ZingTruyen.Xyz

SIDE-B

အပိုင်း ၁၄

HsuChiKo365

ခက်ခဲလာသော လေ့ကျင့်ခန်းများ

သူတို့ ဝင်း၏ မနက်ခင်းက ဘန်ကောက်မြို့လယ်ခေါင်မနက်ခင်းနှင့် ကွဲပြားခြားနားလွန်းသည်။ မနက်ခင်းနေခြည်လေးက မပြင်းထန်။ သစ်ပင်ရိပ်တွေကြားမှ ခိုးကြောင်ခိုးဝှက်ခြောင်း
ကြည့်နေသည့် အိမ်တွင်းပုန်းချာတိတ်မလေးတစ်‌ယောက်ကဲ့သို့...
ဖီဂျက်ရော လူကာရောက စောစောထတတ်သည့် အကျင့်လည်းတူတော့ အဆင်ပြေလှသည်။ ညတည်းက ဖီဂျက် သူနှင့်အချိန်ညှိပြီးသား။ နှိုးစက်သံမတိုင်ခင် လူကာနိုးခဲ့ပြီး မျက်နှာသစ် ၊ သွေးတိုက်ဖို့ရန် လိုတာတွေ ယူပြီး သန့်စင်ခန်းဆီထွက်လာလိုက်သည်။

"အဲ"

အပေါက်မှာတင် လူကာတန့်သွားတော့ ငိုက်နေရင်းက ရှူးပေါက်နေသည့် သီအိုက ကမုတ်ခွက်ကို ကျော်ပြီး လူကာ့ဆီကြည့်လာသည်။ ပလူမွှေး ပလူထောင် ဆံပင်လေးတွေနှင့် အိပ်ရာထ
ကာစ ဖောင်းအစ်အစ် မျက်ခွံတွေပါမက Baby fat လက်ကျန်ပါးလေးတွေပါ ဖောင်းဖောင်းလေး။

တူတူချင်းကိုပဲဆိုပြီး ကလေးလည်း အနေခက်
မှာဆိုးသဖြင့် လူကာ တန်းဝင်လာပြီး တစ်ခုကျော် ကမုတ်မှာ ရပ်တော့...

"ငါ့ဘေးလာပေါက်" ဆိုပြီး ပြောရုံမက လက်ယက်ခေါ်နေသေး၏။

လူကာ တုံ့ဆိုင်းမိတော့

"ဘာလဲ ငါမကြည့်ပါဘူး"

ဟု ထပ်ဖြည့်သွပ်လေ၏။

"အာ...ဟုတ်ပါဘူး။ "

လူကာ အရင်ကတည်းက တစ်ယောက်ယောက်
ကို အထူးတလည်စိတ်ဝင်စားဖူးတာမရှိခဲ့။ ဒါ့အပြင်ကိုမှ ယခုလို မျိုးတူလေးကို နေ့တိုင်းတွေနေရမည့် အခြေအနေမျိုးက တွေးတောင်မကြည့်ခဲ့ဖူးပါ။ ယခု ရှူးရှူးတောင် တူတူဘေးချင်းကပ်ပေါက်ရမည်ဆိုတာက...
ဘယ်လောက်ပဲ ထူးဆန်းနေပါစေ။ သီအိုတောင်
နေတတ်သေးတာပဲ။ ဘေးကမုတ်ခွက်မှာ နေရာယူတော့ သူ့ကိုလှည့်ပြုံးပြပြီး

"ဟီးဟီး ငါ ငယ်ငယ်လေးတည်းက သူငယ်ချင်း နဲ့ အိမ်သာ တူတူသွားချင်ခဲ့တာ။"

မျက်နှာပေးကိုက မူမမှန်။ လူကာ ပြန်ပြုံးပြပေမဲ့ မချိပြုံးဖြစ်နေမလားတော့ မသိ။

"လူကာ ပြီးရင် ဝင်းကို ပတ်ပြေးရအောင်။"

"အိုခေခရပ်"

သီအိုနဲ့ တူတူ သွားတိုက် ၊ မျက်နှာသစ်နေစဉ်မှာ
ပဲ ကျန်အဖွဲ့သားတွေပါ ရောက်လာပြီး ရေချိုး
ခန်းကျယ်ကြီးထဲ သူတို့အသံတွေချည်းပဲ။
မနက်စာ မစားသေးခင် အားလုံး‌အကြောလျှော့
လေ့ကျင့်ခန်းလုပ်ပြီး ဝင်းကြီးကို ပတ်ပြေးကြ
ရသည်။

အ‌ပူချိန်အရမ်းမပြင်းထန်ခင်မို့ အားလုံးက သာသာယာယာပြေးနိုင်‌ကြသည်။ လူကာက အားကစားသမားဖြစ်ခဲ့၍ အမောခံနိုင်တာက ပုံမှန်ပေမဲ့ ကျန်သူများကပါအမောခံနိုင်ကြ၏။
ဖီဂျက်ဆို higt note တွေပါ အော်ဆိုရင်း ပြေး‌နိုင်ချက်က ခေါင်းဆောင်ပီသပါပေသည်။

ကန်င်တင်းမှာ သူတို့ကဒ်ပြသည်နှင့် ပဲနို့တစ်ဗူး ၊ ကြက်ဥပေါင်းတစ်ခွက် နှင့် ပန်းသီးတစ်လုံးရ
သည်။

"အခုတည်းက Meal plan ကြီးစနေပြီပေါ့"

ရိုရိုက ပုံစံခွက်ထဲက မနက်စာကို ကြည့်ရင်း နှာခေါင်းရှုံ့လေသည်။ လူကာနှင့် ဖီဂျက်ကတော့ ထွေထူးပြောမနေ။ ကျွေးသမျှအကုန်
အားပါးတရ ‌ကျိတ်ကြသည်။

"ဖီရိန်းတို့တုန်းကတောင် camp မှာ meal plan နဲ့ပါဆို...ကျွန်တော်တို့ဆို ပိုဆိုးတော့မယ်။"

"ငါတို့ Debut မလုပ်မချင်းကတော့ ဒီအတိုင်းပဲ"

ယိုယို့ အပြောကို ဖီဂျက်က ဝင်ဖောက်သည်။

"Debut ပြီးရင်ပိုဆိုးမယ်လေ ဟားဟား"

လူကာပါ စားရင်း တဟီးဟီးနဲ့ ဝင်ရယ်၏။ အဲ့မနက်ခင်းက လူကာ စိတ်လက်ကိုယ်လွတ် နောက်ဆုံးရယ်နိုင်လိုက်ခြင်းပင်။ 

***

ပထမဆုံးသင်ခန်းစာက အကအတန်းပင်။ လူကာက အားကစားသမားဖြစ်ခဲ့သောကြောင့် အကြောလျှော့ခြင်းက ခက်ခဲမည်မထင်ခဲ့။ သို့
သော် လက်တွေ့ရင်ဆိုင်လိုက်ရသည်က လက်ထောက် အက ဆရာလေးက သူ့ခြေထောက်တွေကို အကကြမ်းပြင်ပေါ် ရေပြင်ညီပြားပြားချနိုင်အောင်ထိ ‌နှစ်ဖက်စလုံးကို ထောက်ကန်ထားလျက်...

လူကာ မခံမရပ်နိုင်စွာ အော်ဟစ်ရသည်အထိ။

ပေါင်ကြောတွေတင်းလာပြီး အကြောအားလုံး
ပြတ်ထွက်မတတ် နာကျင်လျက် သူ့မျက်နှာတစ်
လုံးက အကခန်းရှိ ခန်းလုံးပြည့်မှန်ကြီးပေါ်တွင်
အမှည့်လွန် ခရမ်းချဉ်သီး တစ်လုံးပမာ နီရဲတွတ်
နေ၏။

ကျန်အဖွဲ့သားများမှာ ထရိန်နင်ဆင်းလက်စ အကနှင့် မစိမ်းကြ။ သီအိုသည်ပင် အလိုက်သင့် ကွေးညွတ်နိုင်နေသည်။ ထူးဆန်းလှစွာ...

"ခန္ဓာကိုယ်က အလိုက်သင့် ပျော့ပြောင်းမနေရင်
ဘယ်လိုမှ အကသင်လို့ရမှာ မဟုတ်ဘူး။ ယောဂ
တန်း လည်း သွားရမယ်။ ဒါပေမဲ့ ထရိန်နင်ကာလမှာ လေ့ကျင့်တာက ကိစ္စမရှိဘူး။ သီချင်း
Demo တွေထွက်လာပြီးတဲ့ထိ ကိုယ်က မက
နိုင်သေးရင် အဖွဲ့သားတွေကို ဒုက္ခပေးတာနဲ့အတူတူပဲ။ အရမ်းနောက်ကျကျန်ရစ်နေပြီးသား
မို့... သူများထက် နှစ်ဆ သုံးဆ မက ရုန်းကန်
ရမယ်။"

အားနာမှုဆိုတာဝေးစ။  ညှာတာထောက်ထားနား
လည်မှုပင်မရှိ။ သူလည်း လူရွေးပွဲအဆင့်ဆင့်
ဖြတ်သန်းလာရသည့်တိုင် ဂီတအသိုင်းအဝိုင်းက
သူ့နောက်ကြောင်းသိပြီးသူများက သူ့ကို BL
ပဲ သွားရိုက်လိုက်လို့ မပြောရုံတမယ်။

လူကာ အရာရာကို လက်ခံရမည်ပင်။ အက အတန်း ပြီးပြီးချင်းမှာ ခဏ နားပြီး နောက်နှစ်ခန်းကျော်က Vocal training တန်းကို ကူးတော့ လူကာ ခြေထောက်တွေ တဆက်ဆက် တုန်နေ
၍ သီအို နဲ့ ရိုရိုက လာတွဲပေးရသည်။

"နောက်ရက်တွေဆို သက်သာသွားမှာပါ"

ဖီဂျက်ကလည်း ဘေးကနေ အားပေးရှာသည်။
အသံလေ့ကျင့်ခန်း‌တွင်တော့ လူကာ မတ်မတ်
မရပ်နိုင်လောက်အောင် ပေါင်ကြောတွေ နာကျင်
နေသည်။ သို့သော် ဆရာမ က စန္ဒရားတီးပြီး
လူကာတို့က ဘေးကနေ ကီးကို ချိန်ညှိရ၏။

"လူကာ့အသံက အနိမ့်သံထဲပါတယ်။ ဒါပေမဲ့ အရမ်း ဩမနေဘဲ နားဝင်ချိုတယ်။ သီချင်း
သင်လို့ရတယ်။ စည်းချက်တွေကို နားလည်ဖို့က
ကိုယ်တိုင် တူရိယာတစ်ခု တီးတတ်ရင် ပိုအဆင်
ပြတယ်။ သင်ထားနော်"

"ဟုတ်ကဲ့"

သီအိုက ရက်ပ်လိုင်း တာဝန်ယူထားပေမဲ့ နဂို
တည်းက သီချင်းကောင်းကောင်းဆိုတတ်
သည်။ ကလေးငယ်တစ်ယောက်ကို ရက်ပ်လိုင်း
ထဲ ထည့်ထားခြင်းအတွက် ဆရာမက သဘော
မတွေ့ပေမဲ့ ဘာမှတော့ မဝေဖန်။ သီအို့ကို သီချင်းများများဆိုဖို့ကိုပဲ သတိရတိုင်း တိုက်တွန်းသည်။ အသံသင်ခန်းစာပြီးတော့
သူတို့ နေ့လယ်စာ စားချိန်ရသည်။

လူကာ သိပ်စားမဝင်တော့။ ဒါပေမဲ့ အားလုံးက သူ့အတွက် စိတ်မကောင်းဖြစ်ကာဂရုစိုက်‌နေ
ကြသဖြင့် မကုန်ကုန်အောင် ကျိတ်မှိတ်စားလိုက်သည်။ နေ့လယ်ခင်းမှာ ကိုယ်နေဟန်ထားနှင့်
အပြုအမူပိုင်းဆိုင်ရာ သင်တန်းမို့လို့ လူအနည်း
ငယ် သက်သာသည်။

Idol တွေပေမဲ့ နောက်ပိုင်းမှာ ကြေငြာ‌တွေနှင့ဖက်ရှင်ရှိုးတွေ တက်ရနိုင်သည့်အတွက် Modelling အခြေခံက တတ်မြောက်သင့်သည့ပညာရပ်ဖြစ်သည်။

အတန်းပြီး ခဏ နားပြီးသည်နှင့် အကခန်းမ
ထဲ ပြန်ဝင်ရသည်။ ကိုယ်ပိုင်သီချင်း မထွက်သေးပေမဲ့ သူတို့ တခြားနာမည်ကြီး boy group
များ၏ dance songs များကို သင်ယူရသည်။
ပထမဆုံး အတန်းမို့ အလွယ်ဆုံးသင်ပေးမည်
ဆိုသည့်တိုင် ကခုန်ခြင်းက လူကာနှင့် မရင်းနှီး
မကျွမ်းဝင်သေး။

သို့ပေမဲ့ လူကာ ကြိုးစားလိုက်ကသည်။ သူတို့
အဖွဲ့ထဲ‌တွင်တော့ အမြွှာနှစ်ယောက်ကတော့
အတော်ဆုံးပင်။ ဖီဂျက်သည်လည်း ငယ်ငယ်လေးတည်းက ကလေးသရုပ်ဆောင် ၊ အဆို
တော်‌ေလးဖြစ်တော့ ကခုန်ခြင်းက စိမ်းသက်
မနေ။ သူတို့၏ အငယ်ဆုံး သီအိုသည်လည်း
ပေါ့ပါးစွာ...

ဝတ်ထားသည့် တီရှပ်အပါးလေး၏ နောက်
ကျောတစ်ခုလုံး ချွေးတွေ ရွှဲနစ်သွားသည်အထိ
သူတို့ ကကွက်များကို ထပ်ခါတလဲလဲ လေ့ကျင့်
ကြရသည်။ တစ်နေကုန် လှုပ်ရှားနေရသည့်တိုင်
ညစာလည်း အားပါးတရ မစားရ။ တကျုတ်ကျုတ် မြည်နေသော ဗိုက်ကို လျစ်လျူရှုပြီး
လူသူရှင်းလင်းနေပြီဖြစ်သော ဝင်းလမ်းမကြီး
ကို ဖြတ်ကာ သူတို့ ပြန်လာခဲ့ကြသည်။

ပင်ပန်းနွမ်းလျလျက် လူကာ စိတ်ဓာတ်လည်း
အနည်းငယ် ကျချင်ချင်။ သီအိုလေးက သူ့ခါး
ကို ဖွဖွဖက်ပြီး ကိုယ်တစ်ခြမ်းကိုလည်း သူ့ဘကမှီရင်း ဖြည်းဖြည်းချင်းလျှောက်လှမ်းလာသည်။

"လူကာ"

အခန်းထဲပြန်ရောက်ပြီးမှ အခန်းဝ တွင် ခေါင်း
လေးတစ်ဝက် တိုးဝင်ကာ လက်ယက်ခေါ်၏။
ဖီဂျက်ကို သူခွင့်တောင်းသလို ကြည့်တော့
ဖီဂျက်က ခွင့်ပြုဟန်ဖြင့် ခေါင်းညိတ်ပြသည်။

သီအို အခန်းထဲ လီမွန်နံ့လိုလို  စိတ်ကြည်လင်
စေသည့် အနံ့လေး ရနေသည်။

"မွှေးလိုက်တာ"

"ဟုတ်တယ်။ ငါ အနံ့ပြောင်းထားတာ။ ဒီမှာထိုင်
လူကာ"

သီအိုက သူ့ကိုလက်ဆွဲလျက် ကုတင်ပေါ် ထိုင်
ခိုင်းသည်။ နောက် အပြာနုရောင် ကော်ဇလုံ
အနေတော်ကို ကုတင်အောက်က ဆွဲထုတ်လျက်
ဆားတို့ကိုလည်း ဖောက်ထည့်ကာ သူ့‌ေခြရင်းနားထိုင်ရင်း ခြေဖဝါးများကို ဆားတို့နှင့်
နှိပ်နယ်ပေးလာသည်။

"မ မလုပ်နဲ့ သီအို"

သီအိုက သူ့ခြေချင်းဝတ်ကို ပြန်ဆွဲထားရင်းမှ
ခြေဖဝါးချိုင့်ခွက်နေရာကို လက်မတို့နှင့် ငြင်သာစွာ ဝိုင်းပတ်ဖိနှိပ်ပေးရင်း

"အရမ်းနာတယ်မလား" ဟု တိုးတိုးလေးမေး
လာသည်။

"ဟင့်အင်း"

"မလိမ်ပါနဲ့...ငါလည်း အကစသင်တုန်းက နာ
တာပဲ။"

ပြောရင်း လူကာ့ ခြေသလုံးတစ်ဖက်ကို လက်
ချောင်းများနှင့် ဖွဖွ နှိပ်လာသည်။ နာပါ၏။ အသံတောင် ထွက်မတတ်။

"ခြေဖဝါးကို အရင် နှိပ်ရအောင်။ ပြီးရင် ကုတင်
ပေါ် လှဲလိုက်။ ပေါင်တွေ နဲ့ ခါးကို နှိပ်ပေးမယ်
မဟုတ်ရင် မနက်ကျ မင်း သေအောင်နာနေလိမ့်
မယ်"

လူကာ မငြင်းနိုင်။ သူ့တစ်ကိုယ်လုံးကို သီအို့ ဆီ
ပုံအပ်ထားလိုက်၏။ နာကျင်မှုများကသာ သူ့
အာရုံခံအကြောအားလုံးကို လွှမ်းမိုးနေသည့်အလား။ လူကာ နှာခေါင်းထိပ်တို့ စပ်လာပြီး မျက်ခမ်းတို့ပင် တဆက်ဆက် လှုပ်လာရ၏။

"အရမ်းနာတယ်မလားဟင်..."

သီအို သူ့ကို ဖြည်းဖြည်းချင်း နှိပ်ပေးရင်း မေးလာသည်။ သူ မညာပါ။ ခေါင်းတဆက်ဆက်
ညိတ်ရင်း မျက်ရည်ခိုးသုတ်ရ၏။ ဒီကြားထဲ
မှ သီအိုစိတ်မပျက်‌စေဖို့ ကတိစကားများ တွင်
တွင်ပြောမိပြန်သည်။

"နောက်ရက်တွေဆို အဆင်ပြေသွားမှာပါ။ ငါ
သေချာကြိုးစားမှာ"

"ဆရာတွေပြောတဲ့စကားကို အရမ်းကြီး စိတ်ဓာတ်မကျနဲ့ လူကာ...မင်းက အခုမှ ၁‌၉နှစ်။
၂၉ နှစ်မဟုတ်ဘူး။ Idol ဖြစ်ဖို့ အရမ်းနောက်မကျသေးဘူး။ ငါတို့က အရင်တည်းက အထူး
သဖြင့် ဖီဂျက်တို့ ရိုရို ယိုယိုက ဒီဟာတွေပဲ လုပ်
ရင်း ကြီးပြင်းလာကြတာ။ သူတို့ကို ကြည့်ပြီး
အရမ်းနောက်ကောက်ကျနေတယ်လို့ မတွေးနဲ့...
နော် လူကာ"

ကလေးတစ်ယောက်ကို ချော့မော့အားပေးသလိုသူ့ကို ချော့မော့သည်။

"နောက်‌ရက်တွေ ငါတို့ အတူတူ ယောဂတန်း
သွားမယ်။ မင်း အဆင်ပြေလာလိမ့်မယ်။ မင်း
မှာ ငါရှိတာကြောင့် ဘာမှ မပူနဲ့ လူကာ။ ငါရှိတယ်နော်။"

သီအို့မျက်ဝန်းများက အရောင်တလဲ့လဲ့နှင့် စိတ်
အားထက်သန်မှု အပြည့်ဖြစ်နေသည်။ ဒီတောင်
ကို ကျော်ဖို့ရန် သူ့ကိုပင် ကုန်းပိုးတက်ရမည်ဆို
လျှင်ပင် သီအိုက မမူသလိုပဲ။ လူကာ ငေးစိုက်ကြည့်တော့

"ငါ ဖိအားတွေပေးနေသလိုများ ဖြစ်နေမလား"

တဲ့လေ။

"ဟင့်အင်း...ငါ အားတက်လာပါတယ်။ အခုနေ
အရမ်းမတော်သေးရင်တောင် ငါ လက်မလျှော့
ပါဘူး။ အဖွဲ့ထဲ အညံ့ဆုံးတော့ အဖြစ်မခံဘူး"

သီအို ပြုံးပြသည်။ လူကာ့ ခြေဖဝါးမှ အာရုံခံအကြောလေးတွေ ပြန်အလုပ်လုပ်လာပုံပဲ။ သီ
အို့ လက်ချောင်းထိပ် နုနုလေးတွေကို ခံစားမိလာ၏။

ထိုအခါ သီအိုက

"ကုတင်ပေါ် မှောက်လိုက် ။ ငါ နှိပ်ပေးမယ်။"

လူကာ တွန့်ဆိုင်းနေသော အခါ ရုတ်တရက်ဆိုသလိုပဲ သူ့ကို ကုတင်ပေါ် မှောက်သိပ်လျက်...

"ငြိမ်ငြိမ်နေ...ဒီလို မနှိပ်ရင် မနက်မိုးလင်းရင် မင်းသေအောင် နာနေလိမ့်မယ်"

ပြောပြီးပြီးချင်းမှာပဲ သူ‌့ခြေသလုံးကြွက်သား
များနှင့် ပေါင်များကို ကျွမ်းကျင်စွာ နှိပ်နယ်
ပေးလာ၏။
ဒီကလေးလေးက ဒါတွေကို ဘာလို့များတတ်
မြောက်နေရတာလဲ။

"မာဆက်ကို ဘယ်လိုလုပ်ပြီးတတ်တာလဲဟင်"

"မင်း အိုင်ဒေါလ်အဖွဲ့ထဲ ရွေးခံရမယ်ဆိုတည်းက သင်ထားတာ။ အခုလိုဆို မင်းကို နှိပ်ပေးဖို့ ငါပဲ ရှိမှာလေ။ ဟုတ်တယ်မလား"

လူကာ မျက်ရည်ဝဲရပြန်သည်။

"မင်းအကြောင်းပဲ လျစ်ဟင်းမှု မရှိ ငါတွေးနေ
မိတယ် ထင်ပါရဲ့..."

ဆိုသည့် သီအို့ အပြောမှာ သူဟာ မျက်ရည်
တစ်ပေါက် အလိုလို ကျရပါ၏။

ပြုစားနိုင်လွန်းသည်။ ပေးဆပ်နိုင်လွန်းပြီး အရာရာ ကို ဒီအရွယ်တည်းက သေချာလွန်းနေသည့်သီအို့ အချစ်ကို မီဖို့ရန် သူဟာ ဒီ့ထက်မကကြိုး
စားရမည်မှလွဲ ဘာများရှိနိုင်အုံးမှာလဲလေ။

Thanks You All

19 နှစ်သားက 17နှစ်နဲ့ တွေ့နေတာ မဟုတ်ဘဲ
27 နှစ်အရွယ်နဲ့တွေ့နေသလို crying baby လေးဖြစ်နေပြီ။ လုပ်အုံးးးးး

Bạn đang đọc truyện trên: ZingTruyen.Xyz