ZingTruyen.Xyz

EX-pect

မက္ေမာျခင္း(၂)

HsuChiKo365

"ဦးပိန္တံတားမွာ စံုတြဲေတြလက္တြဲျပီး အစအဆံုး
ေလွ်ာက္ရင္ ညားတတ္တယ္"

ႀကားဖူးနားဝ အယူတစ္ခုကို ေသခ်ာ၏ မေသခ်ာ
၏ မစဥ္းစားႏိုင္ေတာ့တဲ့ ထိ ငါ မင္းကိုရူးသြပ္
တယ္။

ေနတရွိန္ရွိန္ေအာက္မွာ မင္းပုခံုးကို မမွီမကမ္းလွမ္းဖက္ျပီးအသြားအျပန္
မေညာင္းမညာ ငါေလွွ်ာက္ခဲ့ဖူးတဲ့
အထိ မင္းနဲ႔ ငါ အတူတူေနခ်င္ခဲ့တယ္။
ေလာဘတက္တယ္။ ငါက ခ်စ္တယ္လို႕ မေျပာ
ရေသးခင္ မင္းကအရင္ "ခ်န္းကို ခ်စ္တယ္"လို႕
ေျပာမယ့္ စကားကို ရူးေလာက္ေအာင္ႀကားခ်င္ခဲ့
တယ္။ ငါခ်စ္တဲ့ ပိုင္သုတ ဆိုတဲ့ မင္းဟာ
တကယ့္ ငတံုးေကာင္ပဲ။ ဂႏၱဝင္ေျမာက္ခ်စ္ျပ
တတ္တာပဲ ရွိတဲ့ အရူးသာသာေကာင္ေလးပဲ။

ေသေလာက္ေအာင္နာက်င္ေနတဲ့ႀကားကငါ့ကို
ေမာ့ႀကည့္ျပံဳးျပေနတဲ့ မင္းမ်က္ႏွာေႀကာင့္ ငါရူး
သြားဖူးတယ္ ပိုင္။ တစ္ဆက္တည္း အခြင့္အေရး
ရခ်င္ခဲ့တယ္။ ဒါနည္းနည္းေတာ့ ေယာက်ာ္းသိကၡာ ထိႏိုင္တယ္ဆိုတာသိေပမယ့္
ငါလည္းမင္းကိို အဲ့လို ေမာ့ႀကည့္ျပံဳးျပခ်င္ခဲ့တယ္။

"ဒီမွာေတာ့ ခ်စ္လိုက္ရတာ တဲ့လား...ရူးသြားမလား ျဖစ္ရတဲ့ ဘဝတစ္ခုကိို မင္းယံုႀကည္
ေပး" တဲ့လား?

ရူးလိုက္တာ ငပိုင္ရာ...ငါ့ကို အိမ္ကထြက္ေျပးရင္
တရားစြဲမယ္ေျပာခဲ့ျပီး အဲ့ညက မင္းျပံဳးေနခဲ့တာ
ငါမေတြ႔ဘူး ထင္လို႔လား?? အမူးလြန္ျပီး မမွတ္
မိေတာ့ဘူးလားဆိုတဲ့ ပံုစံနဲ႔ ေခ်ာ္လဲေရာထိုင္လုပ္
ခဲ့တာေတာင္ မင္းက မိေအးႏွစ္ခါနာေပးတုန္း။
မင္းရတဲ့ လစာ တစ္ျပားမက်န္ ငါ့လက္ထဲအပ္
တုန္း။ ငါေပးသေလာက္နဲ႔ ေလာက္ေအာက္ျခစ္
က်ဳတ္သံုးျပတုန္းပဲ...ငါ အလုပ္ရသြားတာေတာင္
ေလ။

ငါေႀကာက္လာတယ္ ပိုင္။ ငါ့ကိုအဲ့ေလာက္ခ်စ္တဲ့ မင္းက တစ္ေန႔က်ရင္ ငါ့ကို ထားသြားမွာကို။
ငါသိခ်င္တယ္ ေယာက်ာ္းတစ္ေယာက္ျဖစ္တဲ့ မင္းကငါ့ကို ဘယ္ေလာက္ႀကာႀကာခ်စ္ႏိုင္မွာလဲ?
မင္းကို နည္းမ်ိဳးစံုနဲ႕ ေဘာင္ေတြစည္းေတြေက်ာ္
လြန္ျပီးကို အႏိုင္က်င့္ခဲ့မိတဲ့ ငါ့ကို မင္းခ်စ္ႏိုင္ပါ့
မလား??
ပံုမွန္မဟုတ္ဘူး ဆိုတဲ့ေခါင္းစဥ္ေအာက္မွာ မင္း
ငါနဲ႔ အတူူတူတစ္သက္လံုးေနႏိုင္ပါ့မလား??

ထားသြားမယ့္ အခ်ိန္လြယ္လြယ္ကူကူထားခဲ့လို႕
ရေအာင္ "ခ်စ္တယ္" လို႕မေျပာတာလား??

ဒါဆို "မင္းကို ငါ ခ်စ္တယ္လို႕ ေျပာခဲ့ဖူးလို႕လား"
ဆိုတဲ့ စကားနဲ႔ လြယ္လြယ္ကူကူထားသြားလို႕ရမွာ
မလား??

"အင္းးေယာက်ာ္းတစ္ေယာက္နဲ႔တစ္ေယာက္ဆိုတာထက္ လူသား တစ္ေယာက္နဲ႔တစ္ေယာက္
ႀကားထဲက ခ်စ္ျခင္းတိုင္းဟာေမတၱာစစ္ရင္ကာလ
အပိုင္းအျခားဆိုတာမရွိဘူးလို႔ က်ေတာ္ယံုႀကည္
ထားတယ္"

အျပံဳးေအးေအးတစ္ခုနဲ႔ ေျပာလိုက္ေသာ အိမ္ေထာင္သည္ေယာက်ာ္းတစ္ေယာက္၏ အဆို။
က်ေတာ္ေပ်ာ္ရႊင္ေပါ့ပါးသြားတာေတာ့ မဟုတ္
ေပမယ့္ မ်က္လံုးစံုမွိတ္ယံုႀကည္ႀကည့္ခ်င္တယ္။
အဲ့လို ေမွ်ာ္လင့္ေနရတဲ့ ဘဝမွာ ေနေပ်ာ္တာမ်ိဳး
မဟုတ္ပဲ ေနသားက်ေနခ်င္သည္။

တဆက္ဆက္ခုန္ေနေသာ ရင္ခုန္သံကို သူႀကား
သြားတဲ့ ထိုအခိုက္အတန္႔မွာပင္ က်ေတာ့္အနမ္း
ဦးအား သူဆြတ္ယူသည္။ လံုးဝျဖစ္လာႏိုင္မယ္
မထင္ခဲ့ဖူးေသာ ထိုအေျခအေနတြင္ က်ေတာ္
ေက်နပ္စြာေပ်ာ္ဝင္သည္။ သို႕ေသာ္ သူဟာပိုင္သုတဆိုတာ က်ေတာ္ေမ့ေနခဲ့သည္။

သူဟာ က်ေတာ့္ကို ျဖည့္ဆည္းေပးဖို႕ အတြက္ပဲ
ေမြးဖြားလာသူ တစ္ေယာက္လို ျပဳမူသည္။
ဒါ ငါလိုခ်င္တဲ့ အခြင့္အေရးပဲ ပိုင္။ က်ေတာ္
အားအင္ ေတြ ကုန္လုနီးပါးျဖစ္ေနေပမယ့္ က်ေတာ္ အေရးမစိုက္ေတာ့...က်ေတာ့္ သိကၡာ
ဆိုတာေတြကို အနမ္းတစ္ခုနဲ႔ ေခ်မြပစ္လိုက္ေတာ့
၏။ က်ေတာ္ေႀကာက္လန္႔နာက်င္ေနသည့္ႀကားမွ
သူ႕ ညင္သာမႈကို လႈိက္လွဲစြာခံယူမိသည္။

အသက္ရႈသံအဝင္အထြက္ေတြ ႀကားမွ ျငီးေခၚလိုက္ေသာ "တခ်န္း" ဆိုသည့္ ထိုနာမည္။
အခုလို ခံစားခ်က္ေပါက္ကြဲထြက္လုထြက္ခင္တြင္
မ်ားေသာ အားျဖင့္ "ခ်စ္တယ္" ဟူေသာ စကား
ထြက္လာတတ္ႀကတယ္။ နာက်င္မႈျခင္းနဲ႔
သာယာမႈေရာျပြန္းေနရင္းမွ ေမွ်ာ္လင့္တႀကီး
က်ေတာ္ နားဆင္ထားမိေသာ္လည္း သူမေခၚေတာ့သာ ႀကာေနျပီျဖစ္ေသာ "တခ်န္း" ဟူေသာနာမည္ကိုသာ မက္ေမာျခင္းႀကားမွ တြင္
တြင္ေခၚခဲ့သည္။
ေနာက္ဆံုး မတူညီေသာ အေျခအေနတြင္
က်ေတာ္ သူ႕ကို ေမာ့ျပံဳးျပႏိုင္ခဲ့ျပီ။ သူသည္လည္း
ျပံဳးသည္။ ေခြ်းေစးတို႕ ရွိေနဆဲျဖစ္ေသာ သူ႔ပါးျပင္ေႏြးေႏြးကို က်ေတာ္လွမ္းကိုင္ေတာ့
က်ေတာ္ႏွစ္သက္လြန္းေသာ သူ႕ပါးခ်ိဳင့္မ်ား
အေပၚေနရာခ်ေပးသည္။ ဒီအေျခအေနမ်ိဳးတြင္
ပိုင္သုတ ဟာ ရွက္ရြံေနတတ္တဲ့ ဆယ္ေက်ာ္သက္အရြယ္ ေကာင္ေလး
တစ္ေယာက္ မဟုတ္ခဲ့သလိုပဲ။ ေက်နပ္ျခင္း
ျပည့္ဝသြားေသာ ေယာက်ာ္းတစ္ေယာက္သည္
သူ႔အား ျဖည့္ဆည္းေပးေသာ သူတစ္ေယာက္
္အား ဤကဲ့သို႕ ျမတ္ျမတ္ႏိုးႏိုးနဲ႔ နမ္းတတ္သည္
လား?? က်ေတာ္ရဲ႕ ပထမဆံုးကို အလွပဆံုး
ျဖစ္ေအာင္ ဖန္တီးခဲ့တာ။
က်ေတာ္တိတ္တဆိတ္မ်က္ရည္က်မိသည္။
သူ႕ ပထမဆံုးကိုေတာ့ က်ေတာ္က နာက်င္ျခင္း
ျဖင့္တံဆိပ္တပ္ေပးခဲ့မိတာ။
မင္း ငါ့ကို ဘယ္ေလာက္ထိ မက္ေမာလဲ ငါသိ
ခ်င္တယ္ ပိုင္။

"မင္​းစိတ္​ထဲမွာ ႐ွိတဲ့အတိုင္​း​ေန...႐ိုးသားလက္​စ
နဲ႔ ဆက္​ျပီး႐ိုးသားလိုက္​ပါ"

အဆံုးစြန္ဆံုး ေပးဆပ္ျပီးေနာက္က်ေတာ္
သိလိုက္ရတယ္။ ပိုင္သုတ က ခ်စ္တယ္ ဆိုတဲ့
စကား မေျပာတတ္တဲ့ လူတစ္ေယာက္ပဲ။

သူ႕အတြက္က " တခ်န္း" သည္သာ သူ႕အတြက္
သီးသန္႔ ဘာသာစကားတစ္ခုေလလား??
က်ေတာ့္ကို ေထြးေပြ႔လ်က္ အသက္ရႈသံမွန္မွန္
နဲ႔ အိပ္ေပ်ာ္သြားေသာ သူ႕ကို ေမာ့ႀကည့္ရင္း
မ်က္ရည္က က်လာျပန္သည္။

ဘယ္လိုအေျခအေနမ်ိဳးမွာပဲ ျဖစ္ျဖစ္ မင္းရဲ႕ ပထမဆံုး ျဖစ္ခြင့္ရတဲ့ အတြက္ ငါေက်နပ္တယ္
ပိုင္။
နာက်င္ေနေပမယ့္လို႕...ေနာက္ရက္ေတြ ငါ
ဘယ္လိုျဖစ္ေနမယ္ ဆိုတာ မသိေပမယ့္လို႕
မင္း အနား ငါရွိေနရရင္ပဲ ငါေက်နပ္ေနႏိုင္တယ္

သိပ္ခ်စ္တယ္ ပိုင္...မင္းက ငါ့ အပိုင္

"တခ်န္း ခဏထ။ အစာစား ေဆးေသာက္ျပီးျပန္
အိပ္ခ်င္အိပ္"

တခ်န္း တဲ့လား။ တစ္ညတာ ျဖတ္သန္းျပီးတဲ့
ေနာက္မွာ က်ေတာ္ဟာသူ႔ တခ်န္း ျပန္ျဖစ္ခြင့္ရွိ
သြားျပီလား??

တင္စီးလြန္းလိုက္တာ ငပိုင္ရာ...လို႕ ေတြးေနရင္း
မွ ေမွ်ာ္လင့္ခ်က္အပိုင္းအစက အမွတ္မရွိဝင္လာ
ျပန္သည္။ တခ်န္း သည္ ခ်စ္တယ္ ဟူေသာ
စကား၏ သံမတူ ေႀကာင္းတူ စကားလံုးမ်ားျဖစ္
ေနေလမလား

"တင္စီးတာမဟုတ္ပါဘူး တခ်န္းရာ။ငါ့နာမည္
ပါေအာင္ေခၚတယ္ဆိုတာ ငါ့ဘဝရဲ႕တစ္စိတ္တစ္
ပိုင္းထဲမွာ မင္းပါတယ္ဆိုတဲ့ သေဘာပါ"

ထိုစကားသည္ ရည္းစားစကား မဟုတ္ေသာ္
လည္း အပ်ိဳေပါက္စေလးတစ္ေယာက္လို က်ေတာ္ ရွက္ေသြးတက္လာမိသည္။ အခုန္ျမန္
လာေသာ ရင္ကို ေစာင္ထဲ လံုးေထြးထည့္ထား
ရင္း ဒီေကာင့္ကိုသာ ေမာင္းထုတ္မိသည္။

ဤအခ်ိန္တြင္ က်ေတာ္ေသခ်ာသြားသည္။
ေနာင္အခါခါ ပိုင္သုတ ဘာေတြပဲ ေတာင္းဆို
လာလာ က်ေတာ္ႏွစ္ခါမစဥ္းစားပဲေခါင္းညိတ္မိ
ေတာ့မည္ မွာ ေသခ်ာသြားခဲ့ျပီ။

က်ေတာ္သိတယ္။ သူ႕ဘဝရဲ႕ တစ္စိတ္တစ္ပိုင္း
ျဖစ္တဲ့ က်ေတာ့္ကို သူ ဘယ္လိုနည္းနဲ႔မွ ဒုကၡ
ေရာက္ေအာင္ လုပ္မွာ မဟုတ္ဘူး။

ေသခ်ာတယ္။ ေပးဆပ္ျဖည့္ဆည္းေပးျခင္းတို႕
၏ အဆံုးတြင္ ပိုင္သုတ၏ ခ်စ္တယ္ ဟူေသာ
စကားရွိေနလိမ့္မည္။

Thank You All

ေနာက္အပိုင္းေတြမွာ ခ်န္း ရဲ႕ ခံစားခ်က္ေတြကို
တျဖည္းျဖည္းခ်င္း ေဖာ္ထုတ္ခဲ့ျပီးျပီျဖစ္လို႕
အားလံုး ခံစားမိမည္ ထင္ပါတယ္။

ေနာက္ထပ္ အပိုင္းတစ္ပိုင္း ေရးျပီးရင္ Expect
ကို ႏႈတ္ဆက္ႀကရေအာင္ေနာ္။

(Unicode)

/

/

/

"ဦးပိန်တံတားမှာ စုံတွဲတွေလက်တွဲပြီး အစအဆုံး
လျှောက်ရင် ညားတတ်တယ်"

ကြားဖူးနားဝ အယူတစ်ခုကို သေချာ၏ မသေချာ
၏ မစဉ်းစားနိုင်တော့တဲ့ ထိ ငါ မင်းကိုရူးသွပ်
တယ်။

နေတရှိန်ရှိန်အောက်မှာ မင်းပုခုံးကို မမှီမကမ်းလှမ်းဖက်ပြီးအသွားအပြန်
မညောင်းမညာ ငါလျှောက်ခဲ့ဖူးတဲ့
အထိ မင်းနဲ့ ငါ အတူတူနေချင်ခဲ့တယ်။
လောဘတက်တယ်။ ငါက ချစ်တယ်လို့ မပြော
ရသေးခင် မင်းကအရင် "ချန်းကို ချစ်တယ်"လို့
ပြောမယ့် စကားကို ရူးလောက်အောင်ကြားချင်ခဲ့
တယ်။ ငါချစ်တဲ့ ပိုင်သုတ ဆိုတဲ့ မင်းဟာ
တကယ့် ငတုံးကောင်ပဲ။ ဂန္တဝင်မြောက်ချစ်ပြ
တတ်တာပဲ ရှိတဲ့ အရူးသာသာကောင်လေးပဲ။

သေလောက်အောင်နာကျင်နေတဲ့ကြားကငါ့ကို
မော့ကြည့်ပြုံးပြနေတဲ့ မင်းမျက်နှာကြောင့် ငါရူး
သွားဖူးတယ် ပိုင်။ တစ်ဆက်တည်း အခွင့်အရေး
ရချင်ခဲ့တယ်။ ဒါနည်းနည်းတော့ ယောကျာ်းသိက္ခာ ထိနိုင်တယ်ဆိုတာသိပေမယ့်
ငါလည်းမင်းကို အဲ့လို မော့ကြည့်ပြုံးပြချင်ခဲ့တယ်။

"ဒီမှာတော့ ချစ်လိုက်ရတာ တဲ့လား...ရူးသွားမလား ဖြစ်ရတဲ့ ဘဝတစ်ခုကို မင်းယုံကြည်
ပေး" တဲ့လား?

ရူးလိုက်တာ ငပိုင်ရာ...ငါ့ကို အိမ်ကထွက်ပြေးရင်
တရားစွဲမယ်ပြောခဲ့ပြီး အဲ့ညက မင်းပြုံးနေခဲ့တာ
ငါမတွေ့ဘူး ထင်လို့လား?? အမူးလွန်ပြီး မမှတ်
မိတော့ဘူးလားဆိုတဲ့ ပုံစံနဲ့ ချော်လဲရောထိုင်လုပ်
ခဲ့တာတောင် မင်းက မိအေးနှစ်ခါနာပေးတုန်း။
မင်းရတဲ့ လစာ တစ်ပြားမကျန် ငါ့လက်ထဲအပ်
တုန်း။ ငါပေးသလောက်နဲ့ လောက်အောက်ခြစ်
ကျုတ်သုံးပြတုန်းပဲ...ငါ အလုပ်ရသွားတာတောင်
လေ။

ငါကြောက်လာတယ် ပိုင်။ ငါ့ကိုအဲ့လောက်ချစ်တဲ့ မင်းက တစ်နေ့ကျရင် ငါ့ကို ထားသွားမှာကို။
ငါသိချင်တယ် ယောကျာ်းတစ်ယောက်ဖြစ်တဲ့ မင်းကငါ့ကို ဘယ်လောက်ကြာကြာချစ်နိုင်မှာလဲ?
မင်းကို နည်းမျိုးစုံနဲ့ ဘောင်တွေစည်းတွေကျော်
လွန်ပြီးကို အနိုင်ကျင့်ခဲ့မိတဲ့ ငါ့ကို မင်းချစ်နိုင်ပါ့
မလား??
ပုံမှန်မဟုတ်ဘူး ဆိုတဲ့ခေါင်းစဉ်အောက်မှာ မင်း
ငါနဲ့ အတူူတူတစ်သက်လုံးနေနိုင်ပါ့မလား??

ထားသွားမယ့် အချိန်လွယ်လွယ်ကူကူထားခဲ့လို့
ရအောင် "ချစ်တယ်" လို့မပြောတာလား??

ဒါဆို "မင်းကို ငါ ချစ်တယ်လို့ ပြောခဲ့ဖူးလို့လား"
ဆိုတဲ့ စကားနဲ့ လွယ်လွယ်ကူကူထားသွားလို့ရမှာ
မလား??

"အင်းးယောကျာ်းတစ်ယောက်နဲ့တစ်ယောက်ဆိုတာထက် လူသား တစ်ယောက်နဲ့တစ်ယောက်
ကြားထဲက ချစ်ခြင်းတိုင်းဟာမေတ္တာစစ်ရင်ကာလ
အပိုင်းအခြားဆိုတာမရှိဘူးလို့ ကျတော်ယုံကြည်
ထားတယ်"

အပြုံးအေးအေးတစ်ခုနဲ့ ပြောလိုက်သော အိမ်ထောင်သည်ယောကျာ်းတစ်ယောက်၏ အဆို။
ကျတော်ပျော်ရွှင်ပေါ့ပါးသွားတာတော့ မဟုတ်
ပေမယ့် မျက်လုံးစုံမှိတ်ယုံကြည်ကြည့်ချင်တယ်။
အဲ့လို မျှော်လင့်နေရတဲ့ ဘဝမှာ နေပျော်တာမျိုး
မဟုတ်ပဲ နေသားကျနေချင်သည်။

တဆက်ဆက်ခုန်နေသော ရင်ခုန်သံကို သူကြား
သွားတဲ့ ထိုအခိုက်အတန့်မှာပင် ကျတော့်အနမ်း
ဦးအား သူဆွတ်ယူသည်။ လုံးဝဖြစ်လာနိုင်မယ်
မထင်ခဲ့ဖူးသော ထိုအခြေအနေတွင် ကျတော်
ကျေနပ်စွာပျော်ဝင်သည်။ သို့သော် သူဟာပိုင်သုတဆိုတာ ကျတော်မေ့နေခဲ့သည်။

သူဟာ ကျတော့်ကို ဖြည့်ဆည်းပေးဖို့ အတွက်ပဲ
မွေးဖွားလာသူ တစ်ယောက်လို ပြုမူသည်။
ဒါ ငါလိုချင်တဲ့ အခွင့်အရေးပဲ ပိုင်။ ကျတော်
အားအင် တွေ ကုန်လုနီးပါးဖြစ်နေပေမယ့် ကျတော် အရေးမစိုက်တော့...ကျတော့် သိက္ခာ
ဆိုတာတွေကို အနမ်းတစ်ခုနဲ့ ချေမွပစ်လိုက်တော့
၏။ ကျတော်ကြောက်လန့်နာကျင်နေသည့်ကြားမှ
သူ့ ညင်သာမှုကို လှိုက်လှဲစွာခံယူမိသည်။

အသက်ရှုသံအဝင်အထွက်တွေ ကြားမှ ငြီးခေါ်လိုက်သော "တချန်း" ဆိုသည့် ထိုနာမည်။
အခုလို ခံစားချက်ပေါက်ကွဲထွက်လုထွက်ခင်တွင်
များသော အားဖြင့် "ချစ်တယ်" ဟူသော စကား
ထွက်လာတတ်ကြတယ်။ နာကျင်မှုခြင်းနဲ့
သာယာမှုရောပြွန်းနေရင်းမှ မျှော်လင့်တကြီး
ကျတော် နားဆင်ထားမိသော်လည်း သူမခေါ်တော့သာ ကြာနေပြီဖြစ်သော "တချန်း" ဟူသောနာမည်ကိုသာ မက်မောခြင်းကြားမှ တွင်
တွင်ခေါ်ခဲ့သည်။
နောက်ဆုံး မတူညီသော အခြေအနေတွင်
ကျတော် သူ့ကို မော့ပြုံးပြနိုင်ခဲ့ပြီ။ သူသည်လည်း
ပြုံးသည်။ ချွေးစေးတို့ ရှိနေဆဲဖြစ်သော သူ့ပါးပြင်နွေးနွေးကို ကျတော်လှမ်းကိုင်တော့
ကျတော်နှစ်သက်လွန်းသော သူ့ပါးချိုင့်များ
အပေါ်နေရာချပေးသည်။ ဒီအခြေအနေမျိုးတွင်
ပိုင်သုတ ဟာ ရှက်ရွံနေတတ်တဲ့ ဆယ်ကျော်သက်အရွယ် ကောင်လေး
တစ်ယောက် မဟုတ်ခဲ့သလိုပဲ။ ကျေနပ်ခြင်း
ပြည့်ဝသွားသော ယောကျာ်းတစ်ယောက်သည်
သူ့အား ဖြည့်ဆည်းပေးသော သူတစ်ယောက်
်အား ဤကဲ့သို့ မြတ်မြတ်နိုးနိုးနဲ့ နမ်းတတ်သည်
လား?? ကျတော်ရဲ့ ပထမဆုံးကို အလှပဆုံး
ဖြစ်အောင် ဖန်တီးခဲ့တာ။
ကျတော်တိတ်တဆိတ်မျက်ရည်ကျမိသည်။
သူ့ ပထမဆုံးကိုတော့ ကျတော်က နာကျင်ခြင်း
ဖြင့်တံဆိပ်တပ်ပေးခဲ့မိတာ။
မင်း ငါ့ကို ဘယ်လောက်ထိ မက်မောလဲ ငါသိ
ချင်တယ် ပိုင်။

"မင်းစိတ်ထဲမှာ ရှိတဲ့အတိုင်းနေ...ရိုးသားလက်စ
နဲ့ ဆက်ပြီးရိုးသားလိုက်ပါ"

အဆုံးစွန်ဆုံး ပေးဆပ်ပြီးနောက်ကျတော်
သိလိုက်ရတယ်။ ပိုင်သုတ က ချစ်တယ် ဆိုတဲ့
စကား မပြောတတ်တဲ့ လူတစ်ယောက်ပဲ။

သူ့အတွက်က " တချန်း" သည်သာ သူ့အတွက်
သီးသန့် ဘာသာစကားတစ်ခုလေလား??
ကျတော့်ကို ထွေးပွေ့လျက် အသက်ရှုသံမှန်မှန်
နဲ့ အိပ်ပျော်သွားသော သူ့ကို မော့ကြည့်ရင်း
မျက်ရည်က ကျလာပြန်သည်။

ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် မင်းရဲ့ ပထမဆုံး ဖြစ်ခွင့်ရတဲ့ အတွက် ငါကျေနပ်တယ်
ပိုင်။
နာကျင်နေပေမယ့်လို့...နောက်ရက်တွေ ငါ
ဘယ်လိုဖြစ်နေမယ် ဆိုတာ မသိပေမယ့်လို့
မင်း အနား ငါရှိနေရရင်ပဲ ငါကျေနပ်နေနိုင်တယ်

သိပ်ချစ်တယ် ပိုင်...မင်းက ငါ့ အပိုင်

"တချန်း ခဏထ။ အစာစား ဆေးသောက်ပြီးပြန်
အိပ်ချင်အိပ်"

တချန်း တဲ့လား။ တစ်ညတာ ဖြတ်သန်းပြီးတဲ့
နောက်မှာ ကျတော်ဟာသူ့ တချန်း ပြန်ဖြစ်ခွင့်ရှိ
သွားပြီလား??

တင်စီးလွန်းလိုက်တာ ငပိုင်ရာ...လို့ တွေးနေရင်း
မှ မျှော်လင့်ချက်အပိုင်းအစက အမှတ်မရှိဝင်လာ
ပြန်သည်။ တချန်း သည် ချစ်တယ် ဟူသော
စကား၏ သံမတူ ကြောင်းတူ စကားလုံးများဖြစ်
နေလေမလား

"တင်စီးတာမဟုတ်ပါဘူး တချန်းရာ။ငါ့နာမည်
ပါအောင်ခေါ်တယ်ဆိုတာ ငါ့ဘဝရဲ့တစ်စိတ်တစ်
ပိုင်းထဲမှာ မင်းပါတယ်ဆိုတဲ့ သဘောပါ"

ထိုစကားသည် ရည်းစားစကား မဟုတ်သော်
လည်း အပျိုပေါက်စလေးတစ်ယောက်လို ကျတော် ရှက်သွေးတက်လာမိသည်။ အခုန်မြန်
လာသော ရင်ကို စောင်ထဲ လုံးထွေးထည့်ထား
ရင်း ဒီကောင့်ကိုသာ မောင်းထုတ်မိသည်။

ဤအချိန်တွင် ကျတော်သေချာသွားသည်။
နောင်အခါခါ ပိုင်သုတ ဘာတွေပဲ တောင်းဆို
လာလာ ကျတော်နှစ်ခါမစဉ်းစားပဲခေါင်းညိတ်မိ
တော့မည် မှာ သေချာသွားခဲ့ပြီ။

ကျတော်သိတယ်။ သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်း
ဖြစ်တဲ့ ကျတော့်ကို သူ ဘယ်လိုနည်းနဲ့မှ ဒုက္ခ
ရောက်အောင် လုပ်မှာ မဟုတ်ဘူး။

သေချာတယ်။ ပေးဆပ်ဖြည့်ဆည်းပေးခြင်းတို့
၏ အဆုံးတွင် ပိုင်သုတ၏ ချစ်တယ် ဟူသော
စကားရှိနေလိမ့်မည်။

Thank You All

နောက်အပိုင်းတွေမှာ ချန်း ရဲ့ ခံစားချက်တွေကို
တဖြည်းဖြည်းချင်း ဖော်ထုတ်ခဲ့ပြီးပြီဖြစ်လို့
အားလုံး ခံစားမိမည် ထင်ပါတယ်။

နောက်ထပ် အပိုင်းတစ်ပိုင်း ရေးပြီးရင် Expect
ကို နှုတ်ဆက်ကြရအောင်နော်။

Bạn đang đọc truyện trên: ZingTruyen.Xyz