အပိုင်း ၈
ငါက သီအို နဲ့ပဲ ဝိုင်စီးရီးကို သေတဲ့အထိ ရိုက်ချင်တာ
တက်စီပေါ် က ဆင်းဆင်းချင်းမှာပဲ ရိုစီက သူ့လက်ကို တင်းတင်း ဆုပ်ကိုင်ပေးလာသည်။ ဘယ်နှစ်ကြိမ်ပဲ ရောက်ဖူးပါစေ မြို့လယ်ခေါင်ရှိထိုမိုးမြင့်အဆောက်အဦကြီးသည် လူကာ့အတွက် ရှိန်နေစေသည်။အေးနေသည့် ညီမလေး လက်ကို ကျစ်နေအောင် ဆုပ်ကိုင်ရင်း လူကာ မှန်တံခါးအမြင့်ကြီးကို တွန်းဖွင့် ဝင်လာလိုက်သည်။ ဒီနေ့က နောက်ဆုံး လူရွေးပွဲ ဖြစ်သည့် အတွက် အဆောက်အဦး ၏ ၁၆ထပ်မြောက်က ဟောလ်ခန်းထဲတွင် ပြုလုပ်မည်ဖြစ်သည်။ ဓာတ်လှေကား နံပါတ်တွေကို ရေတွက်ရင်း သီအို့ ထံနောက် ဆုံး ပို့ထားသော စာကို အကြိမ်ကြိမ် ပြန်ဖတ်နေခဲ့သည်။ သူ့ အတွက် ဘယ်စမ်းသပ်ချက် ပြိုင်ပွဲတိုင်း မဆို အမြင့်ဆုံး ရမှတ်နှင့် အောင်နိုင်မည့် ဂါထာ တစ်ပုဒ်ပမာ။
"အစ်ကို ကြိုးစားပေးမှာမို့ စိတ်မပူနဲ့နော်"
"ယုံတယ်။ အလွန်အကျွံတော့ မလုပ်နဲ့"
သီအို က စကားကို နူးနူးညံ့ညံ့မပြော ။ သို့သော် စကားလုံးတိုင်းက အားအင်တစ်ခု အမြဲ ထည့်ပေးနေသလို ခံစားရစေသည်။
"ရောက်ပြီ ကိုကြီး"
ဓာတ်လှေကားက အထွက် ကောရစ်တာ အကွေ့မှာပင် ဝန်ထမ်း တစ်ယောက်က အသင့်စောင့်နေသည်။
"လူကာ နော် "
"ဟုတ်"
"သူက"
"ညီမလေးပါ"
"အရင်းပါ။"
လူကာ ထပ်ပြောတော့မှ ဝန်ထမ်းက သေချာ ကွဲလွဲသွားဟန်ဖြင့် ရိုစီ့ကို ပြုံးပြသည်။
"ညီမလေးကတော့ 11ထပ်မှာ နားနေလို့ ရမဲ့ နေရာရှိပါတယ်။ ဆိုင်တွေလည်း ရှိလို့ သက်သောင့်သက်သာ နေပြီး စောင့်နေလို့ရပါတယ်"
ညီမလေးက လက်ပြပြီး ဆင်းသွားတော့သည်။
"မောင်လေး လိုက်ခဲ့နော်"
လူ့ကာ ကို မိတ်ကပ်လိမ်းခန်းထဲ အရင်ခေါ်သည်။ လူရွေးပွဲ တလျောက်လုံး ဒီတစ်ခါပဲ မိတ်ကပ် ကို ပညာရှင် တွေနှင့် ခေါ် လိမ်းပေးခြင်းဖြစ်သည်။ အဖြူ အနက် သာ ဝတ်ရမည် ပြောသဖြင့် လူကာ ကျောင်းဝတ်စုံသာ ဝတ်လာခြင်းဖြစ်သည်။ ဆံပင်ကိုလည်း အတိုဆုံး ကိုမှ ခေါင်းနှင့် ကပ်နေအောင် ညှပ်ထားဖြစ်သည်။
မိတ်ကပ်ခန်းထဲတွင် အဖြူအနက်ဝတ်ထားရုံနှင့် ရုပ်ရည်ထင်းထွက်နေသူတွေချည်းစုနေသည်။ လူကာပင် ဝင်ဝင်ချည်း တန့်သွားရသည်။ တချို့က ပြင်ဆင်ပြီးသွား၍ ဖုန်းကြည့်နေရာမှ လူကာ ဝင်လာတော့ အကဲခတ်သလို တစ်ချက်ကြည့်ပြီး မျက်နှာလွှဲသွားသည်။ အားလုံးက သူ့အထာနှင့် သူ ဟိတ်နှင့် ဟန်ချည်းသာ။
လူကာ့ ကို မိတ်ကပ် လိမ်းရာ နေရာသို့ ခေါ်သွားချိန်မှာပဲ သီအို့ အရွယ်ကောင်လေးတစ်ယောက်က လက်လာပြသည်။
"အစ်ကို ရောက်လာပြီလား"
မိတ်ကပ်တွေနဲ့မို့လား မသိ။ လူကာ သေချာ မမှတ်မိ။ ယဥ်ယဥ်ကျေးကျေး လက်အုပ်ချီ၍သာ ပြန်နှုတ်ဆက်လိုက်သည်။
"လူးဝစ်လေ ။ ပထမ အဆင့် တုန်းက အစ်ကို နဲ့ ကျွန်တော် ဘေးချင်းကပ်ထိုင်ခဲ့တာလေ"
"အာ... ဟုတ်ကဲ့။ ပြန်တွေ့ရတယ်နော် "
"အင်းလေ... ပြန်တွေ့ရမှာပေ့ါ။ ကျွန်တော် တို့ နှစ်ယောက်လုံး တော်တာပဲ"
လူကာ ခေါင်းသာ ညိတ်ပြလိုက်သည်။
"ခွင့်ပြုပါဦး ခင်မျ"
မိတ်ကပ်ဆရာမ ရှေ့ လူကာ ဝင်ထိုင်လိုက်တော့ သည်။ အခုချိန် လူကာ ဘယ်သူနှင့်မှ စကားမပြော နိုင်သေး။ ဇာတ်လမ်းက ဘယ်လို လာပြီး ဘာမုဒ်သွင်းရမှန်းလည်း မသိခင် သူ့စိတ်ကလေး သူငြိမ်နေစေရန်ပဲ ကြိုးစားဖြစ်သည်။
"သူ့ရုပ်ကလေးကို ကြည့်ပါလား။ အစိတ်အပိုင်းတိုင်းက ထင်းနေလို့ ဘာကို ဟက်လိုက် ပေးရမလဲတောင် မသိတော့ဘူး"
မေးဖျားကို ကိုင်ကာ ပန်းပုရုပ်တစ်ရုပ်လို ရှုစားနေသော ဖီကို လူကာ မျက်လုံးချင်းတောင် မဆုံရဲ။
"ဘုရားရေ ရှင့်နားရွက်တွေ ချက်ချင်းနီလာတာလား။ ဒီလိုပုံနဲ့ဆို ရှင် သက်သက် မိုးမန့်တောင် ထုတ်စရာမလိုလောက်ဘူး"
"သူရှက်နေတာ"
လူကာ လူကြီးဖြစ်နေပြီမို့လား မသိ။ သွားတွေ ပေါ် အောင်သာ ရယ်ပြမိပါတော့ သည်။
"သားလေး နှုတ်ခမ်း တော် တော်လှတယ်။ အပေါ်က ဖူးဖူးလေးနဲ့ အောက်ကလည်း ပြည့်ပြည့်လေး။ သေချာ ပုံဖော် ပေးလိုက်ရင် ထင်းနေမှာ"
"ကျေးဇူးပါ ခင်မျ"
"ရပါတယ်။ ရှင် အောင်မြင်သွားရင်သာ ကျွန်မ မမေ့နဲ့နော် ။ ရိန်းခ တို့ကိုလည်း တို့ပဲ လိမ်းတာ သိလား။"
"အာ... ဖီလည်း နာမည်ကြီးပဲ"
မိတ်ကပ်ပညာရှင် အစ်မကြီးသည် သဘောတကျရယ်သည်။ လူကာ့ ဆံပင်တွေကိုတော့ တခြား လက်ထောက်လို ကောင်မလေး တစ်ယောက်က ပြင်ပေးသည်။ မိန်းကလေးဆို ညီမလေး နဲ့ပဲ အနီးကပ်နေဖူး၍ မိန်းကလေးတွေ ဝိုင်းနေသည့် အခြေအနေကို အသားကျဖို့ ရန် ကြိုးစားရသည်က သီချင်းဆို ပြီး ကရသည်ထက် ခက်သည်။
"အားလုံး အဆင်သင့်နော် ။ နောက်5 မိနစ်ဆို ဟောလ်ခန်းထဲ အားလုံးစုမယ်နော် "
အားလုံးက အချိန်နှင့် ကွက်တိ အလုပ်လုပ်နေကြရသည်။ သူတို့အတွက် မိနစ်တိုင်းက ငွေပဲဟု သီအို ပြောဖူးသည်ကို မှတ်မိသည်။
"the last check"
ဟု ပြောကာ စတိုင်လစ်က သူ့ကို မတ်တပ်ရပ်ခိုင်းပြီး အင်္ကျီ စတွေ ကော်လံ တွေကို သေသပ်နေစေရန် ပြင်ဆင်ပေးသည်။ မှန်ထဲမှာ မြင်နေရသည့် ကိုယ့်ပုံကိုယ် မယုံနိုင်။ လူကာ နှုတ်ခမ်းတွေ ဟ မိသည်အထိ။
"ဘယ်လိုလဲ ကိုယ့်ကိုယ်ကိုယ် အရမ်းချောမှန်း သိသွားပြီမလား။ နောက်ဆို ဆေးခန်းတွေ သေချာသွားပြီး အသားအရည် ဂရုစိုက် ၊ ဖက်ရှင်တွေ လေ့လာ ။ လိုက်တဲ့ အရောင်တွေ သေချာ ရွေးဝတ်နော် နောင်... Face card ကြီးကို ဒီအတိုင်း လုံးဝမထားနဲ့။ ဒီမျက်နှာလေးက အဖိုးတန်လေးပဲ ။ ကြားလား"
"ဟုတ်"
မိတ်ကပ် ပညာရှင် အစ်မကြီး၏ စကားများအတွက် ရှက်စိတ်ဖြစ်ပေမဲ့ လူကာ မျက်နှာကို ပြင်ပေးထားသည့် look နှင့် လိုက်အောင် တည်နေလိုက်တော့ သည်။ လူကာတို့ သရုပ်ဆောင် သင်တန်းတွေ မိတ်ကပ် look နှင့် လိုက်ဖက်မှု ရှိသည့် မုဒ်များ အကြောင်းကိုလည်း သင်ခဲ့ရသည်မလား။ သုံးလလုံးလုံး တစ်ရက်မပြတ် သရုပ်ဆောင်ခြင်းအတတ်ပညာကို တစ်နေ့ ၈နာရီ အနည်း ဆုံး လူကာ လေ့ကျင့် ခဲ့သည်။ သင်တန်းက ၂နာရီသာ ကြာသော်လည်း ဆရာပေးသည့် အိမ်စာများကိုပါ မက သီအို ပို့ပေးသည့် နိုင်ငံခြားမှ ပို့ချသည့် acting technique တွေကိုပါ ကြည့်ရှုရင်း လေ့ကျင့်သည်။ သီအို နှင့်လည်း ဝိုင်စီးရီးများ ပါမက တခြားသော နာမည်ကြီး ရုပ်ရှင်များမှ ဇာတ်ရုပ်များကိုပါ သူတို့ မလေ့ကျင့် ဘဲ အိပ်သွားသည့် နေ့ မရှိစေရန်ဆိုသည့် ကတိနှင့် လေ့ကျင့်ခဲ့ကြသည်။ သူ သီချင်းလည်း အတော် အသင့် နရီစည်းဝါးကိုက် ဆိုတတ်နေသလို သီအိုနှင့် နှစ်ယောက်တွဲလျက် ရိုးရှင်းသော ခရစ်စမတ်သီချင်းလေးတွေပင် ပီယာနို တီးတတ်နေပြီဖြစ်သည်။
သည်တစ်ခေါက် ဟောလ်ခန်းသည် တော်တော်ကျယ်သည်။ ခန်းလုံးပြည့်ကပ်ထားသော ကြည့်မှန်ချပ်များကြောင့် နေရာအနှံ့တွင် ကိုယ့်ပုံရိပ်ကို မြင်သာစေသည်။ အခန်းထဲရှိ အအေးဓာတ်က မိတ်ကပ်ခန်းထဲကထက် ပိုအေးစိမ့်နေသည်ဟု ထင်ရသည်။ ဝန်ထမ်းတစ်ယောက်က သူတို့ ယောကျာ်းလေး အယောက် ၂၀ကျော်
ကို စီတန်းချထားသော ခုံများတွင် နေရာချပေးထားသည်။ တခြားသော လူရွေးပွဲများတွင် ဘယ်လိုလဲတော့
လူကာ မသိ။ ယခုသူတို့ အယောက်၂၀
ကျော်သည် တစ်ယောက်နှင့်တစ်ယောက် စကားပြောဆို ရင်းနှီးခြင်းသိပ်
မရှိကြ။ တချို့ ကျောင်းတူသူ တစ်တွဲ
နှစ်တွဲသာလျှင် သူတို့အချင်းချင်း တီးတိုးပြောဆိုကြသည်။ လူကာ တို့ ကျောင်း က တော့ လူကာတစ်ယောက်
တည်းပင်။ သတိထားကြည့်မှ သည်အသိုင်းအဝိုင်းတွင် လူကာ သိသည်က
သီအိုကလွဲ ဘယ်သူမှမရှိ။ လူကာ ငြိမ်ငြိမ်သက်သက်နှင့်ပင် ကိုယ့်ကိုယ်
ဖြောင့်တန်းထားပြီး တတ်နိုင်သမျှ ရုပ်
ကို တည်ထားလိုက်သည်။ ခဏအကြာ
တွင် ဝန်ထမ်းတစ်ယောက်က ဇာတ်ညွှန်းစာရွက်များ ကမ်းပေးသည်။
လက်ထဲရောက်လာသော ဇာတ်ညွှန်းက တစ်ရွက်တည်း ။ အပေါ် အောက် ဇာတ်ကွက်နှစ်ခုပါသည်။ တစ်ခုက တစ်ယောက်ယောက်ကို ဒေါသတကြီး အော် ဟစ်ရမည် ဖြစ်ပြီး အောက်က တစ်ခုက ပါတနာကို ချစ်စကား ဝန်ခံရမည်ဖြစ်သည်။ ဒိုင်ယာလော့ ခ်ချည်းသာ ပါပြီး မည်သို့ ဘယ်ပုံ သရုပ်ဆောင်ရမည် ဆိုသော ညွှန်းဆိုချက်များ မပါ။ လူကာ ဒိုင်ယာလော့ခ် တွေ ထဲမှာ ခံစားချက်များကို အရင်ရှာလိုက်သည်။ ပုံမှန်ဆို လက်ထဲ ဒိုင်ယာလော့ခ် ရပါက အရင် အလွတ်ရအောင် ကျက်ကြသူကများသည်။ သင်တန်းဆရာနှင့် သင်ပြီး သီအို နှင့် လေ့ကျင့်ခဲ့စဥ်က သူတို့က ဒိုင်ယာလော့ခ် များထဲမှ ခံစားချက်ကို ရှာသည်။ နည်းပေါင်းစုံခံစားပြီး အသံtone ကိုပါ လိုက်ပြောင်းကာ ပြောကြည့်ရင်း မျက်နှာ အမူအရာ ၊ လက်ဟန်ခြေဟန် များဖြင့် ပြောင်းလဲ
ပြောကြည့် သရုပ်ဆောင်ကြည့်ကြသည်။ အစပိုင်းတွင် လူကာ ရှက်သော်
လည်း လေ့ကျင့်ရင်းနှင့်မှ ဇာတ်ညွှန်း
ဖတ်ပြီဆိုတည်းက ဘယ်နေရာတွင်ဘယ်လိုသရုပ်ဆောင်မည် ဆိုပြီး ဆက်
တိုက် စဥ်းစားတတ်လာခဲ့သည်။ သီအိုကတော့ ဇာတ်ကောင်ကိုတကယ်နစ်
ဝင်လေ့ရှိသည်။ တကယ်ပါရမီပါတဲ့ ကလေးလေး။
"လူကာ လာခွန်း"
"ဟုတ်ကဲ့"
နာမည်ခေါ်သံကြားကြားချင်းတော့ အတွေးထဲ နစ်နေ၍လားမသိ တစ်ချက်တုန်သွားသေးသည်။ စစချင်းမှာပင် လူကာ မဲပေါက်သည်။ လူကာနှင့် အတူ တခြား သုံးလေးယောက်လည်း တစ်ပြိုင်နက်တည်း ခေါ်သည်။ လူကာ ဘာမှ မစရသေးခင်မှာပင် ပရော့ဂျက်တာကနေမှ လူကာ တစ်ဆင့်ချင်းစီ ပြိုင်လာသော ဗီဒီယို အတိုလေးကို ဖွင့်ပြသည်။ ဒိုင်များက လူကာ ရှေ့ အဆင့်များမှာ တွေ့ခဲ့ဖူးသော ဒါရိုက်တာများ ၊ ဇာတ်ညွှန်းရေး ဆရာ များနှင့် တခြား လူကာ မသိသော သူများလည်း ပါဝင်သည်။ စုစုပေါင်း ငါးယောက်သည် ဗီဒီယို ကို ကြည့်ကာ talentများကို စိစစ်ကြသည်။
"အိုး ရုပ်ကတော့ အမိုက်စားနော်"
"ကျေးဇူးပါ"
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိနေဟန်ဖြင့် လူကာ ရုပ်ကို တည်ထားလျက် မတ်မတ်ရပ်နေလိုက်သည်။ စစ်တုရင် ပြိုင်ပွဲ များနှင့် အားကစား ပွဲများမစခင် လူကာ တည်ငြိမ်နေခဲ့သည့် အချိန်ကို ပြန်တွေးကြည့် လိုက်တော့ သူ့စိတ်ထဲ ငြိမ်လာသည်။ ဘာလာလာ ငါ လုပ်ပြနိုင်တယ် ဆိုသည့် ယုံကြည်စိတ်က သစ်ပင်လေးတစ်ပင် အညှောင့်ထွက်ကာ တဖြည်းဖြည်းအမြစ်တွယ် ကြီးထွားလာသည်ကိုပြသော ဗီဒီယိုတစ်ခု လို သူ့ ရင်ထဲတွင်လည်း ခိုင်မာမှုက ကြီးမားဝေဆာနေပြီဖြစ်သည်။
"အားကစားတွေတော့ အများကြီးလုပ်ခဲ့တာပဲ။ ဘန်ကောက်တက္ကသိုလ် ရဲ့ အဟော့ ဆုံး ကျောင်းသားလေးဆို"
"အဲ့လို တော့ ပြောကြတာပဲ...ခင်မျ"
"အိုးဟိုး... သူချောတာတော့ သူသိတယ်။"
"ကဲ စရအောင်။ သီချင်းလည်း ဆိုတတ်တယ်။ ပီယာနိုလည်း အခြေခံတီးတတ်တယ်။ သရုပ်ဆောင် သင်တန်းလက်မှတ်လည်း ရှိတယ်။ဘာလို့ ဝိုင်စီးရီးလဲ။ Idol လုပ်လို့ရတယ်လေ သားက"
"ခမျာ"
ဒိုင်ထဲမှ လူကြီးတစ်ယောက်က စပြောသည်။ တခြားသူများကိုပါ သူ့အ
မြင် မှန်ကန်ကြောင်း ထောက်ခံခိုင်းသည်။ အားလုံးက ခေါင်းတညိတ်
ညိတ်။ လူကာ့ကိုလည်း ခြေဆုံးခေါင်း
ဆုံးပြန်ကြည့်ကြသည်။
"ခဏလေးကွာ။ သား ကရော ကတတ်
လား"
"မကဖူးပေမဲ့...လေ့ကျင့်ရင် ရပါတယ်။"
ဘာမေးမေးမလုပ်တတ်ဘူး မပြောဘဲ လေ့ကျင့်ရင်ရတယ်။ လုပ်ကြည့်ချင်သည်ဟု ပြောရန် သီအိုမှာထားသည့်
အတိုင်း ဖြေလိုက်ပေမဲ့ လူကာ့စိတ်ထဲ
လမ်းလွဲနေပြီဟု စတင်ခံစားလာရသည်။
"စောနက Video မှာ သား သီချင်းဆို
ထားတာ ကောင်းတာပဲ။ အခု ဒီက ဆရာ ဆရာမတွေကိုပါ ထပ်ဆိုပြလိုက်"
"ဘာသီချင်းဆိုရမလဲ"
"ရတယ် သားကြိုက်တာ သားဆို"
လူကာအသံနှင့် လိုက်ဖက်သော သီချင်းများကို ဆရာကြီး နှင့် သီအိုက
ရွေးထုတ်ပေးထားကြသည်။ ထိုအထဲ
မှ လူကာ အပိုင်ဆုံးသော သီချင်းကို ရွေးလိုက်ပြလိုက်သည်။ ပညာအပြနိုင်
ဆုံးအပိုင်းထိ ဆိုလိုက်ပြီးနောက် လက်
ခုပ်သံတွေ ထွက်လာသည်။
"၁၉နှစ်နော် ခုက"
"ဟုတ်ကဲ့"
"လေ့ကျင့်လို့ရသေးတယ်။ တချို့ဆို ၂၀ကျော်မှတောင် စလုပ်တာ။ သူက
အားကစားလုပ်လာတော့ အမောလည်း
ခံနိုင်မှာ"
သူတို့ အချင်းချင်း တတွတ်တွတ်ပြော
ပြီးနောက် လူကာ့ဆီ လှည့်လာသည်။
"အခုတော့ ကုမ္ပဏီက နောက်နှစ်ရိုက်
မဲ့ ဝိုင်စီးရီးအတွက် ဇာတ်ဆောင်တွေရွေးနေကြတာဆိုပေမဲ့ တဖက်မှာလည်း
T-pop boy groups project တွေရှိတာဖြစ်လို့ ဒီကနေမှ အရည်အချင်းရှိ
တဲ့ ကလေးတွေကိုလည်း ထရင်နင်ဆင်းခိုင်းဖို့ စဥ်းစားထားကြတယ်။ အခု
သားကို ဦးတို့ စိတ်ဝင်စားတယ်။
အိုင်ဒေါလ် က ချက်ချင်းတော့ နာမည်
မကြီးလာဘူးဆိုပေမဲ့ အနုပညာအရတော့ ပိုပြီး ဘယ်လိုပြောမလဲ ဝိုင်စီးရီး
ထက် နယ်ပယ်ပိုကျယ်သွားနိုင်တယ်။
ဦးပြောတာ သားသဘောပေါက်လား။
သားပုံစံက အိုင်ဒေါလ် အငွေအသက်
အပြည့်မို့..."
"ဟုတ်ကဲ့"
"ကဲကဲ အခုတော့ ဟေ့ာဒီက သူငယ်
ချင်းတွေနဲ့ သရုပ်ဆောင်ကြည့်လိုက်ပါ
ဦး"
လူကာ့ခေါင်းထဲရောထွေးသွားရသည်။
အိုင်ဒေါလ် လုပ်လျှင် သီအိုကရော...
သီအိုလေးက ဘာဖြစ်သွားမှာလဲ။
ထိုအတွေးသည် တစ်ကိုယ်လုံးကို ပူ
လောင်စေသည်။ လူကာ အောင်မြင်
ချင်သည် ။ ပိုက်ဆံရှာချင်သည် မှန်
သော်လည်း... ထိုလမ်းခရီးတွင် သီအို
မပါပါက သူက ဒီအတိုင်း တိုင်မှာချည်
ထားသည့် လေတံခွန်လို အမြင့်မှာတော့
ဝဲနေပါ၍ ဘယ်မှ မရောက်တော့သည်
နှင့်မခြား။
ဘာပဲဖြစ်ဖြစ် သူသရုပ်ဆောင်နိုင်ကြောင်း ကိုလည်း အကောင်းဆုံးပြသ
ဖြစ်သည်။ တွဲဖက်ဘယ်သူဘယ်ဝါလည်း ခေါင်းထဲမရှိတော့။ ဘာတွေလုပ်
ခိုင်းခိုင်း ဒီမှာသာ အလုပ်မဖြစ်ရင်
သီအို့ ကို တားနိုင်မှာ မဟုတ်ဆိုသည့်
စိတ်နှင့် သူအကုန်လက်ရဲဇက်ရဲနိုင်
ကုန်သည် ။ သူ့ရှေ့တွင် ငါ သူတစ်ပါး
ယောကျာ်း မိန်းမ တို့ မရှိ။ သီအို့အတွက်ဆိုသည်သာ ရှိတော့သည်။
လူရွေးပွဲမနက်ပိုင်းပြီးသွားသည့်တိုင်
ရလဒ်က မသိရသေး။ ချက်ချင်းမကြေ
ငြာ။ လူကာတို့ ညနေခင်းလောက် အကုန်ပြီးစီးပြီး အိမ်ပြန်လာခဲ့ရသည်။
"ကားပါကင်ထိ ဆင်းခဲ့ပါလား"
သီအို့ဆီက စာ။ သီအိုလာကြိုသည်ဟူ
သော အသိက ငယ်ငယ်က မူကြိုသို့
ရှားရှားပါးပါး ဖေဖေလာကြို၍ ပျော်သော အပျော်မျိုးနှင့် ဆင်ဆင်တူသည်။
၁၇နှစ် နှစ်သားလေးသည် တန်ဖိုးကြီး
နောက်ဆုံးပေါ် ကားအနက်ရောင်ရှေ့
စတိုင်ကျကျ ရပ်ကာ စောင့်နေသည်။
ကားပါကင်က လူရှင်းနေသဖြင့် အသင့် လက်ကမ်းကြိုနေသော လက်မောင်း
နှစ်ဖက်ကြား လူကာပြေးဝင် အဖက်ခံ
ထွေးပွေ့ခံလိုက်သည်။ သီအိုရင်ခွင်လေးထဲ ခေါင်းတိုးလိုက်သည်နှင့် သူ၏ တစ်နေ့တာ အမောတွေ ပြေလည်သွား
သည်။ သီအိုသည်လည်း အသံလေး
တွေထွက်အောင်ရယ်ရင်း သူ့ခေါင်း
နှင့် ကျောပြင်ကို ဖွဖွပုတ်ပေးနေသည်။
"ပင်ပန်းသွားပြီလား။ဟုတ်လားလူကာ"
"အင်း..."
"ကားမောင်းလာတာလား"
"ဟုတ်တယ်"
လူကာ သီအို့ ရင်ခွင်ထဲမှ ထွက်ပြီး
တအံ့တသြ ဖြစ်ရသည်။
"အသက်မှ မပြည့်သေးတာ ။ လိုင်စင်
ရော"
သီအို ခေါင်းခါသည်။ လူကာ မျက်လုံး
ပြူးရပြန်သည်။ ဘယ်လို အတင့်ရဲမှု
မျိုးလား ဒါက။ သီအိုက ပခုံးတစ်ဖက်
တွန့်ကာ ပြုံးပြရင်း ဘောင်းဘီအိတ်
ထဲမှ သော့ကို ထုတ်ကာ လူကာ့လက်
ထဲ ထည့်ပေးသည်။
"မင်း လိုက်ပို့လေ...စိတ်ပူရင်..."
လူကာ သက်ပြင်းချရုံမှလွဲ သီအို့ကို
သူ မလွန်ဆန်နိုင်။ နောက်နောင် လိုင်စင်မရှိဘဲ အဲ့လိုကားတွေ တက်တက် မမောင်း ဖို့ရန် ဘာနေနေ သူလာကြိုမည့်
အကြောင်းပြောတော့
"ဟားဟား ဒီယုန်မြင်လို့ ဒီခြုံထွင်တာ
လေ...မင်းသာ အဲ့လို မပြောလာရင် ငါက စိတ်ကောက်မိမှာ"
"မလုပ်ပါနဲ့...အန္တရာယ်များတာတွေ။မင်းလိုချင်ရင် ပြောလို့ရတာပဲ။ ငါလာ
ကြိုပေးပါ့မယ်။ လောလောဆယ် ကားတော့ မရှိသေးပေမဲ့..."
"ခဖုန်"
သီအိုက ယဥ်ယဥ်ကျေးကျေးပြောပြီး
ကားမောင်းနေသော သူ့ကို ငေးကြည့်
၏။ ဘာတွေဖြစ်ခဲ့လဲ သီအို မသိဘူး
ဆိုရင်တောင် ထူးဆန်းနေမှာ...
နှစ်ယောက်တည်း အေးအေးဆေးဆေး
စကားပြောချင်သည်ဟု လည်း ဆိုလာ
သဖြင့် ဒါသည် အရေးကြီး၏။
"ပတ္တရားသွားကြရအောင်"
"အခုလား"
"အင်း..."
လူကာ ငြင်းဆိုစရာ အကြောင်းမရှိ။
"မင်း နားချင်သေးလား။ နားချင်ရင်
အငှားယာဥ်မောင်း ခေါ်လိုက်မယ်"
"ရပါတယ်။ တခြားသူ ပါရင် စိတ်ထဲ
လွတ်လပ်နေမှာမဟုတ်ဘူး"
"အိုကေလေ...တော်တယ်"
သီအိုက စတီရာတိုင်ပေါ်က သူ့လက်
ကို ဆွဲကာ ဆုပ်ကိုင်ရင်း ခပ်ကြမ်းကြမ်း
လေး ဆက်တိုက်နမ်းမွှေးသည်။
"အဖြေပြန်မပေးချင်ရင်...အဲ့လိုတွေ
မလုပ်ပါနဲ့ ခရပ်"
သူပြောတော့ လက်ကို ပုတ်ခနဲချကာ
မျက်လုံးတစ်ချက်စွေကြည့်သည်။
သီအို့၏ Side-eye တစ်ချက်က မြား
အစင်းတစ်ရာ စာနှင့် ညီမျှသည်။ ထို့
နောက် ဘာမှ ဆက်မပြော။ အောက်
တွင်ရှိနေသေးသော လူ့ကာလက်ကို
တဖန်ပြန်ယူရင်း ဖွဖွလေး ဆုပ်ကိုင်
ထားသည်။
လူကာသက်ပြင်းတိုးတိုးခိုးချရသည်။
သည် ကလေးကို သူဘယ်လိုလုပ်ပေး
ရမလဲ။ အမြဲ ကျောင်းစာတွေ တခြား
သော လူမှုရေး ဖိအားတွေနှင့် အလုပ်
ချိန် ပြင်ပ ၊ ကျောင်းပြင်ပဆို မျက်လုံး
လေးတွေ မှိုင်းသွားတတ်ပြီး နွမ်းလျ
နေတတ်သူအတွက် နားခိုရာ...ဘယ်သူ့
ဆီကမှ တောင်းခံဖို့မရဲခဲ့တဲ့ အနွံတာ နှင့်
အကြင်နာတွေကို လူကာ့ ကိုတွေ့မှသာ
သူ့နည်းသူ့ဟန်နှင့် တောင်းဆိုတတ်တာ။
တွေးမိတော့လည်း လူကာ့မှာ သက်ပြင်းတစ်ချက်ရှိုက်ရင်း လက်ကလေး
ကို ခပ်ဖွဖွ နမ်းမွှေးပေးဖြစ်သည်။
"မင်းကျ လုပ်လို့ရတယ်ပေါ့"
"အားသွင်းပေးတာ။"
လူကာ နစ်နစ်နဲနဲ တစ်ချက်နမ်းပေးရင်း
လက်ဖမိုး ဖြူအုအုကို လက်မနှင့်ဖွဖွလေး ပွတ်သပ်တော့ ခန္ဓာကိုယ်ကို အရိုး
ပျော့လို ဖျော့ချရင်း ဘေးတစောင်း
အနေအထားဖြင့် လူကာ့ကို မော့ငေး
ကြည့်နေပြန်သည်။
ပတ္တရားခရီးက နေ့ချင်းပြန်ပေမဲ့...
အရမ်းမရှည်ကြာသလိုပင်။
ပင်လယ်မြင်ကွင်းကို မြင်ရသော ဟိုတယ်တစ်ခုတွင် ပင်လယ်စာ ဟော့ပေါ့စားဖြစ်ကြသည်။ မှောင်ရီပျိုးကာ
မှ ကမ်းခြေတလျှောက် လမ်းလျှောက်
ဖြစ်ကြသည်။
"ကုန်းပိုးမလား"
"လာလေ"
နှစ်ခါပြောစရာမလိုအောင် သီအို့ အလို
ကို လိုက်ပေးရသည်ကိုက သူ့ပျော်ရွှင်
မှုပင်။
"ဘာလို့ ဒီလောက်ပေါ့နေရတာလဲ"
"ငါ ပိန်နေတာကိုး...ငါ အရပ်ရှည်မလာ
သေးတာကြောင့်ရောလေ"
"၁၈ကျော်ရင် ထပ်ရှည်လာမှာပါ။ ယောကျာ်းလေးက ၂၀ကျော်ထိ ရှည်
ပါတယ်။ နောင်ဆို ဒီလိုတောင် ပိုးနိုင်
ပါ့မလား"
"မင်း မပိုးနိုင်ရင် ငါပြန်ပိုးပေးမှာပေါ့"
"တကယ်နော်"
"အင်း..."
သီအို့ သက်ပြင်းငွေ့နွေးနွေးတစ်ချက်က သူ့ဂုတ်ပိုးပေါ် သက်ဆင်းသည်။ ပင်လယ်လေကြောင့် အေးနေသည့် ပါး
လေးတစ်ဖက်က သူ့ပခုံးပေါ် အပ်ထား၏။ ကျောပေါ်က အဝတ်ပျော့
ပေါ့ပေါ့လေးကို သယ်ရင်း လူကာ လူတွေနှင့် ဝေးသည်အထိ ဖြည်းဖြည်းချင်းလျှောက်မိသည်။ ဟိုတယ်တွေ
လူတွေနှင့်ဝေးသည့် ခပ်မှောင်မှောင်ကျောက်ကွယ်စွန်းက နေရာရောက်
တော့ သီအိုက ကျောပေါ်မှ ဆင်းသည်။
နှစ်ယောက်သား ဘေးချင်းကပ်ထိုင်
ရင်း မည်းမှောင်နေသည့် ပင်လယ်ကြီး
ကို မျက်နှာမူထားမိကြသည်။ လှိုင်း
သံတွေ နှင့် ကျောက်ဆောင်တွေကို
ရေလှိုင်းဝင်ဆောင့်သံတွေက သူတို့
ရင်ဆိုင်ရမည့် လောကဓံတွေကို နမိတ်
ပုံပြနေသယောင်။ ဒါဆိုရှေ့က မည်း
နက်နေသည့် ပင်လယ်ကြီးက သူတို့ အနာဂတ်လေလား။
"ငါ အိုင်ဒေါလ် ဖြစ်မှာကြောက်တယ်
သီအို"
"မကြောက်ပါနဲ့... ထင်သလောက်မခက်
ပါဘူး"
"ဘယ်လိုလုပ်ရမလဲဟင်"
"အဆင်ပြေမှာပါ"
"မင်းကရော သီအို..."
သီအို ပြန်မဖြေ။ သီအို ခေါင်းလေးတစ်ဖက်စောင်းသည်နှင့် လူကာ အလိုက်သင့် ပခုံးတစ်ဖက်ဖြင့် ဆီးကြိုလိုက်သည်။
"ငါ မင်းအပေါ် ကို ဝန်မိနေမိပြီလားဟင်။ ဒီလောကထဲဝင်လာပြီး မင်းနဲ့မှ
မဟုတ်ရင်..."
"အဲ့လိုတွေ မတွေးနဲ့ လူကာ။ ငါက အဆင်ပြေပါတယ်။ မင်း လက်လျှော့
လိုက်ရင် ရိုစီ အတွက် မင်း..."
သီအိုဆက်မပြော။ နောင်လမည့်စကား
လူကာ ခံနိုင်ရည်မရှိမှန်းကို သူသိနေ
သည်။ သီအိုက အားလုံးလွှတ်ချလိုက်
သလို ငြိမ်သက်သွားသည်။
ဝင်သက်ထွက်သက် နွေးနွေး ၊
ခံစားချက် ဆွေးဆွေး ၊
သက်မ ဖြည်းဖြည်း....
_
_
_
_
_
_
_
The Next Days
"လူကာ လာခွန်းကို နောက်လာမဲ့ T pop
Project အဖွဲ့ဝင်ရဲ့ ၄ယောက်မြောက်
Vocal & Visual Role အဖြစ် ကမ်း
လှမ်းပါတယ်။"
"သား ဒီမှာ လက်မှတ်ထိုးပါ။ ထရိန်နင်
ကာလ အသေးစိတ် နဲ့ ပွဲဦးထွက်တွေ
အတွက် ကျန်တဲ့ မန်ဘာတွေ နဲ့ ဆွေးနွေးရပါလိမ့်မယ်။ အဆင်ပြေမလား"
"ဟုတ်ကဲ့"
"မန်ဘာတွေ မိတ်ဆက်ပေးမယ်။ လူတော့ မဆုံကြသေးဘူး။ လာ အစ်မ နဲ့ လိုက်ခဲ့ပါ"
လူကာ ဝန်ထမ်းအစ်မခေါ်ရာလိုက်ရင်း
မှ သူ့ဘက်ကချည်း အဆက်အသွယ်
ရှိခဲ့သော ရပ်ဝန်းကို စာပို့မိသည်။
"သီအို... ငါ လက်မှတ်ထိုးလိုက်ပြီ။ အခု
တခြား မန်ဘာတွေနဲ့ မိတ်ဆက်ပေးဖို့
သွားနေပြီ"
ပတ္တရားမှ ပြန်လာပြီး တစ်ပတ်လုံးလုံး
အဆက်အသွယ်မရှိ ၊ စာမပို့ ၊ သူပို့သော စာတွေကိုတောင် ဝင်မကြည့်ခဲ့
ဘဲ ငြိမ်ကျသွားသော သီအို့ ကို သူ
နားမလည်နိုင်ပေမဲ့ စိတ်တော့ မဆိုးခဲ့ပါ။ သီအို မပို့ရင် သူပို့မယ်။ သီအို မခေါ်ရင်တောင် သူခေါ်မယ်။ သီအို မသိ
ချင်ရင်တောင် သူ့တစ်နေ့တာတွေကို
ပြောပြမယ်။
ဒီနှောင်ကြိုး ရေးရေးကို သူ့ဖက်ကတော့ မပြတ်သွားစေရန် တယု
တယ ကိုင်တွယ်ထိန်းကျောင်းနေမှာပါပဲ။
ယခုလည်း ရောက်သွားကြောင်းမြင်သာစေပေမဲ့ ပြန်စာမရှိ။ ဝင်မ
ကြည့်။
လူကာ သက်ပြင်းချရင်း ခြေလှမ်းကျဲ
များဖြင့် ရှေ့မှာသွားနေသေယ အစ်မ
နောက်ကို အမီလိုက်လိုက်သည်။
အစ်မသည် Maxx ဟု မှန်စာလုံးထွင်း
ထားသော မှန်တံခါးကို တွန်းဖွင့်သည်။
လူကာရောက်သည်နှင့် အသင့်ရှိနေသော ကောင်လေး ၃ယောက်က မတ်တပ်ထရပ်သည်။ လက်အုပ်တီးလျက်
နွေးနွေးထွေးထွေး ပွေ့ဖက်နှုတ်ဆက်
သည်။
"ကြိုဆိုပါတယ် လူကာ။ ငါက အဖွဲ့
ခေါင်းဆောင် နေရာ တာဝန်ယူထားရတဲ့
ဂျက်။ Main Vocalist ပါ"
ဂျက်က တကယ်ကို အဓိက အဆိုရှင်
ဖြစ်ထိုက်ပါပေသည်။ ချိုသာယဥ်ကျေး
သော အပြုံးလေးနှင့် အတူ သာမန်စ
ကားပြောသံကပင် စမ်းချောင်းလေး
တစ်စင်းလို ကြည်လင်ငြင်သာသည်။
လူကာနှင့် အရိပ်မတိမ်းမယိမ်းဖြစ်နေ
သော နှစ်ယောက်က ထူးဆန်းစွာပင်ရုပ်ချင်းက ချွတ်စွပ်တူနေသည်။
"ဟုတ်တယ် ငါတို့က အမွှာတွေလေ...
အခုမခွဲနိုင်သေးလည်း ရတယ်။ ငါက
ယိုယို အကြီးကောင်ပါ။ အငယ်လေးက
ရိုရို နှစ်ယောက်က Dancer Role ယူထားတယ်"
"ငါက လူကာပါ။ Vocal တာဝန်ယူပါ့မယ်။ ငါ အရမ်းမတော်သေးပေမဲ့..."
"မင်း ပြိုင်ပွဲဝင်ထားတာတွေ ငါတို့ကြည့်ရပါတယ် လူကာ။ အရမ်းတော်တယ်။ ဒါတောင် ထရိန်နင် သုံးလပဲ
ရှိသေးတာ"
"မင်း သရုပ်ဆောင်လည်း အရမ်းကောင်းတယ်"
တစ်ယောက်တစ်ခွန်းဝိုင်းချီးကျုးကြ
သဖြင့် လူကာ မနေတတ်ဖြစ်နေသည်။
"ငါတို့ လေးယောက်ပေါ့"
"ဟုတ်ဘူး။ Rapper လာလိမ့်မယ်"
"အယ် ကျန်သေးတာလား"
"အင်း..."
လူကာ ဖုန်းတစ်ချက် တုန်ယင်သွား
သည်။ ထိတ်ခနဲ စိတ်နှင့်အတူ ဘောင်း
ဘီအိတ်ထဲမှ ဖုန်းကို နှိုက်ထုတ်နေစဥ်
မှာပင် ဖန်တံခါးပွင့်လာသည်။ ဖွေးဖြူ
နေသော Limited Edition Sneakers
ကို အရင်မြင်ရသည်။ ထို့နောက်တွင်
တော့ သေးသွယ်ဖြောင့်တန်းသော ခြေ
တံရှည် က သွေးကြောတွေဖြာနေသည်
အထိ ဖွေးအုနေသည်။ အနက်ရောင်
ဘောင်းဘီတိုကို အဖြူရောင် တီရှပ်
နှင့် UV ပါသော ဂျာကင်အဝါလေး
ကို ထပ်ဝတ်ထားသော ဖက်ရှင်က
သူသောက်နေကျ Honey Lemon
Soda လို လတ်ဆတ်နေလေ၏။
"အငယ်ဆုံးလေးရောက်ပြီဟေ့"
ဂျက်အသံအဆုံး ယိုယို နှင့် ရိုရိုကပါ
ငယ်သူငယ်ချင်းတွေ့သလို ပြေးဖက်ကြ
လေသည်။ လူကာနေရာမှာပင် မလှုပ်
မယှက် နှင့် ကြောင်ရပ်ငေးနေမိသည်။
အားလုံး၏ ဝမ်းသာအယ်လဲ ပွေ့ဖက်
ခြင်းတို့ကြားမှ Rapper အငယ်ဆုံး
လေးသည် နေကာမျက်မှန်ကို ချွတ်လျက် လူကာ့ကို ပြုံးပြသည်။
လူကာ ပြန်မပြုံးနိုင်လျက် အံ့သြခြင်း
ဝမ်းသာခြင်းတို့ဖြင့်သာ သူ့ရှေ့က ပုံစံ
အသစ်နှင့် သီအို့ကို ငေးနေမိတော့
သည်။
လူကာ အသိပြန်ဝင်လာပြီးမှ ဖုန်းထဲက Massage ကို ဖွင့်ကြည့်သည်။ သူပို့ထားသော စာတန်းများစွာရဲ့အောက်မှ
ပထမဆုံး ပြန်စာက...မျက်လုံးတစ်ဖက်
မှိတ်ပြနေသော အီမိုဂျီထည့်သွင်းလျက်
"တော်တယ် လူကာ။ ငါတို့ တွေ့ပြီလေ"
Thank You All
AN /// ယူတို့ လုံးဝ မထင်ထားဘူးဆိုတာတော့ ဝန်ခံလိုက်နော်😌
Idol cp ship ကြမယ်!!!!
Bạn đang đọc truyện trên: ZingTruyen.Xyz