ZingTruyen.Xyz

EX-pect

စစ္ျငိမ္းခ်မ္းပိုင္

HsuChiKo365

စစ္ျငိ္မ္းခ်မ္းပိုင္

အားလံုးမဂၤလာပါ။ ကိုယ့္နာမည္ စစ္ျငိမ္းခ်မ္းပို္င္ ။ ျမန္မာႏိုင္ငံရဲ႕ အေစာဆံုး အမ်ိဳးသား စံုတြဲက
ေန ဖန္ျပြန္သေႏၶေဆာင္ျခင္းကေန ေမြးဖြားလာတဲ့ ကေလးတစ္ေယာက္ေပါ့။

ဒါကိုဘာလို႕ အရင္ေျပာရသလဲဆို ဒီေန႕
ေဆြးေႏြးရမယ့္ ေခါင္းစဥ္က ကိုယ္တို႕ ၾကီးျပင္းခဲ့ရာ ပတ္ဝန္းက်င္မွ ကိုယ္တို႕ အတုယူေလးစား ရတဲ့ လူေတြအေၾကာင္းျဖစ္ေနလို႕ပါ။ ကိုယ္က အမ်ိဳးသားစံုတြဲကေန ေမြးလာေတာ့...

ကိုယ့္မွာ အေမရွိေပမယ့္ အေဖႏွစ္ေယာက္နဲ႕
ၾကီးျပင္းခဲ့ရတယ္။ ကိုယ့္ ပတ္ဝန္းက်င္မွာ အမ်ိဳးသမီးရွားတယ္။

တစ္ႏွစ္တစ္ေခါက္ျပန္လာတဲ့ ကိုယ့္အေမရယ္ ေက်ာင္းပိတ္ရက္ရွည္ေတြေရာက္တိုင္းလာေခၚတတ္တဲ့ကိုယ့္ေဖရဲ႕ မား ကိုယ့္ဖြားပဲရွိတယ္။
ေမေမ့ ဖက္က အဘြားရွိေပမယ့္ သိပ္မရင္းႏွီးခဲ့ဘူးေပါ့။ ဒါေပမဲ့...

ကိုယ္အရင္္ဆံုး စေျပာရရင္ ကိုယ့္ေဖၾကီးပါ။ သူ႕နာမည္က ပိုင္သုတ တဲ့။ နာမည္နဲ႔ လုိက္
ေအာင္တကယ္ ဗဟုသုတျပည့္ဝတဲ့ လူတစ္
ေယာက္ပဲ၊ ကိုယ့္နဲ႔ အနီးဆံုးလူလို႕ ေျပာလို႕ရ
တယ္၊ ေဖၾကီးက စကားနည္းတယ္
ေအးေဆးတယ္၊ ျငိမ္းခ်မ္းတယ္ ၊ ကိုယ္ေတြ႕ဖူးသမွ်ထဲမွာ ကိုယ္တို႕ ေဖၾကီးက ေရာင့္ရဲတတ္ဆံုးလူသားလို႕ ေျပာလို႕ရတယ္။

ေဖ နဲ႕ ကို္ယ့္ အတြက္ဆို အနစ္နာခံတယ္။
ကိုယ္တို႕ အေပၚ ညွာတာတယ္၊ အေဖ
ႏွစ္ေယာက္ရဲ႕ အိမ္ေထာင္ေရးျဖစ္လို႕ ဘယ္သူက အိမ္ေထာင္ဦးစီးဆိုတဲ့ သတ္မွတ္ခ်က္မရွိေပမယ့္ ေဖေရာ ကိုယ္ေရာက ဘာပဲလုပ္လုပ္
ေဖၾကီး ဆီက အၾကံဥာဏ္ေတာင္းတတ္ၾက
တယ္၊ အျပင္မွာ ဘာပဲျဖစ္လာလာ ေဖၾကီးကို
ေျပာျပၾကတယ္။ ေဖၾကီးနဲ႕ ပတ္သတ္တဲ့ အ
မွတ္တရကို ေျပာျပရမယ္ဆိုရင္ အမ်ားၾကီးပဲ။ ကေလးဘဝအမွတ္တရ ေကာင္းေတြကို အမ်ားဆံုးဖန္တီးေပးခဲ့သူလို႕ ေျပာလို႕ရတယ္။ အမွတ္ရဆံုး အမွတ္တရေတြ မ်က္လံုးေတြ မွိတ္ျပီး
ျပန္ေတြးတိုင္း ျပံဳးေနႏိုင္ေစတာကေတာ့ ကိုယ္ မူၾကိဳ ေက်ာင္းနဲ႔ မူလတန္းတက္တုန္းက
အခ်ိန္ေတြပဲ ။ ေဖၾကီး နုိက္ဂ်ဴတီမရွိတဲ့ ေန႕ေတြဆို ကိုယ့္ကို ေက်ာင္းျပန္လာၾကိဳေလ့ရွိတယ္။ အဲ့က်ရင္

သားအဖႏွစ္ေယာက္ လက္ခ်င္းတြဲျပီး အိမ္ကို လမ္းေလွ်ာက္ျပန္ၾကတယ္။ အဲ့ အခ်ိန္က ကို္ယ့္အတြက္ အလွဆံုး အခ်ိန္ပဲ၊ အဲ့ခ်ိန္က ေဖၾကီးက သမားေတာ္ျဖစ္ဖို႕ ၾကိဳးစားေနရခ်ိန္မို႕ သူ႕
ေက်ာင္းစာအုပ္အေလးၾကီးေတြ ထည့္ထား
တတ္တဲ့ ေဘးအိတ္ေလးတစ္လံုးလြယ္ျပီး ကိုယ့္ကို လာၾကိဳတတ္တယ္။ သူ႕မွာလည္း ကိုယ့္လိုပါးခ်ိဳင့္ တစ္ဖက္ရွိေနလည္း ကိုယ့္ ပါးခ်ိဳင့္ေပၚလာေအာင္ ျပံဳးျပတိုင္းကိုယ့္ကို နမ္းတတ္တယ္။ ဒါ ဘယ္သူ႕အက်င့္လဲ ဆိုတာ သူ႕ကို ဘယ္္သူသင္ေပးထားတာလဲ ဆိုတာ အရြယ္ေရာက္ေတာ့ သိလာတာေပါ့။ ထားပါေတာ့...

အဲ့ ေက်ာင္းျပန္ခ်ိန္ ညေနခင္းေတြဆို ကိုယ္ သိခ်င္တာေတြ ေမးတာေပါ့။ ေက်ာင္းမွာ သင္ရတဲ့ စာေတြ အေၾကာင္း သူငယ္ခ်င္းေတြ အေၾကာင္း စံုလို႕ပါပဲ။ အဲ့ခ်ိန္တုန္းက ေဖၾကီးက အခုသံုးေနၾကတဲ့ search engine ေတြလိုပဲ။ ဘာေမးေမးအကုန္သိတယ္။ ကိုယ္ ေဖၾကီးလို ျဖစ္ခ်င္ခဲ့တာ။

ေဖၾကီး ေျပာဖူးတဲ့ စကားေတြထဲမွာမွ ကိုယ္
အၾကိဳက္ဆံုး စကားက လူတို္င္းေမြးလာတည္းက မဆိုးပါဘူး တဲ့။

အခုမွ ျပန္စဥ္းစားၾကည့္ေလ ကိုယ့္ ေဖၾကီးရဲ႕ လူေတြအေပၚအေကာင္းျမင္စိတ္ အတိုင္းအတာကို ျမင္ရေလပဲ၊

ကိုယ္ေမးဖူးတယ္။ ေဖၾကီးကိုဆို အျမဲ ႏွိမ္ခ်   ိသလို ၾကည့္တတ္တဲ့ ေမေမ့ အေမကို မမုန္းဘူးလား ဆိုေတာ့

ျပံဳးရင္းနဲ႔ပဲ ေခါင္းခါျပတယ္၊ ေဖ အဲ့ထက္အမ်ား
ၾကီး ဆိုးတာေတြ ၾကံဳရဖူးတယ္တဲ့၊

ကိုယ္ ေဖၾကီးနဲ႔ ပတ္သတ္တဲ့ ခံစားခ်က္ေတြကို ရာခို္င္ႏႈန္းခြဲၾကည့္မယ္ ဆိုရင္ ၁၀၀ရာခိုင္ႏႈန္း
ေလာက္နဲ႔ မေလာက္ဘူး ။
ဟုတ္တယ္ ၊ ကိုယ္ ေဖၾကီးကို ခ်စ္တယ္၊ ေလးစားတယ္ ၊ ျပီးေတာ့ သနားတယ္၊ ေဖ က
ေဖၾကီးငယ္ငယ္တုန္းက အေၾကာင္းေတြ ေျပာျပတုန္းကဆို ကိုယ္ ငိုခဲ့တယ္။ အဲ့တုန္းကဆို
ကိုယ္ ည ထမင္းမစားနိုင္တဲ့ ထိ ငိုခဲ့တယ္။
ကိုယ့္ အသက္ ၇ ႏွစ္ေလာက္ရွိျပီ။ ကိုယ္တို႕ မ်ိဳးဆက္မွာက အားလံုး သိတဲ့အတိုင္း အကုန္လံုးက သိလြယ္တတ္လြယ္ေနၾကေတာ့ ကိုယ္က အမ်ိဳးသားစံုတြဲက ေမြးလာတဲ့လူဆိုေတာ့ ကိုယ့္ကိုလည္း ေဂးလ္ လို႕ ထင္ေနၾကတာေတြ ရွိခဲ့
တယ္။ ေမးခံရတာေတြလည္း ရွိတာေပါ့။

မင္းအေဖ ေတြ ဘယ္လိုေနလဲ ဆိုတာမ်ိဳးေတြ။ အခ်င္းခ်င္းေမးၾကတာ ေပါ့။ အစက ကေလးပီပီ
ကိုယ္ရွက္တယ္၊ ကိုယ့္ အေဖေတြကို ဘယ္
ေလာက္ခ်စ္ခ်စ္ ေျပာခံ ေမးခံ ရဖန္မ်ားလာ
ေတာ့ ကိုယ္ နည္းနည္းစိတ္ကြပ္ခဲ့ဖူးတယ္။
အားလံုးကိုယ့္ကို အေမးမ်ားတဲ့ ေမးခြန္းတစ္ခုကို ကုိယ္ ေဖၾကီးကို ေမးလိုက္မိတယ္။
ေဖလည္းရွိတဲ့ ညစာထမင္းဝိုင္းမွာေပါ့။
အဲ့ဒါ ကိုယ့္ဘဝမွာ အၾကီးမားဆံုးေနာင္တလို႕လည္း ေျပာလို႕ရတယ္။

ေဖၾကီး ျဖစ္သြားတဲ့ မ်က္ႏွာအမူအရာ ႏွင့္ တုန္ယင္သြားတဲ့ ေဖ ကိုယ္လံုး အဲ့ ျမင္ကြင္း ခုထိ
ကိုယ္မေမ့ေသးဘူး။

ေတာင္းပန္ျပီးတာေတာင္ ခုထိ အိပ္မက္ျပန္မက္ရင္ ကိုယ္ မ်က္ရည္ေတြနဲ႕ နုိးလာတုန္းပဲ။

ေဖၾကီးေျပာဖူးတယ္၊ သူတို႕က စံုတြဲဆိုတာမ်ိဳးကို ကိုယ္နားမလည္ခင္ အရြယ္ကေပါ့။ ကိုယ္တို႕က မိသားစု ၊ ေဖၾကီးက ေဖ့ကို ခ်စ္တယ္ ၊
ေဖကလည္း ေဖၾကီးကို ခ်စ္တယ္ ၊ သူတို႕ ႏွစ္
ေယာက္လံုးက ကိုယ့္ကို ခ်စ္တယ္၊

ဒါေၾကာင့္ကိုယ္တို႕က မိသားစုပဲ ။ ကိုယ့္ ေမ
ေမကိုလည္း သူတို႕ မဖံုးကြယ္ခဲ့ပါဘူး ၊ ဒါကို
ကိုယ္က ဘာလို႕မ်ား

ဘယ္သူက ကိုယ့္အေဖအရင္းလဲလို႕ ေမးမိခဲ့တာလဲ။ ကိုယ့္ အေဖေတြအတြက္ ဒါဟာ နာ
က်င္စရာအေကာင္းဆံုး စကားဆိုတာ ကိုယ္ မဆင္ျခင္ႏိုင္ခဲ့ဘူး ။ အဓိက က လူေတြရဲ႕ ကိုယ္
ခ်င္းမစာနာျခင္းေတြထဲ ကိုယ္သားေကာင္ျဖစ္ခဲ့တာ။ ဒီ ကေလးကို ဒီေမးခြန္းမ်ိဳးက ေမးသင့္ရဲ႕လား ဆိုတာမ်ိဳး သူတို႕ မေတြးၾကတာပဲ။

အဲ့တုန္းက ေဖၾကီးက ေခါင္းငံု႕ျပီး သက္သက္ဖံုးကြယ္ထားတာမ်ိဳး မဟုတ္ပါဘူး ဆိုတဲ့ ေတာင္း
ပန္စကားနဲ႔ အတူ သားသိခ်င္ရင္ ေျပာျပပါ့မယ္ ဆိုတဲ့ စကားမဆံုးခင္ ေဖ ကေတာ့ ဝုန္းဒိုင္းက်ဲ
ေတာ့တာပဲ။ သူကိုယ္တိုင္ ခ်က္ေပးထားတဲ့
ထမင္းဝိုင္းတစ္ခုလံုး လွန္ေမွာက္ခဲ့တာ။ ကုိယ့္ ဘဝမွာ အဲ့ တစ္ခါပဲ ေဖ့ ေဒါသ၊

တစ္နည္းအားျဖင့္္ ကိုယ္မျမင္ဖူး ခဲ့တဲ့ ေၾကာက္စရာ အေမွာင္ျခမ္းကို ေဖ ျပခဲ့တဲ့ ပထမဆံုးနဲ႕
ေနာက္ဆံုးအၾကိမ္ပဲ။ အဲ့ အခ်ိန္က်မွ ေဖ့
အတြက္ သီးသန္႕ ေခၚတဲ့ အေခၚအေဝၚကို
ကိုယ္ၾကားဖူးတာ။

ကုိယ္မသိတတ္ခင္ကေတာ့ ေခၚခဲ့ဖူးလိမ့္ေပ
မယ့္ ကို္ယ္ မွတ္မွတ္ရရၾကားဖူးခဲ့တာမ်ိဳး မရွိတဲ့ တခ်န္း ဆိုတဲ့ ေခၚသံ။ တုိးတိုးေလးပါပဲ။ ထုိင္ေနရင္း အေၾကာက္တရားနဲ႕ ေၾကာင္အေနတဲ့
ကြ်န္ေတာ့္ကို ေထြးေပြ႕ရင္း ေဖ့ကို ေခၚခဲ့တဲ့ အဲ့ ႏွစ္လံုးတည္းေသာ နာမ တစ္ခုနဲ႔ ေဖ ကိုယ့္ေရွ႕
ျပိဳက်ျပီး ေဒါသေတြ ခ်က္ခ်င္းေျပသြားခဲ့တာ

ဒါ လံုးဝ ေမွာ္စြမ္းအားျပင္းတဲ့ ဂါထာ တစ္ခုလိုပဲ...ကုိယ္ေလ ေဖ့ ကိုၾကည့္ရင္းတုန္ေနေအာင္ ေၾကာက္ေနရင္းကေန မိုုက္လို္က္တာလို႕ စိတ္ထဲက ေရရြတ္မိတဲ့ ထိပဲ။

ေနာက္ေတာ့ ကိုယ့္ကို ေတာင္းပန္စကားဆိုခဲ့တဲ့ ေဖ နဲဲ႕ တစ္ညအတူတူ အိပ္ျဖစ္တယ္။ ကိုယ္က မူလတန္းစတက္တည္းက တစ္ေယာက္တည္း အိပ္ျဖစ္ေတာ့ အဲ့ေန႕ညက ေဖက ကို္ယ့္ အခန္းထဲ ဝင္အိပ္ျပီး ေဖၾကီးနဲ႕ သူ႕ငယ္ဘဝကို ေျပာျပခဲ့တာ။ ေသခ်ာတယ္ ကိုယ္ အေဖ ဘယ္သူဆိုတာ ကိုယ္သိဖို႕ မလိုေတာ့ဘူးလို႕

ထင္တယ္။ ေဖၾကီး ေျပာသလိုေပါ့ ။ ေဖၾကီးက ေဖ့ကို ခ်စ္တယ္။ ေဖကလည္း ေဖၾကီးကို ခ်စ္
တယ္။

သူတို႕ႏွစ္ေယာက္လံုးက ကိုယ့္ကို ခ်စ္တယ္။ ေလာကမွာ သူတို႕ႏွစ္ေယာက္ကို အခ်စ္ဆံုးလူသားက ကိုယ္ပဲ။

ဒီလိုဆို လံုေလာက္ျပီလို႕ ကိုယ္ထင္တယ္။ ဒါ
ေဖၾကီးနဲ႔ ပတ္သတ္လို႕ ကိုယ့္အမွတ္တရေတြပဲ။ ကိုယ့္ေဖၾကီးက ကိုယ့္အတြက္ ဘာလို႕ ေလးစားစရာေကာင္းတဲ့ လူျဖစ္ေနတာလည္း ဆိုတာ အားလံုး သိၾကျပီလို႕ ထင္ပါတယ္

ေနာက္တစ္ေယာက္ကေတာ့ ကိုယ့္ရဲ႕ ေဖ ေပါ့... အမွန္တိုင္းေျပာရရင္ ေဖ့ အေၾကာင္းေျပာဖို႕
နည္းနည္းေတာ့ လန္႔တယ္ ဗ်။ သူ႕ကို ခြင့္
ေတာင္းၾကည့္လိုက္ဦးမယ္။ ခြင့္ျပဳခ်က္ရရင္
ေတာ့ ကိုယ္ ေျပာျပမယ္လို႕ ကတိေပးပါတယ္။

See you all later. Have a nice day!

(unicode)

/

/

/

စစ်ငြိမ်းချမ်းပိုင်

အားလုံးမင်္ဂလာပါ။ ကိုယ့်နာမည် စစ်ငြိမ်းချမ်းပိုင် ။ မြန်မာနိုင်ငံရဲ့ အစောဆုံး အမျိုးသား စုံတွဲက
နေ ဖန်ပြွန်သန္ဓေဆောင်ခြင်းကနေ မွေးဖွားလာတဲ့ ကလေးတစ်ယောက်ပေါ့။

ဒါကိုဘာလို့ အရင်ပြောရသလဲဆို ဒီနေ့
ဆွေးနွေးရမယ့် ခေါင်းစဉ်က ကိုယ်တို့ ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်မှ ကိုယ်တို့ အတုယူလေးစား ရတဲ့ လူတွေအကြောင်းဖြစ်နေလို့ပါ။ ကိုယ်က အမျိုးသားစုံတွဲကနေ မွေးလာတော့...

ကိုယ့်မှာ အမေရှိပေမယ့် အဖေနှစ်ယောက်နဲ့
ကြီးပြင်းခဲ့ရတယ်။ ကိုယ့် ပတ်ဝန်းကျင်မှာ အမျိုးသမီးရှားတယ်။

တစ်နှစ်တစ်ခေါက်ပြန်လာတဲ့ ကိုယ့်အမေရယ် ကျောင်းပိတ်ရက်ရှည်တွေရောက်တိုင်းလာခေါ်တတ်တဲ့ကိုယ့်ဖေရဲ့ မား ကိုယ့်ဖွားပဲရှိတယ်။
မေမေ့ ဖက်က အဘွားရှိပေမယ့် သိပ်မရင်းနှီးခဲ့ဘူးပေါ့။ ဒါပေမဲ့...

ကိုယ်အရင်ဆုံး စပြောရရင် ကိုယ့်ဖေကြီးပါ။ သူ့နာမည်က ပိုင်သုတ တဲ့။ နာမည်နဲ့ လိုက်
အောင်တကယ် ဗဟုသုတပြည့်ဝတဲ့ လူတစ်
ယောက်ပဲ၊ ကိုယ့်နဲ့ အနီးဆုံးလူလို့ ပြောလို့ရ
တယ်၊ ဖေကြီးက စကားနည်းတယ်
အေးဆေးတယ်၊ ငြိမ်းချမ်းတယ် ၊ ကိုယ်တွေ့ဖူးသမျှထဲမှာ ကိုယ်တို့ ဖေကြီးက ရောင့်ရဲတတ်ဆုံးလူသားလို့ ပြောလို့ရတယ်။

ဖေ နဲ့ ကိုယ့် အတွက်ဆို အနစ်နာခံတယ်။
ကိုယ်တို့ အပေါ် ညှာတာတယ်၊ အဖေ
နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဖြစ်လို့ ဘယ်သူက အိမ်ထောင်ဦးစီးဆိုတဲ့ သတ်မှတ်ချက်မရှိပေမယ့် ဖေရော ကိုယ်ရောက ဘာပဲလုပ်လုပ်
ဖေကြီး ဆီက အကြံဉာဏ်တောင်းတတ်ကြ
တယ်၊ အပြင်မှာ ဘာပဲဖြစ်လာလာ ဖေကြီးကို
ပြောပြကြတယ်။ ဖေကြီးနဲ့ ပတ်သတ်တဲ့ အ
မှတ်တရကို ပြောပြရမယ်ဆိုရင် အများကြီးပဲ။ ကလေးဘဝအမှတ်တရ ကောင်းတွေကို အများဆုံးဖန်တီးပေးခဲ့သူလို့ ပြောလို့ရတယ်။ အမှတ်ရဆုံး အမှတ်တရတွေ မျက်လုံးတွေ မှိတ်ပြီး
ပြန်တွေးတိုင်း ပြုံးနေနိုင်စေတာကတော့ ကိုယ် မူကြို ကျောင်းနဲ့ မူလတန်းတက်တုန်းက
အချိန်တွေပဲ ။ ဖေကြီး နိုက်ဂျူတီမရှိတဲ့ နေ့တွေဆို ကိုယ့်ကို ကျောင်းပြန်လာကြိုလေ့ရှိတယ်။ အဲ့ကျရင်

သားအဖနှစ်ယောက် လက်ချင်းတွဲပြီး အိမ်ကို လမ်းလျှောက်ပြန်ကြတယ်။ အဲ့ အချိန်က ကိုယ့်အတွက် အလှဆုံး အချိန်ပဲ၊ အဲ့ချိန်က ဖေကြီးက သမားတော်ဖြစ်ဖို့ ကြိုးစားနေရချိန်မို့ သူ့
ကျောင်းစာအုပ်အလေးကြီးတွေ ထည့်ထား
တတ်တဲ့ ဘေးအိတ်လေးတစ်လုံးလွယ်ပြီး ကိုယ့်ကို လာကြိုတတ်တယ်။ သူ့မှာလည်း ကိုယ့်လိုပါးချိုင့် တစ်ဖက်ရှိနေလည်း ကိုယ့် ပါးချိုင့်ပေါ်လာအောင် ပြုံးပြတိုင်းကိုယ့်ကို နမ်းတတ်တယ်။ ဒါ ဘယ်သူ့အကျင့်လဲ ဆိုတာ သူ့ကို ဘယ်သူသင်ပေးထားတာလဲ ဆိုတာ အရွယ်ရောက်တော့ သိလာတာပေါ့။ ထားပါတော့...

အဲ့ ကျောင်းပြန်ချိန် ညနေခင်းတွေဆို ကိုယ် သိချင်တာတွေ မေးတာပေါ့။ ကျောင်းမှာ သင်ရတဲ့ စာတွေ အကြောင်း သူငယ်ချင်းတွေ အကြောင်း စုံလို့ပါပဲ။ အဲ့ချိန်တုန်းက ဖေကြီးက အခုသုံးနေကြတဲ့ search engine တွေလိုပဲ။ ဘာမေးမေးအကုန်သိတယ်။ ကိုယ် ဖေကြီးလို ဖြစ်ချင်ခဲ့တာ။

ဖေကြီး ပြောဖူးတဲ့ စကားတွေထဲမှာမှ ကိုယ်
အကြိုက်ဆုံး စကားက လူတိုင်းမွေးလာတည်းက မဆိုးပါဘူး တဲ့။

အခုမှ ပြန်စဉ်းစားကြည့်လေ ကိုယ့် ဖေကြီးရဲ့ လူတွေအပေါ်အကောင်းမြင်စိတ် အတိုင်းအတာကို မြင်ရလေပဲ၊

ကိုယ်မေးဖူးတယ်။ ဖေကြီးကိုဆို အမြဲ နှိမ်ချ ိသလို ကြည့်တတ်တဲ့ မေမေ့ အမေကို မမုန်းဘူးလား ဆိုတော့

ပြုံးရင်းနဲ့ပဲ ခေါင်းခါပြတယ်၊ ဖေ အဲ့ထက်အများ
ကြီး ဆိုးတာတွေ ကြုံရဖူးတယ်တဲ့၊

ကိုယ် ဖေကြီးနဲ့ ပတ်သတ်တဲ့ ခံစားချက်တွေကို ရာခိုင်နှုန်းခွဲကြည့်မယ် ဆိုရင် ၁၀၀ရာခိုင်နှုန်း
လောက်နဲ့ မလောက်ဘူး ။
ဟုတ်တယ် ၊ ကိုယ် ဖေကြီးကို ချစ်တယ်၊ လေးစားတယ် ၊ ပြီးတော့ သနားတယ်၊ ဖေ က
ဖေကြီးငယ်ငယ်တုန်းက အကြောင်းတွေ ပြောပြတုန်းကဆို ကိုယ် ငိုခဲ့တယ်။ အဲ့တုန်းကဆို
ကိုယ် ည ထမင်းမစားနိုင်တဲ့ ထိ ငိုခဲ့တယ်။
ကိုယ့် အသက် ၇ နှစ်လောက်ရှိပြီ။ ကိုယ်တို့ မျိုးဆက်မှာက အားလုံး သိတဲ့အတိုင်း အကုန်လုံးက သိလွယ်တတ်လွယ်နေကြတော့ ကိုယ်က အမျိုးသားစုံတွဲက မွေးလာတဲ့လူဆိုတော့ ကိုယ့်ကိုလည်း ဂေးလ် လို့ ထင်နေကြတာတွေ ရှိခဲ့
တယ်။ မေးခံရတာတွေလည်း ရှိတာပေါ့။

မင်းအဖေ တွေ ဘယ်လိုနေလဲ ဆိုတာမျိုးတွေ။ အချင်းချင်းမေးကြတာ ပေါ့။ အစက ကလေးပီပီ
ကိုယ်ရှက်တယ်၊ ကိုယ့် အဖေတွေကို ဘယ်
လောက်ချစ်ချစ် ပြောခံ မေးခံ ရဖန်များလာ
တော့ ကိုယ် နည်းနည်းစိတ်ကွပ်ခဲ့ဖူးတယ်။
အားလုံးကိုယ့်ကို အမေးများတဲ့ မေးခွန်းတစ်ခုကို ကိုယ် ဖေကြီးကို မေးလိုက်မိတယ်။
ဖေလည်းရှိတဲ့ ညစာထမင်းဝိုင်းမှာပေါ့။
အဲ့ဒါ ကိုယ့်ဘဝမှာ အကြီးမားဆုံးနောင်တလို့လည်း ပြောလို့ရတယ်။

ဖေကြီး ဖြစ်သွားတဲ့ မျက်နှာအမူအရာ နှင့် တုန်ယင်သွားတဲ့ ဖေ ကိုယ်လုံး အဲ့ မြင်ကွင်း ခုထိ
ကိုယ်မမေ့သေးဘူး။

တောင်းပန်ပြီးတာတောင် ခုထိ အိပ်မက်ပြန်မက်ရင် ကိုယ် မျက်ရည်တွေနဲ့ နိုးလာတုန်းပဲ။

ဖေကြီးပြောဖူးတယ်၊ သူတို့က စုံတွဲဆိုတာမျိုးကို ကိုယ်နားမလည်ခင် အရွယ်ကပေါ့။ ကိုယ်တို့က မိသားစု ၊ ဖေကြီးက ဖေ့ကို ချစ်တယ် ၊
ဖေကလည်း ဖေကြီးကို ချစ်တယ် ၊ သူတို့ နှစ်
ယောက်လုံးက ကိုယ့်ကို ချစ်တယ်၊

ဒါကြောင့်ကိုယ်တို့က မိသားစုပဲ ။ ကိုယ့် မေ
မေကိုလည်း သူတို့ မဖုံးကွယ်ခဲ့ပါဘူး ၊ ဒါကို
ကိုယ်က ဘာလို့များ

ဘယ်သူက ကိုယ့်အဖေအရင်းလဲလို့ မေးမိခဲ့တာလဲ။ ကိုယ့် အဖေတွေအတွက် ဒါဟာ နာ
ကျင်စရာအကောင်းဆုံး စကားဆိုတာ ကိုယ် မဆင်ခြင်နိုင်ခဲ့ဘူး ။ အဓိက က လူတွေရဲ့ ကိုယ်
ချင်းမစာနာခြင်းတွေထဲ ကိုယ်သားကောင်ဖြစ်ခဲ့တာ။ ဒီ ကလေးကို ဒီမေးခွန်းမျိုးက မေးသင့်ရဲ့လား ဆိုတာမျိုး သူတို့ မတွေးကြတာပဲ။

အဲ့တုန်းက ဖေကြီးက ခေါင်းငုံ့ပြီး သက်သက်ဖုံးကွယ်ထားတာမျိုး မဟုတ်ပါဘူး ဆိုတဲ့ တောင်း
ပန်စကားနဲ့ အတူ သားသိချင်ရင် ပြောပြပါ့မယ် ဆိုတဲ့ စကားမဆုံးခင် ဖေ ကတော့ ဝုန်းဒိုင်းကျဲ
တော့တာပဲ။ သူကိုယ်တိုင် ချက်ပေးထားတဲ့
ထမင်းဝိုင်းတစ်ခုလုံး လှန်မှောက်ခဲ့တာ။ ကိုယ့် ဘဝမှာ အဲ့ တစ်ခါပဲ ဖေ့ ဒေါသ၊

တစ်နည်းအားဖြင့် ကိုယ်မမြင်ဖူး ခဲ့တဲ့ ကြောက်စရာ အမှောင်ခြမ်းကို ဖေ ပြခဲ့တဲ့ ပထမဆုံးနဲ့
နောက်ဆုံးအကြိမ်ပဲ။ အဲ့ အချိန်ကျမှ ဖေ့
အတွက် သီးသန့် ခေါ်တဲ့ အခေါ်အဝေါ်ကို
ကိုယ်ကြားဖူးတာ။

ကိုယ်မသိတတ်ခင်ကတော့ ခေါ်ခဲ့ဖူးလိမ့်ပေ
မယ့် ကိုယ် မှတ်မှတ်ရရကြားဖူးခဲ့တာမျိုး မရှိတဲ့ တချန်း ဆိုတဲ့ ခေါ်သံ။ တိုးတိုးလေးပါပဲ။ ထိုင်နေရင်း အကြောက်တရားနဲ့ ကြောင်အနေတဲ့
ကျွန်တော့်ကို ထွေးပွေ့ရင်း ဖေ့ကို ခေါ်ခဲ့တဲ့ အဲ့ နှစ်လုံးတည်းသော နာမ တစ်ခုနဲ့ ဖေ ကိုယ့်ရှေ့
ပြိုကျပြီး ဒေါသတွေ ချက်ချင်းပြေသွားခဲ့တာ

ဒါ လုံးဝ မှော်စွမ်းအားပြင်းတဲ့ ဂါထာ တစ်ခုလိုပဲ...ကိုယ်လေ ဖေ့ ကိုကြည့်ရင်းတုန်နေအောင် ကြောက်နေရင်းကနေ မိုက်လိုက်တာလို့ စိတ်ထဲက ရေရွတ်မိတဲ့ ထိပဲ။

နောက်တော့ ကိုယ့်ကို တောင်းပန်စကားဆိုခဲ့တဲ့ ဖေ နဲ့ တစ်ညအတူတူ အိပ်ဖြစ်တယ်။ ကိုယ်က မူလတန်းစတက်တည်းက တစ်ယောက်တည်း အိပ်ဖြစ်တော့ အဲ့နေ့ညက ဖေက ကိုယ့် အခန်းထဲ ဝင်အိပ်ပြီး ဖေကြီးနဲ့ သူ့ငယ်ဘဝကို ပြောပြခဲ့တာ။ သေချာတယ် ကိုယ် အဖေ ဘယ်သူဆိုတာ ကိုယ်သိဖို့ မလိုတော့ဘူးလို့

ထင်တယ်။ ဖေကြီး ပြောသလိုပေါ့ ။ ဖေကြီးက ဖေ့ကို ချစ်တယ်။ ဖေကလည်း ဖေကြီးကို ချစ်
တယ်။

သူတို့နှစ်ယောက်လုံးက ကိုယ့်ကို ချစ်တယ်။ လောကမှာ သူတို့နှစ်ယောက်ကို အချစ်ဆုံးလူသားက ကိုယ်ပဲ။

ဒီလိုဆို လုံလောက်ပြီလို့ ကိုယ်ထင်တယ်။ ဒါ
ဖေကြီးနဲ့ ပတ်သတ်လို့ ကိုယ့်အမှတ်တရတွေပဲ။ ကိုယ့်ဖေကြီးက ကိုယ့်အတွက် ဘာလို့ လေးစားစရာကောင်းတဲ့ လူဖြစ်နေတာလည်း ဆိုတာ အားလုံး သိကြပြီလို့ ထင်ပါတယ်

နောက်တစ်ယောက်ကတော့ ကိုယ့်ရဲ့ ဖေ ပေါ့... အမှန်တိုင်းပြောရရင် ဖေ့ အကြောင်းပြောဖို့
နည်းနည်းတော့ လန့်တယ် ဗျ။ သူ့ကို ခွင့်
တောင်းကြည့်လိုက်ဦးမယ်။ ခွင့်ပြုချက်ရရင်
တော့ ကိုယ် ပြောပြမယ်လို့ ကတိပေးပါတယ်။

See you all later. Have a nice day!

Bạn đang đọc truyện trên: ZingTruyen.Xyz