Part 8
#unicode
Roseanne အတန်းထဲမှာ Ruby Janeကို စောင့်နေပေမယ့် Ruby Janeက ရောက်မလာသောကြောင့် တစ်ခုခုဖြစ်နေသလားဆိုပြီး ထိုင်နေရာက ထပြီး အတန်းအပြင်ထွက်လိုက်စဥ် Ruby Janeနဲ့ တွေ့လေသည်
"Roseanne "
"ထမင်းစားပြီးပြီးချင်း အတန်းထဲ မလာဘဲ ဘယ်တွေသွားနေတာလည်း Ruby "
"ဟို ဆရာမက ရုံးခန်းမှာ စုံထောက်တွေက တွေ့ချင်တယ်ခေါ်လို့ သွားတွေ့နေတာ "
Rubyရဲ့ စကားကြောင့် Roseanne မျက်မှောင်ကြုတ်သွားတယ်
"သူတို့က နင့်ကိုပါ ခေါ်တွေ့တာလား "
"အင်း ဟုတ်တယ် "
"ကျစ် အရေးမပါလိုက်တာ "
"နင့်ရော ခေါ်တွေ့လား "
"အင်း တွေ့တယ် အတန်းထဲက ဘယ်ကလေကဝက ချွန်လိုက်တာလည်းတော့ မသိဘူး မေးခွန်းတွေ အစုံမေးခံရတာဘဲ "
ခါးထောက်ပြီး အခန်းရှေ့အော်ပြောနေတဲ့ Roseanneရဲ့ အသံကြောင့် အတန်းထဲက လူတစ်ချို့မှာ ငြိမ်သက်သွားကြသည်
"ကဲပါ Roseanne ရယ် စိတ်လျော့ လာ နင်မမှီတဲ့ စာတွေ ငါ ပြန်ရှင်းပြမယ် "
Ruby Janeမှာ Roseanneရဲ့ လက်မောင်းကို တွဲပြီး အတန်းထဲခေါ်သွားလေသည်
"စီနီယာ ဘာဆက်လုပ်မလည်း "
Minoတစ်ယောက် ကျောင်းအုပ် ရုံးခန်းထဲ ထိုင်ပြီး စဥ်းစားနေတဲ့ သူ့စီနီယာ Jisooကို မေးလိုက်သည်
"ကျောင်းကို တစ်ပတ်ကြည့်ပြီးရင် ပြန်ကြတာပေါ့ အာ ဒါနဲ့ ဆရာမ မိန်းကလေး သန့်စင်ခန်းက ဘယ်ဘက်မှာလည်း မသိဘူး "
"အာ ဟုတ် ဒီလမ်းအတိုင်းတည့်တည့်သွားပြီး ဘယ်ဘက်ကွေ့လိုက်ပါ ပြီးတော့ ဆက်သွားရင်း လမ်းအဆုံးမှာ ညာဘက်ကွေ့ရင် ရောက်ပါပြီ စုံထောက်မလေး "
"ဟုတ် ကျေးဇူးပါ ဆရာမ "
"လိုက်ပို့ပေးရမလား "
"ရပါတယ် ကျွန်မ ဘာသာ သွားကြည့်ပါမယ် "
Jisoo ပြောပြီး ဆရာမ ညွှန်တဲ့အတိုင်း သန့်စင်ခန်းကို သွားလိုက်သည်
Jisoo သန့်စင်ခန်းထဲ ကိစ္စ ရှင်းပြီးသောအခါ သန့်စင်ခန်းကို တစ်ချက်ကြည့်လိုက်သည်
ပြတင်းပေါက်တစ်ခုကို တွေ့လို့ ဖွင့်ကြည့်လိုက်သောအခါ
"ဟာ...."
Jisoo အမြန် သူ့ဖုန်းကို ထုတ်ပြီး Minoကို ဖုန်းဆက်လိုက်သည်
"ဟုတ် စီနီယာ အိမ်သာရှာမတွေ့လို့လား "
"ရှာတွေ့ပြီ Mino ရှာတွေ့ပြီ "
"Aww စီနီယာရယ် အိမ်သာရှာတွေ့တာကို ဖုန်းဆက်ပြီး အရေးတကြီးပြောရလား "
"သောက်ချီး Mino. ..ငါ ရှာတွေ့ပြီပြောတာ ပျောက်နေတဲ့ ကောင်မလေး အလောင်းကို ရှာတွေ့တာ အမြန် မှုခင်းဆေးဌာနကို ဖုန်းဆက်လိုက် အော် ပြီးတော့ Mino ဒီသန့်စင်ခန်းဘက် ဘယ်ကျောင်းသားကျောင်းသူမှ မလာဖို့ ကျောင်းအုပ်ကြီးကို သတိပေးခိုင်းလိုက် ငါ ဒီမှာ စောင့်နေမယ် မှုခင်းဆေးဌာနက လူတွေရဲတွေလာရင် ဒီကိုလွှတ်လိုက် "
Jisooမှာ Mino ကို ညွှန်ကြားစရာရှိတာတွေ ညွန်ကြားပြီး သန့်စင်ခန်းထဲတွင် စောင့်နေသည်
"အင်း ဒီကောင်မလေးက ဘယ်လိုဖြစ်တာလည်း တစ်ချို့ကျောင်းသူတွေ ပြောသလို သူ့ကောင်လေး ဆိုင်ကယ် မတော်တဆ ဖြစ် သေသွားလို့ စိတ်ထိခိုက်ပြီး သူ့ကိုယ်သူ သတ်သေသွားတာလား....ဒါမှမဟုတ်.."
Jisoo သူ သိရတဲ့ အချက်အလက်သတင်းတွေ ပြန်တွေးကြည့်နေသည်
ခဏကြာသောအခါ မှုဆင်းဆေးဌာနမှ လူတွေရောက်လာကြပြီး Ji Yoon အလောင်းကို သယ်ထုတ်သွားကြသည်
မိုးရေတွေစိုထားသောကြောင့် လက်ဗွေရာတွေ ပျောက်သွားကြောင်း မှုခင်းဆေးဌာနက ပြောတော့ Jisoo အကြပ်ရိုက်သွားသည်
Ji Yoonက လည်ပင်းအညှစ်ခံရပြီး သေသွားကြောင်း မှုခင်းဆေးဌာနက ပြောတော့ Ji Yoon သူ့ကိုယ်သူ သတ်သေသွားတာလား ဒါမှမဟုတ် အသတ်ခံရတာလား Jisooနဲ့ Mino ခေါင်းချင်းဆိုင်ကာ ဆွေးနွေးနေကြသည်
အတန်းထဲတွင် Ji Yoonရယ် အလောင်းကို မိန်ကလေးသန့်စင်ခန်းထဲ တွေ့တဲ့အကြောင်း ပွက်လောညံအောင် ပြောနေကြသည်
Ruby Janeမှာလည်း သူမကို အနိုင်ကျင့်ခဲ့ပေမယ့် Ji Yoon အတွက် စိတ်မကောင်းဖြစ်နေသည်
"Ji Yoon သနားပါတယ်နော်..."
"အင်းဟယ် သူ Cha Minကြောင့် စိတ်ထိခိုက်ပြီး သတ်သေသွားတာလားမသိဘူး..."
"ဟုတ်မှာပေါ့ သူ့အိမ်နဲ့လည်း သူက အဆင်မပြေတော့ အဲ့လို သတ်သေသွားတာနေမယ်.... "
Jisooမှာ Ji Yoonရဲ့ မိဘတွေကို ဆက်သွယ်ပြီး အခြေအနေပြောပြတော့ Ji Yoonရဲ့ မိဘတွေမှာ သူ့သမီးက သူတို့နဲ့ အဆင်မပြေဖြစ်လို့ စိတ်ညစ်ပြီး သူ့ကိုယ်သူသတ်သေတယ်ဘဲ တွေးမိလို့ အမှုကို ပိတ်လိုက်သည်...
ညနေကျောင်းဆင်းတော့ Ruby Janeနဲ့ Roseanne အတန်းထဲက ထွက်လာတော့ Ruby Janeရဲ့ စက်ဘီး ခြင်းတောင်းထဲတွင် ချောကလက်နဲ့ စာလေးတစ်စောင်ကို တွေ့ရလေသည်
Ruby Janeမှာ ဘယ်သူပေးတာလည်း သိချင်လို့ စာကို ဖွင့်ကြည့်တော့ Leo ဆီက ဖြစ်နေသည်
"ဘယ်သူ ပေးတာလည်း Ruby "
Ruby Janeမှာ စာကို သေချာဖတ်နေသောကြောင့် Roseanne မေးတဲ့ မေးခွန်းကို မကြားလိုက်ပေ
"တောက် ဟိုအကောင်ဘဲ မဟုတ်လား Ruby "
Roseanne တောက်ခေါက်ပြီး Ruby Janeဆီက စာရွက်ကို ဆွဲလုကာ ဖတ်လိုက်သည်
"ငါထင်တဲ့အတိုင်းဘဲ... Leoဆီကမို့ ငါ့စကားကို နင် သောက်ဖက်မလုပ်တာဘဲ "
"အာ အဲ့လိုမဟုတ်ပါဘူး ဆူညံနေတော့ ငါ မကြားလိုက်တာပါ "
"တော်တော့ Ruby "
Roseanneမှာ စာရွက်ကို လုံးချေပြီး လွှင့်ပစ်လိုက်သည်
"Roseanne....နင်လျှောက်မလုပ်နဲ့နော် ..."
Ruby Janeမှာ Roseanneကို သတိပေးပေမယ့် Roseanneကတော့ ဆိုင်ကယ်ကို လီဗာတင်ပြီး မောင်းထွက်သွားသည်
Leo မင်းအသက်ကို ဖက်နဲ့ထုပ်ထားတော့
Roseanne ကြိမ်းဝါး အော်ဟစ်လိုက်သည်
Roseanne အိမ်ပြန်ရောက်တော့ ဘယ်သူ့ကိုမှ မနှုတ်ဆက်ဘဲ သူမအခန်းထဲ ဝင်သွားသည်
ထို့နောက် Leoကို ဘယ်လိုအဆုံးသတ်ရမလည်းဆိုတာ အခန်းကို အမှောင်ချပြီး စဥ်းစားလေသည်
#Tbc
ပျင်းစရာကောင်းနေလားမသိဘူး Chaennieက ကျွန်တော် ရေးနေကျ OTP မဟုတ်တော့ကျ ရေးရတာ နည်းနည်းခက်ခဲတယ် အကောင်းဆုံးကြိုးစားရေးနေတာမို့ ဖတ်ပေးကြ Cmtပေးကြလို့ တကယ် အားတက်စေပါတယ် 😍❤
#zawgyi
Roseanne အတန္းထဲမွာ Ruby Janeကို ေစာင့္ေနေပမယ့္ Ruby Janeက ေရာက္မလာေသာေၾကာင့္ တစ္ခုခုျဖစ္ေနသလားဆိုၿပီး ထိုင္ေနရာက ထၿပီး အတန္းအျပင္ထြက္လိုက္စဥ္ Ruby Janeနဲ႕ ေတြ႕ေလသည္
"Roseanne "
"ထမင္းစားၿပီးၿပီးခ်င္း အတန္းထဲ မလာဘဲ ဘယ္ေတြသြားေနတာလည္း Ruby "
"ဟို ဆရာမက ႐ုံးခန္းမွာ စုံေထာက္ေတြက ေတြ႕ခ်င္တယ္ေခၚလို႔ သြားေတြ႕ေနတာ "
Rubyရဲ႕ စကားေၾကာင့္ Roseanne မ်က္ေမွာင္ၾကဳတ္သြားတယ္
"သူတို႔က နင့္ကိုပါ ေခၚေတြ႕တာလား "
"အင္း ဟုတ္တယ္ "
"က်စ္ အေရးမပါလိုက္တာ "
"နင့္ေရာ ေခၚေတြ႕လား "
"အင္း ေတြ႕တယ္ အတန္းထဲက ဘယ္ကေလကဝက ခြၽန္လိုက္တာလည္းေတာ့ မသိဘူး ေမးခြန္းေတြ အစုံေမးခံရတာဘဲ "
ခါးေထာက္ၿပီး အခန္းေရွ႕ေအာ္ေျပာေနတဲ့ Roseanneရဲ႕ အသံေၾကာင့္ အတန္းထဲက လူတစ္ခ်ိဳ႕မွာ ၿငိမ္သက္သြားၾကသည္
"ကဲပါ Roseanne ရယ္ စိတ္ေလ်ာ့ လာ နင္မမွီတဲ့ စာေတြ ငါ ျပန္ရွင္းျပမယ္ "
Ruby Janeမွာ Roseanneရဲ႕ လက္ေမာင္းကို တြဲၿပီး အတန္းထဲေခၚသြားေလသည္
"စီနီယာ ဘာဆက္လုပ္မလည္း "
Minoတစ္ေယာက္ ေက်ာင္းအုပ္ ႐ုံးခန္းထဲ ထိုင္ၿပီး စဥ္းစားေနတဲ့ သူ႕စီနီယာ Jisooကို ေမးလိုက္သည္
"ေက်ာင္းကို တစ္ပတ္ၾကည့္ၿပီးရင္ ျပန္ၾကတာေပါ့ အာ ဒါနဲ႕ ဆရာမ မိန္းကေလး သန့္စင္ခန္းက ဘယ္ဘက္မွာလည္း မသိဘူး "
"အာ ဟုတ္ ဒီလမ္းအတိုင္းတည့္တည့္သြားၿပီး ဘယ္ဘက္ေကြ႕လိုက္ပါ ၿပီးေတာ့ ဆက္သြားရင္း လမ္းအဆုံးမွာ ညာဘက္ေကြ႕ရင္ ေရာက္ပါၿပီ စုံေထာက္မေလး "
"ဟုတ္ ေက်းဇူးပါ ဆရာမ "
"လိုက္ပို႔ေပးရမလား "
"ရပါတယ္ ကြၽန္မ ဘာသာ သြားၾကည့္ပါမယ္ "
Jisoo ေျပာၿပီး ဆရာမ ၫႊန္တဲ့အတိုင္း သန့္စင္ခန္းကို သြားလိုက္သည္
Jisoo သန့္စင္ခန္းထဲ ကိစၥ ရွင္းၿပီးေသာအခါ သန့္စင္ခန္းကို တစ္ခ်က္ၾကည့္လိုက္သည္
ျပတင္းေပါက္တစ္ခုကို ေတြ႕လို႔ ဖြင့္ၾကည့္လိုက္ေသာအခါ
"ဟာ...."
Jisoo အျမန္ သူ႕ဖုန္းကို ထုတ္ၿပီး Minoကို ဖုန္းဆက္လိုက္သည္
"ဟုတ္ စီနီယာ အိမ္သာရွာမေတြ႕လို႔လား "
"ရွာေတြ႕ၿပီ Mino ရွာေတြ႕ၿပီ "
"Aww စီနီယာရယ္ အိမ္သာရွာေတြ႕တာကို ဖုန္းဆက္ၿပီး အေရးတႀကီးေျပာရလား "
"ေသာက္ခ်ီး Mino. ..ငါ ရွာေတြ႕ၿပီေျပာတာ ေပ်ာက္ေနတဲ့ ေကာင္မေလး အေလာင္းကို ရွာေတြ႕တာ အျမန္ မႈခင္းေဆးဌာနကို ဖုန္းဆက္လိုက္ ေအာ္ ၿပီးေတာ့ Mino ဒီသန့္စင္ခန္းဘက္ ဘယ္ေက်ာင္းသားေက်ာင္းသူမွ မလာဖို႔ ေက်ာင္းအုပ္ႀကီးကို သတိေပးခိုင္းလိုက္ ငါ ဒီမွာ ေစာင့္ေနမယ္ မႈခင္းေဆးဌာနက လူေတြရဲေတြလာရင္ ဒီကိုလႊတ္လိုက္ "
Jisooမွာ Mino ကို ၫႊန္ၾကားစရာရွိတာေတြ ၫြန္ၾကားၿပီး သန့္စင္ခန္းထဲတြင္ ေစာင့္ေနသည္
"အင္း ဒီေကာင္မေလးက ဘယ္လိုျဖစ္တာလည္း တစ္ခ်ိဳ႕ေက်ာင္းသူေတြ ေျပာသလို သူ႕ေကာင္ေလး ဆိုင္ကယ္ မေတာ္တဆ ျဖစ္ ေသသြားလို႔ စိတ္ထိခိုက္ၿပီး သူ႕ကိုယ္သူ သတ္ေသသြားတာလား....ဒါမွမဟုတ္.."
Jisoo သူ သိရတဲ့ အခ်က္အလက္သတင္းေတြ ျပန္ေတြးၾကည့္ေနသည္
ခဏၾကာေသာအခါ မႈဆင္းေဆးဌာနမွ လူေတြေရာက္လာၾကၿပီး Ji Yoon အေလာင္းကို သယ္ထုတ္သြားၾကသည္
မိုးေရေတြစိုထားေသာေၾကာင့္ လက္ေဗြရာေတြ ေပ်ာက္သြားေၾကာင္း မႈခင္းေဆးဌာနက ေျပာေတာ့ Jisoo အၾကပ္ရိုက္သြားသည္
Ji Yoonက လည္ပင္းအညွစ္ခံရၿပီး ေသသြားေၾကာင္း မႈခင္းေဆးဌာနက ေျပာေတာ့ Ji Yoon သူ႕ကိုယ္သူ သတ္ေသသြားတာလား ဒါမွမဟုတ္ အသတ္ခံရတာလား Jisooနဲ႕ Mino ေခါင္းခ်င္းဆိုင္ကာ ေဆြးႏြေးေနၾကသည္
အတန္းထဲတြင္ Ji Yoonရယ္ အေလာင္းကို မိန္ကေလးသန့္စင္ခန္းထဲ ေတြ႕တဲ့အေၾကာင္း ပြက္ေလာညံေအာင္ ေျပာေနၾကသည္
Ruby Janeမွာလည္း သူမကို အနိုင္က်င့္ခဲ့ေပမယ့္ Ji Yoon အတြက္ စိတ္မေကာင္းျဖစ္ေနသည္
"Ji Yoon သနားပါတယ္ေနာ္..."
"အင္းဟယ္ သူ Cha Minေၾကာင့္ စိတ္ထိခိုက္ၿပီး သတ္ေသသြားတာလားမသိဘူး..."
"ဟုတ္မွာေပါ့ သူ႕အိမ္နဲ႕လည္း သူက အဆင္မေျပေတာ့ အဲ့လို သတ္ေသသြားတာေနမယ္.... "
Jisooမွာ Ji Yoonရဲ႕ မိဘေတြကို ဆက္သြယ္ၿပီး အေျခအေနေျပာျပေတာ့ Ji Yoonရဲ႕ မိဘေတြမွာ သူ႕သမီးက သူတို႔နဲ႕ အဆင္မေျပျဖစ္လို႔ စိတ္ညစ္ၿပီး သူ႕ကိုယ္သူသတ္ေသတယ္ဘဲ ေတြးမိလို႔ အမႈကို ပိတ္လိုက္သည္...
ညေနေက်ာင္းဆင္းေတာ့ Ruby Janeနဲ႕ Roseanne အတန္းထဲက ထြက္လာေတာ့ Ruby Janeရဲ႕ စက္ဘီး ျခင္းေတာင္းထဲတြင္ ေခ်ာကလက္နဲ႕ စာေလးတစ္ေစာင္ကို ေတြ႕ရေလသည္
Ruby Janeမွာ ဘယ္သူေပးတာလည္း သိခ်င္လို႔ စာကို ဖြင့္ၾကည့္ေတာ့ Leo ဆီက ျဖစ္ေနသည္
"ဘယ္သူ ေပးတာလည္း Ruby "
Ruby Janeမွာ စာကို ေသခ်ာဖတ္ေနေသာေၾကာင့္ Roseanne ေမးတဲ့ ေမးခြန္းကို မၾကားလိုက္ေပ
"ေတာက္ ဟိုအေကာင္ဘဲ မဟုတ္လား Ruby "
Roseanne ေတာက္ေခါက္ၿပီး Ruby Janeဆီက စာ႐ြက္ကို ဆြဲလုကာ ဖတ္လိုက္သည္
"ငါထင္တဲ့အတိုင္းဘဲ... Leoဆီကမို႔ ငါ့စကားကို နင္ ေသာက္ဖက္မလုပ္တာဘဲ "
"အာ အဲ့လိုမဟုတ္ပါဘူး ဆူညံေနေတာ့ ငါ မၾကားလိုက္တာပါ "
"ေတာ္ေတာ့ Ruby "
Roseanneမွာ စာ႐ြက္ကို လုံးေခ်ၿပီး လႊင့္ပစ္လိုက္သည္
"Roseanne....နင္ေလွ်ာက္မလုပ္နဲ႕ေနာ္ ..."
Ruby Janeမွာ Roseanneကို သတိေပးေပမယ့္ Roseanneကေတာ့ ဆိုင္ကယ္ကို လီဗာတင္ၿပီး ေမာင္းထြက္သြားသည္
Leo မင္းအသက္ကို ဖက္နဲ႕ထုပ္ထားေတာ့
Roseanne ႀကိမ္းဝါး ေအာ္ဟစ္လိုက္သည္
Roseanne အိမ္ျပန္ေရာက္ေတာ့ ဘယ္သူ႕ကိုမွ မႏႈတ္ဆက္ဘဲ သူမအခန္းထဲ ဝင္သြားသည္
ထို႔ေနာက္ Leoကို ဘယ္လိုအဆုံးသတ္ရမလည္းဆိုတာ အခန္းကို အေမွာင္ခ်ၿပီး စဥ္းစားေလသည္
#Tbc
ပ်င္းစရာေကာင္းေနလားမသိဘူး Chaennieက ကြၽန္ေတာ္ ေရးေနက် OTP မဟုတ္ေတာ့က် ေရးရတာ နည္းနည္းခက္ခဲတယ္ အေကာင္းဆုံးႀကိဳးစားေရးေနတာမို႔ ဖတ္ေပးၾက Cmtေပးၾကလို႔ တကယ္ အားတက္ေစပါတယ္ 😍
Bạn đang đọc truyện trên: ZingTruyen.Xyz