အပိုင်း ၇
Unicode
--------------------------------------------------------------------------------------------------------------------------------
အပိုင်း(၇)
ပိုင်သုတ...
အိမ်သာထဲ ကအထွက် မနေ့က ပိုက်ဆံလုသွားတဲ့ ၈တန်းကျောင်းသားနှစ်ယောက်က အိမ်သာပေါက်ဝကနေ
စောင့်နေကြတယ်။ မနေ့ကတော့ မုန့်စားပြီးလို့ ပိုတဲ့ ပိုက်ဆံပေးလိုက်ရတာ ကိစ္စမရှိ။ ခုက မနက်တည်းက
ကျွန်တော်ဘာမှ မစားရသေးဘူး။ ကျောင်းပြန်လို့ မေမေလေးအိမ်ပြန်မရောက်သေးရင် ဒီတစ်ထောင်က
ညစာအတွက် ချန်ထားရမှာ စိတ်တွေညစ်တယ်။
မမြင်ချင်ယောင်ဆောင်ပြီး သူတို့ကိုကျော်ကာ ဖြတ်လာတော့ တစ်ယောက်ကကျွန်တော့်ပခုံးကို လာကုတ်သည်။
မန္တလေးမှာနေတုန်းကစိတ်နဲ့ဆို သူသေကိုယ်သေ ပြန်ချပစ်လိုက်မှာ။ အခုဟာက သူများ
ကျောင်းမှာ ရန်ဖြစ်ရင်မင်နီ်ခြစ်တားခံရပြီး ကျောင်းထုတ်ခံရပါကဒုက္ခက တစ်ဘဝလုံးရောက်မှာ။
ပြစ်ချက်ရှိတဲ့ ကျောင်းသားဆို ဆေးကျောင်းက လက်မခံတတ်ဘူး ဆိုတာကြားထားလို့ ကျွန်တော်သည်းခံနေတာ။
သူသေကိုယ်သေလို့သာ စိတ်ထဲကြိမ်းဝါးနေပေမဲ့ လက်တွေ့မှာတော့ကျွန်တော့်အိတ်ကပ်ထဲ က ခပ်တည်တည်နဲ့
တစ်ထောင်တန်ကိုနှုှိက်သွားသောအနှီ ကျက်သရေတုံးကောင်တွေကို ဘာမှပြန်မလုပ်မိ။ သွားပြီ ဒီနေ့တော့
အငတ်ပဲ။ မေမေလေးကို ပြန်တောင်းလို့လည်းရမှာမဟုတ်။ ကျွန်တော့်ကိုတစ်နေ့တစ်ထောင်ပေးရတာကိုတောင်
သူ့မှာ မသိမသာ ညည်းညူနေတာ။ ထပ်တောင်းပါက ပြောစရာဖြစ်မယ်။ မုန့်ဈေးတန်းထဲလည်း မပတ်ချင်တော့။
ပိုက်ဆံအလုခံရတဲ့ ကိစ္စကို ဘယ်လိုဖြေရှင်းရကောင်းမလဲဆိုတာကို ဘောလုံးကွင်းနားတစ်ယောက်တည်းထိုင်ရင်း
စဉ်းစားနေတုန်း ခြေခုံဖွေးဖွေးတစ်စုံ ကျွန်တော့်ရှေ့လာရပ်တယ် ။မော့ကြည့်တော့ ရယ်ပြနေသော
ကောင်းဆက်စံ။
သူတစ်ယောက်တည်းလား။ ဟို အာပြဲကောင်မပါဘူးလား။
"မင်းဗိုက်ဆာနေတယ်မလား"
ကောင်းဆက်စံက ရယ်ရယ်မောမောမေးလာ၏။
"မဆာပါဘူး"
"ဟို...မင်း...မင်းပိုက်ဆံအလုခံလိုက်ရတာ...ငါ...ငါတွေ့တယ်။ ဒါ...ဒါကြောင့်"
ချန်း နဲ့များစကားပြောရင် ပလွတ်ပလွတ်နဲ့ သွက်နေတဲ့သူက ကျွန်တော့်ရှေ့ရာက်မှစကားကလာ ထစ်နေတယ်။
လူက ဗိုက်ဆာနေလို့ စိတ်ကပေါက်နေပါတယ်ဆိုမှ...
"ဒါကြောင့် ဘာဖြစ်လဲ"
"ငါ မင်းကို မုန့်ဝယ်ကျွေးပါ့မယ်"
"မင်းကျွေးတာ ငါက ဘာလို့စားရမှာလဲ"
"မနေ့က မင်းကြောင့် ချန်း ငါ့ကိုစိတ်မဆိုးတော့တာ။ နောက်မို့ဆို ချန်းက ငါ့အမေကို ပြန်တိုင်ရင် အိမ်ကျ
ငါအရိုက်ခံရမှာ။ မင်းကြောင့် လွတ်သွားတာ"
ရှည်ကြောလိုက်တာ ဆိုတာ...အိမ်ပါရောက်သွားတဲ့ထိ ရှင်းပြနေတယ်။
"လာပါကွာ နော်။ ငါတို့...ကြာဇံကြော်သုတ်ဝယ်စားရအောင်"
ဗိုက်ကဆာနေတာရော။ ကောင်းဆက်စံပုံစံက ကျွန်တော့်ကိုတကယ်ခင်ချင်တဲ့ ပုံပေါက်နေတာကြောင့်
သူခေါ်သွားရာ ကြာဇံကြော်ကို အချဉ်ရည်နဲ့နယ်ကာ တစ်ပွဲတစ်ရာနဲ့ရောင်းနေသော ဆိုင်ရှေ့သွားကာ
တစ်ယောက်တစ်ပွဲစားဖြစ်ကြသည်။
"ငါ ဒါစားချင်နေတာ ကြာပြီ။ ချန်း ကလိုက်မစားပေးတာနဲ့ ငါလည်းမစားရဘူး"
"သူ လိုက်မစားလည်းမင်းစားချင်တာ မင်းဝယ်စားပေါ့ကွ"
"မရဘူးပိုင်ရ။ချန်းက အိမ်ကိုပြန်ပြန်တိုင်တာ။ ငါ့အမေက အရိုက်ကြမ်းက ကြမ်းနဲ့။ မင်းမေမေကရော..."
"ဆုံးပြီ"
"အင်"
ကောင်းဆက်စံ ခဏငြိမ်သွားပြီးမှ...
"ဒါကြောင့် မင်းထမင်းချိုင့်မပါတာကိုး" လို့ တိုးတိုးလေးပြောတယ်။
"မေမေလေးတော့ ရှိတယ်။ မေမေလေးက မုန့်ဖိုးဘဲပေးတယ်။"
"မေမေလေးဆိုတာ မိထွေးကိုပြောတာလား"
"ဟုတ်တယ်။"
"မုန့်ဖိုးပေးရင်လည်း ဗိုက်ပြည့်တာတွေစားပါကွာ ဟိုနေ့ က မင်းခေါက်ဆွဲခြောက်တွေ စားနေတာ ကြည့်ပြီး
ချန်းကတောင် ပြောတယ်"
အံမယ် ကျွန်တော့်ကိုဆို မတူသလိုမတန်သလို လုပ်နေတဲ့ အာပြဲကောင်က ကျွန်တော့်ကွယ်ရာဘာတွေ
ပြောလဲဆိုတာ သိချင်သွားမိတယ်။
"ဘာတွေပြောတာလဲ အဲ့ကောင်က"
"ငယ်ငယ်လေးနဲ့ကင်ဆာဖြစ်မယ်တဲ့။"
"ငါလည်းမကြိုက်ပါဘူး။ လွယ်လွယ်ကူကူစားလို့ရတာ စားတာ"
"နောက်နေ့တွေဆို ငါ့မေမေကို ထမင်းပိုထည့်ခိုင်းမယ်။ မင်းက ဇွန်းအပိုထည့်လာလေ။ငါနဲ့အတူတူစားရတာပေါ့။"
"ရပါတယ်။အားနာစရာကြီး"
"မင်းနဲ့ငါ အခု သူငယ်ချင်းဖြစ်နေပြီပဲ။ ငါ အလယ်မှာ ပြောင်းထိုင်မယ်လေနော်။"
အားတက်သရော ပြောနေသော ကောင်းဆက်စံကြောင့် ကျွန်တော်နည်းနည်းပျော်လာတယ်။
ကျွန်တော်ရန်ကုန်မှာ သူငယ်ချင်းရပြီပေါ့။ သဘောကောင်းသော ကောင်းဆက်စံက ကျွန်တော့်ကို
မော့ကြည့်ရင်း ကျွန်တော့်အဖြေကိုစောင့်နေပြီ။ ကျွန်တော်လည်း သူ့ကိုခင်ချင်ပါတယ်။
ဒါပေမဲ့ ဟိုတစ်ယောက်က...ထားလိုက်ပါ။ ကောင်းဆက်စံကိုခင်တာ။ ကောင်းဆက်စံက သူ့အပိုင်မှမဟုတ်ဘဲ
"လာထိုင်ချင်ထိုင်ပေါ့။ ဒါနဲ့ ချန်းက..."
"ရတယ်။ သူက အလယ်မှာအစတည်းက မထိုင်ချင်တော့ နေရာလဲပေးမှာ။"
စကားတပြောပြောနဲ့ အလောင်းဘုရားအဆောင်ပေါ်ကို တက်လာကြသော ကောင်လေး၂ယောက်ကိုအပေါ်ထက်
ကော်ရစ်ဒါကနေ၍ ငုံ့ကြည့်နေသော ကောင်လေးသည် ဆရာမများနား နေခန်းရှိရာသို့ ထွက်သွားလေ၏။
>>>>>Ex_pect<<<<<
ကျောင်းခေါင်းလောင်း မထိုးခင်အခန်းထဲ ပြန်လာကြ၏။ ထိုင်ခုံတွင် ချန်း မရှိ။
"ငါ အလယ်ပြောင်းထိုင်မယ်"
ကောင်းဆက်စံကပြောပြောဆိုဆိုနဲ့ ကုလားထိုင်ပေါ်တင်ထားသော ချန်း ကျောပိုးအိတ်ကို ဗြုန်းခနဲမြည်အောင်
ရွှေ့လိုက်သည်။ နေရာပြောင်းရေးအတွက် တက်ကြွနေသော ကောင်းဆက်စံက သူလုပ်သမျှ လိုက်ကြည့်
နေသော ကျွန်တော့်ကို ဟီးခနဲတစ်ချက် ရယ်ပြသေး၏။ ကောင်းဆက်စံက ပိန်ပိန်သေးသေးတရုတ်လေး။
အကြောစိမ်းတွေ မြင်ရတဲ့ထိ သူ့လက်ချောင်းပိန်ပိန်တွေက နုဖတ်နေတာ။ အိမ်မှာ ဘာမှမလုပ်ရဘဲ
စာချည်းဖိလုပ်နေသည့် စာကြမ်းပိုးလေးမှန်း သိသာတယ်။ မှေးတေးတေးဖြစ်နေသော
မျက်လုံးတွေကို မျက်မှန်လေးထောင့်တူတူကြီးနဲ့ ကာထားသေး၏။ ကောင်းထက်စံသည်ချန်းထက်အရပ်နည်းနည်း
ရှည်သော်လည်း ချန်းထက်ပို၍ နုနည်တဲ့ပုံလေး။ ဒါကြောင့်လည်း ဟိုတစ်ယောက်ကို သူကြောက်နေရတာ။
ခုလည်းကြည့်။ အလယ်လာထိုင်ပြီး ပျော်နေသော ကောင်းဆက်စံသည် ချန်းပြန်ရောက်လာတာမြင်တော့သူ့မှာ
ပျာပျာသလဲနဲ့ ဂဏာမငြိမ်တော့ဘူး။
"မင်းက ဘာကိစ္စအလယ်မှာ ထိုင်နေတာတုန်း ငါမရှိတုန်း ငါ့ အိတ်ကိုရွှေ့ထားတယ်"
ချန်း အသံသည် ဒေါသကြောင့် မာတောင့်နေတာပဲ ။ ကျွန်တော် ဘာမှဝင်မပြောဖြစ်။ ကောင်းဆက်စံနဲ့ ခင်ချင်တာ
မှန်ပေမဲ့ ချန်းနဲ့လည်း ရန်မဖြစ်ချင်ဘူး။
"ငါ...အလယ်မှာထိုင်ချင်လို့"
ကောင်းဆက်စံမျက်နှာငယ်နဲ့ မတ်တပ်ရပ်နေသော ချန်း ကိုမော့ကြည့်ကာ ခပ်တိုးတိုးပြန်ပြောတယ်။
"ကိုယ့်နေရာကိုယ်ထိုင်။ ပြီးတော့ မင်းက ဖင်ငြိမ်တဲ့ကောင်မဟုတ်ဘူး။ ထလိုက်ထိုင်လိုက်နဲ့ ခဏခဏ
ထွက်လိုက်ဝင်လိုက်လုပ်နေတာ။ ငါခဏခဏ မဖယ်ပေးနိုင်ဘူး။ မင်းနေရာ ထောင့်မှာပဲနေ"
ချန်းက ပြောလည်းပြော ကောင်းဆက်စံ၏ ရှိသမျှ စာအုပ်ထည့်သယ်လာသော ကျောပိုးအိတ်အလေးကြီးကို မ,
ပြီး စာရေးစားပွဲပေါ် ဝုန်းခနဲ ပစ်တင်လိုက်တယ်။ ကောင်းဆက်စံက ကျွန်တော့်ကို မျက်လုံးထောင့်ကပ်ကာ
တစ်ချက်ကြည့်ပေမဲ့ ကျွန်တော်ဘာမှမတတ်နိုင်။
အလယ်ထိုင်ခုံက ကျွန်တော့်ပိုင်ပစ္စည်း မဟုတ် ။ ဆရာမလည်းမဟုတ်တော့ ဘယ်သူဘယ်နေရာထိုင်ဆိုပြီး ဝင်ပြောလို့လည်းမရဘူးလေ။ နောက်တော့လည်း
ဒီအတိုင်းက ဒီအတိုင်းပါပဲ။ ကျွန်တော့်ဘေးမှာ စာကိုအသည်းအသန်လုပ်နေတဲ့ ချန်းနဲ့ ချန်းကို ကျော်ပြီး
ကျွန်တော့်ကို လှမ်းလှမ်းကြည့်နေရ တဲ့ ကောင်းဆက်စံ။
သူများ ထိုင်ချင်တဲ့ နေရာထိုင်ပါစေပေါ့။ ချန်းက ကောင်းဆက်စံကိုနိုင်စားလွန်းတယ်။ ကောင်းဆက်စံကလည်း
ဒီလောက် နိုင်စားနေတဲ့ ချန်းကိုပဲ ခင်တွယ်နေတာကလည်း အံ့သြစရာပဲ။
သမိုင်းဆရာမ၏ ယုံကြည်ကိုးစားမှုကိုရယူထားသော ချန်းက ရှေ့နှစ်မှ ကျောင်းသားတစ်ယောက်ရဲ့
မှတ်စုစာအုပ်ကို ဖွင့်ပြီး တစ်တန်းလုံးကြားအောင် ရှေ့ဆုံးမှနေ စာခေါ်ပေးတယ်။ တစ်တန်းလုံး
မကြားမှာတော့ ပူစရာမလို။ သူ့ဘေး တစ်ယောက်တစ်ဖက်စီ ရှိနေကြတဲ့ ကျွန်တော်နဲ့ ကောင်းဆက်စံတော့
နားထဲ ဂွမ်းဆို့ထားရလိမ့်မယ်။ ခပ်စူးစူးခပ်ကျယ်ကျယ်နဲ့ ချန်းအသံသည်အတန်းတွင်းအောင်မြင်ခန့်ညားစွာ
ထွက်ပေါ်နေတော့၏။
*****
ကျောင်းဆင်းချိန် စိတ်ညစ်ညစ်နဲ့ လမ်းလျှောက်ပြန်လာရသည်။ ဗိုက်ကလည်း ဆာလိုက်တာ။
ကောင်းဆက်စံ ဝယ်ကျွေးတဲ့ကြာဇံကြော်တစ်ပွဲက ဘယ်နံရိုးကြားညပ်သွားမှန်းတောင်မသိ။ အခုတော့ ဗိုက်ထဲ
တကျုတ်ကျုတ်နဲ့။ လုယူသွားတဲ့ကောင်တွေ ကျောင်းပြင်မှာတွေ့ကြည့်ပေါ့ကွာ။ ဆွဲကိုထိုးပစ်ဦးမယ်။
စားနေကျ ရှမ်းပုံစားဆိုင်ရှေ့ကအဖြတ် မွှေးလာသော သက်သက်လွတ်ဟင်းအနံ့တွေကြောင့် ဗိုက်ထဲက
ပိုးကောင်တွေကပါ ထကြွလာကြတာ ခြေလှမ်းပင်တန့်သွားမတတ်ပဲ။ မနက်ဖြန်မှပေးမယ်ပြောပြီး ဝင်စားရ
ကောင်းမလား။ မဖြစ်နိုင်တာ ၊ ကျွန်တော့်လို ကလေးတစ်ယောက်စကားကို ယုံမှတဲ့လား။အိမ်မှာလည်း ဘာမှစား
စရာမရှိဘူး။ ရေခဲသေတ္တာထဲ ရေသန့်ဗူးကိုတောင်အနိုင်နိုင်ထည့်နေရတာ။
"သား...လာမစားဘူးလား"
ဟင်! ဆိုင်ရှင်အန်တီက ဆိုင်ရှေ့ထွက်လာပြီး ကြောင်ငေးရပ်နေသော ကျွန်တော့်ကိုမေးနေတာ။
ရုတ်တရက် ကျွန်တော် ဘာပြန်ဖြေရမလဲမသိဘူး။
"မ...မစားတော့ဘူး"
ဂွီ
တိုက်ဆိုင်စွာပဲ စကားနောက်ထွက်လာသော ဗိုက်ထဲက အသံ။ အကျယ်ကြီးမဟုတ်ပေမဲ့ အန်တီက
ကြားဖြစ်အောင် ကြားသွားပြီ။
"ဗိုက်ဆာနေတာလားသား"
"ဆာတော့ဆာတယ်။ ဒါပေမဲ့ ကျွန်တော်ဒီနေ့ပိုက်ဆံမရှိတော့ဘူး။ မေမေလေးပြန်လာမှ..."
"အိမ်မှာ ဘယ်သူမှမရှိတာလား"
"ဟုတ်"
အန်တီမျက်နှာချက်ချင်းညှိုးသွားပြီးမှ
"လာ။ ဒါဆိုလည်း စားသွား။ အန်တီကျွေးမယ်" ဟု ထပ်မေးလာတယ်။
ဆိုင်ထဲလည်း အတင်းခေါ်တော့တာပဲ။ အပြုံးချိုချိုနဲ့ခေါ်သော ဆိုင်ရှင် အန်တီနောက်လိုက်လာခဲ့လိုက်တယ်။
မတတ်နိုင်ဘူး။ ဗိုက်ဆာတော့ မရှက်လည်းမရှက်နိုင်တော့ဘူး။
"သား နက်ဖြန်ကျောင်းသွားရင် ထမင်းဖိုးဝင်ပေးပါ့မယ်"
"ရပါတယ် သားရယ်။ သားက အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့တာလား"
"ဟုတ်။ မေမေလေးက အပြင်သွားနေတာ။ ဘာမှလည်း မချက်ထားခဲ့ဘူး။ မုန့်ဖိုးပဲပေးခဲ့တာ။ ဒီနေ့မုန့်ဖိုးက
ကျောင်းမှာ ပျောက်သွားလို့"
"ဒါကြောင့်ကိုး..."
ကျွန်တော့်ကို ထပ်မမေးတော့ဘဲ
"စားနော်သား။ ခုက အန်တီသားကိုကျွေးတာ မနက်ဖြန်ပိုက်ဆံ ပြန်ပေးစရာမလိုဘူး။ စားသွားသိလား။
အန်တီသက်သက်ကျွေးတာ"
"ဟုတ်"
လာစားသူတွေရောက်လာ၍ အန်တီလည်းမအားတော့။ စားပြီးပြန်ဖို့ နှုတ်ဆက်တော့ လူတွေ ရှုပ်နေ၍
အန်တီက သေချာပင်မနှုတ်ဆက်နိုင်။ ယုံပင်မယုံနိုင်။ အခုလို ခေါ်ကျွေးလိမ့်မယ်လို့ပေါ့။
ရှမ်းတိုင်းရင်းသူဖြစ်ပုံရသော အန်တီသည် ချောလှလွန်းသည်သာမက စိတ်ထားလည်း တကယ်ကောင်းတာပဲ။
ဖေဖေက ယူမယ့်ယူ အန်တီ့လိုမိန်းမမျိုးယူတာ မဟုတ်ဘူးဆိုပြီးတော့တောင် အဝေးရောက် ဖေဖေ့ကို
အားမလိုအားမရဖြစ်ရသေး၏။
အန်တီ့လို အမေမျိုးကိုပိုင်ဆိုင်ရတဲ့သူက တကယ်ကံကောင်းတာပဲ...
Thank You All
(Zawgyi)
အပိုင္း(၇)
ပိုင္သုတ...
အိမ္သာထဲ ကအထြက္ မေန႔က ပိုက္ဆံလုသြားတဲ့ ၈တန္းေက်ာင္းသားႏွစ္ေယာက္က အိမ္သာေပါက္ဝကေန
ေစာင့္ေနၾကတယ္။ မေန႕ကေတာ့ မုန္႕စားျပီးလို႔ ပိုတဲ့ ပိုက္ဆံေပးလိုက္ရတာ ကိစၥမရွိ။ ခုက မနက္တည္းက
ကြ်န္ေတာ္ဘာမွ မစားရေသးဘူး။ ေက်ာင္းျပန္လို႔ ေမေမေလးအိမ္ျပန္မေရာက္ေသးရင္ ဒီတစ္ေထာင္က
ညစာအတြက္ ခ်န္ထားရမွာ စိ္တ္ေတြညစ္တယ္။
မျမင္ခ်င္ေယာင္ေဆာင္ျပီး သူတို႔ကိုေက်ာ္ကာ ျဖတ္လာေတာ့ တစ္ေယာက္ကကြ်န္ေတာ့္ပခံုးကို လာကုတ္သည္။
မႏၱေလးမွာေနတုန္းကစိတ္နဲ႔ဆို သူေသကိုယ္ေသ ျပန္ခ်ပစ္လိုက္မွာ။ အခုဟာက သူမ်ား
ေက်ာင္းမွာ ရန္ျဖစ္ရင္မင္နီ္ျခစ္တားခံရျပီး ေကၽာင္းထုတ္ခံရပါကဒုကၡက တစ္ဘဝလံုးေရာက္မွာ။
ျပစ္ခ်က္ရွိတဲ့ ေက်ာင္းသားဆို ေဆးေက်ာင္းက လက္မခံတတ္ဘူး ဆိုတာႀကားထားလို႔ ကြ်န္ေတာ္သည္းခံေနတာ။
သူေသကိုယ္ေသလို႕သာ စိတ္ထဲႀကိမ္းဝါးေနေပမဲ့ လက္ေတြ႕မွာေတာ့ကြ်န္ေတာ့္အိတ္ကပ္ထဲ က ခပ္တည္တည္နဲ႔
တစ္ေထာင္တန္ကိုႏႈွိက္သြားေသာအႏွီ က်က္သေရတံုးေကာင္ေတြကို ဘာမွျပန္မလုပ္မိ။ သြားျပီ ဒီေန႔ေတာ့
အငတ္ပဲ။ ေမေမေလးကို ျပန္ေတာင္းလို႔လည္းရမွာမဟုတ္။ ကြ်န္ေတာ့္ကိုတစ္ေန႔တစ္ေထာင္ေပးရတာကိုေတာင္
သူ႔မွာ မသိမသာ ညည္းညဴေနတာ။ ထပ္ေတာင္းပါက ေျပာစရာျဖစ္မယ္။ မုန္႔ေစ်းတန္းထဲလည္း မပတ္ခ်င္ေတာ့။
ပိုက္ဆံအလုခံရတဲ့ ကိစၥကို ဘယ္လိုေျဖရွင္းရေကာင္းမလဲဆိုတာကို ေဘာလံုးကြင္းနားတစ္ေယာက္တည္းထိုင္ရင္း
စဥ္းစားေနတုန္း ေျခခံုေဖြးေဖြးတစ္စံု ကြ်န္ေတာ့္ေရွ႕လာရပ္တယ္ ။ေမာ့ႀကည့္ေတာ့ ရယ္ျပေနေသာ
ေကာင္းဆက္စံ။
သူတစ္ေယာက္တည္းလား။ ဟို အာျပဲေကာင္မပါဘူးလား။
"မင္းဗိုက္ဆာေနတယ္မလား"
ေကာင္းဆက္စံက ရယ္ရယ္ေမာေမာေမးလာ၏။
"မဆာပါဘူး"
"ဟို...မင္း...မင္းပိုက္ဆံအလုခံလိုက္ရတာ...ငါ...ငါေတြ႔တယ္။ ဒါ...ဒါေႀကာင့္"
ခ်န္း နဲ႔မ်ားစကားေျပာရင္ ပလြတ္ပလြတ္နဲ႔ သြက္ေနတဲ့သူက ကြ်န္ေတာ့္ေရွ႕ရာက္မွစကားကလာ ထစ္ေနတယ္။
လူက ဗိုက္ဆာေနလို႔ စိတ္ကေပါက္ေနပါတယ္ဆိုမွ...
"ဒါေႀကာင့္ ဘာျဖစ္လဲ"
"ငါ မင္းကို မုန္႔ဝယ္ေကြ်းပါ့မယ္"
"မင္းေကြ်းတာ ငါက ဘာလို႔စားရမွာလဲ"
"မေန႕က မင္းေႀကာင့္ ခ်န္း ငါ့ကိုစိတ္မဆိုးေတာ့တာ။ ေနာက္မို႔ဆို ခ်န္းက ငါ့အေမကို ျပန္တိုင္ရင္ အိမ္က်
ငါအရိုက္ခံရမွာ။ မင္းေႀကာင့္ လြတ္သြားတာ"
ရွည္ေႀကာလိုက္တာ ဆိုတာ...အိမ္ပါေရာက္သြားတဲ့ထိ ရွင္းျပေနတယ္။
"လာပါကြာ ေနာ္။ ငါတို႔...ႀကာဇံေႀကာ္သုတ္ဝယ္စားရေအာင္"
ဗိုက္ကဆာေနတာေရာ။ ေကာင္းဆက္စံပံုစံက ကြ်န္ေတာ့္ကိုတကယ္ခင္ခ်င္တဲ့ ပံုေပါက္ေနတာေႀကာင့္
သူေခၚသြားရာ ႀကာဇံေႀကာ္ကို အခ်ဥ္ရည္နဲ႔နယ္ကာ တစ္ပြဲတစ္ရာနဲ႔ေရာင္းေနေသာ ဆိုင္ေရွ႕သြားကာ
တစ္ေယာက္တစ္ပြဲစားျဖစ္ႀကသည္။
"ငါ ဒါစားခ်င္ေနတာ ႀကာျပီ။ ခ်န္း ကလိုက္မစားေပးတာနဲ႔ ငါလည္းမစားရဘူး"
"သူ လိုက္မစားလည္းမင္းစားခ်င္တာ မင္းဝယ္စားေပါ့ကြ"
"မရဘူးပိုင္ရ။ခ်န္းက အိမ္ကိုျပန္ျပန္တိုင္တာ။ ငါ့အေမက အရိုက္ႀကမ္းက ႀကမ္းနဲ႔။ မင္းေမေမကေရာ..."
"ဆံုးျပီ"
"အင္"
ေကာင္းဆက္စံ ခဏျငိမ္သြားျပီးမွ...
"ဒါေႀကာင့္ မင္းထမင္းခ်ိဳင့္မပါတာကိုး" လို႔ တိုးတိုးေလးေျပာတယ္။
"ေမေမေလးေတာ့ ရွိတယ္။ ေမေမေလးက မုန္႔ဖိုးဘဲေပးတယ္။"
"ေမေမေလးဆိုတာ မိေထြးကိုေျပာတာလား"
"ဟုတ္တယ္။"
"မုန္႔ဖိုးေပးရင္လည္း ဗိုက္ျပည့္တာေတြစားပါကြာ ဟိုေန႔ က မင္းေခါက္ဆြဲေျခာက္ေတြ စားေနတာ ႀကည့္ျပီး
ခ်န္းကေတာင္ ေျပာတယ္"
အံမယ္ ကြ်န္ေတာ့္ကိုဆို မတူသလိုမတန္သလို လုပ္ေနတဲ့ အာျပဲေကာင္က ကြ်န္ေတာ့္ကြယ္ရာဘာေတြ
ေျပာလဲဆိုတာ သိခ်င္သြားမိတယ္။
"ဘာေတြေျပာတာလဲ အဲ့ေကာင္က"
"ငယ္ငယ္ေလးနဲ႔ကင္ဆာျဖစ္မယ္တဲ့။"
"ငါလည္းမႀကိဳက္ပါဘူး။ လြယ္လြယ္ကူကူစားလို႔ရတာ စားတာ"
"ေနာက္ေန႔ေတြဆို ငါ့ေမေမကို ထမင္းပိုထည့္ခိုင္းမယ္။ မင္းက ဇြန္းအပိုထည့္လာေလ။ငါနဲ႔အတူတူစားရတာေပါ့။"
"ရပါတယ္။အားနာစရာႀကီး"
"မင္းနဲ႔ငါ အခု သူငယ္ခ်င္းျဖစ္ေနျပီပဲ။ ငါ အလယ္မွာ ေျပာင္းထိုင္မယ္ေလေနာ္။"
အားတက္သေရာ ေျပာေနေသာ ေကာင္းဆက္စံေႀကာင့္ ကြ်န္ေတာ္နည္္းနည္းေပ်ာ္လာတယ္။
ကြ်န္ေတာ္ရန္ကုန္မွာ သူငယ္ခ်င္းရျပီေပါ့။ သေဘာေကာင္းေသာ ေကာင္းဆက္စံက ကြ်န္ေတာ့္ကို
ေမာ့ႀကည့္ရင္း ကြ်န္ေတာ့္အေျဖကိုေစာင့္ေနျပီ။ ကြ်န္ေတာ္လည္း သူ႔ကိုခင္ခ်င္ပါတယ္။
ဒါေပမဲ့ ဟိုတစ္ေယာက္က...ထားလိုက္ပါ။ ေကာင္းဆက္စံကိုခင္တာ။ ေကာင္းဆက္စံက သူ႔အပိုင္မွမဟုတ္ဘဲ
"လာထိုင္ခ်င္ထိုင္ေပါ့။ ဒါနဲ႔ ခ်န္းက..."
"ရတယ္။ သူက အလယ္မွာအစတည္းက မထိုင္ခ်င္ေတာ့ ေနရာလဲေပးမွာ။"
စကားတေျပာေျပာနဲ႔ အေလာင္းဘုရားအေဆာင္ေပၚကို တက္လာႀကေသာ ေကာင္ေလး၂ေယာက္ကိုအေပၚထက္
ေကာ္ရစ္ဒါကေန၍ ငံု႕ႀကည့္ေနေသာ ေကာင္ေလးသည္ ဆရာမမ်ားနား ေနခန္းရွိရာသို႔ ထြက္သြားေလ၏။
>>>>>Ex_pect<<<<<
ေက်ာင္းေခါင္းေလာင္း မထိုးခင္အခန္းထဲ ျပန္လာႀက၏။ ထိုင္ခံုတြင္ ခ်န္း မရွိ။
"ငါ အလယ္ေျပာင္းထိုင္မယ္"
ေကာင္းဆက္စံကေျပာေျပာဆိုဆိုနဲ႔ ကုလားထိုင္ေပၚတင္ထားေသာ ခ်န္း ေက်ာပိုးအိတ္ကို ျဗဳန္းခနဲျမည္ေအာင္
ေရႊ႕လိုက္သည္။ ေနရာေျပာင္းေရးအတြက္ တက္ႀကြေနေသာ ေကာင္းဆက္စံက သူလုပ္သမွ် လိုက္ႀကည့္
ေနေသာ ကြ်န္ေတာ့္ကို ဟီးခနဲတစ္ခ်က္ ရယ္ျပေသး၏။ ေကာင္းဆက္စံက ပိန္ပိန္ေသးေသးတရုတ္ေလး။
အေႀကာစိမ္းေတြ ျမင္ရတဲ့ထိ သူ႕လက္ေခ်ာင္းပိန္ပိန္ေတြက ႏုဖတ္ေနတာ။ အိမ္မွာ ဘာမွမလုပ္ရဘဲ
စာခ်ည္းဖိလုပ္ေနသည့္ စာႀကမ္းပိုးေလးမွန္း သိသာတယ္။ ေမွးေတးေတးျဖစ္ေနေသာ
မ်က္လံုးေတြကို မ်က္မွန္ေလးေထာင့္တူတူႀကီးနဲ႔ ကာထားေသး၏။ ေကာင္းထက္စံသည္ခ်န္းထက္အရပ္နည္းနည္း
ရွည္ေသာ္လည္း ခ်န္းထက္ပို၍ ႏုနည္တဲ့ပံုေလး။ ဒါေႀကာင့္လည္း ဟိုတစ္ေယာက္ကို သူေႀကာက္ေနရတာ။
ခုလည္းႀကည့္။ အလယ္လာထိုင္ျပီး ေပ်ာ္ေနေသာ ေကာင္းဆက္စံသည္ ခ်န္းျပန္ေရာက္လာတာျမင္ေတာ့သူ႔မွာ
ပ်ာပ်ာသလဲနဲ႕ ဂဏာမျငိမ္ေတာ့ဘူး။
"မင္းက ဘာကိစၥအလယ္မွာ ထိုင္ေနတာတုန္း ငါမရွိတုန္း ငါ့ အိတ္ကိုေရႊ႕ထားတယ္"
ခ်န္း အသံသည္ ေဒါသေႀကာင့္ မာေတာင့္ေနတာပဲ ။ ကြ်န္ေတာ္ ဘာမွဝင္မေျပာျဖစ္။ ေကာင္းဆက္စံနဲ႔ ခင္ခ်င္တာ
မွန္ေပမဲ့ ခ်န္းနဲ႔လည္း ရန္မျဖစ္ခ်င္ဘူး။
"ငါ...အလယ္မွာထိုင္ခ်င္လို႔"
ေကာင္းဆက္စံမ်က္ႏွာငယ္နဲ႔ မတ္တပ္ရပ္ေနေသာ ခ်န္း ကိုေမာ့ႀကည့္ကာ ခပ္တိုးတိုးျပန္ေျပာတယ္။
"ကိုယ့္ေနရာကိုယ္ထိုင္။ ျပီးေတာ့ မင္းက ဖင္ျငိမ္တဲ့ေကာင္မဟုတ္ဘူး။ ထလိုက္ထိုင္လိုက္နဲ႔ ခဏခဏ
ထြက္လိုက္ဝင္လိုက္လုပ္ေနတာ။ ငါခဏခဏ မဖယ္ေပးႏိုင္ဘူး။ မင္းေနရာ ေထာင့္မွာပဲေန"
ခ်န္းက ေျပာလည္းေျပာ ေကာင္းဆက္စံ၏ ရွိသမွ် စာအုပ္ထည့္သယ္လာေသာ ေက်ာပိုးအိတ္အေလးႀကီးကို မ,
ျပီး စာေရးစားပြဲေပၚ ဝုန္းခနဲ ပစ္တင္လိုက္တယ္။ ေကာင္းဆက္စံက ကြ်န္ေတာ့္ကို မ်က္လံုးေထာင့္ကပ္ကာ
တစ္ခ်က္ႀကည့္ေပမဲ့ ကြ်န္ေတာ္ဘာမွမတတ္ႏိုင္။
အလယ္ထိုင္ခံုက ကြ်န္ေတာ့္ပိုင္ပစၥည္း မဟုတ္ ။ ဆရာမလည္းမဟုတ္ေတာ့ ဘယ္သူဘယ္ေနရာထိုင္ဆိုျပီး ဝင္ေျပာလို႔လည္းမရဘူးေလ။ ေနာက္ေတာ့လည္း
ဒီအတုိင္းက ဒီအတိုင္းပါပဲ။ ကြ်န္ေတာ့္ေဘးမွာ စာကိုအသည္းအသန္လုပ္ေနတဲ့ ခ်န္းနဲ႔ ခ်န္းကို ေက်ာ္ျပီး
ကြ်န္ေတာ့္ကို လွမ္းလွမ္းႀကည့္ေနရ တဲ့ ေကာင္းဆက္စံ။
သူမ်ား ထိုင္ခ်င္တဲ့ ေနရာထိုင္ပါေစေပါ့။ ခ်န္းက ေကာင္းဆက္စံကိုႏိုင္စားလြန္းတယ္။ ေကာင္းဆက္စံကလည္း
ဒီေလာက္ ႏိုင္စားေနတဲ့ ခ်န္းကိုပဲ ခင္တြယ္ေနတာကလည္း အံ့ႀသစရာပဲ။
သမိုင္းဆရာမ၏ ယံုႀကည္ကိုးစားမႈကိုရယူထားေသာ ခ်န္းက ေရွ႕ႏွစ္မွ ေက်ာင္းသားတစ္ေယာက္ရဲ႕
မွတ္စုစာအုပ္ကို ဖြင့္ျပီး တစ္တန္းလံုးႀကားေအာင္ ေရွ႕ဆံုးမွေန စာေခၚေပးတယ္။ တစ္တန္းလံုး
မႀကားမွာေတာ့ ပူစရာမလို။ သူ႔ေဘး တစ္ေယာက္တစ္ဖက္စီ ရွိေနႀကတဲ့ ကြ်န္ေတာ္နဲ႔ ေကာင္းဆက္စံေတာ့
နားထဲ ဂြမ္းဆို႔ထားရလိမ့္မယ္။ ခပ္စူးစူးခပ္က်ယ္က်ယ္နဲ႕ ခ်န္းအသံသည္အတန္းတြင္းေအာင္ျမင္ခန္႔ညားစြာ
ထြက္ေပၚေနေတာ့၏။
*****
ေက်ာင္းဆင္းခ်ိန္ စိတ္ညစ္ညစ္နဲ႔ လမ္းေလွ်ာက္ျပန္လာရသည္။ ဗိုက္ကလည္း ဆာလိုက္တာ။
ေကာင္းဆက္စံ ဝယ္ေကြ်းတဲ့ႀကာဇံေႀကာ္တစ္ပြဲက ဘယ္နံရိုးႀကားညပ္သြားမွန္းေတာင္မသိ။ အခုေတာ့ ဗိုက္ထဲ
တက်ဳတ္က်ဳတ္နဲ႔။ လုယူသြားတဲ့ေကာင္ေတြ ေက်ာင္းျပင္မွာေတြ႔ႀကည့္ေပါ့ကြာ။ ဆြဲကိုထိုးပစ္ဦးမယ္။
စားေနက် ရွမ္းပံုစားဆိုင္ေရွ႕ကအျဖတ္ ေမႊးလာေသာ သက္သက္လြတ္ဟင္းအနံ႔ေတြေႀကာင့္ ဗိုက္ထဲက
ပိုးေကာင္ေတြကပါ ထႀကြလာႀကတာ ေျခလွမ္းပင္တန္႔သြားမတတ္ပဲ။ မနက္ျဖန္မွေပးမယ္ေျပာျပီး ဝင္စားရ
ေကာင္းမလား။ မျဖစ္ႏိုင္တာ ၊ ကြ်န္ေတာ့္လို ကေလးတစ္ေယာက္စကားကို ယံုမွတဲ့လား။အိမ္မွာလည္း ဘာမွစား
စရာမရွိဘူး။ ေရခဲေသတၱာထဲ ေရသန္႔ဗူးကိုေတာင္အႏိုင္ႏိုင္ထည့္ေနရတာ။
"သား...လာမစားဘူးလား"
ဟင္! ဆိုင္ရွင္အန္တီက ဆိုင္ေရွ႕ထြက္လာျပီး ေႀကာင္ေငးရပ္ေနေသာ ကြ်န္ေတာ့္ကိုေမးေနတာ။
ရုတ္တရက္ ကြ်န္ေတာ္ ဘာျပန္ေျဖရမလဲမသိဘူး။
"မ...မစားေတာ့ဘူး"
ဂြီ
တိုက္ဆိုင္စြာပဲ စကားေနာက္ထြက္လာေသာ ဗိုက္ထဲက အသံ။ အက်ယ္ႀကီးမဟုတ္ေပမဲ့ အန္တီက
ႀကားျဖစ္ေအာင္ ၾကားသြားျပီ။
"ဗိုက္ဆာေနတာလားသား"
"ဆာေတာ့ဆာတယ္။ ဒါေပမဲ့ ကြ်န္ေတာ္ဒီေန႔ပိုက္ဆံမရွိေတာ့ဘူး။ ေမေမေလးျပန္လာမွ..."
"အိမ္မွာ ဘယ္သူမွမရွိတာလား"
"ဟုတ္"
အန္တီမ်က္ႏွာခ်က္ခ်င္းညိွဳးသြားျပီးမွ
"လာ။ ဒါဆိုလည္း စားသြား။ အန္တီေကြ်းမယ္" ဟု ထပ္ေမးလာတယ္။
ဆိုင္ထဲလည္း အတင္းေခၚေတာ့တာပဲ။ အျပံဳးခ်ိဳခ်ိဳနဲ႔ေခၚေသာ ဆိုင္ရွင္ အန္တီေနာက္လိုက္လာခဲ့လိုက္တယ္။
မတတ္ႏိုင္ဘူး။ ဗိုက္ဆာေတာ့ မရွက္လည္းမရွက္ႏိုင္ေတာ့ဘူး။
"သား နက္ျဖန္ေက်ာင္းသြားရင္ ထမင္းဖိုးဝင္ေပးပါ့မယ္"
"ရပါတယ္ သားရယ္။ သားက အိမ္မွာတစ္ေယာက္တည္း က်န္ခဲ့တာလား"
"ဟုတ္။ ေမေမေလးက အျပင္သြားေနတာ။ ဘာမွလည္း မခ်က္ထားခဲ့ဘူး။ မုန္႔ဖိုးပဲေပးခဲ့တာ။ ဒီေန႔မုန္႔ဖိုးက
ေက်ာင္းမွာ ေပ်ာက္သြားလို႕"
"ဒါေႀကာင့္ကိုး..."
ကြ်န္ေတာ့္ကို ထပ္မေမးေတာ့ဘဲ
"စားေနာ္သား။ ခုက အန္တီသားကိုေကြ်းတာ မနက္ျဖန္ပိုက္ဆံ ျပန္ေပးစရာမလိုဘူး။ စားသြားသိလား။
အန္တီသက္သက္ေကြ်းတာ"
"ဟုတ္"
လာစားသူေတြေရာက္လာ၍ အန္တီလည္းမအားေတာ့။ စားျပီးျပန္ဖို႔ ႏႈတ္ဆက္ေတာ့ လူေတြ ရႈပ္ေန၍
အန္တီက ေသခ်ာပင္မႏႈတ္ဆက္ႏိုင္။ ယံုပင္မယံုႏိုင္။ အခုလို ေခၚေကြ်းလိမ့္မယ္လို႔ေပါ့။
ရွမ္းတိုင္းရင္းသူျဖစ္ပံုရေသာ အန္တီသည္ ေခ်ာလွလြန္းသည္သာမက စိတ္ထားလည္း တကယ္ေကာင္းတာပဲ။
ေဖေဖက ယူမယ့္ယူ အန္တီ့လိုမိန္းမမ်ိဳးယူတာ မဟုတ္ဘူးဆိုျပီးေတာ့ေတာင္ အေဝးေရာက္ ေဖေဖ့ကို
အားမလိုအားမရျဖစ္ရေသး၏။
အန္တီ့လို အေမမ်ိဳးကိုပိုင္ဆိုင္ရတဲ့သူက တကယ္ကံေကာင္းတာပဲ...
Bạn đang đọc truyện trên: ZingTruyen.Xyz