စစ္ျငိမ္းခ်မ္းပို္င္ ၏ အိမ္စာ
စစ္ျငိမ္းခ်မ္းပိုင္
ေဖ့အေၾကာင္း...အင္း စဥ္းစားလိုက္တာနဲ႔ အမ်ားၾကီးပဲ တစ္သီတန္းထြက္လာေပမယ့္
တကယ္တမ္းဘယ္ကစေျပာရမလဲ မသိဘူး။
ေဖရဲ႕ နာမည္ကေနပဲ စေျပာတာေပါ့။ ခ်န္းျငိမ္းေအာင္ တဲ့။ ျငိမ္းခ်မ္းမႈကို ေျပာင္းျပန္လွန္ထားတဲ့ သူ႕နာမည္လိုပဲ ေဖက အပူအေအး ေရာစပ္ေနတဲ့ လူမ်ိဳး။ ေဖ က တကယ္နားလည္ရခက္
တယ္။ ေဖၾကီးထက္ပိုျပီး စိတ္ခံစားခ်က္ေတြကို ေဖာ္ျပတတ္တယ္လို႕ ထင္ရေပမယ့္ မဟုတ္ဘူး။ ေဖရဲ႕ ဟိုး အတြင္းပိုင္းမွာျမွဳပ္ႏွံထားတာ
ေတြမွ အမ်ားၾကီးပဲ။ ကိုယ္ယံုၾကည္ဆံုးတစ္ခုရွိတယ္။ ေဖ့ကို အလံုးစံုနားလည္ႏိုင္ဆံုးလူက
ေဖၾကီးပဲရွိတယ္ဆိုတာပဲ။ ေဖတကယ္ဘာျဖစ္
ေနလဲဆိုတာမ်ိဳးကို ေဖၾကီးက တစ္ခ်က္ၾကည့္တာနဲ႕သိတယ္။
ေဖ့ မ်က္လံုးေတြ ၊ အျပံဳးေတြ ၊ ေဖၾကီးထက္
ျဖဴေဖြးေနတဲ့ အသားအရည္ စတာေတြကို
ေၾကာင့္ ေဖ့ကိုလူအမ်ားအထင္မွားခဲ့တာေတြအမ်ားၾကီးရွိခဲ့တယ္လို႕ ဦးငယ္ေျပာျပဖူးတယ္။ ဒါမ်ိဳးအေၾကာင္းအရာကို ေဖၾကီး ဆီက
ျပန္မၾကားရတာ မထူးဆန္းဘူး။ ေဖၾကီးက သူမ်ားေတြထက္ ေဖ့ကို ပိုသိသူေလ။ ေဖက သူ႕ကို လွတယ္တို႕ ေခ်ာတယ္လို႕ေျပာတာ မၾကိဳက္ဘူးေလ။ ဒါေၾကာင့္လည္း ေဖၾကီးက ေဖ့ရဲ႕ ငယ္တုန္းကအေၾကာင္းေတြကို ကိုယ့္ကိုေတာင္ မ
ေျပာျပခဲ့တာေပါ့။ ေဖ မၾကိဳက္တာေတြကို အေရွာင္ၾကဥ္ႏိုင္ဆံုး လူသားကလည္း ေဖၾကီးပဲ မလား။
ကိုယ္ဒါေတြေျပာေတာ့ ေဖ က ေဖၾကီးကုိ နိုင္
တယ္လို႕ ထင္လိမ့္မယ္။ မဟုတ္ပါဘူး။ ေဖၾကီးကို ဒီေလာကမွာအသနားဆံုးနဲ႔ အထိခိုက္မခံႏိုင္ဆံုးက ေဖပါပဲ။ အသက္ ၇ႏွစ္တုန္းက ျပခဲ့တဲ့ အေမွာက္ဖက္ျခမ္းဆိုတာကလည္း ေဖၾကီး
မ်က္ရည္က်မွာ မလိုခ်င္လို႕တဲ့။ ေဖ ဒီလိုမွ ဝုန္းဒိုင္းထမက်ဲရင္ မင္း ေဖၾကီးက ငါတို႕ကို
ေတာင္းပန္ျပီး မ်က္ရည္က က်ခ်င္က်လာမွာ...ေဖ မျမင္ခ်င္ဆံုးက မင္းေဖၾကီးငိုတာပဲတဲ့။ ကိုယ္သိသေလာက္ ေဖၾကီးက တစ္ခါမွ မငိုခဲ့့ဖူးဘူး။ ေဟာင္ေကာင္မွာေနတဲ့ ဘိုးဘိုး ဆံုးတုန္းကေတာင္ တီငယ့္ကိုပဲ ႏွစ္သိမ့္ေပးခဲ့တာကုိယ္
ျမင္ဖူးတာပဲ။ ထားပါေတာ့ေလ။ ေဖက အစစအရာရာ ေဖၾကီး ကိုတုိင္ပင္ျပီး ေဖၾကီးကို ေရွ႕တန္းတင္ထားေပးတတ္ေပမယ့္ သူက ေဖ
ၾကီးကို ေနာက္ကြယ္ကေန ေစာင့္ေရွာက္ေပး
တယ္။ မျမင္နုိင္တဲ့ အေမွာင္ျခမ္းေတြ ထုတ္သံုးဖို႕ လိုအပ္လာရင္ထုတ္သံုးတယ္ ။ ေဖၾကီးလို လင္းေနတတ္ပံုမ်ိဳးနဲ႕ကလည္း ေဖ့ လုိ လူမ်ိဳးအနားမွာ ရွိမွကို ျဖစ္မွာ။ ကိုယ္ေတာ့ ေဖ့ ရဲ႕ ကာ
ကြယ္တတ္ပံုကို သေဘာက်တယ္။ ကိုယ့္ရဲ႕ ျမင္ရတဲ့ အလင္းျခမ္းကေဖၾကီးနဲ႕ တူတယ္ဆိုရင္ မျမင္ရတဲ့ အေမွာင္ျခမ္းေတြက ေဖ့ အေမြပဲ။ ကိုယ္ခ်စ္တဲ့ လူကိုေတာ့ ကာကြယ္ရမွာပဲ၊ ဒါမ်ိဳးက သူတို႕ ေခတ္က စာေရးဆရာေတြ ေျပာသလို ရယူျခင္းျဖင့္ ေပးဆပ္ေနမယ္ ဆိုတာမ်ိဳးလိုေပါ့။
ဒီအေၾကာင္းအတြက္ ေဖ့ကို ခြင့္ေတာင္းေတာ့ ကိုယ့္ေဖ ပြင့္လင္းပံု ကိုယ္ေတာင္လန္႕ရတယ္။ ေဖၾကီး နဲ႕ ေဖ့အေၾကာင္း ေရးလို႕ရလား ေမး
ေတာ့...ဘာလဲ ေက်ာင္းက Gender ေတြအ
ေၾကာင္းေဆြးေႏြးခိုင္းျပန္ျပီလားတဲ့
ကုိယ္ေတာင္ ဘာမွ မေျပာရေသးဘူး။ ေဖ့ကို
ေဂးလ္ လို႕ ေရးခ်င္လည္းေရးတဲ့။
ေဖ့ကိုယ္ေဖေတာ့ ေသခ်ာမသိေပမယ့္ အရြယ္
ေရာက္တည္းက မင္း ေဖၾကီးကိုပဲ ၾကိဳက္ခဲ့တာ။ မင္းေဖၾကီးကပဲ ေဖ့ စြဲေဆာင္ ႏိုင္ေတာ့လဲ မ
တတ္နိုင္ဘူးတဲ့ ။ သားလည္း အဆင္ေျပသလိုသာေရးလိုက္တဲ့။
ဒါေတြေၾကာင့္ ေဖ့ ကို ရွိန္တာ။ သူက တကယ္ ေဖၾကီးနဲ႔ ပတ္သတ္ရင္မရဘူး။ ေဖၾကီးကို သူပို္င္တယ္...
ေဖၾကီးကို ဘယ္သူမွ မခ်စ္ခင္တည္းက သူခ်စ္ခဲ့တာ ဆိုတာမ်ိဳးကို သူက ခဏခဏေျပာတတ္
တယ္။ အျပင္မွာဆို ငပိုင္၊ ငပိုင္ နဲ႕ ခပ္မာမာ
ေခၚေနေပမယ့္ ကိုယ့္ကို မျပတတ္တ့ဲ သူ႕ ေနာက္တစ္ဖက္ျခမ္းမွာေတာ့ ပို္င္ လို႕ ျငင္ျငင္သာသာေခၚတတ္မယ္လို႕ ဘယ္သူထင္မလဲ။ တ
ကယ္လည္း တတ္နိုင္တဲ့ ေဖပါ။ အဲ့ ပံုကိုလည္း
တစ္သက္လံုး ေဖၾကီးပဲ ျမင္ေစရမယ္လို႕မ်ား သူ႕ကိုယ္သူ သစၥာဆိုထားလားမသိဘူး။
ေဖနဲ႔ ပတ္သတ္ျပီး အမွတ္တရေတြ ေျပာရရင္ေတာ့ အဲ့လုိမ်ိဳး ေဖ့ရဲ႕ ျမင္နိုင္ျခင္း ဖံုးကြယ္ျခင္း ေတြၾကားက ျခားနားျခင္းေတြပဲ။ သူ ခြင့္ေပးထားလို႕ ကိုယ္ဒါကို ေျပာျပတာေနာ္။ သူ ျပႆနာရွာရင္္ ေဖၾကီးသက္ေသရွိတယ္။
သူတို႕ ႏွစ္ေယာက္ရဲ႕ ကိုယ္ပိုင္လွ်ိဳ႕ဝွက္အခ်ိန္ေလးေတြဆိုတာ ရွိတယ္။ ကုိယ့္ေရွ႕မွာဆို သူတို႕က ခပ္ခြာခြာပဲ ကိုယ္ငယ္ငယ္တုန္းကဆို သူက အျမဲ ေလသံမာမာနဲ႔ ေဖၾကီးကို ေျပာေနတတ္လို႕ ကုိယ္က ေဖၾကီးကို မဆူပါနဲ႕လို႕ အျမဲ ဝင္ဝင္တားရတယ္။ သူအဲ့လို ဆူလို႕ ေဖၾကီး စိတ္မေကာင္းျဖစ္မွာ ၊ မူၾကိဳမွာ သင္ထားသလို
ေပြ႕ဖက္ျခင္းျဖင့္ အားေပးႏွစ္သိမ့္ေပးလိုက္ပါဆိုျပီးေျပာရင္
သား...မင္းက ကြာ အေဖေတြကို ဒီအရြယ္
တည္းက ဆရာလုပ္ေနျပီ။ မင္းေဖၾကီးကို ေဖ ဒီလိုပဲ ေျပာလာတာ။
မင္းေဖၾကီးက ရိုးေနျပီ လို႕ေျပာတတ္တယ္။
ေနာက္ျပီးရင္ အိမ္ေနာက္မွာ ေျပာရင္ အိမ္
ေရွ႕ထြက္သြားျပီးအိမ္ေရွ႕မွာ ေျပာရင္ အိမ္
ေနာက္ကို ေရွာင္ထြက္တာပဲ။ အစကေတာ့ ေဖ က ေဖၾကီးကို ကိုယ္ ခ်စ္သလို
မခ်စ္ဘူး ထင္ျပီး စိတ္မေကာင္းျဖစ္ခဲ့ရဖူးတယ္။ ဒါေပမဲ့ အဲ့ေန႕က မွတ္မွတ္ရရပါပဲ၊ ကိုယ္ ဘဝရဲ႕ အလွဆံုးေန႕ေတြတည္းက တစ္ခု၊ ကိုယ့္
အေဖေတြေၾကာင့္ ဂုဏ္ယူမဆံုးျဖစ္ခဲ့ရတဲ့ ေန႔
ျဖစ္ဖို႕ သူတို႕ တိတ္တိတ္ေလးတုိင္ပင္ေနၾကတာကို ကိုယ္ေတြ႕ဖူးခဲ့တယ္။ သူတို႕ကေတာ့ မသိပါဘူး...
အဲ့ေန႕ညေန ကိုယ္တို႕ ေက်ာင္းက လုပ္မယ့္
လြတ္လပ္ေရးေန႕ေပ်ာ္ပြဲရႊင္ပြဲအတြက္ ကို္ယ္ၾကိဳ
ေတြးျပီး အိပ္ေပ်ာ္သြားတယ္ေလ။ ကိုယ့္အတြက္ ပထမဆံုး ေက်ာင္းက ပြဲေလ။ ေနာက္ျပီး
ေဖၾကီးေရာ ေဖပါလိုက္မယ္ေျပာထားေတာ့
ကိုယ္ေပ်ာ္တာေပါ့။ အဲ့ေန႕ညက ကိုယ္ရွဴး
ေပါက္ခ်င္လို႕ တစ္ေရးနုိးလာေတာ့ ခုတင္ေပၚမွာ ေဖၾကီးတို႕ မရွိဘူး။ နုိးနိုးခ်င္းေတာ့ လန္႕ေပမယ့္ အိမ္ေရွ႕ခန္းမွာ ေဖၾကီးတို႕ အသံ တိုးတိုး
ေလးၾကားရတာနဲ႔ ကိုယ္အိမ္ေရွ႕ကို ထြက္လာတယ္။ ေဖၾကီးတို႕ကို အံ့ၾသေအာင္ လုပ္မယ္ဆိုတဲ့ အၾကံနဲ႕...ဒါေပမဲ့ အဲ့ အၾကံက
အင္း ဒီျမင္ကြင္းမ်ိဳး ကို္ယ္ ထည့္ေရးသင့္လား ။ ေရးမယ္ဗ်ာ။ ေခါင္းစဥ္နဲ႕ ဆိုင္ေတာ့ မဆိုင္ေပ
မယ့္ ဆရာမ စိတ္ဝင္စားေအာင္ ကုိယ္ထည့္ေရးဖို႕ ဒီေနရာမွာ ဆံုးျဖတ္ခ်က္ခ်လိုက္ပါတယ္ ခင္ဗ်။
အင္း...ဒါကို စာနဲ႕ ဘယ္လိုေျပာမလဲ။ လွတယ္လို႕ သံုးသင့္လား ၾကည္နူးစရာလို႕ သံုးသင့္လား။ ကိုယ္ေတာ့ ရွဴဳးေပါက္ဖို႕ ေမ့သြားတယ္။ အျမဲ ေဖၾကီးကို ငပိုင္လို႕ ခပ္မာမာ ေခၚတတ္တဲ့ ေဖက ပိုင္ လို႕ ေခၚေနခဲ့တယ္
ေဖ့ အျပံဳးေတြ...ကိုယ့္ကို ျပံဳးျပေနက်နဲ႔ မတူဘူး။ ဒါကို ကိုယ္မေျပာတတ္ဘူး။ အရမ္းလွတယ္ဆိုတာပဲသိတယ္
ကိုယ့္ေရွ႕မွာဆို ပုခံုးခ်င္း ထိတယ္ဆိုတာေတာင္ မရွိသေလာက္ျဖစ္ေနတဲ့ ေဖၾကီးက ေဖ့ ပုခံုးကို ခပ္ဖြဖြနမ္းေမႊးျပီး ျပံဳးေနတာ။ ေနာက္ေဖ့လက္ဖမိုးေတြ...ကို နမ္းရင္းလည္း ေက်းဇူးတင္စကားေျပာေနေသးတာ။
ေဖၾကီး ႏူးညံ့ျငိမ္းခ်မ္းတာ သိေပမယ့္ အခုေလာက္ထိ ရွိမယ္လို႔ မထင္ခဲ့ဘူး။ ေနာက္ျပီး ကိုယ့့္
ေဖၾကီးက သူ႕ဟာနဲ႔ သူေတာ့ဟုတ္ေနတာပဲ ။ ကို္ယ့္ကိုဆို သနပ္ခါးေတြ ကုန္ေအာင္ ကိုယ့္ပါးေတြကို အားၾကီးနဲ႕နမ္းသေလာက္ ေဖ့ ကို
ေတာ့ ခပ္ဖြဖြေလးဗ်ာ။ သူ႕ဟာသူ နမ္းျပီး သူ႕ဟာသူလည္းရွက္ေနေသးတာ။ ဒါကို
ေဖကစိတ္ဆိုးမယ္ထင္လား ။ ခပ္တည္တည္နဲ႔ ေနတတ္တဲ့ ေဖကေလ ခပ္တိုးတိုးရယ္ေနတာဗ်။ ျမင္ေတြ႕ဖို႕မလြယ္တဲ့ ေဖရဲ႕ ေနာက္ထပ္
တစ္ဖက္ျခမ္းပဲ၊ ေဖ ဘယ္လိုမ်ား ဒီေလာက္ထိျမိဳသိပ္ထိန္းသိမ္းနိုင္လဲ အခုထိကိုယ္ စဥ္းစား မရဘူး။
ကိုယ္ အစကေတာ့ သူတို႕ၾကားထဲ ေျပးသြားမလို႕ပဲ၊ မလုပ္ျဖစ္ခဲ့ပါဘူး ။ ကို္ယ္ အဲ့အရြယ္မွာ သိေနျပီးသား
အသိဥာဏ္က ကိုယ့္ ေဖေတြမွာလည္း သူတို႕ ကိုယ္ပိုင္ အခ်ိန္ဆိုတာ ရွိေနသင့္တာပဲ ဆိုျပီး ကိုယ့္ဘာသာကို္ယ္ပဲ တိိတ္တိတ္ေလးေနလိုက္တယ္။ အဲ့ေန႕ညျပီးေတာ့ အဲ့လိုမ်ိဳး ညေတြ ကိုယ္အမ်ားၾကီးေတြ႕ခဲ့ဖူးတယ္။
အဓိက ကေတာ့ ကိုယ့္ အတြက္ တုိင္ပင္ၾကတာေတြရွိတဲ့ အခါမိ်ဳးေတြေပါ့။ အစက အဲ့လ
ိုျမင္ရတာကိုကိုယ္ေပ်ာ္တယ္။ ကိုယ္အေဖေတြ တစ္ေယာက္နဲ႔ တစ္ေယာက္ခ်စ္တယ္ဆိုတာ
ေပ်ာ္ဖို႕ေကာင္းတယ္မလား။
ေနာက္ တျဖည္းျဖည္းသိလာတဲ့ အခ်ိန္က်ေတာ့ ကိုယ့္အေဖေတြကို ကိုယ္သနားလာတာပဲ။
သူတို႕ ေတြက အျမဲ ကုိယ့္အတြက္ပဲ ေတြးေပးတတ္တာ။ သူတို႕ေၾကာင့္ ကိုယ္စိတ္အားငယ္မွာ၊ ရွက္မွာေၾကာက္ေနၾကတယ္။ တစ္ဖက္ကလည္း သားက ငါတို႕ကို နားလည္ေပးမွာပါဆိုတဲ့ ေမွ်ာ္လင့္ခ်က္ပါတဲ့
စကားကို တစ္ေယာက္ကေျပာတိုင္း တစ္ေယာက္က တစ္နည္းနည္းနဲ႕ ႏွစ္သိမ့္ေပးျမဲ ၊ ကိုယ္ အျမဲတမ္းေျပာျပျဖစ္တဲ့ စကားရွိတယ္။ သူတို႕
ႏွစ္ေယာက္က ကိုယ့္အေဖျဖစ္ေနတာက ကိုယ္အေပ်ာ္ဆံုးပဲလို႕။
ဟုတ္တယ္။ ကိုယ္ သူတို႕သား ျဖစ္ရတာ ေပ်ာ္တယ္။
ကိုယ့္ေဖဟာ ပံုစံမ်ိဳးစံုနဲ႕ အေျပာင္းအလဲမ်ားတာမွန္ပါတယ္။ ဒါကို မေကာင္းဘူးလို႕ ကိုယ္
ေတာ့မထင္ဘူး။
သား တစ္ေယာက္ေရွ႕မွာ ေလးစားစရာလူတစ္ေယာက္ျဖစ္ေအာင္ ျမိဳသိပ္ထိန္းခ်ဳပ္မႈေပါင္းမ်ားစြာ သူတတ္နိုင္တာထက္ ပိုျပီး ၾကိဳးစားေပးေနတဲ့ ကိုယ့္ ေဖ ကိုမွ မေလးစားရင္ ကိုယ္
ဘယ္သူ႕ကို ေလးစားေပးရမလဲ။
အင္း ဒါ ကုိယ္ခ်န္ထားခဲ့တာေတြအမ်ားၾကီးရွိေသးတယ္။ ဦးငယ္ကို ျပၾကည့္ျပီး ျပန္တည္းျဖတ္သင့္ တည္းျဖတ္ရမယ္။ မနက္ျဖန္ေတာ့ ဦးငယ္အိမ္မွာ လာအိပ္မယ္လို႕ ေျပာထားတယ္။ သူ
ေခၚထားတာေလ။
သူက အဲ့လိုပဲ အျမဲတမ္းမဟုတ္ေပမယ့္ ေခၚေခၚအိပ္ခို္င္းတတ္တယ္။
ေမ့ေလာက္ရွိမွ တစ္ခါေခၚလို႕ သူ႕ အိမ္ကို မလာရင္ အလိုက္ကမ္းဆိုး မသိတာပဲတို႕ အရိပ္အကဲနားမလည္ဘူးစတဲ့ သူတို႕ေခတ္က အသံုးမ်ားတဲ့ စကားလံုးေတြ ေပါေပါသီသီသံုးျပီး
ေျပာေတာ့တာပဲ၊ မနက္ျဖန္ေတာ့
သူ႕ဆီသြားျပီး ဒီ Homework ကို ေဆြးေႏြး
ၾကည့္ရပါဦးမယ္။ တကၠသိုလ္ေကာင္းေကာင္းတတ္ခ်င္ရင္ စာေပအေရးအသားေကာင္းဖိုု႕ကလည္း လိုေသးတယ္မလား။
Thankyou guy! Good Night!
(Unicode)
/
/
/
စစ်ငြိမ်းချမ်းပိုင်
ဖေ့အကြောင်း...အင်း စဉ်းစားလိုက်တာနဲ့ အများကြီးပဲ တစ်သီတန်းထွက်လာပေမယ့်
တကယ်တမ်းဘယ်ကစပြောရမလဲ မသိဘူး။
ဖေရဲ့ နာမည်ကနေပဲ စပြောတာပေါ့။ ချန်းငြိမ်းအောင် တဲ့။ ငြိမ်းချမ်းမှုကို ပြောင်းပြန်လှန်ထားတဲ့ သူ့နာမည်လိုပဲ ဖေက အပူအအေး ရောစပ်နေတဲ့ လူမျိုး။ ဖေ က တကယ်နားလည်ရခက်
တယ်။ ဖေကြီးထက်ပိုပြီး စိတ်ခံစားချက်တွေကို ဖော်ပြတတ်တယ်လို့ ထင်ရပေမယ့် မဟုတ်ဘူး။ ဖေရဲ့ ဟိုး အတွင်းပိုင်းမှာမြှုပ်နှံထားတာ
တွေမှ အများကြီးပဲ။ ကိုယ်ယုံကြည်ဆုံးတစ်ခုရှိတယ်။ ဖေ့ကို အလုံးစုံနားလည်နိုင်ဆုံးလူက
ဖေကြီးပဲရှိတယ်ဆိုတာပဲ။ ဖေတကယ်ဘာဖြစ်
နေလဲဆိုတာမျိုးကို ဖေကြီးက တစ်ချက်ကြည့်တာနဲ့သိတယ်။
ဖေ့ မျက်လုံးတွေ ၊ အပြုံးတွေ ၊ ဖေကြီးထက်
ဖြူဖွေးနေတဲ့ အသားအရည် စတာတွေကို
ကြောင့် ဖေ့ကိုလူအများအထင်မှားခဲ့တာတွေအများကြီးရှိခဲ့တယ်လို့ ဦးငယ်ပြောပြဖူးတယ်။ ဒါမျိုးအကြောင်းအရာကို ဖေကြီး ဆီက
ပြန်မကြားရတာ မထူးဆန်းဘူး။ ဖေကြီးက သူများတွေထက် ဖေ့ကို ပိုသိသူလေ။ ဖေက သူ့ကို လှတယ်တို့ ချောတယ်လို့ပြောတာ မကြိုက်ဘူးလေ။ ဒါကြောင့်လည်း ဖေကြီးက ဖေ့ရဲ့ ငယ်တုန်းကအကြောင်းတွေကို ကိုယ့်ကိုတောင် မ
ပြောပြခဲ့တာပေါ့။ ဖေ မကြိုက်တာတွေကို အရှောင်ကြဉ်နိုင်ဆုံး လူသားကလည်း ဖေကြီးပဲ မလား။
ကိုယ်ဒါတွေပြောတော့ ဖေ က ဖေကြီးကို နိုင်
တယ်လို့ ထင်လိမ့်မယ်။ မဟုတ်ပါဘူး။ ဖေကြီးကို ဒီလောကမှာအသနားဆုံးနဲ့ အထိခိုက်မခံနိုင်ဆုံးက ဖေပါပဲ။ အသက် ၇နှစ်တုန်းက ပြခဲ့တဲ့ အမှောက်ဖက်ခြမ်းဆိုတာကလည်း ဖေကြီး
မျက်ရည်ကျမှာ မလိုချင်လို့တဲ့။ ဖေ ဒီလိုမှ ဝုန်းဒိုင်းထမကျဲရင် မင်း ဖေကြီးက ငါတို့ကို
တောင်းပန်ပြီး မျက်ရည်က ကျချင်ကျလာမှာ...ဖေ မမြင်ချင်ဆုံးက မင်းဖေကြီးငိုတာပဲတဲ့။ ကိုယ်သိသလောက် ဖေကြီးက တစ်ခါမှ မငိုခဲ့ဖူးဘူး။ ဟောင်ကောင်မှာနေတဲ့ ဘိုးဘိုး ဆုံးတုန်းကတောင် တီငယ့်ကိုပဲ နှစ်သိမ့်ပေးခဲ့တာကိုယ်
မြင်ဖူးတာပဲ။ ထားပါတော့လေ။ ဖေက အစစအရာရာ ဖေကြီး ကိုတိုင်ပင်ပြီး ဖေကြီးကို ရှေ့တန်းတင်ထားပေးတတ်ပေမယ့် သူက ဖေ
ကြီးကို နောက်ကွယ်ကနေ စောင့်ရှောက်ပေး
တယ်။ မမြင်နိုင်တဲ့ အမှောင်ခြမ်းတွေ ထုတ်သုံးဖို့ လိုအပ်လာရင်ထုတ်သုံးတယ် ။ ဖေကြီးလို လင်းနေတတ်ပုံမျိုးနဲ့ကလည်း ဖေ့ လို လူမျိုးအနားမှာ ရှိမှကို ဖြစ်မှာ။ ကိုယ်တော့ ဖေ့ ရဲ့ ကာ
ကွယ်တတ်ပုံကို သဘောကျတယ်။ ကိုယ့်ရဲ့ မြင်ရတဲ့ အလင်းခြမ်းကဖေကြီးနဲ့ တူတယ်ဆိုရင် မမြင်ရတဲ့ အမှောင်ခြမ်းတွေက ဖေ့ အမွေပဲ။ ကိုယ်ချစ်တဲ့ လူကိုတော့ ကာကွယ်ရမှာပဲ၊ ဒါမျိုးက သူတို့ ခေတ်က စာရေးဆရာတွေ ပြောသလို ရယူခြင်းဖြင့် ပေးဆပ်နေမယ် ဆိုတာမျိုးလိုပေါ့။
ဒီအကြောင်းအတွက် ဖေ့ကို ခွင့်တောင်းတော့ ကိုယ့်ဖေ ပွင့်လင်းပုံ ကိုယ်တောင်လန့်ရတယ်။ ဖေကြီး နဲ့ ဖေ့အကြောင်း ရေးလို့ရလား မေး
တော့...ဘာလဲ ကျောင်းက Gender တွေအ
ကြောင်းဆွေးနွေးခိုင်းပြန်ပြီလားတဲ့
ကိုယ်တောင် ဘာမှ မပြောရသေးဘူး။ ဖေ့ကို
ဂေးလ် လို့ ရေးချင်လည်းရေးတဲ့။
ဖေ့ကိုယ်ဖေတော့ သေချာမသိပေမယ့် အရွယ်
ရောက်တည်းက မင်း ဖေကြီးကိုပဲ ကြိုက်ခဲ့တာ။ မင်းဖေကြီးကပဲ ဖေ့ စွဲဆောင် နိုင်တော့လဲ မ
တတ်နိုင်ဘူးတဲ့ ။ သားလည်း အဆင်ပြေသလိုသာရေးလိုက်တဲ့။
ဒါတွေကြောင့် ဖေ့ ကို ရှိန်တာ။ သူက တကယ် ဖေကြီးနဲ့ ပတ်သတ်ရင်မရဘူး။ ဖေကြီးကို သူပိုင်တယ်...
ဖေကြီးကို ဘယ်သူမှ မချစ်ခင်တည်းက သူချစ်ခဲ့တာ ဆိုတာမျိုးကို သူက ခဏခဏပြောတတ်
တယ်။ အပြင်မှာဆို ငပိုင်၊ ငပိုင် နဲ့ ခပ်မာမာ
ခေါ်နေပေမယ့် ကိုယ့်ကို မပြတတ်တဲ့ သူ့ နောက်တစ်ဖက်ခြမ်းမှာတော့ ပိုင် လို့ ငြင်ငြင်သာသာခေါ်တတ်မယ်လို့ ဘယ်သူထင်မလဲ။ တ
ကယ်လည်း တတ်နိုင်တဲ့ ဖေပါ။ အဲ့ ပုံကိုလည်း
တစ်သက်လုံး ဖေကြီးပဲ မြင်စေရမယ်လို့များ သူ့ကိုယ်သူ သစ္စာဆိုထားလားမသိဘူး။
ဖေနဲ့ ပတ်သတ်ပြီး အမှတ်တရတွေ ပြောရရင်တော့ အဲ့လိုမျိုး ဖေ့ရဲ့ မြင်နိုင်ခြင်း ဖုံးကွယ်ခြင်း တွေကြားက ခြားနားခြင်းတွေပဲ။ သူ ခွင့်ပေးထားလို့ ကိုယ်ဒါကို ပြောပြတာနော်။ သူ ပြဿနာရှာရင် ဖေကြီးသက်သေရှိတယ်။
သူတို့ နှစ်ယောက်ရဲ့ ကိုယ်ပိုင်လျှို့ဝှက်အချိန်လေးတွေဆိုတာ ရှိတယ်။ ကိုယ့်ရှေ့မှာဆို သူတို့က ခပ်ခွာခွာပဲ ကိုယ်ငယ်ငယ်တုန်းကဆို သူက အမြဲ လေသံမာမာနဲ့ ဖေကြီးကို ပြောနေတတ်လို့ ကိုယ်က ဖေကြီးကို မဆူပါနဲ့လို့ အမြဲ ဝင်ဝင်တားရတယ်။ သူအဲ့လို ဆူလို့ ဖေကြီး စိတ်မကောင်းဖြစ်မှာ ၊ မူကြိုမှာ သင်ထားသလို
ပွေ့ဖက်ခြင်းဖြင့် အားပေးနှစ်သိမ့်ပေးလိုက်ပါဆိုပြီးပြောရင်
သား...မင်းက ကွာ အဖေတွေကို ဒီအရွယ်
တည်းက ဆရာလုပ်နေပြီ။ မင်းဖေကြီးကို ဖေ ဒီလိုပဲ ပြောလာတာ။
မင်းဖေကြီးက ရိုးနေပြီ လို့ပြောတတ်တယ်။
နောက်ပြီးရင် အိမ်နောက်မှာ ပြောရင် အိမ်
ရှေ့ထွက်သွားပြီးအိမ်ရှေ့မှာ ပြောရင် အိမ်
နောက်ကို ရှောင်ထွက်တာပဲ။ အစကတော့ ဖေ က ဖေကြီးကို ကိုယ် ချစ်သလို
မချစ်ဘူး ထင်ပြီး စိတ်မကောင်းဖြစ်ခဲ့ရဖူးတယ်။ ဒါပေမဲ့ အဲ့နေ့က မှတ်မှတ်ရရပါပဲ၊ ကိုယ် ဘဝရဲ့ အလှဆုံးနေ့တွေတည်းက တစ်ခု၊ ကိုယ့်
အဖေတွေကြောင့် ဂုဏ်ယူမဆုံးဖြစ်ခဲ့ရတဲ့ နေ့
ဖြစ်ဖို့ သူတို့ တိတ်တိတ်လေးတိုင်ပင်နေကြတာကို ကိုယ်တွေ့ဖူးခဲ့တယ်။ သူတို့ကတော့ မသိပါဘူး...
အဲ့နေ့ညနေ ကိုယ်တို့ ကျောင်းက လုပ်မယ့်
လွတ်လပ်ရေးနေ့ပျော်ပွဲရွှင်ပွဲအတွက် ကိုယ်ကြို
တွေးပြီး အိပ်ပျော်သွားတယ်လေ။ ကိုယ့်အတွက် ပထမဆုံး ကျောင်းက ပွဲလေ။ နောက်ပြီး
ဖေကြီးရော ဖေပါလိုက်မယ်ပြောထားတော့
ကိုယ်ပျော်တာပေါ့။ အဲ့နေ့ညက ကိုယ်ရှူး
ပေါက်ချင်လို့ တစ်ရေးနိုးလာတော့ ခုတင်ပေါ်မှာ ဖေကြီးတို့ မရှိဘူး။ နိုးနိုးချင်းတော့ လန့်ပေမယ့် အိမ်ရှေ့ခန်းမှာ ဖေကြီးတို့ အသံ တိုးတိုး
လေးကြားရတာနဲ့ ကိုယ်အိမ်ရှေ့ကို ထွက်လာတယ်။ ဖေကြီးတို့ကို အံ့သြအောင် လုပ်မယ်ဆိုတဲ့ အကြံနဲ့...ဒါပေမဲ့ အဲ့ အကြံက
အင်း ဒီမြင်ကွင်းမျိုး ကိုယ် ထည့်ရေးသင့်လား ။ ရေးမယ်ဗျာ။ ခေါင်းစဉ်နဲ့ ဆိုင်တော့ မဆိုင်ပေ
မယ့် ဆရာမ စိတ်ဝင်စားအောင် ကိုယ်ထည့်ရေးဖို့ ဒီနေရာမှာ ဆုံးဖြတ်ချက်ချလိုက်ပါတယ် ခင်ဗျ။
အင်း...ဒါကို စာနဲ့ ဘယ်လိုပြောမလဲ။ လှတယ်လို့ သုံးသင့်လား ကြည်နူးစရာလို့ သုံးသင့်လား။ ကိုယ်တော့ ရှူုးပေါက်ဖို့ မေ့သွားတယ်။ အမြဲ ဖေကြီးကို ငပိုင်လို့ ခပ်မာမာ ခေါ်တတ်တဲ့ ဖေက ပိုင် လို့ ခေါ်နေခဲ့တယ်
ဖေ့ အပြုံးတွေ...ကိုယ့်ကို ပြုံးပြနေကျနဲ့ မတူဘူး။ ဒါကို ကိုယ်မပြောတတ်ဘူး။ အရမ်းလှတယ်ဆိုတာပဲသိတယ်
ကိုယ့်ရှေ့မှာဆို ပုခုံးချင်း ထိတယ်ဆိုတာတောင် မရှိသလောက်ဖြစ်နေတဲ့ ဖေကြီးက ဖေ့ ပုခုံးကို ခပ်ဖွဖွနမ်းမွှေးပြီး ပြုံးနေတာ။ နောက်ဖေ့လက်ဖမိုးတွေ...ကို နမ်းရင်းလည်း ကျေးဇူးတင်စကားပြောနေသေးတာ။
ဖေကြီး နူးညံ့ငြိမ်းချမ်းတာ သိပေမယ့် အခုလောက်ထိ ရှိမယ်လို့ မထင်ခဲ့ဘူး။ နောက်ပြီး ကိုယ့်
ဖေကြီးက သူ့ဟာနဲ့ သူတော့ဟုတ်နေတာပဲ ။ ကိုယ့်ကိုဆို သနပ်ခါးတွေ ကုန်အောင် ကိုယ့်ပါးတွေကို အားကြီးနဲ့နမ်းသလောက် ဖေ့ ကို
တော့ ခပ်ဖွဖွလေးဗျာ။ သူ့ဟာသူ နမ်းပြီး သူ့ဟာသူလည်းရှက်နေသေးတာ။ ဒါကို
ဖေကစိတ်ဆိုးမယ်ထင်လား ။ ခပ်တည်တည်နဲ့ နေတတ်တဲ့ ဖေကလေ ခပ်တိုးတိုးရယ်နေတာဗျ။ မြင်တွေ့ဖို့မလွယ်တဲ့ ဖေရဲ့ နောက်ထပ်
တစ်ဖက်ခြမ်းပဲ၊ ဖေ ဘယ်လိုများ ဒီလောက်ထိမြိုသိပ်ထိန်းသိမ်းနိုင်လဲ အခုထိကိုယ် စဉ်းစား မရဘူး။
ကိုယ် အစကတော့ သူတို့ကြားထဲ ပြေးသွားမလို့ပဲ၊ မလုပ်ဖြစ်ခဲ့ပါဘူး ။ ကိုယ် အဲ့အရွယ်မှာ သိနေပြီးသား
အသိဉာဏ်က ကိုယ့် ဖေတွေမှာလည်း သူတို့ ကိုယ်ပိုင် အချိန်ဆိုတာ ရှိနေသင့်တာပဲ ဆိုပြီး ကိုယ့်ဘာသာကိုယ်ပဲ တိတ်တိတ်လေးနေလိုက်တယ်။ အဲ့နေ့ညပြီးတော့ အဲ့လိုမျိုး ညတွေ ကိုယ်အများကြီးတွေ့ခဲ့ဖူးတယ်။
အဓိက ကတော့ ကိုယ့် အတွက် တိုင်ပင်ကြတာတွေရှိတဲ့ အခါမျိုးတွေပေါ့။ အစက အဲ့လ
ိုမြင်ရတာကိုကိုယ်ပျော်တယ်။ ကိုယ်အဖေတွေ တစ်ယောက်နဲ့ တစ်ယောက်ချစ်တယ်ဆိုတာ
ပျော်ဖို့ကောင်းတယ်မလား။
နောက် တဖြည်းဖြည်းသိလာတဲ့ အချိန်ကျတော့ ကိုယ့်အဖေတွေကို ကိုယ်သနားလာတာပဲ။
သူတို့ တွေက အမြဲ ကိုယ့်အတွက်ပဲ တွေးပေးတတ်တာ။ သူတို့ကြောင့် ကိုယ်စိတ်အားငယ်မှာ၊ ရှက်မှာကြောက်နေကြတယ်။ တစ်ဖက်ကလည်း သားက ငါတို့ကို နားလည်ပေးမှာပါဆိုတဲ့ မျှော်လင့်ချက်ပါတဲ့
စကားကို တစ်ယောက်ကပြောတိုင်း တစ်ယောက်က တစ်နည်းနည်းနဲ့ နှစ်သိမ့်ပေးမြဲ ၊ ကိုယ် အမြဲတမ်းပြောပြဖြစ်တဲ့ စကားရှိတယ်။ သူတို့
နှစ်ယောက်က ကိုယ့်အဖေဖြစ်နေတာက ကိုယ်အပျော်ဆုံးပဲလို့။
ဟုတ်တယ်။ ကိုယ် သူတို့သား ဖြစ်ရတာ ပျော်တယ်။
ကိုယ့်ဖေဟာ ပုံစံမျိုးစုံနဲ့ အပြောင်းအလဲများတာမှန်ပါတယ်။ ဒါကို မကောင်းဘူးလို့ ကိုယ်
တော့မထင်ဘူး။
သား တစ်ယောက်ရှေ့မှာ လေးစားစရာလူတစ်ယောက်ဖြစ်အောင် မြိုသိပ်ထိန်းချုပ်မှုပေါင်းများစွာ သူတတ်နိုင်တာထက် ပိုပြီး ကြိုးစားပေးနေတဲ့ ကိုယ့် ဖေ ကိုမှ မလေးစားရင် ကိုယ်
ဘယ်သူ့ကို လေးစားပေးရမလဲ။
အင်း ဒါ ကိုယ်ချန်ထားခဲ့တာတွေအများကြီးရှိသေးတယ်။ ဦးငယ်ကို ပြကြည့်ပြီး ပြန်တည်းဖြတ်သင့် တည်းဖြတ်ရမယ်။ မနက်ဖြန်တော့ ဦးငယ်အိမ်မှာ လာအိပ်မယ်လို့ ပြောထားတယ်။ သူ
ခေါ်ထားတာလေ။
သူက အဲ့လိုပဲ အမြဲတမ်းမဟုတ်ပေမယ့် ခေါ်ခေါ်အိပ်ခိုင်းတတ်တယ်။
မေ့လောက်ရှိမှ တစ်ခါခေါ်လို့ သူ့ အိမ်ကို မလာရင် အလိုက်ကမ်းဆိုး မသိတာပဲတို့ အရိပ်အကဲနားမလည်ဘူးစတဲ့ သူတို့ခေတ်က အသုံးများတဲ့ စကားလုံးတွေ ပေါပေါသီသီသုံးပြီး
ပြောတော့တာပဲ၊ မနက်ဖြန်တော့
သူ့ဆီသွားပြီး ဒီ Homework ကို ဆွေးနွေး
ကြည့်ရပါဦးမယ်။ တက္ကသိုလ်ကောင်းကောင်းတတ်ချင်ရင် စာပေအရေးအသားကောင်းဖို့ကလည်း လိုသေးတယ်မလား။
Thankyou guy! Good Night!
Bạn đang đọc truyện trên: ZingTruyen.Xyz