Epi-10
""မား! အဲ့ ဆိတ္သားဟင္းေတြမထည့္နဲ႔""
အလန္႔တၾကားတားေသာ က်ေတာ့္အား
မားကအံျသလြန္းသြားဟန္ျဖင့္ လွည့္ၾကည့္၏။
ဆိတ္သားဟင္းဆို အသည္းအမဲျဖစ္ေနတတ္တဲ့
က်ေတာ့္အက်င့္ကို သိေန၍လည္းပါလိမ့္မည္
""အာလူးေၾကာ္နဲ႔ပဲထည့္သြားေတာ့မယ္"'
"အယ္ ဘာလို႔လဲ ခ်န္းေလးရဲ႕"
"ပိုင္သုတ အနံ႔ခံႏိုင္မွာမဟုတ္လို႔..."
"ဒါဆို မား သက္သက္ထည့္ေပးလိုက္မယ္ေလ။
သားအတြက္ တစ္ခ်ိဳင့္...သားပိုင္အတြက္ တစ္
ခ်ိဳင့္"
"ရတယ္ မား။သား အိမ္ျပန္ေရာက္မွပဲစားေတာ့
မယ္"
"ေမ့သားက စိတ္ေကာင္း႐ွိသားပဲ..."
ဟဲဟဲ။ငပိုင့္ ေက်းဇူးနဲ႔ မားဆီက တစ္မွတ္ရသြားၿပီ
ပိုင္သုတဇာတ္ထုပ္ကိုအေၾကာင္းစံုသိသြားၿပီး
ေနာက္ မား သည္ ပိုင္သုတအားအရင္ကထက္
ပို၍ ဂ႐ုစိုက္ေပးလာခဲ့သည္။က်ေတာ္ေရာ?
အဟီး...နည္းနည္းေလး အႏိုင္က်င့္တာက လြဲလို႔
ငပိုင့္ ကိုတကယ္္ခင္တာပါ။သူက သူ႔အိမ္မွာသား
အႀကီးျဖစ္ေန၍လားမသိ က်ေတာ့္ကိုဆို သူသည္း
ခံသည္။က်ေတာ္ ဘာေျပာေျပာ သူေခါင္းငံု႔ကာ
ၿငိမ္ေနတတ္၏။ေကာင္းဆက္စံကဲ့သို႔လည္း ငိုမဲ့မဲ့
လုပ္မေန။က်ေတာ္သူ႔ကို ဘယ္ေလာက္႐ိုက္ပုတ္
ေနပါေစ...သူတစ္ခ်က္မ်က္ႏွာမပ်က္။
သူ႔ပံုစံကိုၾကည့္ၿပီး ရြယ္တူေတြေပမယ့္သူက
က်ေတာ့္ထက္အသက္ႀကီးတယ္လို႔ပင္ထင္
ေနမိသည္။
သူနဲ႔ေက်ာင္းသြားေက်ာင္းျပန္လုပ္ရျခင္းကိုလည္း
က်ေတာ္အထူးပင္ႏွစ္သက္ေနခဲ့ၿပီ။
မနက္ခင္းသူလာမေခၚခင္တည္းက ဝရန္ဒါထြက္
ကာ သူ႔စက္ဘီးအရိပ္ကိုလည္ဆန္႔ကာေမ်ွာ္ေန
တတ္ၿပီ။ခုလည္းၾကည့္ က်ေတာ္ဝရန္ဒါေ႐ွ႕ထြက္
ေစာင့္ရံုေလး႐ွိေသး စက္ဘီးBellသံ ကလင္
ျမည္ေအာင္တီးၿပီး အေမာတေကာနဲ႔ ဒီေကာင္
ေရာက္လာၿပီ။
က်ေတာ့္ မုန္႔ဖိုးနဲ႔ဝယ္တပ္ေပးထားေသာ သူ႔စက္ဘီးေ႐ွ႕က Bellကို ေတာင္ခနဲျမည္ေအာင္တစ္ခ်က္တီးၿပီး သူေစာင္းေပးထားေသာစက္ဘီးေနာက္ခံုေပၚတက္ထိုင္လိုက္သည္။
ထမင္းခ်ိဳင့္ထည့္ထားေသာအိတ္ကို Handleတြင္ ခ်ိတ္ထားသည္မို႔
လြတ္လပ္ေနၿပီျဖစ္ေသာ လက္ႏွစ္ဖက္လံုးနဲ႔ ဒီေကာင့္ ခါးကိုျဖစ္ညႇစ္ပစ္လိုက္တယ္။သူနာတယ္
ဆိုတာ သိေပမယ့္...အဲ့လိုအားနဲ႔ပါးနဲ႔ ဆုပ္ကိုင္
ထားရတာကိုက ေပ်ာ္စရာတစ္ခုပဲ။
"ငပိုင္...ဒီေန႔ကထိန္အလႉေငြထည့္ရမွာေနာက္ဆံုးေန႔ေနာ္...မင္းေမေမေလးကိုေတာင္းၿပီးသြား
ၿပီလား"
"မေတာင္းေတာ့ပါဘူး။ဟိုေန႔က သူေပးထားတဲ့
မုန္႔ဖိုးတည္းကပဲ ေပးလိုက္ေတာ့မယ္"
ပိုင့္ အသံေတြတိုးေနသည္။ငပိုင္ မုန္႔စားတယ္ဆို
တာကို မေတြ႔ရတာ...သူေက်ာင္းစတက္တည္းက
ခုလည္းၾကည့္။ေက်ာင္းက ေကာက္သမွ်ဘာ
ေၾကးညာေၾကးအကုန္ သူ႔မရတစ္လွည့္ရတစ္
လွည့္နဲ႔ျဖစ္ေနေသာ မုန္႔ဖိုးေတြကိုစုရင္း အဲ့ထဲ
ကပဲေပးေနရတာ။
သူ႔အေဖကို ေျပာဆိုေတာ့လည္း မေျပာဘူး။သူ႔
ေမေမေလးနဲ႔ သူ႔အေဖကို ရန္တိုက္ေပးသလိုျဖစ္
ေနမွာစိုးလို႔ဆိုၿပီး သူတစ္ေယာက္တည္းအငတ္ခံ
ေနတာ။ဒီေကာင့္ကို အားမရတာအဲ့ဒါေတြ။
ကေလးက ကေလးလိုမေနဘူး။သူ႔ကိုယ္သူသိတတ္လြန္းတဲ့ လူႀကီးပံုသိပ္ဖမ္းတာ။
"စာေတြေကာ ရၿပီလား?"
စက္ဘီးနင္းေနရင္းမွ ေခါင္းဆက္ဆက္ညိတ္ျပ၏
"ေမးေနတာကို ေျဖပါကြ...ဗုန္း"
ေျပာလည္းေျပာ သူ႔ေက်ာကို တစ္ခ်က္ေလာက္
လည္း႐ိုက္ေပးလိုက္တယ္။
"ငါ ေခါင္းညိတ္ျပေနတယ္ေလကြာ...မင္းသိပ္
စကားမ်ားတာပဲ ခ်န္းရာ..."
"ငါက မင္းမရတာ ရွိရင္ ရွင္းျပမလို႔ကြ။ေတာ္ျပီ
ေစတနာ မပါေတာ့ဘူး။မင္းလိုေကာင္ကို...""
ေက်ာင္းထိစကားမေျပာေတာ့ဘူး။ေသာက္ရူးေကာင္...က်ဴရွင္လည္းမတက္ႏိုင္ပဲနဲ႔
က်ေတာ္က က်ဴရွင္မွာသင္တဲ့သခ်ာၤunseen
ေတြ ရွင္းျပမလို႔ကို။အရိပ္ျပလို႔အေကာင္မျမင္တဲ့
ဂ်ပိန္းေကာင္...
သူ႔စက္ဘီးရပ္သည္ႏွင့္ က်ေတာ့္ေစြ႔ခနဲခုန္ဆင္း
ျပီး သူ႔မေစာင့္ပဲ အရင္ထြက္လာလိုက္တယ္။
မႀကာဘူး က်ေတာ္အေပၚထက္ေလွကားမေရာက္
ခင္ က်ေတာ့္ထမင္းခ်ိဳင့္အိတ္ကိုဆြဲျပီး အမွီေျပး
လိုက္လာေလ၏။
""ငါ့ကို Math ဥာဏ္စမ္းလိုဟာေတြရွိရင္ေပး
ပါ ခ်န္းရာ။ငါ့မွာ အဲ့လိုစာအုပ္မရွိလို႔""
""မင္းကို ဘာလို႔ေပးရမွာလဲ??""
""အဲ...ျဖည္းျဖည္း""
ေအာက္ကိုပံုကာ တိုက္ေနေသာ ပုဆိုးစကိုတက္
နင္းမိျပီး ေလွကားအတက္ဟက္ထိုးျဖစ္သြားေသာ
က်ေတာ့္ကို ဖမ္းဆြဲထားရင္း မ်က္ႏွာငယ္နဲ႔ေမာ့
ႀကည့္ေနသည္။
""ေစာနက ေျပာေတာ့ ငါ့ကို စကားမ်ားတယ္ဆို"
""စက္ဘီးနင္းေနရင္း မင္းစကားေတြကိုအာရံု
စိုက္ေနရင္...ကားလာရင္ မျမင္မွာစိုးလို႔။စက္ဘီး
ေမွာက္ရင္ ေနာက္ကစီးတဲ့ မင္း ပိုနာမွာေပါ့""
ပိုင္သုတဆိုတဲ့ေကာင္ လူႀကီးဆိုက္ဖမ္းတယ္ဆို
တာအဲ့လို အကြက္ေတြပဲ။
""မင္းဟာ မင္း ေကာင္းဆက္စံကိုရွင္းျပခိုင္းလိုက္
ေတာ့။ငါကေတာ့ ေစတနာပ်က္သြားျပီ။သူ႔စာအုပ္ပဲ ငွားႀကည့္လိုက္""
""မင္းလက္ေရးေတြက ပိုႀကည့္လို႔ေကာင္းလို႔ပါ
ခ်န္းရ...""
အခန္းေပါက္ေရာက္ေနျပီမို႔ ဘာမွဆက္မေျပာျဖစ္
ေတာ့...
ဟက္!!မင္း လက္ေရးေတြက ပိုလွတယ္ေျပာရင္
ေသသြားမွာမို႔လို႔လား??ဘာပဲေျပာေျပာ ခံုေပၚ
ဲဖင္ခ်ထိုင္ျပီးတာနဲ႔ က်ေတာ္သတိတရနဲ႔ေသခ်ာ
ထည့္ခဲ့ေသာ သခ်ာၤစာအုပ္ကို ထုတ္ေပးလိုက္
ေတာ့မွ ပါးခ်ိဳင့္တစ္ဖက္ ေပၚတယ္ဆိုရံုေလးျပံဳး
ေလရဲ႕။အဲ့ငတံုးေကာင္က ဒီေလာက္လွတဲ့ ပါးခ်ိဳင့္ေတြရွိတာေတာင္ မရယ္မျပံဳးနဲ႔။
-
-
-
ခ်န္းက တစ္ဦးတည္းေသာ သားမို႔လားမသိ။
နည္းနည္းဆိုးခ်င္တယ္။မားက အလိုလိုက္လြန္
တဲ့ အေမမ်ိဳးမဟုတ္သည့္အတြက္ခ်န္းကသူ႔
မားေပၚမဆိုး၍ သူ႕ေဘးနားရွိတဲ့
က်ေတာ္ နဲ႔ ေကာင္းဆက္စံအေပၚဆိုးလြန္းသည္။
ခ်န္းဆိုးပံုက စိတ္ဆိုးရလည္းအခက္...
အျပင္ပန္းႀကည့္ရင္ မာနႀကီးတယ္လို႔ထင္ရတဲ့
ခ်န္းက တကယ္တမ္းေပါင္းႀကည့္မွ...အေပါင္း
အသင္းခုံမင္တတ္လြန္းသည္ကို သိရတာ။သူ႔မာန
အခံနဲ႔မို႔ သူေတာ္ရံုလူကိုလည္း စကားမေျပာ။
လူႀကည့္ေရြးကာေပါင္းထားေသာ ရွိစုမဲ့စုက်ေတာ္
နဲ႔႔ ေကာင္းဆက္စံကိုေတာ့ သူေတာ္ေတာ္ခင္တြယ္
တယ္။က်ေတာ္တို႔ကို တကယ္ခင္ေနတာသိေန၍
လည္း သူဘယ္ေလာက္ဆိုးဆိုးစိတ္မဆိုးျဖစ္
ေတာ့တာ...က်ေတာ္တို႔သာစိတ္ဆိုးႀကည့္သူ႔
မွာ တျခားေပါင္းစရာ သူငယ္ခ်င္းမွမရွိတာဆိုျပီး
သူ႕ေတာင္ ျပန္သနားမိေသး။
အစက ေကာင္းဆက္စံဘာလို႔မ်ားသည္းခံေပါင္း
ေနလည္းဆိုတာ နားမလည္ေပမယ့္ ခုေတာ့
က်ေတာ္လည္းနားလည္သြားခဲ့ျပီ။ဘယ္ေလာက္ပဲ
သူ ဆိုးဆိုး မားဆီကေနအေမြရထားတဲ့ စိတ္ထား
ေကာင္းေလးေတြ ခ်န္းဆီမွာရွိတယ္။
ေနာက္တစ္ခုက...ခ်န္းက ခ်စ္ဖို႔ေကာင္းတယ္။
ဘာလို႔လည္း မသိ က်ေတာ့္မ်က္လံုးထဲခ်န္းက
ႀကည့္ေနရင္းကို ခ်စ္ဖို႕ေကာင္းတာ။ေယာက်ာ္း
ေလးေတြ အထူးသျဖင့္ က်ေတာ္နဲ႔ေဆာ့ေဖာ္
ေဆာ့ဖက္ ျဖစ္ခဲ့ဖူးေသာ မႏၲေလးကသူငယ္ခ်င္း
ေတြ ဘယ္သူမွ ခ်န္းေလာက္ခ်စ္ဖို႔မေကာင္းခဲ့ဘူး
ခ်န္းလိုလည္း က်ေတာ့္ကိုဘယ္သူမွအႏိုင္မက်င့္
ခဲ့ဖူးဘူး။
အတန္းထဲက သူငယ္ခ်င္းေတြဆိုလည္း စာအေတာ္ဆံုးျဖစ္တဲ့ က်ေတာ့္ကို ရွိန္ေနႀကတာ
ကမ်ား၍ ခ်န္းလို က်ေတာ့္ကိုဘယ္သူ႔မွ မေအာ္
ေငါက္ခဲ့ဖူးဘူး။
ေနာက္တစ္ခု...ခ်န္းလိုလည္း က်ေနာ့္ကိုဘယ္သူ
မွ ဂရုမစိုက္ခဲ့ႀကဖူးဘူး။
Thank You All
Happy🍀 Birthday 🍰 To Me🌹
Unicode Version
__________________________________
""မား! အဲ့ ဆိတ်သားဟင်းတွေမထည့်နဲ့""
အလန့်တကြားတားသော ကျတော့်အား
မားကအံသြလွန်းသွားဟန်ဖြင့် လှည့်ကြည့်၏။
ဆိတ်သားဟင်းဆို အသည်းအမဲဖြစ်နေတတ်တဲ့
ကျတော့်အကျင့်ကို သိနေ၍လည်းပါလိမ့်မည်
""အာလူးကြော်နဲ့ပဲထည့်သွားတော့မယ်"'
"အယ် ဘာလို့လဲ ချန်းလေးရဲ့"
"ပိုင်သုတ အနံ့ခံနိုင်မှာမဟုတ်လို့..."
"ဒါဆို မား သက်သက်ထည့်ပေးလိုက်မယ်လေ။
သားအတွက် တစ်ချိုင့်...သားပိုင်အတွက် တစ်
ချိုင့်"
"ရတယ် မား။သား အိမ်ပြန်ရောက်မှပဲစားတော့
မယ်"
"မေ့သားက စိတ်ကောင်းရှိသားပဲ..."
ဟဲဟဲ။ငပိုင့် ကျေးဇူးနဲ့ မားဆီက တစ်မှတ်ရသွားပြီ
ပိုင်သုတဇာတ်ထုပ်ကိုအကြောင်းစုံသိသွားပြီး
နောက် မား သည် ပိုင်သုတအားအရင်ကထက်
ပို၍ ဂရုစိုက်ပေးလာခဲ့သည်။ကျတော်ရော?
အဟီး...နည်းနည်းလေး အနိုင်ကျင့်တာက လွဲလို့
ငပိုင့် ကိုတကယ်ခင်တာပါ။သူက သူ့အိမ်မှာသား
အကြီးဖြစ်နေ၍လားမသိ ကျတော့်ကိုဆို သူသည်း
ခံသည်။ကျတော် ဘာပြောပြော သူခေါင်းငုံ့ကာ
ငြိမ်နေတတ်၏။ကောင်းဆက်စံကဲ့သို့လည်း ငိုမဲ့မဲ့
လုပ်မနေ။ကျတော်သူ့ကို ဘယ်လောက်ရိုက်ပုတ်
နေပါစေ...သူတစ်ချက်မျက်နှာမပျက်။
သူ့ပုံစံကိုကြည့်ပြီး ရွယ်တူတွေပေမယ့်သူက
ကျတော့်ထက်အသက်ကြီးတယ်လို့ပင်ထင်
နေမိသည်။
သူနဲ့ကျောင်းသွားကျောင်းပြန်လုပ်ရခြင်းကိုလည်း
ကျတော်အထူးပင်နှစ်သက်နေခဲ့ပြီ။
မနက်ခင်းသူလာမခေါ်ခင်တည်းက ဝရန်ဒါထွက်
ကာ သူ့စက်ဘီးအရိပ်ကိုလည်ဆန့်ကာမျှော်နေ
တတ်ပြီ။ခုလည်းကြည့် ကျတော်ဝရန်ဒါရှေ့ထွက်
စောင့်ရုံလေးရှိသေး စက်ဘီးBellသံ ကလင်
မြည်အောင်တီးပြီး အမောတကောနဲ့ ဒီကောင်
ရောက်လာပြီ။
ကျတော့် မုန့်ဖိုးနဲ့ဝယ်တပ်ပေးထားသော သူ့စက်ဘီးရှေ့က Bellကို တောင်ခနဲမြည်အောင်တစ်ချက်တီးပြီး သူစောင်းပေးထားသောစက်ဘီးနောက်ခုံပေါ်တက်ထိုင်လိုက်သည်။
ထမင်းချိုင့်ထည့်ထားသောအိတ်ကို Handleတွင် ချိတ်ထားသည်မို့
လွတ်လပ်နေပြီဖြစ်သော လက်နှစ်ဖက်လုံးနဲ့ ဒီကောင့် ခါးကိုဖြစ်ညှစ်ပစ်လိုက်တယ်။သူနာတယ်
ဆိုတာ သိပေမယ့်...အဲ့လိုအားနဲ့ပါးနဲ့ ဆုပ်ကိုင်
ထားရတာကိုက ပျော်စရာတစ်ခုပဲ။
"ငပိုင်...ဒီနေ့ကထိန်အလှူငွေထည့်ရမှာနောက်ဆုံးနေ့နော်...မင်းမေမေလေးကိုတောင်းပြီးသွား
ပြီလား"
"မတောင်းတော့ပါဘူး။ဟိုနေ့က သူပေးထားတဲ့
မုန့်ဖိုးတည်းကပဲ ပေးလိုက်တော့မယ်"
ပိုင့် အသံတွေတိုးနေသည်။ငပိုင် မုန့်စားတယ်ဆို
တာကို မတွေ့ရတာ...သူကျောင်းစတက်တည်းက
ခုလည်းကြည့်။ကျောင်းက ကောက်သမျှဘာ
ကြေးညာကြေးအကုန် သူ့မရတစ်လှည့်ရတစ်
လှည့်နဲ့ဖြစ်နေသော မုန့်ဖိုးတွေကိုစုရင်း အဲ့ထဲ
ကပဲပေးနေရတာ။
သူ့အဖေကို ပြောဆိုတော့လည်း မပြောဘူး။သူ့
မေမေလေးနဲ့ သူ့အဖေကို ရန်တိုက်ပေးသလိုဖြစ်
နေမှာစိုးလို့ဆိုပြီး သူတစ်ယောက်တည်းအငတ်ခံ
နေတာ။ဒီကောင့်ကို အားမရတာအဲ့ဒါတွေ။
ကလေးက ကလေးလိုမနေဘူး။သူ့ကိုယ်သူသိတတ်လွန်းတဲ့ လူကြီးပုံသိပ်ဖမ်းတာ။
"စာတွေကော ရပြီလား?"
စက်ဘီးနင်းနေရင်းမှ ခေါင်းဆက်ဆက်ညိတ်ပြ၏
"မေးနေတာကို ဖြေပါကွ...ဗုန်း"
ပြောလည်းပြော သူ့ကျောကို တစ်ချက်လောက်
လည်းရိုက်ပေးလိုက်တယ်။
"ငါ ခေါင်းညိတ်ပြနေတယ်လေကွာ...မင်းသိပ်
စကားများတာပဲ ချန်းရာ..."
"ငါက မင်းမရတာ ရှိရင် ရှင်းပြမလို့ကွ။တော်ပြီ
စေတနာ မပါတော့ဘူး။မင်းလိုကောင်ကို...""
ကျောင်းထိစကားမပြောတော့ဘူး။သောက်ရူးကောင်...ကျူရှင်လည်းမတက်နိုင်ပဲနဲ့
ကျတော်က ကျူရှင်မှာသင်တဲ့သချာၤunseen
တွေ ရှင်းပြမလို့ကို။အရိပ်ပြလို့အကောင်မမြင်တဲ့
ဂျပိန်းကောင်...
သူ့စက်ဘီးရပ်သည်နှင့် ကျတော့်စွေ့ခနဲခုန်ဆင်း
ပြီး သူ့မစောင့်ပဲ အရင်ထွက်လာလိုက်တယ်။
မကြာဘူး ကျတော်အပေါ်ထက်လှေကားမရောက်
ခင် ကျတော့်ထမင်းချိုင့်အိတ်ကိုဆွဲပြီး အမှီပြေး
လိုက်လာလေ၏။
""ငါ့ကို Math ဉာဏ်စမ်းလိုဟာတွေရှိရင်ပေး
ပါ ချန်းရာ။ငါ့မှာ အဲ့လိုစာအုပ်မရှိလို့""
""မင်းကို ဘာလို့ပေးရမှာလဲ??""
""အဲ...ဖြည်းဖြည်း""
အောက်ကိုပုံကာ တိုက်နေသော ပုဆိုးစကိုတက်
နင်းမိပြီး လှေကားအတက်ဟက်ထိုးဖြစ်သွားသော
ကျတော့်ကို ဖမ်းဆွဲထားရင်း မျက်နှာငယ်နဲ့မော့
ကြည့်နေသည်။
""စောနက ပြောတော့ ငါ့ကို စကားများတယ်ဆို"
""စက်ဘီးနင်းနေရင်း မင်းစကားတွေကိုအာရုံ
စိုက်နေရင်...ကားလာရင် မမြင်မှာစိုးလို့။စက်ဘီး
မှောက်ရင် နောက်ကစီးတဲ့ မင်း ပိုနာမှာပေါ့""
ပိုင်သုတဆိုတဲ့ကောင် လူကြီးဆိုက်ဖမ်းတယ်ဆို
တာအဲ့လို အကွက်တွေပဲ။
""မင်းဟာ မင်း ကောင်းဆက်စံကိုရှင်းပြခိုင်းလိုက်
တော့။ငါကတော့ စေတနာပျက်သွားပြီ။သူ့စာအုပ်ပဲ ငှားကြည့်လိုက်""
""မင်းလက်ရေးတွေက ပိုကြည့်လို့ကောင်းလို့ပါ
ချန်းရ...""
အခန်းပေါက်ရောက်နေပြီမို့ ဘာမှဆက်မပြောဖြစ်
တော့...
ဟက်!!မင်း လက်ရေးတွေက ပိုလှတယ်ပြောရင်
သေသွားမှာမို့လို့လား??ဘာပဲပြောပြော ခုံပေါ်
ဲဖင်ချထိုင်ပြီးတာနဲ့ ကျတော်သတိတရနဲ့သေချာ
ထည့်ခဲ့သော သချာၤစာအုပ်ကို ထုတ်ပေးလိုက်
တော့မှ ပါးချိုင့်တစ်ဖက် ပေါ်တယ်ဆိုရုံလေးပြုံး
လေရဲ့။အဲ့ငတုံးကောင်က ဒီလောက်လှတဲ့ ပါးချိုင့်တွေရှိတာတောင် မရယ်မပြုံးနဲ့။
-
-
-
ချန်းက တစ်ဦးတည်းသော သားမို့လားမသိ။
နည်းနည်းဆိုးချင်တယ်။မားက အလိုလိုက်လွန်
တဲ့ အမေမျိုးမဟုတ်သည့်အတွက်ချန်းကသူ့
မားပေါ်မဆိုး၍ သူ့ဘေးနားရှိတဲ့
ကျတော် နဲ့ ကောင်းဆက်စံအပေါ်ဆိုးလွန်းသည်။
ချန်းဆိုးပုံက စိတ်ဆိုးရလည်းအခက်...
အပြင်ပန်းကြည့်ရင် မာနကြီးတယ်လို့ထင်ရတဲ့
ချန်းက တကယ်တမ်းပေါင်းကြည့်မှ...အပေါင်း
အသင်းခုံမင်တတ်လွန်းသည်ကို သိရတာ။သူ့မာန
အခံနဲ့မို့ သူတော်ရုံလူကိုလည်း စကားမပြော။
လူကြည့်ရွေးကာပေါင်းထားသော ရှိစုမဲ့စုကျတော်
နဲ့ ကောင်းဆက်စံကိုတော့ သူတော်တော်ခင်တွယ်
တယ်။ကျတော်တို့ကို တကယ်ခင်နေတာသိနေ၍
လည်း သူဘယ်လောက်ဆိုးဆိုးစိတ်မဆိုးဖြစ်
တော့တာ...ကျတော်တို့သာစိတ်ဆိုးကြည့်သူ့
မှာ တခြားပေါင်းစရာ သူငယ်ချင်းမှမရှိတာဆိုပြီး
သူ့တောင် ပြန်သနားမိသေး။
အစက ကောင်းဆက်စံဘာလို့များသည်းခံပေါင်း
နေလည်းဆိုတာ နားမလည်ပေမယ့် ခုတော့
ကျတော်လည်းနားလည်သွားခဲ့ပြီ။ဘယ်လောက်ပဲ
သူ ဆိုးဆိုး မားဆီကနေအမွေရထားတဲ့ စိတ်ထား
ကောင်းလေးတွေ ချန်းဆီမှာရှိတယ်။
နောက်တစ်ခုက...ချန်းက ချစ်ဖို့ကောင်းတယ်။
ဘာလို့လည်း မသိ ကျတော့်မျက်လုံးထဲချန်းက
ကြည့်နေရင်းကို ချစ်ဖို့ကောင်းတာ။ယောကျာ်း
လေးတွေ အထူးသဖြင့် ကျတော်နဲ့ဆော့ဖော်
ဆော့ဖက် ဖြစ်ခဲ့ဖူးသော မန္တလေးကသူငယ်ချင်း
တွေ ဘယ်သူမှ ချန်းလောက်ချစ်ဖို့မကောင်းခဲ့ဘူး
ချန်းလိုလည်း ကျတော့်ကိုဘယ်သူမှအနိုင်မကျင့်
ခဲ့ဖူးဘူး။
အတန်းထဲက သူငယ်ချင်းတွေဆိုလည်း စာအတော်ဆုံးဖြစ်တဲ့ ကျတော့်ကို ရှိန်နေကြတာ
ကများ၍ ချန်းလို ကျတော့်ကိုဘယ်သူ့မှ မအော်
ငေါက်ခဲ့ဖူးဘူး။
နောက်တစ်ခု...ချန်းလိုလည်း ကျနော့်ကိုဘယ်သူ
မှ ဂရုမစိုက်ခဲ့ကြဖူးဘူး။
Thank You All
Happy🍀 Birthday 🍰 To Me🌹
Bạn đang đọc truyện trên: ZingTruyen.Xyz