ZingTruyen.Xyz

EX-pect

အပိုင်း ၅

HsuChiKo365

UNICODE


--------------------------------------------------------------------------------------------------------------------------------

အပိုင်း(၅)
CHAN'S POV:

ဖူးးးးး
လိမ္မော်ရောင်ရေမှုန်များ လေထုထဲ ပြန့်ကျဲထွက်လာသည် ။ ကောင်းဆက်စံ ပါးစပ်ထဲကထွက်လာတဲ့
ရေမှုန်တွေသည် ကျွန်တော့်ကျောင်းဝတ်စုံဖြူလွလွပေါ်မှာ ဟိုတစ်ကွက်ဒီတစ်ကွက်။
နောက် ဖြန့်လျက်တင်ထားသောကျွန်တော့်စာစီစာကုံးစာအုပ်ပေါ်မှာအကွက်လိုက်ကြီး စိုရွှဲနေ၏။
အတိအကျပြောရရင် ည၁နာရီထိုးသည်ထိ ကြိုးစားပမ်းစားရေးထားရသော ကျွန်တော့်စာစီစာကုံးပေါ်မှာ
သူ့ပါးစပ်က ထွက်လာတဲ့ လိမ္မော်ရည်တွေ။
"ကောင်းဆက်စံ"
မနက်ကျောင်းခေါင်းလောင်းထိုးပြီး ပထမအချိန် ဆရာမ,မဝင်ဖြစ်သောကြောင့် ထုံးစံအတိုင်း ပွတ်လော်ရိုက်
နေသော ကျွန်တော့်တို့အခန်းထဲကျွန်တော့်ရဲ့ ဟိန်းထွက်လာသော အော်ငေါက်သံကို ဘယ်သူမှ
အဖက်လုပ်ကာလှည့်မကြည့်။ အပြစ်သား ကောင်းဆက်စံက လွဲ၍ပေါ့...
ကျွန်တော့် ဒေါသတွေဆိုတာ အလိပ်လိပ်နဲ့ကို ဖြစ်လာတာ။ အသားတွေပါ တဆက်ဆက်တုန်ချင်လာ၏။
"ငါ...ငါသီးသွားလို့ပါ ချန်...ချန်းရ"
အဖျားသတ်အသံတွင် ကျွန်တော့်နာမည်ပင်အပြည့်အစုံမကြားရတော့။
"ငါ့ စာစီစာကုံးကို ဘယ်လိုလုပ်ပေးမလဲ။ ဒီနေ့ထပ်ရမှာ...ခုစိုရွှဲသွားတော့ ငါဘယ်လိုလုပ်ရတော့မလဲ"
ကျွန်တော်ငိုချင်လာတယ်။ မြန်မာစာဆရာမကိုလည်း အရမ်းကြောက်တယ်။ ခုလို သူ့စာအုပ်ကြီး ဒီလိုညစ်ပစ်
သွားတာ သိကြည့် ကျွန်တော်အရိုက်ခံရမှာ။ ရေးလာတဲ့စာစီစာကုံးအတွက် ကျွန်တော့်တစ်ညလုံးတခြားဘာသာ
စာတွေ မလုပ်ဘဲ ဒီစာစီစာကုံးကိုပဲ ညတစ်နာရီထိုးထိဦးနှောက်ထဲက ဖျစ်ညှစ်ထုတ်ပြီးရေးထားရတာ...
"သူတောင်းစား ကောင်းဆက်စံ။ မင်းဘယ်လိုလုပ်ပေးမှာလဲပြော။ ငါ အရိုက်ခံရတော့မယ်..."
အသားလည်းနာအုံးမယ်။ လူရှေ့သူရှေ့လည်း ရိုက်ခံရတာ ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ။
အတန်းထဲကကောင်တွေက ကျွန်တော်အရိုက်ခံရတာကို ကြည့်ပြီး ပျော်နေကြအုံးမှာ ကိုယ့်အပြစ်မဟုတ်ပေမဲ့
ဆရာမက ကိုယ့်စာအုပ်ကိုယ်ဂရုစိုက်ရမှာပေါ့ ဆိုတဲ့စကားနဲ့ အပြစ်ကလျော့ပေါ့ဖို့လမ်းမမြင်...ကျွန်တော်ငိုမိ၏။
"ငါ ရိုက်ခံရတော့မယ်။ မင်းသောက်ကျင့်ယုတ်ပြီး သက်သက်လုပ်တာ ငါသိတယ် ဟီးးးးအီးးးး။ ငါရေးထားတာ
ပိုကောင်းနေလို့ မင်း သက်သက်ယုတ်မာတာ..."
"မ...မဟုတ်ပါဘူး ချန်းရာ"
အထစ်ထစ်အငေါ့ငေါ့နဲ့ ရှင်းပြနေသော ကောင်းဆက်စံကိုကြည့်ရင်း ဒေါသတွေက ပိုပိုကြီးထွားလာလေ။
ကောင်းဆက်စံကို ထုရိုက်ပစ်မိတော့်၏။ ကောင်းဆက်စံကလည်း သူ့အပြစ်နဲ့သူပေမို့ ကျွန်တော်ကိုဘာမှ
ပြန်မလုပ်။
သူလည်းငိုရင်း ကျွန်တော့်ရိုက်ချက်တွေမှ ရသလောက်ကာကွယ်နေ၏။ မျက်ရည်တွေနဲ့မို့ဝေဝေဝါးဝါးပေမဲ့
မြင်ရာမဲရိုက်ပစ်နေစဉ်...
"တော်တော့"
ဟင်! ကျွန်တော်ရော ကောင်းဆက်စံပါ တိခနဲရပ်သွားရသည်။ ဟုတ်မှဟုတ်ရဲ့လားဆိုပြီးနောက်လှည့်ကြည့်တော့
တကယ်ကြီးပဲ လောရှည်ကောင် အော်လိုက်တာ။ ကျွန်တော့်ကို စိုက်ကြည့်ပြီး ဘာမပြာညာမပြောနဲ့...
ဗြစ် ဗြစ် နဲ့ မြည်အောင် ကျွန်တော့်...ကျွန်တော့်စာစီစာကုံးစာရွက်တွေကို ဖြဲပစ်လိုက်တာ။ ဒီကောင် ဘာ...
ဘာတွေလုပ်နေတာလဲတွေးမရ။ ရုတ်တရက်ကြီး ဒီကောင်ဘာထဖြစ်တာလဲ။
ရေစိုနေသော စာရွက်၂ရွက်လောက်ကိုပါ ဆက်တိုက်ထပ်ဖြဲနေတော့ ကျွန်တော်မနေနိုင်တော့။
"ဘာလို့ ငါ့စာရွက်တွေကို ဖြဲနေရတာလဲ"
အသားကုန်အော်ဟစ်လိုက်သော ကျွန်တော့်ကို နည်းနည်းလေးမှ မဖြုံသင့်အပြင် ဘာမှမပြောဘဲ ခုံပေါ်
တင်ထားသော ကျွန်တော့်ရေမွှေးဘောပင်ကို ကောက်ကိုင်ကာ...
"ခရီးတစ်ခု" ဆိုသည့် စာစီစာကုံးခေါင်းစဉ်ကို စာရွက်အသစ်မှာ စတပ်တော့၏။
ဟင်! ဆိုသည့် အသံထွက်လာသည်အထိ ကျွန်တော်အံ့သြရတော့သည်။ ကျွန်တော်ပထမဆုံးမြင်ဖူးခြင်းဖြစ်သော
ဒီကောင့်လက်ရေး။ လှလိုက်တာ။ ကျွန်တော့်လက်ရေးနဲ့ ထပ်တူတူအောင်သူဘယ်လို ရေးနိုင်တာလဲ။
အတန်းရဲ့ဘိတ်ချီး။ ဘာသာစုံကျထားသူက ဘယ်က...ဘယ်လို။
ဒီကောင့်လက်တွေဆိုတာ မော်တာတပ်ထားသလိုပဲ။ ကျွန်တော်ဖျစ်ညှစ်စဉ်းစားထားရတဲ့ စာစီစာကုံးကို
သူရေးနေသည်မှာ ဘောပင်ထဲက စာလုံးတွေ သူ့အလိုလိုထွက်ကျလာသည့်အတိုင်း ပြေပြေပြစ်ပြစ်နဲ့...
တွေကာ စဉ်းစားနေတာမျိုးပင်မရှိ။ စာစီစာကုံးကို အလွတ်ကျက်ထားတဲ့ စာတစ်ပုဒ်ကို ချရေးနေသလိုကို
အားပါးတရရေးနေတာ။ ကျွန်တော်ရောကောင်းဆက်စံပါ ကြောင်အနေပြီးမှ ကျွန်တော်အရင်အသိ
ပြန်ဝင်လာသည်။
"ပေး...ငါ့စာအုပ်ကို မရေးနဲ့"
ပြန်ဆွဲထားရင်း ကျွန်တော့်ကို ရှုတူတူနဲ့ ပြန်ကြည့်သည်။ နဂိုတည်းက သူ့ကိုရှိန်နေရသော ကျွန်တော်သည်
ရန်ဖြစ်ဖို့ စာအုပ်ပြန်လုဖို့ ဘာကိုအရင်လုပ်ရမလဲ မသိတော့။
"မငိုနဲ့တော့...ယောက်ျားဆိုတာ မငိုရဘူး။"
ပြောပြီးပြီးချင်း စာအုပ်ကိုပြန်ယူကာ ဆက်ရေးသည်။ ပြောလို့လည်းမရဘူး။ ဘာကို ဝမ်းနည်းလို့ဝမ်းနည်းသွား
မှန်းမသိ။ ဒီလောရှည်ကောင်လက်ထဲကစာအုပ်ကိုလည်း ပြန်မလုချင်တော့...ခုံပေါ်ခေါင်းမှောက်၍ တအိအိနဲ့သာ
ငိုနေမိတော့တယ်။ မသိတော့ဘူး။ ကျွန်တော်လည်းပြန်မှ မရေးနိုင်တော့တာ။ ဒီကောင်ရေးပေးတာပဲ
တင်လိုက်တော့မယ်။ ဘိတ်ချီးကောင်က ရေးပေးတဲ့စာစီစာကုံးကိုထပ်ရလိမ့်မယ်လို့စိတ်ကူးထဲတောင်ထည့်မတွေး
ခဲ့တာ။မသိတော့ဘူး နောက်တစ်ချိန်ဆို မြန်မာစာဆရာမဝင်လာမှာ။ ခေါ်ရိုက်ရင်လည်း ရိုက်ခံလိုက်တော့မယ်။
ပထမအချိန်ပြီး ဘဲလ်သံပြန့်လွင့်လာချိန်...အချိန်ကိုက်ထားသလို "ပြီးပြီ" ...ဟူသော ပိုင်သုတအသံတိုးတိုးကိုပါ
ကြားလိုက်ရသည်။
ခေါင်းထောင်ကြည့်တော့ ကျွန်တော့်ကို စာအုပ်ကမ်းပေးသည်။ မယုံမရဲနဲ့ စာအုပ်ကိုဖွင့်ကြည့်တော့ ကျွန်တော်
ရေးထားတယ်လို့ ထင်ရသည်အထိ တူနေသော လေးမျက်နှာကျော်ကျော်ရှိနေသော စာစီစာကုံး လက်ရေးတွေ။
ကျွန်တော် တစ်ညနေလုံး ရေးထားရတဲ့စာကို သူက၄၅မိနစ်တည်းနဲ့ ရေးလိုက်တာ။ ကျွန်တော်ပါမက
ကောင်းဆက်စံလည်း ကျွန်တော့်မျက်နှာရိပ်မျက်နှာကဲကို တစ်ချက်ကြည့်ပြီး ကျွန်တော့်လက်ထဲမှ စာအုပ်ကို
ယူကြည့်သည်။
"မငိုနဲ့တော့ ချန်းငြိမ်းအောင်။ ယောက်ျားဆိုတာ ဒီလောက်ကိစ္စလေးနဲ့ မငိုရဘူး"
ဒီလောရှည်ကောင် ကျွန်တော့်ကို ဘာတွေလာလုပ်နေတာလဲ။ မျက်ရည်တွေကိုပါမက ကျချင်ချင် ဖြစ်နေသော
နှာခေါင်းထိပ်မှ နှာရည်ကြည်တွေကိုပါ ဖိသုတ်ပေးနေတော့ ကျွန်တော် ခေါင်းခါ ပစ်လိုက်တော့သည်။ ကျွန်တော်နဲ့
သူ ရွယ်တူချင်းကို ဘာလို့ ကျွန်တော့်ထက်အသက်ကြီးသလို ပုံစံလာဖမ်းနေရတာလဲ။
"ဖယ်ကွာ"
ကံကောင်းသည်ဟုပြောရမည်။ သူ စောဒကတက်ချင်ဟန်ဖြင့် တစ်ခုခုပြောဖို့ပြင်နေပေမဲ့ ဆရာမဝင်လာတော့
သူဘာမှမတတ်နိုင်ဘဲ စောနက ပွစိပွစိ့ဖြစ်နေသော ဒီကောင့် နှုတ်ခမ်းထူထူမှနေ၍
"မင်္ဂလာပါဆရာမ" ဟူသောနှုတ်ဆက်သံသာထွက်ရတော့၏။
ဒါတောင်စာသင်နေတုန်း ကျွန်တော့်ကို တစ်ချက်တစ်ချက် လာကြည့်နေတာကို မျက်လုံးထောင့်မှတွေ့နေရတော့
ကျွန်တော်မနေတတ်တော့။ ဒီကောင်ရုတ်တရက်ကြီး ဘာထဖြစ်တာလဲ။
သူဘာတွေရေးပေးလိုက်သည် မသိ။ ဆရာမက ကျွန်တော့်ခေါ်တော့၏။ ကျွန်တော့်နာမည်ကြားတော့
လောရှည်ကောင် ခေါင်းနည်းနည်းမတ်လာသည်ကျွန်တော်ကြောက်ကြောက်ရွံ့ရွံ့နဲ့ ဆရာမဆီသွားရသည်။
"သား ရေးတာ ဒီတစ်ခါတကယ်ကောင်းတယ်။ နောက် မူးယစ်ဆေးဝါးကင်းစင်ရေးအထိမ်းအမှတ်နေ့
စာစီစာကုံးပြိုင်ပွဲရှိရင် သားကိုခေါ်မယ်။ သားသေချာရေးနော်သိလား။ ကြိုးစားဒီပုံအတိုင်းသာ ကြိုးစားရင်
ဆယ်တန်းမြန်မာစာ ဂုဏ်ထူးမှန်းလို့ရတယ်။ အများကြီးတိုးတက်လာတယ်။ စာစီစာကုံး စာအုပ်တွေထဲက
ကူးချထားတာ မဟုတ်မှန်း ကြည့်တာနဲ့သိတယ်"
"ဟုတ်ဟုတ်"
မြန်မာစာ ဆရာမကိုယ်တိုင် ခေါ်ပြီး ချီးကျူးစကားပြောရသည်အထိ ဖြစ်စေသည့် စာစီစာကုံးက ဘယ်လောက်များကောင်းနေလို့လဲ ။ သူရေးထားတာတွေကို ကျွန်တော်ဖတ်ကြည့်သင့်နေပြီ။ ကျွန်တော့်ထိုင်ခုံပြန်ရောက်တာနဲ့ ကောင်းဆက်စံက အငမ်းမရနဲ့ကို မေးတော့၏။
"ဆရာမ ဘာတွေပြောနေတာလဲ။ မင်း...မင်းရေးတာ မဟုတ်မှန်းသိသွားတာလား"
"ရေးထားတာ ကောင်းလို့ နောက်တစ်ခါ စာစီစာကုံးပြိုင်ပွဲကျရင် ဝင်ပါတဲ့"
ကျွန်တော်တို့ပြောနေတာတွေကို နားထောင်မနေပါဘူး။ သူ့စာအုပ်ကိုတောင်သွားမထပ်ဘဲ မှောက်အိပ်နေသော
လောရှည်ကောင်ကို
"ပိုင်သုတ...မင်းစာအုပ်သွားမထပ်ဘူးလား" ဟုမေးတော့...
"ငါမှ မရေးလာတာ" တဲ့။
ဘယ်လောက်မာရေကြောရေနိုင်သလဲဆိုတာ...ဒါပေမဲ့ ကျွန်တော်အမြဲ စိတ်ကူးယဉ်ခဲ့ရသည့် စာစီစာကုံး ပြိုင်ပွဲကို
အမှန်တကယ် ဝင်ပြိုင်နိုင်အောင်လုပ်ပေးခဲ့တဲ့ ဒီကောင်ကိုကျေးဇူးတင်စကားတော့ ပြောဖြစ်လိုက်သည်။
"ကျေးဇူးပဲ ပိုင်သုတ...မင်းကြောင့် ငါစာစီစာကုံးပြိုင်ပွဲဝင်ပြိုင်ဖူးတော့မှာ"
"ရပါတယ်။ နောင်ဆိုငါအိပ်နေတုန်း ပူညံပူညံ မလုပ်နဲ့"
ဒါဘာပြောသွားတာလဲ ။ အဲ့လိုအပြောအဆိုမတတ်တာတွေကြောင့် ကျွန်တော်ကြည့်မရတာ။
ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ အရင်ကလို ကျွန်တော် သူ့ကို အထင်မသေးရဲတော့။ ဒီကောင်ဘာကောင်လဲ။
နည်းနည်းတော့စိတ်ဝင်စားဖို့ကောင်းတယ်...

ခေါင်းမှောက်အိပ်နေတဲ့ ကောင်လေးကိုကြည့်ရင်း အတွေးထဲ ပွစိပွစိလုပ်နေတဲ့ကောင်လေးရယ်...
မျက်နှာကို လက်မောင်းတွေကြားဝှက်ရင်း ပြုံးနေသော ကောင်လေးရယ်...
ဆဋ္ဌမတန်း(က)တန်းလေးထဲ အသီးသီးရှိနေကြလေရဲ့...

THANK YOU ALL

ZAWGYI

------------------------------------------------------------------------------------------------------------------------

အပိုင္း(၅)

CHAN'S POV:

ဖူးးးးး
လိေမၼာ္ေရာင္ေရမႈန္မ်ား ေလထုထဲ ျပန္႕က်ဲထြက္လာသည္ ။ ေကာင္းဆက္စံ ပါးစပ္ထဲကထြက္လာတဲ့
ေရမႈန္ေတြသည္ ကြ်န္ေတာ့္ေက်ာင္းဝတ္စံုျဖဴလြလြေပၚမွာ ဟိုတစ္ကြက္ဒီတစ္ကြက္။
ေနာက္ ျဖန္႔လ်က္တင္ထားေသာကြ်န္ေတာ့္စာစီစာကံုးစာအုပ္ေပၚမွာအကြက္လိုက္ႀကီး စိုရႊဲေန၏။
အတိအက်ေျပာရရင္ ည၁နာရီထိုးသည္ထိ ႀကိဳးစားပမ္းစားေရးထားရေသာ ကြ်န္ေတာ့္စာစီစာကံုးေပၚမွာ
သူ႔ပါးစပ္က ထြက္လာတဲ့ လိေမၼာ္ရည္ေတြ။
"ေကာင္းဆက္စံ"
မနက္ေက်ာင္းေခါင္းေလာင္းထိုးျပီး ပထမအခ်ိန္ ဆရာမ,မဝင္ျဖစ္ေသာေႀကာင့္ ထံုးစံအတိုင္း ပြတ္ေလာ္ရိုက္
ေနေသာ ကြ်န္ေတာ့္တို႔အခန္းထဲကြ်န္ေတာ့္ရဲ႕ ဟိန္းထြက္လာေသာ ေအာ္ေငါက္သံကို ဘယ္သူမွ
အဖက္လုပ္ကာလွည့္မႀကည့္။ အျပစ္သား ေကာင္းဆက္စံက လြဲ၍ေပါ့...
ကြ်န္ေတာ့္ ေဒါသေတြဆိုတာ အလိပ္လိပ္နဲ႔ကို ျဖစ္လာတာ။ အသားေတြပါ တဆက္ဆက္တုန္ခ်င္လာ၏။
"ငါ...ငါသီးသြားလို႔ပါ ခ်န္...ခ်န္းရ"
အဖ်ားသတ္အသံတြင္ ကြ်န္ေတာ့္နာမည္ပင္အျပည့္အစံုမႀကားရေတာ့။
"ငါ့ စာစီစာကံုးကို ဘယ္လိုလုပ္ေပးမလဲ။ ဒီေန႔ထပ္ရမွာ...ခုစိုရႊဲသြားေတာ့ ငါဘယ္လိုလုပ္ရေတာ့မလဲ"
ကြ်န္ေတာ္ငိုခ်င္လာတယ္။ ျမန္မာစာဆရာမကိုလည္း အရမ္းေႀကာက္တယ္။ ခုလို သူ႔စာအုပ္ႀကီး ဒီလိုညစ္ပစ္
သြားတာ သိႀကည့္ ကြ်န္ေတာ္အရိုက္ခံရမွာ။ ေရးလာတဲ့စာစီစာကံုးအတြက္ ကြ်န္ေတာ့္တစ္ညလံုးတျခားဘာသာ
စာေတြ မလုပ္ဘဲ ဒီစာစီစာကံုးကိုပဲ ညတစ္နာရီထိုးထိဦးေႏွာက္ထဲက ဖ်စ္ညွစ္ထုတ္ျပီးေရးထားရတာ...
"သူေတာင္းစား ေကာင္းဆက္စံ။ မင္းဘယ္လိုလုပ္ေပးမွာလဲေျပာ။ ငါ အရိုက္ခံရေတာ့မယ္..."
အသားလည္းနာအံုးမယ္။ လူေရွ႕သူေရွ႕လည္း ရိုက္ခံရတာ ဘယ္ေလာက္ရွက္စရာေကာင္းလိုက္သလဲ။
အတန္းထဲကေကာင္ေတြက ကြ်န္ေတာ္အရိုက္ခံရတာကို ႀကည့္ျပီး ေပ်ာ္ေနႀကအံုးမွာ ကိုယ့္အျပစ္မဟုတ္ေပမဲ့
ဆရာမက ကိုယ့္စာအုပ္ကိုယ္ဂရုစိုက္ရမွာေပါ့ ဆိုတဲ့စကားနဲ႔ အျပစ္ကေလ်ာ့ေပါ့ဖို႔လမ္းမျမင္...ကြ်န္ေတာ္ငိုမိ၏။
"ငါ ရိုက္ခံရေတာ့မယ္။ မင္းေသာက္က်င့္ယုတ္ျပီး သက္သက္လုပ္တာ ငါသိတယ္ ဟီးးးးအီးးးး။ ငါေရးထားတာ
ပိုေကာင္းေနလို႔ မင္း သက္သက္ယုတ္မာတာ..."
"မ...မဟုတ္ပါဘူး ခ်န္းရာ"
အထစ္ထစ္အေငါ့ေငါ့နဲ႔ ရွင္းျပေနေသာ ေကာင္းဆက္စံကိုႀကည့္ရင္း ေဒါသေတြက ပိုပိုၾကီးထြားလာေလ။
ေကာင္းဆက္စံကို ထုရိုက္ပစ္မိေတာ့္၏။ ေကာင္းဆက္စံကလည္း သူ႔အျပစ္နဲ႔သူေပမို႔ ကြ်န္ေတာ္ကိုဘာမွ
ျပန္မလုပ္။
သူလည္းငိုရင္း ကြ်န္ေတာ့္ရိုက္ခ်က္ေတြမွ ရသေလာက္ကာကြယ္ေန၏။ မ်က္ရည္ေတြနဲ႔မို႔ေဝေဝဝါးဝါးေပမဲ့
ျမင္ရာမဲရိုက္ပစ္ေနစဥ္...
"ေတာ္ေတာ့"
ဟင္! ကြ်န္ေတာ္ေရာ ေကာင္းဆက္စံပါ တိခနဲရပ္သြားရသည္။ ဟုတ္မွဟုတ္ရဲ႕လားဆိုျပီးေနာက္လွည့္ႀကည့္ေတာ့
တကယ္ႀကီးပဲ ေလာရွည္ေကာင္ ေအာ္လိုက္တာ။ ကြ်န္ေတာ့္ကို စိုက္ႀကည့္ျပီး ဘာမျပာညာမေျပာနဲ႔...
ျဗစ္ ျဗစ္ နဲ႕ ျမည္ေအာင္ ကြ်န္ေတာ့္...ကြ်န္ေတာ့္စာစီစာကံုးစာရြက္ေတြကို ျဖဲပစ္လိုက္တာ။ ဒီေကာင္ ဘာ...
ဘာေတြလုပ္ေနတာလဲေတြးမရ။ ရုတ္တရက္ႀကီး ဒီေကာင္ဘာထျဖစ္တာလဲ။
ေရစိုေနေသာ စာရြက္၂ရြက္ေလာက္ကိုပါ ဆက္တိုက္ထပ္ျဖဲေနေတာ့ ကြ်န္ေတာ္မေနႏုိင္ေတာ့။
"ဘာလို႔ ငါ့စာရြက္ေတြကို ျဖဲေနရတာလဲ"
အသားကုန္ေအာ္ဟစ္လိုက္ေသာ ကြ်န္ေတာ့္ကို နည္းနည္းေလးမွ မျဖံဳသင့္အျပင္ ဘာမွမေျပာဘဲ ခံုေပၚ
တင္ထားေသာ ကြ်န္ေတာ့္ေရေမႊးေဘာပင္ကို ေကာက္ကိုင္ကာ...
"ခရီးတစ္ခု" ဆိုသည့္ စာစီစာကံုးေခါင္းစဥ္ကို စာရြက္အသစ္မွာ စတပ္ေတာ့၏။
ဟင္! ဆိုသည့္ အသံထြက္လာသည္အထိ ကြ်န္ေတာ္အံ့ၾသရေတာ့သည္။ ကြ်န္ေတာ္ပထမဆံုးျမင္ဖူးျခင္းျဖစ္ေသာ
ဒီေကာင့္လက္ေရး။ လွလိုက္တာ။ ကြ်န္ေတာ့္လက္ေရးနဲ႔ ထပ္တူတူေအာင္သူဘယ္လို ေရးႏိိုင္တာလဲ။
အတန္းရဲ႕ဘိတ္ခ်ီး။ ဘာသာစံုက်ထားသူက ဘယ္က...ဘယ္လို။
ဒီေကာင့္လက္ေတြဆိုတာ ေမာ္တာတပ္ထားသလိုပဲ။ ကြ်န္ေတာ္ဖ်စ္ညွစ္စဥ္းစားထားရတဲ့ စာစီစာကံုးကို
သူေရးေနသည္မွာ ေဘာပင္ထဲက စာလံုးေတြ သူ႔အလိုလိုထြက္က်လာသည့္အတိုင္း ေျပေျပျပစ္ျပစ္နဲ႔...
ေတြကာ စဥ္းစားေနတာမ်ိဳးပင္မရွိ။ စာစီစာကံုးကို အလြတ္က်က္ထားတဲ့ စာတစ္ပုဒ္ကို ခ်ေရးေနသလိုကို
အားပါးတရေရးေနတာ။ ကြ်န္ေတာ္ေရာေကာင္းဆက္စံပါ ေႀကာင္အေနျပီးမွ ကြ်န္ေတာ္အရင္္အသိ
ျပန္ဝင္လာသည္။
"ေပး...ငါ့စာအုပ္ကို မေရးနဲ႔"
ျပန္ဆြဲထားရင္း ကြ်န္ေတာ့္ကို ရႈတူတူနဲ႔ ျပန္ႀကည့္သည္။ နဂိုတည္းက သူ႔ကိုရွိန္ေနရေသာ ကြ်န္ေတာ္သည္
ရန္ျဖစ္ဖို႔ စာအုပ္ျပန္လုဖို႔ ဘာကိုအရင္လုပ္ရမလဲ မသိေတာ့။
"မငိုနဲ႔ေတာ့...ေယာက္်ားဆိုတာ မငိုရဘူး။"
ေျပာျပီးျပီးခ်င္း စာအုပ္ကိုျပန္ယူကာ ဆက္ေရးသည္။ ေျပာလို႔လည္းမရဘူး။ ဘာကို ဝမ္းနည္းလို႔ဝမ္းနည္းသြား
မွန္းမသိ။ ဒီေလာရွည္ေကာင္လက္ထဲကစာအုပ္ကိုလည္း ျပန္မလုခ်င္ေတာ့...ခံုေပၚေခါင္းေမွာက္၍ တအိအိနဲ႔သာ
ငိုေနမိေတာ့တယ္။ မသိေတာ့ဘူး။ ကြ်န္ေတာ္လည္းျပန္မွ မေရးႏိုင္ေတာ့တာ။ ဒီေကာင္ေရးေပးတာပဲ
တင္လိုက္ေတာ့မယ္။ ဘိတ္ခ်ီးေကာင္က ေရးေပးတဲ့စာစီစာကံုးကိုထပ္ရလိမ့္မယ္လို႔စိတ္ကူးထဲေတာင္ထည့္မေတြး
ခဲ့တာ။မသိေတာ့ဘူး ေနာက္တစ္ခ်ိန္ဆို ျမန္မာစာဆရာမဝင္လာမွာ။ ေခၚရိုက္ရင္လည္း ရိုက္ခံလိုက္ေတာ့မယ္။
ပထမအခ်ိန္ျပီး ဘဲလ္သံျပန္႔လြင့္လာခ်ိန္...အခ်ိန္ကိုက္ထားသလို "ျပီးျပီ" ...ဟူေသာ ပိုင္သုတအသံတိုးတိုးကိုပါ
ႀကားလိုက္ရသည္။
ေခါင္းေထာင္ႀကည့္ေတာ့ ကြ်န္ေတာ့္ကို စာအုပ္ကမ္းေပးသည္။ မယံုမရဲနဲ႔ စာအုပ္ကိုဖြင့္ႀကည့္ေတာ့ ကြ်န္ေတာ္
ေရးထားတယ္လို႔ ထင္ရသည္အထိ တူေနေသာ ေလးမ်က္ႏွာေက်ာ္ေက်ာ္ရွိေနေသာ စာစီစာကံုး လက္ေရးေတြ။
ကြ်န္ေတာ္ တစ္ညေနလံုး ေရးထားရတဲ့စာကို သူက၄၅မိနစ္တည္းနဲ႔ ေရးလိုက္တာ။ ကြ်န္ေတာ္ပါမက
ေကာင္းဆက္စံလည္း ကြ်န္ေတာ့္မ်က္ႏွာရိပ္မ်က္ႏွာကဲကို တစ္ခ်က္ႀကည့္ျပီး ကြ်န္ေတာ့္လက္ထဲမွ စာအုပ္ကို
ယူႀကည့္သည္။
"မငိုနဲ႔ေတာ့ ခ်န္းျငိမ္းေအာင္။ ေယာက္်ားဆိုတာ ဒီေလာက္ကိစၥေလးနဲ႔ မငိုရဘူး"
ဒီေလာရွည္ေကာင္ ကြ်န္ေတာ့္ကို ဘာေတြလာလုပ္ေနတာလဲ။ မ်က္ရည္ေတြကိုပါမက က်ခ်င္ခ်င္ ျဖစ္ေနေသာ
ႏွာေခါင္းထိပ္မွ ႏွာရည္ႀကည္ေတြကိုပါ ဖိသုတ္ေပးေနေတာ့ ကြ်န္ေတာ္ ေခါင္းခါ ပစ္လိုက္ေတာ့သည္။ ကြ်န္ေတာ္နဲ႔
သူ ရြယ္တူခ်င္းကို ဘာလို႔ ကြ်န္ေတာ့္ထက္အသက္ႀကီးသလို ပံုစံလာဖမ္းေနရတာလဲ။
"ဖယ္ကြာ"
ကံေကာင္းသည္ဟုေျပာရမည္။ သူ ေစာဒကတက္ခ်င္ဟန္ျဖင့္ တစ္ခုခုေျပာဖို႔ျပင္ေနေပမဲ့ ဆရာမဝင္လာေတာ့
သူဘာမွမတတ္ႏိိုင္ဘဲ ေစာနက ပြစိပြစိ့ျဖစ္ေနေသာ ဒီေကာင့္ ႏႈတ္ခမ္းထူထူမွေန၍
"မဂၤလာပါဆရာမ" ဟူေသာႏႈတ္ဆက္သံသာထြက္ရေတာ့၏။
ဒါေတာင္စာသင္ေနတုန္း ကြ်န္ေတာ့္ကို တစ္ခ်က္တစ္ခ်က္ လာႀကည့္ေနတာကို မ်က္လံုးေထာင့္မွေတြ႔ေနရေတာ့
ကြ်န္ေတာ္မေနတတ္ေတာ့။ ဒီေကာင္ရုတ္တရက္ႀကီး ဘာထျဖစ္တာလဲ။
သူဘာေတြေရးေပးလိုက္သည္ မသိ။ ဆရာမက ကြ်န္ေတာ့္ေခၚေတာ့၏။ ကြ်န္ေတာ့္နာမည္ႀကားေတာ့
ေလာရွည္ေကာင္ ေခါင္းနည္းနည္းမတ္လာသည္ကြ်န္ေတာ္ေႀကာက္ေႀကာက္ရြံ႕ရြံ႕နဲ႔ ဆရာမဆီသြားရသည္။
"သား ေရးတာ ဒီတစ္ခါတကယ္ေကာင္းတယ္။ ေနာက္ မူးယစ္ေဆးဝါးကင္းစင္ေရးအထိမ္းအမွတ္ေန႔
စာစီစာကံုးျပိဳင္ပြဲရွိရင္ သားကိုေခၚမယ္။ သားေသခ်ာေရးေနာ္သိလား။ ႀကိဳးစားဒီပံုအတို္င္းသာ ႀကိဳးစားရင္
ဆယ္တန္းျမန္မာစာ ဂုဏ္ထူးမွန္းလို႔ရတယ္။ အမ်ားႀကီးတိုးတက္လာတယ္။ စာစီစာကံုး စာအုပ္ေတြထဲက
ကူးခ်ထားတာ မဟုတ္မွန္း ႀကည့္တာနဲ႔သိတယ္"
"ဟုတ္ဟုတ္"
ျမန္မာစာ ဆရာမကိုယ္တိုင္ ေခၚျပီး ခ်ီးက်ဴးစကားေျပာရသည္အထိ ျဖစ္ေစသည့္ စာစီစာကံုးက ဘယ္ေလာက္မ်ားေကာင္းေနလို႕လဲ ။ သူေရးထားတာေတြကို ကြ်န္ေတာ္ဖတ္ႀကည့္သင့္ေနျပီ။ ကြ်န္ေတာ့္ထိုင္ခံုျပန္ေရာက္တာနဲ႔ ေကာင္းဆက္စံက အငမ္းမရနဲ႔ကို ေမးေတာ့၏။
"ဆရာမ ဘာေတြေျပာေနတာလဲ။ မင္း...မင္းေရးတာ မဟုတ္မွန္းသိသြားတာလား"
"ေရးထားတာ ေကာင္းလို႔ ေနာက္တစ္ခါ စာစီစာကံုးျပိဳင္ပြဲက်ရင္ ဝင္ပါတဲ့"
ကြ်န္ေတာ္တို႔ေျပာေနတာေတြကို နားေထာင္မေနပါဘူး။ သူ႔စာအုပ္ကိုေတာင္သြားမထပ္ဘဲ ေမွာက္အိပ္ေနေသာ
ေလာရွည္ေကာင္ကို
"ပိုင္သုတ...မင္းစာအုပ္သြားမထပ္ဘူးလား" ဟုေမးေတာ့...
"ငါမွ မေရးလာတာ" တဲ့။
ဘယ္ေလာက္မာေရေႀကာေရႏိုင္သလဲဆုိတာ...ဒါေပမဲ့ ကြ်န္ေတာ္အျမဲ စိတ္ကူးယဥ္ခဲ့ရသည့္ စာစီစာကံုး ျပိဳင္ပြဲကို
အမွန္တကယ္ ဝင္ျပိဳင္နိုင္ေအာင္လုပ္ေပးခဲ့တဲ့ ဒီေကာင္ကိုေက်းဇူးတင္စကားေတာ့ ေျပာျဖစ္လိုက္သည္။
"ေက်းဇူးပဲ ပိိုင္သုတ...မင္းေႀကာင့္ ငါစာစီစာကံုးျပိဳင္ပြဲဝင္ျပိဳင္ဖူးေတာ့မွာ"
"ရပါတယ္။ ေနာင္ဆိုငါအိပ္ေနတုန္း ပူညံပူညံ မလုပ္နဲ႔"
ဒါဘာေျပာသြားတာလဲ ။ အဲ့လိုအေျပာအဆိုမတတ္တာေတြေႀကာင့္ ကြ်န္ေတာ္ႀကည့္မရတာ။
ဒါေပမဲ့ တစ္ခုေတာ့ရွိတယ္။ အရင္ကလို ကြ်န္ေတာ္ သူ႔ကို အထင္မေသးရဲေတာ့။ ဒီေကာင္ဘာေကာင္လဲ။
နည္းနည္းေတာ့စိတ္ဝင္စားဖို႔ေကာင္းတယ္...

ေခါင္းေမွာက္အိပ္ေနတဲ့ ေကာင္ေလးကိုႀကည့္ရင္း အေတြးထဲ ပြစိပြစိလုပ္ေနတဲ့ေကာင္ေလးရယ္...
မ်က္ႏွာကို လက္ေမာင္းေတြႀကားဝွက္ရင္း ျပံဳးေနေသာ ေကာင္ေလးရယ္...
ဆ႒မတန္း(က)တန္းေလးထဲ အသီးသီးရွိေနႀကေလရဲ႕...

Bạn đang đọc truyện trên: ZingTruyen.Xyz