ZingTruyen.Xyz

SIDE-B

အပိုင်း ၆

HsuChiKo365

ငါက မင်းရဲ့ ငှက်သားပေါက်လေး 

"ဆာဝါဒီ ရိုစီ။ လူကာ ရှိတယ်မလား"

တံခါးခေါက်သံအဆုံးထွက်လာသူက
ကျောင်းယူနီဖောင်းဆင်ယင်ထားသော
ရိုစီ။

"သီအို!"

သီအို့ကို မြင်မြင်ချင်း ရိုစီကြောင်အနေရသည်။ မနက်ခင်း နေခြည်နွေးသည် သီအို မျက်နှာတစ်ခြမ်းပေါ် ကျ‌ရောက်နေသည်။ မည်သို့ပင် နူးညံ့နွေးထွေးသည့် အပြုံးနှင့် နှုတ်ဆက်နေသည့် တိုင်... ငယ်သူငယ်ချင်းလို့ မဆိုသာပေမဲ့ တစ်တန်းတည်းသားချင်း ပြန်တွေ့ရချိန်က...

"ငါတို့ အိမ်ကို ဘာလာလုပ်"

"လူကာ့ ဆီလာတာ။ ညတည်းက သူ့ဆီလာမယ် ပြောထားတာ။ မရှိဘူးလား"

"နင် ဘယ်အချိန်လာမယ်ပြောထားလဲ။ ကိုကြီးနဲ့ ဘယ်လိုလုပ်ပြီးသိသွားတာလဲ။"

သီအို ပခုံး တွန့်ပြပါ၏ ။ လာသည့် အချိန်လေးလည်း မေးပါအုံးဟု ရိုစီ ရွဲ့စောင်းပစ်ချင်သည်။ နေအထွက်စောသည့် ခလုံထေ့လ်ုနေရာမျိုးမှာတောင် သီအို အိမ်ရှေ့ရောက်လူသည်က နေခြည်ရေးရေးလေးသာ ရှိနေသေး၏။

"နေမြင့်ရင် နေပူလို့...စောစောလာလိုက်တာ။ ငါ ချူလာလည်း သွားရအုံးမှာမို့..."

သီအိုတမင်တကာကို ချူလာဆိုသည့်
စကားလုံးကို အသံပိုမြှင့်ပြောလိုက်၏။
ရိုစီ့ နှုတ်ခမ်းထောင့်တစ်ချက်မဲ့သွား
သည်ကို မြင်ရတာလည်း အရသာ။

"အိပ်နေတုန်း။ ကိုကြီး နဲ့  နင် ဘယ်လို
သိသွားတာလဲ"

ပခုံးတွန့်ပြပြန်သည်။

"ဧည့်ခန်းကိုအတိုင်းသွား မီးဖိုချောင်ရဲ့ ညာဖက်ထောင့်မှာ လှေကားထောင်ထားတယ်။ အဲ့က တက် ရင် ကိုကြီးနေ
တဲ့ ထပ်ခိုးပဲ"

"ခြေထောက်ကြီးတစ်ခုလုံး နာနေတဲ့ သူ
ကို ထပ်ခိုးထိတက်ခိုင်းရလား!"

သီအို အသံရော ရုပ်ပါချက်ချင်းပြောင်းသွားသည့်အတွက် ရိုစီပင် ဆွံ့အနေသည်။ သီအို ဖြစ်နိုင်ရင် အချိုးမပြေ
သည့် ရိုစီ့ကို ကိုင်ဆောင့်လိုက်ချင်တော့သည်။
လူကာ့ကို တစ်ကျောင်းလုံးအနိုင်ကျင့်လို့ မဝနေကြရုံသာမက အိမ်က လူတွေကလည်း ကျားကိုးစီး စားမကုန်ပါဘူးလေ ဆိုပြီး ကျီးထိုးထိုး ခိုးစားစား ရက်ရောနေကြတာများ။

"အဲ့မှာ မအိပ်လို့ ဘယ်မှာ အိပ်မလဲ။ ရှေ့က ဆိုဖာနဲ့ သူ့အရပ်မှမဆန့်တာ"

ရိုစီသည် ရောင်းသူဝယ်သူ အသံတူနေ
ပါတော့၏။ အေးလေ ဇက်ဇက်ကျဲ စွာတေးလန် ရိုစီပဲ။

"နင် ဖယ်"

သီအို သူနဲ့ရှေ့ဆက်ရန် မရှိတော့ပါ။
ရိုစီ့ ပခုံးတစ်ဖက်ကို တွန်းဖယ်ပြီး သီအို
အိမ်ထဲဝင်လာလိုက်တော့သည်။
ရိုစီမတား။ နောက်မှ လိုက်ဝင်လာသည်။ သို့သော် သီအို လှေကားကို တက်တော့ လိုက်မတက်။ လှေကား
ကလည်း အိမ်အမိုးသန့်ရှင်းရေး
လုပ်ရင် တက်သည့် သတ္တုထောင်လှေ
ကား ။ အပေါ်ရောက်ရောက်ချင်း မတ်မတ်ရပ်မိ၍ ခေါင်မိုးနှင့် ခေါင်းမိတ်ဆက်ရသေးသည်။

ခုတင်မရှိ။ သည်အတိုင်း ရေမြှုပ်မွေ့ရာ
ထူထူတစ်ခုခင်းထားသည်။ ဘေးတွင်
စားပွဲအပုတစ်လုံးပေါ်တွင် တိုလီမုတ်စ
ပစ္စည်း အနည်းငယ် နှင့် စာကြည့်မီးအိမ်။ ပလက်ပေါက်တွင် သွယ်ထားသော extension တွင် အားသွင်းထား
သော Ipone က ဘယ် Model
မှန်းတောင် သီအိုမမှတ်မိလောက်အောင် နောက်ကျကျန်နေခဲ့ပြီ။
ဘေးတွင်တော့ ရေငွေ့ထည့်ထားသော
အသံတိတ်ပန်ကာလေးသာ ခေတ်နှင့်
အညီ ရှိနေသော ပစ္စည်းဖြစ်သည်။

ဘေးတစောင်းအိပ်မောကျနေဆဲသူကို ကြည့်တော့ရော...
အိမ်နေရင်း စွပ်ကျဲ အပွက ရင်ဘတ်မှာ
အပေါက်နှင့်။ ပေါင်ထိတက်နေသော
ဘောင်းဘီတိုက မူရင်းအရောင်ကအနက်။ သို့သော်ရေလျှော်လွန်း၍ ဖွေးလုလုဖြစ်နေပြီ။

"မွေးစားသားများလား"

ရိုစီ အောက်ကနေ အကဲခတ်နေသော်
လည်း သီအို သူ့ခုတင်ဘေးထိုင်ချလိုက်
တော့ မမြင်နိုင်တော့၍ထင်။ ထွက်သွား
သော ခြေသံ နှင့်အတူ အိမ်ရှေ့ သံဘာဂျာ တံခါးပိတ်သံကိုလည်း ကြား
လိုက်ရသည်။
တိတ်ဆိတ်သော အိမ်ထဲ သူရယ် သီအို
ရယ် ပဲ ကျန်နေခဲ့တော့သည်ထင်။ ဒီ
ခေါင်မိုး နိမ့်နိမ့် ၊ လေဝင်ပေါက်မရှိသည့် သည်လို ထပ်ခိုးတွင် နေမြင့်သည်အထိ သူအိပ်နိုင်မည်မထင်။ မကြာခင်နိုးလာလိမ့်မည်။ သီအိုတို့ အိမ်တွင် သည်လို ထပ်ခိုးမျိုးဆို ပစ္စည်းတွေတောင် မထား။ ယခုတော့ အရပ်ခြောက်ပေ​ကျော် ၁၉နှစ်သားက ခွေခေါက်အိပ်နေသည်။

"နေမလောင်တဲ့ အတွင်းသားလေးတွေကျ ဖွေးတာပဲ"

စွပ်ကျယ်အောက်က ပေါ်နေသော ရင်
ညွန့်နေရာ တွင် မှဲ့နီလေးတစ်လုံးက မီးနီ
ပွိုင့်လေးတစ်ခုပမာ။ မျက်ခုံးထူထူ ၊
မျက်တောင်ထူထူ ၊ နှုတ်ခမ်းထူထူတွေ
အောက်မှာလည်း ရှေ့သွားကြီးကြီး
လေးတွေ ရှိသည်။ ဖြောင့်တန်းသော
လက်ဖျံတွေနှင့် လိုက်ဖက်သော လက်ဖဝါးကြီးကြီး ၊ လက်ချောင်းရှည်
ရှည်တွေ။

လူကာ့တွင် သေးသိမ်နုပ်သော အရာ
ဟူ၍ တစ်ခုမျှရှိမနေ။ စိတ်ဓာတ်ကအစ သဘောထားကြီးမားပြီး အရာရာကို
ရောင့်ရဲကာ သည်းခံနိုင်နေသည်။

"တကယ် သက်ရှိကြီးကြီးပဲ..."

နေလောင်၍ နီကျင်ကျင်ဖြစ်နေသော
ဆံပင်တွေက အနည်းငယ် ကြမ်းရှရှ။
သီအို စဥ်းစားမနေ။ သိစိတ်ကပ်နေပါ
လျက်နှင့်ပင် သူ့ရှေ့က ပိုလာဝက်ဝံ
ကြီးကြီး၏ ဆံပင်တွေထဲ လက်ချောင်း
တွေ ထိုးထည့်ကာ ခေါင်းကို ငြင်သာစွာ
ပုတ်လျက် ပွတ်ပေးမိသည်။

"အင်...အင်း"

ညည်းသံတိုးတိုးလေးနှင့် တစ်ချက်
တွန့်သွားသည်။ မျက်ခုံးတန်းနှစ်ခု
တွန့်သွားကာ မျက်လုံးတို့ ဖြည်းဖြည်း
ချင်းပွင့်လာသည်။

"သီအိုလား..."

"အင်း"

လန့်သွားပြီး ငေါက်ခနဲထထိုင်မည်လို့
တွေးထားသော်လည်း အထင်နှင့်လက်
တွေ့က တောင် နှင့်မြောက်။

"အင်း...မထချင်...သေး...ဘူး"

သူ့ကိုယ်နှင့်ကွယ်နေသော ဘေးက စောင်ပါးလေးကို လှမ်းဆွဲပြီး မျက်နှာကိုအုပ်လျက် ခန္ဓာကိုယ်ကို ပုစွန်ထုပ်လိုကွေးချသည်။  သီအို ရယ်မိပြန်သည်။ စောင်အောက်မှ တစ်ပိုင်းတစပေါ်နေသော ခေါင်းကို ထပ်ဖွကာ

"အိပ်မက်ထင်နေတာလား ဟုတ်လား။
ဟင်....ထတော့လေ လူကာ"

စောင်ကို ဆက်ခနဲ ဆွဲချကာ မျက်လုံး
များကို မဖွင့်ချင်ဖွင့်ချင်နှင့်ဖွင့်သည်။
ထထိုင်သည်။ ခေါင်းကို လက်နှစ်ဖက်
လုံးထည့်ကာ ကုတ်သည်။ မျက်လုံးတို့
ကား မဖွင့်။  ဆောင်းခိုနေသော ဝက်ဝံ
ကြီး အတင်းနှိုးခံလိုက်ရသလို လုပ်နေသော ဇာတ်တူသားကတော့...
ရေလည်စားသည်ဟု ပြောရမလား။

"ငါ ပူလာပြီ လူကာ။ မင်း အိမ်ထိရောက်လာတဲ့ ငါက မင်းအိပ်ချင်စိတ်လောက်တောင် အရေးပါမနေဘူးလား"

"မင်းက လန်ဒန်သွားမှာလေ..."

"ဘာရယ်"

မျက်လုံးတို့ အပြည့်အဝ ပွင့်လာပြီး
သီအို့ကို ပြန်ကြည့်လာသည်။ ဘယ်လိုကနေ ဘယ်လိုသတင်းရသလဲတော့ မသိပေမဲ့ သီအို့ စိတ်ထဲတော့

"ဒါပဲလေ ခလုံထေ့သားဆိုတာ"  ဟူ၍
အမှတ်ပြည့်ပေးမိသည်။

မကစားချင်သေး၍သာ ကွင်းထဲမဝင်
တာ။ ဘယ်ကောင်မှ ထုံပေပေမနေဘူး။
ဒါမျိုးလောက်မှသာ ပွဲက မြိုင်မှာလေ။

"ဒီမှာ နေချင်စရာအကြောင်းပြချက်ရှိလား။ မင်းပြောကြည့်လေ"

"ငါ...ငါနဲ့ဆိုရင်ရော်"

"ဘာကိုလဲ"

"ငါ မင်းတို့ ကုမ္ပဏီလာရင်...ငါနဲ့ဆိုရင်
ရော်...မင်း နေချင်လား"

"အိုး ဟို မင်း ဖြော်ဖြေရေးလောကထဲ တကယ်လာရဲလို့လား။ ပိုက်ဆံ​တစ်ခုတည်းကြောင့်နဲ့ ဆိုရင်တော့ ပါတနာကောင်းလေးရှိမှ အဆင်ပြေမှာနော်။
ဖီနိုင်းလိုပေါ့"

"မင်း ရှိရင်...ငါ နေရဲတယ်"

"သေချာလား"

မျက်လုံးတွေကိုဆုံအောင် ကြည့်တော့
ခိုင်ခိုင်မာမာ ခေါင်းညိတ်သည်။ သီအို စိတ်ထဲမှာပင် ဂျပန်နွေဦးမီးပန်းပွဲကြီး
ဆင်နွှဲလိုက်တော့သည်။

"BL ရိုက်ရမှာနော်"

"အင်း"

"ငါက အသက်မပြည့်သေးပေမဲ့...မင်းငါ့ကို  နမ်းရင်လည်း နမ်းရမှာနော်"

"အင်း"

သီအို ကြည့်ရင်းနဲ့မှ သူ့ခုတင်ဆီသို့ ရွှေ့
လျက် မျက်နှာနားတဖြည်းဖြည်းတိုး
ကပ်လိုက်သည်။ အောက် နှုတ်ခမ်းထူထူလေးနှင့် အပေါ်နှုတ်ခမ်းထော်ထော်လေး ဘယ်တစ်ခုကို အရင်မြည်းစမ်းရမလဲ မဆုံးဖြတ်နိုင်ခင်
ခေါင်းငုံ့ ရှောင်လွှဲသည်။

သီအို အသံထွက်ရယ်မိသည်။

"စိတ်ပျက်လိုက်တာ"

ချက်ချင်းမတ်တပ်ထရပ်လိုက်သည်နှင့်
အချိန်ကိုက် ဖြေရှင်းချက်။

"ငါမှ သွားမတိုက်ရသေးတာ"

ချက်ချင်းဆိုသလို စိတ်၏ အနည်များ
ကို စစ်ထုတ်ဖယ်ရှားလိုက်နိုင်သည်။

အကြည့်ချင်းဆုံတော့ အောက်ကနေ
ပင့်ကြည့်သည်က ခွေးပေါက်လေးလို
အကြည့်နှင့်...

"မင်းက အခုမွှေးမွှေးလေးဖြစ်နေတာလေ...ငါက အိပ်ရာနိုးခါစ..."

သီအို လက်ကမ်းပေးလိုက်သည်။ ဘာစကားမှ ထပ်မပြောချင်။ ပြောစရာလည်း မလို။ လူကာ၏ ရောင့်ရဲတတ်
ခြင်း ၊ သည်းခံတတ်ခြင်းသည် တုံးအ
ထုံပေနေခြင်းမဟုတ်။ အရှက်ကြီးရှက်
တတ်ပေမဲ့ သူ့အသက်လောက် အရေး
ကြီးနေလျှင်တော့ အရှက် နှင့် အသက်
ကိုလဲလိမ့်မည်။
သီအိုလက်ကို လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်ကာ သူ့ပါးပြင်နှင့် အရင်ကပ်
သည်။ ပါးတွေက နွေးနေသည်။ ထို့
နောက် ငြင်သာသော အနမ်းတစ်ချက်
တွင် အမြတ်တနိုးဆိုသည်ကို လူကာ
ထည့်သွင်းထားပါ၏။ ပြီးတော့ သီအို့
ကို မော်ကြည့်လာသည်။ နားလေးတွေ
နှင့် နားသယ်စပ်က ချက်ချင်းရဲပလောင်းခတ်နေပါတော့သည်။

"ငါ ပူလာလို့ ဆင်းနှင့်မယ် လူကာ။ အိမ်ရှေ့မှာ စောင့်နေမယ်"

သီအို နှုတ်ဆက်ပြီး ဆင်းလာခဲ့လိုက်သည်။

                      -----------

အိမ်ရှေ့ သံပန်းဘာဂျာတံခါးသံ အဖွင့် အပိတ်ဆုံးမှသာ လူကာ အိပ်ရာပေါ်သို့ တစ်ဖန်  ပစ်လှဲချနိုင်သည်။

လက်ဖဝါးနုနုနည်နည်၏ အထိအတွေ့ နှင့် သည်မနက်ခင်းမှ လတ်လတ်ဆက်ဆက် ပွင့်လန်းလာသောပန်းလေးတစ်ပွင့်လို အပြုံး။ လူကာ အိပ်ရာသာ အပြည့်အဝမနိုးနေပါက...
သူသည် နွေရာသီစိုစွတ်အိပ်မက်ရှည်ကိုမက်နေသည်ဟု ထင်ယောင်မှား
နိုင်သည်။

သီအို အလိုက်တသိထွက်သွား၍ သာ
တော်တော့သည်။

ကျောက်ဖရားမြစ်၏အခွဲအပွါး ချောင်းငယ် မြောင်းငယ်များကြားက အိမ်ကလေးမို့ သီအို့ကို လူရှင်းသော ဆိပ်ခံ
နေရာလေးတစ်ခုကို ခေါ်သွားခဲ့သည်။
ခလုံထေ့မနက်ခင်းနေသည် သစ်ပင်
တွေကြားမှ တစ်ပြောက်နှစ်ပြောက်သာ
သူတို့ ပခုံးနှင့် ခေါင်းနားတစ်ဝိုက်ပေါ်
စွန်းထင်နိုင်သည်။ ရေငွေ့ပါသော လေ
နွေးနွေးက အဲကွန်းခန်းထဲမှာပဲအရွယ်
ရောက်လာသော ကောင်လေးကို အနည်းငယ် ချွေးစို့နေစေသည်။ တစ်ဖက်ကမ်းစီမှ မော်တော်ဘုတ်သံ
ကို နားစွံရင်း သီအိုက ပဲနို့ကို မျှင်းကာ
စုပ်သောက်သည်။

"မသိရင် ဒီနေရာက ရိုက်ကွင်းနေရာ
လေးလိုပဲ။ ဟိုနေ့က စက္ကူပန်းတွေက
Sceneကို ပိုလှစေမှာ"

ကုန်သွားသော ပဲနို့ဗူးကို ဘေးချပြီး
လူကာ့ဘက်လှည့်ကာ လက်ချောင်း
တွေကို ကင်မရာပုံ လေးထောင့်လေး
လုပ်ပြီး Focus ချိန်သည်။

"Side profile ကတော့ ရှယ်ပဲ လူကာ။ Bady fat လေးတွေ ပါးမှာ နည်းနည်းကျန်သေးပေမဲ့..."

လူကာရှက်ရယ်ရယ်ရပြန်သည်။

"အဲ့ဒါတော့ မင်းရောပဲလေ"

"ဟမ့်!"

လူကာ တစ်ချက် အသံထွက်သည်။ လှောင်ပြောင်သရော်တော်တော် အသံ နှင့် ပင့်ခနဲ ကြည့်လိုက်သော စံပယ်တင်
အကြည့်။

"ရိုစီက အနောက်မှာ ကျောင်းသွား
တက်ချင်နေတာ။ ညီမလေးအတွက် ငါ့
မှာ တာဝန်ရှိတယ်လို့ ထင်တယ်။ အိမ်တာဝန်ကို ယူရမဲ့အရွယ်ရောက်နေပြီ
အမေလည်း ပင်ပန်းနေပြီထင်တယ်"

လူကာ ပြောသမျှကို မေးထောက်ကာ ဘေးတစောင်းငဲ့ကြည့်ရင်း နားထောင်
ပေးနေသည်။ ထိုသည်ကပင် လူကာ့
အတွက် အားတစ်ခုဖြစ်စေသည်။
သီအို့၏ နွေးထွေးမှုက သူ့ရင်ထဲမှ အစိုင်အခဲတွေကို ဖျော်ချပြနေနိုင်စေသည်။ သူတို့နှစ်ယောက်၏ ဆက်သွယ်မှုက အရမ်းမြန်နေပေမဲ့ ဘာကြောင့်မှန်း မသိ ကလစ်ဆိုသည့် မြည်သံလေးတစ်ခုနှင့် တွဲဆက်သွားသော ချိတ်လေးနှစ်ခုလိုပဲ။

"ငါက မင်းလို ငယ်ငယ်တည်းက အနုပညာလုပ်လာတာလည်း မဟုတ်ဘူး။ လုပ်ဖူးတာဆိုလို့ အားကစားတွေပဲရှိတာ။ မင်း ပင်ပန်းရနိုင်မယ်ထင်တယ်"

"အခုရော မပင်ပန်းလို့လား..."

သီအိုသည်လည်း သက်ပြင်းလေးတစ်
ခုနှင့် ပြောလာသည်။

"ငါ နဲ့ လက်တွဲချင်တဲ့ သူနဲ့ပင်ပန်းရမယ်
ဆိုရင်တော့...အင်း ငါခံနိုင်မယ်ထင်တယ်။ ဒါပေမဲ့ ငါတို့ အများကြီးကျော်
ဖြတ်ရလိမ့်မယ် လူကာ။ မင်းတစ်သက်နဲ့တစ်ကိုယ် မကြားဖူးတဲ့ အထင်သေး အမြင်သေး စကားတွေလည်း မင်းရှေ့တဲ့လာပြောရင်တောင် အပြုံးမပျက်နားထောင်ကောင်း နားထောင်ရနိုင်တယ်။ သရုပ်ဆောင်တာ သီချင်းဆိုတာ ကတာတွေကတော့ သင်ရင်လေ့ကျင့်ရင် တတ်ပါတယ်။ ပါရမီပါတဲ့ သူတွေနဲ့တောင် ချက်ချင်းမယှဥ်နိုင်ရင်တောင်
နောက်ဆိုရင်တော့ တိုးတက်လာမှာပါ။ မင်း စိတ်ခံနိုင်ရည်ရှိဖို့ပဲ။ လမ်းတစ်ဝက်မှာ လက်လျှော့လိုက်ရင်တော့ ငါတော်တော် စိတ်ပျက်မှာ။ ဘယ်လိုလဲ လူကာ။ ငါ မင်းနဲ့ပတ်သတ်ပြီး ဂုဏ်ယူလို့ ရနိုင်ပါ့မလား"

"ပိုက်ဆံက တကယ် တစ်လ ၃သိန်းလောက် အနည်းဆုံးရမှာလား"

"တစ်လ၃သိန်းပဲလား။ မနည်းလွန်းဘူး
လား လူကာ။ ရှာစမ်းပါ သိန်း၃၀လောက်"

"ရ...ရနိုင်လား"

"ဒါပေါ့"

လူကာ့မျက်လုံးလေးတွေထဲ နေရောင်
တွေ ဝင်ခိုအောင်းသည်။ သည် ပိုက်ဆံ
ပိုက်တဲ့ ယောကျာ်းတစ်ယောက်နဲ့ ငါ
တော့... ဆိုတာမျိုးတွေးမိပေမဲ့ သီအို
လူကာ့ကို ယုံသည်။ ဘာလို့မှန်းမသိ
လူကာ က ယုံချင်စရာကောင်းလွန်းနေ၏။

"ငါ...အကယ်၍ ငါ လူရွေးပွဲအောင်ရင်
မင်းနဲ့ တွဲမယ်နော်"

"ဘာရယ်"

"ငါတို့ တွဲကြရအောင်"

လူကာပြောသည့် တွဲကြရအောင် ဆိုသော စကားကို သီအိုထပ်မံခွဲခြမ်းမစိပ်ဖြာချင်။ သီအို ခေါင်းညိတ်ပြလိုက်သည်။

"မင်းရဲ့ မိမိုက်နေတဲ့ ရုပ်ရည်လေးအလကားမဖြစ်တော့တာဝမ်းသာပါတယ်"

"ငါက မချောပါဘူး"

"မင်း အချောဆုံးပဲ လူကာ။ တကယ်
ပြောတာ"

လူကာ့ ဘေး မေးထောက်လျက် ပြုံး
ငဲ့ကြည့်နေသော သီအို သည် နေရောင်
ခြည်ထဲက သက်ရှိနေရောင်ခြည်လေး
တစ်ခုလိုပါပဲ။

"နမ်းဦးမလား လူကာ"

သွက်လက်လွန်းသည့် သီအို့ က လူကာ
သူ့နားနေဖို့ ဘယ်လောက် အားတင်း
ထားရကြောင်း လုံးဝ နားမလည်ပုံ။
အခုလည်း ကိုယ်ကို ဘေးတစ်ခြမ်း
စောင်းကာ လူကာ့ ဆီတိုးကပ်လာပြန်
သည်။ လူကာ မလှုပ်ဖြစ်။ သီအိုက
လူကာ့ မျက်လုံးတွေကို ပင့်ကြည့်သည်။

"ဒီတစ်ခေါက်မှ မနမ်းရင်...နောက်အကြိမ်တွေဆို ငါတို့ ဒီလောက် စစ်မှန်
တာမျိုး မရနိုင်တော့ဘူး။ အခု အဖြေပေး လူကာ။ နမ်းမလား"

"အင်း"

ဖိထိမိသည့် အနမ်းသည် ခပ်ဖွဖွ။ စုပ်ယူခြင်းတွေ မွတ်သိပ်ခြင်းတွေ ကင်းစွာ။ ရိုးရှင်းသော သူ၏ အနမ်းဦးကို
သီအိုက ပိုင်နိုင်စွာ ခူးခြွေယူလိုက်တော့
သည်။  ထိုဒတင်္ဂသည် သံသရာတစ်
ပတ်ပမာ။ ဖယ်ခွာသွားသည့်တိုင် ပဲနို့
နံ့သင်းသင်းလေး ရနေသေးသည်။

သီအို သူ့ကိုကြည့်ရင်း တစ်ချက် ခွိခနဲ
ရယ်လေသည်။

"First kiss လား"

လူကာခေါင်းညိတ်ပြလိုက်သည်။ သီအို
ကျေနပ်သွားသည်ကို မြင်ရတာလည်း
သူစိတ်ချမ်းသာပါသည်။ သီအို့ကိုတော့
သူပြန်မမေးဖြစ်ပါ။ သူ၏  အနမ်း
ဦး သည် သီအို ဖြစ်နေခြင်းဆိုတာနှင့်
တင် လုံလောက်သည်။ တခြားသူ မဟုတ်ဘဲ သီအို ဖြစ်နေ၍ ဝမ်းသာသည်။

"ဒီအနမ်းကို မှတ်ထား လူကာ။ ဒီလိုမျိုး
ကို ငါတို့နောက်တစ်ခါ ပြန်မရနိုင်တော့ဘူး။"

"ဘာလို့လဲ"

"ငါတို့နောက်တစ်ခါ နမ်းဖြစ်ကြရင် မင်းသိလာလိမ့်မယ်...အကောင်းဆုံးဆိုတဲ့ အထိကြိုးစားပေး လူကာ။ အခုမှ ၁၉ ၊ ၂၀ မင်း အသံတွေ
လေ့ကျင့်လို့ရသေးတယ်။ အကြောတွေ ပျော့နေတုန်း အက သင်လို့ရသေးတယ်။ မင်း ဘေးနား ငါအမြဲရှိနေမှာမို့
မင်းကိုယ်မင်း တိုးတက်ဖို့ နဲ့ မင်းလုပ်မဲ့ အရာတိုင်းအတွက် ငါ့အပေါ်ဘယ်လိုသက်ရောက်နိုင်တယ် ဆိုတာ ပဲ မင်း
စဥ်းစားပါ လူကာ။ ကျန်တာ အားလုံး
ငါ့တာဝန်ထား။"

"ငါကြိုးစားပါ့မယ်။"

"အင်း...လာခဲ့ လူကာ။ ငါအရာအားလုံး
ကို တောင့်ခံပြီး စောင့်နေတုန်း ရောက်
အောင်လာခဲ့...အခု လိုက်မပို့နဲ့ နှုတ်လည်းမဆက်နဲ့ "

သီအိုပြောပြီးပြီးချင်း ထရပ်သည်။
လူကာ နေရာတွင်သာ သီအို့နောက်ကျောကို ငေးကျန်ရစ်နေသည်။
ထူးဆန်းသည့် ဆက်ဆံရေးသည် ခေါင်းစဥ်မရှိသည့်တိုင် အဓိပ္ပါယ်များ
စွာ ရှိနေသည်။

သီအိုပေးခဲ့သော နောက်ဆုံးပေါ် ဖုန်း
အတွက် လူကာ ၃လလောက် အချိန်ပိုင်းလုပ်ရနိုင်သော်လည်း သီအိုက သူ Variety တစ်ခုသွားရင် ရပြီလေ
ဟု ပြောခဲ့သည်။

သီအိုပြောသည့် တစ်လ သိန်းသုံးဆယ်
ဆိုသည့် စကားက သူ့နားထဲ ပဲ့တင်ထပ်
နေသည်။

ဖီရိန်းပေးခဲ့သော လိုင်းဖုန်းနံပါတ်ကို သူ
စာပို့ ဆက်သွယ်လိုက်သည်။

ယနေ့မှ ကောင်းကင်ကြီးက သာမန်နေ့
တွေထက် ပို လင်းထင်းနေသယောင်။

                ----------------------
လူကာ ကုမ္ပဏီထဲရောက်သည်နှင့် ဝန်ထမ်းတွေက ကွက်ကြည့်ကွက်ကြည့်။ အဲလက်စ်လိုလူနှင့်... ဆိုသည့် စကားနောက်မှ နှမျောတသခြင်းတွေ ပါနေတတ်သည်။

"ဘာတွေများ အဲ့လောက် ထူးခြားကောင်းမွန်နေလို့လဲ။ အသေလို သရုပ်ဆောင်ပြီး ကင်မရာရှာနေတတ်
တဲ့ အကျင့်တောင် မဖျောက်နိုင်သေးပဲ"

သီအို စိတ်ရှိတိုင်း နှုတ်ထွက်ဆိုမိသည်။ ဘယ်သူကြားကြား ဂရုမစိုက်တော့။  သည်နေ့လည်း ဘုတ်အဖွဲ့ဝင်
လူကြီးတွေနှင့်တွေ့ရသည်။ ဇာတ်ကား
အတွက် ပြန်လည်ဆွေးနွေးခြင်းဖြစ်၏။ သီအို့ အပေါ် မျက်နှာသာပေး
လွန်းနေခြင်းသည် သူ့နောက်ခံကြောင့်
ဆိုတာကို နားလည်သည်။ အရင်က လုံးဝ ထုတ်မသုံးဟု ဆုံးဖြတ်ထားသော်
လည်း ယခုက သီအိုတစ်ယောက်တည်း
မဟုတ်တော့။ သီအို ပြုစုပျိုးထောင်ရ
မည့် သက်ရှိ က ရှိနေပြီ။

"ဆိုတော့...အခုလက်ရှိပရော့ဂျက်ကို
ရပ်လိုက်တော့ သားက လူရွေးပွဲတွေ
ပြန်ဝင်ဖို့လိုတယ်။ နောက်နှစ်အတွက်
ပရော့ဂျက်ဖြစ်တဲ့ အတွက် သား အချိန်
ကောင်းတွေလွတ်သွားတာတော့..."

သီအို ခေါင်းခါပြလိုက်သည်။

"အချိန်ကောင်းကို စောင့်နေတာပါ။ လာလိမ့်မယ်"

ဘုတ်အဖွဲ့ဝင်လူကြီးတွေ နားမလည်သလို ပြန်ကြည့်ရှာသည်။ သီအို နှစ်လို
ဖွယ်ကောင်းသည့် အပြုံးလေးကိုသာ
ပြုံးပြလိုက်သည်။

ရုံး၏ အောက်ဆုံးထပ် ကော်ရစ်တာ
တွေ ကပ်ထားသော ပဏမရွေးချယ်
ထားသော လူစာရင်းရှေ့ သီအို ရပ်တန့်ငေးမောနေလိုက်သည်။ ဘန်ကောက်
တက္ကသိုလ် အင်ယာ ကျောင်းယူနီ
ဖောင်းနှင့် ပြုံးနေသော ၁၉နှစ်အရွယ်
ကိုကိုတစ်ယောက်က သူ့ကိုပြုံးပြနေ၏။
မျက်လုံးထောင့်တွင် သူပစ်ချထားခဲ့
သော ပါတနာဟောင်းကြီးက ဝပ်ရှော့
နောက်ကျနေဟန်ဖြင့် အသဲအသန်ပြေး
လာနေသည်ကို တွေ့ရသည်။ သီအို့ကို
မြင်သော်လည်း သူ မခွပ်နိုင်အားသလို
ခြေလှမ်းကျဲများဖြင့် လျှောက်နင်းဖြတ်
ကျော်သွားသည်။ ဖန်တချို့ကတော့ ဓာတ်ပုံရိုက်လျက် လိုက်သည့်သူက လိုက်သည်။ BL ရိုက်မည်ဟု ကြေငြာ
ပြီးသည်နှင့် စာမျက်နှာတော်တော်များ
များတွင် နေရာပြန်ယူလာပြီး ဖန်တချို့
ကလည်း ကုမ္ပဏီဝင်ပေါက်တွင် လာလာစောင့်တတ်ကြသည်။

ဓာတ်ပုံတွေရိုက်နေလည်း သီအို စိတ်မဝင်စား။ သူတို့က သီအို့ကို ရိုက်နေတာ
လည်း ဟုတ်မှမဟုတ်ဘဲ။

"အားလုံးကို ကျောခိုင်းထားတာမို့ ငါ့ဆီ
အမြန်လာခဲ့ လူကာ...နော်"

Thank You All

Today is my BD...your vote is present for me.

Bạn đang đọc truyện trên: ZingTruyen.Xyz