ZingTruyen.Xyz

EX-pect

ချစ်ခြင်းတရား

HsuChiKo365

တကယ့်အဖြစ်အပျက်ကိုအခြေခံထားတယ်လို့
ကိုယ်ပြောခဲ့ဖူးတယ်။ ကလေးဘဝ အထူးသဖြင့်
အလယ်တန်းဘဝက အဖြစ်အပျက်တော်တော်
များများက ကိုယ့်မျက်စိရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့
အဖြစ်အပျက်တွေကို စိတ်ကူးနဲ့ ပေါင်းစပ်ခဲ့တာ
ပါ။ အပြင်မှာတော့ တကယ်ရှိတဲ့ ကောင်လေး
နှစ်ယောက်က Bromanceပါ။ ပိုင်သုတ
(အပြင်က နာမည်လေး*ပ*နဲ့စပြီး ပိုလှတယ်) သူကတကယ်သည်းခံတတ်တဲ့ သူငယ်ချင်းလေးပဲ။
ခါတလေ ချန်းငြိမ်းအောင်(အပြင်မှာက နာမည်
လေးလုံး ပိုင်ရှင်ပေါ့) ကို အလိုလိုက် အလျော့ပေး
လွန်းလို့ ဘေးကနေ ပိုင့် ကိုတောင်စိတ်တွေတို
ရတဲ့ အထိပဲ။
ကိုယ် ဒီဇာတ်လမ်းကို စရေးမယ်စဉ်းစားတော့
နိုင်မှ နိုင်ပါ့မလားလို့ စိုးရိမ်စိတ်တွေများခဲ့တယ်။
BLတွေရဲ့ အခက်အခဲတွေ ချစ်ခြင်းမေတ္တာတရား
နဲ့ စောင့်စည်းတန်ဖိုးထားမှုတွေကို ပြချင်စိတ်တစ်
ခုတည်းက ကိုယ်ဘာပဲဖြစ်ဖြစ် ရေးမယ်လို့
ဆုံးဖြတ်ချက်ချလိုက်ပြီး ဇာတ်လမ်းကျောရိုးကြီး
ချတာနဲ့ စိတ်ထဲ နစ်နစ်နဲနဲဝင်လာတာ ပိုင့် ပုံရိပ်ပဲ။
ကိုယ်မမေ့သေးဘူး။ အေးအေးချမ်းချမ်းနဲ့ ပြုံး
တတ်ပြီး ကောင်လေးတစ်ယောက်ကို သည်းခံ
တတ်တဲ့ငယ်သူငယ်ချင်းလေးကို။
ငယ်ဘဝသံယောဇဉ်တွေကို သူတို့ကို အခြေခံပြီး
ရေးမယ်ပေါ့။
ဒါက ကျောရိုး။ Plotတွေစစီ ဖတ်ရမယ့် စာတွေ
ဖတ်။ ခရီးသွားတုန်းက ရိုက်ထားခဲ့တဲ့ ဓာတ်ပုံ
တွေထဲက  Locationတွေ ပြန်ကြည့်ပြီး
Fileတွေဖွဲ့နဲ့ဇာတ်ကတဖြည်းဖြည်းရုပ်လုံးပေါ်လာတော့...ကိုယ့်အတွက် အဓိက ဇာတ်ကောင်
တွေနဲ့ အပြိုင်ကျဲနိုင်မယ့် ဇာတ်ကောင်၂ယောက်
မဖြစ်အနေလိုလာပြီဆိုတာ သိလိုက်တယ်
ဒီနေရာမှာ ကိုယ်စာရေးပုံလေး ပြောပြမယ်နော်
(နည်းနည်း အူကြောင်ကြောင်နိုင်မှာပေါ့)
ဇာတ်လမ်းတစ်ခု ဒါမှမဟုတ် အကြောင်းအရာ
တစ်ခု ခေါင်းထဲအရင်ဝင်လာတတ်တယ်။
အဲ့အကြောင်းအရာနဲ့ ပတ်သတ်ပြီးဆင့်ပွါးတွေး လို့ ရတာတွေထဲက အပြင်လောကနဲ့ အနီးစပ်
ဆုံးဖြစ်ရပ်တွေကို Plotတွေအဖြစ်သွင်းလိုက်
တာ။ အဲ့ plotတွေနဲ့ ကိုက်ညီမယ့်Character
တွေရဲ့ စရိုက်ကို လိုက်စဉ်းစားပြီး တဖြည်းဖြည်း
ချင်း ရေးတာ။ ဒီတော့ကာ Main Character
နှစ်ယောက်ရဲ့ စရိုက်က Okတယ်။ အပြင်က
လူနှစ်ယောက်ကိုလည်း ကာလရှည်ကြာသိ
လာတော့ အဲ့အပေါ်မူတည်ပြီး စိတ်ကူးရေးရုံပဲ

စဉ်းစားရတာ။ကိုယ်လုံးဝ မတွေ့ဖူးတဲ့ဇာတ်ဆောင်
နှစ်ယောက်ပဲ။အားလုံးသိတဲ့ အမရာဦးမော်နဲ့
နန္ဒဦးမော် ဖြစ်လာမယ့် လူတွေကို ပုံဖော်ဖို့
ကိုယ်အကြာကြီးစဉ်းစားရတယ်။

ပြီးတော့ ကိုယ့်မှာအကျင့်တစ်ခု။ အင်း အကျင့်
ဆိုတာထက် ကိုယ့်စိတ်ပေါ့။ လူတစ်ယောက်က
ဘယ်လောက်ပဲ ဆိုးဆိုကောင်းကောင်း
ကျော်ကျော်ကြားကြား သူ့မှာ သူယုံကြည်
ရတဲ့ BFFတစ်ယောက်တော့အနည်းဆုံးရှိနေ
ရမယ်ဆိုတဲ့ ခံယူချက်ရှိတယ်။ ဒါကြောင့် ကိုယ့်
ဇာတ်ကောင်လေးတွေဆို သူတို့ချစ်တဲ့ သူငယ်
ချင်းလေးတွေ ရှိတယ်ဆိုတာကို အမြဲထည့်ရေး
တယ်။ ဥပမာ နေကောင်းမြတ်သူမှာ ဆုမြတ်ကိုကို
လို ပြောမနာဆိုမနာလေး ရှိသလို...နိုးဝေလေး
မှာလည်း ဖြိုးကြီးတို့မေလေးတို့ရှိတယ်လေ။

ခု ကိုယ့်Main ဇာတ်ကောင်တွေမှာလည်း အဲ့လို
လေးရှိစေချင်တယ်။ ဒါနဲ့ ကောင်းဆက်စံ
(အပြင်မှာလည်း နာမည်မှာ*ကောင်း*ပါတယ်)
တော့အများကြီးတွေးစရာမလိုပဲ ကိုယ်တို့ အဖွဲ့တည်းက ချန်း ခင်တဲ့ တရုတ်လေးကိုထည့်
လိုက်တယ်။ သူ့ အပြင်ကCharacterတိုင်းပဲ
ပေါ့။

ပိုင့် အတွက်က ခက်ပြီလေ။ သူငယ်ချင်းက
မှန်တယ်။ ကိုယ့် အမွှာကို ကြည်ကြည်ဖြူဖြူ
ကိုယ်ဝန်ဆောင်ခိုင်း မယ်ဆိုတာဖြစ်နိုင်လား??
အဲ့မှာ ကိုယ်နည်းနည်း ကြာသွားတယ်။ တကယ်
ကို လချီ ကြာခဲ့တယ်။ လက်ခံစေချင်တယ်။
မဟုတ်ရင် စုံတွဲလေးအတွက် ခက်ခဲမှုတွေအများ
ကြီးဖြစ်သွားမယ်။ ဒါဆို တအားဇာတ်နာမှာ။
အဲ့လောက် ဇာတ်နာတာကြီးလည်း ကိုယ်မခံစား
နိုင်ဘူး။
စာရေးရင် ဖြစ်နိုင်၏။ ယုတ္တိရှိ၏ မရှိ၏ တွေ
လိုက်စဉ်းစားတတ်တဲ့ စိတ်နဲ့က
တော်တော်လေးကို အဆင်မပြေဘူး။ ဒါနဲ့
လက်ခံမယ့်ဖက်က စဉ်းစားတော့...
ဘယ်လိုလူစားမျိုးက လက်ခံနိုင်မှာလည်း ဆိုတဲ့
မေးခွန်းက ထွက်လာပြန်ရော။ အမရာထက်
နန္ဒဦးမော် ကို ပုံဖော်ရတာ တကယ်ခက်ခဲခဲ့တယ်။
ပျော်ပျော်နေတတ်တယ်။ ဒါပေမယ့် အမြဲတမ်း
တော့ မဟုတ်ဘူး။ သူခင်တဲ့ လူတွေနဲ့မှ...အဲ့လို
ဖြစ်တတ်တာ။
နောက်ပြီး အရေးကြီးတဲ့ Hint
(ဥပမာ...epi31မှာ ကိုယ်သိထားတဲ့ အချက်တွေနဲ့ သွယ်ဖယ်မသွားစေချင်တာတွေကို main တွေနဲ့လည်းပြောလို့မရဘူး။စာရေးသူတစ်ယောက်အနေနဲ့ စကားပြေအရေး
အသားနဲ့ ဝင်မစွတ်ချင်တဲ့ အခါ သူ ဆိုတဲ့
လူ ကိုအသုံးချခဲ့ရတာတွေ ရှိတယ်။
ဥပမာ..."အသဲ...ကန်စွန်းပလိန်းပဲ စားမလို့လား??မှာလေ အာလူးချောင်းကြော်။နေ့လည်ကလည်းထမင်း မစားရသေးဘူးဆို..."
ဒီလို massageမျိုးတွေပေါ့)
ဒါတွေပြောဖို့ သူဟာ ပျော်ပျော်နေတတ်တဲ့လူ
ဖြစ်ရမယ်လို့ ဆွဲတွေးရင်း...AI လိုမျိုးကို လက်ခံ
ပေးနိုင်တဲ့ အခြေခံအကြောင်းတရားတွေနဲ့
စာနာစိတ်တွေအတွက် သူ့ကို သူ့Role စတင်
လာတည်းက ဖြည်းဖြည်းချင်းဆွဲခေါ်လာရတယ်။
အမ ဖက်က ရပ်တည်နိုင်ဖို့ သူ့ကို  Broken
Familyဆိုတဲ့ လောင်းရိပ်ထဲထည့်ရသည်။
ငယ်ဘဝအထီးကျန်မှု။ အပေါင်းအသင်းရှားပါးမှု စတာတွေ ကို မိဘဂုဏ်ရည်ကြောင့်ဆိုတာနဲ့
ဲ့ဖြည့်စွတ်ခဲ့ရတယ်။
အထီးကျန်မှုတစ်ပိုင်းတစ်စ ကို fb အဆက်မပြတ်
သုံးနေတတ်တာနဲ့ ပုံဖော်ခဲ့ရတယ်။
တစ်ဦးတည်းသော သူငယ်ချင်းကို သူတကယ်
ချစ်ကြောင်းကလည်း AI လက်ခံနိုင်ဖို့
အကြောင်းတစ်ခုဖြစ်နေတာကြောင့်...ပိုင်သုတ
နဲ့ သူ့ကို သူတို့ ယောကျာ်းလေးBFFတွေစတိုင်
အတိုင်း ဖြစ်အောင် ကြိုးစားရေးရတယ်။
ချစ်စရာBromanceလေးလည့်လိုက်
ချင်သေးတာကိုး...အဲ့မှာ သူ့ကို Third Wheel လို့ ထင်ကြတော့ ကိုယ်စိတ်မကောင်း
ဖြစ်ရသေး။

BFFတွေရဲ့ ခံစားချက်တွေ စိတ်ထားတွေကို
*ညီ* မှာဆို ဆုမြတ်ကိုကို နဲ့ ပုံဖော်ခဲ့သလို
Expectမှာဆို နန္ဒဦးမော် နဲ့ ပုံဖော်ဖို့ကြိုးစား
ခဲ့တာပါ။ တကယ်လည်း ကိုယ်လုပ်နိုင်ခဲ့တယ်
လို့ ထင်ပါတယ်။

နောက်ပြီး ချန်းငြိမ်းအောင်...သူ့စရိုက်ကို
ဖြည်းဖြည်းချင်းပြရတာ တကယ်လက်ဝင်တယ်။
အစက စဉ်းစားတာ ချန်း pov နဲ့ ပိုင် povကို
ဆက်တိုက် တစ်ချိန်တည်းပြမယ်ပေါ့။
အဲ့လိုတွေးပြီး အကြမ်းစရေးကြည့်တော့ စိတ်တိုင်းမကျပြန်ဘူး။ Spoilerကြီးဖြစ်နေတယ်လို့ခံစားရတယ်။ ဒါနဲ့
ဘယ်လောက်လဲဆို Collaရေးဖို့တောင်စဉ်းစား
သေး။ ဒါလည်း Authornimတွေကို
ခေါင်းမစားစေချင်တာနဲ့ အခုလို ဝှက်ပြီးနောက်
ပိုင်းမှ ချရေးမယ်ကွာ ဆိုပြီး ဆုံးဖြတ်လိုက်ရော...
အဲ့မှာတစ်ယောက်တည်း ပြဿနာကြီး စတက်တာပဲ။ 
ချန်း ခံစားချက် တစ်စွန်းတစ်စပြမှဖြစ်
မယ့်နေရာတွေဆို ကိုယ်အကြာကြီး ထိုင်စဉ်းစား
ရပြီသာမှတ်။ နောက်ဆုံး မှ...ဟာ နဂျီကောင်က
ဒီလိုကိုး ဆိုတာမျိုး ဖြစ်အောင် လုပ်ချင်စိတ်ကြီး
ကတော်တော်ဆိုးတာသိလား။ ခေါင်းမွှေးတွေ
မဖြူလာတာ ကံကောင်း ခ်ခ်။

သိတယ်မလား Epi 31,32,37လိုအပိုင်းမျိုး
တွေဆို ဘောပင်ကြီးကိုက်ပြီးစဉ်းစားတာ
အဖုံးတောင်ပိန်တယ်။ နောက်ပြီး ပြန်Typeနေ
ရင်းလည်း မဖြစ်နိုင်ဘူး ထင်တဲ့ဟာတွေ
ခံစားချက်တွေ အိုဗာတင်းဖြစ်နေတဲ့ ပုံစံ
တွေဆို မှတ်ထားပြီးသားတွေမှာမှ အသေးစား
ပြန်ပြင်ဆင်ရသေး။

AIပိုင်းရောက်လာတော့ feedbackတွေဖွင့်
မဖတ်ရဲဘူး။Cbမှာ လက်မခံနိုင်ဘူးလာပြောရင်
ကိုယ်ဇောချွေးပြန်နေပြီ။ အပြီးထိ Endingပိုင်း
ကို ဘယ်Location(View Point) ဘယ်
အချိန်။ ဘယ်လိုရာသီဥတုရှိရမယ်က အစစဉ်း
စားပြီးထားလို့ Readernimတွေစိတ်တိုင်းကျ
ကိုယ် မပြောင်းပစ်နိုင်ဘူး။ LGBT ထောက်ခံပြီး
မိသားစု အရေးကို ဝင်ဖြေရှင်းပေးတဲ့ ပညာတတ်
မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုလည်း
ပြချင်စိတ်က မထိန်းနိုင်လို့ ဘာပဲပြောပြော
အဆုံးထိလျှောက်မယ်ဆိုပြီး တကယ်ကို အဆုံး
ထိရောက်ခဲ့ရတယ်။

ဒါကလည်း ချစ်သော စာဖတ်သူတွေ ထွန်းညှိ
လမ်းပြပေးခဲ့တဲ့ ကြယ်ပေါင်းများစွာနဲ့ ဖေးကူ
ပေးတဲ့ အားပေးစကား တွေကြောင့်ပါ။
EXPECTကို စစဉ်းစားတော့ *ညီ* ရဲ့ (PPP)သုံးလုံးအပိုင်းတွေရေးနေတဲ့ အချိန်ပေါ့။
တကယ်ကို မွန်းကျပ်နေတဲ့အချိန်တည်းက စဉ်းစားပြီးရေးခဲ့ရတာပါ။

အများကြီးဖြတ်သန်းခဲ့တယ်။ ကြိုးစားမှုကိုအသိ
အမှတ်ပြုခံခဲ့ရတဲ့ အတွက်လည်း တကယ်ကို
နောက်ထပ် နောက်ထပ် ကြိုးစားဖို့ အားတွေ
ဖြစ်ခဲ့တယ်။ ကိုယ့်ကိုကိုယ်လည်း ငါဟာ...
ဒီဖက်ပိုင်းမှာလည်း အသုံးဝင်သေးတာပဲဆိုတဲ့
ကြည်နူးစိတ်ဖြစ်လာအောင် ချစ်သောစာဖတ်သူ
တွေ အားပေးခဲ့တာပါ။ အမှားတွေ...ဆေးပညာ
အယူအဆတွေ က အစ စေတနာနဲ့ထောက်ပြ
ကူညီပေးခဲ့တဲ့ ချစ်သောစာဖတ်သူတွေ ကိုလည်း
ဒီနေရာကနေပဲ ဂါဝရ ပြု ပါရစေနော်။

ဒီနေရာကနေ...စာဖတ်သူတစ်ယောက်ချင်းစီကို
ကျေးဇူးတင် ဂါဝရပြုပါတယ်။

နောက်ထပ်လည်း ချစ်သော စာဖတ်သူတွေနဲ့
အခုလို ဆုံတွေ့နိုင်ဖို့ အကောင်းဆုံးကြိုးစားပါ့
မယ်လို့။

အားလုံး ပျော်ရွှင်ကျန်းမာကြပါစေ။

HSU CHI KO365

ပြောချင်တာတွေများပြီး စကားတွေ အစီအစဉ်
မကျဖြစ်နေပါက ချစ်သောစာဖတ်သူတွေကပဲ
နားလည်ပေးပါနော်။

Bạn đang đọc truyện trên: ZingTruyen.Xyz