ZingTruyen.Xyz

EX-pect

Epi-9

HsuChiKo365

က်ေတာ္အိမ္ျပန္ေရာက္ေတာ့ ထံုးစံအတိုင္း
ေမေမေလးရွိမေန။မား ေပးလိုက္ေသာ ဆိတ္သား
မုန္႕ ႏွစ္ခုကိုႀကည့္ျပီး စိတ္ထဲသိမ္ငယ္သလိုခံစား
ရ၏။ေနာက္ အေပၚစီးကေနေျပာလိုက္ေသာ ခ်န္း
ရဲ႕စကားေတြ...မ်က္ရည္က အလိုလိုဝဲလာရ၏
မေကာင္းတဲ့ေကာင္...သ႔ူမွာ အေဖအေမ
အျပည့္အစံုရွိေတာ့ ငါလို မိဘမျပည့္စံုတဲ့လူကို
ႏွိမ္ခ်င္ေနတာ။
မႏၲေလးမွာဆို က်ေတာ့္ကို အခုလိုခိုင္းဖက္
တစ္ေယာက္လိုဘယ္သူမွမဆက္ဆံခဲ့။ေဖေဖ့ရဲ႕
အရွိန္အဝါနဲ႔ က်ေတာ္တို႕ေမာင္ႏွမႏွစ္ေယာက္လံုး
ျပည့္ျပည့္စံုစံုနဲ႔ေနခဲ့ရတာ။ခုေတာ့...
အမွန္ဆိုက်ေတာ္စိတ္နဲ႔က်ေတာ္သာဆိုရင္ ခ်န္း
ကို သြားေခၚျဖစ္မွာမဟုတ္ဘူး။ဒါေပမယ့္ခုေျခေန
အရ ခ်န္း ကို ေန႔တိုင္းအသြားအျပန္ႀကိဳပို႔ေပးမွ
က်ေတာ့္ဝမ္းေရးအဆင္ေျပလိမ့္မည္။ေမေမေလး
က က်ေတာ့္ကိုမုန္႔ဖိုးေတာင္မေပးခ်င္ေတာ့။အရင္
ကဆို တီဗီစင္ေပၚ၁ေထာင္တန္တင္ထားေပး
တတ္ေပမယ့္ ဒီေန႔ဆို မတင္ေပးခဲ့။ေမ့သြားတာ
လား ဘာလားမေျပာတတ္ေပမယ့္ဟိုေန႔ေတြ
တည္းက ေမေမေလးပံုစံက စိတ္ညစ္ေနပံုပင္
တစ္ေန႔တစ္ေထာင္သည္ က်ေတာ့္လိုအရြယ္က
ေလးတစ္ေယာက္အတြက္ မ်ားလြန္းတယ္ဟူ၍
လည္း ေျပာေနတတ္ေတာ့...
ဒါေပမယ့္ အိမ္မွာထမင္းမစားရတဲ့ကေလးတစ္
ေယာက္အတြက္ ၁ေထာင္က သံုးနပ္စာအတြက္
မေလာက္င။ဒီလို ျမိဳ႕လယ္ေခါင္မွာ မနက္ခင္း
စာပင္ အနည္းဆံုး၃၀၀ရွိေနတာ။မား ဆိုင္မွာ
သက္သက္လြတ္ရွမ္းပံုစားတစ္ပြဲ ၅၀၀။
ေန႔လည္စာနဲ႔ ညစာဆိုရင္ပဲ တစ္ေထာင္ျဖစ္ေနျပီ။
ေက်ာင္းသြားဖို႔ ကားခမေလာက္၍ ႀကီးႀကီးေမ
ဝယ္ထားေပးခဲ့ေသာ စက္ဘီးနဲ႔သာသြားေနရတာ
မႏၲေလးမွာ ေက်ာင္းကိုစက္ဘီးနဲ႔လာတာအဆန္း
မဟုတ္ေပမယ့္ အခုက်ေတာ္တို႔ေက်ာင္းမွာစက္
ဘီးစီးျပီးေက်ာင္းတက္တာဆိုလို႔ တစ္ေက်ာင္းလံုး
မွာ က်ေတာ္တစ္ေယာက္တည္းရွိသလိုပဲ။
ဒါေတြေျပာျပီး ေမေမေလးကို ပိုက္ဆံပိုေတာင္း
လို႔လည္းမျဖစ္။ဒီေန႔လို မုန္႔ဖိုးမထားခဲ့တဲ့ေန႔
ေတြမ်ားလာရင္ က်ေတာ္ဘာလုပ္သင့္ပါသလဲ??
မေန႔က ေန႔လည္စာစားထားတာကိုဒီေန႔ေပးမယ္
ဆိုျပီး ရည္ရြယ္ထားေပမယ့္ ေမေမေလးကပိုက္
ဆံမေပးခဲ့၍ မား ဆိုင္မွာဝိုင္းကူေပးလိုက္သည္။
မား ကမလုပ္နဲ႔လို႔တားပါေသာ္လည္း ဇြတ္ဝင္ကူ
ေနေသာ က်ေတာ့္ကိုမတားေတာ့။အမွန္ေတာ့ မား ဆိုင္ တကယ္လူက်လာခ်ိန္ဆို
ဆိုင္မွာရွိတဲ့ စားပြဲထိုးအစ္ကုိိႀကီးႏွစ္ေယာက္နဲ႔
တင္မရ။ပန္းကန္ေတြပါ ဝင္ေဆးေပးလိုက္တယ္။အိမ္မွာဆို ႀကီးေမကိုဝင္ကူညီညာခဲ့ရလို႔
ပန္းကန္ေတြဘာေတြေဆးတတ္ေနေတာ့ အေတာ္ပဲ။
မနက္စာေရာ ေန႔လည္စာေရာမစားျဖစ္ေသး၍
ဗိုက္ေတြဆာေနေပမယ့္ မားကိုေက်ာင္းမွာႀကာ
ဇံေႀကာ္စားခဲ့တယ္ဟူ၍သာလိမ္ခဲ့ရတာ။
မားအတင္းေကြ်းေပမယ့္ မစားျဖစ္ေတာ့။ဒါေတာင္
မားက ခ်န္း အတြက္ဝယ္လာေပးတဲ့ဆိတ္သားမုန္႔
ေတြထည့္ေပးလိုက္ေသးတယ္။ဒါေတြကိုခ်န္းအရမ္းႀကိဳက္တယ္ဆိုပဲ။
အသားမစားတတ္တဲ့က်ေတာ့္အတြက္ မုန္႔ေတြ
ထဲကအသားအနံ႕ကျပင္းလြန္းတယ္။လူႀကီးေပး
ရင္ မျငင္းရဘူးဆိုသည့္ ဘုန္းဘုန္းရဲ႕ဆံုးမစကား
ေႀကာင့္သာ ယူလာလိုက္ရတာ။နက္ျဖန္မွပဲ ခ်န္း
ကိုျပန္ေကြ်းလိုက္ေတာ့မယ္။ႀကြတ္ႀကြတ္အိတ္ထဲ
ကမုန္႕ကိုေလလံုေအာင္ပိတ္ျပီးလြယ္အိတ္ထဲ
ေသခ်ာထည့္ထားလိုက္သည္။
ဗိုက္ေတြဆာေနေပမယ့္ စားစရာမရွိ၍ ေရခဲေသတၲာထဲက ေရသန္႔ဘူးကိုသာတစ္က်ိဳက္
တည္းေမာ့ေသာက္ပစ္လိုက္ရသည္။အိပ္လိုက္
ေတာ့မယ္။ဟုတ္တယ္ အိပ္ေပ်ာ္သြားရင္ဗိုက္ဆာ
ေတာ့မွာမဟုတ္ဘူး။
မနက္ခင္း ႏိုးလာေတာ့ ေမေမေလးမရွိေတာ့။မနက္အေစာႀကီးတည္းက ထြက္သြားတာလား??
ညကတည္းက ျပန္မလာတာလားက်ေတာ္မသိ။
တီဗီစင္နားအေျပးသြားႀကည့္ေတာ့ ဘာဆိုဘာမွ
ရွိမေန။သြားျပီ ဒီေန႔အတြက္ေတာ့...ဖုန္ေတြတက္
ေနေသာ တီဗီစင္ကိုသာ ငူငူငိုင္ငိုင္နဲ႔စိုက္ႀကည့္ေန
မိသည္။ဖုန္ေတြေတာ့ သုတ္အံုးမွပါ။ႀကီးေမသာ
ဒါေတြေတြ႔ႀကည့္ တျဗစ္ေတာက္ေတာက္နဲ႔ကိုတစ္
ေနကုန္ေျပာေနေတာ့မွာ။အင္းးက်ေတာ္အိမ္အ
လုပ္ေတြကူညီညာေပးရင္ ေမေမေလးက မုန္႔ဖိုး
ျပန္ေပးေလာက္ပါရဲ႕။အသစ္ခ်ြတ္ခြ်တ္ရွိေနေသး
ေသာ တံျမတ္စည္းကို ကိုင္ကာတစ္အိမ္လံုးကို
လွဲက်င္း။ေဖေဖ့ ပုဆိုးစုတ္တစ္ထည္
ကိုျဖဲျပီး ေရစြတ္ျပီးႀကမ္းတိုက္ ဖုန္ေတြခါနဲ႔။နာရီ
ႀကည့္မိေတာ့ ေရခ်ိဳးခ်ိန္ေက်ာ္ေနျပီ။ျပႆနာပဲ။
ကိုယ့္ဘာသာကိုယ္ ေက်ာင္းေနာက္က်တာကိစၥ
မဟုတ္။ဒီေန႔ ဟိုေက်ာက္ေရတြင္းသား နဂ်ီေကာင္ပိန္ေညာင္ေလးကို သြားႀကိဳရမွာ။

ေရခ်ိဳးျပီးတာနဲ႔ ေတြ႔တဲ့ေက်ာင္းဝတ္စံုေကာက္
္စြတ္။မီးပူလည္း မတိုက္ရေသး၍အက်ီ ၤေတြက
တြန္႔ေႀကေနတာပဲ။ဒီလို ျဖစ္သလိုပံုစံနဲ႔ဝတ္စား
ေနလို႔ ဟိုနဂ်ီေကာင္က်ေတာ့္ကိုအထင္ေသးတာ
ေနမွာ။မတတ္ႏိုင္ဘူး။ထားလိုက္ေတာ့
-
-
-
လာေနပါျပီ။ကေသာင္းကနင္းနဲ႔။တြန္႔တြန္႔ေႀကေန
ေသာေက်ာင္းဝတ္စံုနဲ႔ ေက်ာပိုးအိတ္ဖရိုဖရဲလြယ္
ျပီး...

""တက္!""

ဘယ္ေလာက္ေတာင္နင္းလာရလဲမသိ။ေဟာဟဲ
စိုက္ေနေသာ ေမာသံႀကီးနဲ႔။ဘာကိစၥေနာက္က်ေန
တာလဲ ေမးခ်င္ေပမယ့္ဒီေကာင့္ကိစၥသိပ္အေရး
စိုက္ေနသလို မျဖစ္ခ်င္တာနဲ႔ သူေစာင္းေပးထား
ေသာ ေနာက္ခံုေပၚေစြ႔ခနဲတက္ထိုင္လိုက္ေတာ့
တယ္။

""ကိုင္ထားေနာ္""

""ငါ သိတယ္။""

ေတြ႔လား??ခ်န္းဆိုတာကအဲ့လိုမာရည္ေက်ာရည္
ႏိုင္တတ္တာ။
အစကျမန္ျမန္နင္းဆိုျပီးေျပာတာသူ။တကယ္ျမန္
ျမန္နင္းေတာ့ ေျဖးေျဖးနင္းဆိုျပီး အာျပဲနဲ႔ျပန္ေအာ္
ျပန္ေရာ။ငါကြာ...ခုတစ္မ်ိဳးေတာ္ႀကာတစ္မ်ိဳးနဲ႔
ဒီေကာင္။လူကနင္းေနရလို႔ေမာရတဲ့အထဲ
စက္ဘီးခံုကို ကိုင္ေနရတာေန က်ေတာ့္ခါးကို
လက္နဲ႔ညွစ္ထားတာ။နာလိုက္တာ...

""ခ်န္း...ဖက္ထားမယ္ဆိုလည္း ျဖည္းျဖည္းဖက္
ကြာ။မညွစ္ထားနဲ႔ နံရိုးေတြနာတယ္ကြ""

""နာ...နာ ကြာ။မင္းက ျဖည္းျဖည္းမွမနင္းတာ""

""မင္းပဲေနာက္က်မယ္ဆို""

""တိတ္စမ္း""

ဒီလိုေအာ္ႀကီးဟစ္က်ယ္တစ္ေယာက္တစ္ခြန္း
ေျပာရင္းနဲ႔ပဲ ေက်ာင္းေရာက္လာေတာ့၏။က်ေတာ္ဆိုတာလည္း ေခြ်းေတြရႊဲေနေရာ

""ေခြ်းေတြခ်ဥ္းပဲ...ညစ္ပတ္လိုက္တာ""

""ဘာ!!""

စက္ဘီးကိုေသာ့ခတ္ေနရ၍ တစ္ခ်က္သာေအာ္
ႏိုင္လိုက္သည္။ေက်းဇူးရွင္က ေမာ့ေတာ့ေမာ့
ေတာ့ႏွင့္ ထြက္သြားႏွင့္ျပီ။သူ၏ အုန္းေမႊးလံုးလို
အုပ္ေဖာင္းေဖာင္းျဖစ္ေနေသာ ဆံပင္ေတြက
ခပ္ေမာ့ေမာ့လမ္းေလ်ွာက္တိုင္း ဖြာဖြာတက္သြား
တာ။ငါေနာ္...အဲ့ဇက္ပိုးကိုပဲေျပးအုပ္လိုက္ခ်င္
ေတာ့တယ္။ငိုသြားမွ ထိုင္ႀကည့္ေနေပးလိုက္မယ္
သူ႔ႏွပ္ေတြက်လာရင္လည္း မသုတ္ေပးေတာ့ပဲ
ႏွပ္ေခ်းဝါး ဆိုျပီးထိုင္ဟားပစ္မယ္။အေတြးနဲ႔တင္
ေတာ္ေတာ္ရယ္ရေနျပီ။ဟ ဟား

အေနာက္ကေန ေမတၱာပို႔ေနစဥ္ ပထမေက်ာင္း
တက္ေခါင္းေလာင္းထိုးေန၍ အတန္းထဲသုတ္ေျခ
တင္ေျပးရေတာ့သည္။

""စာလိုက္ေရးေနာ္...ပိုင္သုတ။မဟုတ္ရင္
မင္းကို ထမင္းမေကြ်းဘူး။""

နားနားကပ္ကာ ခပ္တိုးတိုးေျပာလာသူ။တမင္လုပ္
ယူထားေသာ ျခိမ္းေျခာက္သံႀကီးကိုက ရယ္စရာ
ေကာင္းေနတာ။နားနားတိုးေနေသာေႀကာင့္
သူ႔ပါးျပင္ေပၚမွာ ထူထူထဲထဲရွိေနေသာ သနပ္ခါး
အနံ႕ကို ရေနေသး၏။ရွင္မေတာင္တံုးႀကီးကိုကိုယ္တိုင္ေသြးလိမ္းလာ
ေလသလား??
ျပန္ႀကည့္ေတာ့ မ်က္မွန္ဝိုင္းႀကီးကိုတစ္ခ်က္ပင့္
တင္ရင္း ဘုႀကည့္ျပန္ႀကည့္ေလျပီး...

""ေျပာေလ။ေျပာႀကည့္""ဆိုသည့္ ဟန္ျဖင့္။
ႏႈတ္ခမ္းကလည္း မလိုပါပဲ ဆူထားေသး။
ဒီေကာင္က ဘာေလးလဲေလ??

ခုခ်ိန္သူ႕စကားနားေထာင္တာ အေကာင္းဆံုးေပ
မို႔ စာအုပ္ထုတ္ကာ ေရးဖို႔ျပင္ရေတာ့၏။

""ေပးစမ္း။နာမည္မတပ္ထားျပန္ဘူး။ဒါ ဘာေရး
မွာလဲ??""

""ခုသင္တဲ့ ဟာေရးမွာေလကြာ""

တကယ္စိတ္ေတြရႈပ္လာျပီ။အရမ္းဆရာႀကီးလုပ္
တာပဲဒီေကာင္က။သူနဲ႕သိတာမွတစ္ရက္မျပည့္ေသးဘူး။သူက ႀသဇာသီးေရာင္းခ်င္ေနျပီ။
စိတ္ထဲကေနသာေျပာရဲတဲ့ က်ေတာ့္အေပၚ
လံုးႀကီးတင္ရံုသာမကက်ေတာ္ပါလာသမ်ွစာအုပ္မ်ားကိုထုတ္ေစကာစာအုပ္ဖံုးေရွ႔က်ေတာ့္နာမည္
ေရးထိုးေပးျခင္းပင္ လံုးႀကီးတင္ထဲ
အတင္းဆံဝင္ခတ္ေနေတာ့၏။

""ဒါက ျမန္မာစာ။ဒီမွာေတြ႔လား ဒါက သဒါၵ။ဒီ
ပန္းပြင့္ေတြပါတဲ့ စာအုပ္ကိုမွတ္စုတိုနဲ႔ ကဗ်ာေရးရမယ္။သူ႔စာအုပ္နဲ႔သူေရးေနာ္။ေပါက္ကရေရးခ်င္တဲ့ဲ့ေနရာမွာေရးဖို႕ မႀကိဳးစားနဲ႔။ႀကားလား!!""

ေနာက္ဆံုး ႀကားလား ဆိုသည့္စကားလံုးကစူးခနဲ
နဲ႔ က်ေတာ့္နားစည္ကိုတုန္ခါေစသည္။
ေန႔ခ်င္းညခ်င္း က်ေတာ့္အား Powerဓာတ္ခဲလာလုပ္ေနေသာ ခ်န္းျငိမ္းေအာင္အားေကာင္းဆက္စံသည္ နဂိုရွိန္သကို မ်က္လံုးမ်ား
ျဖင့္ျပဴးေႀကာင္ကာႀကည့္ေနေတာ့၏။

တစ္မနက္လံုးစာလိုက္ေရးရံုသာမက သူနဲ႔အတူ
အတန္းထဲ ထပ္မယ့္စာအုပ္ဝိုင္းကူရသယ္ေပးျပီး
ဆိုင္ရာဘာသာရပ္ဆရာမေတြဆီသို႔သြားပို႔ေပးရ
ေသး။
ေျပာင္းလဲသြားေသာ...အမွန္ေတာ့ ေျပာင္းလဲခံ
ရတဲ့ က်ေတာ့္ကို ႀကီးေမသူငယ္ခ်င္း
က်ေတာ့္အတန္းပိုင္ဆရာမကစာအုပ္လာထပ္
ေသာက်ေတာ့္အားေခၚခါေမးျမန္းေတာ့၏
ေဘးနား သူပါ,ပါသည္။

""သား စာေတြလိုက္ေရးလာတယ္ဆို။တီခ်ယ္ေတြျပန္ေျပာျပတယ္""

""ဟုတ္""

""စာကိုေသခ်ာလုပ္ေနာ္ သား။ဟိုပထမအပတ္
ကဘာသာစံုက်တယ္ဆိုတာ ေက်ာင္းကိုလဝတ္
ျဖတ္ျပီးေရာက္လာလို႔ ဆရာမတို႔က သားကိုခြင့္
လႊတ္ထားတာ။ဒီလ အဲ့လိုထပ္က်ရင္ သားမလြယ္
ေတာ့ဘူး။ဘာသာစံုက်ရင္တီခ်ယ္တို႔လည္း
မကယ္ႏိုင္ဘူး။သားမွတ္တမ္းမွာ ဒါကိုမွတ္ခ်က္အေနနဲ႔ေရးေပးလိုက္ရရင္...သားရဲ႕ေက်ာင္းအေဟာင္းကလည္းသားကိုလက္ခံခ်င္မွာမဟုတ္ေတာ့ဘူး""

""ဗ်ာ!!""

က်ေတာ္တကယ္ေခါင္းနပန္းႀကီးသြားတယ္။မရ
ဘူးေနာ္။ေနာင္ႏွစ္မႏၱေလးကေက်ာင္းပဲျပန္တက္
ရမွျဖစ္မွာကို။က်ေတာ္လန္႔သြားတာကိုသိေသာ
ဆရာမ သည္ သေဘာတက်တစ္ခ်က္ရယ္ျပီး

""သားက တီခ်ယ္တို႔ေက်ာင္းကို တကယ္မတက္
ခ်င္တာကိုး။ဟုတ္လား??တီခ်ယ္တို႔သင္တာမ
ႀကိဳက္လို႔လား?""

""အဲ့ အဲ့လိုမဟုတ္ပါဘူး""

""ဒီမွာက သူ႔မုန္႔ဖိုးေတြအလုခံရတာကိုးး""

သူဝင္ပါျပန္ျပီ။မုန္႔ဖိုးအလုခံရတဲ့ ကိစၥကိုအတန္း
ထဲမွာ ခံုနဲ႔တင္ပါးကပ္ေနေအာင္ထိုင္ေနတဲ့ေကာင္
ကဘယ္လိုလုပ္ျပီးသိသြားရျပန္တာလဲ?

""အာာ ဟုတ္သား။မေန႔ က သား လာတိုင္ထား
တဲ့ေက်ာင္းသားေတြကို သူ႔အတန္းပိုင္ဆရာမကို
တီခ်ယ္သြားတိုင္ေပးထားတယ္။သားပိုင္သုတက
လည္း မုန္႔ေစ်းတန္းကို တစ္ေယာက္တည္းမသြား
နဲ႔ေလ ေနာ္။ခု ခ်န္း နဲ႔သိေနျပီမလား??သူနဲ႔သြား
ေပါ့""

ဆရာမကိုေတာင္ သြားတိုင္ေပးထားတယ္။ဘယ္
အခ်ိန္ကလည္း??က်ဴရွင္မွာမ်ား တိုင္ေပးလိုက္
တာလား??

""ဟုတ္ကဲ့ ဆရာမ""

အေတြးမပြါးေနေတာ့ပဲ ဆရာမစိတ္ေက်နပ္သြား
ေစမယ့္ စကားသာေျပာေပးလိုက္ေတာ့၏

""သားသူငယ္ခ်င္းေတြရလာရင္ ဒီမွာေပ်ာ္လာ
မွာပါ။သားက ဟိုဖက္ေက်ာင္းမွာဘက္စံုေတြ
ဘာေတြေတာင္ ေျဖရတဲ့ထိေတာ္ခဲ့တာပဲ။
ဟုတ္တယ္မလား?ဒါေႀကာင့္ တီခ်ယ္ကစာလုပ္
တဲ့ ခ်န္း နဲ႔ ေကာင္းေကာင္း ေဘးထားထားတာ
စာႀကိဳးစားတဲ့လူအခ်င္းခ်င္းအဆင္ေျပေအာင္လို႔"

""ဟုတ္ကဲ့""

မ်က္လံုးေထာင့္မွေန၍က်ေတာ့္ကို လွမ္းႀကည့္
ေနေသာ ခ်န္းကိုေတြ႔လိုက္ရသည္။မာန္တက္အျပံဳးျပံဳးခ်င္ေနေပမယ့္ ဆရာမေရွ႔မွာ
မို႔ ဒီအတုိင္းတိုင္းသာေန,ေနလိုက္ရသည္။
ဒီေကာင္က က်ေတာ့္ကို နပိန္းလိုဆက္ဆံေနတာ
ကို။ဟင္း...က်ေတာ့္လို တိုင္းအဆင့္ပထမရခဲ့
သူကို သူ႔မို႔လို႔။ဘာဘာညာညာဆရာလာလုပ္ေန
ေသး။

""မင္း...မင္းတကယ္ပဲ ဟိုဖက္ေက်ာင္းမွာဘက္စံု
ျပိဳင္ခဲ့ရတာလား?""

""ဟုတ္တယ္""

""မျဖစ္ႏိုင္တာ...""

""မယံုခ်င္လဲ ေန""

ခဏျငိမ္က်သြားျပီးမွ...

""နယ္မွာ မို႔လို႕ပါကြာ"" ဟူ၍ေျပာေသး၏

""ဘာ!!မႏၱေလးက နယ္လားကြ""

""မသိဘူး။ ရန္ကုန္မဟုတ္ရင္ နယ္ပဲ။ငါကရန္ကုန္သားစစ္စစ္။မင္းက နယ္သား""

ငါေနာ္...ဒီေကာင္ ဘာေကာင္လဲေလ??

""ငါက နန္းေရွ႔ရပ္ကြက္မွာ ႏွစ္ေဆာင္ျပိဳင္အိမ္
နဲ႔ေနခဲ့တာကြ။""

""ငါကလည္း ေက်ာက္ေျမာင္းရပ္ကြက္မွာေနတာ
ငါတို႔တိုက္ခန္းႏွစ္ခန္းပိုင္တယ္။ေက်ာက္ေျမာင္းမွာ
အေပၚေအာက္ ႏွစ္ခန္းဆက္တိုက္ေတာ္ရံုမဝယ္
ႏိုင္ဘူးကြ။ျပီးေတာ့ ငါ့အေဖက ဆည္ေျမာင္း
အင္ဂ်င္နီယာ"

""ငႀကြားးး""

""ေအး!မင္း အဲ့ငႀကြားဆီက ထမင္းမစားနဲ႔။ငႀကြားဓာတ္ေတြကူးမယ္""

ဟာာာ ေသျပီ။ေဆာင့္ေဆာင့္ေအာင့္ေအာင့္နဲ႔
ထြက္သြားျပီ။ဘယ္လိုျပန္ေခ်ာ့ရပါ့မလဲ??
မုန္႔ဖိုးပါရင္ ပစ္ထားလိုက္မွာ။ခုဟာက မေန႕ညက
လည္း အငတ္။ခု မနက္စာလည္းမစားရေသး။
ေန႔လည္စာပါ မျမင္ရရင္ က်ေတာ္အာဟာရျပတ္
မယ္။

အာာ အိတ္ထဲမွာ မေန႔က မားေပးလိုက္တဲ့ဆိတ္
သားမုန္႔ေတြရွိေသးတာပဲ။ဟုတ္တယ္ အဲ့ဒါေပး
ျပီးျပန္ေခ်ာ့ရမယ္။
က်ေတာ္အတန္းထဲျပန္ေရာက္ေတာ့ ဝင္လာေသာ
က်ေတာ့္ကိုျမင္တာကို မျမင္ခ်င္ေယာင္ေဆာင္ျပီး
ေနာက္တန္းကေကာင္ေလးေတြနဲ႔စကားလွည့္
ေျပာေနသည္။ေကာင္းဆက္စံကေတာ့ရယ္ျပ
တယ္။ခႏၶာကိုယ္ႀကီးေနာက္လွည့္ကာ က်ေတာ္
ဝင္မယ့္လမ္းကို တည့္တည့္ပိတ္ျပီးအေရးမပါတဲ့
သူ႔ Bossေရေမႊးေဘာပင္ ေမႊးတဲ့အေႀကာင္းကို
စကားလုပ္ေျပာေနေသာ ခ်န္းျငိမ္းေအာင္။

""ေဟ့ေရာင္ ခ်န္း။ဖယ္ေပး။ငါအထဲဝင္မလို႔""

မႀကားခ်င္ေယာင္ေဆာင္ေနျပီးဆက္ေျပာေန
သည္။သူနဲ႔ေျပာေနေသာ ေကာင္ေတြသည္ပင္
က်ေတာ့္ကို ေမာ့ႀကည့္ျပီး စကားေျပာရပ္သြားတာ
ကို သူက အရစ္ရွည္ေနေသး။စာရြက္လွန္ျပီး
ေသနတ္ပစ္တမ္းကစားဖို႔ ဆြယ္ေနေသး၏

""ခ်န္းျငိမ္းေအာင္!!ငါ့ကိုဖယ္ေပး""

""မင္းဘာသာမင္း ဝင္ခ်င္ဝင္ေလ""

""မင္း ပိတ္ထားတာ ငါဘယ္လိုဝင္ရမလဲ??""

""ဝင္လို႔မရရင္ မဝင္နဲ႔ေပါ့ကြ""

ငါေနာ္...မ်က္ႏွာနာစရာ မားရွိေနလို႔။မဟုတ္ရင္
ဖ်င္းေပးလိုက္ျပီ။
ေျပာမေနေတာ့ပဲ။ေရွ႔မွေန၍စာေရးစားပြဲကို လႊားခနဲေက်ာ္ျပီးခုန္ေက်ာ္ဝင္လိုက္ေတာ့ သူ႔ဘုႀကည့္က ဒိုင္းခနဲ။

ဂြတ္!!

အာာ။ေခါင္းကို ကစားစရာေရပူေဖာင္းေတြပါ
ေသာ ေပတံနဲ႔ လာေခါက္ေတာ့၏။

""ခ်န္း-ျငိမ္း-ေအာင္!!""

""ဘာလဲ??စာေရးစားပြဲခံုကို ခုန္ေက်ာ္ရင္စာ
မတတ္ဘူးဆိုတာ မင္းနားမလည္ဘူးလား??
ဒါေတာင္ တိုင္းကိုယ္စားျပဳတဲ့ ဟက္""

""ပိုင္သုတ နာသြားလား??""

ေမးတတ္တယ္ ေကာင္းဆက္စံ။ဒီေလာက္အသံ
ႀကီးထြက္သြားတဲ့ထိ လုပ္ခံလိုက္ရတာကို
နာသြားလားတဲ့။ဒီႏွစ္ေကာင္ႀကားက်ေတာ္ေသမွာ။

""ေရာ့ ဆိတ္သားမုန္႔""

""ဟာ""

စိတ္တိုတာက တိုတာပဲ။ေပးမယ္လို႔ရည္ရြယ္
ထားတာကိုေတာ့ေပးရမယ္လို႔ က်ေတာ္ထင္တယ္
ဆိတ္သားမုန္႔ျမင္ေတာ့ မ်က္လံုးေတြအေရာင္
ေျပာင္းသြားတယ္။ဒီေကာင္ ဒါေတာ့တကယ္
္ႀကိဳက္တာပဲ??

""မင္းကို မေန႔က မားေပးလိုက္တဲ့ဟာလား?""

""ေအး""

""မင္းနဲ႕ ခ်န္း မားမားတို႔ကဘယ္လိုသိ""

ေကာင္းဆက္စံသည္လည္းအူေႀကာင္ေႀကာင္နဲ႔
ဝင္စပ္စုရင္း ခုံေပၚမွ ဆိတ္သားမုန္႔ကို မက္ေမာ
စြာႀကည့္၏။

""မင္းတစ္ခု။ေကာင္းဆက္စံတစ္ခု။""

ေကာင္းဆက္စံသည္ ဟီးခနဲတစ္ခ်က္ရယ္ျပျပီး
သူ႔ကိုယ္တာ ဆိတ္သားမုန္႔ကိုလွမ္းယူသည္။

""ေရာ့ ခ်န္း။မင္းတစ္ခုယူ""

ေခါင္းငံု႔ေနရင္းမွ...

""မင္းကိုေစာနက ေခါက္လိုက္တာ စိတ္မဆိုး
ဘူးလား?""

*ဆိုးတာမွ မင္းကို နရင္းႀကီးပဲအုပ္ခ်င္တာ*

""မျဖစ္ဘူး။ငါလညး္ မွားတာကို...""

""ျပီးတာပဲ...""ဟူ၍ခပ္ေလးေလးေျပာ၏

""ေနာက္ဆို ခ်န္း မင္းလည္းေဒါသထိန္းေပါ့ကြ။
လာ လာ ထမင္းစားမယ္""

ေကာင္းဆက္စံက ႀကားထဲမွေန၍ဝင္ေရာက္ျဖန္
ေျဖေပးသည္။

""ေရာ့ မင္းအတြက္ ဇြန္း""

သက္သက္ထုတ္လာေသာ စတီးဇြန္းတစ္ေခ်ာင္း
ကိုထုတ္ေပးသည္။ေန႔လည္စာ စားရေတာ့မည္
ဟူ၍ ျမဴးတူးေပ်ာ္ရႊင္ေနေသာ က်ေတာ့္အား
ခ်န္း ထမင္းခ်ိဳင့္ထဲမွ ႀကက္သားတံုးႀကီးတို႔က
ေလွာင္ရယ္ေတာ့၏။ဇြန္းႀကီးကိုက္ကာ ေခါင္းငိုက္
စိုက္က်သြားေသာက်ေတာ့္ကို ငံု႔ႀကည့္ကာ

""ဟင္!မင္းမစားဘူးလား?""

ေကာင္းဆက္စံသည္ ခ်န္း ထမင္းခ်ိဳင့္ကိုတစ္
ခ်က္ငဲ့ႀကည့္ျပီး

""ပိုင္သုတ က အသားမွမစားတာ""

လက္ေမာင္းေတြႀကားေခါင္းဝွက္ကာ ေခါင္းေမွာက္အိပ္ေနေသာ က်ေတာ့္ပုခံုးကိုလာ
ကုတ္သည္

""ငါမွ မသိတာ။ဟိုေန႔က မင္း ေကာင္းဆက္စံနဲ႔
အတူတူစားေနတာေလ""

""အဲ့ဒါ ငါက မုန္ညွင္းရြက္ေႀကာ္လာတာ။ဝက္သားနဲ႔ေပမယ့္...သူကအရြက္ပဲစားတယ္""

""ဒါေႀကာင့္ မင္း ငါ့မားဆိုင္မွာပဲစားတာေပါ့ဟုတ္
လား?""

""အင္း""

""ေရာ့ ပိုင္သုတ။ငါ ကန္စြန္းရြက္ထည့္လာတယ္"

ေကာင္းဆက္စံရဲ႕ ကန္စြန္းရြက္ေႀကာ္စိမ္းစိမ္း
က က်ေတာ့္ခ်ိဳင့္ထဲက ႀကက္သားေႀကာ္အား
လွ်ာထုတ္ေျပာင္ျပေနသလိုပဲ

""မင္းက ဟိုေန႕က မားမားခ်ဥ္စပ္ေတြစားေန
ျပီးေတာ့...အဲ့အမႈန္႔ေတြကပုစြန္ေတြနဲ႔
လုပ္ထားတာ""

""ဟမ္!!""

စားလက္စ ကန္စြန္းရြက္အမ်ွင္တြင္က ဒီ့ေကာင္
ပါးစပ္ဝမွာ...မ်က္လံုးေတြကဝိုင္းစက္လို႔...ဘာလဲ??ဒါေတာင္တကယ္မသိတာလား??အထုပ္ေရွ႔မွ ျပထားတဲ့ ပုစြန္ထုပ္
ႀကီးမပါတာနဲ႔ပဲသူကဒါကိုသက္သက္လြတ္ထင္ေနတာလားေလ?

""မင္းတကယ္မသိတာလား?""

""အင္းး ငါဒီေရာက္မွ စားဖူးတာ...""

အသံေတြက တုန္တုန္ယင္ယင္။
ပိုင္သုတ တကယ္ရိုးတာပဲ...

ဘာမွလည္းမဟုတ္ပါပဲ...မားမားခ်ဥ္စပ္ကို
သက္သက္လြတ္မဟုတ္မွန္းေတာင္ မသိေသာဒီ
မႏၱေလးသားကို က်ေတာ္သနားသြားမိသည္။

ေနာက္ေန႔ေတြေတာ့ က်ေတာ္လည္းအရြက္စား
သတၲဝါဘဝေျပာင္းရေတာ့မွာပဲ...ဒီေကာင့္
စက္ဘီးနဲ႔ေက်ာင္းလာေနသေရြ႔ေပါ့...

Thank You All

Happy Super Sunday

(unicode)

/

/

/

ကျတော်အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်း
မေမေလေးရှိမနေ။မား ပေးလိုက်သော ဆိတ်သား
မုန့် နှစ်ခုကိုကြည့်ပြီး စိတ်ထဲသိမ်ငယ်သလိုခံစား
ရ၏။နောက် အပေါ်စီးကနေပြောလိုက်သော ချန်း
ရဲ့စကားတွေ...မျက်ရည်က အလိုလိုဝဲလာရ၏
မကောင်းတဲ့ကောင်...သ့ူမှာ အဖေအမေ
အပြည့်အစုံရှိတော့ ငါလို မိဘမပြည့်စုံတဲ့လူကို
နှိမ်ချင်နေတာ။
မန္တလေးမှာဆို ကျတော့်ကို အခုလိုခိုင်းဖက်
တစ်ယောက်လိုဘယ်သူမှမဆက်ဆံခဲ့။ဖေဖေ့ရဲ့
အရှိန်အဝါနဲ့ ကျတော်တို့မောင်နှမနှစ်ယောက်လုံး
ပြည့်ပြည့်စုံစုံနဲ့နေခဲ့ရတာ။ခုတော့...
အမှန်ဆိုကျတော်စိတ်နဲ့ကျတော်သာဆိုရင် ချန်း
ကို သွားခေါ်ဖြစ်မှာမဟုတ်ဘူး။ဒါပေမယ့်ခုခြေနေ
အရ ချန်း ကို နေ့တိုင်းအသွားအပြန်ကြိုပို့ပေးမှ
ကျတော့်ဝမ်းရေးအဆင်ပြေလိမ့်မည်။မေမေလေး
က ကျတော့်ကိုမုန့်ဖိုးတောင်မပေးချင်တော့။အရင်
ကဆို တီဗီစင်ပေါ်၁ထောင်တန်တင်ထားပေး
တတ်ပေမယ့် ဒီနေ့ဆို မတင်ပေးခဲ့။မေ့သွားတာ
လား ဘာလားမပြောတတ်ပေမယ့်ဟိုနေ့တွေ
တည်းက မေမေလေးပုံစံက စိတ်ညစ်နေပုံပင်
တစ်နေ့တစ်ထောင်သည် ကျတော့်လိုအရွယ်က
လေးတစ်ယောက်အတွက် များလွန်းတယ်ဟူ၍
လည်း ပြောနေတတ်တော့...
ဒါပေမယ့် အိမ်မှာထမင်းမစားရတဲ့ကလေးတစ်
ယောက်အတွက် ၁ထောင်က သုံးနပ်စာအတွက်
မလောက်င။ဒီလို မြို့လယ်ခေါင်မှာ မနက်ခင်း
စာပင် အနည်းဆုံး၃၀၀ရှိနေတာ။မား ဆိုင်မှာ
သက်သက်လွတ်ရှမ်းပုံစားတစ်ပွဲ ၅၀၀။
နေ့လည်စာနဲ့ ညစာဆိုရင်ပဲ တစ်ထောင်ဖြစ်နေပြီ။
ကျောင်းသွားဖို့ ကားခမလောက်၍ ကြီးကြီးမေ
ဝယ်ထားပေးခဲ့သော စက်ဘီးနဲ့သာသွားနေရတာ
မန္တလေးမှာ ကျောင်းကိုစက်ဘီးနဲ့လာတာအဆန်း
မဟုတ်ပေမယ့် အခုကျတော်တို့ကျောင်းမှာစက်
ဘီးစီးပြီးကျောင်းတက်တာဆိုလို့ တစ်ကျောင်းလုံး
မှာ ကျတော်တစ်ယောက်တည်းရှိသလိုပဲ။
ဒါတွေပြောပြီး မေမေလေးကို ပိုက်ဆံပိုတောင်း
လို့လည်းမဖြစ်။ဒီနေ့လို မုန့်ဖိုးမထားခဲ့တဲ့နေ့
တွေများလာရင် ကျတော်ဘာလုပ်သင့်ပါသလဲ??
မနေ့က နေ့လည်စာစားထားတာကိုဒီနေ့ပေးမယ်
ဆိုပြီး ရည်ရွယ်ထားပေမယ့် မေမေလေးကပိုက်
ဆံမပေးခဲ့၍ မား ဆိုင်မှာဝိုင်းကူပေးလိုက်သည်။
မား ကမလုပ်နဲ့လို့တားပါသော်လည်း ဇွတ်ဝင်ကူ
နေသော ကျတော့်ကိုမတားတော့။အမှန်တော့ မား ဆိုင် တကယ်လူကျလာချိန်ဆို
ဆိုင်မှာရှိတဲ့ စားပွဲထိုးအစ်ကိုကြီးနှစ်ယောက်နဲ့
တင်မရ။ပန်းကန်တွေပါ ဝင်ဆေးပေးလိုက်တယ်။အိမ်မှာဆို ကြီးမေကိုဝင်ကူညီညာခဲ့ရလို့
ပန်းကန်တွေဘာတွေဆေးတတ်နေတော့ အတော်ပဲ။
မနက်စာရော နေ့လည်စာရောမစားဖြစ်သေး၍
ဗိုက်တွေဆာနေပေမယ့် မားကိုကျောင်းမှာကြာ
ဇံကြော်စားခဲ့တယ်ဟူ၍သာလိမ်ခဲ့ရတာ။
မားအတင်းကျွေးပေမယ့် မစားဖြစ်တော့။ဒါတောင်
မားက ချန်း အတွက်ဝယ်လာပေးတဲ့ဆိတ်သားမုန့်
တွေထည့်ပေးလိုက်သေးတယ်။ဒါတွေကိုချန်းအရမ်းကြိုက်တယ်ဆိုပဲ။
အသားမစားတတ်တဲ့ကျတော့်အတွက် မုန့်တွေ
ထဲကအသားအနံ့ကပြင်းလွန်းတယ်။လူကြီးပေး
ရင် မငြင်းရဘူးဆိုသည့် ဘုန်းဘုန်းရဲ့ဆုံးမစကား
ကြောင့်သာ ယူလာလိုက်ရတာ။နက်ဖြန်မှပဲ ချန်း
ကိုပြန်ကျွေးလိုက်တော့မယ်။ကြွတ်ကြွတ်အိတ်ထဲ
ကမုန့်ကိုလေလုံအောင်ပိတ်ပြီးလွယ်အိတ်ထဲ
သေချာထည့်ထားလိုက်သည်။
ဗိုက်တွေဆာနေပေမယ့် စားစရာမရှိ၍ ရေခဲသေတ္တာထဲက ရေသန့်ဘူးကိုသာတစ်ကျိုက်
တည်းမော့သောက်ပစ်လိုက်ရသည်။အိပ်လိုက်
တော့မယ်။ဟုတ်တယ် အိပ်ပျော်သွားရင်ဗိုက်ဆာ
တော့မှာမဟုတ်ဘူး။
မနက်ခင်း နိုးလာတော့ မေမေလေးမရှိတော့။မနက်အစောကြီးတည်းက ထွက်သွားတာလား??
ညကတည်းက ပြန်မလာတာလားကျတော်မသိ။
တီဗီစင်နားအပြေးသွားကြည့်တော့ ဘာဆိုဘာမှ
ရှိမနေ။သွားပြီ ဒီနေ့အတွက်တော့...ဖုန်တွေတက်
နေသော တီဗီစင်ကိုသာ ငူငူငိုင်ငိုင်နဲ့စိုက်ကြည့်နေ
မိသည်။ဖုန်တွေတော့ သုတ်အုံးမှပါ။ကြီးမေသာ
ဒါတွေတွေ့ကြည့် တဗြစ်တောက်တောက်နဲ့ကိုတစ်
နေကုန်ပြောနေတော့မှာ။အင်းးကျတော်အိမ်အ
လုပ်တွေကူညီညာပေးရင် မေမေလေးက မုန့်ဖိုး
ပြန်ပေးလောက်ပါရဲ့။အသစ်ချွတ်ချွတ်ရှိနေသေး
သော တံမြတ်စည်းကို ကိုင်ကာတစ်အိမ်လုံးကို
လှဲကျင်း။ဖေဖေ့ ပုဆိုးစုတ်တစ်ထည်
ကိုဖြဲပြီး ရေစွတ်ပြီးကြမ်းတိုက် ဖုန်တွေခါနဲ့။နာရီ
ကြည့်မိတော့ ရေချိုးချိန်ကျော်နေပြီ။ပြဿနာပဲ။
ကိုယ့်ဘာသာကိုယ် ကျောင်းနောက်ကျတာကိစ္စ
မဟုတ်။ဒီနေ့ ဟိုကျောက်ရေတွင်းသား နဂျီကောင်ပိန်ညောင်လေးကို သွားကြိုရမှာ။

ရေချိုးပြီးတာနဲ့ တွေ့တဲ့ကျောင်းဝတ်စုံကောက်
်စွတ်။မီးပူလည်း မတိုက်ရသေး၍အကျီ ၤတွေက
တွန့်ကြေနေတာပဲ။ဒီလို ဖြစ်သလိုပုံစံနဲ့ဝတ်စား
နေလို့ ဟိုနဂျီကောင်ကျတော့်ကိုအထင်သေးတာ
နေမှာ။မတတ်နိုင်ဘူး။ထားလိုက်တော့
-
-
-
လာနေပါပြီ။ကသောင်းကနင်းနဲ့။တွန့်တွန့်ကြေနေ
သောကျောင်းဝတ်စုံနဲ့ ကျောပိုးအိတ်ဖရိုဖရဲလွယ်
ပြီး...

""တက်!""

ဘယ်လောက်တောင်နင်းလာရလဲမသိ။ဟောဟဲ
စိုက်နေသော မောသံကြီးနဲ့။ဘာကိစ္စနောက်ကျနေ
တာလဲ မေးချင်ပေမယ့်ဒီကောင့်ကိစ္စသိပ်အရေး
စိုက်နေသလို မဖြစ်ချင်တာနဲ့ သူစောင်းပေးထား
သော နောက်ခုံပေါ်စွေ့ခနဲတက်ထိုင်လိုက်တော့
တယ်။

""ကိုင်ထားနော်""

""ငါ သိတယ်။""

တွေ့လား??ချန်းဆိုတာကအဲ့လိုမာရည်ကျောရည်
နိုင်တတ်တာ။
အစကမြန်မြန်နင်းဆိုပြီးပြောတာသူ။တကယ်မြန်
မြန်နင်းတော့ ဖြေးဖြေးနင်းဆိုပြီး အာပြဲနဲ့ပြန်အော်
ပြန်ရော။ငါကွာ...ခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့
ဒီကောင်။လူကနင်းနေရလို့မောရတဲ့အထဲ
စက်ဘီးခုံကို ကိုင်နေရတာနေ ကျတော့်ခါးကို
လက်နဲ့ညှစ်ထားတာ။နာလိုက်တာ...

""ချန်း...ဖက်ထားမယ်ဆိုလည်း ဖြည်းဖြည်းဖက်
ကွာ။မညှစ်ထားနဲ့ နံရိုးတွေနာတယ်ကွ""

""နာ...နာ ကွာ။မင်းက ဖြည်းဖြည်းမှမနင်းတာ""

""မင်းပဲနောက်ကျမယ်ဆို""

""တိတ်စမ်း""

ဒီလိုအော်ကြီးဟစ်ကျယ်တစ်ယောက်တစ်ခွန်း
ပြောရင်းနဲ့ပဲ ကျောင်းရောက်လာတော့၏။ကျတော်ဆိုတာလည်း ချွေးတွေရွှဲနေရော

""ချွေးတွေချဉ်းပဲ...ညစ်ပတ်လိုက်တာ""

""ဘာ!!""

စက်ဘီးကိုသော့ခတ်နေရ၍ တစ်ချက်သာအော်
နိုင်လိုက်သည်။ကျေးဇူးရှင်က မော့တော့မော့
တော့နှင့် ထွက်သွားနှင့်ပြီ။သူ၏ အုန်းမွှေးလုံးလို
အုပ်ဖောင်းဖောင်းဖြစ်နေသော ဆံပင်တွေက
ခပ်မော့မော့လမ်းလျှောက်တိုင်း ဖွာဖွာတက်သွား
တာ။ငါနော်...အဲ့ဇက်ပိုးကိုပဲပြေးအုပ်လိုက်ချင်
တော့တယ်။ငိုသွားမှ ထိုင်ကြည့်နေပေးလိုက်မယ်
သူ့နှပ်တွေကျလာရင်လည်း မသုတ်ပေးတော့ပဲ
နှပ်ချေးဝါး ဆိုပြီးထိုင်ဟားပစ်မယ်။အတွေးနဲ့တင်
တော်တော်ရယ်ရနေပြီ။ဟ ဟား

အနောက်ကနေ မေတ္တာပို့နေစဉ် ပထမကျောင်း
တက်ခေါင်းလောင်းထိုးနေ၍ အတန်းထဲသုတ်ခြေ
တင်ပြေးရတော့သည်။

""စာလိုက်ရေးနော်...ပိုင်သုတ။မဟုတ်ရင်
မင်းကို ထမင်းမကျွေးဘူး။""

နားနားကပ်ကာ ခပ်တိုးတိုးပြောလာသူ။တမင်လုပ်
ယူထားသော ခြိမ်းခြောက်သံကြီးကိုက ရယ်စရာ
ကောင်းနေတာ။နားနားတိုးနေသောကြောင့်
သူ့ပါးပြင်ပေါ်မှာ ထူထူထဲထဲရှိနေသော သနပ်ခါး
အနံ့ကို ရနေသေး၏။ရှင်မတောင်တုံးကြီးကိုကိုယ်တိုင်သွေးလိမ်းလာ
လေသလား??
ပြန်ကြည့်တော့ မျက်မှန်ဝိုင်းကြီးကိုတစ်ချက်ပင့်
တင်ရင်း ဘုကြည့်ပြန်ကြည့်လေပြီး...

""ပြောလေ။ပြောကြည့်""ဆိုသည့် ဟန်ဖြင့်။
နှုတ်ခမ်းကလည်း မလိုပါပဲ ဆူထားသေး။
ဒီကောင်က ဘာလေးလဲလေ??

ခုချိန်သူ့စကားနားထောင်တာ အကောင်းဆုံးပေ
မို့ စာအုပ်ထုတ်ကာ ရေးဖို့ပြင်ရတော့၏။

""ပေးစမ်း။နာမည်မတပ်ထားပြန်ဘူး။ဒါ ဘာရေး
မှာလဲ??""

""ခုသင်တဲ့ ဟာရေးမှာလေကွာ""

တကယ်စိတ်တွေရှုပ်လာပြီ။အရမ်းဆရာကြီးလုပ်
တာပဲဒီကောင်က။သူနဲ့သိတာမှတစ်ရက်မပြည့်သေးဘူး။သူက သြဇာသီးရောင်းချင်နေပြီ။
စိတ်ထဲကနေသာပြောရဲတဲ့ ကျတော့်အပေါ်
လုံးကြီးတင်ရုံသာမကကျတော်ပါလာသမျှစာအုပ်များကိုထုတ်စေကာစာအုပ်ဖုံးရှေ့ကျတော့်နာမည်
ရေးထိုးပေးခြင်းပင် လုံးကြီးတင်ထဲ
အတင်းဆံဝင်ခတ်နေတော့၏။

""ဒါက မြန်မာစာ။ဒီမှာတွေ့လား ဒါက သဒါ္ဒ။ဒီ
ပန်းပွင့်တွေပါတဲ့ စာအုပ်ကိုမှတ်စုတိုနဲ့ ကဗျာရေးရမယ်။သူ့စာအုပ်နဲ့သူရေးနော်။ပေါက်ကရရေးချင်တဲ့ဲ့နေရာမှာရေးဖို့ မကြိုးစားနဲ့။ကြားလား!!""

နောက်ဆုံး ကြားလား ဆိုသည့်စကားလုံးကစူးခနဲ
နဲ့ ကျတော့်နားစည်ကိုတုန်ခါစေသည်။
နေ့ချင်းညချင်း ကျတော့်အား Powerဓာတ်ခဲလာလုပ်နေသော ချန်းငြိမ်းအောင်အားကောင်းဆက်စံသည် နဂိုရှိန်သကို မျက်လုံးများ
ဖြင့်ပြူးကြောင်ကာကြည့်နေတော့၏။

တစ်မနက်လုံးစာလိုက်ရေးရုံသာမက သူနဲ့အတူ
အတန်းထဲ ထပ်မယ့်စာအုပ်ဝိုင်းကူရသယ်ပေးပြီး
ဆိုင်ရာဘာသာရပ်ဆရာမတွေဆီသို့သွားပို့ပေးရ
သေး။
ပြောင်းလဲသွားသော...အမှန်တော့ ပြောင်းလဲခံ
ရတဲ့ ကျတော့်ကို ကြီးမေသူငယ်ချင်း
ကျတော့်အတန်းပိုင်ဆရာမကစာအုပ်လာထပ်
သောကျတော့်အားခေါ်ခါမေးမြန်းတော့၏
ဘေးနား သူပါ,ပါသည်။

""သား စာတွေလိုက်ရေးလာတယ်ဆို။တီချယ်တွေပြန်ပြောပြတယ်""

""ဟုတ်""

""စာကိုသေချာလုပ်နော် သား။ဟိုပထမအပတ်
ကဘာသာစုံကျတယ်ဆိုတာ ကျောင်းကိုလဝတ်
ဖြတ်ပြီးရောက်လာလို့ ဆရာမတို့က သားကိုခွင့်
လွှတ်ထားတာ။ဒီလ အဲ့လိုထပ်ကျရင် သားမလွယ်
တော့ဘူး။ဘာသာစုံကျရင်တီချယ်တို့လည်း
မကယ်နိုင်ဘူး။သားမှတ်တမ်းမှာ ဒါကိုမှတ်ချက်အနေနဲ့ရေးပေးလိုက်ရရင်...သားရဲ့ကျောင်းအဟောင်းကလည်းသားကိုလက်ခံချင်မှာမဟုတ်တော့ဘူး""

""ဗျာ!!""

ကျတော်တကယ်ခေါင်းနပန်းကြီးသွားတယ်။မရ
ဘူးနော်။နောင်နှစ်မန္တလေးကကျောင်းပဲပြန်တက်
ရမှဖြစ်မှာကို။ကျတော်လန့်သွားတာကိုသိသော
ဆရာမ သည် သဘောတကျတစ်ချက်ရယ်ပြီး

""သားက တီချယ်တို့ကျောင်းကို တကယ်မတက်
ချင်တာကိုး။ဟုတ်လား??တီချယ်တို့သင်တာမ
ကြိုက်လို့လား?""

""အဲ့ အဲ့လိုမဟုတ်ပါဘူး""

""ဒီမှာက သူ့မုန့်ဖိုးတွေအလုခံရတာကိုးး""

သူဝင်ပါပြန်ပြီ။မုန့်ဖိုးအလုခံရတဲ့ ကိစ္စကိုအတန်း
ထဲမှာ ခုံနဲ့တင်ပါးကပ်နေအောင်ထိုင်နေတဲ့ကောင်
ကဘယ်လိုလုပ်ပြီးသိသွားရပြန်တာလဲ?

""အာာ ဟုတ်သား။မနေ့ က သား လာတိုင်ထား
တဲ့ကျောင်းသားတွေကို သူ့အတန်းပိုင်ဆရာမကို
တီချယ်သွားတိုင်ပေးထားတယ်။သားပိုင်သုတက
လည်း မုန့်ဈေးတန်းကို တစ်ယောက်တည်းမသွား
နဲ့လေ နော်။ခု ချန်း နဲ့သိနေပြီမလား??သူနဲ့သွား
ပေါ့""

ဆရာမကိုတောင် သွားတိုင်ပေးထားတယ်။ဘယ်
အချိန်ကလည်း??ကျူရှင်မှာများ တိုင်ပေးလိုက်
တာလား??

""ဟုတ်ကဲ့ ဆရာမ""

အတွေးမပွါးနေတော့ပဲ ဆရာမစိတ်ကျေနပ်သွား
စေမယ့် စကားသာပြောပေးလိုက်တော့၏

""သားသူငယ်ချင်းတွေရလာရင် ဒီမှာပျော်လာ
မှာပါ။သားက ဟိုဖက်ကျောင်းမှာဘက်စုံတွေ
ဘာတွေတောင် ဖြေရတဲ့ထိတော်ခဲ့တာပဲ။
ဟုတ်တယ်မလား?ဒါကြောင့် တီချယ်ကစာလုပ်
တဲ့ ချန်း နဲ့ ကောင်းကောင်း ဘေးထားထားတာ
စာကြိုးစားတဲ့လူအချင်းချင်းအဆင်ပြေအောင်လို့"

""ဟုတ်ကဲ့""

မျက်လုံးထောင့်မှနေ၍ကျတော့်ကို လှမ်းကြည့်
နေသော ချန်းကိုတွေ့လိုက်ရသည်။မာန်တက်အပြုံးပြုံးချင်နေပေမယ့် ဆရာမရှေ့မှာ
မို့ ဒီအတိုင်းတိုင်းသာနေ,နေလိုက်ရသည်။
ဒီကောင်က ကျတော့်ကို နပိန်းလိုဆက်ဆံနေတာ
ကို။ဟင်း...ကျတော့်လို တိုင်းအဆင့်ပထမရခဲ့
သူကို သူ့မို့လို့။ဘာဘာညာညာဆရာလာလုပ်နေ
သေး။

""မင်း...မင်းတကယ်ပဲ ဟိုဖက်ကျောင်းမှာဘက်စုံ
ပြိုင်ခဲ့ရတာလား?""

""ဟုတ်တယ်""

""မဖြစ်နိုင်တာ...""

""မယုံချင်လဲ နေ""

ခဏငြိမ်ကျသွားပြီးမှ...

""နယ်မှာ မို့လို့ပါကွာ"" ဟူ၍ပြောသေး၏

""ဘာ!!မန္တလေးက နယ်လားကွ""

""မသိဘူး။ ရန်ကုန်မဟုတ်ရင် နယ်ပဲ။ငါကရန်ကုန်သားစစ်စစ်။မင်းက နယ်သား""

ငါနော်...ဒီကောင် ဘာကောင်လဲလေ??

""ငါက နန်းရှေ့ရပ်ကွက်မှာ နှစ်ဆောင်ပြိုင်အိမ်
နဲ့နေခဲ့တာကွ။""

""ငါကလည်း ကျောက်မြောင်းရပ်ကွက်မှာနေတာ
ငါတို့တိုက်ခန်းနှစ်ခန်းပိုင်တယ်။ကျောက်မြောင်းမှာ
အပေါ်အောက် နှစ်ခန်းဆက်တိုက်တော်ရုံမဝယ်
နိုင်ဘူးကွ။ပြီးတော့ ငါ့အဖေက ဆည်မြောင်း
အင်ဂျင်နီယာ"

""ငကြွားးး""

""အေး!မင်း အဲ့ငကြွားဆီက ထမင်းမစားနဲ့။ငကြွားဓာတ်တွေကူးမယ်""

ဟာာာ သေပြီ။ဆောင့်ဆောင့်အောင့်အောင့်နဲ့
ထွက်သွားပြီ။ဘယ်လိုပြန်ချော့ရပါ့မလဲ??
မုန့်ဖိုးပါရင် ပစ်ထားလိုက်မှာ။ခုဟာက မနေ့ညက
လည်း အငတ်။ခု မနက်စာလည်းမစားရသေး။
နေ့လည်စာပါ မမြင်ရရင် ကျတော်အာဟာရပြတ်
မယ်။

အာာ အိတ်ထဲမှာ မနေ့က မားပေးလိုက်တဲ့ဆိတ်
သားမုန့်တွေရှိသေးတာပဲ။ဟုတ်တယ် အဲ့ဒါပေး
ပြီးပြန်ချော့ရမယ်။
ကျတော်အတန်းထဲပြန်ရောက်တော့ ဝင်လာသော
ကျတော့်ကိုမြင်တာကို မမြင်ချင်ယောင်ဆောင်ပြီး
နောက်တန်းကကောင်လေးတွေနဲ့စကားလှည့်
ပြောနေသည်။ကောင်းဆက်စံကတော့ရယ်ပြ
တယ်။ခန္ဓာကိုယ်ကြီးနောက်လှည့်ကာ ကျတော်
ဝင်မယ့်လမ်းကို တည့်တည့်ပိတ်ပြီးအရေးမပါတဲ့
သူ့ Bossရေမွှေးဘောပင် မွှေးတဲ့အကြောင်းကို
စကားလုပ်ပြောနေသော ချန်းငြိမ်းအောင်။

""ဟေ့ရောင် ချန်း။ဖယ်ပေး။ငါအထဲဝင်မလို့""

မကြားချင်ယောင်ဆောင်နေပြီးဆက်ပြောနေ
သည်။သူနဲ့ပြောနေသော ကောင်တွေသည်ပင်
ကျတော့်ကို မော့ကြည့်ပြီး စကားပြောရပ်သွားတာ
ကို သူက အရစ်ရှည်နေသေး။စာရွက်လှန်ပြီး
သေနတ်ပစ်တမ်းကစားဖို့ ဆွယ်နေသေး၏

""ချန်းငြိမ်းအောင်!!ငါ့ကိုဖယ်ပေး""

""မင်းဘာသာမင်း ဝင်ချင်ဝင်လေ""

""မင်း ပိတ်ထားတာ ငါဘယ်လိုဝင်ရမလဲ??""

""ဝင်လို့မရရင် မဝင်နဲ့ပေါ့ကွ""

ငါနော်...မျက်နှာနာစရာ မားရှိနေလို့။မဟုတ်ရင်
ဖျင်းပေးလိုက်ပြီ။
ပြောမနေတော့ပဲ။ရှေ့မှနေ၍စာရေးစားပွဲကို လွှားခနဲကျော်ပြီးခုန်ကျော်ဝင်လိုက်တော့ သူ့ဘုကြည့်က ဒိုင်းခနဲ။

ဂွတ်!!

အာာ။ခေါင်းကို ကစားစရာရေပူဖောင်းတွေပါ
သော ပေတံနဲ့ လာခေါက်တော့၏။

""ချန်း-ငြိမ်း-အောင်!!""

""ဘာလဲ??စာရေးစားပွဲခုံကို ခုန်ကျော်ရင်စာ
မတတ်ဘူးဆိုတာ မင်းနားမလည်ဘူးလား??
ဒါတောင် တိုင်းကိုယ်စားပြုတဲ့ ဟက်""

""ပိုင်သုတ နာသွားလား??""

မေးတတ်တယ် ကောင်းဆက်စံ။ဒီလောက်အသံ
ကြီးထွက်သွားတဲ့ထိ လုပ်ခံလိုက်ရတာကို
နာသွားလားတဲ့။ဒီနှစ်ကောင်ကြားကျတော်သေမှာ။

""ရော့ ဆိတ်သားမုန့်""

""ဟာ""

စိတ်တိုတာက တိုတာပဲ။ပေးမယ်လို့ရည်ရွယ်
ထားတာကိုတော့ပေးရမယ်လို့ ကျတော်ထင်တယ်
ဆိတ်သားမုန့်မြင်တော့ မျက်လုံးတွေအရောင်
ပြောင်းသွားတယ်။ဒီကောင် ဒါတော့တကယ်
်ကြိုက်တာပဲ??

""မင်းကို မနေ့က မားပေးလိုက်တဲ့ဟာလား?""

""အေး""

""မင်းနဲ့ ချန်း မားမားတို့ကဘယ်လိုသိ""

ကောင်းဆက်စံသည်လည်းအူကြောင်ကြောင်နဲ့
ဝင်စပ်စုရင်း ခုံပေါ်မှ ဆိတ်သားမုန့်ကို မက်မော
စွာကြည့်၏။

""မင်းတစ်ခု။ကောင်းဆက်စံတစ်ခု။""

ကောင်းဆက်စံသည် ဟီးခနဲတစ်ချက်ရယ်ပြပြီး
သူ့ကိုယ်တာ ဆိတ်သားမုန့်ကိုလှမ်းယူသည်။

""ရော့ ချန်း။မင်းတစ်ခုယူ""

ခေါင်းငုံ့နေရင်းမှ...

""မင်းကိုစောနက ခေါက်လိုက်တာ စိတ်မဆိုး
ဘူးလား?""

*ဆိုးတာမှ မင်းကို နရင်းကြီးပဲအုပ်ချင်တာ*

""မဖြစ်ဘူး။ငါလည်း မှားတာကို...""

""ပြီးတာပဲ...""ဟူ၍ခပ်လေးလေးပြော၏

""နောက်ဆို ချန်း မင်းလည်းဒေါသထိန်းပေါ့ကွ။
လာ လာ ထမင်းစားမယ်""

ကောင်းဆက်စံက ကြားထဲမှနေ၍ဝင်ရောက်ဖြန်
ဖြေပေးသည်။

""ရော့ မင်းအတွက် ဇွန်း""

သက်သက်ထုတ်လာသော စတီးဇွန်းတစ်ချောင်း
ကိုထုတ်ပေးသည်။နေ့လည်စာ စားရတော့မည်
ဟူ၍ မြူးတူးပျော်ရွှင်နေသော ကျတော့်အား
ချန်း ထမင်းချိုင့်ထဲမှ ကြက်သားတုံးကြီးတို့က
လှောင်ရယ်တော့၏။ဇွန်းကြီးကိုက်ကာ ခေါင်းငိုက်
စိုက်ကျသွားသောကျတော့်ကို ငုံ့ကြည့်ကာ

""ဟင်!မင်းမစားဘူးလား?""

ကောင်းဆက်စံသည် ချန်း ထမင်းချိုင့်ကိုတစ်
ချက်ငဲ့ကြည့်ပြီး

""ပိုင်သုတ က အသားမှမစားတာ""

လက်မောင်းတွေကြားခေါင်းဝှက်ကာ ခေါင်းမှောက်အိပ်နေသော ကျတော့်ပုခုံးကိုလာ
ကုတ်သည်

""ငါမှ မသိတာ။ဟိုနေ့က မင်း ကောင်းဆက်စံနဲ့
အတူတူစားနေတာလေ""

""အဲ့ဒါ ငါက မုန်ညှင်းရွက်ကြော်လာတာ။ဝက်သားနဲ့ပေမယ့်...သူကအရွက်ပဲစားတယ်""

""ဒါကြောင့် မင်း ငါ့မားဆိုင်မှာပဲစားတာပေါ့ဟုတ်
လား?""

""အင်း""

""ရော့ ပိုင်သုတ။ငါ ကန်စွန်းရွက်ထည့်လာတယ်"

ကောင်းဆက်စံရဲ့ ကန်စွန်းရွက်ကြော်စိမ်းစိမ်း
က ကျတော့်ချိုင့်ထဲက ကြက်သားကြော်အား
လျှာထုတ်ပြောင်ပြနေသလိုပဲ

""မင်းက ဟိုနေ့က မားမားချဉ်စပ်တွေစားနေ
ပြီးတော့...အဲ့အမှုန့်တွေကပုစွန်တွေနဲ့
လုပ်ထားတာ""

""ဟမ်!!""

စားလက်စ ကန်စွန်းရွက်အမျှင်တွင်က ဒီ့ကောင်
ပါးစပ်ဝမှာ...မျက်လုံးတွေကဝိုင်းစက်လို့...ဘာလဲ??ဒါတောင်တကယ်မသိတာလား??အထုပ်ရှေ့မှ ပြထားတဲ့ ပုစွန်ထုပ်
ကြီးမပါတာနဲ့ပဲသူကဒါကိုသက်သက်လွတ်ထင်နေတာလားလေ?

""မင်းတကယ်မသိတာလား?""

""အင်းး ငါဒီရောက်မှ စားဖူးတာ...""

အသံတွေက တုန်တုန်ယင်ယင်။
ပိုင်သုတ တကယ်ရိုးတာပဲ...

ဘာမှလည်းမဟုတ်ပါပဲ...မားမားချဉ်စပ်ကို
သက်သက်လွတ်မဟုတ်မှန်းတောင် မသိသောဒီ
မန္တလေးသားကို ကျတော်သနားသွားမိသည်။

နောက်နေ့တွေတော့ ကျတော်လည်းအရွက်စား
သတ္တဝါဘဝပြောင်းရတော့မှာပဲ...ဒီကောင့်
စက်ဘီးနဲ့ကျောင်းလာနေသရွေ့ပေါ့...

Thank You All

Happy Super Sunday

Bạn đang đọc truyện trên: ZingTruyen.Xyz