ZingTruyen.Xyz

EX-pect

Epi-10

HsuChiKo365

""မား! အဲ့ ဆိတ္​သားဟင္​း​ေတြမထည္​့နဲ႔""

အလန္​႔တၾကားတား​ေသာ က်​ေတာ္​့အား
မားကအံျသလြန္​းသြားဟန္​ျဖင္​့ လွည္​့ၾကည္​့၏။
ဆိတ္​သားဟင္​းဆို အသည္​းအမ​ဲျဖစ္​​ေနတတ္​တဲ့
က်​ေတာ္​့အက်င္​့ကို သိ​ေန၍လည္​းပါလိမ္​့မည္​

""အာလူး​ေၾကာ္​နဲ႔ပဲထည္​့သြား​ေတာ့မယ္​"'

"အယ္​ ဘာလို႔လဲ ခ်န္​း​ေလးရဲ႕"

"ပိုင္​သုတ အနံ႔ခံႏိုင္​မွာမဟုတ္​လို႔..."

"ဒါဆို မား သက္​သက္​ထည္​့​ေပးလိုက္​မယ္​​ေလ။
သားအတြက္​ တစ္​ခ်ိဳင္​့...သားပိုင္​အတြက္​ တစ္​
ခ်ိဳင္​့"

"ရတယ္​ မား။သား အိမ္​ျပန္​​ေရာက္​မွပဲစား​ေတာ့
မယ္​"

"​ေမ့သားက စိတ္​​ေကာင္​း႐ွိသားပဲ..."

ဟဲဟဲ။ငပိုင္​့ ​ေက်းဇူးနဲ႔ မားဆီက တစ္​မွတ္​ရသြားၿပီ
ပိုင္​သုတဇာတ္​ထုပ္​ကိုအ​ေၾကာင္​းစံုသိသြားၿပီး
​ေနာက္​ မား သည္​ ပိုင္​သုတအားအရင္​ကထက္​
ပို၍ ဂ႐ုစိုက္​​ေပးလာခဲ့သည္​။က်​ေတာ္​​ေရာ?
အဟီး...နည္​းနည္​း​ေလး အႏိုင္​က်င္​့တာက လြဲလို႔
ငပိုင္​့ ကိုတကယ္​္​ခင္​တာပါ။သူက သူ႔အိမ္​မွာသား
အႀကီးျဖစ္​​ေန၍လားမသိ က်​ေတာ္​့ကိုဆို သူသည္​း
ခံသည္​။က်​ေတာ္​ ဘာ​ေျပာ​ေျပာ သူ​ေခါင္​းငံု႔ကာ
ၿငိမ္​​ေနတတ္​၏။​ေကာင္​းဆက္​စံကဲ့သို႔လည္​း ငိုမဲ့မဲ့
လုပ္​မ​ေန။က်​ေတာ္​သူ႔ကို ဘယ္​​ေလာက္​႐ိုက္​ပုတ္​
​ေနပါ​ေစ...သူတစ္​ခ်က္​မ်က္​ႏွာမပ်က္​။
သူ႔ပံုစံကိုၾကည္​့ၿပီး ရြယ္​တူ​ေတြ​ေပမယ္​့သူက
က်​ေတာ္​့ထက္​အသက္​ႀကီးတယ္​လို႔ပင္​ထင္​
​ေနမိသည္​။
သူနဲ႔​ေက်ာင္​းသြား​ေက်ာင္​းျပန္​လုပ္​ရျခင္​းကိုလည္​း
က်​ေတာ္​အထူးပင္​ႏွစ္​သက္​​ေနခဲ့ၿပီ။
မနက္​ခင္​းသူလာမ​ေခၚခင္​တည္​းက ဝရန္​ဒါထြက္​
ကာ သူ႔စက္​ဘီးအရိပ္​ကိုလည္​ဆန္​႔ကာ​ေမ်ွာ္​​ေန
တတ္​ၿပီ။ခုလည္​းၾကည္​့ က်​ေတာ္​ဝရန္​ဒါ​ေ႐ွ႕ထြက္​
​ေစာင္​့ရံု​ေလး႐ွိ​ေသး စက္​ဘီးBellသံ ကလင္​
ျမည္​​ေအာင္​တီးၿပီး အ​ေမာတ​ေကာနဲ႔ ဒီ​ေကာင္​
​ေရာက္​လာၿပီ။

က်​ေတာ္​့ မုန္​႔ဖိုးနဲ႔ဝယ္တပ္​​ေပးထား​ေသာ သူ႔စက္​ဘီး​ေ႐ွ႕က Bellကို ​ေတာင္​ခနဲျမည္​​ေအာင္​တစ္​ခ်က္​တီးၿပီး သူ​ေစာင္​း​ေပးထား​ေသာစက္​ဘီး​ေနာက္​ခံု​ေပၚတက္​ထိုင္​လိုက္​သည္​။
ထမင္​းခ်ိဳင္​့ထည္​့ထား​ေသာအိတ္​ကို Handleတြင္​ ခ်ိတ္​ထားသည္​မို႔
လြတ္​လပ္​​ေနၿပီျဖစ္​​ေသာ လက္​ႏွစ္​ဖက္​လံုးနဲ႔ ဒီ​ေကာင္​့ ခါးကိုျဖစ္​ညႇစ္​ပစ္​လိုက္​တယ္​။သူနာတယ္​
ဆိုတာ သိ​ေပမယ္​့...အဲ့လိုအားနဲ႔ပါးနဲ႔ ဆုပ္​ကိုင္​
ထားရတာကိုက ​ေပ်ာ္​စရာတစ္​ခုပဲ။

"ငပိုင္​...ဒီ​ေန႔ကထိန္​​အလႉ​​ေငြထည္​့ရမွာ​ေနာက္​ဆံုး​ေန႔​ေနာ္​...မင္​း​ေမ​ေမ​ေလးကို​ေတာင္​းၿပီးသြား
ၿပီလား"

"မ​ေတာင္​း​ေတာ့ပါဘူး။ဟို​ေန႔က သူ​ေပးထားတဲ့
မုန္​႔ဖိုးတည္​းကပဲ ​ေပးလိုက္​​ေတာ့မယ္​"

ပိုင္​့ အသံ​ေတြတိုး​ေနသည္​။ငပိုင္​ မုန္​႔စားတယ္​ဆို
တာကို မ​ေတြ႔ရတာ...သူ​ေက်ာင္​းစတက္​တည္​းက
ခုလည္​းၾကည္​့။​ေက်ာင္​းက ​ေကာက္​သမွ်ဘာ
​ေၾကးညာ​ေၾကးအကုန္​ သူ႔မရတစ္​လွည္​့ရတစ္​
လွည္​့နဲ႔ျဖစ္​​ေန​ေသာ မုန္​႔ဖိုး​ေတြကိုစုရင္​း အဲ့ထဲ
ကပဲ​ေပး​ေနရတာ။
သူ႔အ​ေဖကို ​ေျပာဆို​ေတာ့လည္​း မ​ေျပာဘူး။သူ႔
​ေမ​ေမ​ေလးနဲ႔ သူ႔အ​ေဖကို ရန္​တိုက္​​ေပးသလိုျဖစ္​
​ေနမွာစိုးလို႔ဆိုၿပီး သူတစ္​​ေယာက္​တည္​းအငတ္​ခံ
​ေနတာ။ဒီ​ေကာင္​့ကို အားမရတာအဲ့ဒါ​ေတြ။
က​ေလးက က​ေလးလိုမ​ေနဘူး။သူ႔ကိုယ္​သူသိတတ္​လြန္​းတဲ့ လူႀကီးပံုသိပ္​ဖမ္​းတာ။

"စာ​ေတြ​ေကာ ရၿပီလား?"

စက္​ဘီးနင္​း​ေနရင္​းမွ ​ေခါင္​း​ဆက္​ဆက္​ညိတ္​ျပ၏

"​ေမး​ေနတာကို ​ေျဖပါကြ...ဗုန္​း"

​ေျပာလည္​း​ေျပာ သူ႔​ေက်ာကို တစ္​ခ်က္​​ေလာက္​
လည္​း႐ိုက္​​ေပးလိုက္​တယ္​။

"ငါ ​ေခါင္​းညိတ္​ျပ​ေနတယ္​​ေလကြာ...မင္​းသိပ္​
စကားမ်ားတာပဲ ခ်န္​းရာ..."

"ငါက မင္းမရတာ ရွိရင္ ရွင္းျပမလို႔ကြ။ေတာ္ျပီ
ေစတနာ မပါေတာ့ဘူး။မင္းလိုေကာင္ကို...""

ေက်ာင္းထိစကားမေျပာေတာ့ဘူး။ေသာက္ရူးေကာင္...က်ဴရွင္လည္းမတက္ႏိုင္ပဲနဲ႔
က်ေတာ္က က်ဴရွင္မွာသင္တဲ့သခ်ာၤunseen
ေတြ ရွင္းျပမလို႔ကို။အရိပ္ျပလို႔အေကာင္မျမင္တဲ့
ဂ်ပိန္းေကာင္...

သူ႔စက္ဘီးရပ္သည္ႏွင့္ က်ေတာ့္ေစြ႔ခနဲခုန္ဆင္း
ျပီး သူ႔မေစာင့္ပဲ အရင္ထြက္လာလိုက္တယ္။
မႀကာဘူး က်ေတာ္အေပၚထက္ေလွကားမေရာက္
ခင္ က်ေတာ့္ထမင္းခ်ိဳင့္အိတ္ကိုဆြဲျပီး အမွီေျပး
လိုက္လာေလ၏။

""ငါ့ကို Math ဥာဏ္စမ္းလိုဟာေတြရွိရင္ေပး
ပါ ခ်န္းရာ။ငါ့မွာ အဲ့လိုစာအုပ္မရွိလို႔""

""မင္းကို ဘာလို႔ေပးရမွာလဲ??""

""အဲ...ျဖည္းျဖည္း""

ေအာက္ကိုပံုကာ တိုက္ေနေသာ ပုဆိုးစကိုတက္
နင္းမိျပီး ေလွကားအတက္ဟက္ထိုးျဖစ္သြားေသာ
က်ေတာ့္ကို ဖမ္းဆြဲထားရင္း မ်က္ႏွာငယ္နဲ႔ေမာ့
ႀကည့္ေနသည္။

""ေစာနက ေျပာေတာ့ ငါ့ကို စကားမ်ားတယ္ဆို"

""စက္ဘီးနင္းေနရင္း မင္းစကားေတြကိုအာရံု
စိုက္ေနရင္...ကားလာရင္ မျမင္မွာစိုးလို႔။စက္ဘီး
ေမွာက္ရင္ ေနာက္ကစီးတဲ့ မင္း ပိုနာမွာေပါ့""

ပိုင္သုတဆိုတဲ့ေကာင္ လူႀကီးဆိုက္ဖမ္းတယ္ဆို
တာအဲ့လို အကြက္ေတြပဲ။

""မင္းဟာ မင္း ေကာင္းဆက္စံကိုရွင္းျပခိုင္းလိုက္
ေတာ့။ငါကေတာ့ ေစတနာပ်က္သြားျပီ။သူ႔စာအုပ္ပဲ ငွားႀကည့္လိုက္""

""မင္းလက္ေရးေတြက ပိုႀကည့္လို႔ေကာင္းလို႔ပါ
ခ်န္းရ...""

အခန္းေပါက္ေရာက္ေနျပီမို႔ ဘာမွဆက္မေျပာျဖစ္
ေတာ့...
ဟက္!!မင္း လက္ေရးေတြက ပိုလွတယ္ေျပာရင္
ေသသြားမွာမို႔လို႔လား??ဘာပဲေျပာေျပာ ခံုေပၚ
ဲဖင္ခ်ထိုင္ျပီးတာနဲ႔ က်ေတာ္သတိတရနဲ႔ေသခ်ာ
ထည့္ခဲ့ေသာ သခ်ာၤစာအုပ္ကို ထုတ္ေပးလိုက္
ေတာ့မွ ပါးခ်ိဳင့္တစ္ဖက္ ေပၚတယ္ဆိုရံုေလးျပံဳး
ေလရဲ႕။အဲ့ငတံုးေကာင္က ဒီေလာက္လွတဲ့ ပါးခ်ိဳင့္ေတြရွိတာေတာင္ မရယ္မျပံဳးနဲ႔။
-
-
-
ခ်န္းက တစ္ဦးတည္းေသာ သားမို႔လားမသိ။
နည္းနည္းဆိုးခ်င္တယ္။မားက အလိုလိုက္လြန္
တဲ့ အေမမ်ိဳးမဟုတ္သည့္အတြက္ခ်န္းကသူ႔
မားေပၚမဆိုး၍ သူ႕ေဘးနားရွိတဲ့
က်ေတာ္ နဲ႔ ေကာင္းဆက္စံအေပၚဆိုးလြန္းသည္။
ခ်န္းဆိုးပံုက စိတ္ဆိုးရလည္းအခက္...
အျပင္ပန္းႀကည့္ရင္ မာနႀကီးတယ္လို႔ထင္ရတဲ့
ခ်န္းက တကယ္တမ္းေပါင္းႀကည့္မွ...အေပါင္း
အသင္းခုံမင္တတ္လြန္းသည္ကို သိရတာ။သူ႔မာန
အခံနဲ႔မို႔ သူေတာ္ရံုလူကိုလည္း စကားမေျပာ။
လူႀကည့္ေရြးကာေပါင္းထားေသာ ရွိစုမဲ့စုက်ေတာ္
နဲ႔႔ ေကာင္းဆက္စံကိုေတာ့ သူေတာ္ေတာ္ခင္တြယ္
တယ္။က်ေတာ္တို႔ကို တကယ္ခင္ေနတာသိေန၍
လည္း သူဘယ္ေလာက္ဆိုးဆိုးစိတ္မဆိုးျဖစ္
ေတာ့တာ...က်ေတာ္တို႔သာစိတ္ဆိုးႀကည့္သူ႔
မွာ တျခားေပါင္းစရာ သူငယ္ခ်င္းမွမရွိတာဆိုျပီး
သူ႕ေတာင္ ျပန္သနားမိေသး။
အစက ေကာင္းဆက္စံဘာလို႔မ်ားသည္းခံေပါင္း
ေနလည္းဆိုတာ နားမလည္ေပမယ့္ ခုေတာ့
က်ေတာ္လည္းနားလည္သြားခဲ့ျပီ။ဘယ္ေလာက္ပဲ
သူ ဆိုးဆိုး မားဆီကေနအေမြရထားတဲ့ စိတ္ထား
ေကာင္းေလးေတြ ခ်န္းဆီမွာရွိတယ္။
ေနာက္တစ္ခုက...ခ်န္းက ခ်စ္ဖို႔ေကာင္းတယ္။
ဘာလို႔လည္း မသိ က်ေတာ့္မ်က္လံုးထဲခ်န္းက
ႀကည့္ေနရင္းကို ခ်စ္ဖို႕ေကာင္းတာ။ေယာက်ာ္း
ေလးေတြ အထူးသျဖင့္ က်ေတာ္နဲ႔ေဆာ့ေဖာ္
ေဆာ့ဖက္ ျဖစ္ခဲ့ဖူးေသာ မႏၲေလးကသူငယ္ခ်င္း
ေတြ ဘယ္သူမွ ခ်န္းေလာက္ခ်စ္ဖို႔မေကာင္းခဲ့ဘူး
ခ်န္းလိုလည္း က်ေတာ့္ကိုဘယ္သူမွအႏိုင္မက်င့္
ခဲ့ဖူးဘူး။
အတန္းထဲက သူငယ္ခ်င္းေတြဆိုလည္း စာအေတာ္ဆံုးျဖစ္တဲ့ က်ေတာ့္ကို ရွိန္ေနႀကတာ
ကမ်ား၍ ခ်န္းလို က်ေတာ့္ကိုဘယ္သူ႔မွ မေအာ္
ေငါက္ခဲ့ဖူးဘူး။
ေနာက္တစ္ခု...ခ်န္းလိုလည္း က်ေနာ့္ကိုဘယ္သူ
မွ ဂရုမစိုက္ခဲ့ႀကဖူးဘူး။

Thank You All

Happy🍀 Birthday 🍰 To Me🌹

Unicode Version
__________________________________

""မား! အဲ့ ဆိတ်သားဟင်းတွေမထည့်နဲ့""

အလန့်တကြားတားသော ကျတော့်အား
မားကအံသြလွန်းသွားဟန်ဖြင့် လှည့်ကြည့်၏။
ဆိတ်သားဟင်းဆို အသည်းအမဲဖြစ်နေတတ်တဲ့
ကျတော့်အကျင့်ကို သိနေ၍လည်းပါလိမ့်မည်

""အာလူးကြော်နဲ့ပဲထည့်သွားတော့မယ်"'

"အယ် ဘာလို့လဲ ချန်းလေးရဲ့"

"ပိုင်သုတ အနံ့ခံနိုင်မှာမဟုတ်လို့..."

"ဒါဆို မား သက်သက်ထည့်ပေးလိုက်မယ်လေ။
သားအတွက် တစ်ချိုင့်...သားပိုင်အတွက် တစ်
ချိုင့်"

"ရတယ် မား။သား အိမ်ပြန်ရောက်မှပဲစားတော့
မယ်"

"မေ့သားက စိတ်ကောင်းရှိသားပဲ..."

ဟဲဟဲ။ငပိုင့် ကျေးဇူးနဲ့ မားဆီက တစ်မှတ်ရသွားပြီ
ပိုင်သုတဇာတ်ထုပ်ကိုအကြောင်းစုံသိသွားပြီး
နောက် မား သည် ပိုင်သုတအားအရင်ကထက်
ပို၍ ဂရုစိုက်ပေးလာခဲ့သည်။ကျတော်ရော?
အဟီး...နည်းနည်းလေး အနိုင်ကျင့်တာက လွဲလို့
ငပိုင့် ကိုတကယ်ခင်တာပါ။သူက သူ့အိမ်မှာသား
အကြီးဖြစ်နေ၍လားမသိ ကျတော့်ကိုဆို သူသည်း
ခံသည်။ကျတော် ဘာပြောပြော သူခေါင်းငုံ့ကာ
ငြိမ်နေတတ်၏။ကောင်းဆက်စံကဲ့သို့လည်း ငိုမဲ့မဲ့
လုပ်မနေ။ကျတော်သူ့ကို ဘယ်လောက်ရိုက်ပုတ်
နေပါစေ...သူတစ်ချက်မျက်နှာမပျက်။
သူ့ပုံစံကိုကြည့်ပြီး ရွယ်တူတွေပေမယ့်သူက
ကျတော့်ထက်အသက်ကြီးတယ်လို့ပင်ထင်
နေမိသည်။
သူနဲ့ကျောင်းသွားကျောင်းပြန်လုပ်ရခြင်းကိုလည်း
ကျတော်အထူးပင်နှစ်သက်နေခဲ့ပြီ။
မနက်ခင်းသူလာမခေါ်ခင်တည်းက ဝရန်ဒါထွက်
ကာ သူ့စက်ဘီးအရိပ်ကိုလည်ဆန့်ကာမျှော်နေ
တတ်ပြီ။ခုလည်းကြည့် ကျတော်ဝရန်ဒါရှေ့ထွက်
စောင့်ရုံလေးရှိသေး စက်ဘီးBellသံ ကလင်
မြည်အောင်တီးပြီး အမောတကောနဲ့ ဒီကောင်
ရောက်လာပြီ။

ကျတော့် မုန့်ဖိုးနဲ့ဝယ်တပ်ပေးထားသော သူ့စက်ဘီးရှေ့က Bellကို တောင်ခနဲမြည်အောင်တစ်ချက်တီးပြီး သူစောင်းပေးထားသောစက်ဘီးနောက်ခုံပေါ်တက်ထိုင်လိုက်သည်။
ထမင်းချိုင့်ထည့်ထားသောအိတ်ကို Handleတွင် ချိတ်ထားသည်မို့
လွတ်လပ်နေပြီဖြစ်သော လက်နှစ်ဖက်လုံးနဲ့ ဒီကောင့် ခါးကိုဖြစ်ညှစ်ပစ်လိုက်တယ်။သူနာတယ်
ဆိုတာ သိပေမယ့်...အဲ့လိုအားနဲ့ပါးနဲ့ ဆုပ်ကိုင်
ထားရတာကိုက ပျော်စရာတစ်ခုပဲ။

"ငပိုင်...ဒီနေ့ကထိန်အလှူငွေထည့်ရမှာနောက်ဆုံးနေ့နော်...မင်းမေမေလေးကိုတောင်းပြီးသွား
ပြီလား"

"မတောင်းတော့ပါဘူး။ဟိုနေ့က သူပေးထားတဲ့
မုန့်ဖိုးတည်းကပဲ ပေးလိုက်တော့မယ်"

ပိုင့် အသံတွေတိုးနေသည်။ငပိုင် မုန့်စားတယ်ဆို
တာကို မတွေ့ရတာ...သူကျောင်းစတက်တည်းက
ခုလည်းကြည့်။ကျောင်းက ကောက်သမျှဘာ
ကြေးညာကြေးအကုန် သူ့မရတစ်လှည့်ရတစ်
လှည့်နဲ့ဖြစ်နေသော မုန့်ဖိုးတွေကိုစုရင်း အဲ့ထဲ
ကပဲပေးနေရတာ။
သူ့အဖေကို ပြောဆိုတော့လည်း မပြောဘူး။သူ့
မေမေလေးနဲ့ သူ့အဖေကို ရန်တိုက်ပေးသလိုဖြစ်
နေမှာစိုးလို့ဆိုပြီး သူတစ်ယောက်တည်းအငတ်ခံ
နေတာ။ဒီကောင့်ကို အားမရတာအဲ့ဒါတွေ။
ကလေးက ကလေးလိုမနေဘူး။သူ့ကိုယ်သူသိတတ်လွန်းတဲ့ လူကြီးပုံသိပ်ဖမ်းတာ။

"စာတွေကော ရပြီလား?"

စက်ဘီးနင်းနေရင်းမှ ခေါင်းဆက်ဆက်ညိတ်ပြ၏

"မေးနေတာကို ဖြေပါကွ...ဗုန်း"

ပြောလည်းပြော သူ့ကျောကို တစ်ချက်လောက်
လည်းရိုက်ပေးလိုက်တယ်။

"ငါ ခေါင်းညိတ်ပြနေတယ်လေကွာ...မင်းသိပ်
စကားများတာပဲ ချန်းရာ..."

"ငါက မင်းမရတာ ရှိရင် ရှင်းပြမလို့ကွ။တော်ပြီ
စေတနာ မပါတော့ဘူး။မင်းလိုကောင်ကို...""

ကျောင်းထိစကားမပြောတော့ဘူး။သောက်ရူးကောင်...ကျူရှင်လည်းမတက်နိုင်ပဲနဲ့
ကျတော်က ကျူရှင်မှာသင်တဲ့သချာၤunseen
တွေ ရှင်းပြမလို့ကို။အရိပ်ပြလို့အကောင်မမြင်တဲ့
ဂျပိန်းကောင်...

သူ့စက်ဘီးရပ်သည်နှင့် ကျတော့်စွေ့ခနဲခုန်ဆင်း
ပြီး သူ့မစောင့်ပဲ အရင်ထွက်လာလိုက်တယ်။
မကြာဘူး ကျတော်အပေါ်ထက်လှေကားမရောက်
ခင် ကျတော့်ထမင်းချိုင့်အိတ်ကိုဆွဲပြီး အမှီပြေး
လိုက်လာလေ၏။

""ငါ့ကို Math ဉာဏ်စမ်းလိုဟာတွေရှိရင်ပေး
ပါ ချန်းရာ။ငါ့မှာ အဲ့လိုစာအုပ်မရှိလို့""

""မင်းကို ဘာလို့ပေးရမှာလဲ??""

""အဲ...ဖြည်းဖြည်း""

အောက်ကိုပုံကာ တိုက်နေသော ပုဆိုးစကိုတက်
နင်းမိပြီး လှေကားအတက်ဟက်ထိုးဖြစ်သွားသော
ကျတော့်ကို ဖမ်းဆွဲထားရင်း မျက်နှာငယ်နဲ့မော့
ကြည့်နေသည်။

""စောနက ပြောတော့ ငါ့ကို စကားများတယ်ဆို"

""စက်ဘီးနင်းနေရင်း မင်းစကားတွေကိုအာရုံ
စိုက်နေရင်...ကားလာရင် မမြင်မှာစိုးလို့။စက်ဘီး
မှောက်ရင် နောက်ကစီးတဲ့ မင်း ပိုနာမှာပေါ့""

ပိုင်သုတဆိုတဲ့ကောင် လူကြီးဆိုက်ဖမ်းတယ်ဆို
တာအဲ့လို အကွက်တွေပဲ။

""မင်းဟာ မင်း ကောင်းဆက်စံကိုရှင်းပြခိုင်းလိုက်
တော့။ငါကတော့ စေတနာပျက်သွားပြီ။သူ့စာအုပ်ပဲ ငှားကြည့်လိုက်""

""မင်းလက်ရေးတွေက ပိုကြည့်လို့ကောင်းလို့ပါ
ချန်းရ...""

အခန်းပေါက်ရောက်နေပြီမို့ ဘာမှဆက်မပြောဖြစ်
တော့...
ဟက်!!မင်း လက်ရေးတွေက ပိုလှတယ်ပြောရင်
သေသွားမှာမို့လို့လား??ဘာပဲပြောပြော ခုံပေါ်
ဲဖင်ချထိုင်ပြီးတာနဲ့ ကျတော်သတိတရနဲ့သေချာ
ထည့်ခဲ့သော သချာၤစာအုပ်ကို ထုတ်ပေးလိုက်
တော့မှ ပါးချိုင့်တစ်ဖက် ပေါ်တယ်ဆိုရုံလေးပြုံး
လေရဲ့။အဲ့ငတုံးကောင်က ဒီလောက်လှတဲ့ ပါးချိုင့်တွေရှိတာတောင် မရယ်မပြုံးနဲ့။
-
-
-
ချန်းက တစ်ဦးတည်းသော သားမို့လားမသိ။
နည်းနည်းဆိုးချင်တယ်။မားက အလိုလိုက်လွန်
တဲ့ အမေမျိုးမဟုတ်သည့်အတွက်ချန်းကသူ့
မားပေါ်မဆိုး၍ သူ့ဘေးနားရှိတဲ့
ကျတော် နဲ့ ကောင်းဆက်စံအပေါ်ဆိုးလွန်းသည်။
ချန်းဆိုးပုံက စိတ်ဆိုးရလည်းအခက်...
အပြင်ပန်းကြည့်ရင် မာနကြီးတယ်လို့ထင်ရတဲ့
ချန်းက တကယ်တမ်းပေါင်းကြည့်မှ...အပေါင်း
အသင်းခုံမင်တတ်လွန်းသည်ကို သိရတာ။သူ့မာန
အခံနဲ့မို့ သူတော်ရုံလူကိုလည်း စကားမပြော။
လူကြည့်ရွေးကာပေါင်းထားသော ရှိစုမဲ့စုကျတော်
နဲ့ ကောင်းဆက်စံကိုတော့ သူတော်တော်ခင်တွယ်
တယ်။ကျတော်တို့ကို တကယ်ခင်နေတာသိနေ၍
လည်း သူဘယ်လောက်ဆိုးဆိုးစိတ်မဆိုးဖြစ်
တော့တာ...ကျတော်တို့သာစိတ်ဆိုးကြည့်သူ့
မှာ တခြားပေါင်းစရာ သူငယ်ချင်းမှမရှိတာဆိုပြီး
သူ့တောင် ပြန်သနားမိသေး။
အစက ကောင်းဆက်စံဘာလို့များသည်းခံပေါင်း
နေလည်းဆိုတာ နားမလည်ပေမယ့် ခုတော့
ကျတော်လည်းနားလည်သွားခဲ့ပြီ။ဘယ်လောက်ပဲ
သူ ဆိုးဆိုး မားဆီကနေအမွေရထားတဲ့ စိတ်ထား
ကောင်းလေးတွေ ချန်းဆီမှာရှိတယ်။
နောက်တစ်ခုက...ချန်းက ချစ်ဖို့ကောင်းတယ်။
ဘာလို့လည်း မသိ ကျတော့်မျက်လုံးထဲချန်းက
ကြည့်နေရင်းကို ချစ်ဖို့ကောင်းတာ။ယောကျာ်း
လေးတွေ အထူးသဖြင့် ကျတော်နဲ့ဆော့ဖော်
ဆော့ဖက် ဖြစ်ခဲ့ဖူးသော မန္တလေးကသူငယ်ချင်း
တွေ ဘယ်သူမှ ချန်းလောက်ချစ်ဖို့မကောင်းခဲ့ဘူး
ချန်းလိုလည်း ကျတော့်ကိုဘယ်သူမှအနိုင်မကျင့်
ခဲ့ဖူးဘူး။
အတန်းထဲက သူငယ်ချင်းတွေဆိုလည်း စာအတော်ဆုံးဖြစ်တဲ့ ကျတော့်ကို ရှိန်နေကြတာ
ကများ၍ ချန်းလို ကျတော့်ကိုဘယ်သူ့မှ မအော်
ငေါက်ခဲ့ဖူးဘူး။
နောက်တစ်ခု...ချန်းလိုလည်း ကျနော့်ကိုဘယ်သူ
မှ ဂရုမစိုက်ခဲ့ကြဖူးဘူး။

Thank You All

Happy🍀 Birthday 🍰 To Me🌹

Bạn đang đọc truyện trên: ZingTruyen.Xyz