ZingTruyen.Xyz

EX-pect

မွားယြင္းျခင္း ၁

HsuChiKo365

ငပိုင္ အရြယ္ေရာက္လာေလ ပို၍ ႀကည့္ေကာင္း
ေလ။ အရြယ္မတိုင္ခင္ရွည္လ်ားေနေသာ အရပ္အေမာင္းသည္ အရြယ္ေရာက္သည့္တိုင္
ရပ္တန္႔မသြား၍ ၁၆ ႏွစ္တည္းဟူေသာ အရြယ္ႏွင့္ပင္ ၅ေပ၁၀လက္မရွိေသာ အရပ္အေမာင္းကို ပိုင္ဆိုင္ေနျပီ။

ပံဳးလိုက္ရင္ ပါးခ်ိဳင့္ကေလးနဲ႔ မင္းသားရႈံးႏိုင္သူ
ေလးကို တို႕က ရင္မွာခ်စ္ေနလို႕

ဘယ္သူဆိုလို႕ ဆိုမွန္းမသိေသာ သီခ်င္းသည္
ပိုင္သုတအတြက္ တိုးတိုးတစ္မ်ိဳး မႀကားတႀကား
ဆိုတတ္ႀကသည္။
၈ တန္း ၉တန္း ႏွစ္ႏွစ္လံုး က်ိဳင္းေကာင္
္(ဘင္ခရာအဖြဲ႕တြင္ က်ိဳင္းကိုင္ ျပီဆိုတာနဲ႔ က်ေတာ္သူ႕ကို ထိုသို႕ေခၚျဖစ္သည္)ျဖစ္ေနသည့္
သူ႔ကိုတာေမြ ျမိဳ႕နယ္မွ ေက်ာင္းသူေတာ္ေတာ္
မ်ားမ်ား၏ အာရံုကို တမင္မလုပ္ယူပဲ ရ႐ွိသည္။
သို႕ေသာ္လည္း ငပိုင္ ဆိုသည့္ ေကာင္က သူ႕
ႀကည့္ေနလို႕ ႀကည့္ေနမွန္းပင္ မသိတဲ့ေကာင္။

အားလံုးထဲတြင္ ႏွင္းႏုတစ္ေယာက္ေလာက္သာ
ငပိုင့္ အာရံုထဲ ဝင္ႏိုင္သည္။ ငပိုင္သည္ တျခား
လူဆို အင္း မလႈပ္ အဲ မလႈပ္ေနတတ္ေပမယ့္
ႏွင္းႏုစာေတြဘာေတြ လာေမးတယ္ဆိုရင္ေတာ့
ေရလည္စြာရွင္းျပတတ္သည္။

ႏွင္းႏုသည္လည္း တျခားေကာင္မ်ားထက္ ငပိုင့္
ကိုဆို အေရးေပးလြန္းသည္။ႏွင္းႏုသည္ ငယ္
ငယ္ကလို အာေပတူးမဟုတ္ေတာ့။ ေအရိုးပစ္
အသင္းေခါင္းေဆာင္ဝိေသႆနဲ႔ အညီ အရိုးအဆစ္ေတြေျပျပစ္လာသည္။ အရပ္အေမာင္းနဲ႔ကိုက္ညီေသာ ခႏၶာကိုယ္အခ်ိဳး
အစား ၊ ျဖဴစြတ္ေနတာမဟုတ္ပဲ ဝါေရႊေရာင္ေျပး
ေနေသာ အသားအရည္ နဲ႔ ယဥ္သကိုဟန္ေတြ
ႀကားက ထက္ျမတ္ေသာ အမူအယာေတြေႀကာင့္
ေယာက်ာ္းေလးေက်ာင္းထိတိုင္ေအာင္ ဂုဏ္သတင္းေမႊးေနသူ။ ေဖာ္ေရြပြင့္လင္းစြာဆက္ဆံတတ္ေပမယ့္ ရဲတင္း
ေသာ အျပဳအမူမ်ိဳး အနည္းအက်ဥ္းပင္မရွိပဲ
ေခၚေျပာဆက္ဆံရမည့္ လူအေျခအေနေပၚလိုက္
၍ အလိုက္အသင့္ထိန္းထိန္းသိမ္းသိမ္းေနတတ္
ေသာေႀကာင့္ ဣေျႏၵမဲ့သူမ်ားနဲ႔ယွဥ္လ်ွင္ မာန
ႀကီးသည္ဟုလည္း သတင္းထြက္ေနသူ။

ထိုသူသည္ ပိုင္သုတ ဆိုသည့္ ဝါေတာ္ေျခာက္
ဆယ္ရ ပုဂၢိဳလ္အေပၚသို႕ တိမ္းညြတ္ျခင္းက
ျမင္သာထင္သာ။ က်ေတာ့္ကို ေတြ႔တိုင္း ပိုင့္ ကိုသာလွ်င္ ေမးေနတတ္သည့္ ႏွင္းႏွ။
ႏွင္းႏုဆိုပါက ပိုင့္ အတြက္ ျငင္းဆန္စရာ
အေႀကာင္းမရွိ။ မိန္းကေလးမ်ားစြာႀကားမွ တမူ
ထူးစြာ ႏွင္းႏုကိုပဲ ရင္းရင္းႏွီးႏွီးေနတတ္ေသာ ပိုင္

ငပိုင္ မႏၱေလးျပန္သြားသျဖင့္ အိပ္မရသည့္ည ေတြရက္ဆက္လာ၍ စိတ္ေတြေနေသာ
က်ေတာ့္အား စကားလံုးမ်ားျဖင့္ ထပ္ႏွိပ္စက္ေန
ေသာ ႏွင္းႏု။

"ငပိုင္က ငါ့သူငယ္ခ်င္း။သူငယ္ခ်င္းႀကားမွာ
အႏုိင္က်င့္တယ္ဆိုတာေတြမရွိဘူး။သူေတာင္
ငါ့ကိုဘာမွမေျပာတာနင္ကဘာဝင္နာေနတာလဲ"

"နာတာေပါ့...ပိုင္လည္း ငါ့သူငယ္ခ်င္းပဲ..."

သိသာလြန္းေနျပီ ႏွင္းႏွရာ။ ငါ့ကိုလူဆိုးျဖစ္
္ေအာင္မလုပ္ခ်င္စမ္းပါနဲ႕

"ငယ္တည္းကသိေနတဲ့ ငါ့ဖက္ကက်ေတာ့
မပါပဲ...ပိုင္သုတ ဖက္ကေတာ့ပါတယ္ေနာ္"

"ပါတယ္ ပိုင့္ဖက္ကေန ခဲမဆြဲပဲနဲ႔ကိုအေလး
က သာေနျပီးသား။ရွင္းတယ္ေနာ္ ေမာင္ခ်န္း"

ႏႈတ္ခမ္းဆူကာ ျပန္ေမာ့ႀကည့္ေသာ ႏွင္းႏုသည္
လွသည္။ ေျခစံုရပ္လ်က္ႏွင္းႏုကိုစိုက္ႀကည့္မိသည္။
ႏွင္းႏုသည္လည္း ကုေဋတစ္သန္းမရလည္းေန
ဆိုသည့္ပံုစံနဲ႔ လွမ္းလက္စ ေျခတစ္လွမ္းလွလွကို တိခနဲရပ္တန္႔ပစ္လိုက္ျပီး သူ႔ထက္အနည္းငယ္ အရပ္ရွည္ေနေသာ က်ေတာ့္အားေမာ့ႀကည့္သည္။

"ဘာျဖစ္တာလဲ ခ်န္း??"

"စိတ္ဆင္းရဲေအာင္ ေျပာတတ္လြြန္းတယ္"

"ဘာကို??"

နားမလည္သလိုေမာ့ႀကည့္လာသူအား အျပံဳးပါး
ပါးတစ္ခု ျပံဳးျပႏိုင္ေအာင္ ႀကိဳးစားမိတယ္။

ပထမဆံုးအႀကိမ္ထုတ္သံုးခဲ့မိေသာ ေယာက်ာ္း
မာယာ တစ္စ။ Sorryပါ။ တစ္ခ်ိဳ႕ေသာ ျပိဳင္ဖက္
ေတြက အေဝးကို ပလႊတ္တာထက္ အနားမွာ
ေခၚထားႏိုင္စိတ္ခ်ရတယ္ ဆိုတဲ့ နိယာမကို
စာအုပ္တစ္အုပ္ထဲကေန ပိုင္သုတ ကိုယ္တိုင္ ဖတ္ျပဖူးခဲ့တာ ႏွင္းႏုရ။

"က်ဴရွင္ကိုနင့္ဘာသာနင္ပဲသြားလိုက္ေတာ့ဟာ"

သတိေပးခဲ့ဖူးတယ္။ သြယ္ဝိုက္ေသာ နည္းနဲ႕
ျဖစ္ေပမယ့္လို႕  ဥာဏ္ေကာင္းတဲ့ နင္ မသိခဲ့ဘူး
့္ ကံတရားက ငါ့အေပၚထပ္ႏွိပ္စက္
တာေတာ့ နင္ နဲ႔ ငါ့ကံ အက်ိဳးေပးမေကာင္းတာ
ပဲ ႏွင္းႏု။
ေတာင္းပန္ပါတယ္။

ထိုေန႔က ေကာင္းဆက္စံအား မ်က္ကပ္မွန္တည့္
မတည့္ မႀကည့္ခိုင္းမိခဲ့ရင္ က်ေတာ္တို႕ ကံႀကမၼာ
တစ္မ်ိဳးတစ္ဖံုျဖစ္သြားႏိုင္လား??
ဘယ္အရြယ္တည္းကလဲ???ဘာလို႕လဲ?
ဆိုတာ မသိေပမယ့္ ပိုင္သုတကို က်ေတာ္ခ်စ္
တယ္။ ဘယ္သူ႔လက္ထဲမွလည္း ထည့္မေပးလိုက္
ႏိုင္ဘူး။ ကုန္ကုန္ေျပာမယ္ဆို သူ႔ေဆြမ်ိဳးရင္းခ်ာ
ေတြဆီ ျပန္မယ္ဆိုတာေတာင္ က်ေတာ္မထည့္
ေပးခ်င္။

က်ေတာ္ ေယာက်ာ္းတစ္ေယာက္ကို ခ်စ္ေနတယ္
ဟုတ္တယ္။ ဒါေပမယ့္ က်ေတာ္မိန္းမမျဖစ္ခ်င္ဘူး
သူ႔ကိုလည္း က်ေတာ္ဟာ မိန္းမျဖစ္ခ်င္ေနသူ
လို႕ အထင္မခံေစခ်င္ဘူး။ သူဒီလိုေတြးျပီး က်ေတာ့္ကို ေရွာင္ႀကဥ္သြားေအာင္ ေသမလို
ေႀကာက္တယ္။ အမွန္ကို မျမင္ႏိုင္တဲ့ လူဘယ္ေလာက္မ်ားမ်ား ကုန္ကုန္ေျပာမယ္။
တစ္ေက်ာင္းလံုး အမွန္မျမင္ရင္ေတာင္ ပိုင္သုတ
တစ္ေယာက္ေတာ့ အထင္မလြဲေစခ်င္။ က်ေတာ္
ေယာက်ာ္းႀကိဳက္တာ အမွန္တရားဆိုရင္ အဲ့
တစ္ခုတည္းေသာအမွန္တရား က ပိုင္သုတပဲ။

အကယ္၍ ျပန္လာရင္ ေက်ာင္းမသြားပဲ က်ေတာ့္
ဆီ တန္းလာခဲ့ရင္ က်ေတာ္သူ႔အာ ျဖစ္စဥ္အစ
အဆံုးအား ခေရ႕ေစ့တြင္းက်ေျပာျပမည္။သို႕ေသာ္... အိပ္မက္ထဲ သူ က်ေတာ့္ဆီ အေမာ
တေကာနဲ႔ ေျပးလာခဲ့တယ္တဲ့။ က်ေတာ့္ဆံပင္
ေတြကို ခပ္ဖြဖြကိုင္တြယ္ေနတယ္တဲ့။ ေႏြးေထြး
ေသာ သူ႔အသံ သည္ ဝိုးတဝါးအသိအာရံုထဲ
ဝင္ခိုသည္။ တကယ္ပဲ သူေရာက္ေနတာပဲ
အဖ်ားရွိန္ေတြေႀကာင့္ တစ္ကိုယ္လံုးမီးက်ီခဲလို
ပူျခစ္ေနသည့္ ဒီအခ်ိန္။ ဝမ္းသာအာရ မဟုတ္ဘူး
အားတတ္သေရာ ဆီးႀကိဳခ်င္မိတယ္ဆို ပိုမွန္မယ္။ ဒါေပမယ့္...
Grade 11 ဟူေသာ စာတန္းပါ အက်ီ ၤနဲ႔...

သူ(ပိုင္သုတ)ေက်ာင္းသြားတက္တာေပါ့။ ေက်ာင္းမွာ ပြေနတဲ့ က်ေတာ့္သတင္းေတြ ႀကား
ခဲ့ျပီးျပီေပါ့။

ေသြးရူးတန္းရူးနဲ႔ ကို က်ေတာ္ သူ႔အား ေမာင္းထုတ္ျဖစ္သည္။
သူကေတာ့...မ်က္လံုးျပဴးမ်က္ဆံျပာနဲ႔
ေျဖရွင္းေပးသည္။

ဘာေႀကာင့္??ဘယ္လိုအဓိပၸါယ္နဲ႔ေခၚလို႕ေနမွန္း
မသိေသာ တခ်န္း ဟူေသာ နာမည္ကို သာ အရူး
လိုေရရြတ္ေနေသာ ငပိုင္။
ငါရွက္တယ္။ မင္းကေတာ့ အစြန္းအထင္းမရွိ
ျဖဴစင္ေနတုန္း။ ငါ့ မွာက...

ရွက္စိတ္ေတြ ခံျပင္းစိတ္ေတြ ေနာက္ျပီးဘယ္
္တုန္းကမွ မျဖစ္ခဲ့ဖူးေသာ သိမ္ငယ္စိတ္...
အားလံုးအားလံုးတို႕သည္ ေဘးနားရွိေနေသာ
ပရုတ္ဆီပုလင္းမွတစ္ဆင့္ ပိုင္သုတဆီသို႔
က်ေတာ္ေရွ႔ကေန ဒီေကာင္ျမန္ျမန္ထြက္သြား
ဖို႔ပဲလိုတာ...

ႏွဖူးေထာင့္စြန္းမွ ေန၍ စီးက်လာေသာေသြးစီး
ေႀကာင္း နဲ႔ ထပ္တူ က်ေတာ့္ႏွလံုးအိမ္ထဲမွ ေသြး
တို႕ ေပါက္ထြက္လာသလိုပင္။
လုပ္မိျပန္ျပီ။ အျပစ္မရွိတဲ့ ပိုင္သုတ ကိုမွ ေဒါသ
ေတြ ပံုခ်မိျပန္ျပီ။ မွားသြားျပန္ျပီ။ ပိုင္သုတကို
နာေအာင္ လုပ္မိျပန္ျပီ။
အဲ့လို စိတ္မထိန္းႏုိင္တာနဲ႔ဆို ႀကာရင္ပိုင္သုတ
က်ေတာ့္ကို ထားခဲ့ေတာ့မွာ...က်ေတာ့္ကိုထားခဲ့
မွာ...

အမွားေပၚအမွားဆင့္ေနခဲ့ျပန္သည္။ ႏွဖူးစြန္း
ေပါက္သြားသည့္တိုင္ ပိုင္သုတ ဆိုေသာ
ထိုလူသားသည္ ေဒါသ ပယ္ဖ်က္ျပီးစီးေလ
သလား?? က်ေတာ့္အေပၚ မေျပာင္းမလဲ

"မင္း ဘာျဖစ္ေနတာလဲ တခ်န္း။ဒီေလာက္ပူျခစ္
ေနတာကို..."

အက်ီ ၤႀကယ္သီးေတြေပၚမွ သူ႔လက္ေတြ။ မဟုတ္
ေသးဘူး။ က်ေတာ့္ကို သူ အထင္ေသးေနတာ
လား?? က်ေတာ့္ ခႏၶာကိုယ္ကို မျပခ်င္။
အတင္းအႀကပ္ခ်ြတ္ေနေသာ သူ႕လက္ေတြကို
ကုတ္ျခစ္မိျပန္သည္။ အနီစင္းေႀကာင္းေတြေပၚ
လာျပန္၏။ နာက်င္ေအာင္ ထပ္လုပ္မိျပန္ျပီ။

နာေနတယ္ ငပိုင္။ ငါလည္း နာေနတယ္။ မင္း
အထင္လြဲေနမလား ဆိုတဲ့ အသိ။ မားေရွ႔ မားကို
အားနာလို႕ ငါ့ကို အခုလို ဂရုစိုက္ေနတာမလား
မင္း စိတ္ထဲမွာလည္း ငါ့ကို ေက်ာင္းကေကာင္
ေတြ ထင္သလိုထင္ေနျပီမလား???

"ခ်န္းျငိမ္းေအာင္။ နားေထာင္။
မင္းလည္းေယာက်ာ္း ငါလည္းေယာက်ာ္း အတူတူခ်င္း မင္းဘာရွက္ေနတာလဲ?ဟမ္?
ေျပာေလ။ မင္းနဲ႔ငါ ဘာကြာလို႔ ရွက္ေနတာလဲ?"

ဒါ က်ေတာ့္စိတ္ကို စမ္းသပ္ေနတာလား??
ငါ့ကို စမ္းသပ္ေနတာလား ငပိုင္။ မစမ္းသပ္နဲ႔
ငပိုင္။ ငါဟာ တစ္ခ်ိန္ မင္းကို အပိုင္သိမ္းႏိုင္မယ့္
ေယာက်ာ္းတစ္ေယာက္ပဲ။ ဘာရွက္စရာလိုလို႕လဲ
ငပိုင္ရာ...

တကယ္တမ္းခြ်တ္ေတာ့လည္း ငပိုင္ ရဲရဲမႀကည့္
ရဲပါ။ဒါေပမယ့္ ဟန္ကိုယ္ဖို႕ထားခဲ့သည္ကို
မွတ္မိေနေသးသည္။

"မင္း လည္း ဟိုေကာင္ေတြလို ငါ့ကို
အေျခာက္လို႔ထင္ေနတယ္မလား?"

ငပိုင္၏ ရိုးရွင္းေသာ အႀကည့္ေတြေအာက္ ထိုေမး
ခြန္းကို တိုက္ရိုက္ေမးဖို႕ သတၱိရွိခဲ့သည္။
မွားခဲ့ျပန္ျပီ။ ပိုင့္ ကို တျခားေကာင္ေတြနဲ႔ တစ္
တန္းတည္းထားမိတဲ့ က်ေတာ္က စမွားတာ။
ဟုတ္တယ္။ က်ေတာ့္ ငပိုင္က က်ေတာ့္ကို
နားလည္ႏိုင္ဆံုး လူသားပဲ။

တစ္ခုပဲ...သူ႔ကို မွ သူ႔ကို ျဖစ္ေနတာ တစ္ခုကို
မသိတာေလး တစ္ခုပဲ။ခုလည္းႀကည့္ က်ေတာ့္ကို
ခြန္အားျဖည့္ စာစုေတြလိုလို လာရြတ္ျပေနေသး

"မင္းသာေနရာတစ္ခုေရာက္လာရင္သူတို႔ညီမ
ေတြေတာင္္ မင္းဆီ ထိုးအပ္လာလိမ့္မယ္ အဲ့က်မွ
ေခါင္းေခါက္ေရြးလိုက္ေပါ့ကြာ။မဟုတ္ဘူးလား?
ဟားးးဟား""

က်ေတာ္အားပါးတရရယ္ျပေနေသာ ငပိုင့္ကို
ႀကည့္ရင္း က်ေတာ္ရယ္ခ်င္လာမိသည္။

ငါ ဘယ္သူ႔ညီမ ကိုမွ မယူဘူးငပိုင္။
ငါ မင္းနဲ႔ပဲ တစ္သက္လံုးေနမွာ...

(Unicode)

/

/

/

ငပိုင် အရွယ်ရောက်လာလေ ပို၍ ကြည့်ကောင်း
လေ။ အရွယ်မတိုင်ခင်ရှည်လျားနေသော အရပ်အမောင်းသည် အရွယ်ရောက်သည့်တိုင်
ရပ်တန့်မသွား၍ ၁၆ နှစ်တည်းဟူသော အရွယ်နှင့်ပင် ၅ပေ၁၀လက်မရှိသော အရပ်အမောင်းကို ပိုင်ဆိုင်နေပြီ။

ပြုံးလိုက်ရင် ပါးချိုင့်ကလေးနဲ့ မင်းသားရှုံးနိုင်သူ
လေးကို တို့က ရင်မှာချစ်နေလို့

ဘယ်သူဆိုလို့ ဆိုမှန်းမသိသော သီချင်းသည်
ပိုင်သုတအတွက် တိုးတိုးတစ်မျိုး မကြားတကြား
ဆိုတတ်ကြသည်။
၈ တန်း ၉တန်း နှစ်နှစ်လုံး ကျိုင်းကောင်
်(ဘင်ခရာအဖွဲ့တွင် ကျိုင်းကိုင် ပြီဆိုတာနဲ့ ကျတော်သူ့ကို ထိုသို့ခေါ်ဖြစ်သည်)ဖြစ်နေသည့်
သူ့ကိုတာမွေ မြို့နယ်မှ ကျောင်းသူတော်တော်
များများ၏ အာရုံကို တမင်မလုပ်ယူပဲ ရရှိသည်။
သို့သော်လည်း ငပိုင် ဆိုသည့် ကောင်က သူ့
ကြည့်နေလို့ ကြည့်နေမှန်းပင် မသိတဲ့ကောင်။

အားလုံးထဲတွင် နှင်းနုတစ်ယောက်လောက်သာ
ငပိုင့် အာရုံထဲ ဝင်နိုင်သည်။ ငပိုင်သည် တခြား
လူဆို အင်း မလှုပ် အဲ မလှုပ်နေတတ်ပေမယ့်
နှင်းနုစာတွေဘာတွေ လာမေးတယ်ဆိုရင်တော့
ရေလည်စွာရှင်းပြတတ်သည်။

နှင်းနုသည်လည်း တခြားကောင်များထက် ငပိုင့်
ကိုဆို အရေးပေးလွန်းသည်။နှင်းနုသည် ငယ်
ငယ်ကလို အာပေတူးမဟုတ်တော့။ အေရိုးပစ်
အသင်းခေါင်းဆောင်ဝိသေဿနဲ့ အညီ အရိုးအဆစ်တွေပြေပြစ်လာသည်။ အရပ်အမောင်းနဲ့ကိုက်ညီသော ခန္ဓာကိုယ်အချိုး
အစား ၊ ဖြူစွတ်နေတာမဟုတ်ပဲ ဝါရွှေရောင်ပြေး
နေသော အသားအရည် နဲ့ ယဉ်သကိုဟန်တွေ
ကြားက ထက်မြတ်သော အမူအယာတွေကြောင့်
ယောကျာ်းလေးကျောင်းထိတိုင်အောင် ဂုဏ်သတင်းမွှေးနေသူ။ ဖော်ရွေပွင့်လင်းစွာဆက်ဆံတတ်ပေမယ့် ရဲတင်း
သော အပြုအမူမျိုး အနည်းအကျဉ်းပင်မရှိပဲ
ခေါ်ပြောဆက်ဆံရမည့် လူအခြေအနေပေါ်လိုက်
၍ အလိုက်အသင့်ထိန်းထိန်းသိမ်းသိမ်းနေတတ်
သောကြောင့် ဣန္ဒြေမဲ့သူများနဲ့ယှဉ်လျှင် မာန
ကြီးသည်ဟုလည်း သတင်းထွက်နေသူ။

ထိုသူသည် ပိုင်သုတ ဆိုသည့် ဝါတော်ခြောက်
ဆယ်ရ ပုဂ္ဂိုလ်အပေါ်သို့ တိမ်းညွတ်ခြင်းက
မြင်သာထင်သာ။ ကျတော့်ကို တွေ့တိုင်း ပိုင့် ကိုသာလျှင် မေးနေတတ်သည့် နှင်းနှ။
နှင်းနုဆိုပါက ပိုင့် အတွက် ငြင်းဆန်စရာ
အကြောင်းမရှိ။ မိန်းကလေးများစွာကြားမှ တမူ
ထူးစွာ နှင်းနုကိုပဲ ရင်းရင်းနှီးနှီးနေတတ်သော ပိုင်

ငပိုင် မန္တလေးပြန်သွားသဖြင့် အိပ်မရသည့်ည တွေရက်ဆက်လာ၍ စိတ်တွေနေသော
ကျတော့်အား စကားလုံးများဖြင့် ထပ်နှိပ်စက်နေ
သော နှင်းနု။

"ငပိုင်က ငါ့သူငယ်ချင်း။သူငယ်ချင်းကြားမှာ
အနိုင်ကျင့်တယ်ဆိုတာတွေမရှိဘူး။သူတောင်
ငါ့ကိုဘာမှမပြောတာနင်ကဘာဝင်နာနေတာလဲ"

"နာတာပေါ့...ပိုင်လည်း ငါ့သူငယ်ချင်းပဲ..."

သိသာလွန်းနေပြီ နှင်းနှရာ။ ငါ့ကိုလူဆိုးဖြစ်
်အောင်မလုပ်ချင်စမ်းပါနဲ့

"ငယ်တည်းကသိနေတဲ့ ငါ့ဖက်ကကျတော့
မပါပဲ...ပိုင်သုတ ဖက်ကတော့ပါတယ်နော်"

"ပါတယ် ပိုင့်ဖက်ကနေ ခဲမဆွဲပဲနဲ့ကိုအလေး
က သာနေပြီးသား။ရှင်းတယ်နော် မောင်ချန်း"

နှုတ်ခမ်းဆူကာ ပြန်မော့ကြည့်သော နှင်းနုသည်
လှသည်။ ခြေစုံရပ်လျက်နှင်းနုကိုစိုက်ကြည့်မိသည်။
နှင်းနုသည်လည်း ကုဋေတစ်သန်းမရလည်းနေ
ဆိုသည့်ပုံစံနဲ့ လှမ်းလက်စ ခြေတစ်လှမ်းလှလှကို တိခနဲရပ်တန့်ပစ်လိုက်ပြီး သူ့ထက်အနည်းငယ် အရပ်ရှည်နေသော ကျတော့်အားမော့ကြည့်သည်။

"ဘာဖြစ်တာလဲ ချန်း??"

"စိတ်ဆင်းရဲအောင် ပြောတတ်လွန်းတယ်"

"ဘာကို??"

နားမလည်သလိုမော့ကြည့်လာသူအား အပြုံးပါး
ပါးတစ်ခု ပြုံးပြနိုင်အောင် ကြိုးစားမိတယ်။

ပထမဆုံးအကြိမ်ထုတ်သုံးခဲ့မိသော ယောကျာ်း
မာယာ တစ်စ။ Sorryပါ။ တစ်ချို့သော ပြိုင်ဖက်
တွေက အဝေးကို ပလွှတ်တာထက် အနားမှာ
ခေါ်ထားနိုင်စိတ်ချရတယ် ဆိုတဲ့ နိယာမကို
စာအုပ်တစ်အုပ်ထဲကနေ ပိုင်သုတ ကိုယ်တိုင် ဖတ်ပြဖူးခဲ့တာ နှင်းနုရ။

"ကျူရှင်ကိုနင့်ဘာသာနင်ပဲသွားလိုက်တော့ဟာ"

သတိပေးခဲ့ဖူးတယ်။ သွယ်ဝိုက်သော နည်းနဲ့
ဖြစ်ပေမယ့်လို့ ဉာဏ်ကောင်းတဲ့ နင် မသိခဲ့ဘူး
့် ကံတရားက ငါ့အပေါ်ထပ်နှိပ်စက်
တာတော့ နင် နဲ့ ငါ့ကံ အကျိုးပေးမကောင်းတာ
ပဲ နှင်းနု။
တောင်းပန်ပါတယ်။

ထိုနေ့က ကောင်းဆက်စံအား မျက်ကပ်မှန်တည့်
မတည့် မကြည့်ခိုင်းမိခဲ့ရင် ကျတော်တို့ ကံကြမ္မာ
တစ်မျိုးတစ်ဖုံဖြစ်သွားနိုင်လား??
ဘယ်အရွယ်တည်းကလဲ???ဘာလို့လဲ?
ဆိုတာ မသိပေမယ့် ပိုင်သုတကို ကျတော်ချစ်
တယ်။ ဘယ်သူ့လက်ထဲမှလည်း ထည့်မပေးလိုက်
နိုင်ဘူး။ ကုန်ကုန်ပြောမယ်ဆို သူ့ဆွေမျိုးရင်းချာ
တွေဆီ ပြန်မယ်ဆိုတာတောင် ကျတော်မထည့်
ပေးချင်။

ကျတော် ယောကျာ်းတစ်ယောက်ကို ချစ်နေတယ်
ဟုတ်တယ်။ ဒါပေမယ့် ကျတော်မိန်းမမဖြစ်ချင်ဘူး
သူ့ကိုလည်း ကျတော်ဟာ မိန်းမဖြစ်ချင်နေသူ
လို့ အထင်မခံစေချင်ဘူး။ သူဒီလိုတွေးပြီး ကျတော့်ကို ရှောင်ကြဉ်သွားအောင် သေမလို
ကြောက်တယ်။ အမှန်ကို မမြင်နိုင်တဲ့ လူဘယ်လောက်များများ ကုန်ကုန်ပြောမယ်။
တစ်ကျောင်းလုံး အမှန်မမြင်ရင်တောင် ပိုင်သုတ
တစ်ယောက်တော့ အထင်မလွဲစေချင်။ ကျတော်
ယောကျာ်းကြိုက်တာ အမှန်တရားဆိုရင် အဲ့
တစ်ခုတည်းသောအမှန်တရား က ပိုင်သုတပဲ။

အကယ်၍ ပြန်လာရင် ကျောင်းမသွားပဲ ကျတော့်
ဆီ တန်းလာခဲ့ရင် ကျတော်သူ့အာ ဖြစ်စဉ်အစ
အဆုံးအား ခရေ့စေ့တွင်းကျပြောပြမည်။သို့သော်... အိပ်မက်ထဲ သူ ကျတော့်ဆီ အမော
တကောနဲ့ ပြေးလာခဲ့တယ်တဲ့။ ကျတော့်ဆံပင်
တွေကို ခပ်ဖွဖွကိုင်တွယ်နေတယ်တဲ့။ နွေးထွေး
သော သူ့အသံ သည် ဝိုးတဝါးအသိအာရုံထဲ
ဝင်ခိုသည်။ တကယ်ပဲ သူရောက်နေတာပဲ
အဖျားရှိန်တွေကြောင့် တစ်ကိုယ်လုံးမီးကျီခဲလို
ပူခြစ်နေသည့် ဒီအချိန်။ ဝမ်းသာအာရ မဟုတ်ဘူး
အားတတ်သရော ဆီးကြိုချင်မိတယ်ဆို ပိုမှန်မယ်။ ဒါပေမယ့်...
Grade 11 ဟူသော စာတန်းပါ အကျီ ၤနဲ့...

သူ(ပိုင်သုတ)ကျောင်းသွားတက်တာပေါ့။ ကျောင်းမှာ ပွနေတဲ့ ကျတော့်သတင်းတွေ ကြား
ခဲ့ပြီးပြီပေါ့။

သွေးရူးတန်းရူးနဲ့ ကို ကျတော် သူ့အား မောင်းထုတ်ဖြစ်သည်။
သူကတော့...မျက်လုံးပြူးမျက်ဆံပြာနဲ့
ဖြေရှင်းပေးသည်။

ဘာကြောင့်??ဘယ်လိုအဓိပ္ပါယ်နဲ့ခေါ်လို့နေမှန်း
မသိသော တချန်း ဟူသော နာမည်ကို သာ အရူး
လိုရေရွတ်နေသော ငပိုင်။
ငါရှက်တယ်။ မင်းကတော့ အစွန်းအထင်းမရှိ
ဖြူစင်နေတုန်း။ ငါ့ မှာက...

ရှက်စိတ်တွေ ခံပြင်းစိတ်တွေ နောက်ပြီးဘယ်
်တုန်းကမှ မဖြစ်ခဲ့ဖူးသော သိမ်ငယ်စိတ်...
အားလုံးအားလုံးတို့သည် ဘေးနားရှိနေသော
ပရုတ်ဆီပုလင်းမှတစ်ဆင့် ပိုင်သုတဆီသို့
ကျတော်ရှေ့ကနေ ဒီကောင်မြန်မြန်ထွက်သွား
ဖို့ပဲလိုတာ...

နှဖူးထောင့်စွန်းမှ နေ၍ စီးကျလာသောသွေးစီး
ကြောင်း နဲ့ ထပ်တူ ကျတော့်နှလုံးအိမ်ထဲမှ သွေး
တို့ ပေါက်ထွက်လာသလိုပင်။
လုပ်မိပြန်ပြီ။ အပြစ်မရှိတဲ့ ပိုင်သုတ ကိုမှ ဒေါသ
တွေ ပုံချမိပြန်ပြီ။ မှားသွားပြန်ပြီ။ ပိုင်သုတကို
နာအောင် လုပ်မိပြန်ပြီ။
အဲ့လို စိတ်မထိန်းနိုင်တာနဲ့ဆို ကြာရင်ပိုင်သုတ
ကျတော့်ကို ထားခဲ့တော့မှာ...ကျတော့်ကိုထားခဲ့
မှာ...

အမှားပေါ်အမှားဆင့်နေခဲ့ပြန်သည်။ နှဖူးစွန်း
ပေါက်သွားသည့်တိုင် ပိုင်သုတ ဆိုသော
ထိုလူသားသည် ဒေါသ ပယ်ဖျက်ပြီးစီးလေ
သလား?? ကျတော့်အပေါ် မပြောင်းမလဲ

"မင်း ဘာဖြစ်နေတာလဲ တချန်း။ဒီလောက်ပူခြစ်
နေတာကို..."

အကျီ ၤကြယ်သီးတွေပေါ်မှ သူ့လက်တွေ။ မဟုတ်
သေးဘူး။ ကျတော့်ကို သူ အထင်သေးနေတာ
လား?? ကျတော့် ခန္ဓာကိုယ်ကို မပြချင်။
အတင်းအကြပ်ချွတ်နေသော သူ့လက်တွေကို
ကုတ်ခြစ်မိပြန်သည်။ အနီစင်းကြောင်းတွေပေါ်
လာပြန်၏။ နာကျင်အောင် ထပ်လုပ်မိပြန်ပြီ။

နာနေတယ် ငပိုင်။ ငါလည်း နာနေတယ်။ မင်း
အထင်လွဲနေမလား ဆိုတဲ့ အသိ။ မားရှေ့ မားကို
အားနာလို့ ငါ့ကို အခုလို ဂရုစိုက်နေတာမလား
မင်း စိတ်ထဲမှာလည်း ငါ့ကို ကျောင်းကကောင်
တွေ ထင်သလိုထင်နေပြီမလား???

"ချန်းငြိမ်းအောင်။ နားထောင်။
မင်းလည်းယောကျာ်း ငါလည်းယောကျာ်း အတူတူချင်း မင်းဘာရှက်နေတာလဲ?ဟမ်?
ပြောလေ။ မင်းနဲ့ငါ ဘာကွာလို့ ရှက်နေတာလဲ?"

ဒါ ကျတော့်စိတ်ကို စမ်းသပ်နေတာလား??
ငါ့ကို စမ်းသပ်နေတာလား ငပိုင်။ မစမ်းသပ်နဲ့
ငပိုင်။ ငါဟာ တစ်ချိန် မင်းကို အပိုင်သိမ်းနိုင်မယ့်
ယောကျာ်းတစ်ယောက်ပဲ။ ဘာရှက်စရာလိုလို့လဲ
ငပိုင်ရာ...

တကယ်တမ်းချွတ်တော့လည်း ငပိုင် ရဲရဲမကြည့်
ရဲပါ။ဒါပေမယ့် ဟန်ကိုယ်ဖို့ထားခဲ့သည်ကို
မှတ်မိနေသေးသည်။

"မင်း လည်း ဟိုကောင်တွေလို ငါ့ကို
အခြောက်လို့ထင်နေတယ်မလား?"

ငပိုင်၏ ရိုးရှင်းသော အကြည့်တွေအောက် ထိုမေး
ခွန်းကို တိုက်ရိုက်မေးဖို့ သတ္တိရှိခဲ့သည်။
မှားခဲ့ပြန်ပြီ။ ပိုင့် ကို တခြားကောင်တွေနဲ့ တစ်
တန်းတည်းထားမိတဲ့ ကျတော်က စမှားတာ။
ဟုတ်တယ်။ ကျတော့် ငပိုင်က ကျတော့်ကို
နားလည်နိုင်ဆုံး လူသားပဲ။

တစ်ခုပဲ...သူ့ကို မှ သူ့ကို ဖြစ်နေတာ တစ်ခုကို
မသိတာလေး တစ်ခုပဲ။ခုလည်းကြည့် ကျတော့်ကို
ခွန်အားဖြည့် စာစုတွေလိုလို လာရွတ်ပြနေသေး

"မင်းသာနေရာတစ်ခုရောက်လာရင်သူတို့ညီမ
တွေတောင် မင်းဆီ ထိုးအပ်လာလိမ့်မယ် အဲ့ကျမှ
ခေါင်းခေါက်ရွေးလိုက်ပေါ့ကွာ။မဟုတ်ဘူးလား?
ဟားးးဟား""

ကျတော်အားပါးတရရယ်ပြနေသော ငပိုင့်ကို
ကြည့်ရင်း ကျတော်ရယ်ချင်လာမိသည်။

ငါ ဘယ်သူ့ညီမ ကိုမှ မယူဘူးငပိုင်။
ငါ မင်းနဲ့ပဲ တစ်သက်လုံးနေမှာ...

Bạn đang đọc truyện trên: ZingTruyen.Xyz