Part 9
#Unicode
Roseanne တစ်ယောက် မနေ့ညက မအိပ်ဘဲ တစ်ညလုံး စဥ်းစားနေရာမှ ည ၁၂ ကျော်တဲ့အခါမှ အိုင်ဒီယာ တစ်ခု ရသွားသည်
နောက်တစ်နေ့ မနက်ရောက်တော့ Roseanne တစ်ယောက် ရေချိုး ကျောင်းအဝတ်အစားလဲပြီး သူမ ဘီဒိုအံဆွဲထဲက YSL Brand ဖြစ်တဲ့ လက်အိတ်ကို ထုတ်ဝတ်လိုက်သည်
Roseanne ကျောင်းသွားဖို့ အောက်ကို ဆင်းလာသောအခါ သူမ အဖေနဲ့ တွေ့လေသည်
"Morning Daddy "
"Morning သမီးလေး အစောကြီးရှိသေးတယ် ကျောင်းသွားမလို့လား "
"ဟုတ်တယ် Daddy ဒီနေ့ Chawက အတန်းသန့်ရှင်းရေးလုပ်ရမယ့် အလှည့်မို့ စောစောသွားပြီး သန့်ရှင်းရေးလုပ်မလို့ "
"ဟုတ်ပါပြီ ငါ့သမီးလေးက YSL Brand လက်အိတ်ဝတ်ပြီး သန့်ရှင်းရေး လုပ်ပါ့လားဟေ့ "
Roseanneမှာ သူ့အဖေစကားကြောင့် လျှာလေးထုတ်ပြီး နှာခေါင်းလေးရှုံ့ကာ ရယ်လိုက်သည်
"ဒါဆို Daddy bye byeနော် Chaw ကျောင်းသွားပြီ "
"ဆိုင်ကယ်ဖြေးဖြေး မောင်း ကျောင်းမှာ မနက်စာလည်း သေချာစားအုံး "
"ဟုတ် Daddy "
Roseanne ပြောပြီး အိမ်ထဲကနေ ထွက်လာခဲ့သည်
ထို့နောက် ဆိုင်ကယ်ပေါ် တက်ခွပြီး စက်နှိုးကာ ကျောင်းသို့ ထွက်လာခဲ့သည်
Roseanne ကျောင်းတွင် ဆိုင်ကယ်ထားနေတုံး ကောင်လေးတစ်ယောက်က သူမကို လာနှုတ်ဆက်သည်
"ဟို Ruby Janeရဲ့ သူငယ်ချင်း Roseanne မဟုတ်လား "
Roseanneမှာ ဆိုင်ကယ်ဦးထုပ်ကို ချွတ်ရင်း လှည့်ကြည့်တော့ Leo ဖြစ်နေသည်
"အဟင်း သေမင်းဆီကို သူကိုယ်တိုင်လာတာဘဲ ငါတောင် လိုက်ရှာစရာမလိုဘူး "
Roseanne တွေးပြီး Leoကို ပြုံးပြကာ နှုတ်ဆက်လိုက်သည်
"ဟုတ်ပါတယ် ဒီက Leo မဟုတ်လား Annyeong "
"ဟုတ်ပါတယ် ကျွန်တော် Leo ပါ....ဟီး Roseanne ကို တစ်ခု အကူအညီတောင်းလို့ရလားဟင် "
"ရပါတယ်....ဒီမှာ မပြောဘဲ ကျောင်းခေါင်မိုးထပ်ပေါ် တက်ပြောကြမယ်လေ ဒီမှာဆို တခြားသူတွေ မြင်ပြီး တစ်မျိုးထင်မှာဆိုးလို့ "
Roseanne က အကြံနဲ့ခေါ်တာကို Leoမှာ မသိဘဲ ကျောင်းခေါင်မိုးထပ်ကို သွားဖို့ သဘောတူလိုက်သည်
ကျောင်းခေါင်းမိုးထပ်က ထိုင်ခုံရှည်တွင် Roseanneနဲ့ Leoတို့ ထိုင်ကာ ကော်ဖီသောက်နေကြသည်
"ကော်ဖီဝယ်တိုက်လို့ ကျေးဇူးပါနော် Leo "
Roseanneမှာ အမှိုက်ပုံးထဲ ကော်ဖီဘူးခွံကို ပစ်ပြီး Leoကို ကျေးဇူးတင်စကားပြောလိုက်သည်
"ရပါတယ် တကယ်တော့ ကျွန်တော်က Roseanne ကို မေးစရာအကူအညီတောင်းစရာလေး ရှိလို့ပါ "
"Aww ဒါဆို ရှင်က ကော်ဖီတစ်ခွက်နဲ့ တို့ကို ဖားတာပေါ့လေ "
"အာ အဲ့လို မဟုတ်ပါဘူး အဟီး "
"မေးလေ ရှင်က ဘာမေးချင်တာလည်း "
"ဟို....Ruby Janeက ဘယ်လို ကောင်လေးမျိုးကို သဘောကျတာလည်းဟင် "
Leoကမေးတော့ Roseanne သူမမေးစေ့ကို လက်နဲ့ပွက်ပြီး စဥ်းစားဟန်ဆောင်နေသည်
"အင်း ဒီကောင်တော့ ငါ့ဂွင်ထဲ ဝင်လာပြီ "
Roseanne တွေးရင်း ခေါင်းညိတ်ပြီး
"သူက စတန့်မင်းသားတွေကို တအား သဘောကျတာ Leo "
"ဟင် "
"Tom cruise တို့ ဂျက်ကီချန်းတို့ကို သဘောကျတယ်တဲ့ တိုက်ပေါ်ကနေ ခုန်ချတာ ဘာညာ အဲ့လို အပိုင်းတွေဆို Rubyက သိပ်ကြိုက်တာ "
"အာ အဲ့လိုတွေ သဘောကျတာလား "
"ဟုတ်ပါ့ရှင်....အယ် ပြောရင်း အိုင်ဒီယာ တစ်ခု ရပြီ တို့ပြောတဲ့အတိုင်း လုပ်ရင် Ruby တော်တော် သဘောကျသွားမှာ "
"ဟုတ်လား ဘာလည်းဗျာ့ "
Leoမှာ Roseanne က Rubyနဲ့ အမြဲအတူရှိနေတဲ့ သူငယ်ချင်းမို့ ယုံစားလိုက်သည်
"ဒီလိုလေ ဟိုထောင့်စွန်းပေါ် မတ်တပ်ရပ်ပြီး ဓာတ်ပုံရိုက်ပါလား "
Roseanneမှာ ခေါင်းမိုးထပ်က ဝရန်တာ ထောင့်စွန်းကို လက်ညိုးထိုးပြသည်
"အနောက်က ကောင်းကင် နောက်ခံနဲ့ဆို တကယ်လှမှာ အဲ့လိုပုံရိုက်ပြီးတော့ Rubyကို ပို့လိုက်လေ ဒါဆို သူက Leoကို စတန့်မင်းသားတွေလို သတ္တိကောင်းတဲ့သူလို့ တွေးမိပြီး သဘောကျသွားလိမ့်မယ် "
"ဟုတ်ပြီ ဒါဆို ကျွန်တော် အဲ့ထောင့်စွန်းမှာ သွားရပ်ပြီး ရိုက်လိုက်မယ် "
အသိဥာဏ်နည်းပါးပြီး အချစ်စိတ်မွှန်နေတဲ့ Leoမှာ Roseanne ပြောတဲ့အတိုင်း ဝရန်တာ လက်ကိုင်တန်းပေါ်တက်ပြီး နံရံကို ကိုင်ကာ ဟန်ချက်ထိန်းနေသည်
ဟန်ချက်ညီတဲ့အခါ သူ့ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ပြီး ပုံရိုက်နေစဥ် Roseanne က တွန်းချလေသည်
"အား......"
Leoမှာ ဓာတ်ပုံရိုက်ရင်း Roseanne လက်ချက်ကြောင့် ကျောင်းခေါင်းမိုးထပ်ကနေ အောက်ကို ပြုတ်ကျသွားလေသည်
Roseanneကတော့ အောက်ကလူတွေ သူမကို မြင်မှာဆိုးလို့ ငုံ့မကြည့်တော့ဘဲ ခေါင်းမိုးထပ်ကနေ အမြန်ပြေးဆင်းလေသည်
Roseanne လှေကားအောက်ကို ရောက်တော့ Ruby Janeနဲ့ တွေ့လေသည်
"Roseanne ..."
"အာ Ru. ..Ruby ရောက်လာပြီလား "
"အင်း ငါတောင် နင့်ဆိုင်ကယ်တွေ့လို့ ကန်တင်းမှာလား လိုက်ရှာသေးတယ် နင့်ကို ရှာမတွေ့လို့ အတန်းဘက်လာခဲ့တာ... "
"Aww "
"ဒါနဲ့ နင် ဘယ်ကပြန်လာတာလည်း "
"ဟို ငါ ကျောင်းကို ခဏပတ်ကြည့်နေတာ "
"ခေါင်းမိုးထပ်ကိုလား "
Ruby Janeမှာ Roseanneနဲ့ စကားပြောနေစဥ် ကျောင်းသားတွေရဲ့ အော်သံကြောင့် လန့်သွားသည်
"Leo တစ်ယောက် ခေါင်းမိုးထပ်က ပြုတ်ကျလာတာ ဆေးရုံကားခေါ်ပေးကြပါအုံး "
"Leo. ...ကျောင်းခေါင်းမိုးထပ်က ပြုတ် ပြုတ်ကျလာတယ်တဲ့ Roseanne နင်... "
Ruby Janeမှာ Roseanneကို မိန်းကလေးသန့်စင်ခန်းထဲသို့ ဆွဲခေါ်သွားသည်
အိမ်သာတွေထဲ ဘယ်သူမှမရှိဘူးဆိုတာ သေချာမှ Ruby Janeမှာ ဘယ်သူမှ ဝင်မလာအောင် တံခါးလော့ချလိုက်သည်
"နင့်လက်ချက် မဟုတ်လား Roseanne "
"ဟာ မဟုတ်တာ နင် ဘယ်လိုလုပ် ငါ့ကို စွပ်စွဲရက်တာလည်း "
Roseanne ခပ်တည်တည်နဲ့ ငြင်းလိုက်သည်
"ငါ့ကို လာမလိမ်နဲ့ Roseanne မနေ့ကတည်းက နင် သူ့ကို သတ်ရမလား မေးနေတာ နင် လက်ချက်ဘဲ "
"အဟက် သက်သေမရှိဘဲ ငါ့ကို စွပ်စွဲနေတာလား Ruby "
"သက်သေမရှိဘူး ဟုတ်လား နင် ကျောင်းခေါင်းမိုးထပ်က ဆင်းလာတာ သက်သေမဟုတ်လို့ ဘာလည်း "
Ruby Janeမှာ သူ့ကို လက်ညိုးထိုးပြီး ပြောနေလို့ Roseanne ပေါက်ကွဲလာပြီး
"ဟုတ်တယ် ငါ သတ်လိုက်တာ သူ့ကို ငါ ခေါင်းမိုးထပ်ကနေ တွန်းချလိုက်တာ ငါ့လက်ချက်ဘဲ ဘာဖြစ်ချင်လည်း Ruby "
Roseanneက ဝန်ခံလိုက်တော့ကျတော့လည်း Rubyမှာ ပါးစပ်အဟောင်းသားနဲ့ မယုံနိုင်အောင် ဖြစ်နေသည်
"နင် နင် ဘယ်လိုဖြစ်ပြီး လူတစ်ယောက်ရဲ့ အသက်ကို လွယ်လွယ်......သတ်ရက်တာလည်း... ဘာလို့လည်း..."
"ဘာလို့လည်း ဟုတ်လား....ဘာလို့လည်းဆိုတော့ နင့်ရဲ့ စိတ်တွေကို အဲ့ကောင်က ဖမ်းယူတော့မှာမို့လို့ ငါနင့်ကို ပြောဖူးတယ်လေ ငါစကားပြောချိန် စိတ်လွှင့်တာ မကြိုက်ဘူးလို့ အဟက် နင်က နားမထောင်ခဲ့ဘူးလေ "
"အဲ့တာနဲ့ဘဲ နင် သူ့ကို သတ်စရာမလိုဘူးလေ "
"လိုတယ် လိုတယ် နင့်ကို ငါကလွဲပြီး ဘယ်သူမှ ပိုင်ဆိုင်လို့မရဘူး နင့်စိတ်ကို ငါဘဲ စိုးမိုးထားချင်တာ "
"စိတ်ပျက်လိုက်တာ Roseanne ရာ "
Roseanneမှာ Ruby Janeက သူ့ကို စိတ်ပျက်တယ်ပြောလို့ ဒေါသပိုထွက်လာပြီး Ruby Jane ပခုံးကို ဆောင့်ကိုင်လိုက်သည်
"အေး ငါကတော့ ချစ်တယ် Ruby နင့်ကို ငါ အရမ်းချစ်တယ် နင်သိလား နင့်ကို ငါ "
ဖြန်း!
"ငါ အရင်က နင့်ကို သဘောကျမိတဲ့ စိတ်လေး ရှိခဲ့ပါတယ် ခုတော့ နင့်လိုလူသတ်သမားကို ငါ ရွံတယ် "
Ruby Janeမှာ Roseanneကို ပါးရိုက်ပြီး ဆောင့်တွန်းကာ သန့်စင်ခန်းထဲက ထွက်သွားလေသည်
Ruby Jane!!
Roseanneမှာ အရိုက်ခံရတဲ့ သူ့ပါးကို ကိုင်ပြီး အော်လိုက်သည်
#Tbc
#Zawgyi
Roseanne တစ္ေယာက္ မေန႕ညက မအိပ္ဘဲ တစ္ညလုံး စဥ္းစားေနရာမွ ည ၁၂ ေက်ာ္တဲ့အခါမွ အိုင္ဒီယာ တစ္ခု ရသြားသည္
ေနာက္တစ္ေန႕ မနက္ေရာက္ေတာ့ Roseanne တစ္ေယာက္ ေရခ်ိဳး ေက်ာင္းအဝတ္အစားလဲၿပီး သူမ ဘီဒိုအံဆြဲထဲက YSL Brand ျဖစ္တဲ့ လက္အိတ္ကို ထုတ္ဝတ္လိုက္သည္
Roseanne ေက်ာင္းသြားဖို႔ ေအာက္ကို ဆင္းလာေသာအခါ သူမ အေဖနဲ႕ ေတြ႕ေလသည္
"Morning Daddy "
"Morning သမီးေလး အေစာႀကီးရွိေသးတယ္ ေက်ာင္းသြားမလို႔လား "
"ဟုတ္တယ္ Daddy ဒီေန႕ Chawက အတန္းသန့္ရွင္းေရးလုပ္ရမယ့္ အလွည့္မို႔ ေစာေစာသြားၿပီး သန့္ရွင္းေရးလုပ္မလို႔ "
"ဟုတ္ပါၿပီ ငါ့သမီးေလးက YSL Brand လက္အိတ္ဝတ္ၿပီး သန့္ရွင္းေရး လုပ္ပါ့လားေဟ့ "
Roseanneမွာ သူ႕အေဖစကားေၾကာင့္ လွ်ာေလးထုတ္ၿပီး ႏွာေခါင္းေလးရႈံ႕ကာ ရယ္လိုက္သည္
"ဒါဆို Daddy bye byeေနာ္ Chaw ေက်ာင္းသြားၿပီ "
"ဆိုင္ကယ္ေျဖးေျဖး ေမာင္း ေက်ာင္းမွာ မနက္စာလည္း ေသခ်ာစားအုံး "
"ဟုတ္ Daddy "
Roseanne ေျပာၿပီး အိမ္ထဲကေန ထြက္လာခဲ့သည္
ထို႔ေနာက္ ဆိုင္ကယ္ေပၚ တက္ခြၿပီး စက္ႏွိုးကာ ေက်ာင္းသို႔ ထြက္လာခဲ့သည္
Roseanne ေက်ာင္းတြင္ ဆိုင္ကယ္ထားေနတုံး ေကာင္ေလးတစ္ေယာက္က သူမကို လာႏႈတ္ဆက္သည္
"ဟို Ruby Janeရဲ႕ သူငယ္ခ်င္း Roseanne မဟုတ္လား "
Roseanneမွာ ဆိုင္ကယ္ဦးထုပ္ကို ခြၽတ္ရင္း လွည့္ၾကည့္ေတာ့ Leo ျဖစ္ေနသည္
"အဟင္း ေသမင္းဆီကို သူကိုယ္တိုင္လာတာဘဲ ငါေတာင္ လိုက္ရွာစရာမလိုဘူး "
Roseanne ေတြးၿပီး Leoကို ၿပဳံးျပကာ ႏႈတ္ဆက္လိုက္သည္
"ဟုတ္ပါတယ္ ဒီက Leo မဟုတ္လား Annyeong "
"ဟုတ္ပါတယ္ ကြၽန္ေတာ္ Leo ပါ....ဟီး Roseanne ကို တစ္ခု အကူအညီေတာင္းလို႔ရလားဟင္ "
"ရပါတယ္....ဒီမွာ မေျပာဘဲ ေက်ာင္းေခါင္မိုးထပ္ေပၚ တက္ေျပာၾကမယ္ေလ ဒီမွာဆို တျခားသူေတြ ျမင္ၿပီး တစ္မ်ိဳးထင္မွာဆိုးလို႔ "
Roseanne က အႀကံနဲ႕ေခၚတာကို Leoမွာ မသိဘဲ ေက်ာင္းေခါင္မိုးထပ္ကို သြားဖို႔ သေဘာတူလိုက္သည္
ေက်ာင္းေခါင္းမိုးထပ္က ထိုင္ခုံရွည္တြင္ Roseanneနဲ႕ Leoတို႔ ထိုင္ကာ ေကာ္ဖီေသာက္ေနၾကသည္
"ေကာ္ဖီဝယ္တိုက္လို႔ ေက်းဇူးပါေနာ္ Leo "
Roseanneမွာ အမွိုက္ပုံးထဲ ေကာ္ဖီဘူးခြံကို ပစ္ၿပီး Leoကို ေက်းဇူးတင္စကားေျပာလိုက္သည္
"ရပါတယ္ တကယ္ေတာ့ ကြၽန္ေတာ္က Roseanne ကို ေမးစရာအကူအညီေတာင္းစရာေလး ရွိလို႔ပါ "
"Aww ဒါဆို ရွင္က ေကာ္ဖီတစ္ခြက္နဲ႕ တို႔ကို ဖားတာေပါ့ေလ "
"အာ အဲ့လို မဟုတ္ပါဘူး အဟီး "
"ေမးေလ ရွင္က ဘာေမးခ်င္တာလည္း "
"ဟို....Ruby Janeက ဘယ္လို ေကာင္ေလးမ်ိဳးကို သေဘာက်တာလည္းဟင္ "
Leoကေမးေတာ့ Roseanne သူမေမးေစ့ကို လက္နဲ႕ပြက္ၿပီး စဥ္းစားဟန္ေဆာင္ေနသည္
"အင္း ဒီေကာင္ေတာ့ ငါ့ဂြင္ထဲ ဝင္လာၿပီ "
Roseanne ေတြးရင္း ေခါင္းညိတ္ၿပီး
"သူက စတန့္မင္းသားေတြကို တအား သေဘာက်တာ Leo "
"ဟင္ "
"Tom cruise တို႔ ဂ်က္ကီခ်န္းတို႔ကို သေဘာက်တယ္တဲ့ တိုက္ေပၚကေန ခုန္ခ်တာ ဘာညာ အဲ့လို အပိုင္းေတြဆို Rubyက သိပ္ႀကိဳက္တာ "
"အာ အဲ့လိုေတြ သေဘာက်တာလား "
"ဟုတ္ပါ့ရွင္....အယ္ ေျပာရင္း အိုင္ဒီယာ တစ္ခု ရၿပီ တို႔ေျပာတဲ့အတိုင္း လုပ္ရင္ Ruby ေတာ္ေတာ္ သေဘာက်သြားမွာ "
"ဟုတ္လား ဘာလည္းဗ်ာ့ "
Leoမွာ Roseanne က Rubyနဲ႕ အၿမဲအတူရွိေနတဲ့ သူငယ္ခ်င္းမို႔ ယုံစားလိုက္သည္
"ဒီလိုေလ ဟိုေထာင့္စြန္းေပၚ မတ္တပ္ရပ္ၿပီး ဓာတ္ပုံရိုက္ပါလား "
Roseanneမွာ ေခါင္းမိုးထပ္က ဝရန္တာ ေထာင့္စြန္းကို လက္ညိုးထိုးျပသည္
"အေနာက္က ေကာင္းကင္ ေနာက္ခံနဲ႕ဆို တကယ္လွမွာ အဲ့လိုပုံရိုက္ၿပီးေတာ့ Rubyကို ပို႔လိုက္ေလ ဒါဆို သူက Leoကို စတန့္မင္းသားေတြလို သတၱိေကာင္းတဲ့သူလို႔ ေတြးမိၿပီး သေဘာက်သြားလိမ့္မယ္ "
"ဟုတ္ၿပီ ဒါဆို ကြၽန္ေတာ္ အဲ့ေထာင့္စြန္းမွာ သြားရပ္ၿပီး ရိုက္လိုက္မယ္ "
အသိဥာဏ္နည္းပါးၿပီး အခ်စ္စိတ္မႊန္ေနတဲ့ Leoမွာ Roseanne ေျပာတဲ့အတိုင္း ဝရန္တာ လက္ကိုင္တန္းေပၚတက္ၿပီး နံရံကို ကိုင္ကာ ဟန္ခ်က္ထိန္းေနသည္
ဟန္ခ်က္ညီတဲ့အခါ သူ႕ေဘာင္းဘီအိတ္ထဲက ဖုန္းကိုထုတ္ၿပီး ပုံရိုက္ေနစဥ္ Roseanne က တြန္းခ်ေလသည္
"အား......"
Leoမွာ ဓာတ္ပုံရိုက္ရင္း Roseanne လက္ခ်က္ေၾကာင့္ ေက်ာင္းေခါင္းမိုးထပ္ကေန ေအာက္ကို ျပဳတ္က်သြားေလသည္
Roseanneကေတာ့ ေအာက္ကလူေတြ သူမကို ျမင္မွာဆိုးလို႔ ငုံ႕မၾကည့္ေတာ့ဘဲ ေခါင္းမိုးထပ္ကေန အျမန္ေျပးဆင္းေလသည္
Roseanne ေလွကားေအာက္ကို ေရာက္ေတာ့ Ruby Janeနဲ႕ ေတြ႕ေလသည္
"Roseanne ..."
"အာ Ru. ..Ruby ေရာက္လာၿပီလား "
"အင္း ငါေတာင္ နင့္ဆိုင္ကယ္ေတြ႕လို႔ ကန္တင္းမွာလား လိုက္ရွာေသးတယ္ နင့္ကို ရွာမေတြ႕လို႔ အတန္းဘက္လာခဲ့တာ... "
"Aww "
"ဒါနဲ႕ နင္ ဘယ္ကျပန္လာတာလည္း "
"ဟို ငါ ေက်ာင္းကို ခဏပတ္ၾကည့္ေနတာ "
"ေခါင္းမိုးထပ္ကိုလား "
Ruby Janeမွာ Roseanneနဲ႕ စကားေျပာေနစဥ္ ေက်ာင္းသားေတြရဲ႕ ေအာ္သံေၾကာင့္ လန့္သြားသည္
"Leo တစ္ေယာက္ ေခါင္းမိုးထပ္က ျပဳတ္က်လာတာ ေဆး႐ုံကားေခၚေပးၾကပါအုံး "
"Leo. ...ေက်ာင္းေခါင္းမိုးထပ္က ျပဳတ္ ျပဳတ္က်လာတယ္တဲ့ Roseanne နင္... "
Ruby Janeမွာ Roseanneကို မိန္းကေလးသန့္စင္ခန္းထဲသို႔ ဆြဲေခၚသြားသည္
အိမ္သာေတြထဲ ဘယ္သူမွမရွိဘူးဆိုတာ ေသခ်ာမွ Ruby Janeမွာ ဘယ္သူမွ ဝင္မလာေအာင္ တံခါးေလာ့ခ်လိဳက္သည္
"နင့္လက္ခ်က္ မဟုတ္လား Roseanne "
"ဟာ မဟုတ္တာ နင္ ဘယ္လိုလုပ္ ငါ့ကို စြပ္စြဲရက္တာလည္း "
Roseanne ခပ္တည္တည္နဲ႕ ျငင္းလိုက္သည္
"ငါ့ကို လာမလိမ္နဲ႕ Roseanne မေန႕ကတည္းက နင္ သူ႕ကို သတ္ရမလား ေမးေနတာ နင္ လက္ခ်က္ဘဲ "
"အဟက္ သက္ေသမရွိဘဲ ငါ့ကို စြပ္စြဲေနတာလား Ruby "
"သက္ေသမရွိဘူး ဟုတ္လား နင္ ေက်ာင္းေခါင္းမိုးထပ္က ဆင္းလာတာ သက္ေသမဟုတ္လို႔ ဘာလည္း "
Ruby Janeမွာ သူ႕ကို လက္ညိုးထိုးၿပီး ေျပာေနလို႔ Roseanne ေပါက္ကြဲလာၿပီး
"ဟုတ္တယ္ ငါ သတ္လိုက္တာ သူ႕ကို ငါ ေခါင္းမိုးထပ္ကေန တြန္းခ်လိဳက္တာ ငါ့လက္ခ်က္ဘဲ ဘာျဖစ္ခ်င္လည္း Ruby "
Roseanneက ဝန္ခံလိုက္ေတာ့က်ေတာ့လည္း Rubyမွာ ပါးစပ္အေဟာင္းသားနဲ႕ မယုံနိုင္ေအာင္ ျဖစ္ေနသည္
"နင္ နင္ ဘယ္လိုျဖစ္ၿပီး လူတစ္ေယာက္ရဲ႕ အသက္ကို လြယ္လြယ္......သတ္ရက္တာလည္း... ဘာလို႔လည္း..."
"ဘာလို႔လည္း ဟုတ္လား....ဘာလို႔လည္းဆိုေတာ့ နင့္ရဲ႕ စိတ္ေတြကို အဲ့ေကာင္က ဖမ္းယူေတာ့မွာမို႔လို႔ ငါနင့္ကို ေျပာဖူးတယ္ေလ ငါစကားေျပာခ်ိန္ စိတ္လႊင့္တာ မႀကိဳက္ဘူးလို႔ အဟက္ နင္က နားမေထာင္ခဲ့ဘူးေလ "
"အဲ့တာနဲ႕ဘဲ နင္ သူ႕ကို သတ္စရာမလိုဘူးေလ "
"လိုတယ္ လိုတယ္ နင့္ကို ငါကလြဲၿပီး ဘယ္သူမွ ပိုင္ဆိုင္လို႔မရဘူး နင့္စိတ္ကို ငါဘဲ စိုးမိုးထားခ်င္တာ "
"စိတ္ပ်က္လိုက္တာ Roseanne ရာ "
Roseanneမွာ Ruby Janeက သူ႕ကို စိတ္ပ်က္တယ္ေျပာလို႔ ေဒါသပိုထြက္လာၿပီး Ruby Jane ပခုံးကို ေဆာင့္ကိုင္လိုက္သည္
"ေအး ငါကေတာ့ ခ်စ္တယ္ Ruby နင့္ကို ငါ အရမ္းခ်စ္တယ္ နင္သိလား နင့္ကို ငါ "
ျဖန္း!
"ငါ အရင္က နင့္ကို သေဘာက်မိတဲ့ စိတ္ေလး ရွိခဲ့ပါတယ္ ခုေတာ့ နင့္လိုလူသတ္သမားကို ငါ ႐ြံတယ္ "
Ruby Janeမွာ Roseanneကို ပါးရိုက္ၿပီး ေဆာင့္တြန္းကာ သန့္စင္ခန္းထဲက ထြက္သြားေလသည္
Ruby Jane!!
Roseanneမွာ အရိုက္ခံရတဲ့ သူ႕ပါးကို ကိုင္ၿပီး ေအာ္လိုက္သည္
#Tbc
Bạn đang đọc truyện trên: ZingTruyen.Xyz