ZingTruyen.Xyz

SIDE-B

၁‌၅

HsuChiKo365

မဆုံးနိုင်သော နေ့ရက်များ

မနက်ခင်းတွေမှာ နိုးထလာတိုင်း လူကာ့ခန္ဓာကိုယ်သည်လည်း နာကျင်မှုနဲ့ အသားကျလာခဲ့၏။ ဒါကိုက သူ့အတွက် ပုံမှန်လိုပါပဲ။

"‌မနေ့ညက ဘယ်အချိန်မှ ပြန်လာတာလဲ"

ဖီဂျက်က မနက်စာစားရင်း မေးလာ၏။ မနက်စာဆိုတာကလည်း ထွေထူးမဟုတ်။ ကြက်ဥပြုတ် ၊ ပေါင်မုန့်ကြမ်း နဲ့ အချိုမပါသည့် ပဲနို့။
လူကာ ပဲနို့တွေကို မျိုချပြီးမှ

"11နာရီ။ ပြန်လာတော့ ဖီအိပ်ပျော်နေပြီရယ်"

"ဟုတ်တယ်။ အခုက ညစာစားပြီးတာနဲ့ အမှောက်ပဲ။ မင်းလည်း အရမ်းကြီးတွန်းမလုပ်
နဲ့ လူကာ။ Demo တောင် မထွက်သေးတာ"

"ဟုတ်"

ဟုတ်လို့ ပြောပေမဲ့ တကယ်လုပ်မည့် ဟုတ်မ
ဟုတ်မှန်း သူတို့နှစ်ယောက်လုံး သိကြသည်။
သည်နေ့တော့ လေ့ကျင့်ခန်းထဲမှာ သူတို့ နှစ်
ယောက်တည်း။ အငယ်တွေက စာမေးပွဲ နှင့်
လက်တွေ့ရှိ၍ ကျောင်းသွားကြသည်။

လူကာ နံရံပြည့်မှန်ချပ်ကြီးရှေ့ နေရာယူရပ်လိုက်သည်။ သူနှင့် ဖီဂျက် ယနေ့ K-pop boy group တစ်ခု၏ နာမည်ကြီး သီချင်းတစ်ပုဒ်ကို
အက ကျင့်နေကြရ၏။ ညနေအမီ video ရိုက်ကာ အကဆရာဆီ ပို့ပေးရမည်။
ပုံမှန်ဆို သူတို့က ခန္ဓာကိုယ်ထွားသည့်ဘက်ကို
ရောက်၍ ပျော့ပျောင်းသော လှုပ်ရှားမှုပုံစံတွေ
ထက် အားမာန်ပြည့်သည့် ခပ်ကြမ်းကြမ်းတွေ
နှင့် လိုက်ဖက်သည်ဟု ဆရာက မှတ်ချက်ပေး
သည်။ ထို့အတွက် မာန်ပါသော အက ပုံစံမျိုး
တွေကို ကျင့်သားရလာစေရန် လေ့ကျင့်ခိုင်း
ခြင်း။

"ပရိုဂျူဆာ အစ်ကိုက ပြောတော့ mini album မှာ ballads တွေပါတယ် ပြောပေမဲ့ 
Dance song ကတော့ ဘယ်လိုလာမယ်မသိ။"

"Ballads က ကျွန်တော့်အသံနဲ့ လိုက်ရဲ့လား"

သူ့အသံကိုက ဩရှရှနဲ့လေ။ Ballads တွေက
အသံချိုချိုအေးအေးလေးတွေ များတာမလား။

ဖီဂျက်ကခေါင်းမော့စဉ်းစားပြီး

"Ballads ထဲမှာမှ မင်းရဲ့ Tone နဲ့ဆင်တဲ့ သီချင်းတွေရှာနားထောင်ကြည့်။"

ဒါကိုက သူတို့တွေပညာရေးစနစ်ကွာခြားမှုကို
လျစ်လျပ်ပြ‌ေနသည်ပင်။ ဖိဂျက်က အသက်
အရွယ်တစ်ခုထိ အနောက်ပြည်ပနိုင်ငံကြီးတစ်
ခုမှ ကြီးပြင်းလာခဲ့ရ၍ အရာရာကို ကိုယ်တိုင်ကိုယ်ကပဲ ရှာဖွေစေချင်သည့် ဉာဉ်လေးနှင့်ပင်။

သူထပ်ဝတ်လာသော ရှပ်ကို ချွတ်ချပြီး အက
ကြမ်းပြင်ပေါ် လဲသွားရသည်။ အဲကွန်းလေက
20ထိ ရှိပေမဲ့ သူ့ကျောပြင်တစ်ခုလုံးမှာ ချွေးတွေ ရွှဲနေသည်။ ဖီဂျက်ကတော့ ကုန်လုဆဲဆဲ
ရေကို ကောက်မော့ပြီး မှန်ကို မှီထိုင်ကာ အသက်
လုရှုနေ၏။

"ဖီ့ချိုင်ကို အားနာလိုက်တာ။ကျွန်တော် အခုထိ
Balance မဖြစ်သေးဘူး။ ဆရာပြောတဲ့ လှုပ်ရှားမှု rate ကိုလည်း မရောက်သေးဘူး။"

"ရတယ် ဗီဒီယိုက ညနေမှပဲဟာ။ သူသတိမပေး
ရင် မေ့ချင်ယောင်ဆောင်ပြီး မပို့လည်း ဖြစ်တယ်။ အရင်ကထက် စာရင် တော့ တိုးတက်
လာပါပြီ။ မြန်တဲ့ ထဲတောင်ပါတယ် လူကာ"

ဖီက tripod က ဖုန်းကို သွားဖြုတ်ယူပြီး အတူတူ သုံးသပ်ရန် သူ့နားခေါ်သည်။ နှစ်ယောက်သား ခေါင်းချင်းပူးပြီး လှုပ်ရှားမှုတစ်
ကွက်ချင်းစီကို သုံးသပ်ကြသည်။

"ဒီနားလေး တွေ့လား။ လက်အနေအထားရော
ခါးရော အဆင်ပြေနေပြီ။ ခြေထောက်ထားတဲ့ ပုံက နည်းနည်းတောင့်နေတာ။ ဒီမှာကြည့်။"

ဖီဂျက်ပြောရင်း ထရပ်သည် ။ လက်တွေ့ထပ်ပြ
သည်။ သူချက်ချင်းထရပ်ပြီး ဖီဂျက်ကိုလည်း
ကြည့် မှန်ပေါ် ထင်နေသည့် သူ့အရိပ်ကိုလည်း
ကြည့်ကာ လှုပ်ရှားမှုတွေကို ပြန်ညှိလိုက်သည်။

ဖီဂျက်က အတူတူတစ်ခေါက်ကကြည့်ပြီး သူ့ကို
ထပ်ကြည့်ပေးသည်။

"ပိန်သွားတာလား လူကာ။ ခုမှ သတိထားကြည့်
မိတယ်။ ခါးတွေရော လက်မောင်းတွေရော ပို
သိမ်သွားသလိုပဲ"

"အာ..."

ဟုတ်မှာပေါ့။ သီအိုဆိုလည်း သူ့ကို နှိပ်ပေးတိုင်း
သူ့ခါးကို စမ်းရင်း

"မင်းပိန်နေတယ် လူကာ" ဆိုပြီး ပြောနေကျ။

"ကောင်းပါတယ်လေ။ ပါးလျပ်လျပ်လေးတွေနဲ့
ပဲ ပွဲဦးထွက်ကြတာပေါ့။ ယောကျာ်းပီသဖို့က
28-29 လောက်မှဆိုလည်း ဖြစ်တာပဲ"

"ဟုတ်"

သီအိုပြောသည့် မင်းက 19နှစ်ပဲရှိသေးတာ။ 29နှစ်လို နေ‌မနေနဲ့ ဆိုတာ...

နေ့လယ်စာ စားချိန်ပြီး ဖီဂျက်နဲ့ နောက်ဆုံးတစ်
ခေါက် လေ့ကျင့်ပြီး ဆရာပြောထားသည့် အချိန်
အမီ Video ကို ပို့လိုက်ပေမဲ့ စံနှုန်းမီတယ်ရယ်
တော့ မဟုတ်။ ဒီအတိုင်း ရှေ့က အခေါက်တွေထက်စာရင် သိသိသာသာ တိုးတက်မှု အရှိဆုံး
တစ်ခေါက်ကိုပဲ ပို့လိုက်တာ။ ဖီဂျက်နဲ့တူတူ သီချင်းဆိုအတန်း သွားတက်ပြီး ညနေစာစား
ချိန်ကျ သူ အဆောင်မပြန်ဖြစ်။ ခဏနားပြီး
အကခန်းမှာပဲ ဆက်လေ့ကျင့်နေလိုက်သည်။
ထမင်းစားရင်း research လုပ်ထားသည့် သူ့
အသံtone နှင့် တူသည့် အဆိုတော်တွေ၏ တေး
အယ်ဘယ်လ် အချပ်လိုက်တွေကို loop လုပ်ကာဖွင့်ထားပြီး တစ်ဖက်မှာလည်း လိုက်ဆိုရင်း
သူ့အသံကို စမ်းသပ်နေလိုက်သည်။

သံစဉ်တွေကို ဖမ်းယူလေ့ကျင့်နိုင်စွမ်းက အက
ထက် ပိုမြန်သည်ဟု ခံစားရ၏။ နားထောင်နေ
စဉ် သီအို့ ထံမှ စာဝင်လာသည်။

"ငါ လေဆိပ်ကိုသွားနေပြီနော် လူကာ။ ရိုစီ့ကိလည်း စာပို့ထားတယ်"

"ကျေးဇူးပါ။ ကျန်းမာရေး ဂရုစိုက်လို့ ထပ်မှာ
လိုက်အုံး‌နော်"

"အွန်း"

ဒီနေ့ည ဖလိုက်နဲ့ ရိုစီ အင်္ဂလန်ကို သွားရတော့မှာ
ပင်။ ရိုစီလေး အရမ်းသွားဖူးချင်နေသည့် နွေရာသီCamp ကို သူပို့နိုင်ခဲ့ပြီ။ နဖူးက ချွေး
တွေကို ဘောင်းဘီအိတ်ထဲထိုးထည့်ထားသည့်
မျက်နှာသုတ် ပုဝါနဲ့ သုတ်ပြီး သူထရပ်လိုက်၏။
မှန်ပေါ် ပေါ်နေသည့် သူ့ကိုယ်သူ ကြည့်ရင်း ကကွက်တို့ကို တစ်ကွက်ချင်း တစ်ကွက်ချင်း ကိုယ်
နေဟန်ထား အမှန်ဆုံးဖြစ်အောင် လေ့ကျင့်နေ
လိုက်သည်။ တခြားသော အတန်းက သူတွေ
ပြန်သွားသည့် အသံများကြားသော်လည်း သူ
မရပ်နိုင်သေး။ အခန်းမီးတွေကို လိုက်ပိတ်ရင်း
သူ့ကိုယ်သူ မြင်ရလောက်သည်အထိသာ ထွန်း
ထားလျက် အဆက်မပြတ်လေ့ကျင့်ခြင်းမှာ စိတ်ရော ကိုယ်ပါ တသားတည်းဖြစ်အောင် ထပ်ခါထပ်ခါ မောင်းနှင်ရင်း...

***

"သီအို!"

တက်ကြွစွာ ပြုံးပျော်ရွင်ပျနေသော ရိုစီ့မျက်နှာ
ကို ကြည့်ရင်း စိတ်အချဉ်ဖောက်ရသည်။ ဘာလို့ဆို ရိုစီ့အပြုံးတွေဖြစ်လာဖို့ လူကာ့တစ်ကိုယ်လုံး
ညိုမည်းစွဲနေရတာလေ။

"ငါ့အစ်ကိုရော"

"သူ ထွက်လို့မရဘူး။ အကလေ့ကျင့်နေရတယ်"

"အာ..."

ရိုစီငြိမ်သက်သွားသည်။ သီအို ကျွတ်တချက်စုပ် မိတော့ ရိုစီက မော့ကြည့်လာသည်။

"အဆင်ပြေရဲ့လား။ နေကောင်းလား။ အတန်းတွေရော လိုက်နိုင်ရဲ့လား ဆိုတာလောက်တောင်နင် မမေးတတ်တော့ဘူးလား"

သီအို့လေသံ သိသိသာသာမာနေသည်။ တကယ်
ဆို ရိုစီ့မှာ အပြစ်မရှိပါ။ ဖတဆိုး ညီမလေးကို
စောင့်ရှောက်ရမှာ လူကာ့တာဝန်ပေမဲ့ အခုက
လူကာလည်း အရွယ်မရောက်သေးဘူးလေ။

"ငါ့ကိုကြီး အရမ်းပင်ပန်းနေလားဟင်"

သီအို ပြန်မဖြေဖြစ်။ ကျောပိုးအိတ်ကြိုးကိုသာ
တင်းတင်းကိုင်ထားရင်း ကြိုး တင်းအားက သူ့မျက်နှာက အကြောတွေထိပါ သက်ရောက်သည်။ တကယ်ဆို သူက လူကာနဲ့ ဘာမှမဆိုင်။
ညီမ အရင်းဖြစ်သည့် ရိုစီ့အပေါ် ထိုမျှလောက်ထိ မနာလျု အူတို မဖြစ်သင့်။ သို့ပေမဲ့ ရုစီက
လည်း သူ့အပေါ် ထိုသို့မမြင်ပါ။ အရင်ကလို
အတန်းဖော်စာပြိုင်ဖက်လို မာရေကြောရေတောင် မဆက်ဆံ။ အားလုံး သူ့အပြစ်ပမာ ခေါင်းငုံ့ ငြိမ်သက်နေတော့လည်း သီအို စိတ်မမာနိုင်။ သည်‌ေနရာမှာ လူကာသာဆိုသည့် စိတ်
နဲ့ မျက်နှာပေးကို လူကာ ပမာ ကြင်နာနွေးထွေး
သည့် ဘက်ရောက်အောင် ပြန်ပြောင်းလိုက်သည်။

"လေယာဉ်ချိန်လိုသေးတယ်မလား။ လာ ငါမုန့်
ဝယ်ကျွေးမယ်။ ဟို‌ေပါ်မှာ ကျွေးပေမဲ့ အကြာ
ကြီး စီးရရင် မူးချင်မူးနေမှာ စားမဝင်ဘဲနေမယ်"

ချော့ချော့မော့မော့ လေသံကြောင့် ဉာဏ်ကောင်းသည့် ရိုစီကလည်း သူ့အစ်ကို ဝင်ပူးသွားပြီဆိုတာ နားလည်သည်။ သူ့ဘေးသို့
ဖားကလေးခုန်သလို တစ်ချက်ခုန်ကာ ကပ်ရင်း
စားသောက်တန်းတွေဆီ လိုက်လာသည်။

သုံးလကြာမည်မို့ ထိုင်းစာကို အစာပိတ်စားဖို့ပဲ
ရွေးချယ်ဖြစ်လိုက်သည်။

"အာ...လေဆိပ်ထဲက ဆိုင်တွေက တအားဈေး
ကြီးတာပဲ"

"ဈေးနှုန်းကို မကြည့်နဲ့ စားချင်တာကိုပဲ ကြည့်"

သီအို ဈေးနှုန်းတွေဖက်ကို လက်နဲ့ အုပ်ရင်း ရိုစီ အမှန်အကန် စားချင်တာကိုပဲ ရွေးခိုင်းလိုက်၏။

"နင်ကတော့ အေးဆေးပဲ မလား။ ငါ့ကိုကြီးသာ
အတင်းရုန်းကန်နေရတာမလား"

သီအိုမညာချင်။

"ငါတို့က ငယ်ငယ်တည်းက ဒါတွေလုပ်လာရတာလေ။ သူကတော့ ပါရမီ မှာ ကြိုးစားမှု
ပိုထည့်ရတာမျိုးပေါ့"

"သူတကယ်ပါရမီ ပါတာလား"

သီအိုတစ်စက္ကန့်လေးတောင် မဆိုင်းဘဲ ခေါင်း
ညိတ်ပြလိုက်၏။ ရိုစီမယုံနိုင်ဖြစ်နေသည်ကို နား
လည်သည်။ အားကစားလက်ရွေးစင် နဲ့ Chess ချီပီယံကိုပဲသူရင်းနှီးခဲ့တာလေ။ အိုင်ဒေါလ်
လူကာ ဆိုတာ ရိုစီ့အတွက်က နောက်ဘဝမှ တော်ရမည့် အစ်ကိုလို ဖြစ်နေမှာ။ လူကာ့အတွက်ကတော့ အိုင်ဒေါလ် အနုပညာရှင်
လူကာကမှ သူ့လူလေ။

လေဆိပ်ဝင်းထဲ ပျားပန်းခတ်သွားလာနေကြသော လူအုပ်ကြီးနှင့် သတိပေးချက်များက သူ
တို့ နှစ်ယောက်ကြားက လူကာ့ အဓိပ္ပါယ်ဖွင့်ဆို
ချက်ကို မနှောင့်ယှက်နိုင်ပါ။ ရိုစီက သက်ပြင်း
တစ်ချက် ဖွဖွ ချပြီး ပက်ထိုင်းကို ဖြည်းဖြည်းချင်းဝါးသည်။ သီအိုကတော့ ပျားသံပရာ ရေနွေးကြမ်းကိုပဲ ဖြည်းဖြည်းချင်း မှုတ်သောက်
နေလိုက်သည်။

ရိုစီက သူ့ကို ငဲ့ကြည့်ပြီး...

"ငါတို့ ကိုကြီးနဲ့က တွဲနေပြီလားဟင်။ အဲ့ဒါကြောင့် နင်က ငါ့ကိုပါ ကောင်းပေးနေတာ ဟုတ်တယ်မလား"

"ဘာလဲ မတွဲစေချင်ဘူးလား"

"အဲ့လိုတော့လည်း မဟုတ်ပါဘူး"

"ဘာလဲ ငါကယောကျာ်းလေးဖြစ်နေလို့လား။ နင့် အတန်းဖော်ဖြစ်နေလို့လား။ ဘယ်ကိစ္စက
နင့်ကို သက်ပြင်းချစေတာလဲ"

သီအို့ အသံက ချက်ချင်းခပ်ဆက်ဆက်ဖြစ်သွား
ပြန်၏။ ရိုစီ နှာခေါင်းတစ်ချက် ရှုံ့ပြီး...

"ရေရှည်အတွက်ဆို နင်တို့က ငယ်သေးတယ်
မလား"

"ငါ့မွေးစားအဖေဆိုလည်း လူကာ့အသက်မှာ အခု ပါတနာနဲ့ စတွေ့တာပဲလေ..."

"အာ...သူတို့က တကယ်ကြီးလား"

သီအို ပုခုံးတွန့်ပြလိုက်သည်။

"နင် အခု ငါ နင့်အပေါ်ကောင်းပေးတာတွေကို
မှတ်ထား။ တစ်ချိန်ကျရင် မယ့်ကို နားဝင်အောင်
ပြောဖို့လိုလာရင် နင်က ငါတို့ဘက်ကမှာ ရပ်ရမယ်။ အခု နင့်ကို လူကာ လုပ်ပေးထားတာတွေက ငါ လူကာ့ကို လုပ်ပေးထားတာတွေက လာတယ်ဆိုတာ မမေ့ဖို့ပဲ။ ငါက သူအိုင်ဒေါလ်
လူကာကို လိုတာ မဟုတ်ပေမဲ့ နင်လိုလို့ ငါ လုပ်ပေးခဲ့ရတာပဲ"

"မောက်မာလိုက်တာ..."

"ငါက အဲ့လိုလူပဲ။"

"နင် ငါ့ကိုကြီးကိုလည်း အဲ့လိုကြီးဆက်ဆံနေတာတော့ မဟုတ်ဘူးမလား"

"ဆန့်ကျင်ဘက်ပဲ။ ငါသူ့ကို ညတိုင်း နှိပ်ပေးတယ်။ နင်းပေးတယ်။ စိတ်ခွန်အားပေးတယ်။
ကောင်းတာလေး‌တွေ ဝယ်ကျွေးတယ်။ ငါ့အသက်အရွယ်နဲ့ဆိုရင် ဒါ ကျွမ်းကျင်အဆင့်
ချစ်တတ်နေတာ မလား။ နင်တောင် နင့်အစ်ကို
ကို လုပ်ပေးဖူးလား"

ရိုစီခေါင်းခါသည်။

"နင် ဒီကိစ္စတွေက အစ ငါနဲ့ လိုက်ပြိုင်နေတာလား။ ယောင်းမ ဆိုးပဲ"

"ခဲအိုလောက်တော့ လုပ်လိုက်"

သီအို ရေနွေးထပ်သောက်သည်။ ရိုစီလည်း နင်
နေရင်းမှ သီအို ဝယ်ကျွေးသမျှ အကုန်စားဝင်
နေသည်က ထူးဆန်းသည်။ ရိုစီအတူတူထွက်ခွါမည့် အဖွဲ့ဆီ ပြန်မရောက်ခင် အန်ပေါင်းစာအိတ်နီနီကိုလည်း ထုတ်ပေးသည်။

"မ မယူဘူး သီအို"

သီအို သူ့လက်ကို ဆွဲယူကာ ထည့်ပေးသည်။

"ယူလိုက်။ ဟိုရောက်ရင် ပြောထားတဲ့ activity ထက် အပြင်တွေသွားကြအုံးမှာ။ အဲ့ကျ သူများ
တစ်ခုဆို နင်တစ်ခုသုံး။ ဘာမှ အားငယ်မနေနဲ့။
လောက်ငတယ်"

"သီအို"

မျက်နှာငယ်နဲ့ ဖြစ်နေသော ရိုစီ့ကို နှစ်သိမ့်သလို
ခေါင်းညိတိပြ၏။

"ခဲအိုလို့ခေါ်ရင် ပိုပေးမယ်။ နှုတ်စွဲအောင်ကျင့်ထား"

ရိုစီလက်ရွယ်ပေမဲ့ မထုရိုက်ဖြစ်။ ရွယ်တူချင်း
တောင် သီအိုက အများကြီး ရင့်ကျက်သွားသလိုပဲ။

ရိုစီ့ကို အဖွဲ့ဆီ ပြန်လိုက်ပို့တော့ ထွက်သွားတည်းက စူးစမ်းနေသူတွေကိုလည်း သီအိုက အထူး
တလည် အဖက်လုပ်မနေ။ ဒီအတိုင်း ခပ်တည်တည် နှုတ်ဆက်ပြီးသာ ထွက်သွားခဲ့သည်။

ရိုစီ လေယာဉ်မယ်လေးထံမှ ဖုန်းများပိတ်ထားရန် မပန်ကြားခင် သီအို့ထံ စာပို့လိုက်သည်။

[ကျေးဇူးပါ ခဲအို။ မုန့်ဖိုးကို သေချာသုံးပါ့မယ်]

မကြာ။

[Have a nice trip]

ဆိုပြီးသာ အထာကျကျ ပြန်ပို့လာခဲ့သည်။

Thank You All

Bạn đang đọc truyện trên: ZingTruyen.Xyz