မွားယြင္းျခင္း(၂)
ယမင္းေရႊ...
က်ေတာ့္ဘဝမွာ အမုန္းတီးဆံုးမိန္းမပဲ။ ငပိုင့္
အသားကို နာေအာင္လုပ္တယ္။ အညိဳအမဲစြဲ
သည္ အထိ။ သတ္ပစ္လိုက္ခ်င္စိတ္က တဖြားဖြား
ပဲ။ ငပိုင့္ ကို ျဖစ္သလိုထားထား တည္းက စိတ္
ထဲ မေက်နပ္တာ။
သူ႔မ်က္ႏွာျမင္ရင္ ေသရာပါဒဏ္ရာတစ္ခုေလာက္
ေပးလိုက္ခ်င္စိတ္ကို ခ်ဳပ္တည္းထားရတာ။
စာေမးပြဲေန႔ က ကမ္းေပးလာတဲ့ က်ြဲရိုင္းဗူးကို
မယူလို႕ ငပိုင္က တစ္ခုခုေျပာခ်င္ေနပံုရသည္။
က်ေတာ္လည္း ေျပာခ်င္တယ္။ အဲ့ဗူးနဲ႔ အဲ့မိန္းမ
မ်က္ႏွာကို ေကာက္မေပါက္မိေအာင္ စိတ္မနည္း
ထိန္းထားရတာ မင္းမသိဘူး ပိုင္သုတ...
မင္း အသားေတြကို ငါက လြဲျပီး ဘယ္သူမွထိတာ
ငါမႀကိဳက္ဘူး။
နႏၵဦးေမာ္...
က်ေတာ့္ကို စိုးရိမ္စိတ္ႀကီးေစခဲ့သူ။
ပိုင္သုတ ဘဝထဲကို အမရာဦးေမာ္
ဆိုသည့္ မိန္းကေလးတစ္ေယာက္ကိုပါ လိုလို
လားလား ေခၚသြင္းမည့္သူ။ ရန္ကုန္မွာေနစဥ္
တေလွ်ာက္လံုး မိန္းကေလးတစ္ေယာက္ကို
မိနစ္ဝက္မွ် ႀကာေအာင္ မႀကည့္ခဲ့သူသည္
"ဟားဟား ငါ့မွာပဲ ညီမရွိတာမွမဟုတ္တာ တခ်န္းရ။နႏၵဦးေမာ္မွာလည္း သူ႔အမႊာ အမရာဦးေမာ္ရွိေနတာပဲ...ဟား"
ထိုသို႕ေသာ စကားမ်ိဳးကို မယံုခ်င္စရာ
ေကာင္းေလာက္ေအာင္ ရယ္ရယ္ေမာေမာနဲ႔
ေျပာႏိုင္ခဲ့၏။
တျဖည္းျဖည္းျမင့္တက္လာသည့္ေနမင္းနဲ႔
အတူ က်ေတာ့္ရင္ထဲ အပူႀကီးလာသည္။
သူ...နႏၵဦးေမာ္ကို ဆက္ဆံေျပာဆိုပံုသည္ ဘယ္သူ႔နဲ႔မွမတူ။ တျခားတစ္ေယာက္လုိျဖစ္သြားသည္။
က်ေတာ္နဲ႔ ေကာင္းဆက္စံကို အလိုလိုက္ေန
တတ္ေသာ ပံုစံလည္း မဟုတ္။ တျခားေကာင္
ေတြ ကို ေျပာဆိုသလို တည္တည္ျငိမ္ျငိမ္လည္း
ျဖစ္မေန။ သူတစ္ခြန္းကိုယ္ တစ္ခြန္းနဲ႔ သူ႔ ပံုစံသည္ လြတ္လပ္ေပါ့ပါးလြန္းလွသည္။ အရပ္
မတိမ္းမယိမ္း။ မႏၱသားတို႕၏ အသားအရည္။
ျမိဳ႕မ်က္ႏွာဖံုးတည္းဟူေသာ အမ်ိဳးဂုဏ္ရည္တူ။
ေနာက္ဆံုး က်ေတာ္ မနာလိုဆံုးတစ္ခု။
က်ေတာ္န႔ဲဆို တည္ႀကည္သလို သူေတာ္ေကာင္း
လုပ္ေနသေလာက္ နႏၵဦးေမာ္ေရွ႔ေရာက္ရင္
ေျမြအေရခြံခြ်တ္လိုက္သလိုပင္။ သူတစ္ျပန္ငါတစ္
ျပန္နဲ႔ စကားနာထိုး ေနတတ္တာ...သူတို႕၂ေယာက္ႀကားမွာ လွ်ဳိ႕ဝွက္ခ်က္ဆိုတာ
မရွိေတာ့သလိုပဲ။ ဒါ Best Friendသတ္မွတ္
ခ်က္ရယ္ေႀကာင့္လား?? က်ေတာ္ျပန္ေတြးႀကည့္
မိသည္။ က်ေတာ္ ပိုင္သုတရဲ႕ Best Friend
ျဖစ္ခ်င္တာလား?? စေတြ႔ခါစ အရြယ္တုန္း
ကဆိုရင္...ခ်က္ခ်င္းေခါင္းညိတ္မိလိုက္မည္ထင္
ေသာ္လည္း...ခုခါတြင္ေတာ့ ျပတ္သားစြာျငင္းဆို
မိသည္။
က်ေတာ္က ပိုင္သုတရဲ႕ အရင္းႏွီးဆံုး သူစိမ္းျဖစ္
ခ်င္တာ။က်ေတာ္သည္သာ သူ႔အေႀကာင္းအကုန္
အလံုးစံု သိခ်င္တယ္။ တျခားသူေတြမသိေသာ
တျခားတစ္ဖက္မွာ ရွိေနအံုးမည့္ ပိုင္သုတကို
သိခ်င္တာ...
ဘူတာရံုခံုတန္းေလးေပၚ ထိုင္ငိုေနေသာ သူ႕ပံုရိပ္
က်ေတာ္ ေသတဲ့ထိေမ့မွာ မဟုတ္ဘူး။
ဟို မိန္းမအေရခြံကို တစ္ခ်ပ္ခ်င္းခြာျပီး လူရုပ္
မေပၚေလာက္ေတာ့တဲ့ထိ မႊန္းပစ္ခ်င္တယ္။
ငါဘယ္လိုစိတ္ခ်ရေတာ့မလဲ ငပိုင္။ ငါေတာင္
မျပစ္မွားရက္ေလာက္ေအာင္ ရိုးသားလြန္းတဲ့
မင္း ကို ငါ ဘယ္လိုစိတ္ခ်ထားရမလဲ??
ေရခ်ိဳးခန္းထဲ အတူတူရပ္ေနမိရံုေလးနဲ႔တင္
ငါ့ကို အသက္ရႈမွားေအာင္ လုပ္ႏိုင္တဲ့မင္းကိုယ္ကို
တျခားလူေတြ စိတ္နဲ႔ေတာင္ မက္ေမာခြင့္မျပဳဘူး။
မင္း ကို သဝန္တိုလြန္းလို႕ ငါ့အေဝးကို ပို႕ခဲ့တယ္
အဲ့ကစျပီး...ငါမွားတာပဲ ငပိုင္။ မင္းကို သဝန္တို
စိတ္နဲ႔ စခဲ့မိတဲ့ ငါ့ဇာတ္လမ္းေတြ ငါႏိုင္ေအာင္
မကႏိုင္ခဲ့ဘူး။
ငါအမုန္းဆံုးမိန္းမရဲ႕ ေဝးရာကို ပို႕လိုက္တဲ့မင္းက
ငါ အစိုးရိမ္ဆံုးလူတစ္ေယာက္ရဲ႕ေဘးကို
ေရာက္ခဲ့တယ္။
ငါ့မွာေတာ့...အနီးကပ္ထားမိတဲ့ ျပိဳင္ဖက္ကို
လက္ထပ္ရေတာ့မယ့္ အေျခအေနမွာေတာင္
ေနာက္ဆံုးလက္က်န္ ေမွ်ာ္လင့္ခ်က္ျဖစ္တဲ့ မင္းရဲ႕
တားဆီးမႈ တစ္ခုေတာင္ ေရာက္မလာခဲ့ဘူး။
"ခ်န္းရာ...လက္ထပ္ဖို႕ မေစာလြန္းေသးဘူး
လား?" ဆုိတဲ့ အေမးတစ္ခု ေမးလာခဲ့ရင္ေတာင္
ငါက လက္ထပ္ပြဲကို အခ်ိန္အကန္႔အသတ္မရွိ
ေရႊ႔ပစ္လိုက္ဖို႕ စဥ္းစားထားတာ။
ခုေတာ့... မႏၱေလးေတာင္ေျခက ဘုန္းႀကီး
ေက်ာင္းမွာ ေျပာခဲ့သလို...အဲ့အခ်ိန္တည္းက
ငါမေမးခဲ့တဲ့ ကတိကို ခုခ်ိန္ထိလည္း ငါမတည္
ႏိုင္ဘူး။
ငါ မပါပဲ...မင္းကို ဒီသံသရာကေန လြတ္ေျမာက္
ခြင့္ မေပးႏိုင္ဘူး။
ဘာေႀကာင့္ ငါမဂၤလာေဆာင္မယ္ဆိုတာနဲ႔ မင္းက
သာသနာ့ေဘာင္ထဲ ဝင္ရတာလဲ?? ဒါရွင္ကြဲ
ကြဲတဲ့ ရည္းစားေတြမွ လုပ္တဲ့အလုပ္ေလ။
မင္းႀကိဳက္တဲ့ ၁၉၀၀ပတ္ဝန္းက်င္က ဝတၴဳ
ဇာတ္ေကာင္ေတြ လုပ္ေလ့ရွိတဲ့ အလုပ္ေလ။
မင္း ဝန္ခံခ်ိန္ တန္ေနျပီမဟုတ္လား ပိုင္သုတာ။
ႏွင္းႏုကို ေတာ့ အားနာတယ္။
နင္လည္း အရင္တည္းက ငါ နင့္ကို မခ်စ္မွန္း
သိတာပဲ...
လာမႀကိဳဘူး။ က်ေတာ္လည္း မမႈဘူး။ ဒီေန႔
ဒီေကာင္နဲ႔ အျပတ္ရွင္းမည္။
"ဝန္ခံလိုက္ေပါ့ မင္း...ခ်စ္တယ္ ဆိုလည္း
ႀကာရင္ ငါရူးလိမ့္မယ္...ဘယ္လိုအေႀကာင္းျပ
ျပီး ျငင္းေနမွာလဲ..."
သူ႕ အိမ္တြင္း အမႈိက္ပံုကိုရွင္းရင္း ပူစူး သီခ်င္း
ျငီးမိျပီးမွ ကိုယ္ရွိန္ျပန္သတ္ရသည္။
အမွန္ေတာ့ က်ေတာ္ေႀကာက္ေနတာ။ ငါ့ဘဝ
ေရွ႔ဆက္ရမယ့္ အနာဂတ္နဲ႔ ေလာင္းေႀကးထပ္
ျပီး ငါ မင္းဆီ လာခဲ့တာ။ မင္း ငါ့ကို ဖြင့္ေျပာလိုက္
ပါေတာ့ ငပိုင္ရာ...
ငါ မင္းနဲ႔ ပတ္သတ္ျပီး အရွက္ကင္းမဲ့တဲ့ အျဖစ္
ေတြ အမ်ားႀကီး လုပ္ခဲ့ဖူးတယ္။ မိန္းကေလး
တစ္ေယာက္ကိုေတာင္ ႏွစ္ခ်ီ လိမ္ညာခဲ့တယ္။
ေပးဆပ္ခဲ့တယ္လို႕ မဆိုႏိုင္ေပမယ့္ ငါရင္းႏွီးထပ္
ခဲ့တဲ့ အရာရာက မင္း ဆီက "ခ်စ္တယ္" ဆိုတဲ့
စကား ႀကားလိုက္ရ ရင္ ငါ့ဘဝေသခ်ာသြားျပီ။
ဘာေတြပဲျဖစ္လာလာ မင္းလက္တြဲျပီး ငါရင္ဆိုင္
သြားမွာ။
ငါ တစ္လွမ္းတိုးရင္ မင္းက တစ္လွမ္းတိုးမလာ
တတ္ေပမယ့္ ငါ တစ္လွမ္းေလာက္ေနာက္ဆုတ္
လိုက္တာနဲ႔ မင္းက အေဝးကို ေျပးေတာ့တာပဲ
ဒီတစ္ခါေတာ့ ငါ လက္သင့္မခံႏိုင္ဘူး ငပိုင္။
"ငါေမးေနတာ အဲ့ဒါမဟုတ္ဘူး ပိုင္သုတ။မင္း
ဘာေႀကာင့္ ဘုန္းႀကီးဝတ္မွာလဲ ေမးေနတာ။
ငါ့မဂၤလာေဆာင္ ဖိတ္စာမင္းလက္ထဲေရာက္တာ
နဲ႔ မင္း သကၤန္းေျပးဝယ္တာ ဘာသေဘာလဲ ငါ
သိခ်င္တာ"
ေျပာလိုက္ပါေတာ့လား ငပိုင္။ ဝန္ခံဖို႕ သိပ္လြယ္
လြန္းေနတဲ့ ဒီအေျခအေနမွာ ဝန္ခံလိုက္ပါေတာ့
"ငါေျပာထားျပီေလ ခ်န္း။မင္း ကိုယ္တိုင္ကတိေပး
ခဲ့..."
ငါေႀကာက္လာျပီ ငပိုင္။ မင္း သတၱိမရွိဘူးလား??
ငါ့ကို "ခ်စ္တယ္။ မင္း ကိုခ်စ္လို႕" လို႔ ေျပာလိုက္
ရင္ ငါအခု အားလံုး ပစ္ခ်ျပီး မင္းဘဝထဲ ဝင္လိုက္
ေတာ့မွာ...
"ငါမေပးခဲ့ဘူး ပိုင္သုတ။မင္း ပဲေတာင္းခဲ့တာ။
ငါမေပးခဲ့ဖူးဘူး။ဘာသေဘာလဲ ငပိုင္။ဟမ္ ငါ
ေမးေနတယ္ေလ"
မေျဖပါ။ အဆံုးထိ။ သြားျပီ။ က်ေတာ္သူ႔ကို ဆံုးရံႈး
ရဖို႕ ေသခ်ာသြားျပီ။ က်ေတာ္ မိန္းမတစ္ေယာက္
နဲ႔ လက္ထပ္ေတာ့မည့္ ကိစၥကိုေတာင္ သူက
အေရးမႀကီး သလိုပဲ။
မႏၱေလးေတာင္ေျခမွာ ေျပာခဲ့တဲ့ စကားတစ္ခြန္း
ကို တစ္ေယာက္တည္း အရွည္ႀကီးေတြးျပီး
အမ်ားႀကီးေမ်ွာ္လင့္ခဲ့တာပဲ။ က်ေတာ္သိတယ္
ပိုင္သုတ က်ေတာ့္ကို ခ်စ္တယ္။ ဒါေပမယ့္...
သူ က်ေတာ့္ကို လက္မထပ္ႏိုင္ဘူး။ ဘာလို႕ဆို
က်ေတာ္က ေယာက်ာ္းတစ္ေယာက္ျဖစ္ေနလို႕ပဲ
ဘာသာေရးအေပၚ သက္ဝင္လြန္းတဲ့ သူက
အသိစိတ္ကို ထိန္းခ်ဳပ္လိုက္မွာ။ က်ေတာ့္ကို
ခ်စ္မိတာေတာင္ သူက ဝဋ္ေႀကြးအျဖစ္ေတာင္
သတ္မွတ္ေနမွာ။
ႋဒါေပမယ့္...နႏၵဦးေမာ္ သည္ "အခ်စ္။ အသဲ"
ဟူေသာ စကားလံုး ကဲကဲတို႔ျဖင့္ က်ေတာ့္
အေတြးေတြ မေသခ်ာဘူးဆိုသည့္ဖက္ကို တြန္း
ပို႕သည္။ ပံုမွန္မဟုတ္ေသာ သူတို႕ႏွစ္ေယာက္၏
အေခၚအေဝၚ။
က်ေတာ္ "အခ်စ္ကေလး" ဟူ ေခၚခဲ့စဥ္က
နားဖ်ားေတြ နီရဲသည္အထိ ရွက္ေနခဲ့ေသာ ငပိုင္
သည္ ခုခါေတြေတာ့ နားရည္ဝေနသလိုလို။
မျငင္းမဆန္ နာခံေနခဲ့တာ။
LGBTဟူေသာ စကားလံုးကိုပင္ အက်ယ္တဝင့္
ရွင္းျပႏိုင္ေသာ နႏၵဦးေမာ္။ ပိုင္သုတ အိပ္ခန္းထဲ
ထိ အတားအဆီးမရွိ ႀကိဳက္သလိုဝင္ထြက္ေနတာ
က်ေတာ္ ကိုယ္တိုင္ျမင္ခဲ့ဖူးတာပဲ။
ငပိုင္ ဘုန္းႀကီးဝတ္မယ္ ဆိုရင္ေတာင္ နႏၵက ရ
ေအာင္ တားမွာ။ ဒါဆို က်ေတာ္သူ႕ေဘးမရွိႏိုင္
ေတာ့ခ်ိန္ နႏၵကေတာ့ ရွိေနအံုးမွာ။
က်ေတာ္ေသခ်ာခ်င္သည္။ ေနာက္တစ္ႀကိမ္
ရူးႏွမ္းစြာ။
"မင္း...မင္းက LGBTလား ငပိုင္?"
ႀကည့္လာေသာ မ်က္ဝန္းတို႔တြင္ အေရာင္တစ္မ်ိဳး
ယွက္ကာ ေျပးေနသည္။
ဘယ္သူရယ္လိုက္မွန္းမသိေပမယ့္...
သေဘာတက် ခပ္ဟဟရယ္သံသည္ ေလတိုး
သံႀကား မပီမသ ဝိုးတဝါး။
ခပ္တိုးတိုးရယ္သံတစ္ခုက လြဲရင္ ဘာဆိုဘာမွ
မတံု႔ျပန္ခဲ့သူ။ ငါေလ...မင္းကိုသတ္။ငါ့ကိုယ္ငါ
လည္း သတ္ေသျပီး အတူတူေနာက္ဘဝကူးခ်င္
မိတယ္ ပိုင္ရယ္။
ဒီတစ္ည အမူးေျပျပီး မနက္ျဖန္မနက္ ငါ
တစ္ေယာက္တည္း ရန္ကုန္မျပန္ခ်င္ဘူးငပိုင္။
ငါရူးေတာ့မယ္။ ငါ မင္း ကို ဘယ္သူ႔လက္ထဲမွ
မထည့္ခ်င္ဘူး။ ငါ မဟုတ္တဲ့ တျခားေယာက်ာ္း
တစ္ေယာက္နဲ႔သာ မင္း တြဲျဖစ္သြားရင္ ငါ...ငါ
ရင္က်ိဳးမွာ။
ျဖဴလြန္းရင္ အေရာင္ဆိုးရလြယ္တယ္ ဟူေသာ
နာမည္ႀကီးစာေရးဆရာမႀကီး၏ စကားကသိပ္
မွန္တယ္။ထပ္ျဖည့္ခ်င္တယ္။
အိပ္ေမာက်တတ္လြန္းရင္ သိမ္းပိုက္ရလြယ္
တယ္။
ငါ မင္း ကို ဘယ္သူ႔မွ မေပးခ်င္သလို ငါလည္း
မင္းမဟုတ္တဲ့ ဘယ္သူနဲ႔မွ ဘဝနိဂံုးမခ်ဳပ္ခ်င္ဘူး။
ငါ့ေဘးမွာ ငါနဲ႔ အတူ ရင္ဆိုင္ေပးမယ္မလား??
ျဖစ္လာသမွ် ျပႆနာေတြအေပၚ ငါ ရင္မဆိုင္
ႏိုင္လို႕ မ်က္ရည္က်မိရင္ေတာင္ ငယ္ငယ္တုန္း
ကလို ဒါ ငိုစရာမဟုတ္ဘူး တခ်န္း။ ငါ...မင္းနဲ႔
အတူတူရင္ဆိုင္ မယ္...ငါလည္း မင္း ကို ခ်စ္
တယ္ လို႕ပဲ ေျပာေပးပါ။ ငါ မင္းအနားမွာ ေနႏိုင္
တယ္။
ပါးခ်ိဳင့္ေလးရွိမယ့္ေနရာကို ငါသိတယ္ ငပိုင္
ငါအလြတ္ရေနတဲ့ ေနရာကို ငါမနမ္းခဲ့ရတာ
ေတာင္ ႀကာျပီ ငပိုင္ရာ...
ငါ မင္း ကို ရူးသြပ္လြန္းေနျပီ...ဆိုတာ ငါသိတယ္
သိပ္ခ်စ္တယ္ ငပိုင္...
ႏိုးထလာခ်ိန္တြင္ ငရဲတြင္းထဲမွာလို႔ ထင္မိသည္
အထိပင္။ ပိုင္သုတ ရွိမေနေတာ့ဘူး။အိမ္တံခါးမ
ႀကီးကိုလည္း အျပင္ကေနေသာ့ခတ္ထားခဲ့တယ္
သြားျပီ။ က်ေတာ့္ကို ထားခဲ့ျပီ။ ေစာင့္ေနႀကည့္
သည္။ သူ က်ေတာ့္ကို ဒီလို ပစ္ထားခဲ့မွာ မဟုတ္
ဘူး ဆိုသည့္အသိနဲ႔ ... သို႔ေသာ္ က်ေတာ္မေသ
ခ်ာေတာ့။ က်ေတာ္တို႔ ပံုေအာက္မွာ commentေတြ။ ဆဲနည္းမ်ိဳးစံုနဲ႔ ဆဲဆိုထား
ႀကလ်က္ ရွိေသာ commentေတြ။ သူေရာ
က်ေတာ္ပါ onlineသိပ္မသံုးေပမယ့္ က်ေတာ္
တို႕ပံုသည္ likeေပါင္း ေထာင္ခ်ီနဲ႔ တစ္ႏိုင္ငံ
လံုးနီးပါးျပန္႔ေနခဲ့ျပီ။
ပိုင္သုတလည္း ျမင္ေလာက္ေရာေပါ့။ အရင္တည္း
က အရွက္အေႀကာက္ႀကီးတဲ့ လူ။ က်ေတာ့္ကို
ရြံသြားေလာက္ျပီ။ ဒါေႀကာင့္ ခုလိုထားသြားခဲ့တာ
သူ က်ေတာ့္ကို ခ်စ္သာခ်စ္တာ။ မိန္းမမဟုတ္တဲ့
အတြက္ သူ ရြံေနမွာ။ ပထမဆံုးအႀကိမ္နာက်ည္း
မိသည္။ ဘာပဲျဖစ္ျဖစ္ မင္း ခ်စ္ရမွာမဟုတ္ဘူး
လား? ငါ ျဖစ္ေနရင္ ျပီးေရာ ဆိုတဲ့ အခ်စ္မ်ိဳးနဲ႔
မခ်စ္ရဲပဲနဲ႔ ဘာလို႕ ငါ့ကို ဂရုစိုက္ေပးခဲ့လဲ??
ငါနဲ႔ မခြဲႏိုင္ မခြာႏိုင္လို႕ ဆိုတဲ့ အေျပာမ်ိဳးေတြ
ေျပာခဲ့လဲ?? မိန္းမတစ္ေယာက္လို ရွက္ေႀကာက္
ရင္ခုန္ စြာနဲ႔ မင္း ေရွ႔က ထြက္ေျပးရေလာက္
ေအာင္ထိ မင္း ေျပာခဲ့ျပီးမွ...
ငါ့ဖက္က အားလံုး စေတးထပ္ခဲ့တာေတာင္ မင္း
က ခုလို ထြက္ေျပးသြားရက္တယ္။
မင္းထားခဲ့တဲ့ ဒီဘဝမွာ သူမ်ားအေျပာအဆိုခံ
ဘဝနဲ႔ေနမွာလည္း မဟုတ္သလို သူငယ္ခ်င္း
ခ်င္းခ်င္း စတာေနာက္တာဆိုတဲ့ စကားနဲ႔လည္း
မ်က္ႏွာေျပာင္မတိုက္ဘူး။ ငါ ေသပဲေသလိုက္ေတာ့မယ္ ငပိုင္။ မင္း ငါ့ကို ရွင္ကြဲ
ခြဲခဲ့လို႕ မရဘူး။
"ခ်န္း ငါေျပာတာ နားေထာင္အံုး။ခ်န္း"
လက္ထဲမွ မွန္ခြဲကိုဆြဲလုကာရႊဲရႊဲစိုေနျပီး တဆက္ဆက္တုန္ယင္ေနေသာ ကိုယ္ကို
ေထြးေပြ႔ေပးထားသည္။
ဝမ္းနည္းမႈက လႈိုက္ကာ တက္လာသည္။ က်ေတာ္သိေစခ်င္သည္။ ဒါေတြ ဘာေႀကာင့္
လုပ္ရလဲ ဆိုတာ သိေစခ်င္သည္။
"မင္းေႀကာင့္..."ဟူေသာ စကားကို ထပ္ထပ္ခါခါ
ဆိုရင္း ဝန္ခံမိသည္။ က်ေတာ့္ သိကၡာ။ မာန
ဘဝ။ မိသားစု အားလံုး အားလံုး ထပ္ရင္းျပီး
သူနဲ႔ လဲခဲ့သည္ ဆိုသည္အား အသိေပးသည္။
ထို႕သို႕ အဆံုးစြန္ ဝန္ခံခဲ့တာေတာင္ သူ
ျပန္ေျပာလာခဲ့သည့္ စကားက...
"ေတာင္းပန္ပါတယ္ ငါေတာင္းပန္ပါတယ္"
တဲ့လား။ သူက တစ္ဖန္ျပန္လည္ေတာင္းပန္
ေနေသးတယ္တဲ့လား??
ဆိုလိုခ်င္တာ ဒီအေျခအေနထိေတာင္ သူ
က်ေတာ့္ကို လက္မခံဘူးတဲ့လား??
မရဘူး ငပိုင္။ မေန႔ကထိ ငါ မင္းရဲ႕ ခ်စ္တယ္
ဆိုတဲ့ စကားကိုပဲ ေမွ်ာ္လင့္ခဲ့တာ။ခုေတာ့...
ေတာင္းပန္စကားသာ အထပ္ထပ္ဆိုေနေသာ
ငပိုင့္ကို က်ေတာ္နစ္နစ္နာနာျဖစ္သြားေစခ်င္
သည္။
နာနာက်ည္းက်ည္းျဖစ္သြားေစခ်င္တယ္။
မင္း ကို ငါ ဒီလိုနည္းနဲ႔ သိမ္းပိုက္မွပဲ ရေတာ့မွာ
သူနာက်င္ေနတာကို သိတယ္။ ဒါေပမယ့္ က်ေတာ္ မရပ္ခဲ့ဘူး။ သူသည္လည္း က်ေတာ့္ကို
တြန္းဖယ္ထုတ္လို႕ ရပါေသာ္လည္း မ်က္လံုးတို႕
စံုမွိတ္ကာ ျဖစ္သမွ်ကို စံုမွိတ္လက္ခံေပးခဲ့သည္။
ခုလို ေသရာပါနာက်င္မႈမ်ိဳးကို ႀကည္ႀကည္ျဖဴျဖဴ
လက္ခံေပးခဲ့ျပီးေတာ့ ဘယ္လို႕ ဒီေလာက္
လြယ္ကူ ရိုးရွင္းလြန္းတဲ့ ခ်စ္တယ္ ဆိုတဲ့ စကား
ကို မေျပာႏိုင္ရတာလဲ??
ေတြးေလ ေဒါသထြက္လာေလ။ သို႕ေသာ္...
ဒါလား??ကိုယ္ခ်စ္တဲ့ သူနဲ႔ အတူတူေနရတဲ့
ခံစားမႈက ဒီလိုလား??
ပိုင္သုတ နဲ႔ အနီးကပ္ဆံုးျဖစ္ေအာင္ေနရင္း...
ပိုင္သုတ အား အျပစ္ေပးရင္း...
က်ေတာ္ ေနာက္တစ္ေခါက္ မွားယြင္းခဲ့ျပန္ျပီ။
ပိုင္သုတကို နာက်င္ေအာင္ လုပ္မိျပီ။
နာက်င္ေနသည့္ ႀကားမွ...
"ငါ့ရဲ႕ ပထမဆံုး မို႕" ဆိုသည့္ စကားက
က်ေတာ့္ ႏွလံုးသားအား ဆြဲထုတ္လိုက္သလိုပင္
ငါေတာင္းပန္ပါတယ္ ပိုင္ ရာ...
ဟူေသာ စကားလံုးသည္ က်ေတာ့္ စိတ္ဝိညာဥ္
အေမွာင္ကမၻာထဲမွာသာ ကြယ္ဆံုးျမဳပ္သြားခဲ့သည္
Thank You All
ေနာက္တစ္ပိုင္းဆို ခ်န္း povေတြ ျပီးပါျပီ။
အခုေလာက္ဆို ခ်န္းရဲ႕ စိတ္ ကို ရိပ္မိေလာက္ျပီ
ေပါ့ေနာ္။ ခါတေလမွာ ... စကားတစ္ခြန္းတည္း
နဲ႔ ျပီးသြားမယ့္ ကိစၥေတြရွိတယ္ ဆိုတာExpect
ဆိုတဲ့ ခရီးရွည္ႀကီး ႏွင္ျပီး ျပသခြင့္ ရခဲ့တဲ့အတြက္
ဝမ္းသာ မိပါတယ္။
Road to 1k...
(Unicode)
/
/
/
ယမင်းရွှေ...
ကျတော့်ဘဝမှာ အမုန်းတီးဆုံးမိန်းမပဲ။ ငပိုင့်
အသားကို နာအောင်လုပ်တယ်။ အညိုအမဲစွဲ
သည် အထိ။ သတ်ပစ်လိုက်ချင်စိတ်က တဖွားဖွား
ပဲ။ ငပိုင့် ကို ဖြစ်သလိုထားထား တည်းက စိတ်
ထဲ မကျေနပ်တာ။
သူ့မျက်နှာမြင်ရင် သေရာပါဒဏ်ရာတစ်ခုလောက်
ပေးလိုက်ချင်စိတ်ကို ချုပ်တည်းထားရတာ။
စာမေးပွဲနေ့ က ကမ်းပေးလာတဲ့ ကျွဲရိုင်းဗူးကို
မယူလို့ ငပိုင်က တစ်ခုခုပြောချင်နေပုံရသည်။
ကျတော်လည်း ပြောချင်တယ်။ အဲ့ဗူးနဲ့ အဲ့မိန်းမ
မျက်နှာကို ကောက်မပေါက်မိအောင် စိတ်မနည်း
ထိန်းထားရတာ မင်းမသိဘူး ပိုင်သုတ...
မင်း အသားတွေကို ငါက လွဲပြီး ဘယ်သူမှထိတာ
ငါမကြိုက်ဘူး။
နန္ဒဦးမော်...
ကျတော့်ကို စိုးရိမ်စိတ်ကြီးစေခဲ့သူ။
ပိုင်သုတ ဘဝထဲကို အမရာဦးမော်
ဆိုသည့် မိန်းကလေးတစ်ယောက်ကိုပါ လိုလို
လားလား ခေါ်သွင်းမည့်သူ။ ရန်ကုန်မှာနေစဉ်
တလျှောက်လုံး မိန်းကလေးတစ်ယောက်ကို
မိနစ်ဝက်မျှ ကြာအောင် မကြည့်ခဲ့သူသည်
"ဟားဟား ငါ့မှာပဲ ညီမရှိတာမှမဟုတ်တာ တချန်းရ။နန္ဒဦးမော်မှာလည်း သူ့အမွှာ အမရာဦးမော်ရှိနေတာပဲ...ဟား"
ထိုသို့သော စကားမျိုးကို မယုံချင်စရာ
ကောင်းလောက်အောင် ရယ်ရယ်မောမောနဲ့
ပြောနိုင်ခဲ့၏။
တဖြည်းဖြည်းမြင့်တက်လာသည့်နေမင်းနဲ့
အတူ ကျတော့်ရင်ထဲ အပူကြီးလာသည်။
သူ...နန္ဒဦးမော်ကို ဆက်ဆံပြောဆိုပုံသည် ဘယ်သူ့နဲ့မှမတူ။ တခြားတစ်ယောက်လိုဖြစ်သွားသည်။
ကျတော်နဲ့ ကောင်းဆက်စံကို အလိုလိုက်နေ
တတ်သော ပုံစံလည်း မဟုတ်။ တခြားကောင်
တွေ ကို ပြောဆိုသလို တည်တည်ငြိမ်ငြိမ်လည်း
ဖြစ်မနေ။ သူတစ်ခွန်းကိုယ် တစ်ခွန်းနဲ့ သူ့ ပုံစံသည် လွတ်လပ်ပေါ့ပါးလွန်းလှသည်။ အရပ်
မတိမ်းမယိမ်း။ မန္တသားတို့၏ အသားအရည်။
မြို့မျက်နှာဖုံးတည်းဟူသော အမျိုးဂုဏ်ရည်တူ။
နောက်ဆုံး ကျတော် မနာလိုဆုံးတစ်ခု။
ကျတော်နဲ့ဆို တည်ကြည်သလို သူတော်ကောင်း
လုပ်နေသလောက် နန္ဒဦးမော်ရှေ့ရောက်ရင်
မြွေအရေခွံချွတ်လိုက်သလိုပင်။ သူတစ်ပြန်ငါတစ်
ပြန်နဲ့ စကားနာထိုး နေတတ်တာ...သူတို့၂ယောက်ကြားမှာ လျှို့ဝှက်ချက်ဆိုတာ
မရှိတော့သလိုပဲ။ ဒါ Best Friendသတ်မှတ်
ချက်ရယ်ကြောင့်လား?? ကျတော်ပြန်တွေးကြည့်
မိသည်။ ကျတော် ပိုင်သုတရဲ့ Best Friend
ဖြစ်ချင်တာလား?? စတွေ့ခါစ အရွယ်တုန်း
ကဆိုရင်...ချက်ချင်းခေါင်းညိတ်မိလိုက်မည်ထင်
သော်လည်း...ခုခါတွင်တော့ ပြတ်သားစွာငြင်းဆို
မိသည်။
ကျတော်က ပိုင်သုတရဲ့ အရင်းနှီးဆုံး သူစိမ်းဖြစ်
ချင်တာ။ကျတော်သည်သာ သူ့အကြောင်းအကုန်
အလုံးစုံ သိချင်တယ်။ တခြားသူတွေမသိသော
တခြားတစ်ဖက်မှာ ရှိနေအုံးမည့် ပိုင်သုတကို
သိချင်တာ...
ဘူတာရုံခုံတန်းလေးပေါ် ထိုင်ငိုနေသော သူ့ပုံရိပ်
ကျတော် သေတဲ့ထိမေ့မှာ မဟုတ်ဘူး။
ဟို မိန်းမအရေခွံကို တစ်ချပ်ချင်းခွာပြီး လူရုပ်
မပေါ်လောက်တော့တဲ့ထိ မွှန်းပစ်ချင်တယ်။
ငါဘယ်လိုစိတ်ချရတော့မလဲ ငပိုင်။ ငါတောင်
မပြစ်မှားရက်လောက်အောင် ရိုးသားလွန်းတဲ့
မင်း ကို ငါ ဘယ်လိုစိတ်ချထားရမလဲ??
ရေချိုးခန်းထဲ အတူတူရပ်နေမိရုံလေးနဲ့တင်
ငါ့ကို အသက်ရှုမှားအောင် လုပ်နိုင်တဲ့မင်းကိုယ်ကို
တခြားလူတွေ စိတ်နဲ့တောင် မက်မောခွင့်မပြုဘူး။
မင်း ကို သဝန်တိုလွန်းလို့ ငါ့အဝေးကို ပို့ခဲ့တယ်
အဲ့ကစပြီး...ငါမှားတာပဲ ငပိုင်။ မင်းကို သဝန်တို
စိတ်နဲ့ စခဲ့မိတဲ့ ငါ့ဇာတ်လမ်းတွေ ငါနိုင်အောင်
မကနိုင်ခဲ့ဘူး။
ငါအမုန်းဆုံးမိန်းမရဲ့ ဝေးရာကို ပို့လိုက်တဲ့မင်းက
ငါ အစိုးရိမ်ဆုံးလူတစ်ယောက်ရဲ့ဘေးကို
ရောက်ခဲ့တယ်။
ငါ့မှာတော့...အနီးကပ်ထားမိတဲ့ ပြိုင်ဖက်ကို
လက်ထပ်ရတော့မယ့် အခြေအနေမှာတောင်
နောက်ဆုံးလက်ကျန် မျှော်လင့်ချက်ဖြစ်တဲ့ မင်းရဲ့
တားဆီးမှု တစ်ခုတောင် ရောက်မလာခဲ့ဘူး။
"ချန်းရာ...လက်ထပ်ဖို့ မစောလွန်းသေးဘူး
လား?" ဆိုတဲ့ အမေးတစ်ခု မေးလာခဲ့ရင်တောင်
ငါက လက်ထပ်ပွဲကို အချိန်အကန့်အသတ်မရှိ
ရွှေ့ပစ်လိုက်ဖို့ စဉ်းစားထားတာ။
ခုတော့... မန္တလေးတောင်ခြေက ဘုန်းကြီး
ကျောင်းမှာ ပြောခဲ့သလို...အဲ့အချိန်တည်းက
ငါမမေးခဲ့တဲ့ ကတိကို ခုချိန်ထိလည်း ငါမတည်
နိုင်ဘူး။
ငါ မပါပဲ...မင်းကို ဒီသံသရာကနေ လွတ်မြောက်
ခွင့် မပေးနိုင်ဘူး။
ဘာကြောင့် ငါမင်္ဂလာဆောင်မယ်ဆိုတာနဲ့ မင်းက
သာသနာ့ဘောင်ထဲ ဝင်ရတာလဲ?? ဒါရှင်ကွဲ
ကွဲတဲ့ ရည်းစားတွေမှ လုပ်တဲ့အလုပ်လေ။
မင်းကြိုက်တဲ့ ၁၉၀၀ပတ်ဝန်းကျင်က ဝတ္ထု
ဇာတ်ကောင်တွေ လုပ်လေ့ရှိတဲ့ အလုပ်လေ။
မင်း ဝန်ခံချိန် တန်နေပြီမဟုတ်လား ပိုင်သုတာ။
နှင်းနုကို တော့ အားနာတယ်။
နင်လည်း အရင်တည်းက ငါ နင့်ကို မချစ်မှန်း
သိတာပဲ...
လာမကြိုဘူး။ ကျတော်လည်း မမှုဘူး။ ဒီနေ့
ဒီကောင်နဲ့ အပြတ်ရှင်းမည်။
"ဝန်ခံလိုက်ပေါ့ မင်း...ချစ်တယ် ဆိုလည်း
ကြာရင် ငါရူးလိမ့်မယ်...ဘယ်လိုအကြောင်းပြ
ပြီး ငြင်းနေမှာလဲ..."
သူ့ အိမ်တွင်း အမှိုက်ပုံကိုရှင်းရင်း ပူစူး သီချင်း
ငြီးမိပြီးမှ ကိုယ်ရှိန်ပြန်သတ်ရသည်။
အမှန်တော့ ကျတော်ကြောက်နေတာ။ ငါ့ဘဝ
ရှေ့ဆက်ရမယ့် အနာဂတ်နဲ့ လောင်းကြေးထပ်
ပြီး ငါ မင်းဆီ လာခဲ့တာ။ မင်း ငါ့ကို ဖွင့်ပြောလိုက်
ပါတော့ ငပိုင်ရာ...
ငါ မင်းနဲ့ ပတ်သတ်ပြီး အရှက်ကင်းမဲ့တဲ့ အဖြစ်
တွေ အများကြီး လုပ်ခဲ့ဖူးတယ်။ မိန်းကလေး
တစ်ယောက်ကိုတောင် နှစ်ချီ လိမ်ညာခဲ့တယ်။
ပေးဆပ်ခဲ့တယ်လို့ မဆိုနိုင်ပေမယ့် ငါရင်းနှီးထပ်
ခဲ့တဲ့ အရာရာက မင်း ဆီက "ချစ်တယ်" ဆိုတဲ့
စကား ကြားလိုက်ရ ရင် ငါ့ဘဝသေချာသွားပြီ။
ဘာတွေပဲဖြစ်လာလာ မင်းလက်တွဲပြီး ငါရင်ဆိုင်
သွားမှာ။
ငါ တစ်လှမ်းတိုးရင် မင်းက တစ်လှမ်းတိုးမလာ
တတ်ပေမယ့် ငါ တစ်လှမ်းလောက်နောက်ဆုတ်
လိုက်တာနဲ့ မင်းက အဝေးကို ပြေးတော့တာပဲ
ဒီတစ်ခါတော့ ငါ လက်သင့်မခံနိုင်ဘူး ငပိုင်။
"ငါမေးနေတာ အဲ့ဒါမဟုတ်ဘူး ပိုင်သုတ။မင်း
ဘာကြောင့် ဘုန်းကြီးဝတ်မှာလဲ မေးနေတာ။
ငါ့မင်္ဂလာဆောင် ဖိတ်စာမင်းလက်ထဲရောက်တာ
နဲ့ မင်း သင်္ကန်းပြေးဝယ်တာ ဘာသဘောလဲ ငါ
သိချင်တာ"
ပြောလိုက်ပါတော့လား ငပိုင်။ ဝန်ခံဖို့ သိပ်လွယ်
လွန်းနေတဲ့ ဒီအခြေအနေမှာ ဝန်ခံလိုက်ပါတော့
"ငါပြောထားပြီလေ ချန်း။မင်း ကိုယ်တိုင်ကတိပေး
ခဲ့..."
ငါကြောက်လာပြီ ငပိုင်။ မင်း သတ္တိမရှိဘူးလား??
ငါ့ကို "ချစ်တယ်။ မင်း ကိုချစ်လို့" လို့ ပြောလိုက်
ရင် ငါအခု အားလုံး ပစ်ချပြီး မင်းဘဝထဲ ဝင်လိုက်
တော့မှာ...
"ငါမပေးခဲ့ဘူး ပိုင်သုတ။မင်း ပဲတောင်းခဲ့တာ။
ငါမပေးခဲ့ဖူးဘူး။ဘာသဘောလဲ ငပိုင်။ဟမ် ငါ
မေးနေတယ်လေ"
မဖြေပါ။ အဆုံးထိ။ သွားပြီ။ ကျတော်သူ့ကို ဆုံးရှုံး
ရဖို့ သေချာသွားပြီ။ ကျတော် မိန်းမတစ်ယောက်
နဲ့ လက်ထပ်တော့မည့် ကိစ္စကိုတောင် သူက
အရေးမကြီး သလိုပဲ။
မန္တလေးတောင်ခြေမှာ ပြောခဲ့တဲ့ စကားတစ်ခွန်း
ကို တစ်ယောက်တည်း အရှည်ကြီးတွေးပြီး
အများကြီးမျှော်လင့်ခဲ့တာပဲ။ ကျတော်သိတယ်
ပိုင်သုတ ကျတော့်ကို ချစ်တယ်။ ဒါပေမယ့်...
သူ ကျတော့်ကို လက်မထပ်နိုင်ဘူး။ ဘာလို့ဆို
ကျတော်က ယောကျာ်းတစ်ယောက်ဖြစ်နေလို့ပဲ
ဘာသာရေးအပေါ် သက်ဝင်လွန်းတဲ့ သူက
အသိစိတ်ကို ထိန်းချုပ်လိုက်မှာ။ ကျတော့်ကို
ချစ်မိတာတောင် သူက ဝဋ်ကြွေးအဖြစ်တောင်
သတ်မှတ်နေမှာ။
ႋဒါပေမယ့်...နန္ဒဦးမော် သည် "အချစ်။ အသဲ"
ဟူသော စကားလုံး ကဲကဲတို့ဖြင့် ကျတော့်
အတွေးတွေ မသေချာဘူးဆိုသည့်ဖက်ကို တွန်း
ပို့သည်။ ပုံမှန်မဟုတ်သော သူတို့နှစ်ယောက်၏
အခေါ်အဝေါ်။
ကျတော် "အချစ်ကလေး" ဟူ ခေါ်ခဲ့စဉ်က
နားဖျားတွေ နီရဲသည်အထိ ရှက်နေခဲ့သော ငပိုင်
သည် ခုခါတွေတော့ နားရည်ဝနေသလိုလို။
မငြင်းမဆန် နာခံနေခဲ့တာ။
LGBTဟူသော စကားလုံးကိုပင် အကျယ်တဝင့်
ရှင်းပြနိုင်သော နန္ဒဦးမော်။ ပိုင်သုတ အိပ်ခန်းထဲ
ထိ အတားအဆီးမရှိ ကြိုက်သလိုဝင်ထွက်နေတာ
ကျတော် ကိုယ်တိုင်မြင်ခဲ့ဖူးတာပဲ။
ငပိုင် ဘုန်းကြီးဝတ်မယ် ဆိုရင်တောင် နန္ဒက ရ
အောင် တားမှာ။ ဒါဆို ကျတော်သူ့ဘေးမရှိနိုင်
တော့ချိန် နန္ဒကတော့ ရှိနေအုံးမှာ။
ကျတော်သေချာချင်သည်။ နောက်တစ်ကြိမ်
ရူးနှမ်းစွာ။
"မင်း...မင်းက LGBTလား ငပိုင်?"
ကြည့်လာသော မျက်ဝန်းတို့တွင် အရောင်တစ်မျိုး
ယှက်ကာ ပြေးနေသည်။
ဘယ်သူရယ်လိုက်မှန်းမသိပေမယ့်...
သဘောတကျ ခပ်ဟဟရယ်သံသည် လေတိုး
သံကြား မပီမသ ဝိုးတဝါး။
ခပ်တိုးတိုးရယ်သံတစ်ခုက လွဲရင် ဘာဆိုဘာမှ
မတုံ့ပြန်ခဲ့သူ။ ငါလေ...မင်းကိုသတ်။ငါ့ကိုယ်ငါ
လည်း သတ်သေပြီး အတူတူနောက်ဘဝကူးချင်
မိတယ် ပိုင်ရယ်။
ဒီတစ်ည အမူးပြေပြီး မနက်ဖြန်မနက် ငါ
တစ်ယောက်တည်း ရန်ကုန်မပြန်ချင်ဘူးငပိုင်။
ငါရူးတော့မယ်။ ငါ မင်း ကို ဘယ်သူ့လက်ထဲမှ
မထည့်ချင်ဘူး။ ငါ မဟုတ်တဲ့ တခြားယောကျာ်း
တစ်ယောက်နဲ့သာ မင်း တွဲဖြစ်သွားရင် ငါ...ငါ
ရင်ကျိုးမှာ။
ဖြူလွန်းရင် အရောင်ဆိုးရလွယ်တယ် ဟူသော
နာမည်ကြီးစာရေးဆရာမကြီး၏ စကားကသိပ်
မှန်တယ်။ထပ်ဖြည့်ချင်တယ်။
အိပ်မောကျတတ်လွန်းရင် သိမ်းပိုက်ရလွယ်
တယ်။
ငါ မင်း ကို ဘယ်သူ့မှ မပေးချင်သလို ငါလည်း
မင်းမဟုတ်တဲ့ ဘယ်သူနဲ့မှ ဘဝနိဂုံးမချုပ်ချင်ဘူး။
ငါ့ဘေးမှာ ငါနဲ့ အတူ ရင်ဆိုင်ပေးမယ်မလား??
ဖြစ်လာသမျှ ပြဿနာတွေအပေါ် ငါ ရင်မဆိုင်
နိုင်လို့ မျက်ရည်ကျမိရင်တောင် ငယ်ငယ်တုန်း
ကလို ဒါ ငိုစရာမဟုတ်ဘူး တချန်း။ ငါ...မင်းနဲ့
အတူတူရင်ဆိုင် မယ်...ငါလည်း မင်း ကို ချစ်
တယ် လို့ပဲ ပြောပေးပါ။ ငါ မင်းအနားမှာ နေနိုင်
တယ်။
ပါးချိုင့်လေးရှိမယ့်နေရာကို ငါသိတယ် ငပိုင်
ငါအလွတ်ရနေတဲ့ နေရာကို ငါမနမ်းခဲ့ရတာ
တောင် ကြာပြီ ငပိုင်ရာ...
ငါ မင်း ကို ရူးသွပ်လွန်းနေပြီ...ဆိုတာ ငါသိတယ်
သိပ်ချစ်တယ် ငပိုင်...
နိုးထလာချိန်တွင် ငရဲတွင်းထဲမှာလို့ ထင်မိသည်
အထိပင်။ ပိုင်သုတ ရှိမနေတော့ဘူး။အိမ်တံခါးမ
ကြီးကိုလည်း အပြင်ကနေသော့ခတ်ထားခဲ့တယ်
သွားပြီ။ ကျတော့်ကို ထားခဲ့ပြီ။ စောင့်နေကြည့်
သည်။ သူ ကျတော့်ကို ဒီလို ပစ်ထားခဲ့မှာ မဟုတ်
ဘူး ဆိုသည့်အသိနဲ့ ... သို့သော် ကျတော်မသေ
ချာတော့။ ကျတော်တို့ ပုံအောက်မှာ commentတွေ။ ဆဲနည်းမျိုးစုံနဲ့ ဆဲဆိုထား
ကြလျက် ရှိသော commentတွေ။ သူရော
ကျတော်ပါ onlineသိပ်မသုံးပေမယ့် ကျတော်
တို့ပုံသည် likeပေါင်း ထောင်ချီနဲ့ တစ်နိုင်ငံ
လုံးနီးပါးပြန့်နေခဲ့ပြီ။
ပိုင်သုတလည်း မြင်လောက်ရောပေါ့။ အရင်တည်း
က အရှက်အကြောက်ကြီးတဲ့ လူ။ ကျတော့်ကို
ရွံသွားလောက်ပြီ။ ဒါကြောင့် ခုလိုထားသွားခဲ့တာ
သူ ကျတော့်ကို ချစ်သာချစ်တာ။ မိန်းမမဟုတ်တဲ့
အတွက် သူ ရွံနေမှာ။ ပထမဆုံးအကြိမ်နာကျည်း
မိသည်။ ဘာပဲဖြစ်ဖြစ် မင်း ချစ်ရမှာမဟုတ်ဘူး
လား? ငါ ဖြစ်နေရင် ပြီးရော ဆိုတဲ့ အချစ်မျိုးနဲ့
မချစ်ရဲပဲနဲ့ ဘာလို့ ငါ့ကို ဂရုစိုက်ပေးခဲ့လဲ??
ငါနဲ့ မခွဲနိုင် မခွာနိုင်လို့ ဆိုတဲ့ အပြောမျိုးတွေ
ပြောခဲ့လဲ?? မိန်းမတစ်ယောက်လို ရှက်ကြောက်
ရင်ခုန် စွာနဲ့ မင်း ရှေ့က ထွက်ပြေးရလောက်
အောင်ထိ မင်း ပြောခဲ့ပြီးမှ...
ငါ့ဖက်က အားလုံး စတေးထပ်ခဲ့တာတောင် မင်း
က ခုလို ထွက်ပြေးသွားရက်တယ်။
မင်းထားခဲ့တဲ့ ဒီဘဝမှာ သူများအပြောအဆိုခံ
ဘဝနဲ့နေမှာလည်း မဟုတ်သလို သူငယ်ချင်း
ချင်းချင်း စတာနောက်တာဆိုတဲ့ စကားနဲ့လည်း
မျက်နှာပြောင်မတိုက်ဘူး။ ငါ သေပဲသေလိုက်တော့မယ် ငပိုင်။ မင်း ငါ့ကို ရှင်ကွဲ
ခွဲခဲ့လို့ မရဘူး။
"ချန်း ငါပြောတာ နားထောင်အုံး။ချန်း"
လက်ထဲမှ မှန်ခွဲကိုဆွဲလုကာရွှဲရွှဲစိုနေပြီး တဆက်ဆက်တုန်ယင်နေသော ကိုယ်ကို
ထွေးပွေ့ပေးထားသည်။
ဝမ်းနည်းမှုက လှိုက်ကာ တက်လာသည်။ ကျတော်သိစေချင်သည်။ ဒါတွေ ဘာကြောင့်
လုပ်ရလဲ ဆိုတာ သိစေချင်သည်။
"မင်းကြောင့်..."ဟူသော စကားကို ထပ်ထပ်ခါခါ
ဆိုရင်း ဝန်ခံမိသည်။ ကျတော့် သိက္ခာ။ မာန
ဘဝ။ မိသားစု အားလုံး အားလုံး ထပ်ရင်းပြီး
သူနဲ့ လဲခဲ့သည် ဆိုသည်အား အသိပေးသည်။
ထို့သို့ အဆုံးစွန် ဝန်ခံခဲ့တာတောင် သူ
ပြန်ပြောလာခဲ့သည့် စကားက...
"တောင်းပန်ပါတယ် ငါတောင်းပန်ပါတယ်"
တဲ့လား။ သူက တစ်ဖန်ပြန်လည်တောင်းပန်
နေသေးတယ်တဲ့လား??
ဆိုလိုချင်တာ ဒီအခြေအနေထိတောင် သူ
ကျတော့်ကို လက်မခံဘူးတဲ့လား??
မရဘူး ငပိုင်။ မနေ့ကထိ ငါ မင်းရဲ့ ချစ်တယ်
ဆိုတဲ့ စကားကိုပဲ မျှော်လင့်ခဲ့တာ။ခုတော့...
တောင်းပန်စကားသာ အထပ်ထပ်ဆိုနေသော
ငပိုင့်ကို ကျတော်နစ်နစ်နာနာဖြစ်သွားစေချင်
သည်။
နာနာကျည်းကျည်းဖြစ်သွားစေချင်တယ်။
မင်း ကို ငါ ဒီလိုနည်းနဲ့ သိမ်းပိုက်မှပဲ ရတော့မှာ
သူနာကျင်နေတာကို သိတယ်။ ဒါပေမယ့် ကျတော် မရပ်ခဲ့ဘူး။ သူသည်လည်း ကျတော့်ကို
တွန်းဖယ်ထုတ်လို့ ရပါသော်လည်း မျက်လုံးတို့
စုံမှိတ်ကာ ဖြစ်သမျှကို စုံမှိတ်လက်ခံပေးခဲ့သည်။
ခုလို သေရာပါနာကျင်မှုမျိုးကို ကြည်ကြည်ဖြူဖြူ
လက်ခံပေးခဲ့ပြီးတော့ ဘယ်လို့ ဒီလောက်
လွယ်ကူ ရိုးရှင်းလွန်းတဲ့ ချစ်တယ် ဆိုတဲ့ စကား
ကို မပြောနိုင်ရတာလဲ??
တွေးလေ ဒေါသထွက်လာလေ။ သို့သော်...
ဒါလား??ကိုယ်ချစ်တဲ့ သူနဲ့ အတူတူနေရတဲ့
ခံစားမှုက ဒီလိုလား??
ပိုင်သုတ နဲ့ အနီးကပ်ဆုံးဖြစ်အောင်နေရင်း...
ပိုင်သုတ အား အပြစ်ပေးရင်း...
ကျတော် နောက်တစ်ခေါက် မှားယွင်းခဲ့ပြန်ပြီ။
ပိုင်သုတကို နာကျင်အောင် လုပ်မိပြီ။
နာကျင်နေသည့် ကြားမှ...
"ငါ့ရဲ့ ပထမဆုံး မို့" ဆိုသည့် စကားက
ကျတော့် နှလုံးသားအား ဆွဲထုတ်လိုက်သလိုပင်
ငါတောင်းပန်ပါတယ် ပိုင် ရာ...
ဟူသော စကားလုံးသည် ကျတော့် စိတ်ဝိညာဉ်
အမှောင်ကမ္ဘာထဲမှာသာ ကွယ်ဆုံးမြုပ်သွားခဲ့သည်
Thank You All
နောက်တစ်ပိုင်းဆို ချန်း povတွေ ပြီးပါပြီ။
အခုလောက်ဆို ချန်းရဲ့ စိတ် ကို ရိပ်မိလောက်ပြီ
ပေါ့နော်။ ခါတလေမှာ ... စကားတစ်ခွန်းတည်း
နဲ့ ပြီးသွားမယ့် ကိစ္စတွေရှိတယ် ဆိုတာExpect
ဆိုတဲ့ ခရီးရှည်ကြီး နှင်ပြီး ပြသခွင့် ရခဲ့တဲ့အတွက်
ဝမ်းသာ မိပါတယ်။
Road to 1k...
Bạn đang đọc truyện trên: ZingTruyen.Xyz