ZingTruyen.Xyz

SIDE-B

အပိုင်း ၉

HsuChiKo365

One Ture Paring က ငါတို့ပဲ

လူရွေးပွဲ၏ နောက်ဆုံးဆုံးဖြတ်ချက်ကို
ကာယကံရှင်တွေတောင် မသိသေးခင်
မှာပင် သီအို့ထံသို့ ဆိုက်ရောက်လာသည်။
လူရွေးပွဲကော်မတီတွင် ဖီရိန်း၏ မန်နေဂျာ ဖီအွိုင်လည်း ပါဝင်သည်။
ကုမ္ပဏီကို ထောက်ခံမှုဖြင့်ဝင်လာသူတိုင်း အတွက် ထောက်ခံပေးသူတွင်
ဝင်ရောက်ဆွေးနွေးခွင့်ရှိသည်။

"သီအို့ ကောင်လေး ကို လူကြီးတွေက
Maxx ထဲပဲ ထည့်ချင်နေကြတယ်"

သူနေ့လယ်စာစားနေချိန်တွင် ဖီအွိုင်ထံ
မှ စိတ်လှုပ်ရှားစရာ ထိုသတင်းကို
တိုက်ရိုက်ရရှိခဲ့သည်။

"ဖီ ဘယ်လိုပြောမလဲ"

"ကောင်းတယ်လို့တော့ ထင်တာပဲနော်။ ရှေ့မှ Tpop ကို လုပ်ခဲ့ကြပေမဲ့ Boy Group တွေက ရှေ့မရောက်ကြသေး
တော့...အခုက စိတ်ခေါ်မှု များပေမဲ့ သူ့
အတွက် ပိုကောင်းတယ်မလား။ တီတီ
ကရော ဘယ်လိုစဥ်းစားဖြစ်လဲ"

"သူ့တက်လမ်းအတွက် ကောင်းပါတယ်။ ဝိုင်စီးရီးဆိုရင်တောင် လွယ်နေ
လိမ့်မယ်။ အခုက နေ့ရက်တိုင်း သင်ယူ
စရာတွေရှိရင် သူပျော်လာမှာပါ"

"အင်း...သူ့ပုံစံလေးကလည်း အဲ့လိုနော်"

"ဟုတ်တယ်။ ဒါဆို Maxx မှာပေါ့...သေချာပြီလား"

"အင်း သေချာသလောက်ပဲ။ သီအိုကရော...ယိိုယို နဲ့ ရိုရိုက သီအို့ကို
မေးနေတာ။ သီအိုလာရင် ကောင်းမှာ
ပဲဆိုပြီး..."

သီအို သက်ပြင်းချရတော့သည်။ သူ
ရက်ပ် ရွတ်ရသည်ကိုပုံမှန်သီချင်းဆို
သည်ထက် ပိုကြိုက်သော်လည်း...ရက်ပ်ပါ က လူကြီးတွေသူ့ကို မြင်ထား
သည့် ပုံစံမဟုတ်။

"သီအို ရက်ပ်ရွတ်ရတာ ကြိုက်တယ်ဆို ဟုတ်လား။ ဟုတ်လို့လားလို့ ​ပြန်မေး
တော့ သီအို့ကိုပဲ မေးကြည့်ဆိုလို့"

"နည်းနည်းပါ..."

"ဘယ်တုန်းကမှ သီအိုရက်ပ်ရွတ်တာမှ
မမြင်ဖူးခဲ့တာ"

သီအိုရယ်မိသည်။ မြင်ဖူးပါ့မလား ဖီ
တို့က underground ပွဲတွေ သွားလို့
လား ဟု ပြန်မေးချင်ပေမဲ့လည်း...

"ဒီလိုပါပဲ " ဟုသာ မရေမရာ ပြန်တုံ့ပြန်
ဖြစ်သည်။

ဖီအွိုင် ဖုန်းချပြီးချိန်တွင်တော့ သီအို့
ရင်ထဲ လေးလံသွားရပြန်သည်။

"အေးလေ ရုပ်က အိုပါးရုပ်ပဲဟာ...
အိုင်ဒေါလ် လုပ်ရင် ပိုကောင်းတာပေါ့"

သီအို ကျေကျေနပ်နပ်ပြုံးမိသည်။ အနည်းဆုံးတော့ အိုင်ဒေါလ် ဘဝ နှင့်မ
အောင်မြင်သူ တစ်ယောက်ကို လုပ်ပြ
ခွင့်တော့ ရသွားတာပေါ့...

"အိုကေလေ အိုင်ဒေါလ်တွေမဖြစ်ခင်
Private Tripလေးတော့ ထွက်သင့်ပါတယ်"

-------

သီအိုတွေးဆသလိုပါပဲ။ လူကာက သူ
ဘယ်ရောက်မည်ကို သီအိုသိနေပြီဆို
တာကို ရိပ်စားမိနေသည်။ တွေ့တွေ့ချင်း အပြည့်အွန်ထားပြီး မိမိုက်နေတဲ့ ရုပ်သွင်ကို ကြွေသွား၍ ရင်ဖွင့်ကြိုမိသေည်အထိ။ ခွေးဝါလေးလို ပြေးဖက်ပြီး ရင်ခွင်ထဲ တိုးဝင်ပုံက လူကာ့မူပိုင်ခြွေနည်းတွေပါပဲ။ သီအို့ကို ကျုံးဖက်ဖျစ်ညှစ်တာထက် ယခုလိုလေး နူးနူးညံ့ညံ့ နှင့်ချွဲသည်ကို သီအိုက ပိုသဘောခွေ့သည်ကိုလည်း သူ သိနေသည်။ တွေ့သည်မှ ဘယ်လောက်မှ မကြာသေးပေမဲ့ ဒီဘဲက ချပ်ဆို တစ်ကိုယ်လုံးက မီးတောက်မတတ် ၊ မျက်တောင်တစ်ဆုံးလောက်
ပြပေမဲ့ သူ့အိမ်ကနေ သီအို့အခန်းထဲထိ
အရှည်မြင်တာမျိုး။ ဒါမျိုးကိုများ ဆက်သွယ်ရေးနည်းပညာဌာနက သူ
တွေ အနိုင်ကျင့်ကောင်းကောင်းနှင့်
ကျင့်နေကြသည် ကို သီအို အံ့သြမဆုံး။
ဒီလောက်လေးတောင် မမြင်တတ်ကြဘဲ စီနီယာလုပ်နေကြသည်။ ဒီဘဲသာ
လှန်ချင်ရင် ဌာနတစ်ခုလုံးပါမက ဘန်ကောက်တက္ကသိုလ်တစ်ခုလုံးကို
ပြန်လှန်ဆော်လို့ရသည်။ လူကာက
တည်ငြိမ်လျှပ်စီးတစ်ခုပဲ။ မရှိဘူးထင်
နေရသည့် ဆွဲဆောင်မှုတွေက ထိတွေ့
မိရင် ရုန်းမထွက်နိုင်သလိုပဲ။ သူလို အကြောတင်းပါသည် ဆိုသည့်
ကောင်လေးတောင် ဆယ်ကျော်သက်
အရွယ်ရင်ခုန်မှုနှင့်အတူ လုံးဝ ဒီလူမှ
ဒီလူဖြစ်နေတာ ငြင်းမရ။

ခုမြင်ခုကြိုက် ၊ ကြိုက်မရှက် ငိုက်မရှက် ဖြစ်နေကြသည်က သူတို့ နှစ်ယောက်လုံးပါ။ သူတို့အနုပညာလောကထဲ မဝင်ချင်သည့်တိုင် ဤလောကထဲတွင် နေပျော်စေမည့် အကြောင်းပြချက်တွေ အဖြစ် အသီးသီးနားလည်နေကြ၏။

ထိုညက ပတ္တရားမှာ မအိပ်ရဲဘဲ နှစ်
ယောက်သား ထပြန်ခြင်းကလည်း သူတို့ကြားက အကန့်လေးကို ဖြိုမချနိုင်
ခြင်းဖြစ်ကြောင်း နှစ်ယောက်လုံးက နားလည်သည်။ ဆိပ်ကွယ်ရာအရပ် နှစ်ယောက်အတူတူ တစ်ခန်းထဲနေလိုက်ပါက မျိုးတူဆွဲအားပေမဲ့ သူတို့ တွန်းကန်
နေမဲ့ နှစ်ယောက်မဟုတ်။ ထို့ကြောင့်သာ ညတွင်းချင်းထပြန်လာကြတာ။ နှစ်ယောက်လုံး၏ အနီရောင်အလဲလေး လို့ပဲ သတ်မှတ်ရမလား။ သူတို့ကိုယ်တိုင်က ယခုလို အီစီကလီ အခြေအနေကို ခုံမင်နေကြသည်ကိုတော့ ဝန်ခံရမည်။ လူကာ၏လူရွေးပွဲ
ပါရင် တွဲရအောင်ဆိုသည့် စကား...

"အိုင်ဒေါလ်တွေဆို တွဲလို့မရတော့ဘူး
နော် လူကာ"

ဟူသော စကားနှင့် အခြေအနေကိုရှင်း
လင်းလိုက်သည်။ လူကာကလည်း ဒါကို ကြည်ကြည်ဖြူဖြူလက်ခံရှာသည်။

ဤသို့နှင့်...

သီအို အခန်းထဲစရောက်ရောက်ချင်းမှာ
ပင် နောက်မှ လိုက်ဝင်လာကြသူများ
သည် လက်ခုပ်သြဘာပေးရင်းဂုဏ်ပြု
ကြသည်။ သီအို့၏ ဦးလေးရင်းချာ
သည်လည်း သီအိုတို့ကို နှစ်ထောင်းအားရ စွာကြည့်ရင်း...

"နောက်ဆုံးတော့ Maxx Project က တကယ် ဖြစ်လာခဲ့ပြီ။ အားလုံးအဆင်
သင့်ပဲလား။" ဟု မာန်ပါပါ မေး၏။

"အဆင်သင့်!"

အဖွဲ့၏ အကြီးဆုံးလည်းဖြစ်သလို ခေါင်းဆောင်လည်း ဖြစ်သည့် ဖီဂျက်က ဦးဆောင်ပြောသည်။ ဦးလေးက
လည်း သားလှရတနာလေးတွေပမာ တစ်ယောက်ချင်းစီကို ပွေ့ဖက် နှုတ်ဆက်ပြီး တာဝန်ရှိသူများနှင့်ထား
ခဲ့ကြသည်။

"ကဲ မီတင်ခန်းထဲ သွားရအောင်"

ဝန်ထမ်းအစ်ကို ၊ အစ်မ များဦးဆောငသည့်နောက် ငါးယောက်သားလိုက်ခဲ့
ကြသည်။ ဖီဂျက်က ရှေ့ဆုံးမှ အမွှာနှစ်
ယောက်က နောက်မှ ၊ နောက်ဆုံးတွင်
တော့ သူတို့နှစ်ယောက်။ လူကာ၏
မရဲတရဲ ခိုးကြည့်တစ်ချက်ကို သီအို
က ဟင့်အင်း နော်ဆိုသည့် ပုံဖြင့် ခေါင်း
ခါပြလိုက်သည်။

"နောက်မှ စကားသေချာပြောမယ်...နော်"

လူကာ ခေါင်းညိတ်နာခံသည်။ CEO အပါအဝင် အရေးကြီး ပုဂ္ဂိုလ်များနှင့်စာချုပ်ချုပ်ဖို့ လာသည်ဆိုသော်
ကြောင့် အသေသပ်ဆုံးဝတ်ဆင်ထား
ဟန်ရှိသည်။ လက်တလော တိုကပ်နေ
အောင် ညှပ်ထားသော ဆံပင်က ဆိုင်မှာ သေချာပုံသွင်းလာကြောင်းသိသာသည်။ ရှပ်လက်ရှည် မီးခိုရောင်ဖျော့ကိုလက်တစ်ဝက်ထိခေါက်တင်ထား
သော လက်ဖျံက နေပူထဲ ဘောလုံးမကန်တော့၍လား Skin Care ပဲ သေချာဂရုတစိုက် လုပ်၍လားမသိ။ ဝင်းပြီး အကြောအခက်အလက်နှင့် မျက်စိပဒါသ ဖြစ်နေသည်။ အောက်ကလည်း ရှည်လျားသွယ်တန်းသော ခြေထောက်တွေက အနက်ရောင်စတိုင်ပင်အောက်
ဖြောင့်တန်းပြီး....ခန္ဓာကိုယ်အချိုး
အစားက သွယ်လျလျနှင့် ချပ်ချပ်ရပ်ရပ်။
အရောင်အဝါကတော့ နောက်စရာကို
ဟုတ်မနေတာ။ သီအို တစ်ချက်ခိုးကြည့်ပြီး အမြန်မျက်နှာလွှဲထားလိုက်ရသည် ။ တဖြည်းဖြည်း မိမိုက်လာမည့်
ဒီဘဲကို တောင့်ခံဖို့ နှင့် Gate keep ခြင်း
မျှခြေညီစေရန် သီအိုလည်း ထရိန်နင်ဆင်းဖို့ လိုပြီထင်ရဲ့။

မီတင်ခန်းထဲလည်း အလိုလို ဘေးချင်း
ကပ် ၊ အဖွဲ့ concept က ဘယ်လိုလာ
မလဲ မသိပေမဲ့ အခုထိ သူတို့နှစ်ယောက် တပူးပူးဖြစ်နေခြင်းအပေါ် သိ
သည့်သူများက သိနှင့်ကြသည်။

"စာချုပ်သက်တမ်း နဲ့ အကျိုးအမြတ်တွေ ကတော့ လူကြီးတွေနဲ့ ဆွေးနွေးပြီး
ကြပြီပေါ့။ အခုက အစ်မတို့ Maxx team အနေနဲ့ မိတ်ဆက်ကြတာပေါ့။ အစ်မက စရအောင်ပါ။ အစ်မက Maxxရဲ့ တာဝန်ခံ မန်နေဂျာ ဂျွိုင်း ပါ။ ကလေးတွေရဲ့ Promotion , sponsor ကိစ္စတွေနဲ့တခြားသော ပွဲစီစဥ်ရေး စတာတွေ အကုန် အစ်မတာဝန်ယူရပါတယ်။ ဒီဖက်ကတော့ P'ပါ။ Maxxရဲ့ ပါဆင်နယ် မန်နေဂျာ ဖီစတုန်း"

ဖီစတုန်း သည် ဖော်ရွေသော အပြုံးဖြင့်
ပြုံးပြသည်။

"ကလေးတွေက ဖီ့ကို ကိုယ့်ရဲ့ ဦးလေး
လို အစ်ကိုလို သဘောထားပါ။ ဘာပဲ
ဖြစ်လာဖြစ်လာ ဖီ့ကို အရင်ဆုံး အသိ
ပေးပါ"

ဖီစတုန်းရဲ့ စကားနောက်တွင် ဖီဂျွိုင်းက
ဝင်ဆက်သည်။

"ဟုတ်တယ်။ ဘာတွေဖြစ်ဖြစ် မန်နေ
ဂျာကို အရင် အသိပေးပါ။ သူများပြော
မှ ကိုယ့်မန်နေဂျာက သိရတာမျိုး မဖြစ်
ကြရအောင်နော်"

"ဟုတ်ကဲ့"

အားလုံးက တညီတည်း တုံ့ပြန်ကြသည်။ ဖီစတုန်းက သဘောကောင်းပုံ
ရသည်။ လူကလည်း နာမည်နှင့်လိုက်
သည်။ ထောင်ထောင်မောင်းမောင်း
နှင့် ညိိုညိုစိုစို အသားအရည်ရှိသူဖြစ်
ပြီး တွေ့နေကျ သဘောကောင်းသည့်
ဦးလေး လိုခံစားရစေသည်။ သူက
မန်နေဂျာအပြင် လုံခြုံရေး ခေါင်းဆောင် အဖြစ်ပါ ပူးတွဲတာဝန်ယူလို့ရလောက်သည်။ အရပ်ရှည်ပြီး ထွား
ပါသည် ဆိုသော လူကာပင် ဖီစတုန်း
နား သေးသေးလေးဖြစ်လို့သွား၏။

"ဒီဖက်က  အစ်မကတော့ ကော်လီက
လာတာပါ။ အကကွက်တွေတီထွင်ပြီး
သင်ပေးမဲ့ ဆရာမ ပါ။ ဟိုဘက်က
လည်း ထရိန်နာပါပဲ။ သူတို့ နှစ်ယောက်က အဖွဲ့ရဲ့ အကကို တာဝန်ယူလိမ့်မယ်"

ဖီဂျွိုင်းက မိတ်ဆက်ပေးအပြီး အထာကျနေသော အစ်ကိုနှင့် အစ်မ
ကို ကော်လီစကားဖြင့် နှုတ်ဆက်ရန်
ပြောသည်။ နှစ်ယောက်လုံးက လက်အုပ်ချီလျက် ထိုင်းစကားဖြင့် မပီကလာ ပီကလာ နှုတ်ဆက်ကြသည်။

"ဟန်အယ်ဆွန်း ပါ"

"အီယူမင်း ပါ"

နှစ်ယောက်လုံးက ထရိန်နာပီသစွာ မျက်နှာထားတည်တည် ။ သည်နှစ်
ယောက်နှင့်ဆို နေ့ရက်တွေက လွယ်ကူ
တော့မည် မဟုတ်ကြောင်းနားလည်
သည်။ လူကာဘာဖြစ်နေလဲ ခိုးကြည့်
တော့ သူက တည်တည်ငြိမ်ငြိမ်။ ယခုမှ စိတ်အေးသက်သာရသွားပုံဖြင့် ပြောသ
မျှကို ငြိမ်ငြိမ်သက်သက် လေးလေးနက်နက် နားထောင်နေသည်။

"အသံပိုင်းဆိုင်ရာတွေလည်း ထရိန်နင်
ဆင်းရမယ် ။ တေးရေး ဆရာတွေနဲ့
တခြားသော နည်းပြတွေလည်း ခေါ်ထားပေးတယ်။ အကုန်လုံး အဆောင်
ကိုပြောင်းရမှာတော့ သိတယ်ဟုတ်"

"Rangsit နားက အဆောင်လား"

သူတို့ ကုမ္ပဏီ၏ အောင်မြေဟု သတ်
မှတ်ထားသော နယ်မြေ။ ထိုင်းဖြော်
ဖြေရေး လောက၏ ထိပ်တန်းစီနီယာ
တွေသည် ထိုအဆောင်တွင်ပင် ထရိန်နင် ဆင်းခဲ့ကြရခြင်းဖြစ်သည်။ သမိုင်း
တွေရော မော်ကွန်းတွေပါ တင်နေသည့်
အဆောင်ပေမဲ့... သီအို အခန်းကျဥ်း
လေးများတွင် မနေနိုင်။

"ဟုတ်တယ်"

ဖီဂျွိုင်းက ချက်ချင်းပြန်ဖြေသည်။

"ဟင့်"

ရိုရို ၏ ညည်းသံ။ အကြောင်းမသိသူ
က လူကာ တစ်ယောက်တည်း။ ဖီဂျက်
ကလည်း အထက်တန်းကျောင်းသား
ဘဝတည်းက scout တွေလက်ချ်နှင့် ကုမ္ပဏီရောက်လာသူ။ သီအို့လိုပဲ သီချင်းဆိုလိုက် ဇာတ်ကားလေးများထဲ
အရံပါလိုက်နှင့် ၅နှစ်လောက် အချိန်
ကောင်းကို စောင့်ရင်း အရွယ်ရောက်လာရသူ။ ရိုရို နှင့် ယိိုယိုတို့က သီအို့ထက်တစ်နှစ်ကြီးပေမဲ့ သီအို Winner ဖြစ်ခဲ့သည့် talent ပြိုင်ပွဲတွင် ပရိသတ်
ရွေးချယ်ခဲ့သည့် အမွှာ။ သူတို့လည်း
ဂီတ သင်တန်းကျောင်းမျိုးစုံတက်ရင်း
သီအို့လို ဆယ်ကျော်သက် သရုပ်
ဆောင်ဘဝကို ဖြတ်သန်းရင်း အရွယ်
ရောက်လာကြသူတွေ။ အထက်တန်း နောက်ဆုံးနှစ်ပြီး၍ တက္ကသိုလ်တက်ရန်စောင့်နေရချိန်တွင်
အိုင်ဒေါလ်ဖြစ်ရန်  လမ်းစတွေ့ခဲ့ကြပြီ။

သူတို့သုံးယောက်လုံးကို ကုမ္ပဏီက ဟိုဟာ သင်ခိုင်း ၊ ဒီဟာသင်ခိုင်းနှင့် လိုတဲ့ နေရာ ဆွဲခေါ်သုံးခံရသည့် ကလေး
များအဖြစ် အကုန်လုံးက မြင်ကြသည်။
တောက်ပသော အနာဂတ်ရှိမည်လား
မရှိတော့မည်လား ဘယ်သူမှ တပ်အပ်
မပြောနိုင်ခဲ့ကြသည့် သူတို့သုံးယောက်။
သီအိုသာလျှင် ကျောင်းတွင်းအကြမ်း
ဖက်မှုဖြင့် မီဒီယာတွင် လူသတိထားမိ
လာသည်သာ ရှိသည်။ ကျန်သည်က
သာမာန်ကလေးတွေ။ အရွယ်လည်း
အပြည့်အဝ မရောက်သေး၍ ရုပ်ထွက်က ကလေးသာသာ။

သီအို အဖွဲ့အခြေအနေကို အားမရ။ နောက်ဆုံး အားလုံးဝိုင်းထမ်းပြီး တွန်း
တင်ရမည့် အောင်မြင်မှုက တစ်စုံတစ်
ယောက်တည်း၏ ပခုံးပေါ်သို့ ကျရောက်မည်ကို စိတ်ပူသည် ။ တစ်လောကလုံးကို ထမ်းထားပေးချင်
သူ ကို ငဲ့ကြည့်တော့... အခြေအနေကို
အပြည့်အဝ သဘောမပေါက်သေးတာတောင် အားပေးပြုံးလေး ပြုံးပြနေ
ရှာသည်။

"ဒီဘဲ နဲ့တော့ ခက်ပါရဲ့..."

Thank You All

AN // ကဲကဲ အောင်မြေကြီးဆီ သွားကြ
ရတော့မယ်😁 အဖေတူသားက အခန်း
ကျဥ်းထဲ မနေချင်ပြန်ဘူး။

Bạn đang đọc truyện trên: ZingTruyen.Xyz