ZingTruyen.Xyz

SIDE-B

အပိုင်း ၁၁

HsuChiKo365

ငါက မင်းနဲ့ထိုက်တန်‌သေးဘူး

မယ့် နှင့်‌ ဖောကို နှုတ်ဆက်ကန်တော့လိုက်သည်။ မနက်ခင်းစောစော သူတို့ ရှိစုမဲ့စု မိသားစုလေး ၏ ရှားရှားပါးပါး လူစုံချိန်။

"တကယ်လိုက်ပို့ဖို့ မလိုဘူးလား တီတီ"

မေးလာသည့် ဖောကို ခေါင်းခါပြလိုက်သည်။

"လိုင်စင်မရှိသေးဘဲ ကားတက်တက်မောင်းနေ
တာကတော့..."

"ဘာစိတ်ပူစရာရှိလဲ။ ၁၃နှစ်သားလောက်တည်း က သူတက်မမောင်းဖူးတဲ့ ကားရှိသေးလို့လား။
ဒီနှစ်ထဲတော့ လိုင်စင်ဖြေတော့နော် တီတီ"

သီအို ခေါင်းသာညိတ်ပြလိုက်သည်။ အသစ်
ဝယ်ပေးထားသော မော်ဒယ်မြင့်ကားအတွက်
ဖော့ ကို အထွေအထူး ကျေးဇူးတင်မနေတော့
ပါ။ ဖော့အတွက် တစ်လစာတောင် မရှိသည့် ပမာဏ။ မပြောပလောက်သည့် အနေအထား။

"ဖော့ကတော့ ကားဝယ်ပေးလိုက်တယ်။ မယ့်
ကရော"

"Debut မှပဲ မယ့် သင့်တော်တာ စီစဉ်ပေးမယ်။
တီ အောင်မြင်ရင် ဘရန်းတစ်ခုခုထုတ်ရင်ရော
တခြားဘယ်သူက လုပ်ပေးမှာလဲ"

" စီးပွါးရေးလုပ်မယ်လို့ မပြောမိသလိုပဲ"

"ခလုံထေ့မှာ ဘယ်သူက အနုပညာသီးသန့်ပဲလုပ်လို့လဲ။ အနည်းဆုံးတော့ စား‌သောက်ဆိုင်
လောက်တော့ ဖွင့်ကြတာပဲလေ။ တီတီ့ အလှည့်
လည်း လာမှာပဲ။ အဲ့ကျ တီလှည့်ကြည့်စရာမလို
အောင် မယ့် လုပ်ပေးပါ့မယ်။ အဲ့ကျမှ"

သီအို ဘာမှ ဆက်ပြောဖို့မလိုတော့ဘူးလို့ နား
လည်လိုက်သည်။ သူ ကျောင်းသွားမတက်တော့
ဘဲ သေချာပေါက် အိုင်ဒေါလ်အဖြစ်ရပ်တည်မည် ကြားတော့ ဝမ်းသာမဆုံးဖြစ်ရသူကလည်း မယ့်ပင်။
တကယ်တမ်း အိုင်ဒေါလ်ဖြစ်လာတော့လည်း
သူ့ကို တီက တော်လိုက်တာ ဟု တစ်ခွန်းမချီးကျူးခဲ့ပါ။ ဖော့ကတောင် ဘယ်လိုဖြစ်ပြီး
ရက်ပ်ရွတ်နိုင်တာလဲ ဟု တအံ့တဩမေးခဲ့
ပေမဲ့... မယ့်ကတော့ တီတီမှ မရရင် ဘယ်ယူ
ရမှာလဲ ဆိုသည့် ယုံကြည်မှုခိုင်မာစွာဖြင့် သူ့အတွက် သာမန်ကိစ္စတစ်ခုပမာ။

"တီ...ဟိုကလေးအိမ်အရင်သွားဦးမှာမလား"

သီအို ခေါင်းညိတ်ပြလိုက်သည်။ သူ နှင့် ပတ်သတ်ရင် မသိမရှိသော မယ့်အတွက်  ဘန်ကောက်တက္ကသိုလ်ကျောင်းသားလေးတစ်ယောက် သတင်းကို မယ့်က လိုက်မေးစရာပင်မလို။ သီအို ပတ္တရားမှာ ဘာဖြစ်ခဲ့လဲ အစအဆုံး မယ့်နားပြန်ရောက်၏။

"ဂရုစိုက်နော် တီ။ မယ့် လည်း အားတဲ့တစ်ရက်
အဲ့ကလေးကို လာတွေ့ပေးပါ့မယ်"

တစ်မနက်ခင်း၏ ပထမဆုံးအကြိမ် သီအို့ မယ့်
ကို ပြုံးပြဖြစ်သည်။ သီအို့ဘဝတွင် သူငယ်
ချင်းသိပ်မရှိခဲ့။ ရှားရှားပါးပါး သီအို့နေ့စဉ်ဘဝထဲ ဆွဲသွင်းခဲ့သော လူကာ့ ကို မယ့်က တွေ့မည်ဆိုသည်က မီးစိမ်းပြခြင်းပင်။ လူကြည့်တတ်
သည်ကတော့ မယ့်အမွေပဲ ပြောရမလား။

ဖော့ကတော့ အေးသည်။ သီအို လိုအပ်သည်မှန်
သမျှကို သူလိုက်ဖြည့်ပေးမည်။ ကျန်သည့် သီအိုနှင့် ပတ်သတ်သည့် အာဏာကုန်ကတော့ မယ့်လက်ထဲမှာ။

သီအို့အထုပ်အပိုးတွေကို အိမ်က ဦးလေးကြီး
တွေက လာသယ်ပေးသည်။ အထွေအထူးတော့
မဟုတ်။ ပေါ့ပေါ့ပါးပါး ဝတ်လို့ရသည့် ပဂျားမားရောင်စုံနှင့် ကျောင်းဝတ်စုံ ။ ထရိန်နင်းဆင်း
ပါက ကြည့်ကောင်းမည့် ပေါ့ပေါ့ပါးပါး အစုံ။
လက်ဂေ့စ်နှစ်လုံးစာက လုံလောက်၏။

လူကာကတော့ သီအိုနှင့်ကွဲပြားစွာ။ လူကာ့မေမေသည် ရင်းနှီးစွာ ပွေ့ဖက်ကြိုဆို၍ အမှန်ပြော သီအို စိတ်ထဲထိသွားရသည်။ မိမိအိမ်တွင်
မယ့်စီစဉ်ခိုင်းထားသည့် clean food မနက်စာ
ကိုစားခဲ့ပေမဲ့ ကြက်မွကြော်ရနံ့ နှင့် ငါးခူကင်
အနံ့လေးက သီအိုစားဖူးသမျှ မနက်စာထဲ အရိုး
ရှင်းဆုံးနှင့် အရသာအရှိဆုံးပင်။ ဘာကယ်လိုရီ
တွက်ချက်မှုတွေ အဟာရညွှန်းကိန်းတွေ မပါ
သော်လည်း တစ်နေ့တာ ခွန်အားအတွက် လုံလောက်သွားစေသည်။ မယ့်ဆီက ဂုဏ်ပြု လက်ဆောင်မရခဲ့သော်လည်း သီအို့၏ မတော်
ရသေးသည့် မယ့်ကတော့ ချက်ချင်းအသုံးမဝင်
သည့်တိုင် ကိုယ်တိုင်လုပ်ထားသည် ဆိုသော
သိုးမွှေးလက်အိတ်လေးပေးခဲ့သည်။ သီအို့ကို
အများနည်းတူ ချစ်စရာ့ကလေးလေးဟု အထင်
ရှိပုံက ပေးလိုက်သော လက်အိတ်လေးတွင်
အထင်းသား။ သူတို့အိမ်၏ အဖိုးတန်သားကြီး
ဩရသကို အပိုင်ပုံစံဖြင့် ခြယ်လှယ်နေသည့်
တိုင် မယ့်က သူ့ကို ကလေးသေးသေးလေးလို
ပင် ဆက်ဆံပေးခဲ့သည်။ အေးလေ သည်လိုသားကိုမွေးထားသည့် အမေဆိုမှတော့ သည်လိုလေးပဲပေါ့။

အခုလည်းဖီချိုင်း ပုံစံဖြင့် အထုပ်အားလုံးသူ
သယ်ပိုးချသည်။ သီအိုက ကားနားရပ်နေရုံပင်။
သီအိုက မြန်မာ ပိတောက် ၊ ငုဝါနှင့် တခြားသော အရိပ်ရသစ်ရိပ်များနှင့် ကျယ်ဝန်းသော ဝန်းကို
ဟိုဟိုဒီဒီငေးကြည့်သည်။ ဝန်းထဲ ကျယ်လွန်း
ပေမဲ့ ရိုက်ကွင်းရှိနေပုံရသည်။ ကရိန်းဆွဲသံနှင့်
လူများ၏ လှုပ်ရှားသံ သဲ့သဲ့ကို ကြားနေရ၏။

ထရိန်နင်ဆင်းရမည့် အဆောက်အဦ ၊ ရိုက်ကွင်း
ဆက်တင်နေရာများနှင့် သင်တန်းသားများအ
တွက် အဆောင် နှင့် ကန်တင်းစသည်တို့ကြောင့်
ဝန်းက အနုပညာကောလိပ်အသေးစားလေး
လို ခံစားရစေသည်။

သူတို့နေရမည့် အဆောင်ကွန်ဒိုသည် သစ်လွင်နေဆဲ။ ဆေးအဖြူရောင် အခံကိုမှ ဓာတ်လှေကားကိုတော့ နက်ပြာရောင်မှန်ချပ်များကပ်ထားသည်။ အနားလိုင်းထောင့်များကိုဖြင့် ကုမ္ပဏီလိုဂိုအရောင် အနီရောင်သုတ်ထားသည်။ သူတို့၏ မျိုးချစ်စိတ်ကို ထိုင်းနိုင်ငံအလံ အရောင်အတိုင်းထုတ်ထားသော လိုဂိုတွင် တွေ့နိုင်သည်။ ယခုလည်းအားလုံး၏ အောင်မြေဟု သတ်မှတ်ထား‌သောအဆောင်ကပင် လိုဂိုအရောင်အတိုင်း တောက်တောက်ပပ ရှိနေသည်။

အောင်မြေအကြောင်း ကြားသာကြားဖူး‌ထား
သော လူကာက ဝန်းကိုလှည့်ပတ်ကြည့်ရင်းပြော
လာသည်။ ပေါ့ပေါ့ပါးပါး street wear t-shirt
နှင့် ဂျင်းတွဲဝတ်ထားပုံက ဘာမှဟုတ်မနေပေမဲ့
သီအို့အမြင်ထဲ မက်ချာလေးတစ်ခွက်လို လန်းဆန်းနေသည်။ ဦးထုပ်ဆောင်းပြီး မက်ခ်
သာတပ်လိုက် ပကာသနကင်းသည့် လေဆိပ်ဖက်ရှင်ဖြစ်နေပြီ။

"ဝန်းကြီးက အကျယ်ကြီးပဲနော်။"

"ဟုတ်တယ်။ ငါတို့ ထရိန်နင်ဆင်းရမဲ့ နေရာက ဟိုးဘက်မှာ...စက်ဘီးနဲ့မှ အဆင်ပြေမှာတဲ့။ မဟုတ်လည်း  ငါတို့ hoverboard ဆင်တူဝယ်ရအောင်။ မင်းစီးတတ်တယ်မလား လူကာ"

"မစီးဖူးပေမဲ့ လေ့ကျင့်လိုက်မယ်။ စက်ဘီးဆို
ရင်ရော်။ ငါ မင်းကို တင်နင်းပေးမယ်လေ။"

သီအိုတစ်ချက် စဉ်းစားရပြီ။ အထာကျကျ hoverboard စီးရမလား။ လူကာနင်း
တဲ့ စက်ဘီးနောက်ကလိုက် ၊ လူကာ့ခါးကိုဖက်
ပြီး ရိုရမလား။ အဖေတွေတုန်းကတော့ အဆောင် နှင့် ထရိန်နင်နေရာကို လမ်းလျှောက်
ကြသည်တဲ့။ သူတို့မို့လို့ မပူမပင် ၊ မပျင်းမရိ။

"နှစ်ခုလုံးဝယ်လိုက်မယ်။ hoverboard နှစ်ခု၊ စက်ဘီးတစ်စီး"

"အင်း မှာမလား။ သွားဝယ်မလား။ ငါဝယ်ပေးမယ်"

စာချုပ်ချုပ်ခနှင့် ထရိန်နင်လစာလေးနှင့်တင်
အမ်းချင်နေပြီဖြစ်သော သူငယ်ချင်းအမည်ခံ
ဘဲကို သီအိုကြည့်လိုက်သည်။ တကယ်ကြီးဝယ်
မည့်အခြေအနေ။ ခေါင်းလေးစောင်းပြီး ကြည်ကြည်နူးနူးကြည့်မိရုံကလွဲ သီအို ဘာတတ်နိုင်မှာလဲ။

ပီတိနှင့် ကြည်နူး၍မဝ သေးခင်မှာပင်အဆောင်မှူး ဖီပင်း က ဝမ်းသာအားရထွက်ကြို
ကာ သီအို့ကို ပွေ့ဖက်သည်။

"အမွှာလေးတွေတော့ ရောက်နေပြီ။ နောင်ဂျက်
လည်း လာနေပြီတဲ့။ အိုး လူကာ ဖီ့ကို တစ်လုံး
ပေး။"

ဖီပင်းသည် သူတို့နှစ်ယောက်၏လက်ဂေ့စ်သုံး
လုံးအနက်မှ လူကာ့ အိတ်ကို သယ်ပေးသည်။ လူကာက ပစ္စည်းအများကြီးမပါ။ ထိုအိတ်တစ်
လုံးနှင့်ကျောပိုးအိတ်တစ်လုံးသာ ပါသည်။
သီအိုတို့ အဆောင်ထဲရောက်ရောက်ချင်းမှာပင်
အမွှာတို့သည်လည်း ဆင်းလာသည်။

"အိုးဟို အစောဆုံးလာမယ်ဆိုပြီး..."

အကြီးကောင်က ‌ပြောရင်းလူကာ့လက်မောင်း
ကို ခပ်ဖွဖွတစ်ချက်ထိုးလိုက်သည်။ လူကာ
က ထုံးစံအတိုင်း ရှက်ပြုံးကိုတောက်တောက်ပပ ပြုံးပြီး ငြိမ်ခံနေပုံကြောင့် သီအို မျက်စောင်းက
အမွှာနှစ်ယောက်လုံးဆီ ဒိုင်းခနဲပစ်ဝင်သည်။ ယိုယို ၊ ရိုရို မျက်နှာပိုးသတ်ကာ ငြိမ်သွားကြသည်။
ဘာသတ္တိနှင့် အဖွဲ့၏ အကြီးဆုံးလိုင်နာတွေကို
ရိုက်လားပုတ်လား လုပ်နေကြတာလဲ။ လေထုက
ချက်ချင်းငြိမ်ကုပ်သွားတော့မှ ဖီပင်းလည်း
ရေခဲအခြေအနေကြီးကို ဝင်ချိုးဖျက်ခွင့်ရ၏။

"အခန်းကတော့ ပထမထပ်မှာ။ လူရွေးပွဲက ထရိန်နင် အသစ်လေးတွေလည်း ရောက်နေကြပြီ။ သူတို့ကတော့ Maxx နဲ့ တော့ အချိန်မတူလောက်ဘူး။"

ဖီပင်းစကားကို လူကာသာ ဂရုတစိုက်နားထောင်
သည်။ ယိုယို နှင့် ရိုရိုက တွန်းထိုးဆော့နေကြပြီး သီအိုက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည်။ ဧည့်ခန်းဆောင်နေရာတွင် သူ၏ ဂန္တဝင်ဖေဖေ၏ ရှခင်းဓာတ်ပုံအလှများ ကို
စိတ်တင်တစားကြည့်နေရသည်။ ဒီလူက တ
ကယ့်လူပဲ။ ရောင်းစားရင် ရောင်းစား မရောင်း
စားရင်လည်း ပြပွဲလုပ်ပြီးငွေရှာလို့ရသည့်
လက်ရာတွေကို ရက်ရက်ရောရော ကုမ္ပဏီ၏
ထရိန်နင်အဆောင်မှာပေးထားခဲ့သည်။ နောက်
များမှ ဖြုတ်ပြီး သီအို ပြခန်းလုပ်ကာ ငွေရှာ
ဖို့ ပြောရမည်။

"ဘာကြည့်နေတာလဲ။"

လူကာတိုးတိုးလေးကပ်မေးသည်။

"ဟိုမှာလေ ဆက်တီတွေပေါ်မှာ ချိတ်ထားတာ
ဖီရိန်းရိုက်ထားတဲ့ ပုံတွေလေ။"

လူကာမှာလည်း တအံ့တဩ။ ဖီပင်းကပါ နွားနို့
အေးလေးလို လတ်ဆက်နေသော လူသစ်
လေးကို ဝိုင်းရှင်းပြရှာသည်။

"ဟိုမှာ မြင်နေရတဲ့ ကော်ဖီဆိုင်က Nong Series ရိုက်တုန်းကလေ။ အခုဘေးမှာSevenEleven
လည်းရှိတော့ ကလေးတွေ မုန့်စားဘာညာအဆင်ပြေတာပေါ့။ လူကာရော ကော်ဖီတွေဘာတွေကြိုက်လား"

"ဟုတ် သိပ်တော့မသောက်ဖြစ်ဘူး"

လူကာ ယဉ်ယဉ်ကျေးကျေးပဲ ပြန်‌ဖြေသည်။ ကလေးအုပ်စုထဲ လူကြီးလေးလို ဖြစ်နေသော လူကာ့ ကို ဖီပင်းက သဘောတွေကျနေတာ အသိသာကြီး။ သီအိုသာ မရှိကြည့်။ အနည်း
ဆုံး ခေါင်းပုတ် ဖင်ပုတ်တော့ လုပ်ဦးမှာ။

"အခန်းကတော့ ပြင်ထားတယ်။ သီအို နဲ့ လူကာ နဲ့က တစ်ခန်းမလား"

"ဟင့်အင်း။ မဟုတ်ဘူး။ ကျွန်တော် တစ်ခန်းနေ
မှာ"

သီအို ခပ်အေးအေးပဲ ဝင်ပြောသည်။ ဖီပင်းပါမက အမွှာနှစ်ယောက်ပါ လူကာ့ကို တစ်လှည့်
သီအို့ကို တစ်လှည့်ကြည့်သည်။

"ဒါဆို လူကာက..."

ဖီပင်းအမေးကို ကာယကံရှင် လူကာက မဖြေ။ သီအို့ကို ငဲ့စောင်းကြည့်သည်။ သီအိုကတော့ ဒီအတိုင်း ဘာမှမထူးဆန်းသလို ခပ်အေးအေးပဲပြန်ကြည့်ပေးလိုက်သည်။ ထိုအခါ...မျကိနှာလွှဲကာ ခေါင်းငုံ့သွားသည်။

ထိုမြင်ကွင်း ၊ ထိုအမူအရာလေးသည် မြင်ရသူ
အပေါင်းကို ကရုဏာသက်စေလိမ့်မည်။
သူစိမ်းတွေတောင် စိတ်မကောင်းရင် ကာယကံ
ရှင်ကရော...

သီအို သက်ပြင်းခိုးချလိုက်သည်။ ထွက်သက်၏
အပူငွေ့ကို အေးစက်နေသော မျက်နှာကြောအောက် ထိုးကျိတ်ထည့်ထားလိုက်သည်။ အချိန်ကိုက်ပင်...ဖီဂျက်၏ ပြိုင်ကားအမဲအလန်းစားက အဆောင်ရှေ့ ကားပါကင်သို့ ဆိုက်
ရောက်လာလေသည်။

"ဖီဂျက်ရောက်လာပြီ"

သီအိုပြောပြောပြီးချင်း ဖီဂျက်ကို ကြိုဖို့ ထွက်
လာခဲ့လိုက်သည်။ လူကာကတော့ ချန်ထားခဲသည့် နေရာတွင် ရပ်ကျန်ရစ်ဆဲ...

Thank You All

Bạn đang đọc truyện trên: ZingTruyen.Xyz