ZingTruyen.Xyz

SIDE-B

အပိုင်း ၁၃

HsuChiKo365

ငါက မင်းနဲ့ထိုက်တန်သေးဘူး

ကန်င်တင်းက ထွက်လာလာချင်းတည်းက သီအိုက ပုံမှန် မျက်နှာထားတည်တည်လေးပေမဲ့လည်း ဘေးက သုံးယောက်က အရိပ်တကြည့်
ကြည့်။ လူကာပါ နေရခက်လာရသည်။
ကင်န်တင်း က စုံတွဲ နှင့် သီအို့ကြား လူကာမသိ
သေးသော အကြောင်းတစ်ခုခုရှိလိမ့်မည်။ သည်လောကကို ယခုမှ ခြေချရောက်လာသူအတွက် မသိခြင်းတရား ခပ်များများထဲ အလိုက်အထိုက် ပြုမူမို့ကသာ လူသာ တတ်စွမ်းသောအရာ။

ဘယ်လိုပဲဖြစ်ဖြစ် သီအိုက ကျန်သုံးယောက်၏
အခြေအနေကြောင့် လူကာ နေရခက်မည်ကိုလည်း သိသည့်ဟန်။ ဘာလို့ဆို မီတင်
ရှိရာ အဆောက်အဦ သို့ သွားရာတလျောက် တွင် လူကာ့ အင်္ကျီအနားစလေးကို ဖွဖွလေး ကိုင်ထားခဲ့သည်။ ပွဲဈေးထဲ လမ်းမပျောက်ချင်သည့် ကလေးတစ်ယောက်ပမာ သူ၏ အားကိုးမှု သေးသေးလေးကတင် လူကာ့ကို စိတ်သက်သောင့်သက်သာ ပြန်ဖြစ်စေသည်။

သူတို့၏ အဖွဲ့တာဝန်နှင့် ထရိန်နင် သက်တမ်း စသည်တို့ကို ယနေ့မီတင်တွင်အသေးစိတ်ပြောပြမည်။ သူတို့ရောက်တော့ သူတို့ မန်နေဂျာ
ဖီစတုန်းကလွဲ မည်သူမျှ မရောက်သေး။

"ထမင်းစားပြီးပြီးလား သားတို့"

ဖီစတုန်းက ကြင်ကြင်နာနာမေးလာသည်။

"စားနိုင်တုန်း စားထားကြ။ Meal plan က သိတဲ့ အတိုင်း။"

ဖီစတုန်းက လူကသာ ထောင်ထောင်မောင်း
မောင်းပေမဲ့ စကားပြောလျှင် မျက်စမျက်န ၊ လက်ညှိုးလက်ချောင်း တထိုးထိုးနှင့် မာမီအန်နာဂျီဖြင့် ပြောတတ်သည်။ သူက ယခင်က မိန်းကလေး အိုင်ဒေါလ်အဖွဲ့ကို မန်နေဂျာလုပ်ခဲ့ရ၍ ကောင်မလေးတွေနှင့်ပြောရင်း အကျင့်ပါသွားခဲ့ပုံပင်။

"ယူတို့ ခန္ဓာကို တွေကိုပါ ထရိန်းမယ်ပြောတယ်။
ဒါတွေ ဒါတွေ ထွက်လာအောင်"

ဖီစတုန်းက သူ၏ ရင်အုပ်ကျယ် ကျယ် နှင့် ဗိုက်
နားတစ်ဝိုက်ကို ကိုင်ပြရင်းပြောသည်။ ထိုအခါမှ သီအိုက အသံသေးသေးလေးတွေ ထွက်အောင်
ရယ်လည်း လူ့ကာဗိုက်ကြွက်သားတွေဆီ လက်
ရောက်လာသည်။ ခုံအောက်မှာမို့ ဘယ်သူကမှ မမြင်ပေမဲ့ သီအိုပြောသည့်

"ဒီတစ်ယောက်မှာ ရှိတယ်။" ဟူသော စကားကို
ဖြင့် လူတိုင်းကြားသည်။

ဖီစတုန်းကလည်း လူကာ့ကို လက်မထောင်မပြသည်။ ကုမ္ပဏီဒါရိုက်တာနှင့် အကဆရာ နှစ်ယောက် ၊ တခြားသော သူတို့မသိသော ဆရာမ တစ်ယောက်ဝင်လာတော့ လေထုက ချက်ချင်း
ပြောင်းသွားသည်။

သူတို့အားလုံး မတ်တပ်ထ လက်အုပ်ချီ နှုတ်
ဆက်ပြီးသည်နှင့် လူကြီးတွေက သူတို့ချည်း
ဆက်တိုက်ပြောတော့သည်။

"ဒီမှာ ထရိန်နင် အချိန်ဇယား။ ဘယ်အချိန်ကိုမှ ပျက်လို့မရဘူး။ နေမကောင်းရင်တောင် ဆေး
သောက်လာ၊ အခန်းထဲလာထိုင်ပြီး သူများ
တွေ လေ့ကျင့်တာကို ထိုင်ကြည့်နေရမယ်။ ကျောင်းကိစ္စအရေးကြီး စာမေးပွဲတွေကလွဲရင်
တခြားအတွက် ခွင့်မရဘူး။ ပြီးတော့ ထရိန်နင်
ကာလ တောက်လျောက် ခွင့်မရဘဲ အပြင်ခိုး
ထွက်တာတွေမလုပ်ရဘူး။ ကိုယ်‌‌ေရးကိုယ်တာ ကိစ္စတွေကနေပြဿနာတွေဖြစ်လာရင် အဖွဲ့ရဲ့
Image ကိုထိခိုက်လာရင် နုတ်ထွက်ရမယ်။ ဒါကြောင့် အခုကစပြီး အရင်နေထိုင်ခဲ့သလို ရိုးရိုး
သားသား နေထိုင်ကြပါ။  အရေးကြီးဆုံးက ရည်းစားလုံးဝ လုံးဝ မထားရဘူး။ ထားတာတွေ့ရင် မိရင် ချက်ချင်းဖြတ်ရမယ်။ Rumours ထွက်လာရင်လည်း ကုမ္ပဏီဘက်က 8နာရီအတွင်း ချက်ချင်းငြင်းချက်ထုတ်မှာဖြစ်တယ်။ နောက်ပြီး ကုမ္ပဏီရဲ့ ခွင့်ပြုချက် မရှိဘဲ Solo Activities တွေ လုပ်ခွင့်မရှိဘူး။ ဒါတွေက စာချုပ်ချုပ်တည်းက ပြောပြီးသားတွေ ဖြစ်ပေမဲ့ အခုထပ်ပြောရတာက အရေးကြီးလို့ ဆိုတာ Maxxအနေနဲ့ နားလည်မှာပါ။"

အားလုံးခေါင်းညိတ်ရုံမှတစ်ပါး နားလည်ပါတယ် ။ လက်ခံပါတယ်ဟု ကတိပေးရုံမှတစ်ပါး
အခြားမရှိ။ စည်းကမ်းတွေက လူကာ့အတွက်
တင်းကျပ်နေတာမျိုးမရှိပါ။ တစ်ခုပါပဲ နောက်
ဆက်တွဲ လေ့ကျင့်ရမည်များကိုသာ သူလုပ်နိုင်
ပါ့မလား စိတ်ပူသည်။ အဆို ၊ အက နှင့် သရုပ်
ဆောင်ခြင်းတို့သည် သူ့အတွက် အစိမ်းသက်သက်ဖြစ်နေခဲ့သည့် အရာတွေ။

လက်ထဲရောက်လာသည့် အချိန်ဇယား နှင့်
အန်တာတိမ်းမန့်၏ ထရိန်နင်များအတွက် ဖွင့်ထားသော ဝပ်ဆိုဒ်ထဲမှ လေ့လာရမည့် သီချင်း နှင့် ကကွက် ဗီဒီယို ရာကျော်။ လူကာတို့ မမွေးသေးသည့် ၉၀ခုနှစ် တီပေါ့ကစ၍ ယနေ့ခေတ်အထိTrend ဖြစ်နေသော သီချင်းများကို အစအဆုံးဆိုတတ်ရမည် ဆိုသည်ကတော့ တကယ့် အကြီးမားဆုံး စိန်ခေါ်မှုပင်။
ထို့နောက် ပီယာနိုကိုလည်းဆက်သင်ရမည်ဖြစ်ပြီး ဂီတာပါ တီးတတ်ဖို့ရန်လည်း သတိပေးပြောသွားသေးသည်။ ထို့အပြင်ရိုးရာတူရိယာ ဘာတီးတတ်လဲဆိုသော မေးခွန်းတွင် သီအိုအပါအဝင် တခြားသုံးယောက်က
ကျောင်းတွင်း အခြေခံအဆင့်ထက် သာလွန်
နေရပြီး လူကာတစ်ယောက်သာ အလယ်တန်း
သင်ရိုးထဲက အခြေခံလောက်တောင် မရေမရာ
ဖြစ်နေသဖြင့် ဂီတ ဆရာက ခေါင်းတခါခါ စုပ်
တသပ်သပ်နှင့် ဖြစ်နေခဲ့သည်။

သို့ပေမဲ့ ထိုးလိုက်ရသည့် လက်မှတ်နောက်တွင် ဘဝသုံးခုလောက် အဆင်ပြေသွားသည်မို့ လူကာခံသာသည်။ ရှေ့ဆက်ရမည့် နေ့ရက်တွေအတွက်  လူကာ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေ အများကြီး လိုအပ်နေ၏။ တော်‌သေးသည်က
ဘေးနားက နို့ခဲလေးလို ကောင်လေးကြောင့်
ဘယ်ကဘယ်လိုရောက်လာတဲ့ သတ္တိတွေရှိနေ
လဲတော့မသိ။

ညီမလေးရိုစီအတွက်ဆိုတာထက် သူ့မှာ သီအိုလေး ပါမျက်နှာမငယ်ရဖို့ ၊ စောနကလို နေရ
ခက်ခက်အခြေအနေတွေ မဖြစ်ဖို့ သူအများကြီး
ကြိုးစားရမည်။

ယနေ့အတွက်ကတော့ အတန်းမစသေး။ အချိန်
ဇယားတွေ ပြောအပြီး ဝင်းထဲ လှည့်ပတ်ကြည့်
ခွင့်ပေးပြီး ၊ ရှိနေသည့် ရိုက်ကွင်းကိုတော့ အနှောင့်အယှက် မဖြစ်ဖို့ ဖိစတုန်းက ကျိတ်သတိပေးသည်။ အမွှာလေး‌တွေ နှင့် ဖီဂျက်က
အကြောင်းပြချက်ကိုယ်စီနှင့် အရင်ထွက်သွား
ကြသည်။ တကယ်တော့ သူ နှင့် သီအို စကားပြောဖို့ရန် သက်သက်ရှောင်‌ပေးလိုက်ခြင်း
ဖြစ်ကြောင်း နားလည်၏။

"လူကာ...ငါတို့ ရေကန်နားသွားရအောင်"

အဆောင်နောက်ဖက်က သဘာဝရေကန်လေးဆီ သွားရန် နှစ်ဦးသဘောတူညီမှုယူလိုက်ကြသည်။
သစ်ရိပ်ဝါးရိပ်နှင့် အေးချမ်းနေသော လျှောက်
လမ်းထက် သီအိုက ဘေးဘီဝဲယာကို တစ်ချက်
အရိပ်အပါးကြည့်ပြီးနောက် လူကာ့ လက်မလေးကို သူ့လက်လေးတစ်ဖက်နှင့် ဆုပ်ကိုင်လာ
သည်။ လူကာငုံ့ကြည့်ပြီး သီအို့ကို ပြန်ကြည့်
တော့လည်း သူမဟုတ်သလို မျက်နှာပေးတည်တည်လေးနှင့်။ ရှိစေတော့...

ရေကန်လးက တူးထားတာ မကြာသေးဘူး။ ဒီ
အတိုင်း သဘာဝအတိုင်း မြေသားကို တူးထား
ပြီး ဘေးဘက်တွေမှာလည်း သစ်ပင်ကြီးတွေကို
မခုတ်လှဲဘဲ သဘာဝအတိုင်း အရိပ်ရနေစေတယ်။ သူတို့ နှစ်ယောက် ငုဝါပင်တစ်ပင်အောက်ထိုင်ရင်း ရေပြင်ငြိမ်ကို ငေးကြည့်နေ
လိုက်တယ်။ ပတ်ဝန်းကျင်မှာ လေတိုးသံသဲ့သဲ့၊
အဝေးဆီမှ မသဲမကွဲပြန့်လွင့်လာတဲ့ လူသံ ၊ စက်သံတွေကလွဲ၍ တခြား အာရုံပျက်စေမဲ့ အသံဟူ၍ မရှိ။ ပကတိငြိမ်သိမ်လျက်...

"စောနကလေ..."

သီအို စကားစလာ၏။ လူကာ ချက်ချင်းဆိုသလို ဘေးကို ငဲ့ကြည့်ပြီး နားထောင်ဖို့ သူအဆင်သင့်ဖြစ်နေကြောင်း သိစေလိုက်သည်။
သီအိုက ဒူးတွေပေါ် လက်မောင်းတင်လျက် ခေါင်းတင်ကာ လူကာ့ဘက်ကို စောင်းငဲ့လာသည်။ နဖူးပေါ် ဝဲကျလာသော ဆံပင်စလေးတွေက လေအဝှေ့မှာ တသွေ့သွေ့ နှင့် သီအိုလေး၏ စိတ်အစဉ်ကို ဖော်ညွှန်းပြနေသလိုပဲ။ သီအိုက
မျက်မှောင်လေးတစ်ချက် တွန့်ချိုးပြီး

"စောနက Seme ဆိုဒ်နဲ့ ဘဲကလေ...အစက ငါနဲ့
တွဲမယ့် ပါတနာ"

ပြောပြောပြီးချင်း သီအိုက လူကာ့ မျက်နှာအပြောင်းအလဲကို အကဲခတ်လိုက်သည်။
လူကာက အံ့ဩဟန်လည်း မပြ။ ဒီအတိုင်းပဲ
ဖြစ်စဉ်တစ်ခုကို နားထောင်ပေးနေသလို ငြိမ်နေပြီး သီအိုနဲ့ မျက်လံုးချင်းဆုံကြည့်ပြီး ရေးရေး
လေး ပြုံးပြလာသေး၏။

"မင်း မအံ့ဩဘူးလား။"

"အလုပ်ပဲလေ...ဒါမျိုးတွေလည်း ရှိတတ်တာပေါ့။ အခုပြန်တွေ့တော့ မင်း စိတ်ထဲ အဆင်ပြေ
ရဲ့လား"

လူကာအသံမှာ နွေးထွေးကြင်နာမှုတို့ ရှိနေပြီး
သီအို့ မျက်လုံးရှေ့ကွယ်နေတဲ့ ဆံပင်တွေကိုလည်း လက်ချောင်းလေးတွေနဲ့ ရှင်းလင်းပေး
သေး၏။

"သူက‌...ငါ့ကို ခဏသဘောနဲ့ အသုံးချဖို့လုပ်တာ။ သူတို့ အဖွဲ့က အငယ်တွေကြားမတိုးနိုင်တော့ သူက အဖွဲ့အရေးထက် သူတစ်ယောက်စာ လွတ်ဖို့ BL ရိုက်ပြီး ဖန်ပြန်စုမလို့ စီစဉ်တာ။ ဒါပေမဲ့လည်း BL CP ပုံသေရှိချင်တာမဟုတ်ဘူး။ ဒီအတိုင်းပဲ...လှေကားထစ်တစ်ခုအနေနဲ့ပဲ။
ငါကလည်း သူရဲ့ အမြဲ CP ပါတနာမဖြစ်ချင်ပါဘူး။ ဒါပေမဲ့ အဲ့ဘဲ လုပ်ပုံ မင်းပဲ စဉ်းစားကြည့်
လူကာ။ ဟုတ်သလား မဟုတ်သလား။"

"တကယ်မဟုတ်ဘူးပေါ့။‌ မေးစရာကိုမလိုတာ"

လူကာ့ အဖြေကြောင့် သီအို ဟီးခနဲတစ်ချက်ရယ်ပြီး သဘောကျသွားသည်။

"ငါလေ ဒေါသထွက်လွန်းလို့ ရူးမလိုပဲ။ နောက်ပြီး ဘာမှန်းမသိ စိတ်အားငယ်တာတွေလည်း ဖြစ်ခဲ့ပြီး ဖီရိန်းတို့ဆီတောင် ဒရမ်မာတွေ
သွားလုပ်လိုက်သေးတယ်။ တကယ်တော့လေ
ဒါက အလုပ်ခွင်ထဲ ဖြစ်လေ့ရှိတာတွေပေမဲ့ ဘာကြောင့်မှန်း ငါ့စိတ်တွေ ယောက်ယက်ခတ်ကုန်
တယ် ။"

"ဖြစ်တတ်တယ်လေ...သူ့စိတ်ရင်းကို သိနေတော့ မင်းခံပြင်းမှာပေါ့...ဆိုတော့ အခု မင်း
ဘာလုပ်ချင်လဲ။ ငါအတူတူလိုက်လုပ်ပေးမယ်။
အဲ့ဘဲကို ပညာပြချင်လား"

"..."

သီအို လူကာ့ကို ခဏလေး ငေးခနဲကြည့်ပြီးမှ

"ဟား ဟား ဟား မင်း လူဆိုးဖြစ်တော့မယ်
လူကာ။"

လူကာ့ခေါင်းကို ဖွဖွလှမ်းပုတ်ရင်း...

"အာအီဂူး ငါတို့လူကောင်းလေး လူကာ။ အချစ်
အတွက်နဲ့ ကောင်းကင်ကိုတောင် ဒူးနဲ့တိုက်တော့
မယ်ပေါ့"

"အဲ့ဘဲက ကောင်းကင်ကြီးလောက် မြင့်နေလို့လား"

သီအို တဟားဟား ထရယ်သည်။ မထင်မှတ်ဘဲ
အရာရာ အေးချမ်းပြီး ကျောင်းမှာ စီနီယာတွေ အနိုင်ကျင့်မှန်း သိသိရက်နဲ့တောင် ခေါင်းငုံ့ခံ
တတ်သည့် လူကာက...တကယ်ကို အတည်ကြီး
တွေ ပြောနေတော့တာပဲ။

သီအိုဘာမှ ပြန်မပြောဖြစ်ဘဲ လူကာ့ကိုသာ ပြုံး
ရင်း ငေးနေလိုက်တော့သည်။

သည်လိုလူတစ်ယောက်ကို ဒီအရွယ်လေးတည်း
က တွေ့ခွင့်ရလိုက်တာကိုက...

ဘုရားပေးသနားလေသည့် မဟာကရုဏာပဲဖြစ်မယ်ထင်ရဲ့။

သီအို လက်ကလေးလှမ်းပြီး လူကာ့ လက်မလေးကို မလွှတ်တမ်းဖမ်းဆုပ်ထားလိုက်သည်။
ကန်ရေပြင်ကို ဖြတ်တိုက်လာသည့် လေအေး
လေးတွေကို ခံယူရင်း...တစ်ချက်တစ်ချက် လွင့်
လာသည့် ရိုးရိုးရှင်းရှင်း လူကာ့ ကိုယ်သင်းနံ့
လေးကို ခိုးရှိုက်ရင်း...

Thank You All

Long time no see🥺 ပါးစပ်ဆယ်ပေါက်ရှိရင်
တောင် ပြောစရာစကားမရှိတော့ပါဘူး။

Bạn đang đọc truyện trên: ZingTruyen.Xyz