ZingTruyen.Xyz

SIDE-B

Intro

HsuChiKo365

အန်တာတိမ်းမန့်အဆောက်အဦး၏ မှန်ချပ်များသည် မနက်ခင်းဆောင်းနေရောင်ခြည်နွေးနွေးအောက် 

စိန်ပွင့်များအလား တလဲ့လဲ့။ မနက်ခင်းရုံးတက်ချိန်ကျပ်ညပ်နေသည့် ကားတန်းကြီးကို ဖြတ်ကျော်ရင်း ဝီရိယရှိစွာ ရုံးကို အစောဆုံးအချိန်ရောက်လာခဲ့သည်။ သူအဆောက်အဦထဲဝင်တော့ ရုံးကော်ဖီဆိုင်ကောင်တာတောင် ဖွင့်ဖို့ရန် ပြင်ဆင်နေဆဲအချိန်။ BTS ဂိတ်ဆုံးနားတွင်ရှိသော သူ့အိမ်နှင့် ဘန်ကောက်၏ မြို့လယ်ခေါင်တွင်ရှိသောရုံးကိုလာဖို့ကလည်း စီးရီးတစ်ခုစာရိုက်သလောက်နီးနီးအားထုတ်နေရသလို ခံစားရသည်။ ၁၆ထပ်တွင်ရှိသော CEO ရုံးခန်းကို သူတက်လာတော့ အသံဖမ်းအင်ဂျင်နီယာ အစ်မနဲ့လည်း စကားလက်ဆုံကျရသေး။

ရုံးကို လာခဲသော သူ့ကို အစ်မက အကျိုးအကြောင်း မေးမြန်းသည်။ CEO ခေါ်တွေ့လို့ ဆိုတော့ အစ်မက

"ဟိုကောင်လေးအကြောင်းထင်တယ်" ဟု အရိပ်အမြွတ်ပြောပြသည်။

သူတို့ အသိုင်းအဝိုင်းထဲတွင် CEO ၏အမျိုးအဆွေထဲက ကလေးများအကြောင်းက နားစွံနားဖျားမကြာခဏ ကြားရလေ့ရှိသည်။ သူစိတ်ဝင်မစား။ အခုကလည်း အလုပ်တစ်ခုခုပဲ ဖြစ်မှာပါ။ မဟုတ်လည်း CEO က သူ့ကိုဆို ရင်ဖွင့်နေကျဆိုတော့...


"ကျွန်တော်လည်းသေချာမသိပါဘူး ဖီ" ဟု သာပြောပြီး စကားစဖြတ်လိုက်သည်။

16 နံပါတ်အရောက်တံခါးပွင့်သွားသည်။ မီးရောင်ထိန်လင်းနေသည့်ကော်ရစ်ဒါကိုဖြတ် ၊ CEO ရုံးခန်းဟု နာမည်တပ်ထားသော အခန်းရှေ့ မှန်တံခါးကို တွန်းဖွင့်ဝင်တော့ ဧည့်ကြိုအစ်မက ထနှုတ်ဆက်သည်။ ဖုန်းခေါ်ပြီး

"Nong Rain ရောက်လာပြီ" ဟု သတင်းပို့သည်။

"Pက အစောကြီးတည်းက ရောက်နေတာ။ ဝင်သွားလိုက်နော်" ဟု ​ပြန်

ပြောသည်။သူလည်း အစ်မကို နှုတ်ဆက်ပြီးအခန်းတံခါးတွန်းဖွင့်ဝင်တော့ CEOကိုလက်အုပ်ချီနှုတ်ဆက်ပြီးတာနဲ့

"Rain...လာကွာ" ကို အင်္ဂလိပ်လိုပြောပြီး ဆိုဖာပေါ်ဆွဲခေါ်သည်။

ကော်ဖီဖြတ်ထားကြောင်းကို သတိပြုမှတ်သားထားသည်ထင် ရှေ့က အစ်မကို ဟိုတလောက ကိုရီးယားသွားတုန်းက ဝယ်လာသည့် ဂျင်ဆင်းလက်ဖက်ရည်လေး လုပ်ပါဟုခိုင်းလိုက်သည်။

"လာရတာ အဆင်ပြေလား Rain"

"ဟုတ်ကဲ့ P...ကားမကျပ်ခင်ထွက်လာတာပဲ"

"Nong Nine ရော...အိမ်မှာကျန်ခဲ့တာလား"

"သူ ၅နာရီတည်းက ထွက်သွားရတာ။ သူတို့ ဇာတ် နောက်ဆုံးQ တွေရိုက်နေရတယ်"

CEO က မွေးရကျိုးနပ်သည့် သားလှရတနာကို ကြည့်သလို သူ့ကို ပြုံးကြည့်ပါ၏။

"Nong ရော ဒီနေ့ Schedule ရှိလား"

"ဟုတ်။ ကိုယ် ညနေ ပွဲတစ်ခုတက် ရမယ်"

အလုပ်တွေတန်းစီနေတာ မသိတာလည်းမဟုတ်။ စကားဦးသန်းနေတာ အသိသာကြီးပေမဲ့လည်း စိတ်ရှည်ရပါသည်။

"Nong ကို အကူအညီတစ်ခုတောင်းချင်လို့...လွယ်အောင်ပြောရရင် ကလေးတစ်ယောက် Nong ဆီအပ်ချင်လို့..."

"အယ်..."

"သားလေးလို စောင့်ရှောက်ပေးပါ။ ကျွန်တော့် အစ်မ သားလေးပါ။ ၁၆နှစ်တော့ပြည့်ပြီးပါပြီ။ ကလေးက ရဲရင့်တယ်။ ပြီးတော့ သူများအမြင်တွေဘာတွေလည်း အရမ်းဂရုမစိုက်တတ်တော့...အနုပညာလောကထဲဝင်လာရင် ဂျူနီယာဘဝမှာ နည်းနည်း ထိန်းသိမ်းပေးမဲ့ စီနီယာရှိဖို့ လိုအပ်လို့...Nong က သူ့အဖေလို သဘောမျိုးနဲ့ လက်တွဲခေါ်ပေးပါ။ Nong သိမှာပါ။ ဟိုတလောက လုပ်တဲ့ talent ပြိုင်ပွဲမှာ Winner ရခဲ့တဲ့ ကလေးပါ။ ကျွန်တော်တို့ အမျိုးဆိုတာလည်း မသိကြပါဘူး။ ကလေးကလည်း အဲ့ဒါကိုဖုံးထားချင်တယ်။ ဒါပေမဲ့ ဒီလောကထဲ ဒီအတိုင်းဝင်ခိုင်းဖို့လည်း ကျွန်တော့် အစ်မက စိုးရိမ်တယ်။ အသက်ကြီးမှ ရထားတဲ့ ကလေးဆိုတော့လည်း..."ဟိုတလောက လုပ်တဲ့ ပြိုင်ပွဲ။ ဘယ်ပြိုင်ပွဲလဲ။ ထိုင်းနိုင်ငံတစ်ဝှမ်းလုံးမှာနေ့စဥ်ပြိုင်ပွဲတွေနဲ့ ပြည့်နေတာ။CEO အမျိုးတွေကလည်းများလှသည်။ Rain ကိုယ်တိုင် ဇဝေဇဝါဖြစ်နေသည် ကိုလည်း CEOကရိပ်မိသည်။ ရှေ့က Ipad ကို ကောက်ဖွင့်ကာ သူ့ရှေ့ချပြလာသည်။အင်တာနေရှင်နယ်ကျောင်းဝတ်စုံအပြည့်နှင့်၁၆နှစ်အရွယ် လူငယ်လေး။ နှင်းလိုဖွေးစွပ်နေသည့်အသားအရည်၊ မျက်လုံးဝိုင်းဝိုင်း ကြည်ကြည်လေးတွေအပြင် ထင်းအောင်ခွက်နေသောပါးချိုင့်နှစ်ဖက်။ တကယ်ကို အနုပညာရှင်ဖြစ်ဖို့မွေးဖွားလာသည့်ဥပဓိရုပ်။

"ကျောင်းနာမည်က Theo တဲ့။ အိမ်ကတော့ တီတီ လို့ချစ်စနိုးခေါ်ကြတယ်။ တစ်ယောက်ယောက်နဲ့ မတူဘူးလား"CEO သေချာပြုံးပြပြီး မေးလာသည်။ တူတာပေါ့။ Nine အငယ်စားလေးလိုကိုတူတာ။ ဒီအညှာကို ကိုင်ပြီး သူ့ကို သားမွေးခိုင်းနေတာ။"P...ကိုယ်က ကလေးတွေ မစောင့်ရှောက်ဖူးဘူး။ ပြီးတော့ ကိုယ်က သမီးပဲ ချစ်တာ။ ကိုယ့်အသက်လေး အခုမှ ၂၀ကျော်ကို သားတစ်ယောက် မွေးရတော့မှာလား"

CEOရယ်သည်။

"ကလေးကလည်း Nong ကို ချစ်ရှာပါတယ်။ အခုပြိုင်ပွဲမှာတောင် သူ့ Idol က P'Rain ဆိုပြီးပြောသွားတာရုပ်ကလေးကသာ Nine လို ဖြစ်နေတာ စိတ်က Nongနဲ့တူတယ်။ ထက်တယ်။ မဟုတ်မခံ စိတ်ရှိတယ်။ ဒါကြောင့် သူ့ကို ထိန်းပေးမဲ့ သူလိုနေတာပါ။ အခုလည်း နောက်နှစ်လာမဲ့ ပရော့ဂျက်တွေမှာ side charcter အနေနဲ့ ရွေးထားတယ်။ Nong ပါမဲ့ ပရော့ဂျက်ထဲ ထည့်မလို့"ပြောစရာစကားမရှိတော့ပါ။ ဒါ CEOဖြစ်စေချင်နေတာပဲလေ။


"BL ရိုက်မှာတဲ့လား"


"လောလောဆယ်တော့ ဘာမှ မပြောဘူး။ ရိုက်မှာပါ...သူက ယောကျာ်းလေးတွေနဲ့ ပိုသက်တောင့်သက်သာရှိတယ်"


နောက်ဆုံးစကားကို CEOကလေးလေးနက်နက်ဆိုသည်။ သူတို့လောကမှာ သည်စကားအသွားအလာကိုက တစ်ခုခုကို ရည်ညွှန်းပြောဆိုမှန်းချက်ချင်းသိသာစေ၏။Rain သက်ပြင်းနောက်တစ်ခါခိုးချရပြန်သည်။ ချက်ချင်းဆိုသလို ရှူတင်မှာ သရဲကားရိုက်နေမည့်တစ်ယောက်ကို ဖုန်းခေါ်ချငင်လာသည်။

"ကိုယ်သားတစ်ယောက် ရှိနေပြီ။"


ဆိုသည့် ထိတ်လန့်စရာ သတင်းစကားကိုတော့ စာတိုအရင်ပို့ထားလိုက်ပါတော့သည်။


Bạn đang đọc truyện trên: ZingTruyen.Xyz