ZingTruyen.Xyz

EX-pect

စစ္ျငိမ္းခ်မ္းပိုင္

HsuChiKo365

စစ္ျငိမ္းခ်မ္းပိုင္

ေက်ာင္းေပါက္ဝထိ လာၾကိဳမယ္လို႕ သူပဲေျပာသည္။ ေနာက္ OT ဝင္စရာရွိတယ္ဆိုျပီး

ကိုၾကီးေဇယ် ကိုပဲလာၾကိဳခိုင္းသည္။ ဦးငယ္၏ ပိုင္ႏိုင္မႈက လႊတ္ေတာ္အမတ္ေလာင္းငယ္ကိုပင္

ကေလးေက်ာင္းသြားၾကိဳခိုင္းနုိင္တာပင္။ ခပ္တည္တည္ပဲ ။

အခ်ိန္မီမလာနိုင္ေတာ့ေၾကာင္း ဖုန္းၾကိဳဆက္ေပးရွာေသာ္လည္း ကိုယ့္၏ ကိုယ့္အားကို္ယ္ကိုး

အိမ္ျပန္အစီအစဥ္အတြက္ စိတ္ေသလက္ခ်မရွိျခင္းကို 'ေဇယ်ကို ဖုန္းဆက္ၾကည့္စမ္း မယ္'

ဟူေသာ စကားျဖင့္ အနားသတ္သည္။

ရန္ကုန္ ျပင္ဦးလြင္ ေခ်ာင္းေပါက္မတတ္ လာလာေနေသာ ကိုၾကီးေဇယ်ကုိလည္း သူနဲ႕ စေတြ႕စ

အရြယ္ေလးလို႔ပင္ ထင္ေနလားမသိ။ ဟိုကျဖင့္ အခုဝတ္လာစားလာသည့္ ပံုက သူေဆးရံုမွာရွိ

သည့္ပံုထက္ သားနားသည္။ လည္ကတံုးအျဖဴ ၊ ကခ်င္ပုဆိုး အကြက္စိတ္ႏွင့္ ေသေသသပ္သပ္ရွိ

ေနေသာ ကိုၾကီးသည္ ကိုယ္သင္ယူခ်င္ေနေသာ ဘာသာရပ္ကို သင္ယူျပီးေျမာက္ထားျပီးလည္း

ျဖစ္ေနျပီ။

"ကိုၾကီး ကို အားနာလိုက္တာ။ ဦးငယ္လုပ္ပံုက မဟုတ္ဘူး"

အားနာပါးနာျဖစ္ေနေသာ ကိုယ့္ကို ကားေမာင္းေနရင္းမွ လွည့္ျပံဳးျပသည္။

"ဘာမွ မျဖစ္ပါဘူး။ ကိုၾကီးေတာင္ ဒီေရာက္တုန္း သူ႕အိမ္သြားလည္မလို႕လုပ္ေနတာ။ မေန႕က

လည္း သူ႕ဆီလာမယ္ဆိုျပီး ဖုန္းဆက္ထားျပီးသား။ တကူးတကမဟုတ္ဘူး ကိုစစ္ရ"

အကဲခတ္ၾကည့္ေတာ့ ကုိယ္စိတ္သက္သာရာ ရေအာင္ေျပာေနျခင္းမဟုတ္ဘဲ တကယ့္အျဖစ္မွန္

ကို ေျပာေနပံုမွ ဘာမွ ဆက္မေျပာေတာ့။ ကိုၾကီးေဇယ် ဦးငယ္ကို တြယ္တာပံုကလည္း ၾသခ်ရ

သည္။ ဒါေတာင္ စစေတြ႕ခ်င္း ေကာင္းမြန္ခဲ့တဲ့ ဆက္ဆံေရး မဟုတ္လို႕...

ဟိုကလည္း သူ႕ဆို အေကာင္းအကန္းေျပာေနေပမဲ့လို႕ အေကာင္းတစ္ခုမပါ။ နည္းနည္းရႈပ္သြား

တယ္မလား။ အမွန္ပဲ။ ဦးငယ္က ကိုၾကီးေဇယ်ႏွင့္ ပတ္သတ္လို႕ အၾကံေကာင္းဥာဏ္ေကာင္းေတြ

သာမက ကိုၾကီးေဇယ်လုပ္သမွ်ကိုလည္း ႏႈတ္၏ေဆာင္မျခင္း ၊ ကိုယ္၏ ေဆာင္မျခင္းျဖင့္

ကူညီေပးတတ္ေသာ္ျငား ကိုၾကီးကိုျဖင့္ ဘယ္ေတာ့မွ စကားေကာင္းမေျပာ ၊ မေကာင္းေျပာသလား

ဆိုေတာ့လည္း မေျပာ။ ကိုၾကီးကသာ သူ႕ဆို ခင္တြယ္တာ။ သူက သူတို႕ေခတ္က စကားနဲ႕ေျပာ

မယ္ဆို ကိုၾကီးကို အျပတ္ေခ်ထားသည္။ ကိုၾကီးအစားၾကားထဲက အားနာမိေသာ္လည္း ကိုၾကီး

ကိုယ္တိုင္ကိုက "သူက စိတ္ရင္းက တကယ္ေကာင္းတယ္" ဟူေသာစကားျဖင့္ သူ႕ဖက္ကပင္

တစ္ဖန္ ျပန္ဖာေတးေပးေနတတ္ေတာ့ ေဖၾကီး ေျပာဖူးတဲ့ "ဝင္မပါပါနဲ႕ သားရယ္" ဆိုသည့္စကား

ကိုသာ ႏွလံုးသြင္းေပးလိုက္ေတာ့သည္။

ေႏြရာသီစံအိမ္ ဟု ျပင္ဦးလြင္တြင္ နာမည္ေက်ာ္ေသာ အိမ္ၾကီးေရွ႕ ကားရပ္သည္ႏွင့္ တံခါးလာဖြင့္

ေပးသည့္ ဘဘသည္ ကိုယ့္ကို ျမင္သည္ႏွင့္ ကိုစစ္ ဟု ေခၚရင္း တံခါးကို အေျပးဖြင့္ကာ

လာၾကိဳသည္။

အိမ္ထဲေရာက္ေတာ့လည္း လူပ်ိဳၾကီးတစ္ေယာက္တည္းေနေသာ အိမ္က်ယ္ၾကီးကို ကြ်မ္းဝင္စြာ

ေနာက္ေဖးမီးဖိုေခ်ာင္ထိ ဝင္ျပီး အေအးျပန္ေဖ်ာ္တိုက္သည္က ကိုၾကီးေဇယ်ပင္။

"ကဲ ေနရဲတယ္မလား။ ျခံထဲမွာလည္း ဘဘတို႕ရွိေနတာ။ ကိုစစ္ ဦးေလးကေတာ့ မိုးခ်ဳပ္မလားပဲ"

သူကိုယ္တိုင္လည္း အေအးေဖ်ာ္ေသာက္ ခဏတျဖဳတ္နားျပီးမွ ျပန္ရန္ေဆာ္ၾသသည္။

"ကိုၾကီး ဘယ္မွာတည္းတာလဲ"

"ဘယ္မွာ ေနရမလဲ။ သူူတို႕ ဟိုတယ္မွာပဲေပါ့ ။ မနက္ျဖန္ ညေန ေလာက္မွ ကိုၾကီးတစ္ေခါက္ဝင္

ခဲ့မယ္"

"ဟုတ္ကဲ့"

"ေန ေန ၊ လုိက္မပို႕နဲ႔ေတာ့"

ေအးေအးေဆးေဆးႏွင့္ ျခံထဲမွ ဘဘတို႕ အေမေသာင္း တို႕ႏွင့္ စကားစျမည္ေျပာျပီး သူ႕ကား

သူေမာင္းကာ ေမာင္းထြက္သြားေတာ့သည္။ ဒီလူသည္လည္း လူထူးဆန္းပင္။ သူ႕ဒီေလာက္ေခ်မိုး

ေနလည္း ခပ္ျပံဳးျပံဳးနဲ႕ ပဲ ဦးငယ္ေျပာသမွ်နားေထာင္တာပင္။

ဧည့္ခန္းက်ယ္ထဲတစ္ေယာက္တည္းက်န္ေတာ့လည္း ေယာင္လည္လည္။ အေမေသာင္း က

ဝင္လာျပီး "ကေလးထမင္းစားေတာ့မလား" ဟု လာေမးေပးသည္။

"ဦးငယ္နဲ႕ပဲ အတူတူစားေတာ့မယ္" လို႕သာ ျပန္ေျဖေပးေတာ့ အေမေသာင္းက ျခံထဲ ျပန္ဆင္း

သည္။ ငယ္ငယ္က မသိတတ္ေသးေတာ့ အေမေသာင္း နဲ႕ ဘဘ ကို ျခံထဲက အိမ္ပုေလးမွာ

ပဲထားျပီးဦးငယ္က သူတစ္ေယာက္တည္း အိမ္ၾကီးေပၚေနတယ္ဆိုျပီး ဦးငယ္ကို စိတ္ကြပ္ဖူးသည္။

ဘဘ တိို႕ ကို္ယ္တိုင္ကကို ဒီအိမ္ၾကီးမွာ ေနဖို႕ စိတ္မရဲသည္မို႕ ဦးငယ္ကပဲ ျခံထဲမွာ

မေနခိုင္းခ်င္ဘဲ ေနခိုင္းထားရသည့္အျဖစ္ကို အခု အရြယ္ေရာက္လာမွ နားလည္လာသည္။

ဦးငယ္ေလာက္ လူကို လူလို႕ပဲ ျမင္တတ္သည့္ လူစားမ်ိဳးကိုမွ အထင္လြဲမိတာ ျပန္ေတြးၾကည့္

တိုင္း အားနာမိတုန္း။

အခန္းထဲ ေရမခ်ိဳးဘဲ ေတာင္ေတြးေျမာက္ေတြးလုပ္ေနရင္းမွ ဖုန္းဝင္လာသည္။ လွဲအိပ္ေနရင္းမွပင္

လက္ပတ္နာရီကို ေျမွာက္ကာ ေဖၾကီး၏ video call ကို လက္ခံျဖစ္သည္။

"ဟုတ္ကဲ့ ေဖၾကီး"

"ကိုစစ္ ေရာက္တာၾကာေနျပီလား"

"အခုပဲ ေဖၾကီး။ ကိုၾကီး ေဇယ်လုိက္ပို႕တာ ။ ေဖၾကီးက ဒီေန႕ juty off လား"

"အြန္း ။ ခဏေန ထြက္ျပီေလ။ သား ေဖ က လာၾကိဳေပးေျပာေနတာနဲ႕... "

ကိုယ္ပဲ အလယ္တန္းေက်ာင္းသားျဖစ္ေနျပီ။ ေဖၾကီးက ေဖ့ အေၾကာင္းကို ကုိယ့္ေရွ႕တြင္ ေျပာမိ

တိုင္း ရွက္သလိုလို ရႈိးတိုးရွန္းတန္း ျဖစ္ေနဆဲ။ အခုလည္း မ်က္လံုးခ်င္းမဆံုဘဲ သူ႔မူပိုင္ ပါးခ်ိဳင့္ၾကီး

ခြက္သည္အထိ ရွက္ျပံဳးလိုလို ျပံဳးေနျပီး ေျပာတာ ေတြ႕ေနေတာ့ ကို္ယ့္ညာဥ္ဆိုးေလးက ေပၚလာ

သည္။

"ဟုတ္ပါျပီဗ်ာ... ကိုယ့္ကို ထားခဲ့ျပီး လူပ်ိဳၾကီးေတြ ဒိတ္ၾကေလသတည္းေပါ့... "

ဟူ၍ ေရွးဆန္ဆန္စေနာက္ေလေသာ အခါ

"ကိုစစ္ကေတာ့ကြာ... " ဟူ၍ တဟားဟားထရယ္ပါေလေရာ။ သိတယ္ ကိုယ့္အေဖအေၾကာင္း

လူၾကီးရွက္ေလ ရယ္ေလဆိုတာကို။

"နႏၵအိမ္မွာ ကိုစစ္ေနခ်င္သေလာက္ေနေလ ။ ျပန္လာခ်င္လည္း ဟိုတစ္ခါလို တစ္ေယာက္တည္း

ျပန္မလာနဲ႕ ။ ေဖၾကီးကိုပဲ ျဖစ္ျဖစ္ ၊ ေဖ့ ကိုပဲ ျဖစ္ျဖစ္ ဖုန္းဆက္ေခၚကြာ။ မဟုတ္ရင္ မင္း ေဖ

အေၾကာင္း သိတဲ့အတိုင္း ကိုယ္ေတြ သားအဖပဲ နားပူရမွာ"

"ဟုတ္ပါျပီခင္ဗ် ။ ဦးငယ္ျပန္မလာခင္ ကို္ယ္ေရခ်ိဳးထားမလို႕။ ေဖၾကီးလည္း သြားစရာရွိသြားေတာ့

ေလ။ မဟုတ္ရင္ ေဖ စိတ္ေကာက္... "

"ေဟ့ ေဟ့ ဒီစကားေတြ ခြင့္မျပဳဘူး"

စကားေတာင္မဆံုးေသး။ သူ႕ ငယ္ခ်စ္ မၾကိဳက္သည့္ အသံုးေလးတစ္လံုးပါတာနဲ႕တင္ ခ်က္ခ်င္း

လွမ္းတားေတာ့တာပဲဗ်ာ။ မေနနိင္စြာ "ကို္ယ္ေတြသားအဖခ်င္းေျပာတာကိုပဲဗ်ာ" ဟု အထြန္႕တက္

ျခင္း ျဖင့္ပင္ ဆက္သြယ္မႈကို ျဖတ္ေတာက္လိုက္ေတာ့သည္။

ဒါေၾကာင့္ ေဖ ကေျပာတာ။ မင္း အေဖေလာက္ ငါ့ကိုဘယ္သူမွ နားမလည္ဘူးဆိုျပီး...

တစ္ခါတေလ ကိုယ္နဲ႕ အယူအဆမတူရင္ သူ႕အျမင္ေတြကို ဆန္႕က်င္သလို ျဖစ္လာရင္ ဒီစကား

နဲ႕ အနိုင္ပိုင္းတတ္ျမဲပဲ။ ေဖ ကိုက ေဖၾကီးလို လူမ်ိဳးကို အနားမွာ တစ္သက္လံုးေခၚထားနိုင္တာကို

က ကံေကာင္းတာပါ။

ရွားရွားပါးပါးရတတ္ေသာ သူတို႕အခ်ိန္ေလးေတြအတြက္ ဦးေလးအိမ္လာကာ ေရွာင္ေပးရသည့္

သားေတာ္ေမာင္အျဖစ္ကိုလည္း ဘယ္သူနားလည္ေပးမွာလဲ။ နားမလည္ေပးသည့္အျပင္ သူ႕အိပ္

ခန္းထဲ ေရမခ်ိဳးမိုးမခ်ိဳးဘဲ ဝင္ေနပါက တဗ်စ္ေတာက္ေတာက္ေျပာေနမည့္ လူပ်ိဳ

ဦးေလးၾကီးတစ္ေယာက္ပင္ အဆစ္ရေနသည္မို႕ အေျပာလြတ္ေအာင္ ျပန္ေရာက္မလာခင္ ေရခ်ိဳးထားရမည္။

***

"သုတ ငါ ေျပာမယ္။ ဒီေန႕ လံုးဝ လံုးဝ ခြင့္ျပဳေပးမယ္လို႕ မစဥ္းစားနဲ႕ေနာ္"

အခန္းတံခါးပိတ္သံတစ္ခုႏွင့္ အတူ ဖုန္းမွတစ္ဆင့္ေျပာေနသံေနာက္ သူ႕အိတ္ကို ခုတင္ေပၚပစ္

တင္လိုက္သံကိုပါ ၾကားလိုက္ရသည္။ ေဖၾကီးနာမည္ပါလာ၍ ေရခ်ိဳးဇလံုထဲမွ ထြက္မည့္ အစီအစဥ္

ကို ေခတၱခဏဆိုင္းထားလိုက္ေတာ့သည္။ တစ္ဖက္မွ မူပိုင္ေလသံေအးႏွင့္ ေျပာေနမည္ျဖစ္၍

ေဖၾကီး စကားသံကိုေတာ့ျဖင့္ မၾကားရ။

"မင္းကို ငါေျပာထားတယ္ေနာ္။ မင္းက လက္ခံလို႕ရတဲ့ ကိုယ္မဟုတ္ဘူး ။ မင္းစိတ္က

ဘယ္ေလာက္လိုက္ေလ်ာေပးခ်င္ေနေန ၊ မင္း သဘာဝကိုက ခ်န္းျငိမ္းေလာက္ လိုက္ေလ်ာညီေထြ

မရွိဘူး"

"... "

"ဧည့္ခံပြဲက ျပန္လာရင္လည္း ျပန္လာတယ္ေပါ့။ အဲ့ေလာက္ထိ အလိုမလိုက္နဲ႕။ ငါ ခ်န္းျငိမ္း

ကိုလည္း မင္းအေျခအေနကို လည္း ေျပာျပထားျပီးသား...သူလည္းသိတယ္။ ဒီေတာ့ ျဖည့္ဆည္း

ေပးခ်င္တယ္ဘာေတြ ေျပာမေနနဲ႕ေတာ့။ ဟိုတစ္ခါ ငါေဆြးေႏြးေတာ့ ငါ့ေတာင္

ျပန္ေျပာလိုက္ေသး။ ငါ တို႕ႏွစ္ေယာက္အတြက္ ဒါေတြမရွိလည္း ျဖစ္တယ္ဆိုျပီး

အဲ့ေကာင္ကိုယ္တိုင္ေျပာသြားတာ။ ဒီမွာ သာမန္ေယာက်္ားမိန္းမေတာင္

အိမ္ေထာင္သက္ၾကာလာရင္ သားသမီးေတြရလာရင္ ေမာင္ႏွမ

ေတြလို ျဖစ္သြားၾကတယ္ဆိုျပီး ၾကားဖူးၾကတာပဲ...ဒီေတာ့ မင္းတအားမေတြးေနနဲ႕။ ခ်န္းျငိမ္း

လည္း သိတယ္။ ငါလည္း မင္းတို႕ႏွစ္ေကာင္ရဲ႕ အၾကံေပးလုပ္ေနရတာ အဆင္ေျပမေနဘူးေနာ္"

"... "

ေဖၾကီးဘာေျပာလိုက္သည္မသိ။ ဦးငယ္၏ တဟားဟားထရယ္သံၾကီးကို အရင္ၾကားလိုက္ရျပီး

သည့္ေနာက္

"မင္းထက္ ခ်န္းျငိမ္းက အဆင္ေျပတယ္ ပိုင္။ ဒီေကာင္ မၾကိဳက္လည္း မတတ္နိုင္ဘူး။ သူ႕

ခႏာေဗဒ ကိုက လက္ခံနုိုင္ေလာက္ေအာင္ကို အဆင္ေျပေနတယ္"

ဒီလိုအေျခအေနကို ေျပာေနရတာ ဘယ္ေလာက္မ်ား ေက်နပ္ေနသည္မသိ။ ရယ္သံၾကီးကိုကဗ်ာ။

ဦးငယ္ကိုလည္း မေျပာခ်င္။ ေဖ ႏွင့္ ေဖၾကီး ယွဥ္လာလွ်င္ သူက သိသိသာသာကို ေဖၾကီးဘက္က

ပါသည္။ ဒါ ငယ္ငယ္တည္းကဆိုတာကို ဦးေကာင္းဆက္ ဆီက တစ္စြန္းတစ္စၾကားတည္းက

ရိပ္မိေနတာ။

အရင္ေခတ္က အခုလို လိင္တူအိမ္ေထာင္ဖက္ေတြအတြက္ က်န္းမာေရး အၾကံေပး Specalist

ေတြ မရွိေသးခင္တည္းက ဦးငယ္က ေဖၾကီးတို႕ ကိစၥကို အၾကံေပး ၊ က်န္းမာေရးစစ္ေဆးျခင္းေတြ

လုပ္ေပးခဲ့တယ္ဆိုပဲ။ ခုလို နာမည္ၾကီး အၾကံေပးျဖစ္တဲ့ထိ သူက ေဖၾကီးတို႕စံုတြဲကို လက္မလႊတ္

ေသး။

ခုလည္း ကိုယ္ေရာက္ေနသည္ကိုေတာင္ သတိမျပဳမိဘဲ အၾကီးအက်ယ္ကို ေဖၾကီးကို ကန္႕ကြက္

ေနတာ။ အရင္ေခတ္ကေတာ့ ဒါမ်ိဳးကိစၥေတြကို ရွက္စရာ ရႈတ္ခ်စရာ ဘာညာျမင္ခ်င္ျမင္လိမ့္မည္။

ျမင္ခဲ့သည္ဟုလည္း အခ်က္အလက္ေတြအရ သိရသည္။ ခုကေတာ့ ေအးေဆးပင္။ ကိုယ္တို႕မ်ိဳး

ဆက္မွာ ေတြးသည္က ဒီလို ဆက္ဆံေရးေတြရွိေနတာက လူသားသဘာဝပဲ။ လူအမ်ိဳးမ်ိဳး

စိတ္အေထြေထြရွိၾကသည့္ အသိုင္းအဝိုင္းမွာ သူ႕စိတ္သူ႕သေဘာႏွင့္ သူတို႕ကို္ယ္ နဲ႕ ကိုယ္

သူတို႕တစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္ၾက ၊ အတူတူေနၾကတာ ၊ ဒါကို ကိုယ္က ေဘးကေန

ေကာင္းတယ္ဆိုးတယ္ ေဝဖန္စရာမရွိ ။ တစ္ခုက အဲ့လို ေဝဖန္ရႈတ္ခ်ေနမည့္အစား အႏၱရာယ္မ

ျဖစ္ေအာင္ ၊ ဒီလိုမ်ိဳးေတြကိုမွ ရႈတ္ခ်စရာ ကိစၥေတြ ဆိုးဆိုးရြားရြားမျဖစ္လာေအာင္

ဆိုင္ရာပညာရွင္ ေတြက အၾကံေပး ေဆြးေႏြး ပညာေပးၾကသည္။ စိတ္ပိုင္းဆိုင္ရာ ၊

ရုပ္ပိုင္းဆိုင္ရာႏွင့္ က်န္းမာေရး ရႈေထာင့္ေတြကအစ ဘက္ေပါင္းစံုကေန ေထာက္ပံ့မႈေတြရွိသည္။

မသိလို႕ ျဖစ္သြားတယ္။

မွားသြားတယ္ဆိုတာမ်ိဳး မျဖစ္ေအာင္ အားလံုးက သူ႕ေနရာႏွင့္သူ ေစာင့္ေရွာက္မႈ အျပည့္ႏွင့္

မတူညီမႈေတြကို လက္ခံထားၾကသည္။

အခုလည္း ကိုယ္ေရခ်ိဳးခန္းထဲမွ ထြက္လာေတာ့ ေအးေအးေဆးေဆးပါပဲ ။

"ၾသ...ကိုစစ္ အခုမွေရခ်ိဳးျပီးတာလား" ဟု လွမ္းေမးသည္။ ထို႕ေနာက္ ေဖၾကီးႏွင့္ အေက်အလည္

ဆက္ေဆြးေႏြး၏။

ဦးငယ္က လူပံုက သာတည္တည္ၾကည္ၾကည္ ႏွင့္ ေရွးရိုးဆန္တယ္ထင္ရေပမဲ့

သူ႕အေတြးအေခၚမ်ားက ပြင့္လင္း လြတ္လပ္သည္။ လူတိုင္းကို ေကာင္းေစခ်င္သည့္

စိတ္အျပည့္ရွိေသာ္လည္း သူ႕စိတ္ထဲ မေကာင္းဘူး ထင္ပါကလည္း သြားမေဝဖန္တတ္။

ျပဳျပင္ေပးလို႕ရရင္ေတာ့ ျပဳျပင္ေပးလိုက္တာပါပဲ။ မရပါက ေနာက္ဆံုးအဆင့္ ဥပကၡာတရားအား

ထုတ္လိုက္ျခင္းျဖင့္ စိတ္ထဲမွကို ထုတ္ပစ္လိုက္တတ္သည္။ သူထို႕သို႕မဟုတ္နိုင္တာလဲ

တစ္ေယာက္ပဲရွိသည္။ အဲ့ဒါ ကိုယ့္ေဖၾကီးပဲ။ ဒီေတာ့ က်န္သူေတြအားလံုးက သူေျပာရင္ေတာ့

အျမင္မတူေနရင္ေတာင္ အေလးအနက္ထား စဥ္းစားၾကရသည္။

ေတာ္ေတာ္ေလးၾကာေအာင္ေဆြးေႏြးျပီးမွ အခန္းထဲျပန္ဝင္လာသည္။ ကိုယ့္ကို တစ္ခ်က္ၾကည့္ျပီး

ခုတင္ေပၚ ေျခပစ္လက္ပစ္ဝင္ထိုင္၏။

"ဘယ္လိုလဲ ကိုစစ္။ ေက်ာင္းကိစၥေတြ ၊ လူမႈေရး ၊ ပညာေရး"

မသိရင္ ကိုယ္က လကၡဏာေဗဒ ပါရဂူေရွ႕ေရာက္ေနသလိုပဲ။ ကိုယ္ရယ္မိရင္း

ေခါင္းသုတ္ေနလက္စနဲ႕ သူ႕ေဘးဝင္ထိုင္ရင္း ေထြေထြထူူးထူးမရွိေၾကာင္း ျပန္အေျဖေပးလိုက္

သည္။

"ေဖၾကီးတို႕က...ဘယ္လို အဆင္မေျပတာလဲ။ ေဖၾကီးက အခုလံုးဝအဆင္မေျပေတာ့တာလား"

"အင္း ငါတို႕ေခတ္တုန္းက မင္းအရြယ္မွာ အဲ့လိုကိစၥေတြေလာက္ထိ ေမးမိလို႕ကေတာ့ ေအာ္ထုတ္

ခံရမွာ ။ ေအး မင္းေျပာသလိုပဲ ၊ မင္း ေဖၾကီး မင္းေဖ ကို အလိုလိုက္လို႕မရဘူး။ အသက္ေတြ

ေၾကာင့္လည္း ပါတာေပါ့"

"မလြယ္ဘူးေနာ္။ အိမ္ေထာင္တစ္ခုတည္ေဆာက္ရတာ"

"ဘာလဲ ငါလို ေနေတာ့မလို႕လား"

"တစ္ေယာက္တည္းေတာ့ မေနခ်င္တာေတာ့အမွန္ပဲ။အိမ္ေထာင္သေဘာမ်ိဳးလည္း မဟုတ္ဘဲ ဒီ

အတုိင္း တစ္ေယာက္နဲ႕တစ္ေယာက္ေဖးေဖးမမ ပံုစံမ်ိဳးေပါ့ ။ ကိုယ္သေဘာက်တဲ့

ကို Rain ခ ေျပာဖူးသလိုေပါ့။ အခ်ည္အေႏွာင္မဲ့တဲ့ သံေယာဇဥ္ဆိုတာမ်ိဳး...ကို္ယ္ေတာ့ အဲ့လို

ဆက္ဆံေရးကို ပိုၾကိဳက္တယ္"

"အင္း ေနနိုင္ရင္ေတာ့ ေကာင္းတာေပါ့။ ရွိလည္း ရွိပါတယ္။ ငါတို႕ပတ္ဝန္းက်င္မွာပဲ အဲ့လိုေနေန

တဲ့လူေတြ"

"ေဖဇို္င္း တို႕ ၊ ဦးေသာ္ တို႕လိုက်... "

"ကိုဇက္တို႕က် သူတို႕က ငယ္ငယ္ေလးတည္းက ညီအစ္ကိုလို ေနလာတာေလ။ သူ႕ညီ တစ္ျခား

မေပးခ်င္ ႏွေျမာလြန္းတာေၾကာင့္ သူသိမ္းထားလိုက္တာပဲ။ ျပီးေတာ့ မင္းေကာေကာကလည္း

သူ႕က်န္းမာေရး အေျခအေနကိုက တကယ္ကို အရိပ္တၾကည့္ၾကည့္နဲ႕ ထားရတဲ့လူဆိုေတာ့...ဟို

ခန္႕ေသာ္ဇင္ကေတာ့ တကယ့္ရွားပါး မ်ိဳးစိတ္ေပါ့"

ဦးငယ္လည္း ဘယ္လိုုကုသိုလ္လို႕ ေျပာရမယ္မွန္းမသိ။ သူ႕နားရွိေနသူေတြအကုန္လံုးက ေဖၾကီး

တို႕လိုပင္။ ပိုဆိုးတာက သူ႕တို႕ေခတ္လို လိင္တူကန္႕ကြက္မႈေတြ ျပင္းထန္ေနေသးတဲ့ အခ်ိန္ေတြ

တည္းက စြန္႕စြန္႕စားစားနဲ႕ လက္ထပ္ထားၾကသူေတြခ်ည္းပဲ။ သူ႕လည္း အဲ့လိုလားဆိုျပီးထင္ေနခဲ့

သူက အမ်ားသား။ ပိုဆိုးတာက အခုလို လိင္တူအိမ္ေထာင္ဖက္ေတြရဲ႕ က်န္းမာေရးအၾကံေပးအဖြဲ႕

ရဲ႕ ကနဦးတည္ေထာင္သူေတြထဲက နာမည္ၾကီးတစ္ေယာက္ျဖစ္ေနသည့္အျပင္ သူ႕ေဘးကမခြာ

တမ္းရွိေနသည့္ ကိုၾကီးေဇယ်ေၾကာင့္လည္း သူ႕ကို သို႕ေလာသို႕ေလာ အထင္ခံရသည္။ သူက

ေတာ့ မမူ။ မူစရာလည္းမလို။ သူ႕အေၾကာင္းတကယ္သိပါက သူ႕စိတ္ဘယ္သူ႕ဆီမွာ အျပီးအပ္

ထားလဲဆိုတာ အသိသာၾကီး။

ႏွစ္ေယာက္သားခဏတာ တိတ္သြားျပီးမွ သူထရပ္ရင္း ေရခ်ိဳးမည့္အေၾကာင္းေျပာသည္။ ေရခ်ိဳးျပီး

သည္ႏွင့္ ညစာ ထြက္စားမည္ျဖစ္၍ ကိုၾကီးေဇယ်ပါ လာခ်င္လာလို႕ရေအာင္ ဖုန္းဆက္ထားဟူ၍

စီစဥ္ဆြဲေပးသည္။ ကဲၾကည့္ေလဗ်ာ...ဘယ္သူထင္ထင္ သူခင္ျပီဆို အ့ဲလူမွ အဲ့လူပဲ။

***

"ကိုၾကီးေဇယ်လည္း ေနာ္ ဦးငယ္ ဘာေျပာေျပာ ဟုတ္တယ္ မွန္တယ္ ဆိုတာက စလာတာ"

သူလိုက္ေကြ်းေသာ ညစာကို စားေသာက္အျပီး အခန္းျပန္ေရာက္သည္ႏွင့္ ကုိယ္ေတြတူဝရီးခ်င္းပဲ

စကားျပန္ဆက္ျဖစ္သည္။ ကိုၾကီးေဇယ်ကိုေတာ့ျဖင့္္ ဟိုတယ္မွာပင္ ထားခဲ့ကာ လမ္းခြဲခဲ့တာပင္။

သူ႕အိမ္ကိုျဖင့္ ေယာင္လို႕ပင္ မေခၚ။

"တျခားအေၾကာင္းေလွ်ာက္မေျပာနဲ႕ဦး ။ ကိုစစ္ အိမ္စာျပခ်င္လို႕ဆို ျပေလ"

"အာ ဟုတ္တယ္။ ကိုယ္ ဦးငယ္ကို mail ပို႕ေပးထားတယ္"

ဒီေလာက္ဆက္သြယ္ေရးဆုိင္ရာ applicationေတြ သူ႕ထက္ငါအျပိဳင္ေပၚေနေသာ ေခတ္တြင္

လည္း ကို္ယ့္ဦးေလးသည္ကား မူလလက္ေဟာင္းကိုပင္ ဆြဲသံုးဆဲ။ သူႏွင့္ ဆက္သြယ္ခ်င္က ထို

Mailျဖင့္သာ စာေပးစာယူလုပ္ရသည္။ ဒါေတာင္ ေဖၾကီးေျပာပံုအရ သူတို႕ေခတ္အခါမွာ ဦးငယ္က

SNS အသံုးဆံုးဆိုပဲ။ ခုေတာ့ရိုးသြားပုံပဲ။ စာမ်က္ႏွာေပၚေတြမွာ ေပၚခဲလွသည္။

သူဖတ္ေနစဥ္ကို္ယ္က တိုက္ရိုက္အစီအစဥ္တစ္ခုမွ ဥာဏ္စမ္းေမးခြန္းမ်ားဝင္ေျဖေနလိုက္သည္။

ဒီလမ္းစဥ္ကေနပဲ ေဖၾကီးတို႕ ေဖတို႕ဆီမွ မုန္႕ဖိုးသီးသန္႕ေတာင္းစရာမလို။ အပတ္စဥ္ ရသည့္

ဆုေငြနဲ႔ပင္ ေအးေဆးသံုးနိုင္သည္။

"ကိုစစ္...မင္းအေမအေၾကာင္းမေရးဘူးလား"

ကုိ္ယ့္အိမ္စာကိုဖတ္ေပးျပီးခ်ိန္တြင္ ပထမဆံုးထြက္လာသည့္စကား။ ခုတင္ေပၚလွဲေနလ်က္မွ သူ႕

ကို လွမ္းၾကည့္ေသာအခါ အနားတိုးလာရန္လက္ယပ္ေခၚသည္။ ု

"ေမေမ ကက်... "

"မင္းအေမလည္း ေလးစားစရာေကာင္းတာပဲေလ ။ စိတ္ပို္င္းဆိုင္ရာကို ရုပ္ပို္င္းဆိုင္ရာအရေရာ

ငါ့အစ္မက ေလးစားစရာေကာင္းတယ္မထင္ဘူးလား"

ကို္ယ္ရုတ္တရက္ ဘာျပန္ေျပာရမည္မသိ။ ဟုတ္ပါသည္။ ကို္ယ့္ေမေမက အတုယူထိုက္သည့္

လူထဲတြင္ပါသည္။ ေမေမ ကိုယ့္အရြယ္ေလာက္တည္းက အခုအရြယ္ထိ ေမေမလုပ္ခဲ့သမွ်က

သူ႕အတြက္ဆိုတာ တစ္ခုမွွ်မရွိ။ သို႕ေသာ္...

"ေခါင္းစဥ္အရ အတူတူရွိေနတဲ့ လူအေၾကာင္းပဲမို႕ ကုိယ္က အေဖေတြကိုပဲေရးလိုက္တာ"

ဒီေတာ့ ေက်ာင္းကေမးခြန္းကို forward လုပ္ေပးထားေသာ mail ကိုဝင္စစ္သည္။

ကိုယ္အံ့ၾသလည္း အံ့ၾသသလို စိတ္မေကာင္းလည္းျဖစ္မိသည္။ တစ္ခုက တည္ျငိမ္သည္ ေတာ္ရံု

ကိစၥဆိုရင္ေတာင္ ေခါင္းထဲမထည့္တတ္သည့္ ဦးငယ္သည္ အခု ကိုယ့္၏ အေလးစားရဆံုးထဲတြင္

ေမေမ့အေၾကာင္းပါမလာျခင္းကို ႏႈတ္မွထုတ္ေမးရသည္အထိ စိတ္လႈပ္ရွားသြားသည္တဲ့လား။

"ကိုယ့္ေမေမက ကို္ယ္အေလးစားရဆံုးနဲ႕ အခ်စ္ဆံုးပဲ။ ေမေမက ကို္ယ့္အတြက္

ႏွစ္ေယာက္မရွိဘူး"

ဒီစကားေျပာေတာ့ "ေဆာ္ရီးကိုစစ္ ၊ ရုတ္တရက္မို႕ mail ကိုေသခ်ာမၾကည့္မိလို္က္ဘူး" ဟု

တိုးတိမ္တိမ္ဆိုသည္ ။

"ဦးငယ္ေလ ကိုယ့္ကို ေမေမေမြးမယ္လို႕ ပထမဆံုးၾကားရေတာ့ ဘယ္လိုေနလဲ။

ဘယ္လိုခံစားရလဲ။ အဲ့တုန္းက ဦးငယ္ေဆးရံုတက္ေနရတာဆို"

ဒီအရြယ္ထိေရာက္လာသည့္တိုင္ ကို္ယ့္၏ ျဖစ္တည္ျခင္းႏွင့္ပတ္သတ္၍ ဦးငယ္ကို ေမးခြန္းမထုတ္

ဖူးခဲ့။ ေမးခြန္းမရွိေလာက္ေအာင္လည္း ဦးငယ္က သူ႔အစ္မ ကိုယ့္ေမေမ ျပီးရင္ ကို္ယ့္ကို

အခ်စ္ဆံုး ဂရုစိုက္ဆံုးပင္ ။ ဒါေပမဲ့ သူဘာမွွ်စြပ္ဖက္ပိုင္ခြင့္မရွိလိုက္သည့္ ေမေမ၏

ဆံုးျဖတ္ခ်က္အေပၚ သူဘယ္လိုထင္ျမင္ခဲ့သလဲ ကို္ယ္အမွန္အတိုင္းသိခ်င္သည္။

"မင္း အေဖေတြ မေျပာျပဘူးလား ကိုစစ္"

"ေျပာျပတယ္။ ဦးငယ္ကေတာင္ ေဖၾကီးကို ျပန္အားနာေနတဲ့အေၾကာင္း ။ ဒါေပမဲ့ ဦးငယ္တကယ္

ပဲ ဘာမွမျဖစ္ခဲ့ဘူးလား။ အဲ့တုန္းက AI ဆိုတာ အခုေလာက္ထိ မဖြံ႕ျဖိဳးေသးဘူးမလား"

"ကိုစစ္ရာ...မင္း ငါ့လာအစ္ေနတာပဲ"

လုပ္လာျပန္ျပီ ။ သူတို႕ေခတ္က ဗန္းစကားေတြ ။

"အစ္တယ္ဆိုတာ ဘာကိုေျပာတာလဲ"

"အင္း အမွန္မေျပာေျပာေအာင္ လွည့္ပတ္ေမးတယ္ေပါ့။ ငါ ဘယ္လိုေနမလဲ မင္းအရင္မွန္းၾကည့္

ေလ ။ ရာခိုင္ႏႈန္းမ်ားမ်ားမွန္ရင္ ေျပာျပမယ္"

ဒီလိုစကားထြက္လာဖို႕ဆိုတာလည္း အေျခအေနကို ၾကည့္တတ္ရေသးသည္ေလ။ ဒီည သူနဲ႕

ကိုၾကီးေဇယ် နည္းနည္းေသာက္ၾက၍ သူ နည္းနည္းေလးေထြေနတာေၾကာင့္လည္းပါမည္။

မဟုတ္ရင္ သူတစ္သက္လံုးမ်ိဳသိပ္ထားတာေတြကို တူးဆြဖို႕ဆိုတာ လြယ္သည့္ကိစၥေတာ့မဟုတ္။

ကိုယ္ တကယ္ကို ေလးေလးနက္နက္ျဖစ္ေစရန္ လည္ေခ်ာင္းတစ္ခ်က္အရင္ရွင္းလိုက္သည္။

"ဦးငယ္ ေမေမ့ကို ႏွေျမာမွာေပါ့ ။ ဒါ ခန္႕မွန္းၾကည့္စရာေတာင္မလိုဘူး။ ေမေမ လူတစ္ေယာက္နဲ႕

လက္ထပ္ျဖစ္ရင္ေတာင္ ဦးငယ္ႏွေျမာေနမွာ...အခုလို အေဖတို႕အတြက္ ကိုယ့္ကို

ယူေပးလိုက္တယ္ သိရေတာ့ ကို္ယ္ေျပာနိုင္တာထက္ပိုျပီး ေမေမ့ကို ဦးငယ္ ႏွေျမာမယ္ ။ ျပီးေတာ့

ယုက်ံဳးမရျဖစ္မွာအမွန္ပဲ။ ဦးငယ္ကို ကိုယ့္ကိုကုိယ္ေတာ့ အျပစ္မတင္ေစခ်င္ဘူး"

ကို္ယ္စကားစ ခဏျဖတ္ကာ သူ႕ကို ၾကည့္ေတာ့ ကိုယ့္ကိုေငးေနေသာ မ်က္ဝန္းတို႕တြင္

ဘယ္ေသာအခါမွ မျမင္ဖူးေသာ အရည္ၾကည္တစ္ခ်ိဳ႕သိုင္းရစ္ဥတြယ္ေနသည္။

ထို႕ေနာက္ ခပ္ဖြဖြတိုးတိုးရယ္သည္ ။

"ကိုစစ္ရာ... " ဟု လည္း မခ်ိတင္ကဲ ေရရြတ္သည္။ ဒါသည္က ကိုယ့္အေျဖမွန္ေၾကာင္း ေထာက္

ခံခ်က္ေတြပင္။

သူနွင့္ငယ္စဥ္တည္းက ေပါင္းလာသည့္ ေဖၾကီးသည္ သူ႔အေၾကာင္းသိေနမည္ဆိုသည့္တိုင္

ကိုယ့္ကဲ့သို႕ သူ႕နာက်င္စရာမ်ားကို ထိုးဆြတူးဖြခဲ့မည္မဟုတ္ ။

သူ ေဖၾကီးကို အခ်စ္ပိုသည္ကလည္း မေျပာနွင့္...

"မင္းက တစ္ဦးတည္းေသာ သားဆိုေတာ့ ေမာင္ႏွမသံေယာဇဥ္ ဆုိတာေတြ ဘာေတြ သိပ္မသိ

ေလာက္ဘူး။ ဒါက ခံစားရခက္တယ္။ သူဒီလိုမ်ိဳးနည္းနဲ႕ပဲ ကေလးယူခ်င္တယ္ေျပာခဲ့ေပမဲ့

တကယ္လုပ္ရဲမယ္လို႕ မထင္ခဲ့ဘူး။ တကယ္တမ္းလုပ္ေတာ့လည္း သူ႕အသိုင္းအဝိုင္းထဲက

လူနဲ႕မဟုတ္ဘဲ ငါ့သူငယ္ခ်င္းအရင္းေခါက္ေခါက္ၾကီးနဲ႕ ပတ္သတ္လိုက္တာ။ ဒါ ဘယ္လိုေျပာ

ရမလဲ မ်က္ႏွာပူတယ္။ ႏွေျမာတယ္။ တကယ္တမ္း ကေလးေလးေမြးလာရင္ ငါတကယ္စိတ္ရင္း

နဲ႕ ခ်စ္ေပးနိုင္ပါ့မလားလည္းစိုးရိမ္တယ္။ ေနာက္တစ္ခု သူတို႕သံုးေယာက္လံုးသိတဲ့ မင္းက

ဘယ္သူ႕ရဲ႕ မ်ိဳးဆက္လည္းဆိုတာ ငါပဲသိခြင့္မရွိတာေတြ ၊ အမ်ားၾကီးပဲ ကိုစစ္ရ။ အဲ့တုန္းက

ငါ့အသက္၂၀ေက်ာ္ပဲ ရွိေသးတာ။ ငါ ရင္ဆိုင္ေနရတဲ့ မိသားစု အေရးက ငါသာ စိတ္ကို

မထိန္းခ်ဳပ္ထားႏိုင္ရင္ ဘာမွ ေကာင္းလာစရာမရွိတဲ့ အေနအထားေလ။

ဒီေတာ့ ငါကင့ါစိတ္ထဲေတြးေနတာေတြထက္ ပိုျပီး အမ်ားၾကီးရင့္က်က္ျပလိုက္ရတယ္။

သိခ်င္စိတ္ေတြကို ျမိဳသိပ္ရတယ္။ မင္းကို စိတ္သန္႕သန္႕နဲ႕ခ်စ္ေပးနိုင္ဖို႕ ငါ အမ်ားၾကီးစိတ္ကို

ျပင္ဆင္ထား ရတာေရာေပါ့"

"ေက်းဇူးပါ ဦးငယ္"

ကို္ယ္ က်လာသည့္မ်က္ရည္ကို သူမျမင္ေစရန္ သူ႕ကို သြားေပြ႕ဖက္ထားလိုက္ရေတာ့သည္။

ဘဝမွာ အားလံုးျပည့္စံုသလို ျဖစ္ေနျပီးမွ သူ႕အတြက္ ဘာဆိုဘာမွမရွိသည့္လူသားက ဦးငယ္ပင္။

ကိုယ္ထိန္းေနသည့္ၾကားမွ ကိုယ့္မ်က္ရည္စက္သည္ သူ႕ လည္ဂုတ္ေပၚသို႕ က်ျဖစ္ေအာင္က်သြား

ေသးသည္။

"ကိုစစ္ရာ...ဒါ ငိုစရာမွ မဟုတ္တာ ငါ့တူရ။ မင္းလည္းဘယ္သူနဲ႕တူလဲမသိ။

မ်က္ရည္လြယ္လိုက္တာ "

သူေျပာစရာမရွိေတာ့သည့္အခါတိုင္း ကို္ယ့္ကို ထိုသို႕ေျပာတတ္သည္။ ကိုယ္မထိန္းနိုင္ေတာ့စြာ

ရိႈက္ေတာ့ ကိုယ့္ေက်ာကို ဖြဖြပုတ္ကာ ႏွစ္သိမ့္ေပးသည္။

ကိုယ္သိသည္ ။ သူကိုယ့္ကို ခ်စ္ေပးနိုင္ဖို႕ အမ်ားၾကီးၾကိဳးစားရတယ္ ဟု ေျပာေနသည့္တိုင္

အခုခ်ိန္တြင္ သူ လိုတာထက္ပိုေအာင္ျမင္ေနေၾကာင္းကိုယ္သိပါသည္။

ဟုတ္တယ္။ သူ႕ၾကိဳးစားမႈအရာထင္သည္သာမက ပိုပင္ပိုေနပါသည္။ သူသည္ ကြ်န္ေတာ့္

အေဖေတြ နဲ႕ျပိဳင္ရဲသည္အထိ သူ႕ေမတၱာသည္ စစ္မွန္ပါ၏။

                                                                                      ***

"သားသား"

မနက္ခင္းေနေရာင္ျခည္ေရးေရးေအာက္ မႈန္လဲ့လဲ့ျဖစ္ေနေသာ ရန္ကုန္ေလဆိပ္ဝင္းထဲတြင္

ေမေမ့၏ စူးရွရွအသံလြင္လြင္သည္ ထြင္းေဖာက္လွ်ံက်သည္။ လူပ်ိဳေပါက္အရြယ္ျဖစ္ေနသည့္

ကိုယ့္အတြက္ဒါသည္ ရွက္စရာလို႕ထင္ေနေသာ္လည္း ကုိယ့္ေမြးမိခင္ကေတာ့ျဖင့္ ဒါကိုနည္းနည္း

မွ စိတ္မဝင္စား။ ေျခလွမ္းတုံ႕ဆိုင္းသြားေသာ ကိုယ့္ကိုသာ ေျပးဖက္သည္။ ကိုယ့္ေခါင္းကို သူ႕

လက္ေမာင္းႏွစ္ဖက္ၾကားဆြဲေပြ႕ ရင္ခြင္ထဲဆြဲသြင္းကာ နမ္းရႈိက္ေလ၏။

ရပ္ၾကည့္ေနေသာ အေဖျဖစ္သူကို လွမ္းကာ အကူအညီေတာင္းေတာ့ ကိုယ့္အေဖ ကိုလူေအးၾကီး

ကား အားကိုးအားထားစရာေကာင္းေလာက္ေအာင္ကို ျပံဳးျပံဳးၾကီးႏွင့္ ၾကည္ႏူးပီတိ

ဂြမ္းဆီထိေနေလရဲ႕။

"ေမ တကယ္ေရာက္လာမယ္လို႕ကို မထင္တာ"

လူသားပိုက္ေကာင္ဘဝမွ ကြ်တ္လြတ္ခြင့္ရခ်င္းခ်င္းပင္ ေမ့ကို ေျပာမိေသာစကား။ ထုိအခါ ေမ

သည္ ကြ်န္ေတာ့္ပခံုးကို အားပါးတရဖက္ရင္း

"လာရမွာေပါ့ကြ ။ ဒီပြဲ ေမမရွိလို႕ ဘယ္ျဖစ္မလဲ" ဟု ျပန္ေျပာေပးေသး၏။

လြန္ခဲ့သည့္တစ္ပတ္က ေမ့ ကို ကို္ယ္ video call ေခၚရင္းေက်ာင္းမွ လုပ္မည့္ ေက်းဇူးေတာ္ပြဲ

အေၾကာင္းေျပာျပမိသည္။ ေက်းဇူးေတာ္ပြဲဆိုသည္က ဘာသာေရးပြဲမဟုတ္။ ေဖ တုိ႕ေခတ္က

စကားအရဆို ေက်ာင္းသားမိဘ စံုညီပြဲေတာ္ပင္။ တစ္ခုပိုတာက အတူတူလာၾကေသာ အေမေတြ

ကို စင္ျမင့္တြင္ ထိုင္ခံုကိုယ္စီေပၚထိုင္ခိုင္းရင္း သားသမီးေတြက အေမ့ေျခရာကို ယူရင္းကန္ေတာ့

ၾကျခင္း။ ဒါက အလယ္တန္းျပီးေျမာက္မည့္ ေက်ာင္းသားတိုင္းအတြက္ ရည္ရြယ္လုပ္သည့္ပြဲတစ္ခု

ပင္။ ဒီယဥ္ေက်းမႈက ထို္င္းကေန စီးကူးလာတယ္ဟု ေျပာ၍ ရေပမဲ့ ဒီကအယူအဆက ဒီလို။

တိုက္ပြဲစစ္ေျမျပင္ပမာ ခက္ခဲၾကမ္းတမ္းသည့္ အထက္တန္းကို မတက္ေရာက္ခင္ အေမ့ေျခရာကို

ေဆာင္ယူထားၾကျခင္း ။ ဒါသည္ကား ဘာသာေရးနည္းနည္းႏြယ္ေနေသာ ထိန္းေက်ာင္းမႈတစ္ခုအ

လား။ ဘယ္လိုပဲျဖစ္ျဖစ္ ထိုသို႕ေသာ ပြဲမ်ိဳးေတြက အေမမရွိသည့္လူေတြအတြက္ေတာ့ ခံစားရခက္

ေစသည္။

ကိုယ္လည္း ေမေမလာနိုင္မည္ဟု ရာႏႈန္းျပည့္မေမွ်ာ္မွန္းရဲေပမဲ့ အေဖေတြနဲ႕ တိုင္ပင္ၾကည့္ေသာ

အခါ "ကိုစစ္ ေခၚခ်င္ေခၚၾကည့္ေပါ့" ဟူေသာ ေဖၾကီးစကား၏ သေဘာထပ္တူက်စကားႏွင့္

"အမ်ားၾကီးေတာ့ မေမွ်ာ္မွန္းထားႏွင့္" ဟုဆိုလာေသာ ေဖ့ စကားကို ႏွလံုးပိုက္ျပီး ေမ့ကို အသိေပး

ရံုသေဘာျဖင့္ ေျပာလုိက္တာပင္။

ေမ ကေတာ့ တကယ္ကိုပဲ စစ္ေျမျပင္ရပ္ဝန္းတစ္ခုကေန ကတိုက္ကရိုက္ေရာက္ခ်လာေပးခဲ့သည္။

အဝတ္အစားအပိုအလိုပင္ မပါေသာ ေမ့ ေက်ာပိုးအိတ္ကို ကို္ယ္ေျပာင္းလြယ္ေပးရင္း ဟိုတယ္

အခန္းထဲထိ ပို႕ေဆာင္ေပးျဖစ္သည္။

"ေမေမက ေႏြရာသီစံအိမ္ မွာေနလည္းျဖစ္တာကို"

"အာ လူပ်ိဳၾကီးနဲ႕ မေနႏိုင္ပါဘူးေနာ္"

ရယ္ေသြးေသြးရင္း ျပန္ေျပာေသာ ေမ့စကားကို သေဘတက်ရယ္မိသည္။ ကိုယ္ရယ္ေနသည္ကို

သိေသာ ေမ သည္လည္း ထို္င္ေနလ်က္မွ ေမာ့ေငးသည္။

"ေမ့ သားက စကားနည္းလိုက္တာ"

ကိုယ္ ေမႏွင့္ ေတြ႕ၾကံဳတိုင္းျဖစ္ေနက်ျပႆနာကလည္း ဒါသည္ပင္။ အေဖႏွစ္ေယာက္နဲ႕ဆို

စက္ေသနတ္ပစ္သလို တဒက္ဒက္နဲ႕ စကားမ်ားတတ္လြန္း၍ ေဖၾကီးကပင္

"ငါ့သားၾကီးလာေလ စကားေတြေျပာလာေလ" ဟူ၍ ညည္းညည္းညဴညဴေျပာရသည္အထိ။

ခုေတာ့ ေမ နဲ႕ဆိုရင္ က်က္သေရျပည့္ေနေသာ ေမ့ ကိုသာ ေငးမဝျဖစ္ေနတတ္လ်က္ စကားလံုး

ဆိုသည္မ်ားက ေမ့အျပံဳးေအာက္တြင္သာ ဝပ္တြားခၾကသည္။

ကိုယ့္ ေမေမသည္ ကုိယ္ျမင္ဖူးသမွ်တည္း က်က္သေရအရွိဆံုးအမ်ိဳးသမီးပင္။ က်က္သေရ ရွိျခင္း

ႏွင့္ ျငိမ္သက္ျခင္းကို တူဒြန္တြဲေနသည္ကို ထင္ျမင္ခဲ့ဖူးသူသည္ ေမ့ ကိုေတြ႕ပါက သူ႕အယူမွား

ခဲ့ေၾကာင္း သတိရေပလိမ့္မည္။ ခပ္ပါးလ်လ်ႏွင့္ အရပ္ရွည္ရွည္ျဖစ္ေနေသာ ေမ သည္ကား

ျငိမ္ကာေအးေဆးေနတတ္သူ တစ္ေယာက္မဟုတ္။ ဂ်င္းေဘာင္းဘီႏွင့္ ကာကီေရာင္ ရွပ္လက္ရွည္

ကို ဝတ္ဆင္လ်က္ ျဖိဳးျဖိဳးဖ်တ္ဖ်တ္ႏွင့္သြားလာလႈပ္ရွားေနပံုကပင္ က်က္သေရရွိေနသည္ဆို

သိပ္မ်ားထူးဆန္းေနမလား။ ဘာဆိုဘာမွ လိမ္းျခယ္ထားေလ့မရွိေသာ ေမ့မ်က္ႏွာတြင္ ကမၻာေျမ

ကို ျငိမ္းခ်မ္းေစလိုျခင္း ဆႏၵသာကိန္းေန၍ အျမဲလိုလို ေဒါသကင္းစင္ေနမႈက သူ႕ထံပါး က်က္သ

ေရ တို႕ တည္မွီေနနို္င္ျခင္းျဖစ္တန္ရာ၏။

ထက္ျမက္မႈတို႕ တည္ရွိေသာ္ျငား မာန္မာနမဲ့၍ ခက္ထန္ျခင္းတို႕သည္ သူမ၏ အျပံဳးေအးေအး

ေအာက္ ဘယ္ေသာအခါမွ တြန္းလွန္ ေခါင္းပင္မေဖာ္နိုင္ခဲ့။

လြတ္လြတ္လပ္လပ္ေနနိုင္ေနသည့္တိုင္ မဟာေသြးတို႕၏ အမွတ္ အသားတစ္ခ်ိဳ႕က

သူ႕ကို္ယ္ေရာင္ကိုယ္ဝါတြင္ တင္က်န္ေနဆဲ ။ ကိုယ္အၾကိဳက္ဆံုးက ေမ ဆံပင္ေတြကို

လွန္တင္လိုက္တိုင္းေပၚလာတတ္ေသာ မဟာနဖူးေျပေျပေလးပင္။ ဦးငယ္မွာလည္းရွိသည္။

ေမ့ တြင္ ျဖစ္တည္ေနေသာ မဟာနဖူးက ပို၍ လွသည္ဆိုတာကို ေမ့ကို ဖြင့္ေျပာပါက ေမက

လိပ္ကေလးလို႕မ်ား ကင္ပြန္းတပ္ေလမလား။

ထိုသို႕တိုင္ ေငးမဝျခင္းျဖင့္သာ ရွိေနေသာ ကိုယ့္ကို ေမ သည္အားမလိုအားမရျဖစ္ျမဲ။

"သားသား ေမ နဲ႔အတူ ေနလယ္စာလိုက္စားေပးေနာ္ ။ ၾသ ဒီေန႕ အတန္းခ်ိန္မရွိရင္ ညစာပါ

စားေပး။ ေနာ္...တို႕ သားမိ တရုတ္တန္းေလွ်ာက္ရေအာင္။ ရတယ္မလား။ ျပီးရင္ ေမ သားသားကုိ

အိမ္ျပန္လိုက္ပို႕ေပးမယ္ေလ"

"ရတယ္။ ကို္ယ္ ဒီေန႕ အားတယ္"

ထုိသို႕ ေျဖလိုက္ရံုေလးနဲ႕ပင္ Xie Xie Ni ဟူ၍ တရုတ္လိုထေအာ္လ်က္ ကိုယ့္ကို ဆြဲေမႊ႕ျပန္ပါ၏။

သူ ကိုယ့္ကို ကေလးေပါက္စေလးလို ဆက္ဆံျခင္းကို ဘယ္ေသာအခါမွ ရပ္မည္လဲ ဟု ဦးငယ္ကို

ေမးၾက ည့္ဖူးသည္။

ထိုအခါ ဦးငယ္ျပန္ေျဖပံုက ကိုယ့္ကို ကူကယ္ရာမဲ့ေစသည္။ ေျဖပံုက ရွင္းသည္။

"မင္း မေျပာနဲ႕။ ငါ့ေတာင္ သူက လူၾကီးလို႕ ျမင္ေပးလို႕လား" တဲ့။ ကဲ ျပီးျပီေလ ။ ကိုယ္ဘာတတ္

နို္င္ေသးလို႕တုန္း။

ေမေမႏွင့္ ညေစ်းတန္းပတ္စဥ္ သူတို႕ငယ္ငယ္က မႏၱေလးတရုတ္တန္းဆိုတာ ဘယ္လိုဘယ္ဝါ၊

သူတို႕ ျပင္ဦးလြင္သည္ အရင္ကထက္ ပိုကာ နိုင္ငံျခားသား ခရီးသြားမမ်ားေၾကာင္းနဲ႕ ဒီနားမွာဆို

အရင္က ဘာဆိုင္ေလး ရွိခဲ့တာ စသည္ႏွင့္ အတိတ္ကို ျပန္ေျပာင္းသတိရရွာသည္။

စကားမ်ားတြင္ကား သူ႕ေမာင္ေတာင္အေၾကာင္းမပါမျဖစ္။ အတူတူေနေနေသာ ဘိုးဘိုးအေၾကာင္း

ေျပာသည္ထက္ ဦးငယ္အေၾကာင္းသာ ေျပာျဖစ္သည္။ ဘြားေတာ္ တို႕အေၾကာင္းဆိုသည္ကား

ရွားရွားပါးပါးမွသာ ၾကားရ၏။

"အား...ဗိုက္ေတြတင္းပါတယ္"

ခ်ပ္ရပ္ေနေသာ ဗိုက္ကိုပြတ္ရင္း ဗိုက္တင္းတယ္ဆိုေသာအခါ ကိုယ္သေဘာတက်ရယ္မိျပန္သည္။

"မရယ္ပါနဲ႕ေနာ္...ေမ့အသက္က စကားေျပာျပီေလ။ ေမ အရင္ကထက္ ဗိုက္ပူလြယ္လာတယ္ကြ"

"ဒါေပမဲ့...ေမ က တျခားအေမေတြထက္စာရင္ နုပါတယ္"

ကို္ယ့္၏ စကားကို ဘယ္ေလာက္ေတာင္သေဘာက်သည္မသိ။ ေခါင္းေတြေမာ့ကာရယ္သည္။

"ကိုယ္တကယ္ေျပာတာ" ဟု ထပ္ေလာင္းအတည္ျပဳေသာအခါ

"ဟုတ္ပါျပီ " ဟူေသာ စကားကို ရယ္က်ဲက်ဲျဖင့္ေျပာသည္။

"ၾသ...ေမ့ေတာ့မလို႕ သားသားေရ...ေမ မနက္ျဖန္ဝတ္ဖို႕ ျမန္မာဝတ္စံုေလး တစ္စံုေလာက္

ေရြးေပးပါဦး ၊ ေမ့ မွာ ေကာင္းေကာင္းကန္းကန္းတစ္ခုမွကို မပါလာဘူး"

ဒီလိုနဲ႕ သားအမိႏွစ္ေယာက္ အသင့္ဝတ္ဆင္နို္င္ေသာ ျမန္မာဝတ္စုံမ်ားေရာင္းခ်ေသာ brand

တစ္ဆိုင္သို႕ေရာက္ခ်လာၾကသည္။

သို႕ေသာ္ ေမေမသည္ တစ္ထည္ခ်င္းစီကို ကိုင္ၾကည့္လိုက္ ေစ်းႏႈန္းကတ္ျပားကို မသိမသာလွန္

ၾကည့္လိုက္ျပန္ခ်ထားလိုက္လုပ္ရင္းအဆံုးတြင္ေတာ့...ကိုယ္မေနနိုင္ေတာ့။

"ေမေမ လုိခ်င္တာဝယ္ေလ။ ကို္ယ္ ေမေမ့ကို လက္ေဆာင္ေပးမယ္"

"အာ မဟုတ္တာ သားသားရ"

"ရတယ္"

ေမေမသည္ မျငင္းနိုင္စြာပင္ ကို္ယ္ေရြးေပးေသာ ဖက္ဖူးစိမ္းေရာင္ ခ်ိတ္တစ္စံုကို ေရြးဝယ္ေတာ့

သည္။ ဘယ္လိုပဲျဖစ္ျဖစ္ ေမေမနဲ႕ သြားေတြ႕မည္ဆုိတည္းက ကတ္ထဲပိုက္ဆံထပ္ထည့္ေပးလိုက္

ေသာ ေဖ့ကို ေက်းဇူးတင္ရမည္။ တကယ္ဆို ကိုယ့္အေမက စစ္ပြဲမ်ားၾကားမွဒုကၡပင္လယ္

ေဝေနေသာ ကေလးမ်ားႏွင့္အတူတူ ေလာကဓံကိုရင္စည္းခံရင္းပညာသင္ေပးေနသူမို႕ ယခုကဲ့သို႕

အဝတ္အထည္ေတြအတြက္ ေငြသံုးစြဲျခင္းကို တကယ္ပဲ ဝန္ေလးတတ္သည္။

ခုေတာ့ကုိယ့္ကိုေက်းဇူးလည္းတင္ အားလည္းအားနာေနရွာသည္။

"မနက္ျဖန္ အလွဆံုးျပင္ခဲ့ေနာ္ ေမေမ"

"စိတ္ခ် ၊ စိတ္ခ်"

ႏႈတ္ဆက္သြားေသာ ေမေမ့ကို မ်က္စိတစ္ဆံုးလက္ျပႏႈတ္ဆက္ျပီးမွ တိတ္ဆိတ္ေနေသာ ျခံဝင္း

ေလးထဲ ဝင္ေရာက္ျဖစ္သည္။ ျပန္မေရာက္ၾကေသးတာလား။ အိမ္ကထူးထူးဆန္းဆန္းတိတ္ဆိတ္

ေန၏။ ဒီေန႕ ဟိုတယ္မွာပဲ အိပ္မည္ဟု အသိေပးျပီးမွ ျပန္တက္လာေသာ ကို္ယ့္ကို

ဆူမည္ပူမည္မလားမသိ။ အိမ္တံခါးကို ျဖည္းျဖည္းခ်င္းဖြင့္ကာဝင္လာေသာကိုယ္က ေၾကာက္စရာ

မရွိရွာၾကံေၾကာက္ေနသလိုပဲ။ ကားဂိုေဒါင္ဖက္ၾကည့္ေတာ့ ေဖ့ ရံုးကားျဖဴေလးေဘးရပ္ထားေသာ

ေဖၾကီး၏ ဆုိင္ကယ္ေလးကိုေတြ႕ရသည္။ ဒီလိုဆို ႏွစ္ေယာက္လံုးအိမ္ျပန္ေရာက္ေနျပီ

ကုိယ္ ျပန္လာလည္း ဆူမယ့္အေဖေတြ မဟုတ္တာသိေပမဲ့ ကိုယ္တိုင္ကိုက သူတို႕ရဲ႕

ကိုယ္ပိုင္အခ်ိန္ေတြကို စပ္စုခ်င္၍လည္း အခုလို ခိုးေခ်ာင္ခိုးဝွက္လုပ္ေနမိျခင္း။

ဧည့္ခန္းထဲတြင္မရွိ၊ ထမင္းစားခန္းထဲမွ အသံတိုးသဲ့သဲ့ၾကားရသည္။ ကို္ယ္ေရာက္ရာအရပ္တြင္

ရပ္ျပီးနားစြံၾကည့္လိုက္သည္။

ေဖ့ အသံခပ္တိုးတိုးကို အရင္ၾကားရ၏။

"သားကတ္ထဲ ေန႕ခင္းက ပိုက္ဆံထည့္ေပးလိုက္တယ္။ အမရာနဲ႕ ေတြ႕ရင္ စားေကာင္းတာေတြ

ဝယ္ေကြ်းလိုက္လို႕ဆိုျပီး..."

"မနက္က သူ႕အေမက ျမင္ျမင္ခ်င္း သူ႕ကို သားသားေခၚျပီး ေျပးဖက္ေတာ့ သားက ရွက္ေနေသး

တယ္ ။ ဘာလိုလိုနဲ႕ သားေတာင္ သားသားေခၚရင္ ရွက္တတ္တဲ့အရြယ္ေရာက္လာျပီ"

ေဖၾကီးသည္ ေျပာရင္းခပ္တိုးတိုးရယ္သည္။

"သားက ကံေကာင္းပါတယ္ ၊ ငါ သူ႕အရြယ္တုန္းက မင္း ဘုန္းၾကီးဝတ္ေနလို႕ ရန္ကုန္ျပန္မလာ

ေတာ့ဘူးလားဆိုျပီး ပူေလာင္ေနတာ။ ေတာ္ေသး ငါတို႕သားက အခုထိ ကေလးလုိပဲ ဘာဘာညာ

ညာေတြ စိတ္မဝင္စားတတ္လို႕။ ငါ့လိုေကာင္မ်ိဳးေတြနဲ႕ ေတြ႕မွာပဲလည္း ပူတယ္။ အခု သားက

မင္းလို ေအးေအးခ်မ္းခ်မ္းေနေနရာကေန ငါလိုမ်ိဳးျဖစ္လာမွာလည္း စိုးရိမ္ေနတယ္"

ထိုအခါ ေဖၾကီးသည္ "တခ်န္းရာ" ဟူ၍ ေရရြတ္ရင္း ေဖ့ပခံုးကို ခပ္ဖြဖြပုတ္ေပးသည္။

"မင္း သိတဲ့အတုိင္းသားက အဲ့ဘက္ပို္င္းစိတ္မဝင္စားဘူး ။ သူတို႕အေမဖက္တူတယ္ ။ လူပ်ိဳၾကီး

ေတာင္ျဖစ္မလားပဲ"

အမယ္ေလးဗ်ာ ႏွစ္သိမ့္ခ်က္ၾကီးက ေသေလာက္တယ္ေနာ္။ သူ႕ လူ စိတ္မပူဖို႕ ကိုယ္ကိုပါ

လူပိ်ဳၾကီးတန္းျဖစ္ေပးလိုက္ေသး။

ေတာ္ေတာ္ေလးကို ေတာ္ပါေပတယ္ေနာ္ ေဖၾကီးေရ... တရားေတြပါ က်လာ၍ ကိုယ့္အခန္းကို္ယ္

သာ တိတ္တိတ္ဆိတ္ဆိတ္ျပန္လာေတာ့ ကံကေကာင္းခ်င္ေတာ့ တံခါးေစာင္းနဲ႕ ေျခမ တိုက္မိ

သည္။

"အား လား"

ကို္ယ့္၏ မခ်ိမဆန္႕ေအာ္သံၾကီးေနာက္ ထမင္းစားခန္းထဲမွ အထိတ္အလန္႕ႏွင့္ပင္ ကုလားထုိင္ေရႊ႕

လိုက္သံမ်ားကို ၾကားရသည္။ အရင္ေရာက္လာသည္က ေဖၾကီး။

"ဘာျဖစ္တာလဲ ကိုစစ္"

ခ်က္ခ်င္းဆိုသလို ေျခေထာက္ကို ငံု႕ၾကည့္လိုက္သည္ႏွင့္ အလံုးစံုနားလည္သြားသည္က ေဖ

ၾကီးေနာက္နားေရာက္လာေသာ ေဖ၊

"နာသြားျပီ ၊ ျပဦး ေသြးေျခေတြဘာေတြဥသြားလား"

ေမးသည္က ေဖ ၊ ရပ္ေနရင္းမွ ငုတ္တုပ္ထိုင္ရင္း ကုိယ့္ ေျခေခ်ာင္းကို ကိုင္ၾကည့္သည္က ေဖၾကီး။

"အာ နာသြားရံုပဲ။ ေဖၾကီးတို႕ကမအိပ္ေသးဘူးလား"

"မင္းကိုေမးရမွာကိုစစ္၊ ဒီအခ်ိန္ၾကီးဘာလို႕ျပန္လာတာလဲ။ ဟိုမွာပဲ အိပ္တာမဟုတ္ဘူး"

"ေမ နဲ႕ အိပ္ဖို႕က တစ္မ်ိဳးျဖစ္ေနလို႕...ကို္ယ္ရွိေနရင္ ေမ က စကားေတြေျပာေနမွာနဲ႕ ခရီးပန္းလာ

ျပီး မအိပ္ရဘဲ ေနမွာမို႕ အိမ္ပဲျပန္လာလိုက္တာ။ ဘာလဲ ေဖ့ အခ်ိန္ေတြ ကိုယ္ယူမိလိုက္ျပီလား"

အတည္ၾကီးမေနာက္ရဲေပမဲ့ ရယ္က်ဲက်ဲေျပာေတာ့ ေဖသည္ နားရြက္ဖ်ားေတြရဲခနဲျဖင့္

ကို္ယ့္ပခံုးစြန္းကို တစ္ခ်က္လွမ္းထိုးသည္။ ခပ္ဖြဖြမို႕မနာလိုက္။

"ေရာက္ရင္လည္းေစာေစာအိပ္ေတာ့" ဟုေျပာျပီး ခ်က္ခ်င္းသူ႕အခန္းထဲ သူဝင္သြားသည္။

ေၾကာင္ေတာင္ေတာင္ေလးျဖင့္ သူ႕လူသူ လုိက္ၾကည့္ရင္းက်န္ခဲ့ေသာ ေဖၾကီးကို ရယ္ျပေတာ့

"သြားမစပါနဲ႕ သားရာ..." ဟုေျပာရွာသည္။

ကိုယ့္အေဖေတြဆိုတာ အဲ့လိုပါပဲ ။ တကယ္အရွက္အေၾကာက္ၾကီးသည္က ေဖၾကီးေပမဲ့ ကိုယ့္ကို

ေတြးေတြးျပီးကို ရွက္ေနတတ္တာက ေဖ ပင္။

"ေမေမ့ ကို ရွိခိုးပါတယ္။ ကာယကံ ၊ ဝစီကံ ၊ မေနာကံတို႕နဲ႕ မရည္ရြယ္ပါဘဲ ျပစ္မွားမိခဲ့သလို ရွိကကုိယ့္ကိုခြင့္လႊတ္ေပးပါ"

ေမ့ ေျခဖမိုးကို ဦးတိုက္ေသာအခါ ကိုယ့္ေခါင္းကိုဖြဖြပုတ္ရင္း ဆုေတြကို အဆီအေငၚမတည့္စြာ

ေပးရွာရင္း ေမ ငိုသည္။

ကိုယ္ေပြ႕ဖက္ႏွစ္သိမ့္ေသာအခါ ပို၍ ထစ္ခ်ဳန္းခ်ပါ၏။ ငိုေနရင္းေျပာတဲ့စကားမ်ားထဲ ကို္ယ့္ကို

နာက်င္ေစဆံုးက "ေမ့ ကိုပါ ခ်စ္ေပးလို႕ ေက်းဇူးတင္ပါတယ္" တဲ့လား။

ေမ့ ကိုပါ မခ်စ္လို႕ ကုိယ္ဘယ္သူ႕ကို သြားခ်စ္ရမွာတဲ့လဲေလ။

ေက်ာင္းဝင္းထဲ ဓာတ္ပံုစုရိုက္ၾကေတာ့ ေမ နဲ႕ ကုိ္ယ့္ ေနာက္ မျငီးမျငဴလုိက္၍ စိတ္ရွည္လက္ရွည္

ဓာတ္ပံုရိုက္ေပးသည္က ေဖၾကီးပင္။ ေဖကေတာ့ မလွမ္းမကမ္းတြင္သာရပ္ရင္း ကိုယ္တို႕ရွိရာသို႕

မၾကာမၾကာလွမ္းၾကည့္ေနတတ္သည္။ ကို္ယ္သတိထားမိတာတစ္ခုက ေဖၾကီးသည္သာ ေဖႏွင့္

ရင္းရင္းႏွီးႏွီးေျပာဆိုသည္။ ေဖ ကေတာ့ ေမ့ ကိုေတြ႕ရင္ႏႈတ္ဆက္ျပံဳးေလာက္သာ ျပံဳးျပတတ္

သည္။ စကားအပိုအလိုပင္မဆိုတတ္။ ခုလည္း ထိုသို႕ပင္။ ေမ့ အတြက္ဆိုျပီး မုန္႕ဖိုးပိုေပးတတ္

ေပမဲ့ တကယ္တမ္း ေမႏွင့္ လူခ်င္းေတြ႕ေတာ့ ခပ္ခြါခြါသာေနသည္။

ဒါသည္က ပြဲတစ္ေလွ်ာက္လံုးကေန ေလဆိပ္လုိက္ပို႕ေပးသည္အထိပင္။ သို႕ေပမဲ့ ေမ နဲ႕ ကိုယ့္

အတြက္ သီးသန္႕အခ်ိန္မေပးခင္

"ေရာက္လာေပးလို႕ ေက်းဇူးတင္ပါတယ္ အမရာ" ဟူေသာ စကားကိုသာ ေလးနက္ထားေျပာျပီး

ေဖၾကီးကို ေခၚကာ ႏွစ္ေယာက္သား ေကာ္ဖီမေသာက္တတ္ပါဘဲ ေကာ္ဖီဆိုင္သို႕ထြက္သြားၾက

သည္။

ကိုယ္က ေဖ့ရဲ႕ ေအးစက္စက္ဆက္ဆံေရးအတြက္ ေမ့ကိုအားနာေပမဲ့ ေမ ကေတာ့ ႏွစ္ေပါင္းမ်ား

စြာ ေတြ႕ၾကံဳဆံုခဲ့ဖူးသူပီပီ ဘယ္လိုမွ်ပင္စိတ္ထဲရွိမည္မဟုတ္။ သားအမိႏွစ္ေယာက္ တျခား

ဘယ္ေနရာမွမသြားျဖစ္ဘဲ ဧည့္ၾကိဳခံုတန္းမ်ားတြင္သာထိုင္ျဖစ္သည္။

"ဦးငယ္က သူျပန္အလာေစာင့္ပါဦးဆိုတာကို ေမက ခ်က္ခ်င္းၾကီးျပန္ေတာ့ လူပ်ိဳၾကီးျပန္လာရင္

ေျပာလို႕ဆံုးမွာမဟုတ္ဘူး"

"ဒီလူေတြ ေနာက္လည္းေတြ႕ရမွာပဲကို သားရယ္"

ေမေရာက္လာသည့္ ညေနပိုင္းခဏပဲ သူ႕အစ္မသူ ေတြ႕လိုက္ရသည့္ ေနာက္ ခြဲခန္းထဲကေနကို

မထြက္နိုင္ျဖစ္ေနရွာသည္ ။ ခု အျပန္ကို လိုက္ပို႕ခ်င္၍ ခဏေနပါဦး တားေပမဲ့ ေမသည္က်န္ခဲ့

ေသာ တာဝန္က်ရာနယ္ေျမကို စိတ္မခ်နိုင္။

"ကိုယ္လည္းတစ္ေန႕က် ေမ့လို ျဖစ္ခ်င္တယ္။ ေမေမ ဘိုးဘိုးေနာက္ကို လိုက္ခဲ့သလို ကို္ယ္

လည္း ေမနဲ႕အတူတူလိုက္ခ်င္တယ္"

ကိုယ္ပထမဆံုးအေနျဖင့္ ကို္ယ့္ရဲ႕ အနာဂတ္အစီအစဥ္ကို ေျပာျပလိုက္ျခင္း။ ေမ သည္

ရုတ္တရက္မို႕ အံ့ၾသေနရွာသည္။

"အႏၱရာယ္မ်ားတယ္ သားရ။ ျပီးေတာ့ သား အေဖေတြက ဘယ္ခြင့္ျပဳပါ့မလဲ"

"ေဖၾကီးက နားလည္ေပးမွာပါ။ ေဖ နဲ႕ပဲတစ္ခ်က္ညွိဖို႕လိုတာ"

"ေမ့လို နိုင္ငံေတြကိုေလွ်ာက္သြားေနတာမွ လူေတြကို ကူညီတာမဟုတ္ဘူးေလ သိလား၊ သား

ေဖၾကီးလို သားဦးငယ္တို႕လို ကုိယ့္နိုင္ငံမွာကို္ယ္ေနရင္း လူေတြကိုကူညီတာလည္း ေကာင္းတာပဲ

သားရဲ႕။ ေမ့ ေနာက္လိုက္ခ်င္တာသိရေတာ့ ေမ ဝမ္းသာေပမဲ့..."

"ေမ့ ကို ကိုယ္အခုလို ခဏပဲေတြ႕ရ...ေမ ရွိေနတဲ့နိုင္ငံက သတင္းေတြၾကည့္ျပီး ေမ့ကို စိတ္ပူေနရ

တာ ကို္ယ္ပင္ပန္းေနျပီ။ ေမ့ ကို ကို္ယ့္မ်က္စိေအာက္မွာပဲထားျပီးလုိက္ေစာင့္ေရွာက္ေပးခ်င္တယ္။

ေဖ တုိ႕က တစ္ေယာက္နဲ႕တစ္ေယာက္ရွိတယ္ေလ။ ေမ့မွာက ဘယ္သူ႕မွာမွ မရွိတာ။ ေမ့ကို

တာဝန္တစ္ေလွ်ာက္လိုက္ေစာင့္ေရွာက္ေပးျပီး အခ်ိန္တန္ ေဖ တို႕ဆီျပန္မယ္ေလ။ ေမဟာ

ကိုယ္ေစာင့္ေရွာက္ေပးရမယ့္လူဆို ေဖ တို႕ရွိရာအရပ္က ကုိ္ယ္နားခိုရမယ့္ ေနရာပဲ ။ ဒါကို

ေဖ တို႕က နားလည္ေပးမွာပါ"

ေမသည္ ဘာဆိုဘာမွ မေျပာနုိင္ဘဲ ကိုယ့္ကိုသာေငးၾကည့္ေနရွာသည္။ ေသခ်ာပါသည္။

သူ႕တစ္သက္တြင္ ကိုယ့္ဆီမွ ဒီလိုစကားမ်ိဳးၾကားရလိမ့္မည္ဟု သူေမွ်ာ္လင့္ခဲ့လိမ့္မည္မဟုတ္။

"ဟင္ ေမ့ ဆီ ကို္ယ္လာခဲ့မယ္ေနာ္"

"အင္းပါ သားရယ္...သားေက်ာင္းျပီးမွ ေမ တို႕ဆက္ေဆြးေႏြးၾကတာေပ့ါ...ကဲ သြားလို႕ရေနျပီ။

ေမ သြားမယ္"

ေမသည္ ခြင့္ျပဳတယ္လည္းမေျပာ။ အေၾကာက္အကန္ျငင္းဆန္ျခင္းလည္း မျပဳ။ ကုိယ့္ကိုသာ

ေက်းဇူးတင္သည့္မ်က္လံုးမ်ားျဖင့္ ေငးၾကည့္သည္။ ထို႕ေနာက္ မလွမ္းမကမ္းတြင္ရွိေနေသာ အေဖ

တို႕ကို လက္ျပရင္း သူသြားရေတာ့မည့္အေၾကာင္းေဆာ္ၾသသည္။

ထို႕ေနာက္တြင္ေတာ့

"ေမ တို႕ ေနာက္မွ ေတြ႕ၾကမယ္ေနာ္" ဟူေသာ စကားျဖင့္ ကိုယ့္ကိုေနာက္ျပန္ပင္ လွည့္မၾကည့္

ေတာ့ဘဲ ေမ သည္ ေက်ာခိုင္းထြက္သြားခဲ့သည္။

ကိုယ္သိပါတယ္။ ေမ ဘာလို႕ ကိုယ့္ကိုလွည့္မၾကည့္လည္းဆိုတာ လႈပ္ခတ္ေနေသာ ေမ့ ပခံုးသား

မ်ားကိုၾကည့္ျခင္းျဖင့္ ကို္ယ္နားလည္ပါသည္။

ထို႕ေနာက္ ေမ ျပန္သြားျပီးတစ္ပတ္အၾကာ ေမ့ထံမွ စာတစ္ေစာင္လက္ခံရရွိခဲ့သည္။ ထိုစာသည္

ကြန္ပ်ဴတာမ်က္ႏွာျပင္ထက္ရွိမေနဘဲ စာရြက္တစ္ရြက္ေပၚမွာ ခ်ေရးထားေသာစာမ်ားျဖစ္ပါက

ေသခ်ာသည္ မင္မ်ားစြန္းကြက္ေနေပလိမ့္မည္။ ေမ သည္ ထုိစာကို မ်က္ရည္မ်ားျဖင့္ေရးလိုက္

ေၾကာင္း ကို္ယ္ခံစားနားလည္နိုင္သည္က ကို္ယ့္မ်က္ရည္တို႕သည္လည္း ဖုန္းမ်က္ႏွာျပင္ေပၚ

က်ဆင္းခဲ့ရ၍ပင္ျဖစ္သည္။

***

သားသားေရ...

ေမဒီစာကိုေရးဖို႕ စဥ္းစားေနတာၾကာပါျပီ ။ ဒါေပမဲ့ ေမ သတၱိမရွိလို႔ပဲေျပာရမယ္။ ေမ မေရးရဲခဲ့ဘူး။

အခုေတာ့ မေရးလို႕မရေတာ့ဘူး။ ေလဆိပ္မွာသားသားေျပာခဲ့တဲ့ ေမ့ ကိုေစာင့္ေရွာက္ေပးခ်င္

တယ္ ဆုိတဲ့စကားက ေမ့ ကိုတကယ္ၾကီးရင္ထဲနင့္ေစတယ္ ကေလးရယ္...

ဘယ္သူနဲ႕တူလို႕မ်ား ေမေမ့သားက ၾကင္နာသနားတတ္ရတာလဲေလ။ ေမ ေလ သားအေပၚအျမဲ

တမ္းအားနာေနခဲ့ရသလို သားဆီကေနလည္း ဘာဆိုဘာမွ မေမွ်ာ္လင့္ရဲပါဘူး။ ဟုုတ္တယ္ ေမ

သားသားဆီကေန အခ်စ္ေတြကိုရယူဖို႕ဘယ္တုန္းကမွ စိတ္မလံုခဲ့ဘူး။

သားသား ဆီကေန ျပန္လာတဲ့လမ္းတစ္ေလွ်ာက္လံုးစဥ္းစားခဲ့တယ္။ သားကို ကိုယ္ဝန္ေဆာင္

ခဲ့တဲ့ အခ်ိန္ေတြကိုေပ့ါ။

ေမေလ ေပ်ာ္ေဖာ္ဝင္တဲ့အရြယ္တည္းက စဥ္းစားဖူူးတယ္ ။ သာမန္အိမ္ေထာင္ျပဳျပီး ကေလးေလး

ေမြးဖြားတာမ်ိဳးမဟုတ္ဘဲ ဘယ္အမ်ိဳးသားနဲ႕မွ ပတ္သတ္ဆက္ႏြယ္ျခင္းမရွိဘဲနဲ႕ လူသားကေလး

ေလးတစ္ေယာက္ကို ေမြးခ်င္ခဲ့တယ္။ သားသားသိတဲ့အတိုင္း ေမ တို႕ မိဘေတြရဲ႕ အိမ္ေထာင္ေရး

က အဆင္မေျပခဲ့ေတာ့ ေမ က အိမ္ေထာင္ေရးကို အယံုအၾကည္မရွိတဲ့ ကေလးတစ္ေယာက္အ

ျဖစ္ၾကီးျပင္းလာခဲ့ရတာေလ။ ေမ နဲ႕ မင္းဦးငယ္ ကေလးဘဝမွာတင္ အိမ္ေထာင္ကြဲတဲ့

ဒဏ္ကိုခံစားခဲ့ရေတာ့ ေမကေလ အဲ့တုန္းက ေတြးတယ္။ ငါတို႕မိဘေတြက ငါတို႕ကိုလိုခ်င္လို႕ေမြး

ခဲ့တာမွ ဟုတ္လို႕လား။ သာမန္အိမ္ေထာင္မႈသားေမြးျဖစ္စဥ္တစ္ခုေၾကာင့္သာ ငါတို႕ကိုရလာလို႕

ငါတို႕ထက္ သူတို႕ကို္ယ္သူတို႕ခ်စ္ခဲ့ၾကတာလားေပါ့။ အဲ့အရြယ္ကေနစျပီး ေမေတြးတယ္။ ငါ့

အလွည့္ေရာက္လာရင္ ငါ့သားသမီးကို ငါရဲ႕ စိတ္ဆႏၵေတြကေန သေႏၵတည္ျပီးမွရလာတာမ်ိဳး

မဟုတ္ဘဲ ငါကိုယ္တိုင္ သူ႕ကိုလိုခ်င္လို႕ေမြးလာတာ။ အခ်စ္သက္သက္နဲ႕ ေမြးေပးခ်င္ခဲ့မယ္ေပါ့။

ေမ တကယ္ေမြးဖြားေပးတဲ့အခ်ိန္ၾကေတာ့ အခ်စ္သက္သက္သားသားကို ခ်စ္တဲ့အခ်စ္တစ္ခုနဲ႕မ

ဟုတ္ေတာ့ဘူး။ ေမ အျမဲတမ္းစဥ္းစားတယ္။ အဲ့အခ်ိန္ေတြတုန္းက ငါ စိတ္ကူးခဲ့သလို သားသား

ကိုခ်စ္တဲ့စိတ္တစ္ခုတည္းနဲ႕ ေမြးခဲ့တာဟုတ္ရဲ႕လားဆိုတဲ့ေမးခြန္းကို ကိုယ့္ကို္ယ္ကိုယ္ေမးတိုင္း

အေျဖကို မေပးရဲခဲ့ဘူး။

အဲ့တုန္းက ေမ့စိတ္ထဲ ေမတို႕ငယ္ငယ္တည္းက ၾကီးျပင္းလာခဲ့တဲ့ အိမ္ေတာ္ကိုသူမ်ား

ကာကြယ္ရမယ္။ ေမ့ေမာင္ေလးကို ျပန္နိုးလာတဲ့အခ်ိန္ ဒီစိတ္ဆင္းရဲစရာေတြမခံစားရေအာင္

ေမ တာဝန္ယူေပးရမယ္ဆိုတဲ့ စိတ္ေတြနဲ႕ပဲ သားသားကို ေမြးေပးဖို႕ ဆံုးျဖတ္လိုက္တယ္ဆိုတာ

ဒါ ေမေမ ဝန္ခံပါတယ္။ ဒါေပမဲ့ေလ...အမွန္အတိုင္းေျပာရရင္ သားကို ျမင္တဲ့အခ်ိန္ သားကို

ပထမဆံုးျမင္တဲ့အခ်ိန္တုန္းကေလ သားကို မေပးခ်င္ေတာ့ဘူး။

သားသိလား။ သားအေဖေတြ သားကိုလာၾကည့္တဲ့အခ်ိန္မွာ ေမ့စိတ္ကူးကို ေမျပန္ရွက္သြားရ

တယ္။ သားကုိေတြ႕ေတြ႕ခ်င္း သား ေဖ မ်က္ရည္က်ခဲ့တယ္။ အေၾကာင္းက ပါးခ်ိဳင့္ေလးတစ္ဖက္

ပါလာလို႕တဲ့ေလ။

သားေဖၾကီးက ေမ့ကို ေက်းဇူးတင္စကားကိုေလ မေရမရြတ္နိုင္ေအာင္ ေျပာခဲ့တယ္။ ခ်န္းလို

ျဖဴျဖဴစင္စင္နဲ႕ ေခ်ာတဲ့ ကေလးေလး ေမြးေပးလို႕တဲ့။

ဒါေတြေတြ႕ျပီး ေမေတြးတယ္။ သားက သူတို႕နဲ႕ပဲထို္က္တန္တယ္ဆိုျပီး...

သားမွတ္မိေသးလား။ သားငယ္ငယ္တုန္းက သား အေဖႏွစ္ေယာက္မွာ ဘယ္သူက အေဖအရင္း

လဲလို႕ ေမးခဲ့တယ္ေလ။ ေမ ေျပာမယ္သား။ ဒါကို ေမကိုယ္တိုင္လည္းမသိဘူး။ သားေဖၾကီးႏွစ္

ေယာက္လံုးလည္းမသိဘူး။ အားလံုးထင္ေနတာ ေမရယ္ သားအေဖႏွစ္ေယာက္နဲ႕ သားဘြားဘြား

သိတယ္ေပါ့။ အမွန္ေတာ့မဟုတ္ဘူးရယ္။ သိလား သား ေဖ က သိပ္ကို ခ်စ္တတ္တဲ့ အမ်ိဳးသားပဲ။

ေမ တို႕ ဘန္ေကာက္ကို သြားေတာ့ သားေဖရဲ႕ မ်ိဳးဆက္ကိုယူဖို႕ပဲ။ ဒါေပမဲ့ သား

ေဖက ေဆးစစ္ခ်က္ေတြအားလံုးျပီးေနာက္တစ္ေန႕မွာ သူတစ္ေယာက္တည္း ေမ့ကိုလာေတြ႕

တယ္။ လာေတာင္းပန္တယ္ဆိုပိုမွန္မယ္။ သူတစ္ေယာက္တည္းရဲ႕ မ်ိဳးဆက္ကို ယူထားတာမ်ိဳးမ

ဟုတ္ဘဲ သားေဖၾကီးဆီကေနပါ ယူေပးဖို႕ ဒါကို ေမ့ကိုလက္ခံေပးဖို႕ေပါ့။

ေနာက္ဆံုးသားေဖၾကီးလည္းျငင္းလို႕မရဘဲ သူ႕မ်ိဳးဆက္ကိုပါ ေပးခဲ့ရတယ္။ သူတို႕ႏွစ္ေယာက္လံုး

က သားဦးေတြျဖစ္တဲ့ အတြက္ ေယာက်ာ္းေလးတစ္ေယာက္ရနိုင္တဲ့ရာခိုင္ႏႈန္းမ်ားေပမဲ့ ေနာက္ဆံုး

အေကာင္းဆံုးျဖစ္လာနိုင္မယ့္ မ်ိဳးဆက္ကိုသာ ေမ့ကိုယ္ထဲထည့္ေပးဖို႕ ... ဒါ ဘယ္သူ႕မ်ိဳးဆက္လဲ

ဆိုတာ ေမ တို႕ သံုးေယာက္လံုးကို အသိေပးဖို႕မလိုေၾကာင္းကို ဆရာဝန္ၾကီးေတြကို သား ေဖက

ေတာင္းဆိုခဲ့တာပဲ။ ဒါေၾကာင့္ သားေမး တုန္းက သူ စိတ္ဆိုးခဲ့တာ။ သူတို႕ေတာင္ ဘယ္သူ႕ေသြး

သားဆိုတာကို သိစရာမလိုဘူး ဒါ ငါတို႕သားေလးပဲဆုိျပီး သားကိုခ်စ္ေပးေစာင့္ေရွာက္ပ်ိဳး

ေထာင္လာေပးၾကတာေလ။

သားကို ဒီလိုမ်ိဳးထိ ငါ့ေသြးသားကို အခ်စ္သက္သက္နဲ႕ ေမြးဖြားမယ္ဆိုျပီးေတြးခဲ့တဲ့

ေမ့စိတ္ကူးထက္ ငါ့ခ်စ္သူရဲ႕ ေသြးသားျဖစ္ေစ ၊ ငါ့ေသြးသားျဖစ္ေစ ငါတို႕အခ်စ္သက္သက္နဲ႕ပဲ

ေမြးေပးျပီး ေစာင့္ေရွာက္ၾကရေအာင္လို႕ ေတြးခဲ့တဲ့ သားအေဖေတြရဲ႕ ေမတၱာကို ေမ မယွဥ္ရဲခဲ့ဘူး။

ခုသားက ေမ့ကိုခ်စ္ေပး ၊ ၾကင္နာေပး ၊ နားလည္ေပးရံုမက ေစာင့္ေရွာက္ပါ ေစာင့္ေရွာက္ေပး

ခ်င္တယ္ေျပာလာေတာ့ သားအခ်စ္ေတြကို ေမ လက္ခံဖို႕ေတာင္ အားနာျပီးစိတ္မလံုေတာ့ဘူး

ကေလးရယ္...

ကဲ ဒါေမ့ရဲ႕ ဝန္ခံစာလို႕ပဲ ေျပာေျပာ ေတာင္းပန္စာလို႕ပဲဆိုဆို ဒီစာကို သားသားဖတ္ျပီးခ်ိန္

သားသား ေမေမနဲ႕ပတ္သတ္ျပီး ဘယ္လိုစိတ္မ်ိဳးပဲ ျဖစ္လာျဖစ္လာ ေမ အားလံုးလက္ခံနိုင္ပါတယ္။

ဒါေတြကို မေျပာဘဲ သားသားရဲ႕ အခ်စ္ေတြကို လက္ခံျပီးေနဖို႕ ေမ စိတ္မလံုေတာ့လို႕ ဒီစာကို

ေရးလိုက္ရတာပါ။ လိမၼာေရးျခားရွိတဲ့ ေမေမ့သား က်န္းမာပါေစ ၊ စိတ္ခ်မ္းသာပါေစေနာ္။

ခ်စ္တဲ့...

ေမေမ

ကိုယ္ဖုန္းကိုပိုက္ျပီး မ်က္ရည္က်တဲ့အခ်ိန္ တိုက္တိုက္ဆိုင္ဆိုင္ဆိုသလို ေဖ့ ကားစက္ရပ္သံကို

ၾကားလုိက္ရတယ္။ ေနာက္ ကားဂိုေဒါင္္နဲ႕ဆက္ထားေသာ အိမ္ေနာက္ေဖးတံခါးကေနပဲ ေဖဝင္

လာသည္။ ေဖၾကီးက ညေနတည္းက ျပန္ေရာက္ေနတယ္ဆိုတာသိေသာ ေဖသည္ အိပ္ခန္းထဲကို

သာ တန္းဝင္သြားလိမ့္မည္။

ကုိ္ယ္ ဒီအတိုင္းမေနနိုင္ေတာ့။ ကိုယ့္ အေဖေတြကို ေတြ႕ခ်င္လာမိသည္။ ခ်က္ခ်င္းဆိုသလို

အိပ္ခန္းတံခါးကိုဆြဲဖြင့္ျပီး မ်က္ႏွာခ်င္းဆိုင္မွာရွိေနေသာ ေဖတို႕၏ ေလာ့မခ်ရေသးေသာ

အခန္းတံခါးကို ဆြဲဖြင့္ဝင္လိုက္သည္။

ရုတ္တရက္ မ်က္ရည္ပိုးပိုးေပါက္ေပါက္က်ကာ ဝင္လာျပီး သူ႕ခါးကို ဖက္ကာ ငိုခ်ေသာ ကိုယ့္

ေၾကာင့္အဝတ္လဲဖို႕ျပင္ေနေသာ ေဖ လန္႕သြားသလို ခုတင္ေပၚလွဲရင္း စာဖတ္ေနရွာေသာ ေဖၾကီး

လည္း ခ်က္ခ်င္းေကာက္ထကာ ကိုယ္တို႕ႏွစ္ေယာက္ဆီ အေျပးေရာက္လာသည္။

"သား ၊ ကိုစစ္ ဘာျဖစ္လို႕လဲ ။ ဘာျဖစ္လို႕လဲ သား"

ေဖၾကီးသည္ စိုးတထိတ္ထိတ္ျဖင့္ ကိုယ့္ေက်ာကို သပ္ခ်ကာေမးသည္ ။ ေဖ ကေတာ့ သူ႕ထံုးစံအ

တိုင္း စကားစက ထြက္မလာ။ ကိုယ္ဖက္လ်က္သား မတ္တပ္ရပ္ျဖင့္သာ အေျခအေနေတြကို

ေၾကာင္အကာ ၾကည့္ေန၏။

"ကိုစစ္၊ ငါ့သား ေဖၾကီး ကိုၾကည့္ ၊ ဘာျဖစ္လို႕လဲ"

မသိဘူး။ အတင္းလာေမးေနေသာ ကိုယ့္အေဖ ကိုလူေအးကိုပါ အားမလိုအားမရစြာဖက္ထားလိုက္

ေတာ့သည္။ ကိုယ့္လက္ေတြက သူတို႕ႏွစ္ေယာက္လံုးကို သိမ္းက်ံဳးဖက္လို႕မဆန္႕ျဖစ္ေနသည့္

တိုင္ သူတို႕သည္ ျငိမ္ေနေပးရင္း ကိုယ့္ကို ငံု႕ၾကည့္လိုက္ ၊ တစ္ေယာက္မ်က္ႏွာတစ္ေယာက္

ၾကည့္ လိုက္ႏွင့္ ရွိေနသည္။ ကုိယ္ သိပ္ေတာ့ Emotional မျဖစ္လိုက္ ၊ ခဏေန စိတ္ေျပသြားသည္

ကို ကိုယ့္ကိုယ္ကိုယ္သတိထားမိလိုက္ေပမဲ့ ရွက္ရွက္ႏွင့္သာ ဖက္ထားသည္ကို မလႊတ္ေပးေတာ့။

ေဖ့ ထံမွ...

"မင္းသား ဒီရက္ပိုင္း ဘာ စာအုပ္ဖတ္ေနလဲ ငပိုင္" ဟူေသာ အေမးစကားတိုးတိုးကို ၾကားလိုက္ရ

သည္။

Thank You All

A/N Now I am trying to be flexible with my two professional fields. Hoooo this is so incapable. Nevertheless, I can create new story the name of "Sae" in this year. I wanna see you all in this little one. Next episode is Ending so you will enjoy continuously in this story, see you all in my new story. Have a nice day. Pls, don't be mind of my grammar weakness hee hee.

(Unicode)

/

/

/

စစ်ငြိမ်းချမ်းပိုင်
ကျောင်းပေါက်ဝထိ လာကြိုမယ်လို့ သူပဲပြောသည်။ နောက် OT ဝင်စရာရှိတယ်ဆိုပြီး
ကိုကြီးဇေယျ ကိုပဲလာကြိုခိုင်းသည်။ ဦးငယ်၏ ပိုင်နိုင်မှုက လွှတ်တော်အမတ်လောင်းငယ်ကိုပင်
ကလေးကျောင်းသွားကြိုခိုင်းနိုင်တာပင်။ ခပ်တည်တည်ပဲ ။
အချိန်မီမလာနိုင်တော့ကြောင်း ဖုန်းကြိုဆက်ပေးရှာသော်လည်း ကိုယ့်၏ ကိုယ့်အားကိုယ်ကိုး
အိမ်ပြန်အစီအစဉ်အတွက် စိတ်သေလက်ချမရှိခြင်းကို 'ဇေယျကို ဖုန်းဆက်ကြည့်စမ်း မယ်'
ဟူသော စကားဖြင့် အနားသတ်သည်။
ရန်ကုန် ပြင်ဦးလွင် ချောင်းပေါက်မတတ် လာလာနေသော ကိုကြီးဇေယျကိုလည်း သူနဲ့ စတွေ့စ
အရွယ်လေးလို့ပင် ထင်နေလားမသိ။ ဟိုကဖြင့် အခုဝတ်လာစားလာသည့် ပုံက သူဆေးရုံမှာရှိ
သည့်ပုံထက် သားနားသည်။ လည်ကတုံးအဖြူ ၊ ကချင်ပုဆိုး အကွက်စိတ်နှင့် သေသေသပ်သပ်ရှိ
နေသော ကိုကြီးသည် ကိုယ်သင်ယူချင်နေသော ဘာသာရပ်ကို သင်ယူပြီးမြောက်ထားပြီးလည်း
ဖြစ်နေပြီ။
"ကိုကြီး ကို အားနာလိုက်တာ။ ဦးငယ်လုပ်ပုံက မဟုတ်ဘူး"
အားနာပါးနာဖြစ်နေသော ကိုယ့်ကို ကားမောင်းနေရင်းမှ လှည့်ပြုံးပြသည်။
"ဘာမှ မဖြစ်ပါဘူး။ ကိုကြီးတောင် ဒီရောက်တုန်း သူ့အိမ်သွားလည်မလို့လုပ်နေတာ။ မနေ့က
လည်း သူ့ဆီလာမယ်ဆိုပြီး ဖုန်းဆက်ထားပြီးသား။ တကူးတကမဟုတ်ဘူး ကိုစစ်ရ"
အကဲခတ်ကြည့်တော့ ကိုယ်စိတ်သက်သာရာ ရအောင်ပြောနေခြင်းမဟုတ်ဘဲ တကယ့်အဖြစ်မှန်
ကို ပြောနေပုံမှ ဘာမှ ဆက်မပြောတော့။ ကိုကြီးဇေယျ ဦးငယ်ကို တွယ်တာပုံကလည်း သြချရ
သည်။ ဒါတောင် စစတွေ့ချင်း ကောင်းမွန်ခဲ့တဲ့ ဆက်ဆံရေး မဟုတ်လို့...
ဟိုကလည်း သူ့ဆို အကောင်းအကန်းပြောနေပေမဲ့လို့ အကောင်းတစ်ခုမပါ။ နည်းနည်းရှုပ်သွား
တယ်မလား။ အမှန်ပဲ။ ဦးငယ်က ကိုကြီးဇေယျနှင့် ပတ်သတ်လို့ အကြံကောင်းဉာဏ်ကောင်းတွေ
သာမက ကိုကြီးဇေယျလုပ်သမျှကိုလည်း နှုတ်၏ဆောင်မခြင်း ၊ ကိုယ်၏ ဆောင်မခြင်းဖြင့်
ကူညီပေးတတ်သော်ငြား ကိုကြီးကိုဖြင့် ဘယ်တော့မှ စကားကောင်းမပြော ၊ မကောင်းပြောသလား
ဆိုတော့လည်း မပြော။ ကိုကြီးကသာ သူ့ဆို ခင်တွယ်တာ။ သူက သူတို့ခေတ်က စကားနဲ့ပြော
မယ်ဆို ကိုကြီးကို အပြတ်ချေထားသည်။ ကိုကြီးအစားကြားထဲက အားနာမိသော်လည်း ကိုကြီး
ကိုယ်တိုင်ကိုက "သူက စိတ်ရင်းက တကယ်ကောင်းတယ်" ဟူသောစကားဖြင့် သူ့ဖက်ကပင်
တစ်ဖန် ပြန်ဖာတေးပေးနေတတ်တော့ ဖေကြီး ပြောဖူးတဲ့ "ဝင်မပါပါနဲ့ သားရယ်" ဆိုသည့်စကား
ကိုသာ နှလုံးသွင်းပေးလိုက်တော့သည်။
နွေရာသီစံအိမ် ဟု ပြင်ဦးလွင်တွင် နာမည်ကျော်သော အိမ်ကြီးရှေ့ ကားရပ်သည်နှင့် တံခါးလာဖွင့်
ပေးသည့် ဘဘသည် ကိုယ့်ကို မြင်သည်နှင့် ကိုစစ် ဟု ခေါ်ရင်း တံခါးကို အပြေးဖွင့်ကာ
လာကြိုသည်။

အိမ်ထဲရောက်တော့လည်း လူပျိုကြီးတစ်ယောက်တည်းနေသော အိမ်ကျယ်ကြီးကို ကျွမ်းဝင်စွာ
နောက်ဖေးမီးဖိုချောင်ထိ ဝင်ပြီး အအေးပြန်ဖျော်တိုက်သည်က ကိုကြီးဇေယျပင်။
"ကဲ နေရဲတယ်မလား။ ခြံထဲမှာလည်း ဘဘတို့ရှိနေတာ။ ကိုစစ် ဦးလေးကတော့ မိုးချုပ်မလားပဲ"
သူကိုယ်တိုင်လည်း အအေးဖျော်သောက် ခဏတဖြုတ်နားပြီးမှ ပြန်ရန်ဆော်သြသည်။
"ကိုကြီး ဘယ်မှာတည်းတာလဲ"
"ဘယ်မှာ နေရမလဲ။ သူူတို့ ဟိုတယ်မှာပဲပေါ့ ။ မနက်ဖြန် ညနေ လောက်မှ ကိုကြီးတစ်ခေါက်ဝင်
ခဲ့မယ်"
"ဟုတ်ကဲ့"
"နေ နေ ၊ လိုက်မပို့နဲ့တော့"
အေးအေးဆေးဆေးနှင့် ခြံထဲမှ ဘဘတို့ အမေသောင်း တို့နှင့် စကားစမြည်ပြောပြီး သူ့ကား
သူမောင်းကာ မောင်းထွက်သွားတော့သည်။ ဒီလူသည်လည်း လူထူးဆန်းပင်။ သူ့ဒီလောက်ချေမိုး
နေလည်း ခပ်ပြုံးပြုံးနဲ့ ပဲ ဦးငယ်ပြောသမျှနားထောင်တာပင်။
ဧည့်ခန်းကျယ်ထဲတစ်ယောက်တည်းကျန်တော့လည်း ယောင်လည်လည်။ အမေသောင်း က
ဝင်လာပြီး "ကလေးထမင်းစားတော့မလား" ဟု လာမေးပေးသည်။
"ဦးငယ်နဲ့ပဲ အတူတူစားတော့မယ်" လို့သာ ပြန်ဖြေပေးတော့ အမေသောင်းက ခြံထဲ ပြန်ဆင်း
သည်။ ငယ်ငယ်က မသိတတ်သေးတော့ အမေသောင်း နဲ့ ဘဘ ကို ခြံထဲက အိမ်ပုလေးမှာ
ပဲထားပြီးဦးငယ်က သူတစ်ယောက်တည်း အိမ်ကြီးပေါ်နေတယ်ဆိုပြီး ဦးငယ်ကို စိတ်ကွပ်ဖူးသည်။
ဘဘ တို့ ကိုယ်တိုင်ကကို ဒီအိမ်ကြီးမှာ နေဖို့ စိတ်မရဲသည်မို့ ဦးငယ်ကပဲ ခြံထဲမှာ
မနေခိုင်းချင်ဘဲ နေခိုင်းထားရသည့်အဖြစ်ကို အခု အရွယ်ရောက်လာမှ နားလည်လာသည်။
ဦးငယ်လောက် လူကို လူလို့ပဲ မြင်တတ်သည့် လူစားမျိုးကိုမှ အထင်လွဲမိတာ ပြန်တွေးကြည့်
တိုင်း အားနာမိတုန်း။
အခန်းထဲ ရေမချိုးဘဲ တောင်တွေးမြောက်တွေးလုပ်နေရင်းမှ ဖုန်းဝင်လာသည်။ လှဲအိပ်နေရင်းမှပင်
လက်ပတ်နာရီကို မြှောက်ကာ ဖေကြီး၏ video call ကို လက်ခံဖြစ်သည်။
"ဟုတ်ကဲ့ ဖေကြီး"
"ကိုစစ် ရောက်တာကြာနေပြီလား"
"အခုပဲ ဖေကြီး။ ကိုကြီး ဇေယျလိုက်ပို့တာ ။ ဖေကြီးက ဒီနေ့ juty off လား"
"အွန်း ။ ခဏနေ ထွက်ပြီလေ။ သား ဖေ က လာကြိုပေးပြောနေတာနဲ့... "
ကိုယ်ပဲ အလယ်တန်းကျောင်းသားဖြစ်နေပြီ။ ဖေကြီးက ဖေ့ အကြောင်းကို ကိုယ့်ရှေ့တွင် ပြောမိ
တိုင်း ရှက်သလိုလို ရှိုးတိုးရှန်းတန်း ဖြစ်နေဆဲ။ အခုလည်း မျက်လုံးချင်းမဆုံဘဲ သူ့မူပိုင် ပါးချိုင့်ကြီး
ခွက်သည်အထိ ရှက်ပြုံးလိုလို ပြုံးနေပြီး ပြောတာ တွေ့နေတော့ ကိုယ့်ညာဉ်ဆိုးလေးက ပေါ်လာ
သည်။
"ဟုတ်ပါပြီဗျာ... ကိုယ့်ကို ထားခဲ့ပြီး လူပျိုကြီးတွေ ဒိတ်ကြလေသတည်းပေါ့... "
ဟူ၍ ရှေးဆန်ဆန်စနောက်လေသော အခါ
"ကိုစစ်ကတော့ကွာ... " ဟူ၍ တဟားဟားထရယ်ပါလေရော။ သိတယ် ကိုယ့်အဖေအကြောင်း
လူကြီးရှက်လေ ရယ်လေဆိုတာကို။
"နန္ဒအိမ်မှာ ကိုစစ်နေချင်သလောက်နေလေ ။ ပြန်လာချင်လည်း ဟိုတစ်ခါလို တစ်ယောက်တည်း
ပြန်မလာနဲ့ ။ ဖေကြီးကိုပဲ ဖြစ်ဖြစ် ၊ ဖေ့ ကိုပဲ ဖြစ်ဖြစ် ဖုန်းဆက်ခေါ်ကွာ။ မဟုတ်ရင် မင်း ဖေ
အကြောင်း သိတဲ့အတိုင်း ကိုယ်တွေ သားအဖပဲ နားပူရမှာ"
"ဟုတ်ပါပြီခင်ဗျ ။ ဦးငယ်ပြန်မလာခင် ကိုယ်ရေချိုးထားမလို့။ ဖေကြီးလည်း သွားစရာရှိသွားတော့
လေ။ မဟုတ်ရင် ဖေ စိတ်ကောက်... "
"ဟေ့ ဟေ့ ဒီစကားတွေ ခွင့်မပြုဘူး"
စကားတောင်မဆုံးသေး။ သူ့ ငယ်ချစ် မကြိုက်သည့် အသုံးလေးတစ်လုံးပါတာနဲ့တင် ချက်ချင်း
လှမ်းတားတော့တာပဲဗျာ။ မနေနိင်စွာ "ကိုယ်တွေသားအဖချင်းပြောတာကိုပဲဗျာ" ဟု အထွန့်တက်
ခြင်း ဖြင့်ပင် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်တော့သည်။
ဒါကြောင့် ဖေ ကပြောတာ။ မင်း အဖေလောက် ငါ့ကိုဘယ်သူမှ နားမလည်ဘူးဆိုပြီး...
တစ်ခါတလေ ကိုယ်နဲ့ အယူအဆမတူရင် သူ့အမြင်တွေကို ဆန့်ကျင်သလို ဖြစ်လာရင် ဒီစကား
နဲ့ အနိုင်ပိုင်းတတ်မြဲပဲ။ ဖေ ကိုက ဖေကြီးလို လူမျိုးကို အနားမှာ တစ်သက်လုံးခေါ်ထားနိုင်တာကို
က ကံကောင်းတာပါ။
ရှားရှားပါးပါးရတတ်သော သူတို့အချိန်လေးတွေအတွက် ဦးလေးအိမ်လာကာ ရှောင်ပေးရသည့်
သားတော်မောင်အဖြစ်ကိုလည်း ဘယ်သူနားလည်ပေးမှာလဲ။ နားမလည်ပေးသည့်အပြင် သူ့အိပ်
ခန်းထဲ ရေမချိုးမိုးမချိုးဘဲ ဝင်နေပါက တဗျစ်တောက်တောက်ပြောနေမည့် လူပျို
ဦးလေးကြီးတစ်ယောက်ပင် အဆစ်ရနေသည်မို့ အပြောလွတ်အောင် ပြန်ရောက်မလာခင် ရေချိုးထားရမည်။
***
"သုတ ငါ ပြောမယ်။ ဒီနေ့ လုံးဝ လုံးဝ ခွင့်ပြုပေးမယ်လို့ မစဉ်းစားနဲ့နော်"
အခန်းတံခါးပိတ်သံတစ်ခုနှင့် အတူ ဖုန်းမှတစ်ဆင့်ပြောနေသံနောက် သူ့အိတ်ကို ခုတင်ပေါ်ပစ်
တင်လိုက်သံကိုပါ ကြားလိုက်ရသည်။ ဖေကြီးနာမည်ပါလာ၍ ရေချိုးဇလုံထဲမှ ထွက်မည့် အစီအစဉ်
ကို ခေတ္တခဏဆိုင်းထားလိုက်တော့သည်။ တစ်ဖက်မှ မူပိုင်လေသံအေးနှင့် ပြောနေမည်ဖြစ်၍
ဖေကြီး စကားသံကိုတော့ဖြင့် မကြားရ။
"မင်းကို ငါပြောထားတယ်နော်။ မင်းက လက်ခံလို့ရတဲ့ ကိုယ်မဟုတ်ဘူး ။ မင်းစိတ်က
ဘယ်လောက်လိုက်လျောပေးချင်နေနေ ၊ မင်း သဘာဝကိုက ချန်းငြိမ်းလောက် လိုက်လျောညီထွေ
မရှိဘူး"
"... "
"ဧည့်ခံပွဲက ပြန်လာရင်လည်း ပြန်လာတယ်ပေါ့။ အဲ့လောက်ထိ အလိုမလိုက်နဲ့။ ငါ ချန်းငြိမ်း
ကိုလည်း မင်းအခြေအနေကို လည်း ပြောပြထားပြီးသား...သူလည်းသိတယ်။ ဒီတော့ ဖြည့်ဆည်း
ပေးချင်တယ်ဘာတွေ ပြောမနေနဲ့တော့။ ဟိုတစ်ခါ ငါဆွေးနွေးတော့ ငါ့တောင်
ပြန်ပြောလိုက်သေး။ ငါ တို့နှစ်ယောက်အတွက် ဒါတွေမရှိလည်း ဖြစ်တယ်ဆိုပြီး
အဲ့ကောင်ကိုယ်တိုင်ပြောသွားတာ။ ဒီမှာ သာမန်ယောကျ်ားမိန်းမတောင်
အိမ်ထောင်သက်ကြာလာရင် သားသမီးတွေရလာရင် မောင်နှမ
တွေလို ဖြစ်သွားကြတယ်ဆိုပြီး ကြားဖူးကြတာပဲ...ဒီတော့ မင်းတအားမတွေးနေနဲ့။ ချန်းငြိမ်း
လည်း သိတယ်။ ငါလည်း မင်းတို့နှစ်ကောင်ရဲ့ အကြံပေးလုပ်နေရတာ အဆင်ပြေမနေဘူးနော်"
"... "
ဖေကြီးဘာပြောလိုက်သည်မသိ။ ဦးငယ်၏ တဟားဟားထရယ်သံကြီးကို အရင်ကြားလိုက်ရပြီး
သည့်နောက်
"မင်းထက် ချန်းငြိမ်းက အဆင်ပြေတယ် ပိုင်။ ဒီကောင် မကြိုက်လည်း မတတ်နိုင်ဘူး။ သူ့
ခနာဗေဒ ကိုက လက်ခံနိုင်လောက်အောင်ကို အဆင်ပြေနေတယ်"
ဒီလိုအခြေအနေကို ပြောနေရတာ ဘယ်လောက်များ ကျေနပ်နေသည်မသိ။ ရယ်သံကြီးကိုကဗျာ။
ဦးငယ်ကိုလည်း မပြောချင်။ ဖေ နှင့် ဖေကြီး ယှဉ်လာလျှင် သူက သိသိသာသာကို ဖေကြီးဘက်က
ပါသည်။ ဒါ ငယ်ငယ်တည်းကဆိုတာကို ဦးကောင်းဆက် ဆီက တစ်စွန်းတစ်စကြားတည်းက
ရိပ်မိနေတာ။
အရင်ခေတ်က အခုလို လိင်တူအိမ်ထောင်ဖက်တွေအတွက် ကျန်းမာရေး အကြံပေး Specalist
တွေ မရှိသေးခင်တည်းက ဦးငယ်က ဖေကြီးတို့ ကိစ္စကို အကြံပေး ၊ ကျန်းမာရေးစစ်ဆေးခြင်းတွေ
လုပ်ပေးခဲ့တယ်ဆိုပဲ။ ခုလို နာမည်ကြီး အကြံပေးဖြစ်တဲ့ထိ သူက ဖေကြီးတို့စုံတွဲကို လက်မလွှတ်
သေး။
ခုလည်း ကိုယ်ရောက်နေသည်ကိုတောင် သတိမပြုမိဘဲ အကြီးအကျယ်ကို ဖေကြီးကို ကန့်ကွက်
နေတာ။ အရင်ခေတ်ကတော့ ဒါမျိုးကိစ္စတွေကို ရှက်စရာ ရှုတ်ချစရာ ဘာညာမြင်ချင်မြင်လိမ့်မည်။
မြင်ခဲ့သည်ဟုလည်း အချက်အလက်တွေအရ သိရသည်။ ခုကတော့ အေးဆေးပင်။ ကိုယ်တို့မျိုး
ဆက်မှာ တွေးသည်က ဒီလို ဆက်ဆံရေးတွေရှိနေတာက လူသားသဘာဝပဲ။ လူအမျိုးမျိုး
စိတ်အထွေထွေရှိကြသည့် အသိုင်းအဝိုင်းမှာ သူ့စိတ်သူ့သဘောနှင့် သူတို့ကိုယ် နဲ့ ကိုယ်
သူတို့တစ်ယောက်နဲ့တစ်ယောက်ချစ်ကြ ၊ အတူတူနေကြတာ ၊ ဒါကို ကိုယ်က ဘေးကနေ
ကောင်းတယ်ဆိုးတယ် ဝေဖန်စရာမရှိ ။ တစ်ခုက အဲ့လို ဝေဖန်ရှုတ်ချနေမည့်အစား အန္တရာယ်မ
ဖြစ်အောင် ၊ ဒီလိုမျိုးတွေကိုမှ ရှုတ်ချစရာ ကိစ္စတွေ ဆိုးဆိုးရွားရွားမဖြစ်လာအောင်
ဆိုင်ရာပညာရှင် တွေက အကြံပေး ဆွေးနွေး ပညာပေးကြသည်။ စိတ်ပိုင်းဆိုင်ရာ ၊
ရုပ်ပိုင်းဆိုင်ရာနှင့် ကျန်းမာရေး ရှုထောင့်တွေကအစ ဘက်ပေါင်းစုံကနေ ထောက်ပံ့မှုတွေရှိသည်။
မသိလို့ ဖြစ်သွားတယ်။
မှားသွားတယ်ဆိုတာမျိုး မဖြစ်အောင် အားလုံးက သူ့နေရာနှင့်သူ စောင့်ရှောက်မှု အပြည့်နှင့်
မတူညီမှုတွေကို လက်ခံထားကြသည်။
အခုလည်း ကိုယ်ရေချိုးခန်းထဲမှ ထွက်လာတော့ အေးအေးဆေးဆေးပါပဲ ။

"သြ...ကိုစစ် အခုမှရေချိုးပြီးတာလား" ဟု လှမ်းမေးသည်။ ထို့နောက် ဖေကြီးနှင့် အကျေအလည်
ဆက်ဆွေးနွေး၏။
ဦးငယ်က လူပုံက သာတည်တည်ကြည်ကြည် နှင့် ရှေးရိုးဆန်တယ်ထင်ရပေမဲ့
သူ့အတွေးအခေါ်များက ပွင့်လင်း လွတ်လပ်သည်။ လူတိုင်းကို ကောင်းစေချင်သည့်
စိတ်အပြည့်ရှိသော်လည်း သူ့စိတ်ထဲ မကောင်းဘူး ထင်ပါကလည်း သွားမဝေဖန်တတ်။
ပြုပြင်ပေးလို့ရရင်တော့ ပြုပြင်ပေးလိုက်တာပါပဲ။ မရပါက နောက်ဆုံးအဆင့် ဥပက္ခာတရားအား
ထုတ်လိုက်ခြင်းဖြင့် စိတ်ထဲမှကို ထုတ်ပစ်လိုက်တတ်သည်။ သူထို့သို့မဟုတ်နိုင်တာလဲ
တစ်ယောက်ပဲရှိသည်။ အဲ့ဒါ ကိုယ့်ဖေကြီးပဲ။ ဒီတော့ ကျန်သူတွေအားလုံးက သူပြောရင်တော့
အမြင်မတူနေရင်တောင် အလေးအနက်ထား စဉ်းစားကြရသည်။
တော်တော်လေးကြာအောင်ဆွေးနွေးပြီးမှ အခန်းထဲပြန်ဝင်လာသည်။ ကိုယ့်ကို တစ်ချက်ကြည့်ပြီး
ခုတင်ပေါ် ခြေပစ်လက်ပစ်ဝင်ထိုင်၏။
"ဘယ်လိုလဲ ကိုစစ်။ ကျောင်းကိစ္စတွေ ၊ လူမှုရေး ၊ ပညာရေး"
မသိရင် ကိုယ်က လက္ခဏာဗေဒ ပါရဂူရှေ့ရောက်နေသလိုပဲ။ ကိုယ်ရယ်မိရင်း
ခေါင်းသုတ်နေလက်စနဲ့ သူ့ဘေးဝင်ထိုင်ရင်း ထွေထွေထူူးထူးမရှိကြောင်း ပြန်အဖြေပေးလိုက်
သည်။
"ဖေကြီးတို့က...ဘယ်လို အဆင်မပြေတာလဲ။ ဖေကြီးက အခုလုံးဝအဆင်မပြေတော့တာလား"
"အင်း ငါတို့ခေတ်တုန်းက မင်းအရွယ်မှာ အဲ့လိုကိစ္စတွေလောက်ထိ မေးမိလို့ကတော့ အော်ထုတ်
ခံရမှာ ။ အေး မင်းပြောသလိုပဲ ၊ မင်း ဖေကြီး မင်းဖေ ကို အလိုလိုက်လို့မရဘူး။ အသက်တွေ
ကြောင့်လည်း ပါတာပေါ့"
"မလွယ်ဘူးနော်။ အိမ်ထောင်တစ်ခုတည်ဆောက်ရတာ"
"ဘာလဲ ငါလို နေတော့မလို့လား"
"တစ်ယောက်တည်းတော့ မနေချင်တာတော့အမှန်ပဲ။အိမ်ထောင်သဘောမျိုးလည်း မဟုတ်ဘဲ ဒီ
အတိုင်း တစ်ယောက်နဲ့တစ်ယောက်ဖေးဖေးမမ ပုံစံမျိုးပေါ့ ။ ကိုယ်သဘောကျတဲ့
ကို Rain ခ ပြောဖူးသလိုပေါ့။ အချည်အနှောင်မဲ့တဲ့ သံယောဇဉ်ဆိုတာမျိုး...ကိုယ်တော့ အဲ့လို
ဆက်ဆံရေးကို ပိုကြိုက်တယ်"
"အင်း နေနိုင်ရင်တော့ ကောင်းတာပေါ့။ ရှိလည်း ရှိပါတယ်။ ငါတို့ပတ်ဝန်းကျင်မှာပဲ အဲ့လိုနေနေ
တဲ့လူတွေ"
"ဖေဇိုင်း တို့ ၊ ဦးသော် တို့လိုကျ... "
"ကိုဇက်တို့ကျ သူတို့က ငယ်ငယ်လေးတည်းက ညီအစ်ကိုလို နေလာတာလေ။ သူ့ညီ တစ်ခြား
မပေးချင် နှမြောလွန်းတာကြောင့် သူသိမ်းထားလိုက်တာပဲ။ ပြီးတော့ မင်းကောကောကလည်း
သူ့ကျန်းမာရေး အခြေအနေကိုက တကယ်ကို အရိပ်တကြည့်ကြည့်နဲ့ ထားရတဲ့လူဆိုတော့...ဟို
ခန့်သော်ဇင်ကတော့ တကယ့်ရှားပါး မျိုးစိတ်ပေါ့"
ဦးငယ်လည်း ဘယ်လိုကုသိုလ်လို့ ပြောရမယ်မှန်းမသိ။ သူ့နားရှိနေသူတွေအကုန်လုံးက ဖေကြီး
တို့လိုပင်။ ပိုဆိုးတာက သူ့တို့ခေတ်လို လိင်တူကန့်ကွက်မှုတွေ ပြင်းထန်နေသေးတဲ့ အချိန်တွေ
တည်းက စွန့်စွန့်စားစားနဲ့ လက်ထပ်ထားကြသူတွေချည်းပဲ။ သူ့လည်း အဲ့လိုလားဆိုပြီးထင်နေခဲ့
သူက အများသား။ ပိုဆိုးတာက အခုလို လိင်တူအိမ်ထောင်ဖက်တွေရဲ့ ကျန်းမာရေးအကြံပေးအဖွဲ့
ရဲ့ ကနဦးတည်ထောင်သူတွေထဲက နာမည်ကြီးတစ်ယောက်ဖြစ်နေသည့်အပြင် သူ့ဘေးကမခွာ
တမ်းရှိနေသည့် ကိုကြီးဇေယျကြောင့်လည်း သူ့ကို သို့လောသို့လော အထင်ခံရသည်။ သူက
တော့ မမူ။ မူစရာလည်းမလို။ သူ့အကြောင်းတကယ်သိပါက သူ့စိတ်ဘယ်သူ့ဆီမှာ အပြီးအပ်
ထားလဲဆိုတာ အသိသာကြီး။
နှစ်ယောက်သားခဏတာ တိတ်သွားပြီးမှ သူထရပ်ရင်း ရေချိုးမည့်အကြောင်းပြောသည်။ ရေချိုးပြီး
သည်နှင့် ညစာ ထွက်စားမည်ဖြစ်၍ ကိုကြီးဇေယျပါ လာချင်လာလို့ရအောင် ဖုန်းဆက်ထားဟူ၍
စီစဉ်ဆွဲပေးသည်။ ကဲကြည့်လေဗျာ...ဘယ်သူထင်ထင် သူခင်ပြီဆို အဲ့လူမှ အဲ့လူပဲ။
***
"ကိုကြီးဇေယျလည်း နော် ဦးငယ် ဘာပြောပြော ဟုတ်တယ် မှန်တယ် ဆိုတာက စလာတာ"
သူလိုက်ကျွေးသော ညစာကို စားသောက်အပြီး အခန်းပြန်ရောက်သည်နှင့် ကိုယ်တွေတူဝရီးချင်းပဲ
စကားပြန်ဆက်ဖြစ်သည်။ ကိုကြီးဇေယျကိုတော့ဖြင့်် ဟိုတယ်မှာပင် ထားခဲ့ကာ လမ်းခွဲခဲ့တာပင်။
သူ့အိမ်ကိုဖြင့် ယောင်လို့ပင် မခေါ်။
"တခြားအကြောင်းလျှောက်မပြောနဲ့ဦး ။ ကိုစစ် အိမ်စာပြချင်လို့ဆို ပြလေ"
"အာ ဟုတ်တယ်။ ကိုယ် ဦးငယ်ကို mail ပို့ပေးထားတယ်"
ဒီလောက်ဆက်သွယ်ရေးဆိုင်ရာ applicationတွေ သူ့ထက်ငါအပြိုင်ပေါ်နေသော ခေတ်တွင်
လည်း ကိုယ့်ဦးလေးသည်ကား မူလလက်ဟောင်းကိုပင် ဆွဲသုံးဆဲ။ သူနှင့် ဆက်သွယ်ချင်က ထို
Mailဖြင့်သာ စာပေးစာယူလုပ်ရသည်။ ဒါတောင် ဖေကြီးပြောပုံအရ သူတို့ခေတ်အခါမှာ ဦးငယ်က
SNS အသုံးဆုံးဆိုပဲ။ ခုတော့ရိုးသွားပုံပဲ။ စာမျက်နှာပေါ်တွေမှာ ပေါ်ခဲလှသည်။
သူဖတ်နေစဉ်ကိုယ်က တိုက်ရိုက်အစီအစဉ်တစ်ခုမှ ဉာဏ်စမ်းမေးခွန်းများဝင်ဖြေနေလိုက်သည်။
ဒီလမ်းစဉ်ကနေပဲ ဖေကြီးတို့ ဖေတို့ဆီမှ မုန့်ဖိုးသီးသန့်တောင်းစရာမလို။ အပတ်စဉ် ရသည့်
ဆုငွေနဲ့ပင် အေးဆေးသုံးနိုင်သည်။
"ကိုစစ်...မင်းအမေအကြောင်းမရေးဘူးလား"
ကိုယ့်အိမ်စာကိုဖတ်ပေးပြီးချိန်တွင် ပထမဆုံးထွက်လာသည့်စကား။ ခုတင်ပေါ်လှဲနေလျက်မှ သူ့
ကို လှမ်းကြည့်သောအခါ အနားတိုးလာရန်လက်ယပ်ခေါ်သည်။ ု
"မေမေ ကကျ... "
"မင်းအမေလည်း လေးစားစရာကောင်းတာပဲလေ ။ စိတ်ပိုင်းဆိုင်ရာကို ရုပ်ပိုင်းဆိုင်ရာအရရော
ငါ့အစ်မက လေးစားစရာကောင်းတယ်မထင်ဘူးလား"
ကိုယ်ရုတ်တရက် ဘာပြန်ပြောရမည်မသိ။ ဟုတ်ပါသည်။ ကိုယ့်မေမေက အတုယူထိုက်သည့်
လူထဲတွင်ပါသည်။ မေမေ ကိုယ့်အရွယ်လောက်တည်းက အခုအရွယ်ထိ မေမေလုပ်ခဲ့သမျှက
သူ့အတွက်ဆိုတာ တစ်ခုမျှမရှိ။ သို့သော်...
"ခေါင်းစဉ်အရ အတူတူရှိနေတဲ့ လူအကြောင်းပဲမို့ ကိုယ်က အဖေတွေကိုပဲရေးလိုက်တာ"
ဒီတော့ ကျောင်းကမေးခွန်းကို forward လုပ်ပေးထားသော mail ကိုဝင်စစ်သည်။
ကိုယ်အံ့သြလည်း အံ့သြသလို စိတ်မကောင်းလည်းဖြစ်မိသည်။ တစ်ခုက တည်ငြိမ်သည် တော်ရုံ
ကိစ္စဆိုရင်တောင် ခေါင်းထဲမထည့်တတ်သည့် ဦးငယ်သည် အခု ကိုယ့်၏ အလေးစားရဆုံးထဲတွင်
မေမေ့အကြောင်းပါမလာခြင်းကို နှုတ်မှထုတ်မေးရသည်အထိ စိတ်လှုပ်ရှားသွားသည်တဲ့လား။
"ကိုယ့်မေမေက ကိုယ်အလေးစားရဆုံးနဲ့ အချစ်ဆုံးပဲ။ မေမေက ကိုယ့်အတွက်
နှစ်ယောက်မရှိဘူး"
ဒီစကားပြောတော့ "ဆော်ရီးကိုစစ် ၊ ရုတ်တရက်မို့ mail ကိုသေချာမကြည့်မိလိုက်ဘူး" ဟု
တိုးတိမ်တိမ်ဆိုသည် ။
"ဦးငယ်လေ ကိုယ့်ကို မေမေမွေးမယ်လို့ ပထမဆုံးကြားရတော့ ဘယ်လိုနေလဲ။
ဘယ်လိုခံစားရလဲ။ အဲ့တုန်းက ဦးငယ်ဆေးရုံတက်နေရတာဆို"
ဒီအရွယ်ထိရောက်လာသည့်တိုင် ကိုယ့်၏ ဖြစ်တည်ခြင်းနှင့်ပတ်သတ်၍ ဦးငယ်ကို မေးခွန်းမထုတ်
ဖူးခဲ့။ မေးခွန်းမရှိလောက်အောင်လည်း ဦးငယ်က သူ့အစ်မ ကိုယ့်မေမေ ပြီးရင် ကိုယ့်ကို
အချစ်ဆုံး ဂရုစိုက်ဆုံးပင် ။ ဒါပေမဲ့ သူဘာမျှစွပ်ဖက်ပိုင်ခွင့်မရှိလိုက်သည့် မေမေ၏
ဆုံးဖြတ်ချက်အပေါ် သူဘယ်လိုထင်မြင်ခဲ့သလဲ ကိုယ်အမှန်အတိုင်းသိချင်သည်။
"မင်း အဖေတွေ မပြောပြဘူးလား ကိုစစ်"
"ပြောပြတယ်။ ဦးငယ်ကတောင် ဖေကြီးကို ပြန်အားနာနေတဲ့အကြောင်း ။ ဒါပေမဲ့ ဦးငယ်တကယ်
ပဲ ဘာမှမဖြစ်ခဲ့ဘူးလား။ အဲ့တုန်းက AI ဆိုတာ အခုလောက်ထိ မဖွံ့ဖြိုးသေးဘူးမလား"
"ကိုစစ်ရာ...မင်း ငါ့လာအစ်နေတာပဲ"
လုပ်လာပြန်ပြီ ။ သူတို့ခေတ်က ဗန်းစကားတွေ ။
"အစ်တယ်ဆိုတာ ဘာကိုပြောတာလဲ"
"အင်း အမှန်မပြောပြောအောင် လှည့်ပတ်မေးတယ်ပေါ့။ ငါ ဘယ်လိုနေမလဲ မင်းအရင်မှန်းကြည့်
လေ ။ ရာခိုင်နှုန်းများများမှန်ရင် ပြောပြမယ်"
ဒီလိုစကားထွက်လာဖို့ဆိုတာလည်း အခြေအနေကို ကြည့်တတ်ရသေးသည်လေ။ ဒီည သူနဲ့
ကိုကြီးဇေယျ နည်းနည်းသောက်ကြ၍ သူ နည်းနည်းလေးထွေနေတာကြောင့်လည်းပါမည်။
မဟုတ်ရင် သူတစ်သက်လုံးမျိုသိပ်ထားတာတွေကို တူးဆွဖို့ဆိုတာ လွယ်သည့်ကိစ္စတော့မဟုတ်။
ကိုယ် တကယ်ကို လေးလေးနက်နက်ဖြစ်စေရန် လည်ချောင်းတစ်ချက်အရင်ရှင်းလိုက်သည်။
"ဦးငယ် မေမေ့ကို နှမြောမှာပေါ့ ။ ဒါ ခန့်မှန်းကြည့်စရာတောင်မလိုဘူး။ မေမေ လူတစ်ယောက်နဲ့
လက်ထပ်ဖြစ်ရင်တောင် ဦးငယ်နှမြောနေမှာ...အခုလို အဖေတို့အတွက် ကိုယ့်ကို
ယူပေးလိုက်တယ် သိရတော့ ကိုယ်ပြောနိုင်တာထက်ပိုပြီး မေမေ့ကို ဦးငယ် နှမြောမယ် ။ ပြီးတော့
ယုကျုံးမရဖြစ်မှာအမှန်ပဲ။ ဦးငယ်ကို ကိုယ့်ကိုကိုယ်တော့ အပြစ်မတင်စေချင်ဘူး"
ကိုယ်စကားစ ခဏဖြတ်ကာ သူ့ကို ကြည့်တော့ ကိုယ့်ကိုငေးနေသော မျက်ဝန်းတို့တွင်
ဘယ်သောအခါမှ မမြင်ဖူးသော အရည်ကြည်တစ်ချို့သိုင်းရစ်ဥတွယ်နေသည်။
ထို့နောက် ခပ်ဖွဖွတိုးတိုးရယ်သည် ။
"ကိုစစ်ရာ... " ဟု လည်း မချိတင်ကဲ ရေရွတ်သည်။ ဒါသည်က ကိုယ့်အဖြေမှန်ကြောင်း ထောက်
ခံချက်တွေပင်။
သူနှင့်ငယ်စဉ်တည်းက ပေါင်းလာသည့် ဖေကြီးသည် သူ့အကြောင်းသိနေမည်ဆိုသည့်တိုင်
ကိုယ့်ကဲ့သို့ သူ့နာကျင်စရာများကို ထိုးဆွတူးဖွခဲ့မည်မဟုတ် ။
သူ ဖေကြီးကို အချစ်ပိုသည်ကလည်း မပြောနှင့်...
"မင်းက တစ်ဦးတည်းသော သားဆိုတော့ မောင်နှမသံယောဇဉ် ဆိုတာတွေ ဘာတွေ သိပ်မသိ
လောက်ဘူး။ ဒါက ခံစားရခက်တယ်။ သူဒီလိုမျိုးနည်းနဲ့ပဲ ကလေးယူချင်တယ်ပြောခဲ့ပေမဲ့
တကယ်လုပ်ရဲမယ်လို့ မထင်ခဲ့ဘူး။ တကယ်တမ်းလုပ်တော့လည်း သူ့အသိုင်းအဝိုင်းထဲက
လူနဲ့မဟုတ်ဘဲ ငါ့သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးနဲ့ ပတ်သတ်လိုက်တာ။ ဒါ ဘယ်လိုပြော
ရမလဲ မျက်နှာပူတယ်။ နှမြောတယ်။ တကယ်တမ်း ကလေးလေးမွေးလာရင် ငါတကယ်စိတ်ရင်း
နဲ့ ချစ်ပေးနိုင်ပါ့မလားလည်းစိုးရိမ်တယ်။ နောက်တစ်ခု သူတို့သုံးယောက်လုံးသိတဲ့ မင်းက
ဘယ်သူ့ရဲ့ မျိုးဆက်လည်းဆိုတာ ငါပဲသိခွင့်မရှိတာတွေ ၊ အများကြီးပဲ ကိုစစ်ရ။ အဲ့တုန်းက
ငါ့အသက်၂၀ကျော်ပဲ ရှိသေးတာ။ ငါ ရင်ဆိုင်နေရတဲ့ မိသားစု အရေးက ငါသာ စိတ်ကို
မထိန်းချုပ်ထားနိုင်ရင် ဘာမှ ကောင်းလာစရာမရှိတဲ့ အနေအထားလေ။
ဒီတော့ ငါကင့ါစိတ်ထဲတွေးနေတာတွေထက် ပိုပြီး အများကြီးရင့်ကျက်ပြလိုက်ရတယ်။
သိချင်စိတ်တွေကို မြိုသိပ်ရတယ်။ မင်းကို စိတ်သန့်သန့်နဲ့ချစ်ပေးနိုင်ဖို့ ငါ အများကြီးစိတ်ကို
ပြင်ဆင်ထား ရတာရောပေါ့"
"ကျေးဇူးပါ ဦးငယ်"
ကိုယ် ကျလာသည့်မျက်ရည်ကို သူမမြင်စေရန် သူ့ကို သွားပွေ့ဖက်ထားလိုက်ရတော့သည်။
ဘဝမှာ အားလုံးပြည့်စုံသလို ဖြစ်နေပြီးမှ သူ့အတွက် ဘာဆိုဘာမှမရှိသည့်လူသားက ဦးငယ်ပင်။
ကိုယ်ထိန်းနေသည့်ကြားမှ ကိုယ့်မျက်ရည်စက်သည် သူ့ လည်ဂုတ်ပေါ်သို့ ကျဖြစ်အောင်ကျသွား
သေးသည်။
"ကိုစစ်ရာ...ဒါ ငိုစရာမှ မဟုတ်တာ ငါ့တူရ။ မင်းလည်းဘယ်သူနဲ့တူလဲမသိ။
မျက်ရည်လွယ်လိုက်တာ "
သူပြောစရာမရှိတော့သည့်အခါတိုင်း ကိုယ့်ကို ထိုသို့ပြောတတ်သည်။ ကိုယ်မထိန်းနိုင်တော့စွာ
ရှိုက်တော့ ကိုယ့်ကျောကို ဖွဖွပုတ်ကာ နှစ်သိမ့်ပေးသည်။
ကိုယ်သိသည် ။ သူကိုယ့်ကို ချစ်ပေးနိုင်ဖို့ အများကြီးကြိုးစားရတယ် ဟု ပြောနေသည့်တိုင်
အခုချိန်တွင် သူ လိုတာထက်ပိုအောင်မြင်နေကြောင်းကိုယ်သိပါသည်။
ဟုတ်တယ်။ သူ့ကြိုးစားမှုအရာထင်သည်သာမက ပိုပင်ပိုနေပါသည်။ သူသည် ကျွန်တော့်
အဖေတွေ နဲ့ပြိုင်ရဲသည်အထိ သူ့မေတ္တာသည် စစ်မှန်ပါ၏။

"သားသား"
မနက်ခင်းနေရောင်ခြည်ရေးရေးအောက် မှုန်လဲ့လဲ့ဖြစ်နေသော ရန်ကုန်လေဆိပ်ဝင်းထဲတွင်
မေမေ့၏ စူးရှရှအသံလွင်လွင်သည် ထွင်းဖောက်လျှံကျသည်။ လူပျိုပေါက်အရွယ်ဖြစ်နေသည့်
ကိုယ့်အတွက်ဒါသည် ရှက်စရာလို့ထင်နေသော်လည်း ကိုယ့်မွေးမိခင်ကတော့ဖြင့် ဒါကိုနည်းနည်း
မှ စိတ်မဝင်စား။ ခြေလှမ်းတုံ့ဆိုင်းသွားသော ကိုယ့်ကိုသာ ပြေးဖက်သည်။ ကိုယ့်ခေါင်းကို သူ့
လက်မောင်းနှစ်ဖက်ကြားဆွဲပွေ့ ရင်ခွင်ထဲဆွဲသွင်းကာ နမ်းရှိုက်လေ၏။
ရပ်ကြည့်နေသော အဖေဖြစ်သူကို လှမ်းကာ အကူအညီတောင်းတော့ ကိုယ့်အဖေ ကိုလူအေးကြီး
ကား အားကိုးအားထားစရာကောင်းလောက်အောင်ကို ပြုံးပြုံးကြီးနှင့် ကြည်နူးပီတိ
ဂွမ်းဆီထိနေလေရဲ့။
"မေ တကယ်ရောက်လာမယ်လို့ကို မထင်တာ"
လူသားပိုက်ကောင်ဘဝမှ ကျွတ်လွတ်ခွင့်ရချင်းချင်းပင် မေ့ကို ပြောမိသောစကား။ ထိုအခါ မေ
သည် ကျွန်တော့်ပခုံးကို အားပါးတရဖက်ရင်း
"လာရမှာပေါ့ကွ ။ ဒီပွဲ မေမရှိလို့ ဘယ်ဖြစ်မလဲ" ဟု ပြန်ပြောပေးသေး၏။
လွန်ခဲ့သည့်တစ်ပတ်က မေ့ ကို ကိုယ် video call ခေါ်ရင်းကျောင်းမှ လုပ်မည့် ကျေးဇူးတော်ပွဲ
အကြောင်းပြောပြမိသည်။ ကျေးဇူးတော်ပွဲဆိုသည်က ဘာသာရေးပွဲမဟုတ်။ ဖေ တို့ခေတ်က
စကားအရဆို ကျောင်းသားမိဘ စုံညီပွဲတော်ပင်။ တစ်ခုပိုတာက အတူတူလာကြသော အမေတွေ
ကို စင်မြင့်တွင် ထိုင်ခုံကိုယ်စီပေါ်ထိုင်ခိုင်းရင်း သားသမီးတွေက အမေ့ခြေရာကို ယူရင်းကန်တော့
ကြခြင်း။ ဒါက အလယ်တန်းပြီးမြောက်မည့် ကျောင်းသားတိုင်းအတွက် ရည်ရွယ်လုပ်သည့်ပွဲတစ်ခု
ပင်။ ဒီယဉ်ကျေးမှုက ထိုင်းကနေ စီးကူးလာတယ်ဟု ပြော၍ ရပေမဲ့ ဒီကအယူအဆက ဒီလို။
တိုက်ပွဲစစ်မြေပြင်ပမာ ခက်ခဲကြမ်းတမ်းသည့် အထက်တန်းကို မတက်ရောက်ခင် အမေ့ခြေရာကို
ဆောင်ယူထားကြခြင်း ။ ဒါသည်ကား ဘာသာရေးနည်းနည်းနွယ်နေသော ထိန်းကျောင်းမှုတစ်ခုအ
လား။ ဘယ်လိုပဲဖြစ်ဖြစ် ထိုသို့သော ပွဲမျိုးတွေက အမေမရှိသည့်လူတွေအတွက်တော့ ခံစားရခက်
စေသည်။
ကိုယ်လည်း မေမေလာနိုင်မည်ဟု ရာနှုန်းပြည့်မမျှော်မှန်းရဲပေမဲ့ အဖေတွေနဲ့ တိုင်ပင်ကြည့်သော
အခါ "ကိုစစ် ခေါ်ချင်ခေါ်ကြည့်ပေါ့" ဟူသော ဖေကြီးစကား၏ သဘောထပ်တူကျစကားနှင့်
"အများကြီးတော့ မမျှော်မှန်းထားနှင့်" ဟုဆိုလာသော ဖေ့ စကားကို နှလုံးပိုက်ပြီး မေ့ကို အသိပေး
ရုံသဘောဖြင့် ပြောလိုက်တာပင်။
မေ ကတော့ တကယ်ကိုပဲ စစ်မြေပြင်ရပ်ဝန်းတစ်ခုကနေ ကတိုက်ကရိုက်ရောက်ချလာပေးခဲ့သည်။
အဝတ်အစားအပိုအလိုပင် မပါသော မေ့ ကျောပိုးအိတ်ကို ကိုယ်ပြောင်းလွယ်ပေးရင်း ဟိုတယ်
အခန်းထဲထိ ပို့ဆောင်ပေးဖြစ်သည်။
"မေမေက နွေရာသီစံအိမ် မှာနေလည်းဖြစ်တာကို"
"အာ လူပျိုကြီးနဲ့ မနေနိုင်ပါဘူးနော်"
ရယ်သွေးသွေးရင်း ပြန်ပြောသော မေ့စကားကို သဘေတကျရယ်မိသည်။ ကိုယ်ရယ်နေသည်ကို
သိသော မေ သည်လည်း ထိုင်နေလျက်မှ မော့ငေးသည်။
"မေ့ သားက စကားနည်းလိုက်တာ"
ကိုယ် မေနှင့် တွေ့ကြုံတိုင်းဖြစ်နေကျပြဿနာကလည်း ဒါသည်ပင်။ အဖေနှစ်ယောက်နဲ့ဆို
စက်သေနတ်ပစ်သလို တဒက်ဒက်နဲ့ စကားများတတ်လွန်း၍ ဖေကြီးကပင်
"ငါ့သားကြီးလာလေ စကားတွေပြောလာလေ" ဟူ၍ ညည်းညည်းညူညူပြောရသည်အထိ။
ခုတော့ မေ နဲ့ဆိုရင် ကျက်သရေပြည့်နေသော မေ့ ကိုသာ ငေးမဝဖြစ်နေတတ်လျက် စကားလုံး
ဆိုသည်များက မေ့အပြုံးအောက်တွင်သာ ဝပ်တွားခကြသည်။
ကိုယ့် မေမေသည် ကိုယ်မြင်ဖူးသမျှတည်း ကျက်သရေအရှိဆုံးအမျိုးသမီးပင်။ ကျက်သရေ ရှိခြင်း
နှင့် ငြိမ်သက်ခြင်းကို တူဒွန်တွဲနေသည်ကို ထင်မြင်ခဲ့ဖူးသူသည် မေ့ ကိုတွေ့ပါက သူ့အယူမှား
ခဲ့ကြောင်း သတိရပေလိမ့်မည်။ ခပ်ပါးလျလျနှင့် အရပ်ရှည်ရှည်ဖြစ်နေသော မေ သည်ကား
ငြိမ်ကာအေးဆေးနေတတ်သူ တစ်ယောက်မဟုတ်။ ဂျင်းဘောင်းဘီနှင့် ကာကီရောင် ရှပ်လက်ရှည်
ကို ဝတ်ဆင်လျက် ဖြိုးဖြိုးဖျတ်ဖျတ်နှင့်သွားလာလှုပ်ရှားနေပုံကပင် ကျက်သရေရှိနေသည်ဆို
သိပ်များထူးဆန်းနေမလား။ ဘာဆိုဘာမှ လိမ်းခြယ်ထားလေ့မရှိသော မေ့မျက်နှာတွင် ကမ္ဘာမြေ
ကို ငြိမ်းချမ်းစေလိုခြင်း ဆန္ဒသာကိန်းနေ၍ အမြဲလိုလို ဒေါသကင်းစင်နေမှုက သူ့ထံပါး ကျက်သ
ရေ တို့ တည်မှီနေနိုင်ခြင်းဖြစ်တန်ရာ၏။
ထက်မြက်မှုတို့ တည်ရှိသော်ငြား မာန်မာနမဲ့၍ ခက်ထန်ခြင်းတို့သည် သူမ၏ အပြုံးအေးအေး
အောက် ဘယ်သောအခါမှ တွန်းလှန် ခေါင်းပင်မဖော်နိုင်ခဲ့။
လွတ်လွတ်လပ်လပ်နေနိုင်နေသည့်တိုင် မဟာသွေးတို့၏ အမှတ် အသားတစ်ချို့က
သူ့ကိုယ်ရောင်ကိုယ်ဝါတွင် တင်ကျန်နေဆဲ ။ ကိုယ်အကြိုက်ဆုံးက မေ ဆံပင်တွေကို
လှန်တင်လိုက်တိုင်းပေါ်လာတတ်သော မဟာနဖူးပြေပြေလေးပင်။ ဦးငယ်မှာလည်းရှိသည်။
မေ့ တွင် ဖြစ်တည်နေသော မဟာနဖူးက ပို၍ လှသည်ဆိုတာကို မေ့ကို ဖွင့်ပြောပါက မေက
လိပ်ကလေးလို့များ ကင်ပွန်းတပ်လေမလား။
ထိုသို့တိုင် ငေးမဝခြင်းဖြင့်သာ ရှိနေသော ကိုယ့်ကို မေ သည်အားမလိုအားမရဖြစ်မြဲ။
"သားသား မေ နဲ့အတူ နေလယ်စာလိုက်စားပေးနော် ။ သြ ဒီနေ့ အတန်းချိန်မရှိရင် ညစာပါ
စားပေး။ နော်...တို့ သားမိ တရုတ်တန်းလျှောက်ရအောင်။ ရတယ်မလား။ ပြီးရင် မေ သားသားကို
အိမ်ပြန်လိုက်ပို့ပေးမယ်လေ"
"ရတယ်။ ကိုယ် ဒီနေ့ အားတယ်"
ထိုသို့ ဖြေလိုက်ရုံလေးနဲ့ပင် Xie Xie Ni ဟူ၍ တရုတ်လိုထအော်လျက် ကိုယ့်ကို ဆွဲမွှေ့ပြန်ပါ၏။
သူ ကိုယ့်ကို ကလေးပေါက်စလေးလို ဆက်ဆံခြင်းကို ဘယ်သောအခါမှ ရပ်မည်လဲ ဟု ဦးငယ်ကို
မေးကြ ည့်ဖူးသည်။
ထိုအခါ ဦးငယ်ပြန်ဖြေပုံက ကိုယ့်ကို ကူကယ်ရာမဲ့စေသည်။ ဖြေပုံက ရှင်းသည်။
"မင်း မပြောနဲ့။ ငါ့တောင် သူက လူကြီးလို့ မြင်ပေးလို့လား" တဲ့။ ကဲ ပြီးပြီလေ ။ ကိုယ်ဘာတတ်
နိုင်သေးလို့တုန်း။

မေမေနှင့် ညဈေးတန်းပတ်စဉ် သူတို့ငယ်ငယ်က မန္တလေးတရုတ်တန်းဆိုတာ ဘယ်လိုဘယ်ဝါ၊
သူတို့ ပြင်ဦးလွင်သည် အရင်ကထက် ပိုကာ နိုင်ငံခြားသား ခရီးသွားမများကြောင်းနဲ့ ဒီနားမှာဆို
အရင်က ဘာဆိုင်လေး ရှိခဲ့တာ စသည်နှင့် အတိတ်ကို ပြန်ပြောင်းသတိရရှာသည်။
စကားများတွင်ကား သူ့မောင်တောင်အကြောင်းမပါမဖြစ်။ အတူတူနေနေသော ဘိုးဘိုးအကြောင်း
ပြောသည်ထက် ဦးငယ်အကြောင်းသာ ပြောဖြစ်သည်။ ဘွားတော် တို့အကြောင်းဆိုသည်ကား
ရှားရှားပါးပါးမှသာ ကြားရ၏။
"အား...ဗိုက်တွေတင်းပါတယ်"
ချပ်ရပ်နေသော ဗိုက်ကိုပွတ်ရင်း ဗိုက်တင်းတယ်ဆိုသောအခါ ကိုယ်သဘောတကျရယ်မိပြန်သည်။
"မရယ်ပါနဲ့နော်...မေ့အသက်က စကားပြောပြီလေ။ မေ အရင်ကထက် ဗိုက်ပူလွယ်လာတယ်ကွ"
"ဒါပေမဲ့...မေ က တခြားအမေတွေထက်စာရင် နုပါတယ်"
ကိုယ့်၏ စကားကို ဘယ်လောက်တောင်သဘောကျသည်မသိ။ ခေါင်းတွေမော့ကာရယ်သည်။
"ကိုယ်တကယ်ပြောတာ" ဟု ထပ်လောင်းအတည်ပြုသောအခါ
"ဟုတ်ပါပြီ " ဟူသော စကားကို ရယ်ကျဲကျဲဖြင့်ပြောသည်။
"သြ...မေ့တော့မလို့ သားသားရေ...မေ မနက်ဖြန်ဝတ်ဖို့ မြန်မာဝတ်စုံလေး တစ်စုံလောက်
ရွေးပေးပါဦး ၊ မေ့ မှာ ကောင်းကောင်းကန်းကန်းတစ်ခုမှကို မပါလာဘူး"
ဒီလိုနဲ့ သားအမိနှစ်ယောက် အသင့်ဝတ်ဆင်နိုင်သော မြန်မာဝတ်စုံများရောင်းချသော brand
တစ်ဆိုင်သို့ရောက်ချလာကြသည်။
သို့သော် မေမေသည် တစ်ထည်ချင်းစီကို ကိုင်ကြည့်လိုက် ဈေးနှုန်းကတ်ပြားကို မသိမသာလှန်
ကြည့်လိုက်ပြန်ချထားလိုက်လုပ်ရင်းအဆုံးတွင်တော့...ကိုယ်မနေနိုင်တော့။
"မေမေ လိုချင်တာဝယ်လေ။ ကိုယ် မေမေ့ကို လက်ဆောင်ပေးမယ်"
"အာ မဟုတ်တာ သားသားရ"
"ရတယ်"
မေမေသည် မငြင်းနိုင်စွာပင် ကိုယ်ရွေးပေးသော ဖက်ဖူးစိမ်းရောင် ချိတ်တစ်စုံကို ရွေးဝယ်တော့
သည်။ ဘယ်လိုပဲဖြစ်ဖြစ် မေမေနဲ့ သွားတွေ့မည်ဆိုတည်းက ကတ်ထဲပိုက်ဆံထပ်ထည့်ပေးလိုက်
သော ဖေ့ကို ကျေးဇူးတင်ရမည်။ တကယ်ဆို ကိုယ့်အမေက စစ်ပွဲများကြားမှဒုက္ခပင်လယ်
ဝေနေသော ကလေးများနှင့်အတူတူ လောကဓံကိုရင်စည်းခံရင်းပညာသင်ပေးနေသူမို့ ယခုကဲ့သို့
အဝတ်အထည်တွေအတွက် ငွေသုံးစွဲခြင်းကို တကယ်ပဲ ဝန်လေးတတ်သည်။
ခုတော့ကိုယ့်ကိုကျေးဇူးလည်းတင် အားလည်းအားနာနေရှာသည်။
"မနက်ဖြန် အလှဆုံးပြင်ခဲ့နော် မေမေ"
"စိတ်ချ ၊ စိတ်ချ"
နှုတ်ဆက်သွားသော မေမေ့ကို မျက်စိတစ်ဆုံးလက်ပြနှုတ်ဆက်ပြီးမှ တိတ်ဆိတ်နေသော ခြံဝင်း
လေးထဲ ဝင်ရောက်ဖြစ်သည်။ ပြန်မရောက်ကြသေးတာလား။ အိမ်ကထူးထူးဆန်းဆန်းတိတ်ဆိတ်
နေ၏။ ဒီနေ့ ဟိုတယ်မှာပဲ အိပ်မည်ဟု အသိပေးပြီးမှ ပြန်တက်လာသော ကိုယ့်ကို
ဆူမည်ပူမည်မလားမသိ။ အိမ်တံခါးကို ဖြည်းဖြည်းချင်းဖွင့်ကာဝင်လာသောကိုယ်က ကြောက်စရာ
မရှိရှာကြံကြောက်နေသလိုပဲ။ ကားဂိုဒေါင်ဖက်ကြည့်တော့ ဖေ့ ရုံးကားဖြူလေးဘေးရပ်ထားသော
ဖေကြီး၏ ဆိုင်ကယ်လေးကိုတွေ့ရသည်။ ဒီလိုဆို နှစ်ယောက်လုံးအိမ်ပြန်ရောက်နေပြီ
ကိုယ် ပြန်လာလည်း ဆူမယ့်အဖေတွေ မဟုတ်တာသိပေမဲ့ ကိုယ်တိုင်ကိုက သူတို့ရဲ့
ကိုယ်ပိုင်အချိန်တွေကို စပ်စုချင်၍လည်း အခုလို ခိုးချောင်ခိုးဝှက်လုပ်နေမိခြင်း။
ဧည့်ခန်းထဲတွင်မရှိ၊ ထမင်းစားခန်းထဲမှ အသံတိုးသဲ့သဲ့ကြားရသည်။ ကိုယ်ရောက်ရာအရပ်တွင်
ရပ်ပြီးနားစွံကြည့်လိုက်သည်။
ဖေ့ အသံခပ်တိုးတိုးကို အရင်ကြားရ၏။
"သားကတ်ထဲ နေ့ခင်းက ပိုက်ဆံထည့်ပေးလိုက်တယ်။ အမရာနဲ့ တွေ့ရင် စားကောင်းတာတွေ
ဝယ်ကျွေးလိုက်လို့ဆိုပြီး..."
"မနက်က သူ့အမေက မြင်မြင်ချင်း သူ့ကို သားသားခေါ်ပြီး ပြေးဖက်တော့ သားက ရှက်နေသေး
တယ် ။ ဘာလိုလိုနဲ့ သားတောင် သားသားခေါ်ရင် ရှက်တတ်တဲ့အရွယ်ရောက်လာပြီ"
ဖေကြီးသည် ပြောရင်းခပ်တိုးတိုးရယ်သည်။
"သားက ကံကောင်းပါတယ် ၊ ငါ သူ့အရွယ်တုန်းက မင်း ဘုန်းကြီးဝတ်နေလို့ ရန်ကုန်ပြန်မလာ
တော့ဘူးလားဆိုပြီး ပူလောင်နေတာ။ တော်သေး ငါတို့သားက အခုထိ ကလေးလိုပဲ ဘာဘာညာ
ညာတွေ စိတ်မဝင်စားတတ်လို့။ ငါ့လိုကောင်မျိုးတွေနဲ့ တွေ့မှာပဲလည်း ပူတယ်။ အခု သားက
မင်းလို အေးအေးချမ်းချမ်းနေနေရာကနေ ငါလိုမျိုးဖြစ်လာမှာလည်း စိုးရိမ်နေတယ်"
ထိုအခါ ဖေကြီးသည် "တချန်းရာ" ဟူ၍ ရေရွတ်ရင်း ဖေ့ပခုံးကို ခပ်ဖွဖွပုတ်ပေးသည်။
"မင်း သိတဲ့အတိုင်းသားက အဲ့ဘက်ပိုင်းစိတ်မဝင်စားဘူး ။ သူတို့အမေဖက်တူတယ် ။ လူပျိုကြီး
တောင်ဖြစ်မလားပဲ"
အမယ်လေးဗျာ နှစ်သိမ့်ချက်ကြီးက သေလောက်တယ်နော်။ သူ့ လူ စိတ်မပူဖို့ ကိုယ်ကိုပါ
လူပျိုကြီးတန်းဖြစ်ပေးလိုက်သေး။
တော်တော်လေးကို တော်ပါပေတယ်နော် ဖေကြီးရေ... တရားတွေပါ ကျလာ၍ ကိုယ့်အခန်းကိုယ်
သာ တိတ်တိတ်ဆိတ်ဆိတ်ပြန်လာတော့ ကံကကောင်းချင်တော့ တံခါးစောင်းနဲ့ ခြေမ တိုက်မိ
သည်။
"အား လား"
ကိုယ့်၏ မချိမဆန့်အော်သံကြီးနောက် ထမင်းစားခန်းထဲမှ အထိတ်အလန့်နှင့်ပင် ကုလားထိုင်ရွှေ့
လိုက်သံများကို ကြားရသည်။ အရင်ရောက်လာသည်က ဖေကြီး။
"ဘာဖြစ်တာလဲ ကိုစစ်"
ချက်ချင်းဆိုသလို ခြေထောက်ကို ငုံ့ကြည့်လိုက်သည်နှင့် အလုံးစုံနားလည်သွားသည်က ဖေ
ကြီးနောက်နားရောက်လာသော ဖေ၊
"နာသွားပြီ ၊ ပြဦး သွေးခြေတွေဘာတွေဥသွားလား"
မေးသည်က ဖေ ၊ ရပ်နေရင်းမှ ငုတ်တုပ်ထိုင်ရင်း ကိုယ့် ခြေချောင်းကို ကိုင်ကြည့်သည်က ဖေကြီး။
"အာ နာသွားရုံပဲ။ ဖေကြီးတို့ကမအိပ်သေးဘူးလား"
"မင်းကိုမေးရမှာကိုစစ်၊ ဒီအချိန်ကြီးဘာလို့ပြန်လာတာလဲ။ ဟိုမှာပဲ အိပ်တာမဟုတ်ဘူး"
"မေ နဲ့ အိပ်ဖို့က တစ်မျိုးဖြစ်နေလို့...ကိုယ်ရှိနေရင် မေ က စကားတွေပြောနေမှာနဲ့ ခရီးပန်းလာ
ပြီး မအိပ်ရဘဲ နေမှာမို့ အိမ်ပဲပြန်လာလိုက်တာ။ ဘာလဲ ဖေ့ အချိန်တွေ ကိုယ်ယူမိလိုက်ပြီလား"
အတည်ကြီးမနောက်ရဲပေမဲ့ ရယ်ကျဲကျဲပြောတော့ ဖေသည် နားရွက်ဖျားတွေရဲခနဲဖြင့်
ကိုယ့်ပခုံးစွန်းကို တစ်ချက်လှမ်းထိုးသည်။ ခပ်ဖွဖွမို့မနာလိုက်။
"ရောက်ရင်လည်းစောစောအိပ်တော့" ဟုပြောပြီး ချက်ချင်းသူ့အခန်းထဲ သူဝင်သွားသည်။
ကြောင်တောင်တောင်လေးဖြင့် သူ့လူသူ လိုက်ကြည့်ရင်းကျန်ခဲ့သော ဖေကြီးကို ရယ်ပြတော့
"သွားမစပါနဲ့ သားရာ..." ဟုပြောရှာသည်။
ကိုယ့်အဖေတွေဆိုတာ အဲ့လိုပါပဲ ။ တကယ်အရှက်အကြောက်ကြီးသည်က ဖေကြီးပေမဲ့ ကိုယ့်ကို
တွေးတွေးပြီးကို ရှက်နေတတ်တာက ဖေ ပင်။
"မေမေ့ ကို ရှိခိုးပါတယ်။ ကာယကံ ၊ ဝစီကံ ၊ မနောကံတို့နဲ့ မရည်ရွယ်ပါဘဲ ပြစ်မှားမိခဲ့သလို ရှိကကိုယ့်ကိုခွင့်လွှတ်ပေးပါ"
မေ့ ခြေဖမိုးကို ဦးတိုက်သောအခါ ကိုယ့်ခေါင်းကိုဖွဖွပုတ်ရင်း ဆုတွေကို အဆီအငေါ်မတည့်စွာ
ပေးရှာရင်း မေ ငိုသည်။
ကိုယ်ပွေ့ဖက်နှစ်သိမ့်သောအခါ ပို၍ ထစ်ချုန်းချပါ၏။ ငိုနေရင်းပြောတဲ့စကားများထဲ ကိုယ့်ကို
နာကျင်စေဆုံးက "မေ့ ကိုပါ ချစ်ပေးလို့ ကျေးဇူးတင်ပါတယ်" တဲ့လား။
မေ့ ကိုပါ မချစ်လို့ ကိုယ်ဘယ်သူ့ကို သွားချစ်ရမှာတဲ့လဲလေ။
ကျောင်းဝင်းထဲ ဓာတ်ပုံစုရိုက်ကြတော့ မေ နဲ့ ကိုယ့် နောက် မငြီးမငြူလိုက်၍ စိတ်ရှည်လက်ရှည်
ဓာတ်ပုံရိုက်ပေးသည်က ဖေကြီးပင်။ ဖေကတော့ မလှမ်းမကမ်းတွင်သာရပ်ရင်း ကိုယ်တို့ရှိရာသို့
မကြာမကြာလှမ်းကြည့်နေတတ်သည်။ ကိုယ်သတိထားမိတာတစ်ခုက ဖေကြီးသည်သာ ဖေနှင့်
ရင်းရင်းနှီးနှီးပြောဆိုသည်။ ဖေ ကတော့ မေ့ ကိုတွေ့ရင်နှုတ်ဆက်ပြုံးလောက်သာ ပြုံးပြတတ်
သည်။ စကားအပိုအလိုပင်မဆိုတတ်။ ခုလည်း ထိုသို့ပင်။ မေ့ အတွက်ဆိုပြီး မုန့်ဖိုးပိုပေးတတ်
ပေမဲ့ တကယ်တမ်း မေနှင့် လူချင်းတွေ့တော့ ခပ်ခွါခွါသာနေသည်။
ဒါသည်က ပွဲတစ်လျှောက်လုံးကနေ လေဆိပ်လိုက်ပို့ပေးသည်အထိပင်။ သို့ပေမဲ့ မေ နဲ့ ကိုယ့်
အတွက် သီးသန့်အချိန်မပေးခင်
"ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ် အမရာ" ဟူသော စကားကိုသာ လေးနက်ထားပြောပြီး
ဖေကြီးကို ခေါ်ကာ နှစ်ယောက်သား ကော်ဖီမသောက်တတ်ပါဘဲ ကော်ဖီဆိုင်သို့ထွက်သွားကြ
သည်။
ကိုယ်က ဖေ့ရဲ့ အေးစက်စက်ဆက်ဆံရေးအတွက် မေ့ကိုအားနာပေမဲ့ မေ ကတော့ နှစ်ပေါင်းများ
စွာ တွေ့ကြုံဆုံခဲ့ဖူးသူပီပီ ဘယ်လိုမျှပင်စိတ်ထဲရှိမည်မဟုတ်။ သားအမိနှစ်ယောက် တခြား
ဘယ်နေရာမှမသွားဖြစ်ဘဲ ဧည့်ကြိုခုံတန်းများတွင်သာထိုင်ဖြစ်သည်။
"ဦးငယ်က သူပြန်အလာစောင့်ပါဦးဆိုတာကို မေက ချက်ချင်းကြီးပြန်တော့ လူပျိုကြီးပြန်လာရင်
ပြောလို့ဆုံးမှာမဟုတ်ဘူး"
"ဒီလူတွေ နောက်လည်းတွေ့ရမှာပဲကို သားရယ်"
မေရောက်လာသည့် ညနေပိုင်းခဏပဲ သူ့အစ်မသူ တွေ့လိုက်ရသည့် နောက် ခွဲခန်းထဲကနေကို
မထွက်နိုင်ဖြစ်နေရှာသည် ။ ခု အပြန်ကို လိုက်ပို့ချင်၍ ခဏနေပါဦး တားပေမဲ့ မေသည်ကျန်ခဲ့
သော တာဝန်ကျရာနယ်မြေကို စိတ်မချနိုင်။
"ကိုယ်လည်းတစ်နေ့ကျ မေ့လို ဖြစ်ချင်တယ်။ မေမေ ဘိုးဘိုးနောက်ကို လိုက်ခဲ့သလို ကိုယ်
လည်း မေနဲ့အတူတူလိုက်ချင်တယ်"
ကိုယ်ပထမဆုံးအနေဖြင့် ကိုယ့်ရဲ့ အနာဂတ်အစီအစဉ်ကို ပြောပြလိုက်ခြင်း။ မေ သည်
ရုတ်တရက်မို့ အံ့သြနေရှာသည်။
"အန္တရာယ်များတယ် သားရ။ ပြီးတော့ သား အဖေတွေက ဘယ်ခွင့်ပြုပါ့မလဲ"
"ဖေကြီးက နားလည်ပေးမှာပါ။ ဖေ နဲ့ပဲတစ်ချက်ညှိဖို့လိုတာ"
"မေ့လို နိုင်ငံတွေကိုလျှောက်သွားနေတာမှ လူတွေကို ကူညီတာမဟုတ်ဘူးလေ သိလား၊ သား
ဖေကြီးလို သားဦးငယ်တို့လို ကိုယ့်နိုင်ငံမှာကိုယ်နေရင်း လူတွေကိုကူညီတာလည်း ကောင်းတာပဲ
သားရဲ့။ မေ့ နောက်လိုက်ချင်တာသိရတော့ မေ ဝမ်းသာပေမဲ့..."
"မေ့ ကို ကိုယ်အခုလို ခဏပဲတွေ့ရ...မေ ရှိနေတဲ့နိုင်ငံက သတင်းတွေကြည့်ပြီး မေ့ကို စိတ်ပူနေရ
တာ ကိုယ်ပင်ပန်းနေပြီ။ မေ့ ကို ကိုယ့်မျက်စိအောက်မှာပဲထားပြီးလိုက်စောင့်ရှောက်ပေးချင်တယ်။
ဖေ တို့က တစ်ယောက်နဲ့တစ်ယောက်ရှိတယ်လေ။ မေ့မှာက ဘယ်သူ့မှာမှ မရှိတာ။ မေ့ကို
တာဝန်တစ်လျှောက်လိုက်စောင့်ရှောက်ပေးပြီး အချိန်တန် ဖေ တို့ဆီပြန်မယ်လေ။ မေဟာ
ကိုယ်စောင့်ရှောက်ပေးရမယ့်လူဆို ဖေ တို့ရှိရာအရပ်က ကိုယ်နားခိုရမယ့် နေရာပဲ ။ ဒါကို
ဖေ တို့က နားလည်ပေးမှာပါ"
မေသည် ဘာဆိုဘာမှ မပြောနိုင်ဘဲ ကိုယ့်ကိုသာငေးကြည့်နေရှာသည်။ သေချာပါသည်။
သူ့တစ်သက်တွင် ကိုယ့်ဆီမှ ဒီလိုစကားမျိုးကြားရလိမ့်မည်ဟု သူမျှော်လင့်ခဲ့လိမ့်မည်မဟုတ်။
"ဟင် မေ့ ဆီ ကိုယ်လာခဲ့မယ်နော်"
"အင်းပါ သားရယ်...သားကျောင်းပြီးမှ မေ တို့ဆက်ဆွေးနွေးကြတာပေ့ါ...ကဲ သွားလို့ရနေပြီ။
မေ သွားမယ်"
မေသည် ခွင့်ပြုတယ်လည်းမပြော။ အကြောက်အကန်ငြင်းဆန်ခြင်းလည်း မပြု။ ကိုယ့်ကိုသာ
ကျေးဇူးတင်သည့်မျက်လုံးများဖြင့် ငေးကြည့်သည်။ ထို့နောက် မလှမ်းမကမ်းတွင်ရှိနေသော အဖေ
တို့ကို လက်ပြရင်း သူသွားရတော့မည့်အကြောင်းဆော်သြသည်။
ထို့နောက်တွင်တော့
"မေ တို့ နောက်မှ တွေ့ကြမယ်နော်" ဟူသော စကားဖြင့် ကိုယ့်ကိုနောက်ပြန်ပင် လှည့်မကြည့်
တော့ဘဲ မေ သည် ကျောခိုင်းထွက်သွားခဲ့သည်။
ကိုယ်သိပါတယ်။ မေ ဘာလို့ ကိုယ့်ကိုလှည့်မကြည့်လည်းဆိုတာ လှုပ်ခတ်နေသော မေ့ ပခုံးသား
များကိုကြည့်ခြင်းဖြင့် ကိုယ်နားလည်ပါသည်။
ထို့နောက် မေ ပြန်သွားပြီးတစ်ပတ်အကြာ မေ့ထံမှ စာတစ်စောင်လက်ခံရရှိခဲ့သည်။ ထိုစာသည်
ကွန်ပျူတာမျက်နှာပြင်ထက်ရှိမနေဘဲ စာရွက်တစ်ရွက်ပေါ်မှာ ချရေးထားသောစာများဖြစ်ပါက
သေချာသည် မင်များစွန်းကွက်နေပေလိမ့်မည်။ မေ သည် ထိုစာကို မျက်ရည်များဖြင့်ရေးလိုက်
ကြောင်း ကိုယ်ခံစားနားလည်နိုင်သည်က ကိုယ့်မျက်ရည်တို့သည်လည်း ဖုန်းမျက်နှာပြင်ပေါ်
ကျဆင်းခဲ့ရ၍ပင်ဖြစ်သည်။
***
သားသားရေ...
မေဒီစာကိုရေးဖို့ စဉ်းစားနေတာကြာပါပြီ ။ ဒါပေမဲ့ မေ သတ္တိမရှိလို့ပဲပြောရမယ်။ မေ မရေးရဲခဲ့ဘူး။
အခုတော့ မရေးလို့မရတော့ဘူး။ လေဆိပ်မှာသားသားပြောခဲ့တဲ့ မေ့ ကိုစောင့်ရှောက်ပေးချင်
တယ် ဆိုတဲ့စကားက မေ့ ကိုတကယ်ကြီးရင်ထဲနင့်စေတယ် ကလေးရယ်...
ဘယ်သူနဲ့တူလို့များ မေမေ့သားက ကြင်နာသနားတတ်ရတာလဲလေ။ မေ လေ သားအပေါ်အမြဲ
တမ်းအားနာနေခဲ့ရသလို သားဆီကနေလည်း ဘာဆိုဘာမှ မမျှော်လင့်ရဲပါဘူး။ ဟုတ်တယ် မေ
သားသားဆီကနေ အချစ်တွေကိုရယူဖို့ဘယ်တုန်းကမှ စိတ်မလုံခဲ့ဘူး။
သားသား ဆီကနေ ပြန်လာတဲ့လမ်းတစ်လျှောက်လုံးစဉ်းစားခဲ့တယ်။ သားကို ကိုယ်ဝန်ဆောင်
ခဲ့တဲ့ အချိန်တွေကိုပေ့ါ။
မေလေ ပျော်ဖော်ဝင်တဲ့အရွယ်တည်းက စဉ်းစားဖူူးတယ် ။ သာမန်အိမ်ထောင်ပြုပြီး ကလေးလေး
မွေးဖွားတာမျိုးမဟုတ်ဘဲ ဘယ်အမျိုးသားနဲ့မှ ပတ်သတ်ဆက်နွယ်ခြင်းမရှိဘဲနဲ့ လူသားကလေး
လေးတစ်ယောက်ကို မွေးချင်ခဲ့တယ်။ သားသားသိတဲ့အတိုင်း မေ တို့ မိဘတွေရဲ့ အိမ်ထောင်ရေး
က အဆင်မပြေခဲ့တော့ မေ က အိမ်ထောင်ရေးကို အယုံအကြည်မရှိတဲ့ ကလေးတစ်ယောက်အ
ဖြစ်ကြီးပြင်းလာခဲ့ရတာလေ။ မေ နဲ့ မင်းဦးငယ် ကလေးဘဝမှာတင် အိမ်ထောင်ကွဲတဲ့
ဒဏ်ကိုခံစားခဲ့ရတော့ မေကလေ အဲ့တုန်းက တွေးတယ်။ ငါတို့မိဘတွေက ငါတို့ကိုလိုချင်လို့မွေး
ခဲ့တာမှ ဟုတ်လို့လား။ သာမန်အိမ်ထောင်မှုသားမွေးဖြစ်စဉ်တစ်ခုကြောင့်သာ ငါတို့ကိုရလာလို့
ငါတို့ထက် သူတို့ကိုယ်သူတို့ချစ်ခဲ့ကြတာလားပေါ့။ အဲ့အရွယ်ကနေစပြီး မေတွေးတယ်။ ငါ့
အလှည့်ရောက်လာရင် ငါ့သားသမီးကို ငါရဲ့ စိတ်ဆန္ဒတွေကနေ သန္ဒေတည်ပြီးမှရလာတာမျိုး
မဟုတ်ဘဲ ငါကိုယ်တိုင် သူ့ကိုလိုချင်လို့မွေးလာတာ။ အချစ်သက်သက်နဲ့ မွေးပေးချင်ခဲ့မယ်ပေါ့။
မေ တကယ်မွေးဖွားပေးတဲ့အချိန်ကြတော့ အချစ်သက်သက်သားသားကို ချစ်တဲ့အချစ်တစ်ခုနဲ့မ
ဟုတ်တော့ဘူး။ မေ အမြဲတမ်းစဉ်းစားတယ်။ အဲ့အချိန်တွေတုန်းက ငါ စိတ်ကူးခဲ့သလို သားသား
ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ မွေးခဲ့တာဟုတ်ရဲ့လားဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကိုယ်မေးတိုင်း
အဖြေကို မပေးရဲခဲ့ဘူး။
အဲ့တုန်းက မေ့စိတ်ထဲ မေတို့ငယ်ငယ်တည်းက ကြီးပြင်းလာခဲ့တဲ့ အိမ်တော်ကိုသူများ
ကာကွယ်ရမယ်။ မေ့မောင်လေးကို ပြန်နိုးလာတဲ့အချိန် ဒီစိတ်ဆင်းရဲစရာတွေမခံစားရအောင်
မေ တာဝန်ယူပေးရမယ်ဆိုတဲ့ စိတ်တွေနဲ့ပဲ သားသားကို မွေးပေးဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတာ
ဒါ မေမေ ဝန်ခံပါတယ်။ ဒါပေမဲ့လေ...အမှန်အတိုင်းပြောရရင် သားကို မြင်တဲ့အချိန် သားကို
ပထမဆုံးမြင်တဲ့အချိန်တုန်းကလေ သားကို မပေးချင်တော့ဘူး။
သားသိလား။ သားအဖေတွေ သားကိုလာကြည့်တဲ့အချိန်မှာ မေ့စိတ်ကူးကို မေပြန်ရှက်သွားရ
တယ်။ သားကိုတွေ့တွေ့ချင်း သား ဖေ မျက်ရည်ကျခဲ့တယ်။ အကြောင်းက ပါးချိုင့်လေးတစ်ဖက်
ပါလာလို့တဲ့လေ။
သားဖေကြီးက မေ့ကို ကျေးဇူးတင်စကားကိုလေ မရေမရွတ်နိုင်အောင် ပြောခဲ့တယ်။ ချန်းလို
ဖြူဖြူစင်စင်နဲ့ ချောတဲ့ ကလေးလေး မွေးပေးလို့တဲ့။
ဒါတွေတွေ့ပြီး မေတွေးတယ်။ သားက သူတို့နဲ့ပဲထိုက်တန်တယ်ဆိုပြီး...
သားမှတ်မိသေးလား။ သားငယ်ငယ်တုန်းက သား အဖေနှစ်ယောက်မှာ ဘယ်သူက အဖေအရင်း
လဲလို့ မေးခဲ့တယ်လေ။ မေ ပြောမယ်သား။ ဒါကို မေကိုယ်တိုင်လည်းမသိဘူး။ သားဖေကြီးနှစ်
ယောက်လုံးလည်းမသိဘူး။ အားလုံးထင်နေတာ မေရယ် သားအဖေနှစ်ယောက်နဲ့ သားဘွားဘွား
သိတယ်ပေါ့။ အမှန်တော့မဟုတ်ဘူးရယ်။ သိလား သား ဖေ က သိပ်ကို ချစ်တတ်တဲ့ အမျိုးသားပဲ။
မေ တို့ ဘန်ကောက်ကို သွားတော့ သားဖေရဲ့ မျိုးဆက်ကိုယူဖို့ပဲ။ ဒါပေမဲ့ သား
ဖေက ဆေးစစ်ချက်တွေအားလုံးပြီးနောက်တစ်နေ့မှာ သူတစ်ယောက်တည်း မေ့ကိုလာတွေ့
တယ်။ လာတောင်းပန်တယ်ဆိုပိုမှန်မယ်။ သူတစ်ယောက်တည်းရဲ့ မျိုးဆက်ကို ယူထားတာမျိုးမ
ဟုတ်ဘဲ သားဖေကြီးဆီကနေပါ ယူပေးဖို့ ဒါကို မေ့ကိုလက်ခံပေးဖို့ပေါ့။
နောက်ဆုံးသားဖေကြီးလည်းငြင်းလို့မရဘဲ သူ့မျိုးဆက်ကိုပါ ပေးခဲ့ရတယ်။ သူတို့နှစ်ယောက်လုံး
က သားဦးတွေဖြစ်တဲ့ အတွက် ယောကျာ်းလေးတစ်ယောက်ရနိုင်တဲ့ရာခိုင်နှုန်းများပေမဲ့ နောက်ဆုံး
အကောင်းဆုံးဖြစ်လာနိုင်မယ့် မျိုးဆက်ကိုသာ မေ့ကိုယ်ထဲထည့်ပေးဖို့ ... ဒါ ဘယ်သူ့မျိုးဆက်လဲ
ဆိုတာ မေ တို့ သုံးယောက်လုံးကို အသိပေးဖို့မလိုကြောင်းကို ဆရာဝန်ကြီးတွေကို သား ဖေက
တောင်းဆိုခဲ့တာပဲ။ ဒါကြောင့် သားမေး တုန်းက သူ စိတ်ဆိုးခဲ့တာ။ သူတို့တောင် ဘယ်သူ့သွေး
သားဆိုတာကို သိစရာမလိုဘူး ဒါ ငါတို့သားလေးပဲဆိုပြီး သားကိုချစ်ပေးစောင့်ရှောက်ပျိုး
ထောင်လာပေးကြတာလေ။
သားကို ဒီလိုမျိုးထိ ငါ့သွေးသားကို အချစ်သက်သက်နဲ့ မွေးဖွားမယ်ဆိုပြီးတွေးခဲ့တဲ့
မေ့စိတ်ကူးထက် ငါ့ချစ်သူရဲ့ သွေးသားဖြစ်စေ ၊ ငါ့သွေးသားဖြစ်စေ ငါတို့အချစ်သက်သက်နဲ့ပဲ
မွေးပေးပြီး စောင့်ရှောက်ကြရအောင်လို့ တွေးခဲ့တဲ့ သားအဖေတွေရဲ့ မေတ္တာကို မေ မယှဉ်ရဲခဲ့ဘူး။
ခုသားက မေ့ကိုချစ်ပေး ၊ ကြင်နာပေး ၊ နားလည်ပေးရုံမက စောင့်ရှောက်ပါ စောင့်ရှောက်ပေး
ချင်တယ်ပြောလာတော့ သားအချစ်တွေကို မေ လက်ခံဖို့တောင် အားနာပြီးစိတ်မလုံတော့ဘူး
ကလေးရယ်...
ကဲ ဒါမေ့ရဲ့ ဝန်ခံစာလို့ပဲ ပြောပြော တောင်းပန်စာလို့ပဲဆိုဆို ဒီစာကို သားသားဖတ်ပြီးချိန်
သားသား မေမေနဲ့ပတ်သတ်ပြီး ဘယ်လိုစိတ်မျိုးပဲ ဖြစ်လာဖြစ်လာ မေ အားလုံးလက်ခံနိုင်ပါတယ်။
ဒါတွေကို မပြောဘဲ သားသားရဲ့ အချစ်တွေကို လက်ခံပြီးနေဖို့ မေ စိတ်မလုံတော့လို့ ဒီစာကို
ရေးလိုက်ရတာပါ။ လိမ္မာရေးခြားရှိတဲ့ မေမေ့သား ကျန်းမာပါစေ ၊ စိတ်ချမ်းသာပါစေနော်။
ချစ်တဲ့...
မေမေ

ကိုယ်ဖုန်းကိုပိုက်ပြီး မျက်ရည်ကျတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ဖေ့ ကားစက်ရပ်သံကို
ကြားလိုက်ရတယ်။ နောက် ကားဂိုဒေါင်နဲ့ဆက်ထားသော အိမ်နောက်ဖေးတံခါးကနေပဲ ဖေဝင်
လာသည်။ ဖေကြီးက ညနေတည်းက ပြန်ရောက်နေတယ်ဆိုတာသိသော ဖေသည် အိပ်ခန်းထဲကို
သာ တန်းဝင်သွားလိမ့်မည်။
ကိုယ် ဒီအတိုင်းမနေနိုင်တော့။ ကိုယ့် အဖေတွေကို တွေ့ချင်လာမိသည်။ ချက်ချင်းဆိုသလို
အိပ်ခန်းတံခါးကိုဆွဲဖွင့်ပြီး မျက်နှာချင်းဆိုင်မှာရှိနေသော ဖေတို့၏ လော့မချရသေးသော
အခန်းတံခါးကို ဆွဲဖွင့်ဝင်လိုက်သည်။
ရုတ်တရက် မျက်ရည်ပိုးပိုးပေါက်ပေါက်ကျကာ ဝင်လာပြီး သူ့ခါးကို ဖက်ကာ ငိုချသော ကိုယ့်
ကြောင့်အဝတ်လဲဖို့ပြင်နေသော ဖေ လန့်သွားသလို ခုတင်ပေါ်လှဲရင်း စာဖတ်နေရှာသော ဖေကြီး
လည်း ချက်ချင်းကောက်ထကာ ကိုယ်တို့နှစ်ယောက်ဆီ အပြေးရောက်လာသည်။
"သား ၊ ကိုစစ် ဘာဖြစ်လို့လဲ ။ ဘာဖြစ်လို့လဲ သား"
ဖေကြီးသည် စိုးတထိတ်ထိတ်ဖြင့် ကိုယ့်ကျောကို သပ်ချကာမေးသည် ။ ဖေ ကတော့ သူ့ထုံးစံအ
တိုင်း စကားစက ထွက်မလာ။ ကိုယ်ဖက်လျက်သား မတ်တပ်ရပ်ဖြင့်သာ အခြေအနေတွေကို
ကြောင်အကာ ကြည့်နေ၏။
"ကိုစစ်၊ ငါ့သား ဖေကြီး ကိုကြည့် ၊ ဘာဖြစ်လို့လဲ"
မသိဘူး။ အတင်းလာမေးနေသော ကိုယ့်အဖေ ကိုလူအေးကိုပါ အားမလိုအားမရစွာဖက်ထားလိုက်
တော့သည်။ ကိုယ့်လက်တွေက သူတို့နှစ်ယောက်လုံးကို သိမ်းကျုံးဖက်လို့မဆန့်ဖြစ်နေသည့်
တိုင် သူတို့သည် ငြိမ်နေပေးရင်း ကိုယ့်ကို ငုံ့ကြည့်လိုက် ၊ တစ်ယောက်မျက်နှာတစ်ယောက်
ကြည့် လိုက်နှင့် ရှိနေသည်။ ကိုယ် သိပ်တော့ Emotional မဖြစ်လိုက် ၊ ခဏနေ စိတ်ပြေသွားသည်
ကို ကိုယ့်ကိုယ်ကိုယ်သတိထားမိလိုက်ပေမဲ့ ရှက်ရှက်နှင့်သာ ဖက်ထားသည်ကို မလွှတ်ပေးတော့။
ဖေ့ ထံမှ...
"မင်းသား ဒီရက်ပိုင်း ဘာ စာအုပ်ဖတ်နေလဲ ငပိုင်" ဟူသော အမေးစကားတိုးတိုးကို ကြားလိုက်ရ
သည်။

Thank You All

A/N  Now I am trying to be flexible with my two professional fields. Hoooo this is so incapable. Nevertheless, I can create new story the name of "Sae" in this year. I wanna see you all in this little one. Next episode is Ending so you will enjoy continuously in this story, see you all in my new story. Have a nice day. Pls, don't be mind of my grammar weakness hee hee.

Bạn đang đọc truyện trên: ZingTruyen.Xyz