ZingTruyen.Xyz

EX-pect

Epi8

HsuChiKo365

တစ္​​ေန႔့တာဆိုင္​ဝင္​​ေငြစာရင္​းနဲ႔
မနက္​ျဖန္​အတြက္​​ေစ်းဝယ္​စာရင္​း​ေတြလုပ္​​ေန
​ေသာမားမားအား ​ေနာက္​မွ​ေန၍ဇက္​​ေၾကာဆြဲ​ေပး​ေနစဥ္​...

""​ေန႔လည္​က​ေလ ​သားတို႔​ေက်ာင္​းက
က​ေလးတစ္​​ေယာက္​ကို ​မားထမင္​း​ေခၚ​ေကြၽးလိုက္​​ေသးတယ္​"
ဟူ၍မား စကားစလာသည္​။​ပါပါးကတာဝန္​က်ရာ
နယ္​သို႔​ေရာက္​​ေနတာကမ်ား၍ က်ေတာ္သည္​သာ
မားရဲ႕ တစ္​ဦးတည္​ေသာ​း​ေထြရာ​ေလးပါးစကား​ေျပာ​ေဖာ္​ပင္​။သားအမိ၂​ေယာက္​ကလည္းခုလို
ခ်ိန္​မွာသာ ဆံုျဖစ္​တတ္​ၾက၍
ဆိုင္​သိမ္​းၿပီးခ်ိန္​ဆို စာရင္​းတြက္​ရင္​း မားနဲ႔
က်​ေတာ္​စကားစျမည္​​ေျပာျဖစ္​ၾကသည္​။
ဆိုင္​စာရင္​း​ေတြကို က်​ေတာ္​နားမလည္​​ေသး​ေပမယ္​့ မားကိုေတာ့ ဇက္​​ေၾကာဆြဲ​ေပးရင္းနဲ႔သာကူညီညာ​ေပးျဖစ္​၏။
ဒါလည္​းမားအတြက္​ ပီတိျဖစ္​​ေစတယ္​မလား?
ပံုမွန္ဆို မားေျပာျပတာေတြကိုသာနားေထာင္
သမားလုပ္တတ္ေပမယ့္ ခု
က်​ေတာ္​တို႔​ေက်ာင္​းကဟူ၍ ခ်က္​ခ်င္​းစိတ္​ဝင္​
စားသြားရ​ေတာ့၏

""ဘယ္​သူ႔ကိုလဲ?"'

"ဝယ္​သူ​ေတြက်လာတာတဲ့ မားလည္​းသူ႔နာမည္​
​ေတာ့မ​ေမးျဖစ္​လိုက္​ဘူး။သားတို႔ ၆ Aတန္​းကပဲ
သနားပါတယ္​ က​ေလးက ထမင္​းဆာ​ေနလို႔
ဆိုင္​​ေ႐ွ႕​ေလးမွာရပ္​​ေငး​ေနတာ..."

၆တန္​း Aခန္​း။ထမင္​းဆာလို႔ဆိုင္​​ေ႐ွ႕ရပ္​​ေငး​ေန
တယ္​ဆိုတည္​းက ​ေခါင္​းထဲဘယ္​သူဆိုတာတန္​း
​ေပၚလာတာ...ဟို​ေလာ႐ွည္​​ေကာင္​လား?

""ဘယ္​လိုပံုစံလဲ မား?"

"အသားညိဳညိဳ​အရပ္​႐ွည္​​ေလးနဲ႔။ပံုစံ​ေလးက
လူႀကီး​ေလးလိုပဲ။ျပီး​ေတာ့ သူ​ေျပာပံုအရ မိ​ေထြးနဲ႔​ေနရတယ္​ထင္​တယ္​ဲ။က​ေလး​ေတြလည္​း
သနားပါတယ္​။အ​ေဖ​ေတြကလည္​းစီးပြားထြက္​႐ွာ
​ေနရတာနဲ႔ ​ေနာက္​မွာ ကို႔က​ေလးမိ​ေထြးနဲ႔ဘယ္​လို
က်န္​ခဲ့ရလည္​းမသိ...သားသိလားသူဘယ္​သူလဲ
ဆိုတာ"

​ေသခ်ာပါၿပီ​ေလ။အရပ္​႐ွည္​႐ွည္​အသားညိဳညိဳနဲ႔
လူႀကီးပံုဖမ္​းတယ္​ဆိုတည္​းက...မိ​ေထြးဆိုသည္​့
​ေဝါဟာရ​ေၾကာင္​့ က်​ေတာ္​့စိတ္​ထဲ​ေလးလံသြား
ရ၏။​ေနာက္​ၿပီး မ​ေသခ်ာ​ေပမယ္​့ ဟို​ေကာင္​့ကို
သနားလာလိုလိုပဲ။

"မိ​ေထြးနဲ႔ ​ေနတယ္​လို႔သူ​ေျပာတာလား?"

"အဲ့လို​ေတာ့ မ​ေျပာဘူး။​ေမ​ေမ​ေလးလို႔​ေခၚ​ေနလို႔...မားထင္​တာ က​ေလးလက္​ထဲပိုက္​ဆံထည္​့​ေပးျပီးနင္​့ဝမ္​းနင္​႐ွင္​းဆိုတဲ့ပံုစံနဲ႔
ထားခဲ့တာ​ေနမွာ...ဟို​ေန႔​ေတြတည္​းက ပိုက္​ဆံ
ံ၁ေထာင္တန္​​ေလးကိုင္​ၿပီးသူတစ္​​ေယာက္​
တည္​းလာလာစား​ေနက်။
မားသူ႔ကိုသတိထားမိတာ။ဒီ​ေန႔​ေတာ့
သူ႔ပိုက္​ဆံ​ေပ်ာက္​သြားလို႔ မစား​ေတာ့ဘူးလုပ္​​ေန
တာ။သူ႔ ​ေမ​ေမ​ေလးကဘယ္​အခ်ိန္​အိမ္​ျပန္​လာ
မယ္​မသိပဲ က​ေလးတစ္​​ေနကုန္​ငတ္​​ေနမွာစိုးလို႔
​ေခၚ​ေကြၽးလိုက္​တာ..."

"အဲ့ဒါ သားတို႔အခန္​းထဲက...ပိုက္​ဆံကလည္​း
​ေပ်ာက္​သြားတာမဟုတ္​ဘူး ၈တန္​း​ေတြလုသြား
တာ"

"ဟင္​!​ေက်ာင္​းသားအခ်င္​းခ်င္​းကို လုတာက
​ေတာ့မ​ေကာင္​းပါဘူး။သနားပါတယ္​။
သားက သိရင္​လည္​းဆရာမ​ေတြကိုတိုးတိုးတိတ္​
တိတ္​သြားတိုင္​​ေပး​ေလ။​ေန႔တိုင္​းအဲ့လိုအလုခံ​ေန
ရရင္​ဘယ္​ဟုတ္​​ေတာ့မလဲ?"

"တိုင္​​ေပးထားတယ္​..."

​ေက်ာင္​းကလူ​ေတြ အထူးသျဖင္​့​ေကာင္​းဆက္​စံ
ကိုပင္​ မ​ေျပာမိ​ေသာ ကိစၥကို တစ္​ဦးတည္​း​ေသာ
ရင္​ဖြင္​့​ေဖာ္​ မားအား ​ေျပာျပလိုက္​သည္​။

"အင္​း သားနဲ႔သိလည္​း ကူညီလိုက္​ပါသားရယ္​
သူ႔ပံုစံ​ေလးၾကည္​့ၿပီး မား သနား​ေနတာ။ရန္​ကုန္​
ကလည္​းဟုတ္​ပံုမရဘူး"

"မန္​း​ေလးက ​ေျပာင္​းလာတာ"

"ဟုတ္​လား?​ေက်ာင္​း​ေျပာင္​းလာ​ေတာ့ ဒီမွာ
လည္​း သူငယ္​ခ်င္​း​ဘာညာလည္​း႐ွိမွာမဟုတ္​ဘူး
သားက ဒုတိယအတန္​း​ေခါင္​း​ေဆာင္​ဆို။သူ႔ကို
ဂ႐ုစိုက္​​ေပး​ေပါ့ကြ။သူငယ္​ခ်င္​း​လည္​းလုပ္​​ေပး​ေပါ့"

"ဟာ...သူ႔သူငယ္​ခ်င္​းမျဖစ္​ခ်င္​ပါဘူး။ပံုစံက ထံု​ေပ​ေပနဲ႔။စာလည္​းမ​ေတာ္​ဘူး။ဟိုလက ဘာသာစံုက်ထားတာ"

""ခ်န္​း​ေလးကိုမားဘာ​ေျပာဖူးလဲ?လူ​ေတြကိုခြဲျခား
ခြဲျခားမဆက္​ဆံရဘူးလို႔ ​ေျပာထားတယ္​ေလ။သား
အဲ့လို မာနႀကီး​ေနလို႔ သားကို ​ေကာင္​း​ေကာင္​းက
လြဲၿပီးဘယ္​သူ႔မွမ​ေပါင္​းတာ​ေပါ့"

​ေမ​ေမ​ေျပာတာမွန္​​ေန​ေပမယ္​့ က်​ေတာ္​အထြန္႔​႔တက္​ၾကည့္မိသည္

"သားက တစ္​တန္​းလံုးနဲ႔ သိပါတယ္​ မားရဲ႕။ၿပီး
​ေတာ့...လူက​ေရြး​ေပါင္​းရမွာ​ေပါ့။စာည့ံတဲ့​​လူနဲ႔
​ေပါင္​းၿပီး သား ပါ စာညံ့သြားရင္​ဘယ္​လိုလုပ္​မလဲ"

"ဒါ သားညံ့ရင္​​ေတာ့ ျဖစ္​မွာပဲ​ေလ။အတူတူလိုက္​
အည့ံခံမလား ဒါဆိုသားညံ့တာ။ညံ့​ေနတဲ့လူကို
စာလုပ္​ခ်င္​လာ​ေအာင္​ ကိုယ္က ေဖးမဆြဲေခၚေပး
ႏိုင္ရင္...ဒါ ကိုေတာ္တာပဲ။သူသာ တကယ္ႀကိဳး
စားလာရင္ ကိုယ့္အတြက္ျပိဳင္ဖက္ေကာင္းေတာင္
ျဖစ္လာအံုးမွာ။မား ေျပာတာမဟုတ္ဘူးလား??""

မားမားသည္ တကၠသိုလ္မယ္္ျဖစ္ခဲ့ဖူးသူ
ရယ္လို႔မေျပာရ။အဖက္ဖက္မွ ထူးခ်ြန္ေန၏။တိုင္းရင္းသူသာဆိုတယ္...ေမေမကစာေတြ
အမ်ားႀကီးဖတ္တတ္လို႔လားမသိစကားလည္း
ႀကြယ္လွ၏။္ မားကက်ေတာ့္ရဲ႕ စံျပပင္။ခုလည္း နည္းလမ္းတက်ဆိုဆံုးမမႈေႀကာင့္ က်ေတာ္ခြန္းတံု႔လွည့္စရာ စကားလံုးမရွိ။မား ပုခံုးသားျဖဴေဖြးေဖးြကိုသာအားစိုက္ႏွိပ္ေပးေနမိသည္။ႏႈတ္ခမ္းကေတာ့အလိုလိုဆူမိထား၏။ဒါ ဟိုေကာင့္ေႀကာင့္...

က်ေတာ့္ရဲ႕ မာနႀကီးကာ အေပါင္းအသင္းဝင္မဆံ႔
ျခင္းအေပၚသေဘာမက်တတ္ေသာ မားက ဆက္
လက္ဆံုးမေတာ့သည္

""ခ်န္းေလးစဥ္းစားႀကည့္။ေကာင္းေကာင္းက
သားနဲ႔ တစ္သက္လံုးအတူတူေနရခ်င္မွေနရမွာ
ေလ။ေကာင္းေကာင္းသာ တစ္ေနရာရာေျပာင္း
သြားႀကည့္ သားအနားေကာင္းေကာင္းလိုအနီး
ကပ္ေပါင္းမယ့္ သူငယ္ခ်င္းဘယ္မွာလဲ??""

""သား ပိုင္သုတ နဲ႔မွ သူငယ္ခ်င္းမျဖစ္ခ်င္တာ""

""ေဟာ္ေတာ့ ထြက္လာျပီ။ဟိုကေလးနာမည္
ေတာင္သိေနတာကို။သားရယ္ ကူညီေပးလိုက္ပါ
သူငယ္ခ်င္းေကာင္းဆိုတာ အဲ့လိုတစ္ေယာက္
အားငယ္ေေနခ်ိန္မွာ တစ္ေယာက္ကအားေပး
ရင္းနဲ႔မွ သူငယ္ခ်င္းေကာင္းေတြျဖစ္လာတာ။ခု
မေပါင္းရေသးပဲနဲ႔ အေပၚယံကိုပဲႀကည့္ျပီးမဆံုး
ျဖတ္ရဘူးေလ။ျပီးေတာ့ ခုေနသားသာကူညီေပး
လို႔ သူစာရလာႀကည့္။သူက...ေကာင္းေကာင္း
ထက္ေတာင္ သားအေပၚအႏြံတာခံလိမ့္မယ္။""

""မားက အတင္းႀကီးကို ေပါင္းခိုင္းေနတာပဲ
သူ႔ေဖာက္သည္ဆိုတာနဲ႔...""

ႏႈတ္ခမ္းဆူပြပြနဲ႔ မေက်မနပ္ေျပာမိေသာက်ေတာ့္
ကို မား ကလွည့္ကာႀကည့္ရင္း ပါးခ်ိဳင့္ႏွစ္ဖက္
ထင္းထင္းႀကီးခြက္သြားေအာင္ ရယ္ျပီး...

""မား ေဖာက္သည္မို႔လို႔ေျပာတာမဟုတ္ပါဘူး
နဂ်ီေလးရာ။သူ႔ပံုစံေလးကိုက လူႀကီးေလး
လိုပဲ ခ်စ္ဖို႔ေကာင္းလို႔ပါ။ဆိုးမယ့္ပံုလည္းမဟုတ္
လို႔ မားက သူငယ္ခ်င္းလုပ္ခိုင္းတာပါ""

ႀကင္ႀကင္နာနာနဲ႔ ေႏြးေႏြးေထြးေထြးေနတတ္
္ေသာေမေမသည္ က်ေတာ့္အား သည္းသည္း
လႈပ္ခ်စ္မျပတတ္ေပမယ့္...ခုလိုခ်စ္စႏိုးနာမည္
ေလးေတြနဲ႔ သူ႔စကားကိုလက္သင့္ခံခ်င္လာ
ေအာင္ ေခ်ာ့ကာေမာ့ကာနဲ႔သိမ္းသြင္းစည္းရံုး
တတ္ေသး၏။

""မားကေလ မားသားကို အားလံုးနဲ႔ခ်စ္ခ်စ္ခင္ခင္
ေနတတ္ျပီး ကူညီတတ္တဲ့ ကေလးတစ္ေယာက္
ျဖစ္ေစခ်င္တာ...ခု မားသားက မားနဲ႔မတူဘူး
မင္း...ပါးပါးလိုပဲ သိပ္မာနႀကီးတာ""

Miss Universeဘဝနဲ႔ ကမၻာႀကီးကိုအက်ိဳးျပဳ
ခ်င္တယ္ဟု အိပ္မက္မက္ခဲ့ဖူးေသာ မားသည္
လူတိုင္းအေပၚေမတၲာထားတတ္လြန္းသူ။ခုလည္း
ႀကည့္ ဟိုေလာရွည္ေကာင္ကိုသနားေနတာ။
မိေထြးနဲ႔ ေနရတာကိုႀကားျပီးက်ေတာ္လည္း
သနားခ်င္လာတယ္။ခါတေလ မားနဲ႔အတူထိုင္
ႀကည့္ျဖစ္ေသာ ကိုရီးယားကားမ်ားတြင္ပါတတ္
ေသာ မိေထြးေတြ ဘယ္ေလာက္ဆိုးလည္း
က်ေတာ္သိထားေတာ့ ေလာရွည္အစားက်ေတာ္
ေက်ာခ်မ္းသြားရသည္။

ဘာပဲျဖစ္ျဖစ္ သူ႔ကို ေကာင္းေကာင္းမြန္မြန္ေျပာ
ႀကည့္အံုးမယ္။စာေတြဘာေတြလိုက္ေရးဖို႔...
ေတာ္ႀကာသူမားဆိုင္ မွာစားခ်ိန္ မားက က်ေတာ္နဲ႔ခင္လားေမးေနရင္ ဟိုတစ္ခါစာစီစာကံုးေရးေပးတဲ့
ကိစၥေျပာလိုက္ပါက က်ေတာ္အရွက္ကြဲျပီပဲ။
ဘာလို႔ဆို ဒီတစ္ခါ စာစီစာကံုးဝင္ျပိဳင္ရမယ္ေျပာ
ထားလို႔ မား ကေတာ္တယ္လို႔ခီ်းက်ဴးျပီး က်ေတာ္
ႀကိဳက္တဲ့ ကြတ္ကီးေတာင္အထုပ္ႀကီးတစ္ထုပ္
ဝယ္ေကြ်းထားတာ။
အိမျဖစ္ဘူး။ဟိုေကာင့္ကို ႏႈတ္ပိတ္ထားမွ...

""ဟုတ္။သား သူနဲ႔ ခင္ႀကည့္ပါ့မယ္""

""ဒါေပါ့။မား က လူဆိုးေလးလားလူေကာင္းေလး
ခြဲတတ္ပါတယ္။သူ႕နာမည္ ဘယ္သူ...""

""ပိုင္သုတ""

""အင္း အဲ့ ပိုင္ေလးက လူေကာင္းေလးပါ။နာမည္ကိုက စာေတာ္မယ့္နာမည္ေလး""

မားက လူမ်ိဳးစံုနဲ႔ ႀကံဳခဲ့ဆံုခဲ့ဖူးသူမို႔ မား
အထင္နဲ႔အျမင္ကမလြဲတတ္ခဲ့။ဟုတ္တယ္ ပိုင္သုတ ဆိုတဲ့အေကာင္က စာစီစာကံုးေတာင္
၄၅မိနစ္ေလာက္နဲ႔ အျပီးေရးႏိုင္ထားတာဆိုေတာ့
က်ေတာ္ ဘာမွဆက္မေျပာျဖစ္ေတာ့ပဲ...မားကို
ရွီခိုးျပီးအိပ္ရာဝင္လိုက္ေတာ့၏။

စိတ္စြဲသြားလို႕လားမသိ အဲ့ေန႔ညက အိပ္မက္ထဲ
က်ေတာ္ စာစီစာကံုးျပိဳင္ပြဲမွာ ေျဖေနတုန္းဟိုေကာင္...
က်ေတာ့္ေျဖေနတဲ့ စာရြက္ႀကီးကို တျဗစ္ျဗစ္နဲ႔
လာဆြဲျဖဲလို႔ ေအာ္ငိုလိုက္ရတာဆိုတာ...လန္႔ႏိုး
လာေတာ့ေမာေနေကာ။ေတာ္ေသးအိပ္မက္မို႔လို႔
အျပင္မွာဆိုတစ္ခုခုထိုင္လုပ္ပစ္လိုက္မယ့္
က်ေတာ္က အိပ္မက္ထဲပိုင္သုတ ကိုပဲႀကည့္ျပီး
ငိုေနတာတဲ့။
ပိုင္သုတဆိုတဲ့အေကာင္က အိပ္မက္ထဲထိလိုက္
ဒုကၡေပးတဲ့အေကာင္။

အိပ္မက္မေကာင္းလို႔မႈန္ေတေတနဲ႔ျဖစ္ေနေသာ
က်ေတာ့ကို ႏွင္းႏုေဖြးပိန္ေညွာင္ရိုးကလာျပီး
ေက်ာင္းသြားခါနီးလာ ခနဲ႔ေသးတယ္

""ဟဲ့ ခ်န္း...နင္ စာစီစာကံုးဝင္ျပိဳင္ရမယ္ဆို။ဟက္, နင္အေရြးခံရ ရင္ ငါနဲ႔ Fightရမွာေနာ္။
သိလား??""

""အဲ့ေတာ့??""

""ေႀသာ္ ရံႈးရင္မငိုေႀကးလို႔ ခ္ခ္""

""ငိုရေအာင္ ငါကမိန္းမလား။""

ေျပာျပီးေလွကားကေန ေျခသံျပင္းေအာင္တမင္
နင္းရင္း ဆင္းလာခဲ့လိုက္တယ္။

""ေတြ႔မယ္။ငါဆုရမွသူ႔ အိမ္မွာသြားထားပစ္မယ္"

ေက်ာင္းေရာက္ေတာ့လည္း အျမင္မေတာ္တာ
ေတြသိပ္သိပ္လုပ္တဲ့ ေကာင္းဆက္စံေႀကာင့္
ဟိုေန႔ညက စိတ္ေကာင္းဝင္ေနတဲ့စိတ္ကေပ်ာက္
ခ်င္ခ်င္။
ပိုင္သုတ မစားဘူးလို႔ ျငင္းေနတာေတာင္သူ႔
ကုလားထိုင္ကိုရေအာင္ေရႊ႔ျပီး ပိုင္သုတမ်က္ႏွာ
ခ်င္းဆိုင္မွာသြားထိုင္ျပီး ထမင္းအတင္းေကြ်းေလ
ရဲ႕။သူ ကမွ မားမားသားျဖစ္ရမွာ။အတင္းကေရာ
ကူညီခ်င္ေနတာ

သူ႔ေႀကာင့္ပိုင္သုတ အျပင္ထြက္စားစရာမလို
ေတာ့...အျပင္မထြက္ေတာ့ ဟို၈တန္းေတြပိုက္ဆံ
လုမလု က်ေတာ္မသိရ့။မေန႔က သြားတိုင္
ေပးထားတာ အေႀကာင္းထူးမထူး ေနာက္မွ
ဆရာမ ေမးႀကည့္ရေတာ့မယ္။
-
-
-
""မင္း စာလိုက္ေရးေနာ္ ပိုင္သုတ""

ပထဝီအပုဒ္တိုေတြေခၚခါနီး က်ေတာ့္လွည့္ေျပာ
ေတာ့ အိပ္ခ်င္မေျပေသးတဲ့ မ်က္လံုးေတြနဲ႔ႀကည့္
၏။

""မင္း ငါ့နား ထိုင္ျပီးစာမလိုက္ေရးေတာ့ အေနာက္တန္းက ေကာင္ေတြကပါ လိုက္မေရး
ဘူးလုပ္ေနျပီ။လိုက္ေရး ႀကားလား??""

ဘာဆက္ေျပာမလဲဟူေသာ ပံုစံႏွင့္ ဘုႀကည့္ႀကည့္ေပးလိုက္ေတာ့...ေက်ာပိုးအိတ္ထဲ
က စာအုပ္တစ္အုပ္ထုတ္၏။ေနာက္ေဘာပင္လိုက္
ရွာေနတာ အႀကာႀကီး...စိတ္မရွည္ေတာ့တာနဲ႔
ကိုယ့္ Bossေရေမႊးေဘာပင္ပဲ ငွားလိုက္ရေတာ့
တယ္။
လိုက္ေရးတာလည္း စိတ္ပါသလိုလိုမပါသလိုလိုနဲ႔

စာအုပ္ထပ္ဖို႔ လိုက္ေကာက္ေတာ့ နာမည္မထိုး
ထားတဲ့ သူ႔စာအုပ္ေရွ႕က်ေတာ္ပဲ နာမည္ထိုးေပး
လိုက္ပါတယ္။ေနာက္မို႔ဆို ပထဝီဆရာမက နာမည္မတပ္ထားရင္ ေမာင္ေခြးဆိုျပီး အတန္းထဲ
လာေခၚမွာ။အစက ခံေနရပါေစဆိုျပီး ပစ္ထားအံုးမလို႔ပဲ...မားစကားေတြေႀကာင့္ေရး
ေပးလိုက္ပါတယ္ေလ။

ေရစက္ဆိုတာ ဆံုခ်င္ရင္~~ကို႔အေမက သူ႔ဘက္
ေတာ္သားျဖစ္သြားတာမ်ိဳး

ညေန က်ဴရွင္ဆင္းရင္ မားဆိုင္ခဏဝင္ခဲ့အံုးလို႔
မားမွာခဲ့လို႔ အိမ္တန္းမျပန္ပဲဆိုင္ကိုဝင္မိပါတယ္
ကို႔ အေမအလုခံလိုက္ရသလိုကို ခံစားသြားရတာ
ဒီေကာင္နဲ႔ မား ဘယ္ေလာက္ထိခင္သြားတာလဲပဲ
က်ေတာ္ေတာင္တစ္ခါမွ မလုပ္ဖူးတဲ့ စားပြဲထိုးအလုပ္ကို အဲ့ေကာင္က
လုပ္ေပးေနတာ~~

""မား ၂၄၀၀ယူမယ္""

အသံထြက္တတ္တယ္။ေအာ္တတ္တယ္။ျပီးေတာ့
သူရယ္တတ္တယ္။ဟုတ္တယ္ပိုင္သုတရယ္တတ္တယ္။စားပြဲထိုးရင္း
စားသံုးသူေတြကိုရယ္ျပေနတာ။
ပါးခ်ိဳင့္ေတြ...က်ေတာ္အျမင္မမွားဘူး ပိုင္သုတ
မွာ မားဆီကေန က်ေတာ္လိုခ်င္ခဲ့တဲ့ ပါးခ်ိဳင့္ေတြသူ႔မွာရွိေနတယ္။

""ဟာ သားေရာက္လာျပီ""

ဆိုင္ေရွ႔ေႀကာင္ေငးရပ္ေနေသာ က်ေတာ့္အား
မား လွမ္းေခၚေတာ့...က်ေတာ္ရွိရာသို႕ျပန္ႀကည့္
လာ၏။အံ့ႀသသြားပံုပဲ။မားသည္ သူ၏တစ္ဦးတည္းေသာ သူ႔သားျဖစ္သူ က်ေတ္ာ့
နာမည္ကိုပင္ မေျပာထားဖူးေလလားေလ

""သား...လာေလ။ပိုင္ ဒါ မားရဲ႕ နဂ်ီေကာင္ေလး
ေပါ့""

ဒီတစ္ခါ အံ့ႀသေနတာ ပိုင္သုတပါ။သူမထင္ဘူး
လား??မားနဲ႔ ခ်ြတ္စြတ္တူေနတဲ့ အင္းးမားလို
ပါးခ်ိဳင့္ေတြမပါေပမယ့္လို႔ မားကိုျမင္ဖူးထားတဲ့လူတိုင္းက်ေတာ့္ကိုျမင္တာနဲ႔
မားသားမွန္းသိႀကတာကို။

""တစ္ခန္းထဲသားခ်င္းပဲ သိေနတယ္မလား??
သားပိုင္က ဟိုေန႔က မားထမင္းေကြ်းလိုက္လို႔
ဆိုျပီး ခုဆိုင္မွာလာကူေနတာ။""

က်ေတာ္တို႔ႏွစ္ေယာက္ တစ္ေယာက္
္ကိုတစ္ေယာက္ႀကည့္ေနတာက လြဲ၍ဘာမွ
လုပ္စရာမရွိသလိုပဲ။ဘာေျပာလို႔ေျပာရမွန္းလဲမသ္ိ
ဘယ္လိုေႀကာင္ေတာင္ေတာင္ႏိုင္လိုက္သလဲေလ

""သားအိမ္ျပန္ရင္ ဒါေလးယူသြား။သားပိုင္လည္း
ထည့္သြား။အိမ္မွာစားေပါ့""

ဆိတ္သားပတ္စ္မုန္႔ေတြ။ဒါက်ေတာ္အရမ္းႀကိဳက္
တဲ့မုန္႔ေတြေပါ့။ဗညားဒလလမ္းေပၚက ဝယ္လာ
တာပဲ

""အန္တီမာ လာလည္ရင္းသားစားဖို႔ဝယ္လာတာ
တဲ့""

အင္!!က်ေတာ္ စားမယ့္မုန္႔ေတြကိုသူ႔ခြဲေပးလိုက္
ရတာ။ပိုင္သုတကေတာ့ ဆိတ္သားပတ္စ္ထည့္
ေပးထားေသာ ႀကြတ္ႀကြတ္အိတ္ကိုကိုင္ထား
သည္။မားေပးတာကိုလည္းမစားဘူးလို႔မျငင္းပဲ
ယူထားတာ။
လွမ္းျမင္ေနရေသာ မုန္႔၂ခုကိုတေမ်ာတသ
စြာႀကည့္ေနေသာ က်ေတာ့္အား မားက

""သား အိမ္ျပန္မယ္ဆို သားပိုင္စက္ဘီးနဲ႔လိုက္
သြားေလ။သားပိုင္ ေခၚသြားလိုက္ေနာ္။ႏိုင္လား
မားသားကို။""

""သား ေနာက္ကမစီးရဲဘူးမား""

ပိုင္သုတ ႏိုင္တယ္လို႔အေျဖမထြက္ခင္က်ေတာ္
ႀကားျဖတ္ဝင္ေျပာလိုက္ေတာ့၏။ဟုတ္တယ္
က်ေတာ္တကယ္လည္းေႀကာက္တယ္

""မန္းေလးသားေတြစက္ဘီးစီးရွယ္ကြ်မ္းတာကို
ေနာ္ သားပိုင္ ဟုတ္တယ္မလား??""

""သား ေခၚသြားပါ့မယ္ မား""

စိတ္ခ်လက္ခ် လႊတ္ႏိုင္တာအံ့ႀသလိုက္တာ။
ျမိဳ႕လည္မွာ လူျဖစ္လာတဲ့က်ေတာ္ကစက္ဘီးဆို ကိုယ္တိုင္လည္းမနင္းတတ္သူမ်ားေနာက္က
လည္းလိုက္မစီးဖူးဘူး။

""တကယ္ႏိုင္တာလား??""

ေနာက္ခံုေပၚတက္ထိုင္္ျပီး မယံုမရဲေပးေတာ့

""အင္းႏိုင္တယ္။ျငိမ္ျငိမ္ေတာ့ထိုင္""

ခုန္မတက္ရဲေသာ က်ေတာ့္ကို စက္ဘီးေနာက္ခံု
ေပၚတင္ထားျပီးမွ စနင္းရတာက်ေတာ့္အတြက္
အဆင္ေျပေပမယ့္ သူ႔အတြက္ေတာ့ အင္းအဲနဲ႔

""မားေျပာတာေတာ့ ေက်ာက္ေရတြင္းမွာေနတာ
ဆို။ငါေသခ်ာမသိလို႔ေျပာျပအံုး""

ေအာ္ေဟာ္ ငါ့အေမကိုမ်ား မားတဲ့လား??
ေနာက္ကေန ဖေနာင့္နဲ႔ တက္ေပါက္ခ်င္တယ္။
သို႔ေပမယ့္ ဟိုေကြ႔ဒီခ်ိဳးနဲ႔လမ္းညႊန္ေနရ၍ရန္
စကားေတာ့ မေျပာျဖစ္ေတာ့။လမ္းမႀကီးမွာသာ
ကားနည္းနည္းရွိေပမယ့္ လမ္းသြယ္ေတြက
ကားရွင္း၍ စက္ဘီးစီးလို႔ေကာင္းသည္။ဒါပထမ
ဆံုး စက္ဘီးစီးဖူးျခင္းပင္။စီးလို႔ေကာင္းလိုက္တာ
မနက္တိုင္းလမ္းမေလွ်ာက္ရပဲ စက္ဘီးနဲ႔သြား
ရပါက...

""ဒီတိုက္လား??""

""အာေက်ာ္သြားျပီကြ။ေနာက္ျပန္ေကြ႔""

""အဲ လမ္းေလွ်ာက္သြားလို႔ရေနျပီမလား?""

ေသာက္ပ်င္းေကာင္ ေနာက္ေလးနည္းနည္းျပန္
ေကြ႔ရတာကို...က်ေတာ္တကယ္စက္ဘီးစီးရတာ
ကိုႀကိဳက္တယ္။ထပ္ထပ္စီးခ်င္ေနတာေကာ

""ဟိုေန႔က ငါ့မား ထမင္းေကြ်းလိုက္တယ္ဆုိတာ
မင္းလား??""

သိမ္ငယ္သြားလည္းမတတ္ႏိိုင္ဘူး။ေမးစရာရွိတာ
ေတာ့ေမးရမယ္

""အင္း။မား ေခၚေကြ်းတာ""

""ငါ့ မားခ်က္တာတကယ္ႀကိဳက္တာလား?""

""အင္း...""

ခပ္တိုးတိုးနဲ႔ျပန္ေျဖသည္။ေက်ာင္းကလိုထံုေပေပ
ပံုစံေတာ့မဟုတ္။အျပင္အက်ီ ၤနဲ႔မို႔ တစ္မ်ိဳးဆန္း
ေနတယ္။ဒီေကာင္က ဘာလဲ??Short panေတြဘာေတြနဲ႔Rapperပံုစံဘာလိုလိုနဲ႔

""ဒါဆို ငါထမင္းခ်ိဳင့္ပိုထည့္လာမယ္။မငး္ ငါနဲ႔
အတူတူစားမလား??""

""ငါ သူမ်ားထမင္းအလကားမစားခ်င္ဘူး""

""မနက္ကေတာ့ ေကာင္းဆက္စံဆီက ကပ္စား
ျပီးေတာ့မ်ား...""

ျဖတ္ခနဲက်ေတာ့္ကို မ်က္လးံုူလွန္ႀကည့္သည္။
ဘာလဲ မာနထိသြားတာလား??

""သူ ထမင္းမကုန္ရင္ အရိုက္ခံရမယ္ေျပာလို႔
စားလိုက္တာ...ငါ သူမ်ားဆီက အလကားမစား
ခ်င္ဘူး""

""မင္းကိုလည္းငါက အလကားမေကြ်းပါဘူး
မင္း မနက္တိုင္း ငါ့ကိုစက္ဘီးနဲ႔လာႀကိဳေလ။
ငါစက္ဘီးစီးရတာ ႀကိဳက္သြားျပီ။ေက်ာင္းကိုစက္
ဘီးနဲ႔သြားခ်င္လို႔...ဘယ္လိုလဲ??""

ခ်က္ခ်င္းအေျဖမေပးပဲ ငိုင္ေနျပီးမွ

"အင္း ငါလာေခၚမယ္။ဘယ္အခ်ိန္လာေခၚရမလဲ"

""မနက္ေစာေလ ေကာင္းေလ ဒါမွကားရွင္းမွာ""

""အင္း။ဒါဆို ငါသြားျပီ""

တျဖည္းျဖည္းေဝးသြားေသာ ပိုင္သုတ ေက်ာျပင္
ကိုႀကည့္ျပီး...က်ေတာ္ေက်နပ္စြာျပံဳးမိသည္
ဟိဟိ စက္ဘီးနဲ႔ေက်ာင္းသြားရင္
လမ္းေလွ်ာက္စရာမလိုေတာ့ဘူး။အမွန္ေတာ့
ေက်ာင္းကို ကားစီးသြားရင္လည္းရသည္။
ကားခသက္သက္မေပးေသာ မားေႀကာင့္မုန္႔ဖိုးထဲ
ကားခ ပြန္းလို႔ လမ္းပဲေလွ်ာက္တာ။ခုေတာ့
စက္ဘီးေလးနဲ႔ ေအးေဆးပဲ။

""ဟဲ့ ေစာနက စက္ဘီးနဲ႔တစ္ေယာက္ကဘယ္သူ
လဲ?""

ဘယ္တုန္းတည္းကက်ေတာ့္လိုက္ႀကည့္ေနမွန္းမသိေသာ ႏွင္းႏုေဖြးသည္ဘယ္ေလာက္မ်ားစပ္စု
ခ်င္သလဲဆို က်ေတာ္တက္လာတာကိုတံခါးဖြင့္
ေစာင့္ျပီးေတာ့ကို စပ္စုတာ

""ငါ့ Ferry""

ဟုတ္တယ္။တစ္ခြန္းပဲေျပာျပီး ကိုယ့္အခန္းထဲ
ကိုယ္ဝင္လာလိုက္တယ္။
ဒါနဲ႔နက္ျဖန္တကယ္လာမွေခၚပါ့မလားေလ???

Thank You All

(Unicode)

/

/

/

တစ်နေ့တာဆိုင်ဝင်ငွေစာရင်းနဲ့
မနက်ဖြန်အတွက်ဈေးဝယ်စာရင်းတွေလုပ်နေ
သောမားမားအား နောက်မှနေ၍ဇက်ကြောဆွဲပေးနေစဉ်...

""နေ့လည်ကလေ သားတို့ကျောင်းက
ကလေးတစ်ယောက်ကို မားထမင်းခေါ်ကျွေးလိုက်သေးတယ်"
ဟူ၍မား စကားစလာသည်။ပါပါးကတာဝန်ကျရာ
နယ်သို့ရောက်နေတာကများ၍ ကျတော်သည်သာ
မားရဲ့ တစ်ဦးတည်သေားထွေရာလေးပါးစကားပြောဖော်ပင်။သားအမိ၂ယောက်ကလည်းခုလို
ချိန်မှာသာ ဆုံဖြစ်တတ်ကြ၍
ဆိုင်သိမ်းပြီးချိန်ဆို စာရင်းတွက်ရင်း မားနဲ့
ကျတော်စကားစမြည်ပြောဖြစ်ကြသည်။
ဆိုင်စာရင်းတွေကို ကျတော်နားမလည်သေးပေမယ့် မားကိုတော့ ဇက်ကြောဆွဲပေးရင်းနဲ့သာကူညီညာပေးဖြစ်၏။
ဒါလည်းမားအတွက် ပီတိဖြစ်စေတယ်မလား?
ပုံမှန်ဆို မားပြောပြတာတွေကိုသာနားထောင်
သမားလုပ်တတ်ပေမယ့် ခု
ကျတော်တို့ကျောင်းကဟူ၍ ချက်ချင်းစိတ်ဝင်
စားသွားရတော့၏

""ဘယ်သူ့ကိုလဲ?"'

"ဝယ်သူတွေကျလာတာတဲ့ မားလည်းသူ့နာမည်
တော့မမေးဖြစ်လိုက်ဘူး။သားတို့ ၆ Aတန်းကပဲ
သနားပါတယ် ကလေးက ထမင်းဆာနေလို့
ဆိုင်ရှေ့လေးမှာရပ်ငေးနေတာ..."

၆တန်း Aခန်း။ထမင်းဆာလို့ဆိုင်ရှေ့ရပ်ငေးနေ
တယ်ဆိုတည်းက ခေါင်းထဲဘယ်သူဆိုတာတန်း
ပေါ်လာတာ...ဟိုလောရှည်ကောင်လား?

""ဘယ်လိုပုံစံလဲ မား?"

"အသားညိုညိုအရပ်ရှည်လေးနဲ့။ပုံစံလေးက
လူကြီးလေးလိုပဲ။ပြီးတော့ သူပြောပုံအရ မိထွေးနဲ့နေရတယ်ထင်တယ်ဲ။ကလေးတွေလည်း
သနားပါတယ်။အဖေတွေကလည်းစီးပွားထွက်ရှာ
နေရတာနဲ့ နောက်မှာ ကို့ကလေးမိထွေးနဲ့ဘယ်လို
ကျန်ခဲ့ရလည်းမသိ...သားသိလားသူဘယ်သူလဲ
ဆိုတာ"

သေချာပါပြီလေ။အရပ်ရှည်ရှည်အသားညိုညိုနဲ့
လူကြီးပုံဖမ်းတယ်ဆိုတည်းက...မိထွေးဆိုသည့်
ဝေါဟာရကြောင့် ကျတော့်စိတ်ထဲလေးလံသွား
ရ၏။နောက်ပြီး မသေချာပေမယ့် ဟိုကောင့်ကို
သနားလာလိုလိုပဲ။

"မိထွေးနဲ့ နေတယ်လို့သူပြောတာလား?"

"အဲ့လိုတော့ မပြောဘူး။မေမေလေးလို့ခေါ်နေလို့...မားထင်တာ ကလေးလက်ထဲပိုက်ဆံထည့်ပေးပြီးနင့်ဝမ်းနင်ရှင်းဆိုတဲ့ပုံစံနဲ့
ထားခဲ့တာနေမှာ...ဟိုနေ့တွေတည်းက ပိုက်ဆံ
ံ၁ထောင်တန်လေးကိုင်ပြီးသူတစ်ယောက်
တည်းလာလာစားနေကျ။
မားသူ့ကိုသတိထားမိတာ။ဒီနေ့တော့
သူ့ပိုက်ဆံပျောက်သွားလို့ မစားတော့ဘူးလုပ်နေ
တာ။သူ့ မေမေလေးကဘယ်အချိန်အိမ်ပြန်လာ
မယ်မသိပဲ ကလေးတစ်နေကုန်ငတ်နေမှာစိုးလို့
ခေါ်ကျွေးလိုက်တာ..."

"အဲ့ဒါ သားတို့အခန်းထဲက...ပိုက်ဆံကလည်း
ပျောက်သွားတာမဟုတ်ဘူး ၈တန်းတွေလုသွား
တာ"

"ဟင်!ကျောင်းသားအချင်းချင်းကို လုတာက
တော့မကောင်းပါဘူး။သနားပါတယ်။
သားက သိရင်လည်းဆရာမတွေကိုတိုးတိုးတိတ်
တိတ်သွားတိုင်ပေးလေ။နေ့တိုင်းအဲ့လိုအလုခံနေ
ရရင်ဘယ်ဟုတ်တော့မလဲ?"

"တိုင်ပေးထားတယ်..."

ကျောင်းကလူတွေ အထူးသဖြင့်ကောင်းဆက်စံ
ကိုပင် မပြောမိသော ကိစ္စကို တစ်ဦးတည်းသော
ရင်ဖွင့်ဖော် မားအား ပြောပြလိုက်သည်။

"အင်း သားနဲ့သိလည်း ကူညီလိုက်ပါသားရယ်
သူ့ပုံစံလေးကြည့်ပြီး မား သနားနေတာ။ရန်ကုန်
ကလည်းဟုတ်ပုံမရဘူး"

"မန်းလေးက ပြောင်းလာတာ"

"ဟုတ်လား?ကျောင်းပြောင်းလာတော့ ဒီမှာ
လည်း သူငယ်ချင်းဘာညာလည်းရှိမှာမဟုတ်ဘူး
သားက ဒုတိယအတန်းခေါင်းဆောင်ဆို။သူ့ကို
ဂရုစိုက်ပေးပေါ့ကွ။သူငယ်ချင်းလည်းလုပ်ပေးပေါ့"

"ဟာ...သူ့သူငယ်ချင်းမဖြစ်ချင်ပါဘူး။ပုံစံက ထုံပေပေနဲ့။စာလည်းမတော်ဘူး။ဟိုလက ဘာသာစုံကျထားတာ"

""ချန်းလေးကိုမားဘာပြောဖူးလဲ?လူတွေကိုခွဲခြား
ခွဲခြားမဆက်ဆံရဘူးလို့ ပြောထားတယ်လေ။သား
အဲ့လို မာနကြီးနေလို့ သားကို ကောင်းကောင်းက
လွဲပြီးဘယ်သူ့မှမပေါင်းတာပေါ့"

မေမေပြောတာမှန်နေပေမယ့် ကျတော်အထွန့့်တက်ကြည့်မိသည်

"သားက တစ်တန်းလုံးနဲ့ သိပါတယ် မားရဲ့။ပြီး
တော့...လူကရွေးပေါင်းရမှာပေါ့။စာညံ့တဲ့လူနဲ့
ပေါင်းပြီး သား ပါ စာညံ့သွားရင်ဘယ်လိုလုပ်မလဲ"

"ဒါ သားညံ့ရင်တော့ ဖြစ်မှာပဲလေ။အတူတူလိုက်
အညံ့ခံမလား ဒါဆိုသားညံ့တာ။ညံ့နေတဲ့လူကို
စာလုပ်ချင်လာအောင် ကိုယ်က ဖေးမဆွဲခေါ်ပေး
နိုင်ရင်...ဒါ ကိုတော်တာပဲ။သူသာ တကယ်ကြိုး
စားလာရင် ကိုယ့်အတွက်ပြိုင်ဖက်ကောင်းတောင်
ဖြစ်လာအုံးမှာ။မား ပြောတာမဟုတ်ဘူးလား??""

မားမားသည် တက္ကသိုလ်မယ်ဖြစ်ခဲ့ဖူးသူ
ရယ်လို့မပြောရ။အဖက်ဖက်မှ ထူးချွန်နေ၏။တိုင်းရင်းသူသာဆိုတယ်...မေမေကစာတွေ
အများကြီးဖတ်တတ်လို့လားမသိစကားလည်း
ကြွယ်လှ၏။် မားကကျတော့်ရဲ့ စံပြပင်။ခုလည်း နည်းလမ်းတကျဆိုဆုံးမမှုကြောင့် ကျတော်ခွန်းတုံ့လှည့်စရာ စကားလုံးမရှိ။မား ပုခုံးသားဖြူဖွေးဖေးွကိုသာအားစိုက်နှိပ်ပေးနေမိသည်။နှုတ်ခမ်းကတော့အလိုလိုဆူမိထား၏။ဒါ ဟိုကောင့်ကြောင့်...

ကျတော့်ရဲ့ မာနကြီးကာ အပေါင်းအသင်းဝင်မဆံ့
ခြင်းအပေါ်သဘောမကျတတ်သော မားက ဆက်
လက်ဆုံးမတော့သည်

""ချန်းလေးစဉ်းစားကြည့်။ကောင်းကောင်းက
သားနဲ့ တစ်သက်လုံးအတူတူနေရချင်မှနေရမှာ
လေ။ကောင်းကောင်းသာ တစ်နေရာရာပြောင်း
သွားကြည့် သားအနားကောင်းကောင်းလိုအနီး
ကပ်ပေါင်းမယ့် သူငယ်ချင်းဘယ်မှာလဲ??""

""သား ပိုင်သုတ နဲ့မှ သူငယ်ချင်းမဖြစ်ချင်တာ""

""ဟော်တော့ ထွက်လာပြီ။ဟိုကလေးနာမည်
တောင်သိနေတာကို။သားရယ် ကူညီပေးလိုက်ပါ
သူငယ်ချင်းကောင်းဆိုတာ အဲ့လိုတစ်ယောက်
အားငယ်ေနေချိန်မှာ တစ်ယောက်ကအားပေး
ရင်းနဲ့မှ သူငယ်ချင်းကောင်းတွေဖြစ်လာတာ။ခု
မပေါင်းရသေးပဲနဲ့ အပေါ်ယံကိုပဲကြည့်ပြီးမဆုံး
ဖြတ်ရဘူးလေ။ပြီးတော့ ခုနေသားသာကူညီပေး
လို့ သူစာရလာကြည့်။သူက...ကောင်းကောင်း
ထက်တောင် သားအပေါ်အနွံတာခံလိမ့်မယ်။""

""မားက အတင်းကြီးကို ပေါင်းခိုင်းနေတာပဲ
သူ့ဖောက်သည်ဆိုတာနဲ့...""

နှုတ်ခမ်းဆူပွပွနဲ့ မကျေမနပ်ပြောမိသောကျတော့်
ကို မား ကလှည့်ကာကြည့်ရင်း ပါးချိုင့်နှစ်ဖက်
ထင်းထင်းကြီးခွက်သွားအောင် ရယ်ပြီး...

""မား ဖောက်သည်မို့လို့ပြောတာမဟုတ်ပါဘူး
နဂျီလေးရာ။သူ့ပုံစံလေးကိုက လူကြီးလေး
လိုပဲ ချစ်ဖို့ကောင်းလို့ပါ။ဆိုးမယ့်ပုံလည်းမဟုတ်
လို့ မားက သူငယ်ချင်းလုပ်ခိုင်းတာပါ""

ကြင်ကြင်နာနာနဲ့ နွေးနွေးထွေးထွေးနေတတ်
်သောမေမေသည် ကျတော့်အား သည်းသည်း
လှုပ်ချစ်မပြတတ်ပေမယ့်...ခုလိုချစ်စနိုးနာမည်
လေးတွေနဲ့ သူ့စကားကိုလက်သင့်ခံချင်လာ
အောင် ချော့ကာမော့ကာနဲ့သိမ်းသွင်းစည်းရုံး
တတ်သေး၏။

""မားကလေ မားသားကို အားလုံးနဲ့ချစ်ချစ်ခင်ခင်
နေတတ်ပြီး ကူညီတတ်တဲ့ ကလေးတစ်ယောက်
ဖြစ်စေချင်တာ...ခု မားသားက မားနဲ့မတူဘူး
မင်း...ပါးပါးလိုပဲ သိပ်မာနကြီးတာ""

Miss Universeဘဝနဲ့ ကမ္ဘာကြီးကိုအကျိုးပြု
ချင်တယ်ဟု အိပ်မက်မက်ခဲ့ဖူးသော မားသည်
လူတိုင်းအပေါ်မေတ္တာထားတတ်လွန်းသူ။ခုလည်း
ကြည့် ဟိုလောရှည်ကောင်ကိုသနားနေတာ။
မိထွေးနဲ့ နေရတာကိုကြားပြီးကျတော်လည်း
သနားချင်လာတယ်။ခါတလေ မားနဲ့အတူထိုင်
ကြည့်ဖြစ်သော ကိုရီးယားကားများတွင်ပါတတ်
သော မိထွေးတွေ ဘယ်လောက်ဆိုးလည်း
ကျတော်သိထားတော့ လောရှည်အစားကျတော်
ကျောချမ်းသွားရသည်။

ဘာပဲဖြစ်ဖြစ် သူ့ကို ကောင်းကောင်းမွန်မွန်ပြော
ကြည့်အုံးမယ်။စာတွေဘာတွေလိုက်ရေးဖို့...
တော်ကြာသူမားဆိုင် မှာစားချိန် မားက ကျတော်နဲ့ခင်လားမေးနေရင် ဟိုတစ်ခါစာစီစာကုံးရေးပေးတဲ့
ကိစ္စပြောလိုက်ပါက ကျတော်အရှက်ကွဲပြီပဲ။
ဘာလို့ဆို ဒီတစ်ခါ စာစီစာကုံးဝင်ပြိုင်ရမယ်ပြော
ထားလို့ မား ကတော်တယ်လို့ချီးကျူးပြီး ကျတော်
ကြိုက်တဲ့ ကွတ်ကီးတောင်အထုပ်ကြီးတစ်ထုပ်
ဝယ်ကျွေးထားတာ။
အိမဖြစ်ဘူး။ဟိုကောင့်ကို နှုတ်ပိတ်ထားမှ...

""ဟုတ်။သား သူနဲ့ ခင်ကြည့်ပါ့မယ်""

""ဒါပေါ့။မား က လူဆိုးလေးလားလူကောင်းလေး
ခွဲတတ်ပါတယ်။သူ့နာမည် ဘယ်သူ...""

""ပိုင်သုတ""

""အင်း အဲ့ ပိုင်လေးက လူကောင်းလေးပါ။နာမည်ကိုက စာတော်မယ့်နာမည်လေး""

မားက လူမျိုးစုံနဲ့ ကြုံခဲ့ဆုံခဲ့ဖူးသူမို့ မား
အထင်နဲ့အမြင်ကမလွဲတတ်ခဲ့။ဟုတ်တယ် ပိုင်သုတ ဆိုတဲ့အကောင်က စာစီစာကုံးတောင်
၄၅မိနစ်လောက်နဲ့ အပြီးရေးနိုင်ထားတာဆိုတော့
ကျတော် ဘာမှဆက်မပြောဖြစ်တော့ပဲ...မားကို
ရှီခိုးပြီးအိပ်ရာဝင်လိုက်တော့၏။

စိတ်စွဲသွားလို့လားမသိ အဲ့နေ့ညက အိပ်မက်ထဲ
ကျတော် စာစီစာကုံးပြိုင်ပွဲမှာ ဖြေနေတုန်းဟိုကောင်...
ကျတော့်ဖြေနေတဲ့ စာရွက်ကြီးကို တဗြစ်ဗြစ်နဲ့
လာဆွဲဖြဲလို့ အော်ငိုလိုက်ရတာဆိုတာ...လန့်နိုး
လာတော့မောနေကော။တော်သေးအိပ်မက်မို့လို့
အပြင်မှာဆိုတစ်ခုခုထိုင်လုပ်ပစ်လိုက်မယ့်
ကျတော်က အိပ်မက်ထဲပိုင်သုတ ကိုပဲကြည့်ပြီး
ငိုနေတာတဲ့။
ပိုင်သုတဆိုတဲ့အကောင်က အိပ်မက်ထဲထိလိုက်
ဒုက္ခပေးတဲ့အကောင်။

အိပ်မက်မကောင်းလို့မှုန်တေတေနဲ့ဖြစ်နေသော
ကျတော့ကို နှင်းနုဖွေးပိန်ညှောင်ရိုးကလာပြီး
ကျောင်းသွားခါနီးလာ ခနဲ့သေးတယ်

""ဟဲ့ ချန်း...နင် စာစီစာကုံးဝင်ပြိုင်ရမယ်ဆို။ဟက်, နင်အရွေးခံရ ရင် ငါနဲ့ Fightရမှာနော်။
သိလား??""

""အဲ့တော့??""

""သြော် ရှုံးရင်မငိုကြေးလို့ ခ်ခ်""

""ငိုရအောင် ငါကမိန်းမလား။""

ပြောပြီးလှေကားကနေ ခြေသံပြင်းအောင်တမင်
နင်းရင်း ဆင်းလာခဲ့လိုက်တယ်။

""တွေ့မယ်။ငါဆုရမှသူ့ အိမ်မှာသွားထားပစ်မယ်"

ကျောင်းရောက်တော့လည်း အမြင်မတော်တာ
တွေသိပ်သိပ်လုပ်တဲ့ ကောင်းဆက်စံကြောင့်
ဟိုနေ့ညက စိတ်ကောင်းဝင်နေတဲ့စိတ်ကပျောက်
ချင်ချင်။
ပိုင်သုတ မစားဘူးလို့ ငြင်းနေတာတောင်သူ့
ကုလားထိုင်ကိုရအောင်ရွှေ့ပြီး ပိုင်သုတမျက်နှာ
ချင်းဆိုင်မှာသွားထိုင်ပြီး ထမင်းအတင်းကျွေးလေ
ရဲ့။သူ ကမှ မားမားသားဖြစ်ရမှာ။အတင်းကရော
ကူညီချင်နေတာ

သူ့ကြောင့်ပိုင်သုတ အပြင်ထွက်စားစရာမလို
တော့...အပြင်မထွက်တော့ ဟို၈တန်းတွေပိုက်ဆံ
လုမလု ကျတော်မသိရ့။မနေ့က သွားတိုင်
ပေးထားတာ အကြောင်းထူးမထူး နောက်မှ
ဆရာမ မေးကြည့်ရတော့မယ်။
-
-
-
""မင်း စာလိုက်ရေးနော် ပိုင်သုတ""

ပထဝီအပုဒ်တိုတွေခေါ်ခါနီး ကျတော့်လှည့်ပြော
တော့ အိပ်ချင်မပြေသေးတဲ့ မျက်လုံးတွေနဲ့ကြည့်
၏။

""မင်း ငါ့နား ထိုင်ပြီးစာမလိုက်ရေးတော့ အနောက်တန်းက ကောင်တွေကပါ လိုက်မရေး
ဘူးလုပ်နေပြီ။လိုက်ရေး ကြားလား??""

ဘာဆက်ပြောမလဲဟူသော ပုံစံနှင့် ဘုကြည့်ကြည့်ပေးလိုက်တော့...ကျောပိုးအိတ်ထဲ
က စာအုပ်တစ်အုပ်ထုတ်၏။နောက်ဘောပင်လိုက်
ရှာနေတာ အကြာကြီး...စိတ်မရှည်တော့တာနဲ့
ကိုယ့် Bossရေမွှေးဘောပင်ပဲ ငှားလိုက်ရတော့
တယ်။
လိုက်ရေးတာလည်း စိတ်ပါသလိုလိုမပါသလိုလိုနဲ့

စာအုပ်ထပ်ဖို့ လိုက်ကောက်တော့ နာမည်မထိုး
ထားတဲ့ သူ့စာအုပ်ရှေ့ကျတော်ပဲ နာမည်ထိုးပေး
လိုက်ပါတယ်။နောက်မို့ဆို ပထဝီဆရာမက နာမည်မတပ်ထားရင် မောင်ခွေးဆိုပြီး အတန်းထဲ
လာခေါ်မှာ။အစက ခံနေရပါစေဆိုပြီး ပစ်ထားအုံးမလို့ပဲ...မားစကားတွေကြောင့်ရေး
ပေးလိုက်ပါတယ်လေ။

ရေစက်ဆိုတာ ဆုံချင်ရင်~~ကို့အမေက သူ့ဘက်
တော်သားဖြစ်သွားတာမျိုး

ညနေ ကျူရှင်ဆင်းရင် မားဆိုင်ခဏဝင်ခဲ့အုံးလို့
မားမှာခဲ့လို့ အိမ်တန်းမပြန်ပဲဆိုင်ကိုဝင်မိပါတယ်
ကို့ အမေအလုခံလိုက်ရသလိုကို ခံစားသွားရတာ
ဒီကောင်နဲ့ မား ဘယ်လောက်ထိခင်သွားတာလဲပဲ
ကျတော်တောင်တစ်ခါမှ မလုပ်ဖူးတဲ့ စားပွဲထိုးအလုပ်ကို အဲ့ကောင်က
လုပ်ပေးနေတာ~~

""မား ၂၄၀၀ယူမယ်""

အသံထွက်တတ်တယ်။အော်တတ်တယ်။ပြီးတော့
သူရယ်တတ်တယ်။ဟုတ်တယ်ပိုင်သုတရယ်တတ်တယ်။စားပွဲထိုးရင်း
စားသုံးသူတွေကိုရယ်ပြနေတာ။
ပါးချိုင့်တွေ...ကျတော်အမြင်မမှားဘူး ပိုင်သုတ
မှာ မားဆီကနေ ကျတော်လိုချင်ခဲ့တဲ့ ပါးချိုင့်တွေသူ့မှာရှိနေတယ်။

""ဟာ သားရောက်လာပြီ""

ဆိုင်ရှေ့ကြောင်ငေးရပ်နေသော ကျတော့်အား
မား လှမ်းခေါ်တော့...ကျတော်ရှိရာသို့ပြန်ကြည့်
လာ၏။အံ့သြသွားပုံပဲ။မားသည် သူ၏တစ်ဦးတည်းသော သူ့သားဖြစ်သူ ကျတေ်ာ့
နာမည်ကိုပင် မပြောထားဖူးလေလားလေ

""သား...လာလေ။ပိုင် ဒါ မားရဲ့ နဂျီကောင်လေး
ပေါ့""

ဒီတစ်ခါ အံ့သြနေတာ ပိုင်သုတပါ။သူမထင်ဘူး
လား??မားနဲ့ ချွတ်စွတ်တူနေတဲ့ အင်းးမားလို
ပါးချိုင့်တွေမပါပေမယ့်လို့ မားကိုမြင်ဖူးထားတဲ့လူတိုင်းကျတော့်ကိုမြင်တာနဲ့
မားသားမှန်းသိကြတာကို။

""တစ်ခန်းထဲသားချင်းပဲ သိနေတယ်မလား??
သားပိုင်က ဟိုနေ့က မားထမင်းကျွေးလိုက်လို့
ဆိုပြီး ခုဆိုင်မှာလာကူနေတာ။""

ကျတော်တို့နှစ်ယောက် တစ်ယောက်
်ကိုတစ်ယောက်ကြည့်နေတာက လွဲ၍ဘာမှ
လုပ်စရာမရှိသလိုပဲ။ဘာပြောလို့ပြောရမှန်းလဲမသိ
ဘယ်လိုကြောင်တောင်တောင်နိုင်လိုက်သလဲလေ

""သားအိမ်ပြန်ရင် ဒါလေးယူသွား။သားပိုင်လည်း
ထည့်သွား။အိမ်မှာစားပေါ့""

ဆိတ်သားပတ်စ်မုန့်တွေ။ဒါကျတော်အရမ်းကြိုက်
တဲ့မုန့်တွေပေါ့။ဗညားဒလလမ်းပေါ်က ဝယ်လာ
တာပဲ

""အန်တီမာ လာလည်ရင်းသားစားဖို့ဝယ်လာတာ
တဲ့""

အင်!!ကျတော် စားမယ့်မုန့်တွေကိုသူ့ခွဲပေးလိုက်
ရတာ။ပိုင်သုတကတော့ ဆိတ်သားပတ်စ်ထည့်
ပေးထားသော ကြွတ်ကြွတ်အိတ်ကိုကိုင်ထား
သည်။မားပေးတာကိုလည်းမစားဘူးလို့မငြင်းပဲ
ယူထားတာ။
လှမ်းမြင်နေရသော မုန့်၂ခုကိုတမျောတသ
စွာကြည့်နေသော ကျတော့်အား မားက

""သား အိမ်ပြန်မယ်ဆို သားပိုင်စက်ဘီးနဲ့လိုက်
သွားလေ။သားပိုင် ခေါ်သွားလိုက်နော်။နိုင်လား
မားသားကို။""

""သား နောက်ကမစီးရဲဘူးမား""

ပိုင်သုတ နိုင်တယ်လို့အဖြေမထွက်ခင်ကျတော်
ကြားဖြတ်ဝင်ပြောလိုက်တော့၏။ဟုတ်တယ်
ကျတော်တကယ်လည်းကြောက်တယ်

""မန်းလေးသားတွေစက်ဘီးစီးရှယ်ကျွမ်းတာကို
နော် သားပိုင် ဟုတ်တယ်မလား??""

""သား ခေါ်သွားပါ့မယ် မား""

စိတ်ချလက်ချ လွှတ်နိုင်တာအံ့သြလိုက်တာ။
မြို့လည်မှာ လူဖြစ်လာတဲ့ကျတော်ကစက်ဘီးဆို ကိုယ်တိုင်လည်းမနင်းတတ်သူများနောက်က
လည်းလိုက်မစီးဖူးဘူး။

""တကယ်နိုင်တာလား??""

နောက်ခုံပေါ်တက်ထိုင်ပြီး မယုံမရဲပေးတော့

""အင်းနိုင်တယ်။ငြိမ်ငြိမ်တော့ထိုင်""

ခုန်မတက်ရဲသော ကျတော့်ကို စက်ဘီးနောက်ခုံ
ပေါ်တင်ထားပြီးမှ စနင်းရတာကျတော့်အတွက်
အဆင်ပြေပေမယ့် သူ့အတွက်တော့ အင်းအဲနဲ့

""မားပြောတာတော့ ကျောက်ရေတွင်းမှာနေတာ
ဆို။ငါသေချာမသိလို့ပြောပြအုံး""

အော်ဟော် ငါ့အမေကိုများ မားတဲ့လား??
နောက်ကနေ ဖနောင့်နဲ့ တက်ပေါက်ချင်တယ်။
သို့ပေမယ့် ဟိုကွေ့ဒီချိုးနဲ့လမ်းညွှန်နေရ၍ရန်
စကားတော့ မပြောဖြစ်တော့။လမ်းမကြီးမှာသာ
ကားနည်းနည်းရှိပေမယ့် လမ်းသွယ်တွေက
ကားရှင်း၍ စက်ဘီးစီးလို့ကောင်းသည်။ဒါပထမ
ဆုံး စက်ဘီးစီးဖူးခြင်းပင်။စီးလို့ကောင်းလိုက်တာ
မနက်တိုင်းလမ်းမလျှောက်ရပဲ စက်ဘီးနဲ့သွား
ရပါက...

""ဒီတိုက်လား??""

""အာကျော်သွားပြီကွ။နောက်ပြန်ကွေ့""

""အဲ လမ်းလျှောက်သွားလို့ရနေပြီမလား?""

သောက်ပျင်းကောင် နောက်လေးနည်းနည်းပြန်
ကွေ့ရတာကို...ကျတော်တကယ်စက်ဘီးစီးရတာ
ကိုကြိုက်တယ်။ထပ်ထပ်စီးချင်နေတာကော

""ဟိုနေ့က ငါ့မား ထမင်းကျွေးလိုက်တယ်ဆိုတာ
မင်းလား??""

သိမ်ငယ်သွားလည်းမတတ်နိုင်ဘူး။မေးစရာရှိတာ
တော့မေးရမယ်

""အင်း။မား ခေါ်ကျွေးတာ""

""ငါ့ မားချက်တာတကယ်ကြိုက်တာလား?""

""အင်း...""

ခပ်တိုးတိုးနဲ့ပြန်ဖြေသည်။ကျောင်းကလိုထုံပေပေ
ပုံစံတော့မဟုတ်။အပြင်အကျီ ၤနဲ့မို့ တစ်မျိုးဆန်း
နေတယ်။ဒီကောင်က ဘာလဲ??Short panတွေဘာတွေနဲ့Rapperပုံစံဘာလိုလိုနဲ့

""ဒါဆို ငါထမင်းချိုင့်ပိုထည့်လာမယ်။မင်း ငါနဲ့
အတူတူစားမလား??""

""ငါ သူများထမင်းအလကားမစားချင်ဘူး""

""မနက်ကတော့ ကောင်းဆက်စံဆီက ကပ်စား
ပြီးတော့များ...""

ဖြတ်ခနဲကျတော့်ကို မျက်လးုံူလှန်ကြည့်သည်။
ဘာလဲ မာနထိသွားတာလား??

""သူ ထမင်းမကုန်ရင် အရိုက်ခံရမယ်ပြောလို့
စားလိုက်တာ...ငါ သူများဆီက အလကားမစား
ချင်ဘူး""

""မင်းကိုလည်းငါက အလကားမကျွေးပါဘူး
မင်း မနက်တိုင်း ငါ့ကိုစက်ဘီးနဲ့လာကြိုလေ။
ငါစက်ဘီးစီးရတာ ကြိုက်သွားပြီ။ကျောင်းကိုစက်
ဘီးနဲ့သွားချင်လို့...ဘယ်လိုလဲ??""

ချက်ချင်းအဖြေမပေးပဲ ငိုင်နေပြီးမှ

"အင်း ငါလာခေါ်မယ်။ဘယ်အချိန်လာခေါ်ရမလဲ"

""မနက်စောလေ ကောင်းလေ ဒါမှကားရှင်းမှာ""

""အင်း။ဒါဆို ငါသွားပြီ""

တဖြည်းဖြည်းဝေးသွားသော ပိုင်သုတ ကျောပြင်
ကိုကြည့်ပြီး...ကျတော်ကျေနပ်စွာပြုံးမိသည်
ဟိဟိ စက်ဘီးနဲ့ကျောင်းသွားရင်
လမ်းလျှောက်စရာမလိုတော့ဘူး။အမှန်တော့
ကျောင်းကို ကားစီးသွားရင်လည်းရသည်။
ကားခသက်သက်မပေးသော မားကြောင့်မုန့်ဖိုးထဲ
ကားခ ပွန်းလို့ လမ်းပဲလျှောက်တာ။ခုတော့
စက်ဘီးလေးနဲ့ အေးဆေးပဲ။

""ဟဲ့ စောနက စက်ဘီးနဲ့တစ်ယောက်ကဘယ်သူ
လဲ?""

ဘယ်တုန်းတည်းကကျတော့်လိုက်ကြည့်နေမှန်းမသိသော နှင်းနုဖွေးသည်ဘယ်လောက်များစပ်စု
ချင်သလဲဆို ကျတော်တက်လာတာကိုတံခါးဖွင့်
စောင့်ပြီးတော့ကို စပ်စုတာ

""ငါ့ Ferry""

ဟုတ်တယ်။တစ်ခွန်းပဲပြောပြီး ကိုယ့်အခန်းထဲ
ကိုယ်ဝင်လာလိုက်တယ်။
ဒါနဲ့နက်ဖြန်တကယ်လာမှခေါ်ပါ့မလားလေ???

Thank You All

Bạn đang đọc truyện trên: ZingTruyen.Xyz