ZingTruyen.Xyz

EX-pect

မက္ေမာျခင္း(၁)

HsuChiKo365

"ရာသီအလိုက္ ေျပာင္းလဲတတ္တဲ့ မင္းပါးေတြက
ငါ မနက္ခင္းတိုင္း စားသံုးမိတဲဲ့ ကမၻာဦးခ်စ္ျခင္"

်န္းျငိမ္ေအာင္

                      EXPECT

"ႏွင္းႏုက မေန႔က ငါ့ကိုေမးတယ္"

အဲ့စကား ေမးဖို႕ တစ္ညေနလံုး ငါ့ကိုခိုးခိုးႀကည့္
့္ျပီး ငါ့မ်က္ႏွာရိပ္မ်က္ႏွာကဲကို ေစာင့္ႀကည့္ခဲ့ရတာ
လား ငပိုင္။

"ငါ ဘာလုပ္ေနလဲေမးတာမလား??ဟက္"

သေဘာတက်တစ္ခ်က္ရယ္ရင္းမွ ျပံဳးရင္း သူ႕ကို က်ေတာ့္ကိုျပန္ႀကည့္လိုက္သည္။
စိုးရြံ႕ေနဟန္ ငပိုင့္ မ်က္လံုးေတြ သိပ္ႀကည့္လို႕
ေကာင္းတယ္။ အေက်နပ္ႀကီးေက်နပ္သြားဟန္
ကို အျပံဳးေတြကို က်ေတာ့္ႏႈတ္ခမ္းေပၚ
အျပည့္အသိပ္ထည့္ထားလိုက္၏။

"မင္း နဲ႔ သူဘာျဖစ္ထားလို႔လဲ??"

"ဘာမွ မျဖစ္ပါဘူး။ငါေမးတာ မေျဖလို႔ နမ္းလိုက္
ရံုေလးပါ"

"ဘာ!!"

"ဘာလို႔ေအာ္ေနတာလဲ?မားႏိုးသြားအံုးမယ္"

ခပ္ျပံဳးျပံဳးမ်က္ႏွာထားနဲ႔ ေအးေဆးစြာ

ေျပာေနေသာ က်ေတာ့္အား ျပဴးတူးျပဲတဲ
ျပန္ႀကည့္ေနတာ။အဲ့ေလာက္ေတာင္ အံ့ႀသသြားတာလား ငပိုင္။ ထိရံုေလးထိခဲ့တာပါ။

ငါ တရႈိက္မက္မက္ နမ္းဖူးတာ ဆိုလို႕ ပံုပ်က္ပန္း
ပ်က္ အိပ္ေမာက်ေနတဲ့ မင္းပဲ ရွိတယ္


"မင္း...မင္း ႏွင္းႏုကို ဘာလုပ္လိုက္တယ္"

"ငါက အေျဖေတာင္းတယ္ကြာ။အဲ့ဒါကို ေဝ့ေနတာနဲ႔ ဖက္နမ္းေပးလိုက္တယ္"


"ဘာလို႔အဲ့လို လုပ္ရတာလဲ တခ်န္း။သူက မိန္း
ကေလးေလ။မင္း မွာ အစ္မႏွွမ မရွိတိုင္း..."

"ခ်စ္လို႔ေပါ့ကြ"

ႏွမေလး ရွိတဲ့ မင္း။ ႏွမခ်င္း ကိုယ္ခ်င္းစာတတ္တဲ့
မင္း ကို ငါ ခ်စ္လို႔ေလ။ မင္း စာနာလြန္းေနတဲ့
လူ လက္ထဲ ပါသြားမွာ ဆိုးလို႕။

နာေနေသာ ရင္ကို လ်စ္လ်ဴရႈျပီး စူးစမ္းသလို ေသခ်ာစူးစိုက္ႀကည့္ေနေသာ ငပိုင့္ကိုခပ္သဲ့သဲ့
ရယ္ျပမိသည္။

"မင္း တကယ္ေကာ ခ်စ္တာမွ ဟုတ္ရဲ႕လား?"

ထိုစကားသည္ သူ႔အတြက္ေမးသည္မဟုတ္သည့္
တိုင္ က်ေတာ္ သူ႕အား ရည္စူး၍ မဆိုင္းမတြ
ျပန္ေျဖေပးမိသည္။

"အင္း ခ်စ္တယ္ေလ"

ငပုိင္ ဘာျပန္ေျပာမလဲ?? တျခားလူအေႀကာင္း
ေဆြးေႏြးေနေပမယ့္ ဒီစကားသည္ သူ႔ကို တိုက္ရိုက္ေျပာေနတယ္ဆိုတာ ဒီငတံုးေကာင္
သိမွာ မဟုတ္ဘူးဆိုေပမယ့္လည္း သူျပန္ေျပာ
မည့္စကား ကို က်ေတာ္ရင္ခုန္စြာေစာင့္စားရ
သည္။

"စိတ္ထဲက မပါပဲမေျပာနဲ႔ကြာ" တဲ့လား??

ဟားးး ေျပာတတ္တယ္ ငပိုင္ရာ...
ႏွင္းႏုဖက္က ခုခံေျပာဆိုေနေသာ္လည္း သူ႔ႏႈတ္
ကထြက္သည့္ စကားမို႕ က်ေတာ္ေပ်ာ္ရႊင္စြာ
ရင္ခုန္သည္။

ေရွ႔ဆက္ေျပာလွ်င္ ဒီေကာင့္ကို တစ္ခုခုလုပ္မိ
လိုက္မည္ဆိုး၍ ရန္စကားတိုု႔ ပစ္သြင္း။ အခုန္ျမန္
ေနေသာ ရင္ကို ထိန္းသိမ္းဝွက္ထားႏိုင္ရန္
ကုတင္ေပၚအျမန္ေျပးတက္ရသည္။

ိမင္းေရွ႔က ငါဟာ ေယာက်ာ္းတစ္ေယာက္ဆိုတာ
ေဘးစကားေတြေႀကာင့္ မင္းေမ့သြားမွာ ငါအရမ္း
ေႀကာက္တယ္။ မိန္းကေလးကို ႀကိဳက္မွ ေယာက်ာ္းစစ္တယ္ထင္ေနႀကတဲ့ ေရွးရိုးစြဲထဲ
မင္းပါ,ပါေနေတာ့လည္း မတတ္ႏိုင္ဘူး ငပိုင္။
အနည္းဆံုးေတာ့ ငါ ေယာက်ာ္းစစ္စစ္ဧကန္ျဖစ္
ေႀကာင္း ျပခ်င္ေသးရဲ႕။

                     EXPECT

"မ...မေအာ္နဲ႔ တခ်န္း။မား ႏိုးသြားမယ္"

ေရခ်ိဳးခန္းထဲမွ ငပိုင့္ အသံေတြသည္ တုန္တုန္
ယင္ယင္။ ရိုးသားလိုက္သာ ငပိုင္ရယ္...

"ဒါဆို မင္းထြက္ခဲ့ ငပိုင္။ေလျဖတ္မယ္"

"ငါ...ငါ"

"စိတ္ေလ်ာ့ခ်လိုက္။ တစ္ေယာက္ေယာက္ကို
စိတ္ကူးယဥ္ျပီး  စိတ္ေလ်ာ့ခ်လိုက္"

ရင္ခုန္လႈပ္ရွားေနေသာ စိတ္အစဥ္ထဲ ဝင္ေရာက္
လာေသာ နာက်င္ျခင္း။ ခုျဖစ္ေနမည့္ ငပိိုင့္ပံုရိပ္
စိတ္ကူးထဲ မဝင္ႏိုင္ေအာင္ ကိုယ့္ေခါင္းကိုယ္ထု
ကာ သတိေပးရသည္။

ေနာက္ေဖးမီးဖိုခန္းတစ္ခုလံုး ေရသံမွ လြဲ၍ အားလံုး ျငိမ္သက္သြားသည္။ ေရခ်ိဳးခန္းထဲမွ
ငပိုင့္ အသံကို နားစြံႀကည့္မိသည္။ ဘာသံမွ မႀကား။ အံႀကိတ္ထားလိမ့္မည္ ဟု ခန္႔မွန္းရသည္။

ေရခ်ိဳးခန္းတံခါးကို ေက်ာမီထိုင္ရင္း ခပ္သဲ့သဲ့
ရယ္မိသည္။ ရင္ထဲ နာက်င္လာတိုင္း က်ေတာ္
ရယ္တတ္ေနျပီ။ ခုခ်ိန္ဆို ငပိုင့္စိတ္ကူးထဲ ဘယ္သူေတြရွိေနမလဲ??
အံကိုတင္းတင္းဖိႀကိတ္ထားမိသည္။ အေကာင္အထည္ျပမရေသာ ငပိုင့္ စိတ္ကူးကို
ဆြဲဆုပ္ပစ္ခ်င္သည္အထိ သဝန္တိုသည္။

တုန္တုန္ယင္ယင္နဲ႔ ျပန္ထြက္လာေတာ့လည္း
က်ေတာ္မေနႏိုင္။ ရွက္ကိုးရွက္ကန္းျဖစ္ေနေသာ
ငပုိင္ပံုရိပ္ကို ရႏိုင္သမ်ွ မွတ္ဥာဏ္အကန္႔တို႔ထဲ
ထည့္သိမ္းထားမိ၏။

က်ေတာ္ေျပာသမွ် မ်က္လံုးလဲ့လဲ့ေတြနဲ႔ နားေထာင္ေနေသာ ငပိုင့္ မ်က္ႏွာ။ ငါကြာ...

မပိုင္ႏိုင္ေသးတဲ့ ငါ့အတြက္ မင္း ကို ေပြ႔ဖက္ေပး
ႏိုင္ဖို႕က လြဲလို႕ Porn Storyတစ္ပုဒ္ေလာက္
နားေထာင္မလား လို႕ မ်က္ႏွာေျပာင္ တိုက္ ျပီးေမးေပးႏိုင္တာ မိုင္ကုန္မို႕...

ျမန္ျမန္အိပ္မွျဖင့္လည္း အိပ္ပါ ငပိုင္ရယ္...

"မင္း ဆိုရင္ေရာ ဘယ္သူ႔ကိုစိတ္ကူးယဥ္လဲ?"

"ဘာကို"

"မင္းခုနကေျပာတယ္ေလ စိတ္ကူးယဥ္ျပီး
စိတ္ေလ်ာ့ဆို မင္းဘယ္သူ႔ကို စိတ္ကူးယဥ္လဲ"

"ဒါေတာ့ ေျပာလို႔မရဘူး ငပိုင္။ဒါေသတာေတာင္
ေျပာလို႔မရဘူး။အိပ္ေတာ့ မင္းထမသြားနဲ႔ ငါပါ
နိုးလာလိမ့္မယ့္"

တစ္ခ်က္ေငးႀကည့္ျပီး ေက်ာခိုင္းသြားေသာ ငပိုင္

အေမွာင္ထုထဲ အိပ္ေမာက်ေနေသာ
ငပိုင့္ကို ေငးရင္း က်ေတာ့္ ပါးေပၚ မ်က္ရည္တစ္စ
လိမ့္ဆင္းကာက်၏။

က်ေတာ့္ရဲ႕ ပထမဆံုးတြင္ ငပိုင္အနားမွာ မရွိခဲ့
ေပမယ့္လို႕...

မင္းက လြဲျပီး က်န္တဲ့လူ ေခါင္းထဲ ဝင္မလာတည္းက ငါ စမွားေနျပီဆိုတာ သိခဲ့ရတာ
မင္း နာမည္ တစ္စ ေခၚျငီးလိုက္ရံုနဲ႕ အရာရာကေနလြတ္ေျမာက္ခြင့္ရသြားခဲ့တာ

မက္ေမာမိလို႕ ေတာင္းပန္ပါတယ္ ပိုင္

Thank You All

(Unicode)

/

/

/

"ရာသီအလိုက် ပြောင်းလဲတတ်တဲ့ မင်းပါးတွေက
ငါ မနက်ခင်းတိုင်း စားသုံးမိတဲ့ ကမ္ဘာဦးချစ်ခြင်း"

ချန်းငြိမ်းအောင်

EXPECT

"နှင်းနုက မနေ့က ငါ့ကိုမေးတယ်"

အဲ့စကား မေးဖို့ တစ်ညနေလုံး ငါ့ကိုခိုးခိုးကြည့်
့်ပြီး ငါ့မျက်နှာရိပ်မျက်နှာကဲကို စောင့်ကြည့်ခဲ့ရတာ
လား ငပိုင်။

"ငါ ဘာလုပ်နေလဲမေးတာမလား??ဟက်"

သဘောတကျတစ်ချက်ရယ်ရင်းမှ ပြုံးရင်း သူ့ကို ကျတော့်ကိုပြန်ကြည့်လိုက်သည်။
စိုးရွံ့နေဟန် ငပိုင့် မျက်လုံးတွေ သိပ်ကြည့်လို့
ကောင်းတယ်။ အကျေနပ်ကြီးကျေနပ်သွားဟန်
ကို အပြုံးတွေကို ကျတော့်နှုတ်ခမ်းပေါ်
အပြည့်အသိပ်ထည့်ထားလိုက်၏။

"မင်း နဲ့ သူဘာဖြစ်ထားလို့လဲ??"

"ဘာမှ မဖြစ်ပါဘူး။ငါမေးတာ မဖြေလို့ နမ်းလိုက်
ရုံလေးပါ"

"ဘာ!!"

"ဘာလို့အော်နေတာလဲ?မားနိုးသွားအုံးမယ်"

ခပ်ပြုံးပြုံးမျက်နှာထားနဲ့ အေးဆေးစွာ

ပြောနေသော ကျတော့်အား ပြူးတူးပြဲတဲ
ပြန်ကြည့်နေတာ။အဲ့လောက်တောင် အံ့သြသွားတာလား ငပိုင်။ ထိရုံလေးထိခဲ့တာပါ။

ငါ တရှိုက်မက်မက် နမ်းဖူးတာ ဆိုလို့ ပုံပျက်ပန်း
ပျက် အိပ်မောကျနေတဲ့ မင်းပဲ ရှိတယ်


"မင်း...မင်း နှင်းနုကို ဘာလုပ်လိုက်တယ်"

"ငါက အဖြေတောင်းတယ်ကွာ။အဲ့ဒါကို ဝေ့နေတာနဲ့ ဖက်နမ်းပေးလိုက်တယ်"


"ဘာလို့အဲ့လို လုပ်ရတာလဲ တချန်း။သူက မိန်း
ကလေးလေ။မင်း မှာ အစ်မနှမ မရှိတိုင်း..."

"ချစ်လို့ပေါ့ကွ"

နှမလေး ရှိတဲ့ မင်း။ နှမချင်း ကိုယ်ချင်းစာတတ်တဲ့
မင်း ကို ငါ ချစ်လို့လေ။ မင်း စာနာလွန်းနေတဲ့
လူ လက်ထဲ ပါသွားမှာ ဆိုးလို့။

နာနေသော ရင်ကို လျစ်လျူရှုပြီး စူးစမ်းသလို သေချာစူးစိုက်ကြည့်နေသော ငပိုင့်ကိုခပ်သဲ့သဲ့
ရယ်ပြမိသည်။

"မင်း တကယ်ကော ချစ်တာမှ ဟုတ်ရဲ့လား?"

ထိုစကားသည် သူ့အတွက်မေးသည်မဟုတ်သည့်
တိုင် ကျတော် သူ့အား ရည်စူး၍ မဆိုင်းမတွ
ပြန်ဖြေပေးမိသည်။

"အင်း ချစ်တယ်လေ"

ငပိုင် ဘာပြန်ပြောမလဲ?? တခြားလူအကြောင်း
ဆွေးနွေးနေပေမယ့် ဒီစကားသည် သူ့ကို တိုက်ရိုက်ပြောနေတယ်ဆိုတာ ဒီငတုံးကောင်
သိမှာ မဟုတ်ဘူးဆိုပေမယ့်လည်း သူပြန်ပြော
မည့်စကား ကို ကျတော်ရင်ခုန်စွာစောင့်စားရ
သည်။

"စိတ်ထဲက မပါပဲမပြောနဲ့ကွာ" တဲ့လား??

ဟားးး ပြောတတ်တယ် ငပိုင်ရာ...
နှင်းနုဖက်က ခုခံပြောဆိုနေသော်လည်း သူ့နှုတ်
ကထွက်သည့် စကားမို့ ကျတော်ပျော်ရွှင်စွာ
ရင်ခုန်သည်။

ရှေ့ဆက်ပြောလျှင် ဒီကောင့်ကို တစ်ခုခုလုပ်မိ
လိုက်မည်ဆိုး၍ ရန်စကားတို့ ပစ်သွင်း။ အခုန်မြန်
နေသော ရင်ကို ထိန်းသိမ်းဝှက်ထားနိုင်ရန်
ကုတင်ပေါ်အမြန်ပြေးတက်ရသည်။

ိမင်းရှေ့က ငါဟာ ယောကျာ်းတစ်ယောက်ဆိုတာ
ဘေးစကားတွေကြောင့် မင်းမေ့သွားမှာ ငါအရမ်း
ကြောက်တယ်။ မိန်းကလေးကို ကြိုက်မှ ယောကျာ်းစစ်တယ်ထင်နေကြတဲ့ ရှေးရိုးစွဲထဲ
မင်းပါ,ပါနေတော့လည်း မတတ်နိုင်ဘူး ငပိုင်။
အနည်းဆုံးတော့ ငါ ယောကျာ်းစစ်စစ်ဧကန်ဖြစ်
ကြောင်း ပြချင်သေးရဲ့။

EXPECT

"မ...မအော်နဲ့ တချန်း။မား နိုးသွားမယ်"

ရေချိုးခန်းထဲမှ ငပိုင့် အသံတွေသည် တုန်တုန်
ယင်ယင်။ ရိုးသားလိုက်သာ ငပိုင်ရယ်...

"ဒါဆို မင်းထွက်ခဲ့ ငပိုင်။လေဖြတ်မယ်"

"ငါ...ငါ"

"စိတ်လျော့ချလိုက်။ တစ်ယောက်ယောက်ကို
စိတ်ကူးယဉ်ပြီး စိတ်လျော့ချလိုက်"

ရင်ခုန်လှုပ်ရှားနေသော စိတ်အစဉ်ထဲ ဝင်ရောက်
လာသော နာကျင်ခြင်း။ ခုဖြစ်နေမည့် ငပိုင့်ပုံရိပ်
စိတ်ကူးထဲ မဝင်နိုင်အောင် ကိုယ့်ခေါင်းကိုယ်ထု
ကာ သတိပေးရသည်။

နောက်ဖေးမီးဖိုခန်းတစ်ခုလုံး ရေသံမှ လွဲ၍ အားလုံး ငြိမ်သက်သွားသည်။ ရေချိုးခန်းထဲမှ
ငပိုင့် အသံကို နားစွံကြည့်မိသည်။ ဘာသံမှ မကြား။ အံကြိတ်ထားလိမ့်မည် ဟု ခန့်မှန်းရသည်။

ရေချိုးခန်းတံခါးကို ကျောမီထိုင်ရင်း ခပ်သဲ့သဲ့
ရယ်မိသည်။ ရင်ထဲ နာကျင်လာတိုင်း ကျတော်
ရယ်တတ်နေပြီ။ ခုချိန်ဆို ငပိုင့်စိတ်ကူးထဲ ဘယ်သူတွေရှိနေမလဲ??
အံကိုတင်းတင်းဖိကြိတ်ထားမိသည်။ အကောင်အထည်ပြမရသော ငပိုင့် စိတ်ကူးကို
ဆွဲဆုပ်ပစ်ချင်သည်အထိ သဝန်တိုသည်။

တုန်တုန်ယင်ယင်နဲ့ ပြန်ထွက်လာတော့လည်း
ကျတော်မနေနိုင်။ ရှက်ကိုးရှက်ကန်းဖြစ်နေသော
ငပိုင်ပုံရိပ်ကို ရနိုင်သမျှ မှတ်ဉာဏ်အကန့်တို့ထဲ
ထည့်သိမ်းထားမိ၏။

ကျတော်ပြောသမျှ မျက်လုံးလဲ့လဲ့တွေနဲ့ နားထောင်နေသော ငပိုင့် မျက်နှာ။ ငါကွာ...

မပိုင်နိုင်သေးတဲ့ ငါ့အတွက် မင်း ကို ပွေ့ဖက်ပေး
နိုင်ဖို့က လွဲလို့ Porn Storyတစ်ပုဒ်လောက်
နားထောင်မလား လို့ မျက်နှာပြောင် တိုက် ပြီးမေးပေးနိုင်တာ မိုင်ကုန်မို့...

မြန်မြန်အိပ်မှဖြင့်လည်း အိပ်ပါ ငပိုင်ရယ်...

"မင်း ဆိုရင်ရော ဘယ်သူ့ကိုစိတ်ကူးယဉ်လဲ?"

"ဘာကို"

"မင်းခုနကပြောတယ်လေ စိတ်ကူးယဉ်ပြီး
စိတ်လျော့ဆို မင်းဘယ်သူ့ကို စိတ်ကူးယဉ်လဲ"

"ဒါတော့ ပြောလို့မရဘူး ငပိုင်။ဒါသေတာတောင်
ပြောလို့မရဘူး။အိပ်တော့ မင်းထမသွားနဲ့ ငါပါ
နိုးလာလိမ့်မယ့်"

တစ်ချက်ငေးကြည့်ပြီး ကျောခိုင်းသွားသော ငပိုင်

အမှောင်ထုထဲ အိပ်မောကျနေသော
ငပိုင့်ကို ငေးရင်း ကျတော့် ပါးပေါ် မျက်ရည်တစ်စ
လိမ့်ဆင်းကာကျ၏။

ကျတော့်ရဲ့ ပထမဆုံးတွင် ငပိုင်အနားမှာ မရှိခဲ့
ပေမယ့်လို့...

မင်းက လွဲပြီး ကျန်တဲ့လူ ခေါင်းထဲ ဝင်မလာတည်းက ငါ စမှားနေပြီဆိုတာ သိခဲ့ရတာ
မင်း နာမည် တစ်စ ခေါ်ငြီးလိုက်ရုံနဲ့ အရာရာကနေလွတ်မြောက်ခွင့်ရသွားခဲ့တာ

မက်မောမိလို့ တောင်းပန်ပါတယ် ပိုင်

Thank You All

Bạn đang đọc truyện trên: ZingTruyen.Xyz