အပိုင်း ၆
Unicode
--------------------------------------------------------------------------------------------------------------------------------
အပိုင်း(၆)
ပိုင်သုတ...
၄၅မိနစ်စာ မရပ်မနားရေးလိုက်ရ၍ လက်ထိပ်တွေတောင်နာနေ၏။ စာမရေးတာကြာလို့ဖြစ်မယ် ။ ကျွန်တော်
အိပ်နေတာကို ပူညံပူညံလုပ်နေတဲ့ ဟိုကောင်းလေးနှစ်ယောက်ကြောင့်...
သူတို့၂ယောက်ကတပူးပူးနဲ့ မိန်းကလေးတွေအတိုင်းပဲ။ နှစ်ယောက်လုံးနားကနေ သနပ်ခါးနံ့တွေရတယ်။
နှစ်ယောက်လုံးကွက်လာတဲ့ပါးကွက်တွေကပါးအပြည့်။ ကျွန်တော်လည်းမန်းလေးမှာနေတုန်းက ကျောင်းသွားရင်
သနပ်ခါးများပြည့်နေလို့ ဆောင်းတွင်းဆို သနပ်ခါးထူထူကြောင့် ပါးကြီးတွေ တင်းနေတာများ
ပါးစပ်တောင်ဟလို့ မရဘူး။ အဲ့လိုလိမ်းခဲ့တာ ဒါပေမဲ့... သူတို့လိမ်းထားတဲ့ပုံက မန်းလေးမှာနေတုန်းက
ကျွန်တော့်ကို ကြီးကြီးမေ လိမ်းပေးတာနဲ့ကိုမတူတာ။ ကောင်းဆက်စံဆိုတဲ့ ကောင်လေးဆို ငှက်ရုပ်တို့
ပန်းပွင့်ပုံတို့ ဘာတို့တွေတောင်ပါးပေါ်တင်လာတာ။ အဲ့ဒါကို ချန်းငြိမ်းအောင်ဆိုတဲ့ အာပြဲနဲ့ငိုယိုတတ်တဲ့
တစ်ယောက်ကပါ မင်းဟာလှတယ်ဘယ်လိုလိမ်းရတာလဲ။ ဘာလဲညာလဲနဲ့ စူးစမ်းမေးမြန်းလုပ်နေသေးတာ။
အခြေအနေကောင်းရင် သူပါလိုက်ဒီဇိုင်းထွင်မယ့်ပုံပဲ။ ဒါတွေ ကျွန်တော်က လိုက်နားထောင်နေတာ
မဟုတ်ပါဘူး။ ကောင်းဆက်စံကတော့ ကျွန်တော်မုန့်ဖိုးတွေအလုခံရတဲ့ နေ့က ထမင်းချိုင့်ဖွင့်ပြီးလာကျွေးသေး
တယ်။
"ဟို...ဟိုလေ မင်း...ထမင်းဆာရင်..." ဆိုပြီး တိုးတိုးလေးပြောပြီး လာကျွေးတာ။
ကျွေးသာကျွေးနေတာ သူ့ပုံစံက ကျွန်တော့်ကို ကြောက်နေပုံပဲ။ မျက်မှန်ဝိုင်းထဲက မျက်လုံးတို့တွင် ရွံ့တွန့်တွန့်
အမူအရာတွေနဲ့...
ဘေးနားက ချန်းငြိမ်းက ရှုတူတူနဲ့ မှုန်ကာကုပ်ကာကြည့်နေတာကို မျက်လုံးထောင့်ကနေ တွေ့နေရတော့
ကျွန်တော်ဘာမှမပြောဘဲ ဆက်ပဲ မှောက်အိပ်လိုက်တယ်။
ဂရုတစိုက်လာကျွေးသူ၏ စေတနာကိုမစော်ကားချင်ပေမဲ့ ချန်းငြိမ်းအောင် မှ မလိုလားတာ။
သူငယ်ချင်းအချင်းချင်း ကျွန်တော့်ကြောင့်တော့ စိတ်ဝမ်းမကွဲစေချင်ဘူး။
ဒီနေ့ကိစ္စတော့ ဝင်ပါမိလိုက်တာ ။ အစကတော့ ကိုယ့်ဘာသာကိုယ်နားအေးပါးအေး မအိပ်ရလို့ ခေါင်းထောင်ကြည့်ပြီး အော်မိရုံပဲ။ အခြေအနေအရ ချန်းငြိမ်းအောင်ကနေတာ့ နည်းနည်း အမြင်ကတ်ဖို့
တော့ကောင်းသား ။ ကောင်းဆက်စံက မှားကြောင်းတောင်းပန်နေတာတောင် စွပ်ကာစွဲကာနဲ့
မဲသဲရိုက်နှက်နေ သေးတာလေ။ ဒါနဲ့ သူ့စာရွက်တွေ ဆွဲဖြဲလိုက်တာ။ အစကတော့
ဒီအတိုင်း ထားလိုက်တော့မလို့ပဲ။ နောက်မှမျက်ရည်လုံးကြီးတွေတလိမ့်လိမ့်စီးကျလာပြီး ငိုတဲ့ပုံစံက မန္တလေးမှာ
ကျန်ခဲ့တဲ့ညီမလေးနဲ့ တစ်ပုံတည်းပဲ။ သူနဲ့မောင်နှမဆိုယုံမှာ။ သူလည်း ညီမလေးလိုမျက်လုံးဝိုင်းဝိုင်းကြီးတွေ
မျက်မှန်ထူကြီးကလည်း တပ်ထားရသေး။ အစက အမြင်ကတ်ကတ်နဲ့ စာရွက်တွေဆွဲဖြဲပြီးမှ သူငိုနေပုံကြောင့်
ညီမလေးကို သတိရသွားတာနဲ့ စိတ်ကောင်းလေး တစ်ခါ ပြန်ဝင်လာတာ။ နောက်တစ်ခုက ချန်းငြိမ်းအောင်က
ကျွန်တော့်ကိုအထင်သေးနေတာ ကျွန်တော်သိတာပေါ့။
ဘာသာစုံကျနေတဲ့ ကျွန်တော်နဲ့ ထိုင်ရတာကိုရှက်သလိုလိုဘာလိုလို ဖြစ်နေတာ...ကျွန်တော့်စိတ်ထဲ
ဒါကိုသိပ်မကြိုက်ဘူး။ ဒါနဲ့ ပညာနည်းနည်း ထုတ်သုံးလိုက်တာ။ ပိုင်သုတဆိုတာ မန္တလေးက
ကျောင်းမှာ အတော်ဆုံးကျောင်းသားဆိုတာကို သူမသိဘဲ ကျွန်တော့်လက်ရှိအခြေအနေကို ကြည့်ပြီး
ကျွန်တော့်ကိုအထင်သေးနေတာ။
အဲ့ကောင်လေးအကြည့်တွေကြောင့် သိမ်ငယ်သလိုပဲ။ သူကျွန်တော့်ကိုလှမ်းလှမ်းကြည့်တတ်တဲ့သူ့မျက်လုံးတွေက
အိမ်က ဖေဖေ့မိန်းမ ကျွန်တော် မိထွေး မေမေလေး ကြည့်တတ်တဲ့ အကြည့်တွေနဲ့တူတယ်။ မိထွေးဆီကနေ
တော့ အဲ့လိုများများကြည့်ခံရလေ ကောင်းလေပဲ။ ကျွန်တော်စာမေးပွဲတွေကျ စာမလိုက်နိုင်ဘူးဆိုတဲ့
အကြောင်းပြချက်နဲ့ မန္တလေးပြန်ပို့ရင်ကောင်းမယ်။ ဘာပဲပြောပြော ကြီးမေက ကျွန်တော့်ကို
ညီမလေးလောက်မချစ်ဘူးဆိုတာ သိပေမဲ့ ဖေဖေ့ မိန်းမလောက်မဆိုးဘူး။ ကြီးမေကဆူပူနေတတ်ပေမဲ့
ကျွန်တော်တို့မောင်နှမထမင်းမငတ်ဘူး။
မနက်ခင်းစာက စလို့ ညမိုးချုပ်တရေးနိုးဆာရင် ထစားလို့ရအောင် ငှက်ပျောသီး ဘီစကွတ် အစုံအလင်ကို
ဝယ်ထည့်ပေးထားတာ။ ဖေဖေ နောက်အိမ်ထောင်မပြုခင်တည်းက ဖေဖေနဲ့ ကြီးမေ ဆက်ဆံရေး
မကောင်းတော့ဘူး။ ကျွန်တော်က ကလေးမို့သိပ်မသိပေမဲ့ နားစွံနားဖျားကြားရပါများရလာတော့ နည်းနည်း
ရိပ်မိလာတယ်။ ကြီးမေရဲ့ မြေခွေးမဆိုပြီးခိုင်းနှိုင်းတာတွေ။ နင် လူမွှေးတောင်ပြောင်မှာမဟုတ်ဘူးဆိုတဲ့ဖေဖေ့ကို
ပြောခဲ့သော နမိတ်ဖတ်သံတွေဆိုတာ မကြားချင်မှ အဆုံးဖြစ်လာတာလေ ။
နောက်ပြီး ကြီးမေက ပြောတာရှိသေးတယ် ။မိထွေးဆိုဘယ်မိထွေးမှ မကောင်းဘူး။
ဘုရားမိထွေးတော်ကလွဲလို့တဲ့။ အဲ့ဒါကို အခုဖေဖေ့မိန်းမနဲ့တွေ့မှ လက်ခံချင်လာတာ။ ကြီးမေက ဒါတွေကို ကြိုသိလို့လည်း ဖေဖေနဲ့စကားအကြီးအကျယ် များကြတာဖြစ်မယ်။ ဖေဖေက သူ့နောက်အိမ်ထောင်ကို မန်းလေးအိမ်ကို ခေါ်တင်လာတဲ့နေ့မှာပဲ ကြီးမေက ဖေဖေ့ကို အိမ်ပေါ်က အပြီးဆင်းခိုင်းခဲ့တာ။
ကျွန်တော်အသစ်တော်ရမယ့် အမေကိုစ စတွေ့တုန်းက မမ လို့တောင်ခေါ်မိတာ။ တကယ်ငယ်ငယ်လေးရယ်။
ကျွန်တော်တို့ရဲ့ အမေအသစ်ဆိုတာ တကယ်သိမှမသိတာ။ ကျွန်တော်က မမလို့ခေါ်တာကို မေမေလေး
ကရယ်နေပေမဲ့ ကြီးမေကတော့နောက်ဖေးလည်းရောက်ရော ဗိုက်ခေါက်ဆွဲလိမ်တာ လူပါ လိမ်သွားသလိုပဲ။
မျက်ရည်တွေတောင်ဝဲတတ်တဲ့ထိ အီသွားတာ။
အဲ့ဒါစတိုင်ထုတ်လွန်းတဲ့ဖေဖေ့မိန်းမအသစ်ကြောင့်ဖြစ်ရတာတွေပေါ့...
ထမီတွေဘာတွေလည်းမဝတ်ဘဲ စကပ်တိုလေးနဲ့ မေမေတုန်းက မေမေက ထမီလေးနဲ့ပဲနေတာလေ။ ဒီ
မမကတော့ ကျွန်တော့်မျက်စိထဲ တော်တော်ဆန်းကြယ်တာ။ မိတ်ကပ်တွေလည်း ဖွေးနေပြီး ပုံစံကလည်း
ညီမလေးရဲ့ပိန်သေးမတွေနဲ့တူတယ်။
ဆံပင်တွေကလည်း ပိန်သေးမတွေရဲ့အရောင်ပဲ ဝါကြောင်ကြောင်တွေလေ။ မန်းလေးနေပူပူထဲသူ့ ဆံပင်
အရောင်ကြီးက ကြည့်ရတာ အဆင်မပြေပါဘူး ။
ကျုံးဘေးအားကစားလာ လာလုပ်နေတတ်တဲ့ Jie Jie (မမ) တွေကိုမြင်နေကျကျွန်တော့် မျက်လုံးထဲမှာတောင်
သူကဟော့ရှော့ဖြစ်နေတာ။ သနပ်ခါးဖွေးနေအောင်လိမ်းပြီး ဆံထုံးကြီးနဲ့ ရိုးရိုးကြီးနေတဲ့ကြီးမေဆို
ဘယ်လိုနေမလဲ စဉ်းစားကြည့်ပေါ့။ ဒါကြောင့်ပဲ ထင်တယ်။ ဖေဖေနဲ့နောင်ချိမ်ချကြတော့တာပဲ။
ဖေဖေ့ကို "ခွေးလုံးလုံးဖြစ်မယ်" လို့ ရင့်ရင့်သီးသီးပြောတဲ့ ကြီးမေကိုစိတ်ဆိုးတယ်။ ဖေဖေ့ကို အဲ့လိုတော့
မပြောသင့်ဘူး။ ကြီးမေကိုစိတ်ထဲ မကျေနပ်တာနဲ့ ဖေဖေရဲ့ "ဖေဖေနဲ့ ရန်ကုန်မှာလိုက်နေမလား" ဆိုတဲ့
ဆွယ်တရားထဲ ကျွန်တော်ပါလာမိတာ။ ကြီးမေ က ညီမလေးကိုတော့ ဖေဖေနဲ့ လုံးဝမထည့်ဘူး။
"ငါ့သမီးလေးကို မိထွေးလက်ထဲ အသက်တိုအောင်မလုပ်နဲ့" ဆိုပြီး ညီမလေးကို လုံးဝမလွှတ်တာ။
ကျွန်တော့်ကိုလည်းကြီးမေက မလွှတ်ပါဘူး။ အမြဲဆူပူနေတတ်တဲ့ကြီးမေက အဲ့နေ့ရန်ကုန်မလာခင်ညက
"သားကြီးမလိုက်သွားပါနဲ့။ သားကြီး အနေဆင်းရဲအစားဆင်းရဲလိမ့်မယ်။ ကြီးမေ ရှာကျွေးနိုင်ပါတယ်။
နင်တို့အဖေလို ပွဲရုံမပိုင်ပေမဲ့ ငါလည်းဈေးချိုထဲက ငါ့ဆိုင်ခန်းတွေက ရတဲ့လခရော ငါ့ရက်ကန်းစင်မှာ
ရက်ကန်းရက်ပြီး နင်တို့ကို လူတစ်လုံးသူတစ်လုံးဖြစ်အောင်ငါထားနိုင်တယ်" လို့ ကြီးမေငိုပြောတော့
ညီမလေးကပါ မသွားပါနဲ့ဆိုပြီး ငိုပြီးတာခဲ့တယ် ။ ကျွန်တော်လည်း ဒီအိမ်ကနေ မခွဲချင်တော့ဘူး။ ဒီအိမ်ထဲ
ကြီးမေ ၊ ညီမလေးရယ် ကျွန်တော်ရယ် သုံးယောက်အတူတူနေခဲ့ကြတာ။
"ငါနင့်ကို မိထွေးနဲ့စိတ်မချဘူးဟဲ့။ သူကခုမှ နှစ်ဆယ်ကျော်ပဲရှိသေးတာ။ အဲ့မိန်းမက မြွေဟောက်လိုလျှာနှစ်ခွနဲ့။
နောင်ဆို ဖအေရော သားပါ..."
အဲ့လောက်ပဲပြောပြီး ကြီးမေဆက်မပြောတော့ဘူး။ ကြီးမေဘာပြောချင်တာလည်းလဲ ကျွန်တော်မသိ။
တစ်ခါတလေ ကလေးဖြစ်နေတာတွေကို စိတ်ကုန်တာ အဲ့ဒါတွေပဲ။ လူကြီးတွေပြောသမျှ နားမလည်တာလောက်
အူကြောင်ကြောင်နိုင်တာ မရှိဘူး။
ကြီးမေဘယ်လောက်ငိုပြီးပဲ တားခဲ့တားခဲ့ ကျွန်တော်ဖေဖေနဲ့ အတူတူပါလာရတယ်။ ရန်ကုန်ရောက်မှ ကြီးမေ
တစ်ပိုင်းတစ်စနဲ့ရပ်ထားခဲ့တဲ့ ဖေအေရောသားပါဆိုတဲ့စကားနည်းနည်း ရုပ်လုံးပေါ်လာတယ်။ ဖအေတော့
မသိ သားဖြစ်တဲ့ကျွန်တော် ထမင်းငတ်ပြီလေ။ ရန်ကုန်စစရောက်ချင်း ကျွန်တော်ကျောင်းမတက်ရသေး။
ကျောင်းတက်ချင်ပြီး စာတွေလွတ်ကုန်မှာတွေးပူနေတဲ့ ကျွန်တော့်ကိုမေမေလေးက အဖတ်ကိုမလုပ်တာ။
ဖေဖေကလည်း ရန်ကုန်ပြောင်းပြီး တစ်ပတ်လောက်ပဲ အိမ်မှာနေတယ်။ အဲ့တစ်ပတ်တွင်းတော့ ပျော်စရာပဲ။
မေမေလေးနဲ့ ဖေဖေညဆို စားသောက်ဆိုင်တွေတက်စားကြတယ်။
ကျွန်တော်လည်းအခုမှ ရန်ကုန်ရောက်ဖူးတော့ အားလုံးကအသစ်အဆန်းပဲ။
ကမ်းနားလမ်းက စားသောက်ဆိုင်တဲ့။ ရေလည်မိုက်တာ။ မြစ်ကြီးကိုပါ မြင်နေရတာ။ မြစ်ဆို ကျွန်တော် တို့
စစ်ကိုင်းသွားတုန်းပဲလား တစ်ခါပဲ မြင်ဖူးတာ။ ကျွန်တော်ပျော်တာလေ။ ဖေဖေ့မှာပေးထားတဲ့
သက်သက်လွတ်အမြည်းတွေစားလိုက် view pointကိုငေးလိုက်နဲ့ ပျော်စရာကမ္ဘာလေးဟေ့ ဆိုပြီး
TVမှာကြော်ငြာတည်းက ရောက်ဖူးချင်လို့ ထွန့်ထွန့်လူးနေတဲ့ နေရာကို ရွှေတိဂုံဖူးပြီး လိုက်ပို့ကြသေးတယ်။
ညီမလေးကိုလည်း ခေါ်လာချင်ပေမဲ့ သူ့စရိုက်နဲ့က အဆင်မပြေဘူး။ ဖုန်းဆက်တော့မှပဲ ကြွားရအုံးမယ်ဆိုပြီး
တွေးထားတာ တကယ်တမ်း ကြီးမေကိုဖုန်းဆက်တော့ ကျွန်တော်မကြွားဖြစ်တော့ဘူး။
ဖေဖေရန်ကုန်မှာ မရှိတော့သည်နှင့် မေမေလေးလည်း အိမ်ကိုမကပ်တော့တာ။ ကျွန်တော့်ကျောင်းကိစ္စလည်း
သူနဲ့မဆိုင်သလိုပဲ။ မနက်လင်းတာနဲ့ ကျွန်တော့်ကို ၁၀၀၀တန်တစ်ရွက်ပေးခဲ့ပြီး သူလည်း သွားချင်ရာသွားပဲ။
ကျွန်တော်မှ အဲ့လောက်ပိုက်ဆံများများမကိုင်ဖူးတာ။ ပြီးတော့ ခုမှရန်ကုန်စရောက်တာ ဘယ်နားဘာဆိုင်ရှိမှန်းလဲ
ကျွန်တော်မသိ။ ဒါနဲ့ ပေါင်မုန့်ချည်းဘဲစားနေရတဲ့ရက်တွေများလာတာ။ ပေါင်မုန့်စားနေရတာက အရေးမဟုတ်ဘူး။
ကျွန်တော် ကျောင်းမတက်ရတာ တစ်လကျော်နေပြီ။ ဒါနဲ့ မနေနိုင်တော့ဘဲ ကြီးမေကိုပဲဖုန်းဆက်ရတော့တယ်။
ဖေဖေ့ပြောလည်း ရွှေလီဖက်ရောက်နေတဲ့ ဖေဖေက ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး။ ဖေဖေ့ကိုတိုင်ရမလားဆိုပြီး
မေမေလေး မျက်မုန်းကျိုးမှာလည်း စိုးရိမ်တာနဲ့ကြီးမေကိုပဲလှမ်းပြောရတာ။
ကြီးမေဆိုတာ ဒေါသတွေထွက်ပြီးရန်ကုန်ကိုချက်ချင်း ရောက်ချလာတာ။ ဟိုမန္တလေးကျောင်းမှာက ကျွန်တော့်ကို
ကျောင်းထုတ်ပြီးပြီ။
ဒီဘက်မှာ ခုထိကျောင်းမအပ်ရသေးဘူး။ ထွက်ပြီးသားကျောင်းလည်းပြန်ဝင်မရနဲ့။ ဝင်ချင်နောက်နှစ်စာသင်နှစ်မှ
ပြန်လာတက်လို့ပြောတာနဲ့ ကျွန်တော့်မှာ ကျွန်တော်တို့ကျောက်မြောင်း ရပ်ကွက်နဲ့နီးတဲ့ ယောက်ျားလေးကျောင်း
ထ(၅) ကျောင်းကို ရောက်လာရတာ။ ကျွန်တော်နေရတာ မပျော်တော့ဘူး။
ဒီက လူတွေကခင်ခင်မင်မင်လည်းမရှိကြဘူး။
အားလုံးက သူတို့ အုပ်စုနဲ့သူတို့။ ကံကောင်းတာက အတန်းပိုင်ဆရာမ က ကြီးမေနဲ့ မန္တလေးတက္ကသိုလ်မှာ
အတူတူတက်ခဲ့တဲ့ သူငယ်ချင်းဖြစ်နေလို့။ ကြီးမေက ကျွန်တော့်တို့မိသားစုအကြောင်းကို ပိုပိုသာသာလေး
ဇာတ်နာထားတော့ ဆရာမတွေကလည်း ကျွန်တော့်ကိုသနားကြတယ်။ ကျောင်းမှာလည်း အဆင်မပြေ။
အိမ်ပြန်ရောက်တော့လည်း တစ်ယောက်တည်း။ တော်ရုံမကြောက်ပေမဲ့ အခုက အိမ်အသစ်မှာ ကျွန်တော်
တစ်ယောက်တည်း။ ညဖက်တွေဆိုလည်း တော်တော်လေး မိုးချုပ်၁၂နာရီကျော်လောက်မှ မေမေလေးက
အိမ်ပြန်ရောက်တာ။ ကျွန်တော် မန္တလေးပဲပြန်ချင်နေပြီ်။ ဒီကျောင်းက ထုတ်လိုက်ရင်ကောင်းမယ်။
မြန်မြန်ကျောင်းထုတ်ခံရပြီး မန်းလေးပြန်ပို့ခံရရင် မန်းလေးမှာဘဲ ကျောင်းဆက်တက်မယ်။ ဒီမှာမနေချင်ဘူး။
သူငယ်ချင်းလည်းမရှိဘူး။ ထမင်းလည်း ကောင်းကောင်းမစားရဘူး။ တော်သေး။ ကြီးမေကမန္တလေးသား
ကျွန်တော့်အတွက် မရှိမဖြစ် စက်ဘီးဝယ်ပေးထားခဲ့လို့ တော်သေးတယ်။ ထမင်းဆာရင် ကျွန်တော်တို့ကျောက်မြောင်းကြီးရပ်ကွက်နဲ့နီးတဲ့ သီတာလမ်းမကြီးမှာ ရှမ်းပုံစား ရှမ်းစားသောက်ဆိုင်လေးရှိလို့ ထမင်းကို
အရသာရှိရှိ စားရတယ်။နောက်မို့ဆို အာဟာရချို့တဲ့ တဲ့ကလေးတွေလို ကျွန်တော်ပိန်လှီနေတော့မှာ။
ဘာပဲဖြစ်ဖြစ် မန္တလေးကိုပဲပြန်ချင်တော့တယ်။
Thank You All
Zawgyi
--------------------------------------------------------------------------------------------------------------------------------
အပိုင္း(၆)
ပိုင္သုတ...
၄၅မိနစ္စာ မရပ္မနားေရးလိုက္ရ၍ လက္ထိပ္ေတြေတာင္နာေန၏။ စာမေရးတာႀကာလို႔ျဖစ္မယ္ ။ ကြ်န္ေတာ္
အိပ္ေနတာကို ပူညံပူညံလုပ္ေနတဲ့ ဟိုေကာင္းေလးႏွစ္ေယာက္ေႀကာင့္...
သူတို႔၂ေယာက္ကတပူးပူးနဲ႔ မိန္းကေလးေတြအတိုင္းပဲ။ ႏွစ္ေယာက္လံုးနားကေန သနပ္ခါးနံ႕ေတြရတယ္။
ႏွစ္္ေယာက္လံုးကြက္လာတဲ့ပါးကြက္ေတြကပါးအျပည့္။ ကြ်န္ေတာ္လည္းမန္းေလးမွာေနတုန္းက ေက်ာင္းသြားရင္
သနပ္ခါးမ်ားျပည့္ေနလို႔ ေဆာင္းတြင္းဆို သနပ္ခါးထူထူေႀကာင့္ ပါးႀကီးေတြ တင္းေနတာမ်ား
ပါးစပ္ေတာင္ဟလို႔ မရဘူး။ အဲ့လိုလိမ္းခဲ့တာ ဒါေပမဲ့... သူတို႔လိမ္းထားတဲ့ပံုက မန္းေလးမွာေနတုန္းက
ကြ်န္ေတာ့္ကို ႀကီးႀကီးေမ လိမ္းေပးတာနဲ႔ကိုမတူတာ။ ေကာင္းဆက္စံဆိုတဲ့ ေကာင္ေလးဆို ငွက္ရုပ္တို႔
ပန္းပြင့္ပံုတို႔ ဘာတို႔ေတြေတာင္ပါးေပၚတင္လာတာ။ အဲ့ဒါကို ခ်န္းျငိမ္းေအာင္ဆုိတဲ့ အာျပဲနဲ႔ငိုယိုတတ္တဲ့
တစ္ေယာက္ကပါ မင္းဟာလွတယ္ဘယ္လိုလိမ္းရတာလဲ။ ဘာလဲညာလဲနဲ႔ စူးစမ္းေမးျမန္းလုပ္ေနေသးတာ။
အေျခအေနေကာင္းရင္ သူပါလိုက္ဒီဇိုင္းထြင္မယ့္ပံုပဲ။ ဒါေတြ ကြ်န္ေတာ္က လိုက္နားေထာင္ေနတာ
မဟုတ္ပါဘူး။ ေကာင္းဆက္စံကေတာ့ ကြ်န္ေတာ္မုန္႕ဖိုးေတြအလုခံရတဲ့ ေန႕က ထမင္းခ်ိဳင့္ဖြင့္ျပီးလာေကြ်းေသး
တယ္။
"ဟို...ဟိုေလ မင္း...ထမင္းဆာရင္..." ဆိုျပီး တိုးတိုးေလးေျပာျပီး လာေကြ်းတာ။
ေကြ်းသာေကြ်းေနတာ သူ႕ပံုစံက ကြ်န္ေတာ့္ကို ေၾကာက္ေနပံုပဲ။ မ်က္မွန္ဝိုင္းထဲက မ်က္လံုးတို႕တြင္ ရြံ႕တြန္႔တြန္႔
အမူအရာေတြနဲ႔...
ေဘးနားက ခ်န္းျငိမ္းက ရႈတူတူနဲ႔ မႈန္ကာကုပ္ကာႀကည့္ေနတာကို မ်က္လံုးေထာင့္ကေန ေတြ႔ေနရေတာ့
ကြ်န္ေတာ္ဘာမွမေျပာဘဲ ဆက္ပဲ ေမွာက္အိပ္လိုက္တယ္။
ဂရုတစိုက္လာေကြ်းသူ၏ ေစတနာကိုမေစာ္ကားခ်င္ေပမဲ့ ခ်န္းျငိမ္းေအာင္ မွ မလိုလားတာ။
သူငယ္ခ်င္းအခ်င္းခ်င္း ကြ်န္ေတာ့္ေႀကာင့္ေတာ့ စိတ္ဝမ္းမကြဲေစခ်င္ဘူး။
ဒီေန႔ကိစၥေတာ့ ဝင္ပါမိလိုက္တာ ။ အစကေတာ့ ကိုယ့္ဘာသာကိုယ္နားေအးပါးေအး မအိပ္ရလို႕ ေခါင္းေထာင္ၾကည့္ျပီး ေအာ္မိရံုပဲ။ အေျခအေနအရ ခ်န္းျငိမ္းေအာင္ကေနတာ့ နည္းနည္း အျမင္ကတ္ဖို႕
ေတာ့ေကာင္းသား ။ ေကာင္းဆက္စံက မွားေႀကာင္းေတာင္းပန္ေနတာေတာင္ စြပ္ကာစြဲကာနဲ႔
မဲသဲရိုက္ႏွက္ေန ေသးတာေလ။ ဒါနဲ႕ သူ႕စာရြက္ေတြ ဆြဲျဖဲလိုက္တာ။ အစကေတာ့
ဒီအတိုင္း ထားလိုက္ေတာ့မလို႔ပဲ။ ေနာက္မွမ်က္ရည္လံုးႀကီးေတြတလိမ့္လိမ့္စီးက်လာျပီး ငိုတဲ့ပံုစံက မႏၱေလးမွာ
က်န္ခဲ့တဲ့ညီမေလးနဲ႔ တစ္ပံုတည္းပဲ။ သူနဲ႔ေမာင္ႏွမဆိုယံုမွာ။ သူလည္း ညီမေလးလိုမ်က္လံုးဝိုင္းဝိုင္းႀကီးေတြ
မ်က္မွန္ထူႀကီးကလည္း တပ္ထားရေသး။ အစက အျမင္ကတ္ကတ္နဲ႔ စာရြက္ေတြဆြဲျဖဲျပီးမွ သူငိုေနပံုေႀကာင့္
ညီမေလးကို သတိရသြားတာနဲ႔ စိတ္ေကာင္းေလး တစ္ခါ ျပန္ဝင္လာတာ။ ေနာက္တစ္ခုက ခ်န္းျငိမ္းေအာင္က
ကြ်န္ေတာ့္ကိုအထင္ေသးေနတာ ကြ်န္ေတာ္သိတာေပါ့။
ဘာသာစံုက်ေနတဲ့ ကြ်န္ေတာ္နဲ႔ ထိုင္ရတာကိုရွက္သလိုလိုဘာလိုလို ျဖစ္ေနတာ...ကြ်န္ေတာ့္စိတ္ထဲ
ဒါကိုသိပ္မႀကိဳက္ဘူး။ ဒါနဲ႔ ပညာနည္းနည္း ထုတ္သံုးလိုက္တာ။ ပိုင္သုတဆိုတာ မႏၲေလးက
ေက်ာင္းမွာ အေတာ္ဆံုးေက်ာင္းသားဆိုတာကို သူမသိဘဲ ကြ်န္ေတာ့္လက္ရွိအေျခအေနကို ႀကည့္ျပီး
ကြ်န္ေတာ့္ကိုအထင္ေသးေနတာ။
အဲ့ေကာင္ေလးအႀကည့္ေတြေႀကာင့္ သိမ္ငယ္သလိုပဲ။ သူကြ်န္ေတာ့္ကိုလွမ္းလွမ္းႀကည့္တတ္တဲ့သူ႔မ်က္လံုးေတြက
အိမ္က ေဖေဖ့မိန္းမ ကြ်န္ေတာ္ မိေထြး ေမေမေလး ႀကည့္တတ္တဲ့ အႀကည့္ေတြနဲ႕တူတယ္။ မိေထြးဆီကေန
ေတာ့ အဲ့လ္ုိမ်ားမ်ားႀကည့္ခံရေလ ေကာင္းေလပဲ။ ကြ်န္ေတာ္စာေမးပြဲေတြက် စာမလိုက္ႏိုင္ဘူးဆိုတဲ့
အေႀကာင္းျပခ်က္နဲ႔ မႏၲေလးျပန္ပို႕ရင္ေကာင္းမယ္။ ဘာပဲေျပာေျပာ ႀကီးေမက ကြ်န္ေတာ့္ကို
ညီမေလးေလာက္မခ်စ္ဘူးဆိုတာ သိေပမဲ့ ေဖေဖ့ မိန္းမေလာက္မဆိုးဘူး။ ႀကီးေမကဆူပူေနတတ္ေပမဲ့
ကြ်န္ေတာ္တို႔ေမာင္ႏွမထမင္းမငတ္ဘူး။
မနက္ခင္းစာက စလို႔ ညမိုးခ်ဳပ္တေရးႏိုးဆာရင္ ထစားလို႔ရေအာင္ ငွက္ေပ်ာသီး ဘီစကြတ္ အစံုအလင္ကို
ဝယ္ထည့္ေပးထားတာ။ ေဖေဖ ေနာက္အိမ္ေထာင္မျပဳခင္တည္းက ေဖေဖနဲ႔ ႀကီးေမ ဆက္ဆံေရး
မေကာင္းေတာ့ဘူး။ ကြ်န္ေတာ္က ကေလးမို႔သိပ္မသိေပမဲ့ နားစြံနားဖ်ားႀကားရပါမ်ားရလာေတာ့ နည္းနည္း
ရိပ္မိလာတယ္။ ႀကီးေမရဲ႕ ေျမေခြးမဆိုျပီးခိုင္းႏႈိုင္းတာေတြ။ နင္ လူေမႊးေတာင္ေျပာင္မွာမဟုတ္ဘူးဆိုတဲ့ေဖေဖ့ကို
ေျပာခဲ့ေသာ နမိတ္ဖတ္သံေတြဆိုတာ မၾကားခ်င္မွ အဆံုးျဖစ္လာတာေလ ။
ေနာက္ျပီး ၾကီးေမက ေျပာတာရွိေသးတယ္ ။မိေထြးဆိုဘယ္မိေထြးမွ မေကာင္းဘူး။
ဘုရားမိေထြးေတာ္ကလြဲလို႔တဲ့။ အဲ့ဒါကို အခုေဖေဖ့မိန္းမနဲ႔ေတြ႔မွ လက္ခံခ်င္လာတာ။ ၾကီးေမက ဒါေတြကို ၾကိဳသိလို႕လည္း ေဖေဖနဲ႔စကားအႀကီးအက်ယ္ မ်ားႀကတာျဖစ္မယ္။ ေဖေဖက သူ႔ေနာက္အိမ္ေထာင္ကို မန္းေလးအိမ္ကို ေခၚတင္လာတဲ့ေန႔မွာပဲ ၾကီးေမက ေဖေဖ့ကို အိမ္ေပၚက အျပီးဆင္းခိုင္းခဲ့တာ။
ကြ်န္ေတာ္အသစ္ေတာ္ရမယ့္ အေမကိုစ စေတြ႔တုန္းက မမ လို႔ေတာင္ေခၚမိတာ။ တကယ္ငယ္ငယ္ေလးရယ္။
ကြ်န္ေတာ္တို႔ရဲ႕ အေမအသစ္ဆိုတာ တကယ္သိမွမသိတာ။ ကြ်န္ေတာ္က မမလို႕ေခၚတာကို ေမေမေလး
ကရယ္ေနေပမဲ့ ႀကီးေမကေတာ့ေနာက္ေဖးလည္းေရာက္ေရာ ဗိုက္ေခါက္ဆြဲလိမ္တာ လူပါ လိမ္သြားသလိုပဲ။
မ်က္ရည္ေတြေတာင္ဝဲတတ္တဲ့ထိ အီသြားတာ။
အဲ့ဒါစတိုင္ထုတ္လြန္းတဲ့ေဖေဖ့မိန္းမအသစ္ေႀကာင့္ျဖစ္ရတာေတြေပါ့...
ထမီေတြဘာေတြလည္းမဝတ္ဘဲ စကပ္တိုေလးနဲ႔ ေမေမတုန္းက ေမေမက ထမီေလးနဲ႔ပဲေနတာေလ။ ဒီ
မမကေတာ့ ကြ်န္ေတာ့္မ်က္စိထဲ ေတာ္ေတာ္ဆန္းႀကယ္တာ။ မိတ္ကပ္ေတြလည္း ေဖြးေနျပီး ပံုစံကလည္း
ညီမေလးရဲ႕ပိန္ေသးမေတြနဲ႔တူတယ္။
ဆံပင္ေတြကလည္း ပိန္ေသးမေတြရဲ႕အေရာင္ပဲ ဝါေႀကာင္ေႀကာင္ေတြေလ။ မန္းေလးေနပူပူထဲသူ႔ ဆံပင္
အေရာင္ႀကီးက ႀကည့္ရတာ အဆင္မေျပပါဘူး ။
က်ံဳးေဘးအားကစားလာ လာလုပ္ေနတတ္တဲ့ Jie Jie (မမ) ေတြကိုျမင္ေနက်ကြ်န္ေတာ့္ မ်က္လံုးထဲမွာေတာင္
သူကေဟာ့ေရွာ့ျဖစ္ေနတာ။ သနပ္ခါးေဖြးေနေအာင္လိမ္းျပီး ဆံထံုးႀကီးနဲ႔ ရိုးရိုးႀကီးေနတဲ့ႀကီးေမဆို
ဘယ္လိုေနမလဲ စဥ္းစားႀကည့္ေပါ့။ ဒါေႀကာင့္ပဲ ထင္တယ္။ ေဖေဖနဲ႔ေနာင္ခ်ိမ္ခ်ၾကေတာ့တာပဲ။
ေဖေဖ့ကို "ေခြးလံုးလံုးျဖစ္မယ္" လို႔ ရင့္ရင့္သီးသီးေျပာတဲ့ ႀကီးေမကိုစိတ္ဆိုးတယ္။ ေဖေဖ့ကို အဲ့လိုေတာ့
မေျပာသင့္ဘူး။ ႀကီးေမကိုစိတ္ထဲ မေက်နပ္တာနဲ႔ ေဖေဖရဲ႕ "ေဖေဖနဲ႔ ရန္ကုန္မွာလိုက္ေနမလား" ဆိုတဲ့
ဆြယ္တရားထဲ ကြ်န္ေတာ္ပါလာမိတာ။ ႀကီးေမ က ညီမေလးကိုေတာ့ ေဖေဖနဲ႕ လံုးဝမထည့္ဘူး။
"ငါ့သမီးေလးကို မိေထြးလက္ထဲ အသက္တိုေအာင္မလုပ္နဲ႔" ဆိုျပီး ညီမေလးကို လံုးဝမလႊတ္တာ။
ကြ်န္ေတာ့္ကိုလည္းႀကီးေမက မလႊတ္ပါဘူး။ အျမဲဆူပူေနတတ္တဲ့ႀကီးေမက အဲ့ေန႔ရန္ကုန္မလာခင္ညက
"သားႀကီးမလိုက္သြားပါနဲ႕။ သားႀကီး အေနဆင္းရဲအစားဆင္းရဲလိမ့္မယ္။ ႀကီးေမ ရွာေကြ်းႏိုင္ပါတယ္။
နင္တို႔အေဖလို ပြဲရံုမပိုင္ေပမဲ့ ငါလည္းေစ်းခ်ိဳထဲက ငါ့ဆိုင္ခန္းေတြက ရတဲ့လခေရာ ငါ့ရက္ကန္းစင္မွာ
ရက္ကန္းရက္ျပီး နင္တို႕ကို လူတစ္လံုးသူတစ္လံုးျဖစ္ေအာင္ငါထားႏုိင္တယ္" လို႔ ႀကီးေမငိုေျပာေတာ့
ညီမေလးကပါ မသြားပါနဲ႔ဆိုျပီး ငိုျပီးတာခဲ့တယ္ ။ ကြ်န္ေတာ္လည္း ဒီအိမ္ကေန မခြဲခ်င္ေတာ့ဘူး။ ဒီအိမ္ထဲ
ၾကီးေမ ၊ ညီမေလးရယ္ ကြ်န္ေတာ္ရယ္ သံုးေယာက္အတူတူေနခဲ့ႀကတာ။
"ငါနင့္ကို မိေထြးနဲ႔စိတ္မခ်ဘူးဟဲ့။ သူကခုမွ ႏွစ္ဆယ္ေက်ာ္ပဲရွိေသးတာ။ အဲ့မိန္းမက ေျမြေဟာက္လိုလွ်ာႏွစ္ခြနဲ႔။
ေနာင္ဆို ဖေအေရာ သားပါ..."
အဲ့ေလာက္ပဲေျပာျပီး ႀကီးေမဆက္မေျပာေတာ့ဘူး။ ႀကီးေမဘာေျပာခ်င္တာလည္းလဲ ကြ်န္ေတာ္မသိ။
တစ္ခါတေလ ကေလးျဖစ္ေနတာေတြကို စိတ္ကုန္တာ အဲ့ဒါေတြပဲ။ လူႀကီးေတြေျပာသမွ် နားမလည္တာေလာက္
အူေႀကာင္ေႀကာင္ႏိုင္တာ မရွိဘူး။
ႀကီးေမဘယ္ေလာက္ငိုျပီးပဲ တားခဲ့တားခဲ့ ကြ်န္ေတာ္ေဖေဖနဲ႔ အတူတူပါလာရတယ္။ ရန္ကုန္ေရာက္မွ ႀကီးေမ
တစ္ပိုင္းတစ္စနဲ႔ရပ္ထားခဲ့တဲ့ ေဖေအေရာသားပါဆိုတဲ့စကားနည္းနည္း ရုပ္လံုးေပၚလာတယ္။ ဖေအေတာ့
မသိ သားျဖစ္တဲ့ကြ်န္ေတာ္ ထမင္းငတ္ျပီေလ။ ရန္ကုန္စစေရာက္ခ်င္း ကြ်န္ေတာ္ေက်ာင္းမတက္ရေသး။
ေက်ာင္းတက္ခ်င္ျပီး စာေတြလြတ္ကုန္မွာေတြးပူေနတဲ့ ကြ်န္ေတာ့္ကိုေမေမေလးက အဖတ္ကိုမလုပ္တာ။
ေဖေဖကလည္း ရန္ကုန္ေျပာင္းျပီး တစ္ပတ္ေလာက္ပဲ အိမ္မွာေနတယ္။ အဲ့တစ္ပတ္တြင္းေတာ့ ေပ်ာ္စရာပဲ။
ေမေမေလးနဲ႔ ေဖေဖညဆို စားေသာက္ဆိုင္ေတြတက္စားႀကတယ္။
ကြ်န္ေတာ္လည္းအခုမွ ရန္ကုန္ေရာက္ဖူးေတာ့ အားလံုးကအသစ္အဆန္းပဲ။
ကမ္းနားလမ္းက စားေသာက္ဆိုင္တဲ့။ ေရလည္မိုက္တာ။ ျမစ္ႀကီးကိုပါ ျမင္ေနရတာ။ ျမစ္ဆို ကြ်န္ေတာ္ တို႔
စစ္ကိုင္းသြားတုန္းပဲလား တစ္ခါပဲ ျမင္ဖူးတာ။ ကြ်န္ေတာ္ေပ်ာ္တာေလ။ ေဖေဖ့မွာေပးထားတဲ့
သက္သက္လြတ္အျမည္းေတြစားလိုက္ view pointကိုေငးလိုက္နဲ႔ ေပ်ာ္စရာကမၻာေလးေဟ့ ဆိုျပီး
TVမွာေႀကာ္ျငာတည္းက ေရာက္ဖူးခ်င္လို႔ ထြန္႕ထြန္႔လူးေနတဲ့ ေနရာကို ေရႊတိဂံုဖူးျပီး လိုက္ပို႔ႀကေသးတယ္။
ညီမေလးကိုလည္း ေခၚလာခ်င္ေပမဲ့ သူ႔စရိုက္နဲ႔က အဆင္မေျပဘူး။ ဖုန္းဆက္ေတာ့မွပဲ ႀကြားရအံုးမယ္ဆိုျပီး
ေတြးထားတာ တကယ္တမ္း ႀကီးေမကိုဖုန္းဆက္ေတာ့ ကြ်န္ေတာ္မႀကြားျဖစ္္ေတာ့ဘူး။
ေဖေဖရန္ကုန္မွာ မရွိေတာ့သည္ႏွင့္ ေမေမေလးလည္း အိမ္ကိုမကပ္ေတာ့တာ။ ကြ်န္ေတာ့္ေက်ာင္းကိစၥလည္း
သူနဲ႔မဆိုင္သလိုပဲ။ မနက္လင္းတာနဲ႔ ကြ်န္ေတာ့္ကို ၁၀၀၀တန္တစ္ရြက္ေပးခဲ့ျပီး သူလည္း သြားခ်င္ရာသြားပဲ။
ကြ်န္ေတာ္မွ အဲ့ေလာက္ပိုက္ဆံမ်ားမ်ားမကိုင္ဖူးတာ။ ျပီးေတာ့ ခုမွရန္ကုန္စေရာက္တာ ဘယ္နားဘာဆိုင္ရွိမွန္းလဲ
ကြ်န္ေတာ္မသိ။ ဒါနဲ႔ ေပါင္မုန္႔ခ်ည္းဘဲစားေနရတဲ့ရက္ေတြမ်ားလာတာ။ ေပါင္မုန္႔စားေနရတာက အေရးမဟုတ္ဘူး။
ကြ်န္ေတာ္ ေက်ာင္းမတက္ရတာ တစ္လေက်ာ္ေနျပီ။ ဒါနဲ႔ မေနႏိုင္ေတာ့ဘဲ ႀကီးေမကိုပဲဖုန္းဆက္ရေတာ့တယ္။
ေဖေဖ့ေျပာလည္း ေရႊလီဖက္ေရာက္ေနတဲ့ ေဖေဖက ဘာမွလုပ္ေပးႏိုင္မွာမဟုတ္ဘူး။ ေဖေဖ့ကိုတိုင္ရမလားဆိုျပီး
ေမေမေလး မ်က္မုန္းက်ိဳးမွာလည္း စိုးရိမ္တာနဲ႔ႀကီးေမကိုပဲလွမ္းေျပာရတာ။
ႀကီးေမဆိုတာ ေဒါသေတြထြက္ျပီးရန္ကုန္ကိုခ်က္ခ်င္း ေရာက္ခ်လာတာ။ ဟိုမႏၱေလးေက်ာင္းမွာက ကြ်န္ေတာ့္ကို
ေက်ာင္းထုတ္ျပီးျပီ။
ဒီဘက္မွာ ခုထိေက်ာင္းမအပ္ရေသးဘူး။ ထြက္ျပီးသားေက်ာင္းလည္းျပန္ဝင္မရနဲ႔။ ဝင္ခ်င္ေနာက္ႏွစ္စာသင္ႏွစ္မွ
ျပန္လာတက္လို႕ေျပာတာနဲ႔ ကြ်န္ေတာ့္မွာ ကြ်န္ေတာ္တို႔ေက်ာက္ေျမာင္း ရပ္ကြက္နဲ႔နီးတဲ့ ေယာက္်ားေလးေက်ာင္း
ထ(၅) ေက်ာင္းကို ေရာက္လာရတာ။ ကြ်န္ေတာ္ေနရတာ မေပ်ာ္ေတာ့ဘူး။
ဒီက လူေတြကခင္ခင္မင္မင္လည္းမရွိႀကဘူး။
အားလံုးက သူတို႔ အုပ္စုနဲ႔သူတို႕။ ကံေကာင္းတာက အတန္းပိုင္ဆရာမ က ႀကီးေမနဲ႔ မႏၱေလးတကၠသိုလ္မွာ
အတူတူတက္ခဲ့တဲ့ သူငယ္ခ်င္းျဖစ္ေနလို႕။ ႀကီးေမက ကြ်န္ေတာ့္တို႔မိသားစုအေႀကာင္းကို ပိုပိုသာသာေလး
ဇာတ္နာထားေတာ့ ဆရာမေတြကလည္း ကြ်န္ေတာ့္ကိုသနားၾကတယ္။ ေက်ာင္းမွာလည္း အဆင္မေျပ။
အိမ္ျပန္ေရာက္ေတာ့လည္း တစ္ေယာက္တည္း။ ေတာ္ရံုမေႀကာက္ေပမဲ့ အခုက အိမ္အသစ္မွာ ကြ်န္ေတာ္
တစ္ေယာက္တည္း။ ညဖက္ေတြဆိုလည္း ေတာ္ေတာ္ေလး မိုးခ်ဳပ္၁၂နာရီေက်ာ္ေလာက္မွ ေမေမေလးက
အိမ္ျပန္ေရာက္တာ။ ကြ်န္ေတာ္ မႏၱေလးပဲျပန္ခ်င္ေနျပီ္။ ဒီေက်ာင္းက ထုတ္လိုက္ရင္ေကာင္းမယ္။
ျမန္ျမန္ေက်ာင္းထုတ္ခံရျပီး မန္းေလးျပန္ပို႔ခံရရင္ မန္းေလးမွာဘဲ ေက်ာင္းဆက္တက္မယ္။ ဒီမွာမေနခ်င္ဘူး။
သူငယ္ခ်င္းလည္းမရွိဘူး။ ထမင္းလည္း ေကာင္းေကာင္းမစားရဘူး။ ေတာ္ေသး။ ႀကီးေမကမႏၱေလးသား
ကြ်န္ေတာ့္အတြက္ မရွိမျဖစ္ စက္ဘီးဝယ္ေပးထားခဲ့လို႔ ေတာ္ေသးတယ္။ ထမင္းဆာရင္ ကြ်န္ေတာ္တို႔
ေက်ာက္ေျမာင္းႀကီးရပ္ကြက္နဲ႔နီးတဲ့ သီတာလမ္းမႀကီးမွာ ရွမ္းပံုစား ရွမ္းစားေသာက္ဆိုင္ေလးရွိလို႔ ထမင္းကို
အရသာရွိရွိ စားရတယ္။ေနာက္မို႔ဆို အာဟာရခ်ိဳ႕တဲ့ တဲ့ကေလးေတြလို ကြ်န္ေတာ္ပိန္လွီေနေတာ့မွာ။
ဘာပဲျဖစ္ျဖစ္ မႏၱေလးကိုပဲျပန္ခ်င္ေတာ့တယ္။
Bạn đang đọc truyện trên: ZingTruyen.Xyz