Fandom's name
The fandom's name is "Theola." Let me explain it! Theola has Greek origins and means "divine gift" or "goddess." It is associated with beauty, grace, and a sense of divinity.
Theo Suhinaluk (သီအိုဆူထီနာလက်ခ်)
တစ်ဦးတည်းသောသား ။ အသက်အားဖြင့် 18 ပြည့်ခါစ ။ အတန်းတွေ ကျော်တက်ပြီး လက်ရှိ ချူလာမှာ စီးပါွးစီမံ တက်နေ။ သူယူထားတဲ့မေဂျာလိုပဲ ကိုကို့ ဘဝကို စီမံချင်သူလေး ။ အတန်းထဲ အသက်အငယ်ဆုံး နှင့် အကြောအတင်းဆုံးဖြစ်။ ချစ်စရာရုပ်ကလေးနဲ့မှ မလိုက် စပ်စပ်ထိမခံ စန်းစန်းတင့် ။ သို့ပေမဲ့ အဖွဲ့က အစ်ကို အစ်မတွေက စာတော် ပြီး အလုပ်ဆို မခိုမကပ် ဖင်ပေါ့ပေါ့ လုပ်တတ်လို့ ဖူးဖူးမှုတ်ထား ။ သူစိတ်နဲ့ အတည့်ဆုံး Idol က Nine ပေမဲ့ လူရှေ့ဆိုရင်တော့ Rain လို့ ပြောတတ် ။ သူ့အဖေနေရာထားပြီး အားကိုးပေမဲ့ သားအဖ တွေ တစ်စိမှ မတည့် ။ သို့ပေမဲ့ အရေးကြုံရင် အဖေ"တ" တတ် ။ အဖေကလည်း သားထိ အကုန်သေ ဆိုသည့်အတိုင်း အကုန်လုံးကို ပိုးစိုးပက်စက် ပြန်ရန်တွေ့တတ်။
Luca Lakuntik (လူခါလာခွန်းတစ်ခ်)
သားကြီး သြရသ ။ အိမ်တာဝန်အကူယူထားရ။ အမေ နှင့် ညီမလေး ရှိတာပဲရှိ ။ သူအလယ်တန်းနှစ်မှာ လုပ်ငန်းရှင် အဖေဆုံး ။ လက်ရှိအသက်အားဖြင့် 20 ။ ညီလေးထက် 2နှစ်ပဲကြီး။ ဘန်ကောက်တက္ကသိုလ် မှာ ဆက်သွယ်ရေးနည်းပညာတက်နေ ။ အနေအေး ။ ပြုံးပြုံးရွှင်ရွှင်နေတတ်။ တောက်တောက်ပပ ပြုံးတတ် ။ လူကောင်ထွား ၊ အသက်မပြည့်ခင်မှာတင် သူ့အရပ်က 6ပေ ပြည့် ။ အန်တာတိမ်းမန့် လောကထဲ ဝင်တော့ အရပ်က 6ပေ2 ဖြစ်သွားပြီး အသက်20 ပြည့်ပြီးချိန် လက်ရှိအရပ် 6ပေ3 ။ ရုပ်က သေအောင်ဟော့ နေ၍ အားလုံးက ဒီဘဲ ရက်စ်ဖလက် လို့ ထင်ကြ။ တကယ်တော့ အားလုံးကို အလံဖြူထောင်ထားပြီး အရမ်းရှက်ကြောက်တတ်လို့ ကျောင်းပွဲတွေတောင် မသွား ။ ကျောင်းရဲ့ KIng နေရာကိုမယူချင်လို့ ကျောင်းတစ်လလောက်ပြေးပြီး ပတ်ရှောင်ခဲ့တဲ့ ရာဇဝင်ကြီးရှိ ။ Chess မှာ အလွန်တော် ။ သူတို့ အထက်တန်းကျောင်းရဲ့ ဂုဏ်ဆောင် ကျောင်းမြက်ကလေး။ အားနေ ဘောလုံးကန် ။ ကြက်တောင်ရိုက် ။ ရေကူး ။ အားကစားလုပ်ရတာကြိုက်။ လူပေါင်းဆန့်ပေမဲ့ အရမ်းရှက်တတ်။ ယောက္ခမ ရိန်း ကို အသေကြောက် ။ ရည်းစားနဲ့ အဖေ မတည့်ရင် မျက်နှာငယ်နဲ့ ကြားဝင်စေ့စပ်ဖို့ ကြိုးစားတတ်။ နိုင်း ရဲ့ ကရုဏာ ကို အပြည့်အဝရ ။ Nine က ဘယ်သူမှ မပြောဘဲ သူ့သားလေး လို စောင့်ရှောက် ။
Bạn đang đọc truyện trên: ZingTruyen.Xyz