အပိုင်း ၄
UNICODE
--------------------------------------------------------------------------------------------------------------------------------
အပိုင်း(၄)
PAING'S POV:
"ဟို...ဟိုလေ မင်း...ထမင်းဆာရင်..."
စကားသံတိုးလျလျနဲ့အတူ မွှေးပျံသော ဟင်းအနံ့တွေကြောင့် ကျွန်တော် ခေါင်းထောင်ကြည့်မိတော့...
ထမင်းချိုင့်ဖွင့်လျက်နဲ့ အနားတိုးလာသော ကောင်လေး။ မျက်မှန်ဝိုင်းထဲက မျက်လုံးတို့တွင် ရွံ့တွန့်တွန့်
အမူအရာတွေနဲ့...
ဘေးနားက ရှုတူတူနဲ့ မှုန်ကာကုပ်ကာကြည့်နေသော တစ်ယောက်ကို မျက်လုံးထောင့်မှနေ၍တွေ့နေရ၍
ကျွန်တော်ဘာမှမပြောချင်တော့...ဂရုတစိုက်လာကျွေးသူ၏ စေတနာကိုမစော်ကားချင်ပေမဲ့ သူ့သူငယ်ချင်း
ကောင်လေး၏ မလိုလားမှုကိုမြင်နေရ၍ ပြန်မှောက်အိပ်နေလိုက်တော့တယ်။
ဟုတ်တယ် သူငယ်ချင်းအချင်းချင်း ကျွန်တော့်ကြောင့် စိတ်ဝမ်းမကွဲစေချင်ဘူး။
*****
CHAN'S POV:
"တွေ့လား ကောင်းဆက်စံ။ ငါမင်းကိုမပြောဘူးလား။ ဒီကောင်က ဆန်မရှိအစားကြီးပြချင်နေတဲ့ကောင်။
စေတနာနဲ့ကို မတန်တာ"
ကျူရှင်အပြန်လမ်းတစ်လျှောက် ကျောင်းမှဟိုကောင်လောရှည်ကောင်၏ လုပ်ပုံကို ခုမှကျွန်တော်အားပါးတရ
ပြောရတော့၏။
"သူက အားနာလို့နေမှာပါ ချန်းရာ...မင်းဘာကြောင့် ပိုင်သုတကိုမုန်းနေလည်းငါမသိဘူး"
"သူနေပုံထိုင်ပုံကိုက အချိုးမပြေတာ မင်းမတွေ့ဘူးလား"
"မင်းကိုလည်း ဘာမှမလုပ်ပဲနဲ့..."
မျက်မှန်ကိုတစ်ချက်ပင့်တင်ရင်း ကောင်းဆက်စံကို တည့်တည့်စိုက်ကြည့်တော့...
"ငါသွားပြီ" ဟူ၍ သူ့တိုက်ပေါ် ပြေးတက်သွားတော့၏။
ကျွန်တော်လည်း ကျောပိုးအိတ်ကြီးလွယ်လျက် သီတာလမ်းတစ်လျှောက် ဖြည်းဖြည်းမှန်မှန်လမ်းလျှောက်
လာနေဆဲမှာပင် အနောက်မှစက်ဘီးဘဲလ်သံ ကလင်ကလင်ကို ကြားလိုက်ရ၏။
လမ်းဘေးကပ်ပေးလိုက်သည်နဲ့ ဝှီးခနဲနေအောင် ဘေးကနေ ဖြတ်ကျော်တက်သွားတာ။ ဝေးသွားသော
စက်ဘီး ၊ မြင်နေရသော ကျောပြင်။ စိတ်ထဲ ရင်းနှီးနေသလိုပဲ။
"လောရှည်ကောင် !"
အဟုတ်ပဲ။ နေ့တိုင်းမြင်နေရတဲ့ ဒီကောင့်ကျောပြင်။ မျက်နှာသာ မမှတ်မိချင်နေမယ်။ သူ့ကျောတော့
အလွတ်ရနေပြီ။ ဟုတ်တယ်လေ နေ့တိုင်း အဲ့ကျောဘဲ မြင်ရတာ။
"တောက် အသက်ရှည်အုံးမယ်။ ခုပဲသူ့အကြောင်း ပြောနေတာ။ ဒီကောင်ဒီနားမှာ နေတာလား"
ကျွန်တော်တို့ ကျောက်မြောင်းရပ်ကွက်ဆိုတာက ပင့်ကူအိမ်တွေလို လမ်းတွေနဲ့ရှုပ်ယှက်ခတ်နေတတ်တာ။
သီတာလမ်းမကြီးတစ်လျှောက် ဖြတ်ထားသော လမ်းသွယ်တွေကိုမှ ထပ်ဖြတ်ထားသော လမ်းတိုတွေနဲ့။
ကျွန်တော်စပြောင်းလာခါစကဆို ခဏခဏလမ်းပျောက်တတ်တာ။ ခုဒီကောင်ကခုမှ ပြောင်းလာတာကိုစက်
ဘီးနဲ့ဘာနဲ့ ဟုတ်လားမဟုတ်လားမသေချာပေမဲ့ သူလို့ပဲထင်တယ်။ သူ့မြင်လိုက်ရတာနဲ့ကို လူက
ဇဝေဇဝါ ယောင်ချာချာဖြစ်သွားတာ...
မား ဆိုင်ကိုဝင်ရ ကောင်းမလား စဉ်းစားပြီးမှ မသွားချင်တော့၍ ကိုယ့်အိမ်ကိုယ်သာ ပြန်လာလိုက်တော့သည်။
သော့ဖွင့်သံကြားတော့ နှင်းနုဖွေး တို့အမေက သူတို့အခန်းက နေထွက်ကြည့်ပြီး...
"သားပြန်လာပြီလား။ ထမင်းရော စားခဲ့လား" ဟု ဂရုတစိုက်ထွက်မေး၏။ နှင်းနုဖွေးကိုတော့မတွေ့။
စာ ကျက်နေတာ နေမှာပေါ့။
"မား ချက်ထားခဲ့တယ် အန်တီ။"
"အင်းအင်း သားအိမ်မှာ တစ်ယောက်တည်း မနေချင်ရင် ဒီဖက်ကူးလာနော်။ သမီးနဲ့ စာအတူတူလာလုပ်ပေါ့"
"ဟုတ် ဟုတ်"
စကားမြန်မြန်ဖြတ်ပြီးသာ အခန်းထဲဝင်လာလိုက်သည်။ ၁၂ပေအကျယ်ရှိ တိုက်ခန်းက ကျဉ်းပေမဲ့ တစ်ယောက်
တည်းအတွက် အထူးသဖြင့် ကျွန်တော့်လို ခြောက်တန်းကျောင်းသားလေးအတွက်ကျယ်လွန်းတယ်။
မားက ကိုယ့်ကလေးကိုယ် ဂရုမစိုက်တတ်တဲ့ အမေမျိုးတော့ မဟုတ်ပါဘူး။ သူ့ဝါသနာအရသီတာလမ်းထိပ်မှာ
ရှမ်းအစားအစာ ဆိုင်လေးဖွင့်ထားတယ်။ အစကတော့ ဖေဖေ့ဝင်ငွေကာမိအောင် ကျွန်တော့်ကို ကျူရှင်ကောင်း
ကောင်း ထားနိုင်ရုံလောက်သာ ရည်ရွယ်ဖွင့်ခဲ့ပေမဲ့ (၅)နှစ်အတွင်း ဆိုင်ခန်းကိုပင် ပြန်ဝယ်နိုင်သည်အထိ
ရောင်းအားကောင်းခဲ့သည့်နောက် မာမားလည်းဆိုင်ကနေကို ခွာမရတော့။
ည၉နာရီဆိုင်ပိတ်ပေမဲ့ ည၁၀နာရီလောက်မှ အိမ်ပြန်ရောက်တယ်။ ကျွန်တော့်ကိုစိတ်မချပေမဲ့ နောက်ပိုင်း
ကျွန်တော်လည်းတစ်ယောက်တည်းလည်း နေသားကျခဲ့ပြီ။ ကျူရှင်ကပြန်ရောက်တာနဲ့ကိုယ့်အခန်းထဲကိုယ်နေ။
စာထိုင်လုပ်။ ဂိမ်းဆိုင်တွေဘာတွေလည်းသွားမဆော့တတ်သလို။
ကားရှုပ်တဲ့ လမ်းပေါ်လည်း ထွက်မဆော့တတ်တဲ့ ကျွန်တော့်ကို မာမားစိတ်ချနေပြီ။ ခုဆို မားချက်
ပေးခဲ့တဲ့ ဟင်းတွေကိုတောင် ကိုယ်တိုင်နွှေးစားနေတတ်ပြီ။ တခါတလေ ကိုယ့်ဘာသာကိုယ်တောင် လက်တည့်
စမ်းပြီးချက်တယ်။ ဒါကိုတော့ မား မသိသေးဘူး။ သိရင်စိတ်ပူပြီး မလုပ်ခိုင်းမှာသေချာနေ၍ မရိပ်မိအောင်
လုပ်ရတာပေါ့။ ကျွန်တော်ချက်တာတွေက အရမ်းအကောင်းကြီးတော့မဟုတ်ပေမဲ့စားလို့တော့
ရနေပြီ။ ကျွန်တော် ဘက်စုံထူးချွန်နေဖို့လိုတယ်။ ဒါမှ ဟိုဘက်ခန်းက နှင်းနုဖွေး ကိုနင့်လောက်တော့
သနားတယ်လို့ပြောလို့ရမှာ။ နှင်းနုဖွေး အမေဆိုခဏခဏညည်းတယ်။ သူ့သမီးကစာကလွဲပြီးဘာမှမလုပ်တတ်
ဘူးဆိုပြီးတော့ပေါ့။နှင်းနုဖွေးကိုယ်တိုင်ကလည်း တစ်ချိန်ကုန် စာအုပ်နဲ့ မျက်နှာမခွာဘူး။
အေးလေ သူက ကျွန်တော့်ကို အသားလွတ်လာပြိုင်နေမှတော့ ဒီလောက်တော့ကြိုးစားရမှာပေါ့။
ဒါတောင် သူ ထ(၄)၊ ကျွန်တော်က ထ(၅)မို့ ကျောင်းမတူလို့။ မိန်းကလေးတွေ ဘာတွေမှန်းမသိ ကိုယ့်ဘာ
သာကိုယ်နေတာတောင်လိုက်ပြိုင်နေတာ။ သူတို့ဘယ်လောက်ကြိုးစားကြိုးစား ကျွန်တော်တို့
ယောကျာ်းလေးတွေကို မမီပါဘူး။
ကျွန်တော်တို့လောက်မှ ဉာဏ်မကောင်းတာ...ယောကျာ်းလေးမဟုတ်တည်းက နင်တစ်ပန်းရှုံးနေတာ
နှင်းနုဖွေးရဲ့လို့ မျက်နှာချင်းဆိုင် ပြောချင်ပေမဲ့ အခွင့်အရေးတော့ မကြုံသေးဘူး။
တစ်နေ့နေ့တော့ ပြောနိုင်မယ် ထင်ရဲ့...
THANK YOU ALL
ZAWGYI
--------------------------------------------------------------------------------------------------------------------------------
အပိုင္း(၄)
PAING'S POV:
"ဟို...ဟိုေလ မင္း...ထမင္းဆာရင္..."
စကားသံတိုးလ်လ်နဲ႔အတူ ေမႊးပ်ံေသာ ဟင္းအနံ႔ေတြေႀကာင့္ ကြ်န္ေတာ္ ေခါင္းေထာင္ႀကည့္မိေတာ့...
ထမင္းခ်ိဳင့္ဖြင့္လ်က္နဲ႔ အနားတိုးလာေသာ ေကာင္ေလး။ မ်က္မွန္ဝိုင္းထဲက မ်က္လံုးတို႕တြင္ ရြံ႕တြန္႔တြန္႔
အမူအရာေတြနဲ႔...
ေဘးနားက ရႈတူတူနဲ႔ မႈန္ကာကုပ္ကာႀကည့္ေနေသာ တစ္ေယာက္ကို မ်က္လံုးေထာင့္မွေန၍ေတြ႔ေနရ၍
ကြ်န္ေတာ္ဘာမွမေျပာခ်င္ေတာ့...ဂရုတစိုက္လာေကြ်းသူ၏ ေစတနာကိုမေစာ္ကားခ်င္ေပမဲ့ သူ႔သူငယ္ခ်င္း
ေကာင္ေလး၏ မလိုလားမႈကိုျမင္ေနရ၍ ျပန္ေမွာက္အိပ္ေနလိုက္ေတာ့တယ္။
ဟုတ္တယ္ သူငယ္ခ်င္းအခ်င္းခ်င္း ကြ်န္ေတာ့္ေႀကာင့္ စိတ္ဝမ္းမကြဲေစခ်င္ဘူး။
*****
CHAN'S POV:
"ေတြ႔လား ေကာင္းဆက္စံ။ ငါမင္းကိုမေျပာဘူးလား။ ဒီေကာင္က ဆန္မရွိအစားႀကီးျပခ်င္ေနတဲ့ေကာင္။
ေစတနာနဲ႔ကို မတန္တာ"
က်ဴရွင္အျပန္လမ္းတစ္ေလွ်ာက္ ေက်ာင္းမွဟိုေကာင္ေလာရွည္ေကာင္၏ လုပ္ပံုကို ခုမွကြ်န္ေတာ္အားပါးတရ
ေျပာရေတာ့၏။
"သူက အားနာလို႔ေနမွာပါ ခ်န္းရာ...မင္းဘာေႀကာင့္ ပိုင္သုတကိုမုန္းေနလည္းငါမသိဘူး"
"သူေနပံုထိုင္ပံုကိုက အခ်ိဳးမေျပတာ မင္းမေတြ႕ဘူးလား"
"မင္းကိုလည္း ဘာမွမလုပ္ပဲနဲ႔..."
မ်က္မွန္ကိုတစ္ခ်က္ပင့္တင္ရင္း ေကာင္းဆက္စံကို တည့္တည့္စိုက္္ႀကည့္ေတာ့...
"ငါသြားျပီ" ဟူ၍ သူ႔တိုက္ေပၚ ေျပးတက္သြားေတာ့၏။
ကြ်န္ေတာ္လည္း ေက်ာပိုးအိတ္ႀကီးလြယ္လ်က္ သီတာလမ္းတစ္ေလွ်ာက္ ျဖည္းျဖည္းမွန္မွန္လမ္းေလ်ွာက္
လာေနဆဲမွာပင္ အေနာက္မွစက္ဘီးဘဲလ္သံ ကလင္ကလင္ကို ၾကားလိုက္ရ၏။
လမ္းေဘးကပ္ေပးလိုက္သည္နဲ႔ ဝွီးခနဲေနေအာင္ ေဘးကေန ျဖတ္ေက်ာ္တက္သြားတာ။ ေဝးသြားေသာ
စက္ဘီး ၊ ျမင္ေနရေသာ ေက်ာျပင္။ စိတ္ထဲ ရင္းႏွီးေနသလိုပဲ။
"ေလာရွည္ေကာင္ !"
အဟုတ္ပဲ။ ေန႔တိုင္းျမင္ေနရတဲ့ ဒီေကာင့္ေက်ာျပင္။ မ်က္ႏွာသာ မမွတ္မိခ်င္ေနမယ္။ သူ႔ေက်ာေတာ့
အလြတ္ရေနျပီ။ ဟုတ္တယ္ေလ ေန႔တိုင္း အဲ့ေက်ာဘဲ ျမင္ရတာ။
"ေတာက္ အသက္႐ွည္အံုးမယ္။ ခုပဲသူ႔အေၾကာင္း ေျပာေနတာ။ ဒီေကာင္ဒီနားမွာ ေနတာလား"
ကြ်န္ေတာ္တို႔ ေက်ာက္ေျမာင္းရပ္ကြက္ဆိုတာက ပင့္ကူအိမ္ေတြလို လမ္းေတြနဲ႔႐ႈပ္ယွက္ခတ္ေနတတ္တာ။
သီတာလမ္းမႀကီးတစ္ေလ်ွာက္ ျဖတ္ထားေသာ လမ္းသြယ္ေတြကိုမွ ထပ္ျဖတ္ထားေသာ လမ္းတိုေတြနဲ႔။
ကြ်န္ေတာ္စေျပာင္းလာခါစကဆို ခဏခဏလမ္းေပ်ာက္တတ္တာ။ ခုဒီေကာင္ကခုမွ ေျပာင္းလာတာကိုစက္
ဘီးနဲ႔ဘာနဲ႔ ဟုတ္လားမဟုတ္လားမေသခ်ာေပမဲ့ သူလို႔ပဲထင္တယ္။ သူ႔ျမင္လိုက္ရတာနဲ႔ကို လူက
ဇေဝဇဝါ ေယာင္ခ်ာခ်ာျဖစ္သြားတာ...
မား ဆိုင္ကိုဝင္ရ ေကာင္းမလား စဥ္းစားၿပီးမွ မသြားခ်င္ေတာ့၍ ကိုယ့္အိမ္ကိုယ္သာ ျပန္လာလိုက္ေတာ့သည္။
ေသာ့ဖြင့္သံၾကားေတာ့ ႏွင္းႏုေဖြး တို႔အေမက သူတို႔အခန္းက ေနထြက္ၾကည့္ၿပီး...
"သားျပန္လာၿပီလား။ ထမင္းေရာ စားခဲ့လား" ဟု ဂ႐ုတစိုက္ထြက္ေမး၏။ ႏွင္းႏုေဖြးကိုေတာ့မေတြ႔။
စာ က်က္ေနတာ ေနမွာေပါ့။
"မား ခ်က္ထားခဲ့တယ္ အန္တီ။"
"အင္းအင္း သားအိမ္မွာ တစ္ေယာက္တည္း မေနခ်င္ရင္ ဒီဖက္ကူးလာေနာ္။ သမီးနဲ႔ စာအတူတူလာလုပ္ေပါ့"
"ဟုတ္ ဟုတ္"
စကားျမန္ျမန္ျဖတ္ၿပီးသာ အခန္းထဲဝင္လာလိုက္သည္။ ၁၂ေပအက်ယ္ရွိ တိုက္ခန္းက က်ဥ္းေပမဲ့ တစ္ေယာက္
တည္းအတြက္ အထူးသျဖင့္ ကြ်န္ေတာ့္လို ေျခာက္တန္းေက်ာင္းသားေလးအတြက္က်ယ္လြန္းတယ္။
မားက ကိုယ့္ကေလးကိုယ္ ဂ႐ုမစိုက္တတ္တဲ့ အေမမ်ိဳးေတာ့ မဟုတ္ပါဘူး။ သူ႔ဝါသနာအရသီတာလမ္းထိပ္မွာ
႐ွမ္းအစားအစာ ဆိုင္ေလးဖြင့္ထားတယ္။ အစကေတာ့ ေဖေဖ့ဝင္ေငြကာမိေအာင္ ကြ်န္ေတာ့္ကို က်ဴ႐ွင္ေကာင္း
ေကာင္း ထားႏိုင္ရံုေလာက္သာ ရည္ရြယ္ဖြင့္ခဲ့ေပမဲ့ (၅)ႏွစ္အတြင္း ဆိုင္ခန္းကိုပင္ ျပန္ဝယ္ႏိုင္သည္အထိ
ေရာင္းအားေကာင္းခဲ့သည့္ေနာက္ မာမားလည္းဆိုင္ကေနကို ခြာမရေတာ့။
ည၉နာရီဆိုင္ပိတ္ေပမဲ့ ည၁၀နာရီေလာက္မွ အိမ္ျပန္ေရာက္တယ္။ ကြ်န္ေတာ့္ကိုစိတ္မခ်ေပမဲ့ ေနာက္ပိုင္း
ကြ်န္ေတာ္လည္းတစ္ေယာက္တည္းလည္း ေနသားက်ခဲ့ျပီ။ က်ဴ႐ွင္ကျပန္ေရာက္တာနဲ႔ကိုယ့္အခန္းထဲကိုယ္ေန။
စာထိုင္လုပ္။ ဂိမ္းဆိုင္ေတြဘာေတြလည္းသြားမေဆာ့တတ္သလို။
ကား႐ႈပ္တဲ့ လမ္းေပၚလည္း ထြက္မေဆာ့တတ္တဲ့ ကြ်န္ေတာ့္ကို မာမားစိတ္ခ်ေနၿပီ။ ခုဆို မားခ်က္
ေပးခဲ့တဲ့ ဟင္းေတြကိုေတာင္ ကိုယ္တိုင္ေႏႊးစားေနတတ္ၿပီ။ တခါတေလ ကိုယ့္ဘာသာကိုယ္ေတာင္ လက္တည့္
စမ္းၿပီးခ်က္တယ္။ ဒါကိုေတာ့ မား မသိေသးဘူး။ သိရင္စိတ္ပူျပီး မလုပ္ခိုင္းမွာေသခ်ာေန၍ မရိပ္မိေအာင္
လုပ္ရတာေပါ့။ ကြ်န္ေတာ္ခ်က္တာေတြက အရမ္းအေကာင္းႀကီးေတာ့မဟုတ္ေပမဲ့စားလို႔ေတာ့
ရေနၿပီ။ ကြ်န္ေတာ္ ဘက္စံုထူးခြၽန္ေနဖို႔လိုတယ္။ ဒါမွ ဟိုဘက္ခန္းက ႏွင္းႏုေဖြး ကိုနင့္ေလာက္ေတာ့
သနားတယ္လို႔ေျပာလို႕ရမွာ။ ႏွင္းႏုေဖြး အေမဆိုခဏခဏညည္းတယ္။ သူ႔သမီးကစာကလြဲၿပီးဘာမွမလုပ္တတ္
ဘူးဆိုၿပီးေတာ့ေပါ့။နွင္းနုေဖြးကိုယ္တိုင္ကလည္း တစ္ခ်ိန္ကုန္ စာအုပ္နဲ႔ မ်က္ႏွာမခြာဘူး။
ေအးေလ သူက ကြ်န္ေတာ့္ကို အသားလြတ္လာၿပိဳင္ေနမွေတာ့ ဒီေလာက္ေတာ့ႀကိဳးစားရမွာေပါ့။
ဒါေတာင္ သူ ထ(၄)၊ ကြ်န္ေတာ္က ထ(၅)မို႕ ေက်ာင္းမတူလို႔။ မိန္းကေလးေတြ ဘာေတြမွန္းမသိ ကိုယ့္ဘာ
သာကိုယ္ေနတာေတာင္လိုက္ၿပိဳင္ေနတာ။ သူတို႔ဘယ္ေလာက္ႀကိဳးစားႀကိဳးစား ကြ်န္ေတာ္တို႔
ေယာက်ာ္းေလးေတြကို မမီပါဘူး။
ကြ်န္ေတာ္တို႔ေလာက္မွ ဥာဏ္မေကာင္းတာ...ေယာက်ာ္းေလးမဟုတ္တည္းက နင္တစ္ပန္းရႈံးေနတာ
ႏွင္းႏုေဖြးရဲ႕လို႕ မ်က္ႏွာခ်င္းဆိုင္ ေျပာခ်င္ေပမဲ့ အခြင့္အေရးေတာ့ မၾကံဳေသးဘူး။
တစ္ေန႕ေန႕ေတာ့ ေျပာနိုင္မယ္ ထင္ရဲ႕...
Bạn đang đọc truyện trên: ZingTruyen.Xyz