကိုယ့်ကလေးငယ်က အိပ်ချင်နေသေးတာပဲ..။ ခုတလော ကလေး အ,အိပ်မက်သလိုပဲ...အဟက်...."
နေမကောင်းသေးသောကြောင့် ခပ်ရဲရဲမျက်နာလေးက နီဆွေးဆွေး။ ငိုရိူက်ထားသည့်မျက်ဝန်းဝိုင်းတို့က အစ အောက်မျက်ခွံ့ရဲရဲမို့မို့လေးကိုပါ ခပ်ဖွဖွနမ်းရိူက်မိသည်။
နဖူးထိပ်ကဆံသားစတို့ကို အပေါ်သပ်ပေးရင်း ကလေးငယ်အိပ်တုန်းရေအမြန်ချိုးရမည်တွေးကာ နဖူးထိပ်လေးအား တစ်ချက်နမ်းပြီး စောင်ပါးပါးလေးခြုံပေးနေမိသည်။
ဘယ်ချိန်အိပ်အိပ် စောင်ပါးလေးခြုံမှအိပ်စက်တက်သည့် ကိုယ့်ကလေးငယ်လေးရယ်ပါ။
ခပ်မြန်မြန်ကိုယ်ဘက်သန့်စင်ရေချိုးပြီး ကလေးငယ်အကြိုက် ကြက်သားမျှင်များများနဲ့ ဖက်ထုပ်ပြုပ်ချိုလေးကိုပါ ချက်ထားစေရန် အောက်ထပ်ရှိ စားဆောင်ဆီသို့ intercon မှ တဆင့် မှားထားစေသည်။
ကလေးအိပ်စက်နေစဉ်ခဏ ကျန်ရှိနေသေားသော အပြတ်သေးသည့် စာရွက်စာတမ်းတွေကြောင့် စာကြည့်စားပွဲမှာထိုင်၍ အာရုံစိုက်နေမိသည်။
အချိန်အားဖြင့် အနည်းငယ် ကြာချိန် အိပ်ယာပေါ်က ရိူက်သံ သဲ့သဲ့တို့ကြောင့် ။
" ကိုကို့...."
" ဗျာ..ဗျ..န်ုးလာပြီ ကလေးလေး...ဘယ်လိုနေသေးလဲ....ခေါင်းကိုက်သေးလား..ဗိုက်နာသလား...ဘာလုပ်ချင်လဲ ..ကိုကို့ပြော .."
နူးညံ့ကြင်နာသော ကိုကို့စကားတို့ကြောင့် ရင်ထဲက မအီမလည်ခံစားမူက ကိုကို့ကိုယ်သင်းရနံ့ကြောင့်လားမသိ အနည်းငယ်သက်သာလာသည်မို့ ။
ခေါင်းလေးမော့ကာ အနမ်းပေးလာရန် နှင်းဆီဖူးလေးအား ဆူပြမိသည်လေ။
" ပြွတ်စ်~~~~ သက်သာပြီလား...."
" အွင်း...ရေချိုးချင်တယ်...."
" ဖြစ်ပါ့မလား အသည်းရယ်...ကိုယ့်ကလေးက ဖျားနေတာလေကွာ..ခုက ညဦးပိုင်းရောက်နေပြီ"
" ရေချိုးပါ့မယ်ဆို...နေ..."
အနည်းငယ်ဆူနေသော မျက်နာလေးမို့ ဆက်၍ တားမြတ်မည်မဟုတ်တော့။
" ညရောက်ပြီမို့ ကလေးရာ ..နော် ကိုယ်လက်သန့်စင်ပေးမယ်လေ..."
" ဟွန့် ရေချိုးမှာပါဆို..."
ထပ်၍ ဆူလာပါသော နင်းဆီဖူးရဲရဲလေးကြောင့် ကိုယ့်မှာ ထမရထိုင်မရ ခံစားရခက်စွာ။ သူ့လေးမျက်နာညိုရင်တောင် ပြိုမလောက်ကြောက်နေခဲ့တာ...ခုလို အခြေအနေဆို....အရာရာ သူ့လေး သဘောအတိုင်း...။
"အိုကေ....ကလေးသဘောအတိုင်းဗျာ...ဒါပေမယ့် ကိုကို့ချိုးပေးမယ် "
" ဟင်းအင်း"
အပြုံးစစလေးဖြင့်ခေါင်းရမ်းနေတဲ့ကလေးငယ် နထင်စပ်လေးကို တချက်နမ်းမိသည်။
မျက်ဝန်းဝိုင်းတွေမှိတ်ကျသည်အထိ။
" ဒါဆိုမြန်မြန်ချိုး ဟုတ်ပြီလား...သားငယ်ကအောက်ထပ်မှာစောင့်နေပြီဗျ...."
"အွင်း...."
ခေါင်းလေးငြိမ့်ကာ ရေချိုးခန်းဆီဦးတည်နေသူလေးကြောင်း တွန့်ကျေစပြုနေတဲ့ စောင်စတို့ကိုညီညာအောင်ခေါက်နေမိသည်။
*ခုတလော ကလေးက ပိုချွဲလာသလို သားနှင့်အပြိုင်ပါ တခါတလေ စိတ်ကောက်တက်လာသေးသည်။ အသားအရည်တွေ ပိုကြည်လင်ကာ အလှလေးလည်း ကြိုက်လာပြန်သေးသည်။ ဟိုတလောက မှန်တင်ခုံပေါ်က သုံးနေကြ sunscreen အပြင် lipstick အကြည်ရောင်လေးပါ တွေ့ရပြန်သေးတယ်။ ဘယ်ချိန်ကတည်း ပို့ချင်နေတယ်မသိသော မမဧကရီကလည်း သူ့မောင်နှင့်သူတူ့အတွက်ဆိုပြီး လမခြား cosmetics set တွေပါ ပို့နေဆဲ။
* ခုတလောကိုယ့် ကလေးငယ်က အလှကြိုက်လာသလိုပဲ...
အသားအရည်ကလည်း ကြည်လင်လာလိုက်တာ အပြင်ခေါ်မသွားရဲလောက်အောင်ကို ချောလွန်းလို့....။
လောလောဆယ်ကလေးငယ် နှစ်ခြိုက်ပါသည်ဟု ဖွင့်ဟပြောဆိုထားတဲ့ အဝါနုရောင် Shirt ကလေးကို whit color trousers လေးနဲ့တွဲဖက်ဝတ်ဆင်စေရန် အိပ်ယာပေါ်ဝယ် နေရာချထားပေးမိသည်။
Bathrobe ဖြူဖြူလေး ဝတ်ပြီး ခြေဖမိုးပြည့်ပြည့်ဖောင်းလေးအပေါ်က ဝင်းဖန့်နေတဲ့ အသားအရည်နဲ့ကလေးငယ်က ပိုပြီးပြည့်လာသယောင်။ အရင်ကထက်ပိုပြီး အစာမက်လာသလို အအိပ်လည်းများလာသည်မို့ ။
" ကိုကို့ ပေးလေ...အဝတ်လဲမလို့ "
" အာ...ရော့ မြန်မြန်လဲနော် အအေးမမိစေနဲ့ ကလေးငယ်"
" ဟုတ်...ဟုတ်..." အဝတ်လဲခန်းထဲ ဒုန်းဆိုင်းဝင်သွားတဲ့ ကလေးငယ်ကျောပြင်လေးကို ငေးကြည့်ပြီးခေါင်းရမ်းကာ ပြုံးရယ်နေမိသည်။
" ကိုကို့ ပြီးပြီ...အောက်ထပ်သွားရအောင် "
ခေါင်းလေးပေါင်းပြီး ခြောက်လက်စ ဆံသားတို့ ကလေးရဲ့ နဖူးပြင်ပြေပြေတို့အပေါ် ပြေကျလျှက်။ နှင်းဆီဖူးလေးက နုသွေးကြွယ်သည့်အလား .....
*ပြွတ်စ်.....
" ကိုကို့...."
" ဗျာ့......ကြည့်ရင်း မနေနိုင်လို့ ...ပေးနမ်းပါအုံး....ပြွတ်စ်~~~~"
ငြင်းဆိုချိန်မရခင် မေးဖျားလေးကို ပင့်မော့စေကာ တရိူက်မက်မက်နမ်းနေသော ကိုကို့ရယ်ကြောင့် ရေချိုးပြီးခါစ အနွေးဓါတ်လိုနေသည့်အခါ ရောက်ရှိလာသော ကြင်နာမူတွေကြောင့် ကိုကို့အနမ်းတို့ကို မေ့မေ့မောမော လက်ခံယူနေမိသည်။
" တော်တော့....နာသွားပြီ...ပေါက်သွားလားမသိ "
" ဟားးးးးမပေါက်ပါဘူးကွာ...ကိုကို့က အဲလိုအနာတရ ဖြစ်အောင်လုပ်ပါ့မလား ကလေးရ..ဟင်..လာ ဗိုက်ဆာပြီဟုတ်လား..."
" အင်း...ချဉ်ငံစပ် ပူပူလေး...."
" နိုး..."
တခွန်းသော စကားတွေဖြင့် ထပ်၍တောင်းဆိုမရအောင် လက်ကလေးကိုဆွဲကာ လှေကားအတိူင်း ဆွဲခေါ်နေပါသောကိုကို။ လူဆိုးကြီး .......
" ကိုကိုလို့......"
" No..."
" ဟင့်.....ကိုကို့....."
" မရဘူး ...ကလေးရာ..."
" ဟင့်...ဒါဆို ဘာမှမစားဘူး...."
" မဖြစ်လို့ပါ ကလေးရာ..."
အပေါ်ထပ်ဆီမှာ တစ်ယောက်တစ်ခွန်း ပြောဆိုသံတွေကြ ပါးပါးတစ်ယောက် ဒယ်ဒီကို ဘာတွေပူဆာနေတယ်မသိ။ ပါးပါးက ခုကြ သားသားလိုပဲ ကလေးလေးပြန်ဖြစ်လာပြီလေ။
" ဒယ်ဒီ....."
" ဗျာ့....လာပါအုံး..သားသားရာ.....ဒယ်ဒီပွေ့ပါရစေအုံး....."
" ဟွန့်.....စောစောကပဲ ဒယ်ဒီက သားကို ပလစ်ပီး ပါးပါးဆီ ပြေးသွားတာလေ...သားသားကို ပစ်ထားတာများ ဟွန့်..."
" မဟုတ်ရပါဘူး..ဗျာ...သားပါးပါး နေမကောင်းဘူးဆိုလို့ပါ...ဒယ်ဒီသားက နားလည်ပေးမယ် ဟုတ်လား...ဟင်..."
" ဟုတ်..ဟုတ်.."
" ခု ဘယ်လိုနေသေးလဲ သားငယ်..."
သားအဖနှစ်ယောက်ကို စိတ်ကောက်ပြီး ဘေးနားကဆိုဖာပေါ်ဝယ် ခြေချိတ်ထိုင်ပြီး ဆူကောက်နေပါသော ကလေးငယ်။
" သက်သာပါပြီအပါး..ခေါင်းနဲနဲမူးတာ အပါး...."
" မပေါ့စနဲ့ Jackson မနက်ဖန် သားငယ်ကို ဆေးရုံလိုက်ပို့ပြီးမှ အလုပ်သွား.."
" ဟုတ်ကဲ့ပါ အပါး..."
" သား တကယ်သက်သာပါပြီ အပါး..."
" ဘယ်ဟုတ်ပါ့မလဲ သားငယ်...medical check up လုပ်ကြည့်မှ သိရတာပေါ့.."
" ပါးပါး...နေမကောင်းဘူးလား..."
ကိုက်ို့လက်ထဲကနေခေါင်းလေးစောင်းကာ သူ့နဖူးအပေါ် လက်ကလေးတင်ပြီး စမ်းသပ်ပြနေပါသော ကောင်းစစ်ဟန်သာ။
" ပါးပါး သက်သာပါပြီ သားရယ်၊ သားရော ကျောင်းစာတွေလိုက်နိင်ရဲ့လား ဟင်...ပါးပါးသားလေး ပင်ပမ်းနေပြီလား..."
ကိုကို့လက်ထဲကနေကိုယ်ရင်ခွင်ဆီ ကူးပြောင်းလာပါသော သားငယ်ကို ဆီကြိုပွေ့ဖက်ကာ နဖူးပြင်လေးနမ်းလိုက် သားငယ်ပါးလေးနမ်းလိုက်ဖြင့် စိတ်ကျေနပ်မူကို ရယူနေမိသည်။
" သားသား..အဆင်ပြေတယ် .မပင်ပမ်းဘူး ပါးပါးကသာ မဖျားနဲ့နော်..အရင်လို ခေါင်းတွေမကိုက်နဲ့နော်...ပါးပါး..."
" ပါးပါး သားလေးက လိမ္မာလိုက်တာ ....အချစ်ဆုံးလေး..."
"ပါးပါး အဖျားတွေ ပျောက်ပါစေ..."
နဖူးလေးကို တစ်ချက်နမ်းပြီး လူကြီးတွေကို လက်အုပ်လေးချီကာ ကိုယ့်အတွက်တောင်းဆုပြုနေတဲ့ ကောင်စစ်ဟန်သာကိုကြည့်ပြီး ရင်ထဲမှာ ကြည်နူးမူက ဘာနဲ့မှမလဲနိုင်။
သားငယ်ဆီကရတဲ့ Baby shower အနံလေးက ခပ်သင်းသင်းလေးမို့ ကြည်နူးမူတို့နဲ့ ရောယှက်ကာ ဝေ့ဝဲလာသော မျက်ရည်ကြည်တို့ကို သားငယ်လည်ပင်းလေးကြားတိုးဝှေ့နမ်းရိူက်ရင်း ကြည်နူးမူတို့ကို ရယူခံစားနေမိသည်။
" ပါးပါး မငိုပါနဲ့....နေနေမကောင်းသေးဘူးလား...ဟင်"
" ဟင့်....ပါးပါး ပျော်လို့ပါသားရယ်.....ပါးပါး သက်သာပြီနော်..."
မျက်ဝန်းတောက်တောက်တို့ဖြင့် ကိုယ်မျက်နှာကို စေ့စပ်ကြည့်နေတဲ့ကောင်းစစ်ရယ်ပါ။
" အွင်...အွင်း...."
သားအဖတတွေ ကြည်နူးမိတဲ့အချိန်အခိုက် လက်လေးနောက်ပစ်ပြီး ညစာစားသုံးရန် အသင်ါဖြစ်နေပြီဆိုလာသော အိမ်တော်ထိန်းစကားကြောင့် ညစာစားသုံရန် Dinning room ဆီသို့။
" ဘာတွေချက်လဲ...."
စားပွဲဆီအကြည့်အရင်ပို့ကာ အမေးစကားဆိုလာတဲ့ အစ်ကိုလေးကြောင့် အိမ်တော်ထိန်းက တစ်ချက်ပြုံးပြီး ဘေးနားမှအရန်သင့်ရှိနေတဲ့ အိမ်အကူမလေးအား စားပွဲပေါ်မှ စားသောက်ဖွယ်ရာ ဟင်းပွဲများကို ဖွင့်စေမိသည်။
မနည်းသော ဟင်းပွဲများဆီက အနံအရသာနဲ့ပြည့်စုံသော အနံအရသာတို့က နှာခေါင်းထဲ တစ်ချက် ထိုးတက်လာသောကြောင့် ပြည့်တင်းလာသော ရင်ဘတ်ထဲက ခံစားမူနဲပေါင်းစပ်ပြီး ပါးစပ်လေးကို လက်လေးနဲ့ပိတ်ကာ နီးစပ်ရာ ဘေစင်ထဲ ခေါင်းထိုးကာ အော့အန်နေမိသည်။
" ကလေးငယ်....."
ရုတ်တရက်ထူပူသွားသော အခြေအနေကြောင့် ဘေစင်ဆီပြေးသွားတဲ့ ကလေးငယ်ကိုစိုးရိမ်စိတ်ဖြင့် ကျောလေးပွတ်ပေးကာ အမေးစကားဆိုနေမိသည်။
" သက်သာရဲ့လား....ဘယ်လိုနေသေးလဲ...ကလေး....ဆေးခန်းသွားရအောင်နော်..."
ဘေးနားကနေချော့မြူနေတဲ့ လူအိုကြီးက Dinning room ထဲ လူအများရကြီးရှိနေတာကို မေ့နေပြီလား။
" ပါး...ပါးပါး..."
အပါးဘေးကနေ အော်ခေါ်နေတဲ့ သားငယ်ဆီမှာလည်း ဖခင်သေးသေးလေးအတွက် စိုးရိမ်စိတ်တွေအပြည့်။
အပြုံးချိုချိုဖြင့် အပါးကတော့ ကျွန်တော်တို့နှစ်ယောက်ကိုကြည့်ပြီး ခေါင်းငြိမ့်ကာ ဆက်တိုက်ပြုံးနေပြန်သေးသည်။
" သားငယ်အတွက် အနံမပြင်းတဲ့ ရသာဟင်းချိုမျိုး ချက်ပေးပါအုံး အိမ်ထိမ်းကြီး...."
" ဟုတ်ကဲ့ပါ သခင်ကြီး..."
အပါးရဲ့စကားအသွားအလာနှင့်အခြေအနေကိုနားလည်သဘောပေါက်နေဟန်အိမ်တော်ထိမ်းက အပြုံးများဖြင့် ခေါင်းငြိမ့်ကာ နီးစပ်ကာအိမ်အကူလေးအား အစ်ကိုလေးအတွက် သီးသန့်ဟင်းပွဲတချိုါကို စာဖိုမှူးများအား အလျှင်အမြန် ချက်ပြုတ်စေသည်လေ။
အစာမပါပဲ လေတွေကြီး အော့အန်ကာ နွမ်းလျလာတဲ့ ကလေးငယ်ကိုကြည့်ပြီး သနားစိတ်ကပိုတိုးလာခဲ့ပြန်သည်။
" သက်သာရဲ့လားကွာ...."
အော့အန်ပြီး ပုခုံးလေးကို ခေါင်းမှီစေကာ ခပ်နွေးနွေးဖြစ်နေတဲ့ ကိုယ်ခန္ဓာလေးအား ခါးသိမ်သိမ်လေးမှဆွဲဖက်ကာ မေးနေမိပြန်တော့လည်း ပင်ပမ်းမူတွေကြားထဲက ခေါင်းခါ၍သာ အဖေပြန်နေသည့်ကိုယ့်ကလေးငယ်လေးရယ်ပါ ။
" သားငယ်ကို အခန်းထဲ နားစေပါ သား"
" ဟင်းအင်း....သားသက်သာပါတယ် အပါး..."
နွမ်းလျနေတဲ့အပြုံးနုနုလေးဖြင့်ပြုံးပြလာသည့် ကလေးအဖေလေးကိုကြည့်ပြီး မြေးတစ်ယောက်ထပ်တိုးဖို့ရာ သေချာသလောက်ဖြစ်နေပြီတွေးပြီး ခေါင်းငြိမ့်ပြမိသည်။
" အဆင်ပြေရဲ့လား....စားစရာကို အခန်းထဲပို့ခိုင်းပေးမယ်လေ ကလေး...."
" အင်း...ပြေပါတယ်ဆို...."
" ဟုတ်ရဲ့လား ကွာ..."
ထိုင်ခုံပေါ်ထိုင်သည်အထိ ဘေးနားကပ်ကာ စိုးရိမ်မပြတ် အမေးစကားတို့တဖွဖွဆိုနေသူကြောင့် အပါးဘေးနားကနေ သေသပ်သပ်ရပ်စွာ လူကြီးဟန်လေးဖြင့် စားနေတဲ့ ကောင်စစ်ဟန်သာ၏ အကြည့်စူးစူးတို့က သူ့ဒယ်ဒီဆီ ကျရောက်လာခဲ့ပြီလေ။
နူတ်ခမ်းတဝှိက်က ပေကျံစပြုနေတဲ့ဆီအဝေ့လေးကို tissue လေးဖြင့် ဂရုတစိုက်သုပ်ပေးနေရှာတဲ့အပါးကတော့ သူ့မြေးအကြည့်တွေကို သဘောကျပြီး ပြုံးရယ်မပျက်ခဲ့။
" ဟွန့်.....ဒယ်ဒီက သိပ်ပိုတာပဲ ဖိုးဖိုး...."
သူ့ဒယ်ဒီဆီ လက်ညှိုးလေးထိုး ပြီး နူတ်ခမ်းဆူလာသော ကောင်းစစ်စကားတို့ကြောင့် ကိုယ်နေဟန်ကိုတစ်ချက်ထိမ်းပြီး သားတော်မောင်ကို ချော့ရမည်လေ။
" မဟုတ်ရပါဘူး...သားရာ....သားပါးပါးက သားမြင်တဲ့အတိုင်းပဲ...နွမ်းလျလျမို့ ဒယ်ဒီစိတ်ပူသွားလို့ပါ သားရ...."
" အွင်း...အွင်း...ပါးပါး သက်သာရဲ့လား...."
" ပါး အဆင်ပြေပါပြီ ဗျာ...."
ပြောစကားမဆုံခင် အိမ်အကူကောင်မလေး ချပေးလာတဲ့ ဟင်းရည်ချိုနံလေးက စွဲဆောင်မူအပြည့်။
*မွှေးလိုက်တာ.....စားချင်စရာလေး...."
ပန်းကန်လုံးလေးထဲက အငွေ့တထောင်းထောင်းထနေတဲ့ အသားပြုတ်ရည်အနံလေးက မြင်ရသူတိုင်း သရည်ကျချင်ဖွယ်ရာလေး။
" စားရအဆင်ပြေရဲ့လား..အစ်ကိုလေး..."
" အွင်း....အရမ်းကောင်း...."
" ကလေးပူမယ်နော်.....ကိုကို မူတ်ပေးရမလား...."
" No...."
အငွေ့တထောင်းထောင်းထနေသော အသားပြုတ်ရည်ဟင်းချိုလေးကိုတစ်ဇွန်းပြီး တစ်ဇွန်း ခက်သောက်နေတဲ့ ကလေးငယ်ကိုကြည့်ပြီး ပူများနေရှာမလား စိုးရိမ်စိတ်ဖြင့်။
" ဟန်သာအိမ်တော်မှာ မျိုးစက်တိုးတော့မယ်ထင်တယ် အိမ်တော်ထိမ်းကြီး....ဟားးးးးးး"
ပျော်ရွှင်ကြည်နူးနေဟန်အပြည့်ဖြင့် ရွှန်းလဲနေသော အားရကျေနပ်ဖွယ်စကားသံတချို့တို့ကြောင့် အပါးကိုသာ ကြည့်နေမိသည်။
" ဂုဏ်ယူပါတယ်သခင်ကြီး....သခင်ငယ်ငယ်လေးကို ထိမ်းခွင့်ရမယ့်အခွင့်အရေးမို့ ဝမ်းသာဂုဏ်ယူစွာ ကြိုဆိုလျှက်ပါ သခင်ကြီး..."
" ဟုတ်တာပေါ့......သိပ်ဟုတ်ပေါ့....ဒါဆို ပါရဂူကို အိမ်တော်ကို ပင့်လိုက်ပါ အိမ်တော်ထိမ်း....ပျော်ရွှင်စရာစကားကောင်းတွေကို သားကြီးတို့ဆီလည်း မျှဝေရမယ်လေ...."
" ဟုတ်ကဲ့ပါ သခင်ကြီး..."
အပါးနဲ့အိမ်တော်ထိမ်းတို့ရဲ့ စကားအသွားအလာ ကိုကြည့်ပြီး ရင်တွင်းနေရာအပြည့် ပီတိအဟုန်က ဆင့်ကဲတိုးရောကာ မျက်ရည်အိုင်အဖြစ် ဝမ်းသာကြည်ပြီးပျော်နေမိပြန်သေးသည်။
" အပါး....."
အပါးကိုခေါင်းမော့ကြည့်ပြန်တော့လည်း အပြုံးစစတို့ဖြင့် ခေါင်းညိမ့်နေရှာသေးသည်။
" ကလေး..."
အခြေအနေကိုနားမလည်နိုင်စွာအပါးကိုတစ်လှည့် ကျွန်တော်ကိုတစ်လှည့် မော့ကြည့်နေရှာတဲ့ ကလေးလေးကို ချစ်လွန်းလို့ ဆွဲဖက်ပစ်ချင်မိသည်။
" ဘာ....ဘာလဲ....ဒီမှာစားနေတာကို...ဒီဟင်းက ရမ်းစားကောင်းတာ..."
" စားပါစေ...သားရေ...."
" ဖြေးဖြေးစား...အပူထိမယ်နော် ကလေး..."
" အွင်း...အင်း.."
မြေးငယ်ခေါင်းလေးကို ဖွဖွပွတ်ကာ အပြုံးတို့ဖြင့်အပါးစကားတို့ကြောင့်....။
" အငယ်လေးရရင် ဖိုးမြေးက ပျော်မှာလား...."
" သား...ညီညီလေးလား....ဖိုးဖိုး...."
မျှော်လင့်ချက်တလက်လက်ဖြင့် ဆက်တိုက်ခေါင်းညိမ့်နေတဲ့ ကောင်းစစ်ဟန်သာ။
" ဒါပေါ့....ဖိုးမြေးက အစ်ကိုကြီးဖြစ်တော့မယ် ထင်တယ်...."
" အပါး.....!!!!"
# မမ အတွက် vote ပေးခဲ့ဖို့ မမေ့နဲ့နော်
( ခု မမ slow romance ဇာတ်အိမ်လေးနဲ့ ongoing ရေးနေပါတယ်။ ချစ်စရာ တောင်ပေါ်သားလေး ဗန်လွယ်အွေ့အကြောင်းကို စာစီဖွဲ့ရင်း ခြေတစ်ဖက်မသန်တဲ့ ဘုန်းမာန်ရဲ့ဒုခအိုးလေးအကြောင်း ...ongoing လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါရစေ......။ များကြီးကြိုးစား ရေးသားထားတာမို့ ချစ်သောတို့ရဲ့ review လှလှလေးအပါအဝင် မမကို ထောက်ပြဝေဖန်ပေးမယ့် comments လေးတွေလည်း စောင့်မျှော်နေလျှက်ပါ......အားလုံးကို ကျေးဇူးတင်ပါတယ်....)
Zawgyi
အလုပ္က အျပန္ အိမ္ေအာက္ထပ္မွာ အပါးနဲ႕အတူ လက္ေရးလွက်င့္ေနသည့္ သားငယ္ ။
" ဒယ္ဒီ ျပန္လာၿပီလား..."
" ဟုတ္ပါ့ဗ်ာ....ႁပြတ္စ္~..."
သားငယ္အနားသြား၍ သားငယ့္ပါးျပင္ေလးကို တစ္ခ်က္နမ္းၿပီး ကေလးအေဖေလးကို ေဘးဘက္ဆီသို႔ ေဝ့ဝိုက္ကာရွာၾကည့္ေနမိသည္။
သားငယ္ေဘးကေန စကားေလးေျပာလိုက္ ၊ လက္ထဲက စာရင္းေတြၾကည့္လိုက္ျဖင့္ သားငယ္နဲ႕အျပန္အလန္ ၿပဳံးရယ္ကာ ေပ်ာ္ေနၾကသည့္ ေျမးအဘိုးႏွစ္ေယာက္ေၾကာင့္ကိုယ့္ကေလးငယ္ ဘယ္မွာရွိေနမလဲ အေတြးျဖင့္ မီးဖိုးထဲ ေခါင္းေစာင္းကာ ငဲ့ၾကည့္ပါေသာ္လည္း ညစာအတြက္ျပင္ဆင္ေနၾကေသာ စာဖိုမူးအခ်ိဳ႕နဲ႕အိမ္အကူမ်ားက ေခါင္းငုံ႕ကာ အရိုအေသေပးၾကသည္။
" ကေလးငယ္ေရာ...."
အနီးနားေရာက္လာေသာ အိမ္ထိန္းႀကီးအားအေမးစကားဆိုေနသည့္ အိမ္ႀကီးရွင္က မူဟန္မဲ့စြာျဖင့္။
" အစ္ကိုေလးအေပၚထပ္မွာပဲ ...မ်က္ႏွာလည္း သိပ္မသာပါဘူး သခင္ေလး.."
"ဟုတ္လား...ဘာျဖစ္တာလဲ "
" ေမးမရဘူး သခင္ေလး ၊ ေန႕လည္စာလည္း နည္းနည္းပဲ သုံးေဆာင္ပါတယ္ သခင္ေလး "
" ဟုတ္ၿပီ...၊ ညစာကို ကေလးအႀကိဳက္ေလးျပင္ထားေပးပါ"
" ဟုတ္ကဲ့ပါ သခင္ေလး"
လက္ထဲက အိတ္ကို အိမ္ေတာ္ထိန္းဆီေပးကာ ျမန္ဆန္ေသာ ေျခလွမ္းတို႔ျဖင့္ အေပၚထပ္ဆီက မိမိတို႔အခန္းဆီသို႔ ။
ေလာ့မခ်ထားသည့္ အခန္းတံခါးကိုတြန္းဖြင့္ရင္း *ကေလးငယ္ ဟုဆိုကာ အေမာတေကာ ေျပးကာ ေခၚေနမိသည္။
" ကေလးငယ္...."
လူက ရင္မေကာင္း သလိုလို၊ ကိုယ္ခႏၶာႏူံးေနသလိုလိုျဖင့္ မေန႕ညက ေရစိမ္ၾကာျခင္းရဲ႕အက်ိဳးရလဒ္ေတြေၾကာင့္ မနက္အိပ္ယာထ ကတည္းက ကိုယ္လက္မအီမသာခံစားရသည္။ မနက္အိပ္ယာထ မူးေဝျခင္းေဝဒနာေၾကာင့္ စိတ္ထဲမသိုးမသန့္ခံစားရပါေသာ္လည္း မျဖစ္နိုင္ပါဘူးဟုေတြးကာ ေနာက္ေရၾကာရွည္စိမ္မခ်ိဳးမိေအာင္ ကိုယ့္ကိုကိုယ္ သတိေပးတားျမစ္ေနမိသည္။
ကိုကိုအလုပ္သြားရန္ မနက္စာကအစ ကူျပင္ေပးၿပီး ကားအနားထိလိုက္လံ ႏူတ္ဆက္ကာ ရင္ထဲမအီမသာျဖစ္မူကိုၿမိဳသိပ္ၿပီး ကိုကို အလုပ္သြားမွသာ အိပ္ယာထဲဝင္ေခြေနမိသည္။
ကိုကို ကို႔ေျပာျပလွ်င္ ကိုယ့္ထက္ပိုသည္းကဲသူမို႔ အလုပ္ကိုေတာင္သြားမည္မဟုတ္ေသာေၾကာင့္ ဖြင့္မေျပာျဖစ္ခဲ့ေပ။ တေရးေကာင္းေကာင္းအိပ္စက္ရင္ သက္သာမွာပါဟုေတြးၿပီး အိပ္ယာထဲသာ ေခြအိပ္ေနမိသည္။
ႏွစ္ၿခိဳက္စြာ ေမွးခနဲအိပ္ေပ်ာ္ေနသည္ အခိုက္ နားစည္ထဲစူးခနဲ ၾကားရေသာ ေခၚေဝၚသံတို႔ေၾကာင့္ ေမွးမွိတ္ထားေသာ မ်က္ဝန္းတို႔ကို အားယူကာ ဖြင့္ၾကည့္မိသည္။
စိုးရိမ္ပူပင္ေနဟန္ျဖင့္ ကိုယ့္အနားထိုင္ကာကိုယ့္မ်က္နာကို စူးစိုက္ကာ စစ္ေဆးအကဲျဖတ္ေနသည့္ အမ်ိဳးသားရယ္ပါ။
" ကိုကို....ျပန္လာၿပီလား.."
အိပ္ယာထဲက ႐ုတ္တရက္အထ မူးမိုက္သြားမူေၾကာင့္ ယခင္ေရာဂါေဟာင္းမ်ား ျပန္လည္ေပၚလာသလား အထင္ျဖင့္ စိုးရိမ္ေသာကတို႔က ရင္ထဲဆင့္ကဲ ဝင္ေရာက္လာခဲ့ျပန္သည္။
" ကေလး....ကေလးေနမေကာင္းဘူးဆို...ခု ဘယ္လိုေနေသးလဲ..ဘယ္ေနရာ ေနထိုင္မေကာင္းလဲ ကေလးငယ္.."
" ကိုကို..."
" အင္း.....ခုဘယ္လိုေနေသးလဲ ကေလး.."
" ဘာမွမျဖစ္ပါဘူး"
စိုးရိမ္ဟန္မ်က္နာတို႔ျဖင့္ ေသာကမ်ားေနသည့္ကိုကို႔ ကို အားယူကာ ေခါင္းရမ္းျပၿပီး ကိုကို႔ရင္ခြင္ထဲ တိုးဝင္၍ ဖက္ထားေစလိုက္သည္။
" ကေလးငယ္ ေနမေကာင္းဘူးမဟုတ္လား...ကိုယ္ကိုေျပာပါကြာေနာ္....ကိုကို႔စိတ္ပူလို႔ပါ ကေလးရယ္..."
ညိုးႏြမ္းေသာ မ်က္နာေလးျဖင့္ အိပ္ယာထၿပီးကာစ ကိုယ့္ရင္ခြင္ဆီ တိုးဝင္လာေသာ ကလေးငယ်က်ိုယ်လေးအား ေပြ႕ဖက္ထားရင္း ကေလးငယ္ဆံသားႏုႏုေလးေတြေပၚ ေႁခြခ်မိသည့္ ၾကင္နာေသာ အနမ္းမ်ား။
" ဘာမွမျဖစ္ပါဘူး..."
" ဘယ္ဟုတ္ပါ့မလဲ...ကေလးရယ္..ကိုကို႔ဆရာဝန္ေခၚလိုက္မယ္ေနာ္..."
" ဟင္းအင္း...မေခၚနဲ႕.."
ဂ်ီမက်စဖူး ကိုယ့္ရင္ခြင္ထဲ ပိုတိုးဝင္ကာ ခြၽဲစျပဳေနေသာ ကေလးငယ္ေလးရယ္ေၾကာင့္ ပို၍ အခ်စ္ပိုလာရျပန္ၿပီေလ။ သိပ္ခ်စ္ရသည့္အမ်ိဳးသားငယ္က ခုလို ဂ်ီက်ခြၽဲေနမူတို႔ေၾကာင့္ အသည္းဆိုင္သည္ကာ ခပ္ၾကမ္းၾကမ္းကိုင္လူပ္သည့္အလား ၾကည္ႏူးမူအဟုန္ကျမင့္မားလွ်က္။
" ဟုတ္ၿပီ....ကိုယ့္ကေလးေလး..ေျပာပါ၊ ဘယ္ေနရာ ေနထိုင္မေကာင္းလဲ...ခုေရာ ဘယ္လိုခံစားရလဲ...ကိုကို႔ကို ေျပာေလေနာ္...ကိုယ့္ကေလးက လိမ္မာပါတယ္ကြာ..."
" ဟငိးအင္းလို႔.."
" ကဲ ဒါဆို ကိုယ့္ကိုခဏလြတ္ေပး...ကိုကို႔မ်က္ႏွာၾကည့္ပါအုံး ကေလးရ...ဟင္..ကိုကို႔လည္း ကေလးမ်က္နာၾကည့္ပါရေစအုံးဗ်ာ...တေန႕ကုန္လြမ္းေနရသည္မို႔.."
" ကိုကို႔ "
" ဗ်ာ့.....ျပပါအုံး ကိုယ့္ကေလးမ်က္နာေလး ၾကည့္ခ်င္လို႔..."
ရင္ခြင္ထဲတိုးဝင္ေနတဲ့ ကေလးငယ္မ်က္နာေလးကို လက္ေလးႏွစ္ဖက္ျဖင့္ တယုတယ ေပြ႕ယူကည့္ ငုံၾကည့္မိစဥ္ခဏ မဲ့ၾကသြားတဲ့ ကေလးငယ္ရယ္ေၾကာင့္ ကိုယ့္မွာအထိတ္ထိတ္အလန့္လန့္။
" ဘာ...ဘာျဖစ္လို႔လဲ...ေျပာပါကေလးရယ္...အရမ္းေနမေကာင္းျဖစ္ေနလား..."
နဖူးေလးကို လက္ေလးျဖင့္ ထိကပ္လိုက္၊ ပါးျပင္ေလးကိုထိလိုက္ လည္ပင္းေလးကို ထိကပ္လိုက္ျဖင့္ စိုရိမ္ကာ အေမးစကားျဖင့္ေမးေနတဲ့ကိုကို႔ေၾကာင့္ ဝမ္းနည္းစိတ္က ဘယ္ကေပၚလာတယ္မသိ ငိုခ်ခ်င္မိသည္။
ဒီရင္ခြင္က်ယ္ႀကီးထဲ တိုးဝင္ကာ ငိုရိူက္ပစ္ခ်င္သည္။
" အင့္...."
အေျဖစကားတစ္ခြန္းမွ မဆိုလာပဲ မဲ့ကာက်သြားသည့္မ်က္နာေလးျဖင့္ရင္ခြင္ထဲပိုတိုးကာ ငိုရိူက္လာပါေသာ ကေလးငယ္ရယ္ေၾကာင့္ ဘာလုပ္လို႔လုပ္ရမယ္မသိ ရင္ခြင္ထဲက ကေလးငယ္ကိုပိုးတို႔ဖက္ကာ ေပြ႕ျမဴေခ်ာ့ေနမိသည္။
" ဘာလို႔လည္း ကေလးရယ္...ကိုယ့္ကိုေျပာပါ...ကြာ...မငိုပါနဲ႕ တိတ္ပါေနာ္...ကိုကို႔ကေလးေလးက လိမ္မာပါတယ္ကြာ...."
ရင္ခြင္ထဲတိုးဝင္လာသူေလးရဲ႕ေျခေထာက္ေတြက ေပြ႕ခ်ီခံခ်င္သည့္အလား ခါးေဘးဘက္ဝယ္ ေခြကာ ရစ္သိုင္းလာျပန္ေတာ့ တင္ပါးေလးကို တယုတယမ,ယူကာ ခပ္တင္းတင္းေလး ခေလးခါးတင္းခြခ်ီသနည္း ေပြ႕ခ်ီကာ အခန္းတြင္းဝယ္ ဘယ္ညာေလွ်ာက္လို႔ မနားတမ္းေသာ ေခ်ာ့ျမဴစကားေတြ သီကုံးရင္း ေခ်ာ့ေနမိသည့္ ဟန္သာလုပ္ငန္းစုႀကီး၏ CEO ရဲရင့္ဟန္သာ။
" ကေလးငယ္...."
အခ်ိန္အားျဖင့္တစ္ခဏ ပုခုံးထက္ငိုရိူက္ေနသူေလး၏ မ်က္နာေလး အိပဲ့က်လာျပန္ေတာ့ လက္ကေလးျဖင့္ အသာထိမ္းကာ ေမြ႕ယာေပၚတြင္ကိုယ္ပါထိုင္ကာ ေခါင္းေနာက္ဖက္ လက္ဖဝါးခံ၍ အသာေခ်ာ့ျမဴရင္း ၾကည့္မိေတာ့ မ်က္ေတာင္ေလးစင္းကာ ထြက္သက္ ႐ူေနေသာ ကိုယ့္ကေလးငယ္က အိပ္ခ်င္စိတ္မျပယ္သည့္ အလား....။
" ကိုယ့္ကေလးငယ္က အိပ္ခ်င္ေနေသးတာပဲ..။ ခုတေလာ ကေလး အ,အိပ္မက္သလိုပဲ...အဟက္...."
ေနမေကာင္းေသးေသာေၾကာင့္ ခပ္ရဲရဲမ်က္နာေလးက နီေဆြးေဆြး။ ငိုရိူက္ထားသည့္မ်က္ဝန္းဝိုင္းတို႔က အစ ေအာက္မ်က္ခြံ႕ရဲရဲမို႔မို႔ေလးကိုပါ ခပ္ဖြဖြနမ္းရိူက္မိသည္။
နဖူးထိပ္ကဆံသားစတို႔ကို အေပၚသပ္ေပးရင္း ကေလးငယ္အိပ္တုန္းေရအျမန္ခ်ိဳးရမည္ေတြးကာ နဖူးထိပ္ေလးအား တစ္ခ်က္နမ္းၿပီး ေစာင္ပါးပါးေလးၿခဳံေပးေနမိသည္။
ဘယ္ခ်ိန္အိပ္အိပ္ ေစာင္ပါးေလးၿခဳံမွအိပ္စက္တက္သည့္ ကိုယ့္ကေလးငယ္ေလးရယ္ပါ။
ခပ္ျမန္ျမန္ကိုယ္ဘက္သန့္စင္ေရခ်ိဳးၿပီး ကေလးငယ္အႀကိဳက္ ၾကက္သားမွ်င္မ်ားမ်ားနဲ႕ ဖက္ထုပ္ျပဳပ္ခ်ိဳေလးကိုပါ ခ်က္ထားေစရန္ ေအာက္ထပ္ရွိ စားေဆာင္ဆီသို႔ intercon မွ တဆင့္ မွားထားေစသည္။
ကေလးအိပ္စက္ေနစဥ္ခဏ က်န္ရွိေနေသားေသာ အျပတ္ေသးသည့္ စာ႐ြက္စာတမ္းေတြေၾကာင့္ စာၾကည့္စားပြဲမွာထိုင္၍ အာ႐ုံစိုက္ေနမိသည္။
အခ်ိန္အားျဖင့္ အနည္းငယ္ ၾကာခ်ိန္ အိပ္ယာေပၚက ရိူက္သံ သဲ့သဲ့တို႔ေၾကာင့္ ။
" ကိုကို႔...."
" ဗ်ာ..ဗ်..န်ုးလာပြီ ကေလးေလး...ဘယ္လိုေနေသးလဲ....ေခါင္းကိုက္ေသးလား..ဗိုက္နာသလား...ဘာလုပ္ခ်င္လဲ ..ကိုကို႔ေျပာ .."
ႏူးညံ့ၾကင္နာေသာ ကိုကို႔စကားတို႔ေၾကာင့္ ရင္ထဲက မအီမလည္ခံစားမူက ကိုကို႔ကိုယ္သင္းရနံ႕ေၾကာင့္လားမသိ အနည္းငယ္သက္သာလာသည္မို႔ ။
ေခါင္းေလးေမာ့ကာ အနမ္းေပးလာရန္ ႏွင္းဆီဖူးေလးအား ဆူျပမိသည္ေလ။
" ႁပြတ္စ္~~~~ သက္သာၿပီလား...."
" အြင္း...ေရခ်ိဳးခ်င္တယ္...."
" ျဖစ္ပါ့မလား အသည္းရယ္...ကိုယ့္ကေလးက ဖ်ားေနတာေလကြာ..ခုက ညဦးပိုင္းေရာက္ေနၿပီ"
" ေရခ်ိဳးပါ့မယ္ဆို...ေန..."
အနည္းငယ္ဆူေနေသာ မ်က္နာေလးမို႔ ဆက္၍ တားျမတ္မည္မဟုတ္ေတာ့။
" ညေရာက္ၿပီမို႔ ကေလးရာ ..ေနာ္ ကိုယ္လက္သန့္စင္ေပးမယ္ေလ..."
" ဟြန့္ ေရခ်ိဳးမွာပါဆို..."
ထပ္၍ ဆူလာပါေသာ နင္းဆီဖူးရဲရဲေလးေၾကာင့္ ကိုယ့္မွာ ထမရထိုင္မရ ခံစားရခက္စြာ။ သူ႕ေလးမ်က္နာညိုရင္ေတာင္ ၿပိဳမေလာက္ေၾကာက္ေနခဲ့တာ...ခုလို အေျခအေနဆို....အရာရာ သူ႕ေလး သေဘာအတိုင္း...။
"အိုေက....ကေလးသေဘာအတိုင္းဗ်ာ...ဒါေပမယ့္ ကိုကို႔ခ်ိဳးေပးမယ္ "
" ဟင္းအင္း"
အၿပဳံးစစေလးျဖင့္ေခါင္းရမ္းေနတဲ့ကေလးငယ္ နထင္စပ္ေလးကို တခ်က္နမ္းမိသည္။
မ်က္ဝန္းဝိုင္းေတြမွိတ္က်သည္အထိ။
" ဒါဆိုျမန္ျမန္ခ်ိဳး ဟုတ္ၿပီလား...သားငယ္ကေအာက္ထပ္မွာေစာင့္ေနၿပီဗ်...."
"အြင္း...."
ေခါင္းေလးၿငိမ့္ကာ ေရခ်ိဳးခန္းဆီဦးတည္ေနသူေလးေၾကာင္း တြန့္ေက်စျပဳေနတဲ့ ေစာင္စတို႔ကိုညီညာေအာင္ေခါက္ေနမိသည္။
*ခုတေလာ ကေလးက ပိုခြၽဲလာသလို သားႏွင့္အၿပိဳင္ပါ တခါတေလ စိတ္ေကာက္တက္လာေသးသည္။ အသားအရည္ေတြ ပိုၾကည္လင္ကာ အလွေလးလည္း ႀကိဳက္လာျပန္ေသးသည္။ ဟိုတေလာက မွန္တင္ခုံေပၚက သုံးေနၾက sunscreen အျပင္ lipstick အၾကည္ေရာင္ေလးပါ ေတြ႕ရျပန္ေသးတယ္။ ဘယ္ခ်ိန္ကတည္း ပို႔ခ်င္ေနတယ္မသိေသာ မမဧကရီကလည္း သူ႕ေမာင္ႏွင့္သူတူ႕အတြက္ဆိုၿပီး လမျခား cosmetics set ေတြပါ ပို႔ေနဆဲ။
* ခုတေလာကိုယ့္ ကေလးငယ္က အလွႀကိဳက္လာသလိုပဲ...
အသားအရည္ကလည္း ၾကည္လင္လာလိုက္တာ အျပင္ေခၚမသြားရဲေလာက္ေအာင္ကို ေခ်ာလြန္းလို႔....။
ေလာေလာဆယ္ကေလးငယ္ ႏွစ္ၿခိဳက္ပါသည္ဟု ဖြင့္ဟေျပာဆိုထားတဲ့ အဝါႏုေရာင္ Shirt ကေလးကို whit color trousers ေလးနဲ႕တြဲဖက္ဝတ္ဆင္ေစရန္ အိပ္ယာေပၚဝယ္ ေနရာခ်ထားေပးမိသည္။
Bathrobe ျဖဴျဖဴေလး ဝတ္ၿပီး ေျခဖမိုးျပည့္ျပည့္ေဖာင္းေလးအေပၚက ဝင္းဖန့္ေနတဲ့ အသားအရည္နဲ႕ကေလးငယ္က ပိုၿပီးျပည့္လာသေယာင္။ အရင္ကထက္ပိုၿပီး အစာမက္လာသလို အအိပ္လည္းမ်ားလာသည္မို႔ ။
" ကိုကို႔ ေပးေလ...အဝတ္လဲမလို႔ "
" အာ...ေရာ့ ျမန္ျမန္လဲေနာ္ အေအးမမိေစနဲ႕ ကေလးငယ္"
" ဟုတ္...ဟုတ္..." အဝတ္လဲခန္းထဲ ဒုန္းဆိုင္းဝင္သြားတဲ့ ကေလးငယ္ေက်ာျပင္ေလးကို ေငးၾကည့္ၿပီးေခါင္းရမ္းကာ ၿပဳံးရယ္ေနမိသည္။
" ကိုကို႔ ၿပီးၿပီ...ေအာက္ထပ္သြားရေအာင္ "
ေခါင္းေလးေပါင္းၿပီး ေျခာက္လက္စ ဆံသားတို႔ ကေလးရဲ႕ နဖူးျပင္ေျပေျပတို႔အေပၚ ေျပက်လွ်က္။ ႏွင္းဆီဖူးေလးက ႏုေသြးႂကြယ္သည့္အလား .....
*ႁပြတ္စ္.....
" ကိုကို႔...."
" ဗ်ာ့......ၾကည့္ရင္း မေနနိုင္လို႔ ...ေပးနမ္းပါအုံး....ႁပြတ္စ္~~~~"
ျငင္းဆိုခ်ိန္မရခင္ ေမးဖ်ားေလးကို ပင့္ေမာ့ေစကာ တရိူက္မက္မက္နမ္းေနေသာ ကိုကို႔ရယ္ေၾကာင့္ ေရခ်ိဳးၿပီးခါစ အႏြေးဓါတ္လိုေနသည့္အခါ ေရာက္ရွိလာေသာ ၾကင္နာမူေတြေၾကာင့္ ကိုကို႔အနမ္းတို႔ကို ေမ့ေမ့ေမာေမာ လက္ခံယူေနမိသည္။
" ေတာ္ေတာ့....နာသြားၿပီ...ေပါက္သြားလားမသိ "
" ဟားးးးးမေပါက္ပါဘူးကြာ...ကိုကို႔က အဲလိုအနာတရ ျဖစ္ေအာင္လုပ္ပါ့မလား ကေလးရ..ဟင္..လာ ဗိုက္ဆာၿပီဟုတ္လား..."
" အင္း...ခ်ဥ္ငံစပ္ ပူပူေလး...."
" နိုး..."
တခြန္းေသာ စကားေတြျဖင့္ ထပ္၍ေတာင္းဆိုမရေအာင္ လက္ကေလးကိုဆြဲကာ ေလွကားအတိူင္း ဆြဲေခၚေနပါေသာကိုကို။ လူဆိုးႀကီး .......
" ကိုကိုလို႔......"
" No..."
" ဟင့္.....ကိုကို႔....."
" မရဘူး ...ကေလးရာ..."
" ဟင့္...ဒါဆို ဘာမွမစားဘူး...."
" မျဖစ္လို႔ပါ ကေလးရာ..."
အေပၚထပ္ဆီမွာ တစ္ေယာက္တစ္ခြန္း ေျပာဆိုသံေတြၾက ပါးပါးတစ္ေယာက္ ဒယ္ဒီကို ဘာေတြပူဆာေနတယ္မသိ။ ပါးပါးက ခုၾက သားသားလိုပဲ ကေလးေလးျပန္ျဖစ္လာၿပီေလ။
" ဒယ္ဒီ....."
" ဗ်ာ့....လာပါအုံး..သားသားရာ.....ဒယ္ဒီေပြ႕ပါရေစအုံး....."
" ဟြန့္.....ေစာေစာကပဲ ဒယ္ဒီက သားကို ပလစ္ပီး ပါးပါးဆီ ေျပးသြားတာေလ...သားသားကို ပစ္ထားတာမ်ား ဟြန့္..."
" မဟုတ္ရပါဘူး..ဗ်ာ...သားပါးပါး ေနမေကာင္းဘူးဆိုလို႔ပါ...ဒယ္ဒီသားက နားလည္ေပးမယ္ ဟုတ္လား...ဟင္..."
" ဟုတ္..ဟုတ္.."
" ခု ဘယ္လိုေနေသးလဲ သားငယ္..."
သားအဖႏွစ္ေယာက္ကို စိတ္ေကာက္ၿပီး ေဘးနားကဆိုဖာေပၚဝယ္ ေျခခ်ိတ္ထိုင္ၿပီး ဆူေကာက္ေနပါေသာ ကေလးငယ္။
" သက္သာပါၿပီအပါး..ေခါင္းနဲနဲမူးတာ အပါး...."
" မေပါ့စနဲ႕ Jackson မနက္ဖန္ သားငယ္ကို ေဆး႐ုံလိုက္ပို႔ၿပီးမွ အလုပ္သြား.."
" ဟုတ္ကဲ့ပါ အပါး..."
" သား တကယ္သက္သာပါၿပီ အပါး..."
" ဘယ္ဟုတ္ပါ့မလဲ သားငယ္...medical check up လုပ္ၾကည့္မွ သိရတာေပါ့.."
" ပါးပါး...ေနမေကာင္းဘူးလား..."
ကိုက်ို့လက်ထဲကနေခေါင်းလေးစောင်းကာ သူ႕နဖူးအေပၚ လက္ကေလးတင္ၿပီး စမ္းသပ္ျပေနပါေသာ ေကာင္းစစ္ဟန္သာ။
" ပါးပါး သက္သာပါၿပီ သားရယ္၊ သားေရာ ေက်ာင္းစာေတြလိုက္နိင္ရဲ႕လား ဟင္...ပါးပါးသားေလး ပင္ပမ္းေနၿပီလား..."
ကိုကို႔လက္ထဲကေနကိုယ္ရင္ခြင္ဆီ ကူးေျပာင္းလာပါေသာ သားငယ္ကို ဆီႀကိဳေပြ႕ဖက္ကာ နဖူးျပင္ေလးနမ္းလိုက္ သားငယ္ပါးေလးနမ္းလိုက္ျဖင့္ စိတ္ေက်နပ္မူကို ရယူေနမိသည္။
" သားသား..အဆင္ေျပတယ္ .မပင္ပမ္းဘူး ပါးပါးကသာ မဖ်ားနဲ႕ေနာ္..အရင္လို ေခါင္းေတြမကိုက္နဲ႕ေနာ္...ပါးပါး..."
" ပါးပါး သားေလးက လိမၼာလိုက္တာ ....အခ်စ္ဆုံးေလး..."
"ပါးပါး အဖ်ားေတြ ေပ်ာက္ပါေစ..."
နဖူးေလးကို တစ္ခ်က္နမ္းၿပီး လူႀကီးေတြကို လက္အုပ္ေလးခ်ီကာ ကိုယ့္အတြက္ေတာင္းဆုျပဳေနတဲ့ ေကာင္စစ္ဟန္သာကိုၾကည့္ၿပီး ရင္ထဲမွာ ၾကည္ႏူးမူက ဘာနဲ႕မွမလဲနိုင္။
သားငယ္ဆီကရတဲ့ Baby shower အနံေလးက ခပ္သင္းသင္းေလးမို႔ ၾကည္ႏူးမူတို႔နဲ႕ ေရာယွက္ကာ ေဝ့ဝဲလာေသာ မ်က္ရည္ၾကည္တို႔ကို သားငယ္လည္ပင္းေလးၾကားတိုးေဝွ႕နမ္းရိူက္ရင္း ၾကည္ႏူးမူတို႔ကို ရယူခံစားေနမိသည္။
" ပါးပါး မငိုပါနဲ႕....ေနေနမေကာင္းေသးဘူးလား...ဟင္"
" ဟင့္....ပါးပါး ေပ်ာ္လို႔ပါသားရယ္.....ပါးပါး သက္သာၿပီေနာ္..."
မ်က္ဝန္းေတာက္ေတာက္တို႔ျဖင့္ ကိုယ္မ်က္ႏွာကို ေစ့စပ္ၾကည့္ေနတဲ့ေကာင္းစစ္ရယ္ပါ။
" အြင္...အြင္း...."
သားအဖတေတြ ၾကည္ႏူးမိတဲ့အခ်ိန္အခိုက္ လက္ေလးေနာက္ပစ္ၿပီး ညစာစားသုံးရန္ အသင္ါျဖစ္ေနၿပီဆိုလာေသာ အိမ္ေတာ္ထိန္းစကားေၾကာင့္ ညစာစားသုံရန္ Dinning room ဆီသို႔။
" ဘာေတြခ်က္လဲ...."
စားပြဲဆီအၾကည့္အရင္ပို႔ကာ အေမးစကားဆိုလာတဲ့ အစ္ကိုေလးေၾကာင့္ အိမ္ေတာ္ထိန္းက တစ္ခ်က္ၿပဳံးၿပီး ေဘးနားမွအရန္သင့္ရွိေနတဲ့ အိမ္အကူမေလးအား စားပြဲေပၚမွ စားေသာက္ဖြယ္ရာ ဟင္းပြဲမ်ားကို ဖြင့္ေစမိသည္။
မနည္းေသာ ဟင္းပြဲမ်ားဆီက အနံအရသာနဲ႕ျပည့္စုံေသာ အနံအရသာတို႔က ႏွာေခါင္းထဲ တစ္ခ်က္ ထိုးတက္လာေသာေၾကာင့္ ျပည့္တင္းလာေသာ ရင္ဘတ္ထဲက ခံစားမူနဲေပါင္းစပ္ၿပီး ပါးစပ္ေလးကို လက္ေလးနဲ႕ပိတ္ကာ နီးစပ္ရာ ေဘစင္ထဲ ေခါင္းထိုးကာ ေအာ့အန္ေနမိသည္။
" ကေလးငယ္....."
႐ုတ္တရက္ထူပူသြားေသာ အေျခအေနေၾကာင့္ ေဘစင္ဆီေျပးသြားတဲ့ ကေလးငယ္ကိုစိုးရိမ္စိတ္ျဖင့္ ေက်ာေလးပြတ္ေပးကာ အေမးစကားဆိုေနမိသည္။
" သက္သာရဲ႕လား....ဘယ္လိုေနေသးလဲ...ကေလး....ေဆးခန္းသြားရေအာင္ေနာ္..."
ေဘးနားကေနေခ်ာ့ျမဴေနတဲ့ လူအိုႀကီးက Dinning room ထဲ လူအမ်ားရႀကီးရွိေနတာကို ေမ့ေနၿပီလား။
" ပါး...ပါးပါး..."
အပါးေဘးကေန ေအာ္ေခၚေနတဲ့ သားငယ္ဆီမွာလည္း ဖခင္ေသးေသးေလးအတြက္ စိုးရိမ္စိတ္ေတြအျပည့္။
အၿပဳံးခ်ိဳခ်ိဳျဖင့္ အပါးကေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကိုၾကည့္ၿပီး ေခါင္းၿငိမ့္ကာ ဆက္တိုက္ၿပဳံးေနျပန္ေသးသည္။
" သားငယ္အတြက္ အနံမျပင္းတဲ့ ရသာဟင္းခ်ိဳမ်ိဳး ခ်က္ေပးပါအုံး အိမ္ထိမ္းႀကီး...."
" ဟုတ္ကဲ့ပါ သခင္ႀကီး..."
အပါးရဲ႕စကားအသြားအလာႏွင့္အေျခအေနကိုနားလည္သေဘာေပါက္ေနဟန္အိမ္ေတာ္ထိမ္းက အၿပဳံးမ်ားျဖင့္ ေခါင္းၿငိမ့္ကာ နီးစပ္ကာအိမ္အကူေလးအား အစ္ကိုေလးအတြက္ သီးသန့္ဟင္းပြဲတခ်ိဳါကို စာဖိုမႉးမ်ားအား အလွ်င္အျမန္ ခ်က္ျပဳတ္ေစသည္ေလ။
အစာမပါပဲ ေလေတြႀကီး ေအာ့အန္ကာ ႏြမ္းလ်လာတဲ့ ကေလးငယ္ကိုၾကည့္ၿပီး သနားစိတ္ကပိုတိုးလာခဲ့ျပန္သည္။
" သက္သာရဲ႕လားကြာ...."
ေအာ့အန္ၿပီး ပုခုံးေလးကို ေခါင္းမွီေစကာ ခပ္ႏြေးႏြေးျဖစ္ေနတဲ့ ကိုယ္ခႏၶာေလးအား ခါးသိမ္သိမ္ေလးမွဆြဲဖက္ကာ ေမးေနမိျပန္ေတာ့လည္း ပင္ပမ္းမူေတြၾကားထဲက ေခါင္းခါ၍သာ အေဖျပန္ေနသည့္ကိုယ့္ကေလးငယ္ေလးရယ္ပါ ။
" သားငယ္ကို အခန္းထဲ နားေစပါ သား"
" ဟင္းအင္း....သားသက္သာပါတယ္ အပါး..."
ႏြမ္းလ်ေနတဲ့အၿပဳံးႏုႏုေလးျဖင့္ၿပဳံးျပလာသည့္ ကေလးအေဖေလးကိုၾကည့္ၿပီး ေျမးတစ္ေယာက္ထပ္တိုးဖို႔ရာ ေသခ်ာသေလာက္ျဖစ္ေနၿပီေတြးၿပီး ေခါင္းၿငိမ့္ျပမိသည္။
" အဆင္ေျပရဲ႕လား....စားစရာကို အခန္းထဲပို႔ခိုင္းေပးမယ္ေလ ကေလး...."
" အင္း...ေျပပါတယ္ဆို...."
" ဟုတ္ရဲ႕လား ကြာ..."
ထိုင္ခုံေပၚထိုင္သည္အထိ ေဘးနားကပ္ကာ စိုးရိမ္မျပတ္ အေမးစကားတို႔တဖြဖြဆိုေနသူေၾကာင့္ အပါးေဘးနားကေန ေသသပ္သပ္ရပ္စြာ လူႀကီးဟန္ေလးျဖင့္ စားေနတဲ့ ေကာင္စစ္ဟန္သာ၏ အၾကည့္စူးစူးတို႔က သူ႕ဒယ္ဒီဆီ က်ေရာက္လာခဲ့ၿပီေလ။
ႏူတ္ခမ္းတဝွိက္က ေပက်ံစျပဳေနတဲ့ဆီအေဝ့ေလးကို tissue ေလးျဖင့္ ဂ႐ုတစိုက္သုပ္ေပးေနရွာတဲ့အပါးကေတာ့ သူ႕ေျမးအၾကည့္ေတြကို သေဘာက်ၿပီး ၿပဳံးရယ္မပ်က္ခဲ့။
" ဟြန့္.....ဒယ္ဒီက သိပ္ပိုတာပဲ ဖိုးဖိုး...."
သူ႕ဒယ္ဒီဆီ လက္ညွိုးေလးထိုး ၿပီး ႏူတ္ခမ္းဆူလာေသာ ေကာင္းစစ္စကားတို႔ေၾကာင့္ ကိုယ္ေနဟန္ကိုတစ္ခ်က္ထိမ္းၿပီး သားေတာ္ေမာင္ကို ေခ်ာ့ရမည္ေလ။
" မဟုတ္ရပါဘူး...သားရာ....သားပါးပါးက သားျမင္တဲ့အတိုင္းပဲ...ႏြမ္းလ်လ်မိဳ႕ ဒယ္ဒီစိတ္ပူသြားလို႔ပါ သားရ...."
" အြင္း...အြင္း...ပါးပါး သက္သာရဲ႕လား...."
" ပါး အဆင္ေျပပါၿပီ ဗ်ာ...."
ေျပာစကားမဆုံခင္ အိမ္အကူေကာင္မေလး ခ်ေပးလာတဲ့ ဟင္းရည္ခ်ိဳနံေလးက စြဲေဆာင္မူအျပည့္။
*ေမႊးလိုက္တာ.....စားခ်င္စရာေလး...."
ပန္းကန္လုံးေလးထဲက အေငြ႕တေထာင္းေထာင္းထေနတဲ့ အသားျပဳတ္ရည္အနံေလးက ျမင္ရသူတိုင္း သရည္က်ခ်င္ဖြယ္ရာေလး။
" စားရအဆင္ေျပရဲ႕လား..အစ္ကိုေလး..."
" အြင္း....အရမ္းေကာင္း...."
" ကေလးပူမယ္ေနာ္.....ကိုကို မူတ္ေပးရမလား...."
" No...."
အေငြ႕တေထာင္းေထာင္းထေနေသာ အသားျပဳတ္ရည္ဟင္းခ်ိဳေလးကိုတစ္ဇြန္းၿပီး တစ္ဇြန္း ခက္ေသာက္ေနတဲ့ ကေလးငယ္ကိုၾကည့္ၿပီး ပူမ်ားေနရွာမလား စိုးရိမ္စိတ္ျဖင့္။
" ဟန္သာအိမ္ေတာ္မွာ မ်ိဳးစက္တိုးေတာ့မယ္ထင္တယ္ အိမ္ေတာ္ထိမ္းႀကီး....ဟားးးးးးး"
ေပ်ာ္႐ႊင္ၾကည္ႏူးေနဟန္အျပည့္ျဖင့္ ႐ႊန္းလဲေနေသာ အားရေက်နပ္ဖြယ္စကားသံတခ်ိဳ႕တို႔ေၾကာင့္ အပါးကိုသာ ၾကည့္ေနမိသည္။
" ဂုဏ္ယူပါတယ္သခင္ႀကီး....သခင္ငယ္ငယ္ေလးကို ထိမ္းခြင့္ရမယ့္အခြင့္အေရးမို႔ ဝမ္းသာဂုဏ္ယူစြာ ႀကိဳဆိုလွ်က္ပါ သခင္ႀကီး..."
" ဟုတ္တာေပါ့......သိပ္ဟုတ္ေပါ့....ဒါဆို ပါရဂူကို အိမ္ေတာ္ကို ပင့္လိုက္ပါ အိမ္ေတာ္ထိမ္း....ေပ်ာ္႐ႊင္စရာစကားေကာင္းေတြကို သားႀကီးတို႔ဆီလည္း မွ်ေဝရမယ္ေလ...."
" ဟုတ္ကဲ့ပါ သခင္ႀကီး..."
အပါးနဲ႕အိမ္ေတာ္ထိမ္းတို႔ရဲ႕ စကားအသြားအလာ ကိုၾကည့္ၿပီး ရင္တြင္းေနရာအျပည့္ ပီတိအဟုန္က ဆင့္ကဲတိုးေရာကာ မ်က္ရည္အိုင္အျဖစ္ ဝမ္းသာၾကည္ၿပီးေပ်ာ္ေနမိျပန္ေသးသည္။
" အပါး....."
အပါးကိုေခါင္းေမာ့ၾကည့္ျပန္ေတာ့လည္း အၿပဳံးစစတို႔ျဖင့္ ေခါင္းညိမ့္ေနရွာေသးသည္။
" ကေလး..."
အေျခအေနကိုနားမလည္နိုင္စြာအပါးကိုတစ္လွည့္ ကြၽန္ေတာ္ကိုတစ္လွည့္ ေမာ့ၾကည့္ေနရွာတဲ့ ကေလးေလးကို ခ်စ္လြန္းလို႔ ဆြဲဖက္ပစ္ခ်င္မိသည္။
" ဘာ....ဘာလဲ....ဒီမွာစားေနတာကို...ဒီဟင္းက ရမ္းစားေကာင္းတာ..."
" စားပါေစ...သားေရ...."
" ေျဖးေျဖးစား...အပူထိမယ္ေနာ္ ကေလး..."
" အြင္း...အင္း.."
ေျမးငယ္ေခါင္းေလးကို ဖြဖြပြတ္ကာ အၿပဳံးတို႔ျဖင့္အပါးစကားတို႔ေၾကာင့္....။
" အငယ္ေလးရရင္ ဖိုးေျမးက ေပ်ာ္မွာလား...."
" သား...ညီညီေလးလား....ဖိုးဖိုး...."
ေမွ်ာ္လင့္ခ်က္တလက္လက္ျဖင့္ ဆက္တိုက္ေခါင္းညိမ့္ေနတဲ့ ေကာင္းစစ္ဟန္သာ။
" ဒါေပါ့....ဖိုးေျမးက အစ္ကိုႀကီးျဖစ္ေတာ့မယ္ ထင္တယ္...."
" အပါး.....!!!!"
# မမ အတြက္ vote ေပးခဲ့ဖို႔ မေမ့နဲ႕ေနာ္
( ခု မမ slow romance ဇာတ္အိမ္ေလးနဲ႕ ongoing ေရးေနပါတယ္။ ခ်စ္စရာ ေတာင္ေပၚသားေလး ဗန္လြယ္ေအြ႕အေၾကာင္းကို စာစီဖြဲ႕ရင္း ေျခတစ္ဖက္မသန္တဲ့ ဘုန္းမာန္ရဲ႕ဒုခအိုးေလးအေၾကာင္း ...ongoing လိုက္ခဲ့ဖို႔ ဖိတ္ေခၚပါရေစ......။ မ်ားႀကီးႀကိဳးစား ေရးသားထားတာမို႔ ခ်စ္ေသာတို႔ရဲ႕ review လွလွေလးအပါအဝင္ မမကို ေထာက္ျပေဝဖန္ေပးမယ့္ comments ေလးေတြလည္း ေစာင့္ေမွ်ာ္ေနလွ်က္ပါ......အားလုံးကို ေက်းဇူးတင္ပါတယ္....)
Bạn đang đọc truyện trên: ZingTruyen.Xyz