ZingTruyen.Xyz

Her Devil Hero

Part 10

KimFany059

#Unicode

ပုန်း ပုန်း လုံအောင်ပုန်း Ruby Janeရေ
ဆံကေသာလေး မြင်နေရတယ်
ဘယ်မှာလည်းကွယ်
ရှာမတွေ့ဘူးမို့လို့ ထွက်လာတော့ကွာ
မင်းရှိတဲ့ နေရာကို ငါ လာခဲ့မယ်

အား!!

အိမ်မက်ဆိုးကြောင့် Ruby Jane ကုတင်ပေါ်ကနေ ပြုတ်ကျလာသည်

သူမ Roseanne ဆီက ထွက်ပြေးလာခဲ့တာ ငါးနှစ် ဟုတ်တယ် ငါးနှစ်ကြာပါပြီ

Leoကို Roseanne သတ်လိုက်တယ်ဆိုတာ သိတဲ့နေ့မှာ Ruby Jane ကျောင်းကနေ အိမ်ကို ပြန်ပြေးလာခဲ့တယ်....

ပြီးတော့ သူမ အမေကိုခေါ်ပြီး သူမ အဖေရှိတဲ့ နယူးဇီလန်ကို Ruby Jane ချက်ချင်း လေယာဉ်နဲ့  ထွက်ပြေးသွားခဲ့တယ်

Roseanne... Roseanneကေတာ့ Ruby Janeနဲ့စကားများတဲ့နေ့...Leoသေတဲ့နေ့က ကျောင်းကနေ ထွက်ပြေးသွားတဲ့ Ruby Janeနောက်ကို လိုက်မသွားခဲ့ဘူး

ဘာလို့လည်းဆိုတော့ သူမပါပျောက်နေရင် စုံထောက် Jisooက သူမကို သံသယဝင်မှာလေ

သူမ သန့်စင်ခန်းထဲက ထွက်လာတာကိုလည်း သူမ အတန်းထဲက ကျောင်းသူတစ်ချို့ မြင်ခဲ့တော့ Roseanne ကျောင်းမှာဘဲ နေဖို့ ဆုံးဖြတ်ခဲ့တယ်

ရဲတွေ မှုခင်းဆေးဌာနက လူတွေရောက်လာကြပြီး Leoကို စစ်ဆေးပေမယ့် ကိုယ်ပေါ်မှာ ဘာလက်ဗွေရာမှမရှိသည့်အပြင် Leoဖုန်းမှာလည်း ဓာတ်ပုံတွေ တွေ့သောကြောင့် ဝရန်တာလက်ရန်းပေါ် တက်ပြီး ဓာတ်ပုံ ရိုက်ရင်း ပြုတ်ကျသေခဲ့တာလို့ ရဲတွေက အမှုပိတ်ခဲ့လိုက်သည်

ဥာဏ်ပြေးတဲ့ Roseanneလေးပါ လက်ဗွေရာတွေ ပေါ်မှာဆိုးလို့ Leoကို လက်အိတ်ဝတ်ပြီး တွန်းချခဲ့တာလေ

Roseanneကတော့ Ruby နောက်တစ်ရက်တော့ ကျောင်းလာမယ်ထင်ခဲ့ပေမယ့် Ruby Jane ကျောင်းကိုမလာတာ တစ်ပတ်ရှိပြီလေ

သူ့အိမ်ကို လိုက်သွားတော့လည်း အိမ်တံခါးက သော့ခတ်ထားတယ်....အတန်းထဲကလူတွေကလည်း Ruby Janeက Roseanneနဲ့ ရန်ဖြစ်ထားပြီး ပျောက်သွားတယ်လို့ ထင်မြင်ချက်တွေ ပေးကြပေမယ့်...... နောက်မှ Ruby Janeက သူ့အဖေရှိတဲ့ နိုင်ငံကို ပြောင်းသွားမှန်း အတန်းပိုင်ပြောမှ သိခဲ့ကြရသည်

"တောက် နင်က ငါနဲ့ဝေးရာကို ထွက်ပြေးသွားတယ်ပေါ့ Ruby Jane. .....ငါဆိုတဲ့ ကောင်မကလည်း ငါ့အပိုင်လို့ သတ်မှတ်ပြီးရင် လက်မလွှတ်တတ်တာမို့ ရေဆုံးမြေဆုံးထိ နင့်ကို လိုက်ရှာမယ် "

Roseanne တောက်ခေါက်ပြီး ကြိမ်းဝါးလိုက်သည်

ပုန်း ပုန်း လုံအောင်ပုန်း Ruby Janeရေ
ဆံကေသာလေး မြင်နေရတယ်
ဘယ်မှာလည်းကွယ်
ရှာမတွေ့ဘူးမို့လို့ ထွက်လာတော့ကွာ
မင်းရှိတဲ့ နေရာကို ငါ လာခဲ့မယ်!

မလာနဲ့ သွား သွား ငါ့ရှေ့က ထွက်သွား
ငါနင့်ကို ကြောက်လို့ပါ ငါတောင်းပန်ပါတယ်
Roseanne!

Ruby Jane  သွေးတွေ တစက်စက်ကျနေတဲ့ ပုဆိန်နဲ့အတူ သူမဆီကို လျှောက်လာတဲ့ Roseanneကို ကြောက်ပြီး ငိုကာ တောင်းပန်နေသည်

ပုန်း ပုန်း လုံအောင်ပုန်း Ruby Janeရေ
ဆံကေသာလေး မြင်နေရတယ်
ဘယ်မှာလည်းကွယ်
ရှာမတွေ့ဘူးမို့လို့ ထွက်လာတော့ကွာ
မင်းရှိတဲ့ နေရာကို ငါ လာခဲ့မယ်

မလာနဲ့ သွား.....

Ruby Jane အော်ရင်း ထွက်ပြေးရင်း ကုတင်ပေါ်ကနေ ပြုတ်ကျလာသည်

ထိုအခါမှ Ruby Jane အိမ်မက်ဆိုးမက်နေမှန်း သိပြီး သက်ပြင်းချလိုက်သည်

ညမီးအိမ်တင်ထားတဲ့ စားပွဲခုံပေါ်က ရေဘူးကို ယူပြီး Ruby Jane မော့သောက်လိုက်သည်

"ဘယ်အချိန်ထိ ငါ့ကို နှောင့်ယှက်နေအုံးမှာလည်း Roseanne. ...နင့်ဆီက ထွက်ပြေးလာပေမယ့်....အခုထိ နင်နဲ့ပတ်သက်တဲ့ အိမ်မက်ဆိုးတွေ မက်နေတုံးဘဲ "

Ruby Jane အလုပ်သွားဖို့ ရေချိုးရင်း ရေရွတ်လိုက်သည်

"Good Morning Robin "

"Good Morning Jennie "

"Early Check Out ဘယ်နှခန်းထွက်သွားပြီလည်း "

"သုံးခန်းထွက်သွားပြီ နှစ်ခန်းဘဲ ကျန်တော့တယ် သူတို့က လှေဆိပ်သွားရမှာမို့ Breakfast မစားနိုင်ဘူးတဲ့ ဒါကြောင့်မို့ ငါ Breakfast box လေးဘူး စီစဥ်ပေးထားတယ် "

"ဟုတ်ပြီ ..."

"မနက်စာစားပြီးပြီလား Jennie ငါ ဘာဝယ်ပေးရအုံးမယ် "

"မစားရသေးဘူး နွားနို့တစ်ဗူးဘဲ ဝယ်ပေး.... "

"နွားနို့သောက်လည်း အရပ်က ထပ်ရှည်လာမှာ မဟုတ်တော့ဘူးနော် "

"ခွေးကောင် Robin ယုတ်မာတာ  "

"Haha. ..."

Ruby Jane ခေါ် Jennie တစ်ယောက် Robinနဲ့ စကားပြောရင်း ပိုက်ဆံတွေ အခန်းတွေကို စစ်လိုက်သည်

Ruby Jane တစ်ယောက် Roseanne ဆီကနေ နယူးဇီလန်ကို ထွက်ပြေးလာပြီးတဲ့နောက် Jennieဆိုတဲ့ နာမည်ပြောင်းပြီး ကျောင်းတက်ခဲ့သည်

ကျောင်းပြီးတဲ့နောက် Kingဆိုတဲ့ ဟိုတယ်တစ်ခုမှာ အလုပ်ဝင်လုပ်နေရင်း ဇာတ်မြှုပ်နေခဲ့သည်

မော်တော်ယာဥ်တွေ ဖြတ်သန်းသွားလာနေတာကို အပေါ်စီးကနေ Roseanne ဝီစကီသောက်ရင်း ကြည့်နေသည်

" ဒုဥက္ကဌ....မကြာခင်..... "

"အင်း တရုတ်က Mr. Ying နဲ့သွားတွေ့ရမှာ မဟုတ်လား "

"ဟုတ်ပါတယ်....အဲ့တာ သတိလာမေးတာပါ "

"ဟုတ်ပြီ Seung Soo. ..ငါ စုံစမ်းခိုင်းထားတဲ့ တစ်ယောက်ရော ရှာတွေ့ပြီလား "

"ဟိုလေ...ရှာ ရှာမတွေ့သေး "

ခွမ်း!

သူ့ဘေးနားက နံရံကို မှန်ကာ ကွဲသွားတဲ့ ဝီစကီခွက်ကြောင့် Seung Soo လန့်ပြီး တုန်သွားတယ်

"ကောင်မလေးတစ်ယောက်ကိုတောင် တစ်နှစ်ကျော်ရှိနေပြီ ရှာမတွေ့သေးဘူးလား "

"တောင်း တောင်းပန်ပါတယ် "

"စောက်သုံးမကျတဲ့ ကောင်တွေဘဲ..... နောက်တစ်ပတ်ထိ အချိန်ပေးမယ် Ruby Janeကို တွေ့အောင်ရှာကြ မတွေ့လို့ကတော့ နင်တို့အကုန် သေပြီသာမှတ် "

Roseanne ပြောပြီး ရုံးခန်းထဲကနေ ထွက်လာသည်

ထို့နောက် သူမ အဖေ Companyကနေ ထွက်လာပြီး Company ရှေ့က ဇိမ်ခံကားပေါ်တက်လိုက်သည်

"Golden City စားသောက်ဆိုင်ကို မောင်းပေးပါ Uncle...."

"ဟုတ်ကဲ့ မမလေး "

ကားဒရိုင်ဘာလည်း ခေါင်းညိတ်ပြပြီး ကားစက်နှိုးလိုက်သည်

Roseanne ကျောင်းပြီးတဲ့နောက် သူမအဖေပိုင်တဲ့ Companyတွင် ဒုဥက္ကဌ ရာထူးဖြင့် အလုပ် ဝင်လုပ်နေသည်

Ruby Jane ထွက်သွားတဲ့နေ့ကစပြီး Ruby Janeကို ရှာနေပေမယ့် Ruby Janeနဲ့ ပတ်သက်တဲ့သတင်း မြူမှုန်တစ်စလေးတောင် မကြားရပေ......

Roseanne ရှာနေတာကို ကြိုသိတဲ့ Ruby Janeကလည်း Jennieဆိုတဲ့ နာမည်ပြောင်းပြီး ဇာတ်မြုပ်နေခဲ့တယ်လေ

ဒါကြောင့်လည်း Roseanne တစ်ယောက် Ruby Janeကို အခုထိ ရှာလို့ မတွေ့သေးတာ......

Roseanne စားသောက်ဆိုင်ကို သွားတဲ့လမ်းတွင် Ruby Janeနဲ့သူမ လျှောက်လည်ခဲ့တဲ့ အချိန်တွေ ပြန်တွေးမိပြီး အံကို ကြိတ်ထားကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်

#TBC

#Zawgyi

ပုန္း ပုန္း လုံေအာင္ပုန္း Ruby Janeေရ
ဆံေကသာေလး ျမင္ေနရတယ္
ဘယ္မွာလည္းကြယ္
ရွာမေတြ႕ဘူးမို႔လို႔ ထြက္လာေတာ့ကြာ
မင္းရွိတဲ့ ေနရာကို ငါ လာခဲ့မယ္

အား!!

အိမ္မက္ဆိုးေၾကာင့္ Ruby Jane ကုတင္ေပၚကေန ျပဳတ္က်လာသည္

သူမ Roseanne ဆီက ထြက္ေျပးလာခဲ့တာ ငါးႏွစ္ ဟုတ္တယ္ ငါးႏွစ္ၾကာပါၿပီ

Leoကို Roseanne သတ္လိုက္တယ္ဆိုတာ သိတဲ့ေန႕မွာ Ruby Jane ေက်ာင္းကေန အိမ္ကို ျပန္ေျပးလာခဲ့တယ္....

ၿပီးေတာ့ သူမ အေမကိုေခၚၿပီး သူမ အေဖရွိတဲ့ နယူးဇီလန္ကို Ruby Jane ခ်က္ခ်င္း ေလယာဥ္နဲ႕  ထြက္ေျပးသြားခဲ့တယ္

Roseanne... Roseanneေကတာ့ Ruby Janeနဲ႕စကားမ်ားတဲ့ေန႕...Leoေသတဲ့ေန႕က ေက်ာင္းကေန ထြက္ေျပးသြားတဲ့ Ruby Janeေနာက္ကို လိုက္မသြားခဲ့ဘူး

ဘာလို႔လည္းဆိုေတာ့ သူမပါေပ်ာက္ေနရင္ စုံေထာက္ Jisooက သူမကို သံသယဝင္မွာေလ

သူမ သန႔္စင္ခန္းထဲက ထြက္လာတာကိုလည္း သူမ အတန္းထဲက ေက်ာင္းသူတစ္ခ်ိဳ႕ ျမင္ခဲ့ေတာ့ Roseanne ေက်ာင္းမွာဘဲ ေနဖို႔ ဆုံးျဖတ္ခဲ့တယ္

ရဲေတြ မႈခင္းေဆးဌာနက လူေတြေရာက္လာၾကၿပီး Leoကို စစ္ေဆးေပမယ့္ ကိုယ္ေပၚမွာ ဘာလက္ေဗြရာမွမရွိသည့္အျပင္ Leoဖုန္းမွာလည္း ဓာတ္ပုံေတြ ေတြ႕ေသာေၾကာင့္ ဝရန္တာလက္ရန္းေပၚ တက္ၿပီး ဓာတ္ပုံ ရိုက္ရင္း ျပဳတ္က်ေသခဲ့တာလို႔ ရဲေတြက အမႈပိတ္ခဲ့လိုက္သည္

ဥာဏ္ေျပးတဲ့ Roseanneေလးပါ လက္ေဗြရာေတြ ေပၚမွာဆိုးလို႔ Leoကို လက္အိတ္ဝတ္ၿပီး တြန္းခ်ခဲ့တာေလ

Roseanneကေတာ့ Ruby ေနာက္တစ္ရက္ေတာ့ ေက်ာင္းလာမယ္ထင္ခဲ့ေပမယ့္ Ruby Jane ေက်ာင္းကိုမလာတာ တစ္ပတ္ရွိၿပီေလ

သူ႕အိမ္ကို လိုက္သြားေတာ့လည္း အိမ္တံခါးက ေသာ့ခတ္ထားတယ္....အတန္းထဲကလူေတြကလည္း Ruby Janeက Roseanneနဲ႕ ရန္ျဖစ္ထားၿပီး ေပ်ာက္သြားတယ္လို႔ ထင္ျမင္ခ်က္ေတြ ေပးၾကေပမယ့္...... ေနာက္မွ Ruby Janeက သူ႕အေဖရွိတဲ့ နိုင္ငံကို ေျပာင္းသြားမွန္း အတန္းပိုင္ေျပာမွ သိခဲ့ၾကရသည္

"ေတာက္ နင္က ငါနဲ႕ေဝးရာကို ထြက္ေျပးသြားတယ္ေပါ့ Ruby Jane. .....ငါဆိုတဲ့ ေကာင္မကလည္း ငါ့အပိုင္လို႔ သတ္မွတ္ၿပီးရင္ လက္မလႊတ္တတ္တာမို႔ ေရဆုံးေျမဆုံးထိ နင့္ကို လိုက္ရွာမယ္ "

Roseanne ေတာက္ေခါက္ၿပီး ႀကိမ္းဝါးလိုက္သည္

ပုန္း ပုန္း လုံေအာင္ပုန္း Ruby Janeေရ
ဆံေကသာေလး ျမင္ေနရတယ္
ဘယ္မွာလည္းကြယ္
ရွာမေတြ႕ဘူးမို႔လို႔ ထြက္လာေတာ့ကြာ
မင္းရွိတဲ့ ေနရာကို ငါ လာခဲ့မယ္!

မလာနဲ႕ သြား သြား ငါ့ေရွ႕က ထြက္သြား
ငါနင့္ကို ေၾကာက္လို႔ပါ ငါေတာင္းပန္ပါတယ္
Roseanne!

Ruby Jane  ေသြးေတြ တစက္စက္က်ေနတဲ့ ပုဆိန္နဲ႕အတူ သူမဆီကို ေလွ်ာက္လာတဲ့ Roseanneကို ေၾကာက္ၿပီး ငိုကာ ေတာင္းပန္ေနသည္

ပုန္း ပုန္း လုံေအာင္ပုန္း Ruby Janeေရ
ဆံေကသာေလး ျမင္ေနရတယ္
ဘယ္မွာလည္းကြယ္
ရွာမေတြ႕ဘူးမို႔လို႔ ထြက္လာေတာ့ကြာ
မင္းရွိတဲ့ ေနရာကို ငါ လာခဲ့မယ္

မလာနဲ႕ သြား.....

Ruby Jane ေအာ္ရင္း ထြက္ေျပးရင္း ကုတင္ေပၚကေန ျပဳတ္က်လာသည္

ထိုအခါမွ Ruby Jane အိမ္မက္ဆိုးမက္ေနမွန္း သိၿပီး သက္ျပင္းခ်လိဳက္သည္

ညမီးအိမ္တင္ထားတဲ့ စားပြဲခုံေပၚက ေရဘူးကို ယူၿပီး Ruby Jane ေမာ့ေသာက္လိုက္သည္

"ဘယ္အခ်ိန္ထိ ငါ့ကို ႏွောင့္ယွက္ေနအုံးမွာလည္း Roseanne. ...နင့္ဆီက ထြက္ေျပးလာေပမယ့္....အခုထိ နင္နဲ႕ပတ္သက္တဲ့ အိမ္မက္ဆိုးေတြ မက္ေနတုံးဘဲ "

Ruby Jane အလုပ္သြားဖို႔ ေရခ်ိဳးရင္း ေရ႐ြတ္လိုက္သည္

"Good Morning Robin "

"Good Morning Jennie "

"Early Check Out ဘယ္ႏွခန္းထြက္သြားၿပီလည္း "

"သုံးခန္းထြက္သြားၿပီ ႏွစ္ခန္းဘဲ က်န္ေတာ့တယ္ သူတို႔က ေလွဆိပ္သြားရမွာမို႔ Breakfast မစားနိုင္ဘူးတဲ့ ဒါေၾကာင့္မို႔ ငါ Breakfast box ေလးဘူး စီစဥ္ေပးထားတယ္ "

"ဟုတ္ၿပီ ..."

"မနက္စာစားၿပီးၿပီလား Jennie ငါ ဘာဝယ္ေပးရအုံးမယ္ "

"မစားရေသးဘူး ႏြားနို႔တစ္ဗူးဘဲ ဝယ္ေပး.... "

"ႏြားနို႔ေသာက္လည္း အရပ္က ထပ္ရွည္လာမွာ မဟုတ္ေတာ့ဘူးေနာ္ "

"ေခြးေကာင္ Robin ယုတ္မာတာ  "

"Haha. ..."

Ruby Jane ေခၚ Jennie တစ္ေယာက္ Robinနဲ႕ စကားေျပာရင္း ပိုက္ဆံေတြ အခန္းေတြကို စစ္လိုက္သည္

Ruby Jane တစ္ေယာက္ Roseanne ဆီကေန နယူးဇီလန္ကို ထြက္ေျပးလာၿပီးတဲ့ေနာက္ Jennieဆိုတဲ့ နာမည္ေျပာင္းၿပီး ေက်ာင္းတက္ခဲ့သည္

ေက်ာင္းၿပီးတဲ့ေနာက္ Kingဆိုတဲ့ ဟိုတယ္တစ္ခုမွာ အလုပ္ဝင္လုပ္ေနရင္း ဇာတ္ျမႇုပ္ေနခဲ့သည္

ေမာ္ေတာ္ယာဥ္ေတြ ျဖတ္သန္းသြားလာေနတာကို အေပၚစီးကေန Roseanne ဝီစကီေသာက္ရင္း ၾကည့္ေနသည္

" ဒုဥကၠဌ....မၾကာခင္..... "

"အင္း တ႐ုတ္က Mr. Ying နဲ႕သြားေတြ႕ရမွာ မဟုတ္လား "

"ဟုတ္ပါတယ္....အဲ့တာ သတိလာေမးတာပါ "

"ဟုတ္ၿပီ Seung Soo. ..ငါ စုံစမ္းခိုင္းထားတဲ့ တစ္ေယာက္ေရာ ရွာေတြ႕ၿပီလား "

"ဟိုေလ...ရွာ ရွာမေတြ႕ေသး "

ခြမ္း!

သူ႕ေဘးနားက နံရံကို မွန္ကာ ကြဲသြားတဲ့ ဝီစကီခြက္ေၾကာင့္ Seung Soo လန့္ၿပီး တုန္သြားတယ္

"ေကာင္မေလးတစ္ေယာက္ကိုေတာင္ တစ္ႏွစ္ေက်ာ္ရွိေနၿပီ ရွာမေတြ႕ေသးဘူးလား "

"ေတာင္း ေတာင္းပန္ပါတယ္ "

"ေစာက္သုံးမက်တဲ့ ေကာင္ေတြဘဲ..... ေနာက္တစ္ပတ္ထိ အခ်ိန္ေပးမယ္ Ruby Janeကို ေတြ႕ေအာင္ရွာၾက မေတြ႕လို႔ကေတာ့ နင္တို႔အကုန္ ေသၿပီသာမွတ္ "

Roseanne ေျပာၿပီး ႐ုံးခန္းထဲကေန ထြက္လာသည္

ထို႔ေနာက္ သူမ အေဖ Companyကေန ထြက္လာၿပီး Company ေရွ႕က ဇိမ္ခံကားေပၚတက္လိုက္သည္

"Golden City စားေသာက္ဆိုင္ကို ေမာင္းေပးပါ Uncle...."

"ဟုတ္ကဲ့ မမေလး "

ကားဒရိုင္ဘာလည္း ေခါင္းညိတ္ျပၿပီး ကားစက္ႏွိုးလိုက္သည္

Roseanne ေက်ာင္းၿပီးတဲ့ေနာက္ သူမအေဖပိုင္တဲ့ Companyတြင္ ဒုဥကၠဌ ရာထူးျဖင့္ အလုပ္ ဝင္လုပ္ေနသည္

Ruby Jane ထြက္သြားတဲ့ေန႕ကစၿပီး Ruby Janeကို ရွာေနေပမယ့္ Ruby Janeနဲ႕ ပတ္သက္တဲ့သတင္း ျမဴမႈန္တစ္စေလးေတာင္ မၾကားရေပ......

Roseanne ရွာေနတာကို ႀကိဳသိတဲ့ Ruby Janeကလည္း Jennieဆိုတဲ့ နာမည္ေျပာင္းၿပီး ဇာတ္ျမဳပ္ေနခဲ့တယ္ေလ

ဒါေၾကာင့္လည္း Roseanne တစ္ေယာက္ Ruby Janeကို အခုထိ ရွာလို႔ မေတြ႕ေသးတာ......

Roseanne စားေသာက္ဆိုင္ကို သြားတဲ့လမ္းတြင္ Ruby Janeနဲ႕သူမ ေလွ်ာက္လည္ခဲ့တဲ့ အခ်ိန္ေတြ ျပန္ေတြးမိၿပီး အံကို ႀကိတ္ထားကာ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားေလသည္

#TBC

Bạn đang đọc truyện trên: ZingTruyen.Xyz